ခေါင်းကိုက်နေချိန် ဒါတွေ မစားပါနဲ့


ခေါင်းကိုက်နေချိန် ဒါတွေ မစားပါနဲ့


ခေါင်းကိုက်ရခြင်းရဲ့ အကြောင်းအရင်းကတော့ အများကြီးပါပဲ။ စိတ်ဖိစီးမှုများခြင်း၊ ကွန်ပျူတာ၊ ဖုန်းအကြည့် များခြင်း၊ သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း စတဲ့ ကျန်းမာရေးပြဿနာများကြောင့် ခေါင်းကိုက်တာ လည်း ရှိသလို၊ အာရုံကြောအားနည်းပြီး ခေါင်းကိုက်တာမျိုးလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်ဖြစ်၊ ခေါင်းကိုက်တာက ပေါ့ဆသင့်တဲ့အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။ တချို့ အစားအစာ တွေက ခေါင်းကိုက်တာကို ပိုမိုအားပေးတဲ့ အတွက် ခေါင်းကိုက်နေစဉ်အတွင်း စားသုံးမိမယ်ဆိုရင် ဆိုးကျိုးများစွာ သက်ရောက်နိုင် ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်နေစဉ် ရှောင်ကြဉ်သင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ချောကလက်

စိတ်ဖိစီးမှုများလာတဲ့အခါ စိတ်ညစ်တဲ့အခါ ချောကလက်စားသုံးပေးသင့်တာ မှန်ပေမယ့် ခေါင်းကိုက်နေတယ်ဆိုရင်တော့ မစားသုံးသင့်ပါဘူး။ ချောကလက်မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ခေါင်းကိုက်တာကို ပိုအားပေးပါတယ်။

(၂) ရေခဲ၊ အအေးစာများ

အေးချမ်းတဲ့ရာသီဥတု ဒဏ်ကြောင့် တခါတရံမှာ ခေါင်းကိုက်ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီလိုပါပဲ။ အေးခဲတဲ့အစားအစား၊ ရေခဲမုန့်၊ ရေခဲရေးကိုလည်း ခေါင်းကိုက်နေစဉ် မသောက်သုံး သင့်ပါဘူး။ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။

(၃) ကော်ဖီ၊ လက်ဖက်ရည်

ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်ကို သောက်သုံးတာက ခေါင်းကိုက်သက်သာတယ်လို့ လူအများစုက ထင်ကြပါတယ်။ ခေါင်းကိုက်နေစဉ် ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီသောက်လိုက်မှ ခေါင်းကိုက်သက်သာတယ် ဆိုပေမယ့် ရေရှည်အတွက် မကောင်းပါဘူး။ ဒါ့ကြောင့် ကော်ဖီ၊ လက်ဖက်ရည်ကို ခေါင်းကိုက်တဲ့အချိန်တွေမှာ ရှောင်ကြဉ်သင့်ပါတယ်။

(၄) အမှည့်လွန်ငှက်ပျောသီး

အမှည့်လွန်နေတဲ့ အသီးတိုင်းကတော့ ကျန်းမာရေးကို ထိခိုက်နိုင်လို့ မစားသုံးသင့်ပါဘူး။ အမှန်တကယ်တော့ ငှက်ပျောသီးက အာဟာရပြည့်ဝစွာ ပါဝင်တယ်ဆိုပေမယ့် ခေါင်းကိုက်စဉ်စားသုံး မိမယ်ဆိုရင် ပိုမိုဆိုးရွားသွားနိုင်ပါတယ်။

(၅) ပီကေ

ပီကေစားဝါးတာက ဦးနှောက်အာရုံကြောတွေကို အလုပ်များစေတဲ့အတွက် ခေါင်းကိုက်နေစဉ်မှာ မဝါးသင့်ပါဘူး။ အာရုံကြောစနစ်တွေကို ရှုပ်ထွေးသွားစေတဲ့အတွက် ခေါင်းကိုက်နေတယ်ဆိုရင် ပီကေဝါးတာ ရှောင်ကြဉ်သင့်ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *