ထမင္းေပါင္းအျမန္လုပ္နည္း

(Zawgyi)

လွ်ာလည္သြားမယ္. ထမင္းေပါင္းအျမန္လုပ္နည္း

ထမင္းေပါင္းက လုပ္ရတာ လြယ္ကူ လ်င္ျမန္ပါတယ္။ ထမင္းေပါင္း ႀကိဳက္သူမ်ားအတြက္ အလြယ္ဆုံး ထမင္းေပါင္းနည္းေလးကို တင္ဆက္ေပးလိုက္ပါတယ္။

ထမင္းေပါင္းရန္အတြက္ လိုအပ္ေသာ ပစၥည္းမ်ား

၁။ မိမိႏွစ္သက္ရာ အသားတစ္မ်ိဳးမ်ိဳး (ၾကက္၊ ဝက္၊ ပုစြန္)

၂။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ

၃။ ဆား

၄။ ၾကက္သားမႈန႔္

၅။ တ႐ုတ္မဆလာ

၆။ ျငဳပ္ေကာင္း

၇။ ႏွစ္သက္ရာ အသီးအႏွံမ်ား (ပန္းပြင့္၊ မုန္လာဥနီ၊ ေျပာင္းဖူးငယ္ေလးမ်ား၊ ခရမ္းခ်ဥ္သီး၊မႈိ၊ ပဲသီး)

၈။ ငုံးဥ

၉။ ပဲျပား

၁၀။ ပဲငံျပာရည္အၾကည္

၁၁။ ခ႐ုဆီ

၁၂။ ေကာ္ရည္

ထမင္းေပါင္းျပဳလုပ္နည္း –

၁။ အသားကို ပါးပါးလွီးပါ။ (ပုဇြန္ဆိုလွ်င္ လွီးစရာမလိုပါ)

၂။ ၾကက္သြန္ျဖဴကို ညပ္ေနေအာင္ ေထာင္းပါ။

၃။ အသား၊ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴနဲ႔ ဆား၊ ၾကက္သားမႈန႔္၊ တ႐ုတ္မဆလာ၊ ျငဳပ္ေကာင္းမႈန႔္တို႔ကို နယ္ၿပီး နာရီဝက္ေလာက္ ႏွပ္ထားပါ။

၄။ ၾကက္သြန္ျဖဴ ဓားျပား႐ိုက္ပါ၊ ၾကက္သြန္နီကို ၄ စိတ္စိတ္ထားပါ၊ ခရမ္းခ်ဥ္သီးကို ပါးပါးလွီးထားပါ။

၅။ ဒယ္အိုးထဲ ဆီအနည္းငယ္ထည့္ၿပီး အမွတ္စဥ္ ၄ မွ ပစၥည္းမ်ားကို ေလာင္းထည့္ၿပီး ဆီသပ္ပါ။

၅။ ၿပီးလွ်င္ အသားမ်ားထည့္ၿပီး ေရအနည္းငယ္ထည့္ကာ အသားႏူးသည္အထိထားပါ။ (ပုဇြန္ဆိုလွ်င္ေတာ့ ၾကာၾကာထား၊ ေရထည့္စရာမလိုပါ။ ပိုျမန္ပါတယ္)

၆။ အသီးအ႐ြက္မ်ားကို မိမိစိတ္ႀကိဳက္ပုံစံ လွီးျဖတ္ထားပါ။

၇။ အသီးအ႐ြက္၊ ငုံးဥနဲ႔ ပဲျပားကို ထည့္ပါ။

၈။ ေရအနည္းငယ္ထည့္ကာ ပဲငံျပာရည္အၾကည္ အနည္းငယ္၊ ခ႐ုဆီ၊ ေကာ္ရည္ထည့္ပါ။

၉။ ၿပီးလွ်င္ ထမင္းပူပူေပၚ ေလာင္းထည့္ပါ။

၁၀။ င႐ုတ္ေကာင္း ျဖဴးလိုက္ရင္ ထမင္းေပါင္းရပါၿပီ။

ခ်က္ျပဳတ္ခ်ိန္ နာရီဝက္ခန႔္ပဲၾကာမယ့္ ထမင္းေပါင္းေလးပါ။ အိမ္မွာ ခ်က္ၿပီး စားၾကည့္ၾကပါဦးေနာ္။

Credit – Duwun

(Unicode)

လျှာလည်သွားမယ်. ထမင်းပေါင်းအမြန်လုပ်နည်း

ထမင်းပေါင်းက လုပ်ရတာ လွယ်ကူ လျင်မြန်ပါတယ်။ ထမင်းပေါင်း ကြိုက်သူများအတွက် အလွယ်ဆုံး ထမင်းပေါင်းနည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ထမင်းပေါင်းရန်အတွက် လိုအပ်သော ပစ္စည်းများ

၁။ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး (ကြက်၊ ဝက်၊ ပုစွန်)

၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

၃။ ဆား

၄။ ကြက်သားမှုန့်

၅။ တရုတ်မဆလာ

၆။ ငြုပ်ကောင်း

၇။ နှစ်သက်ရာ အသီးအနှံများ (ပန်းပွင့်၊ မုန်လာဥနီ၊ ပြောင်းဖူးငယ်လေးများ၊ ခရမ်းချဉ်သီး၊မှို၊ ပဲသီး)

၈။ ငုံးဥ

၉။ ပဲပြား

၁၀။ ပဲငံပြာရည်အကြည်

၁၁။ ခရုဆီ

၁၂။ ကော်ရည်

ထမင်းပေါင်းပြုလုပ်နည်း –

၁။ အသားကို ပါးပါးလှီးပါ။ (ပုဇွန်ဆိုလျှင် လှီးစရာမလိုပါ)

၂။ ကြက်သွန်ဖြူကို ညပ်နေအောင် ထောင်းပါ။

၃။ အသား၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ဆား၊ ကြက်သားမှုန့်၊ တရုတ်မဆလာ၊ ငြုပ်ကောင်းမှုန့်တို့ကို နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။

၄။ ကြက်သွန်ဖြူ ဓားပြားရိုက်ပါ၊ ကြက်သွန်နီကို ၄ စိတ်စိတ်ထားပါ၊ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။

၅။ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး အမှတ်စဉ် ၄ မှ ပစ္စည်းများကို လောင်းထည့်ပြီး ဆီသပ်ပါ။

၅။ ပြီးလျှင် အသားများထည့်ပြီး ရေအနည်းငယ်ထည့်ကာ အသားနူးသည်အထိထားပါ။ (ပုဇွန်ဆိုလျှင်တော့ ကြာကြာထား၊ ရေထည့်စရာမလိုပါ။ ပိုမြန်ပါတယ်)

၆။ အသီးအရွက်များကို မိမိစိတ်ကြိုက်ပုံစံ လှီးဖြတ်ထားပါ။

၇။ အသီးအရွက်၊ ငုံးဥနဲ့ ပဲပြားကို ထည့်ပါ။

၈။ ရေအနည်းငယ်ထည့်ကာ ပဲငံပြာရည်အကြည် အနည်းငယ်၊ ခရုဆီ၊ ကော်ရည်ထည့်ပါ။

၉။ ပြီးလျှင် ထမင်းပူပူပေါ် လောင်းထည့်ပါ။

၁၀။ ငရုတ်ကောင်း ဖြူးလိုက်ရင် ထမင်းပေါင်းရပါပြီ။

ချက်ပြုတ်ချိန် နာရီဝက်ခန့်ပဲကြာမယ့် ထမင်းပေါင်းလေးပါ။ အိမ်မှာ ချက်ပြီး စားကြည့်ကြပါဦးနော်။

Credit – Duwun

Comments

Leave a Reply

Your email address will not be published. Required fields are marked *