Month: November 2018
  • ပန်းသီးစားသုံးခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ –
    ပန်းသီးစားသုံးခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ –
    (၁) အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။
    (၂) ပန်းနာရင်ကျပ် ရောဂါများကို သက်သာစေပြီး ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေခြင်း။
    (၃) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာ ရောဂါကို တားဆီး ကာကွယ် ပေးခြင်း။
    (၄) မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့ခြင်းစသည့် ဇရာ ရောဂါများ ဆောလျင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးပေးခြင်း။
    (၅) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။
    (၆) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်းနှင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်ခြင်း။
    (၇) ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ ကျစ်လစ် စေခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်ပါတယ်။
    COPY: NNKT
  • မုန်လာဥနီရဲ့ အံ့မခန်းအကျိုးကျေးဇူးတွေ
    သင်မသိသေးတဲ့
    #မုန်လာဥနီရဲ့
    အံ့မခန်းအကျိုးကျေးဇူးတွေ
    ====================
    #မုန်လာဥနီကို ငပိရည် တို့စရာတို့နဲ့ တို့စားတတ်ကြပြီး ဒီအတိုင်း အစိမ်းလိုက်လည်း တကျွတ်ကျွတ်နဲ့ ၀ါးစားကြပါတယ်။
    ဒါ့အပြင် ဖျော်ရည်အဖြစ်လည်း ဖျော်သောက်ကြသလို ဟင်းတွေချက်ပြုတ်ရာမှာလည်း ထည့်သွင်းလေ့ရှိတော့ မုန်လာဥနီစားသုံးသူ တော်တော်များမယ်လို့ ထင်ပါတယ်နော်။
    စာဖတ်သူတို့ရော မုန်လာဥနီကြိုက်ကြလားရှင့်။ မုန်လာဥနီစားတာဟာ စာဖတ်သူတို့အတွက် ကျန်းမာရေးကိုဘယ်လို အထောက်အကူပြုသလဲဆိုတာကို မျှဝေပေးသွားပါမယ်။
    နှလုံးရောဂါ
    မုန်လာဥနီဟာ နှလုံးရောဂါဖြစ်ပွားမှုကို အထူးလျော့နည်းစေပါတယ်။ ဒါ့ကြောင့် မုန်လာဥနီကိုပုံမှန်စားသုံးသူတွေဟာ နှလုံးရောဂါနဲ့ ကင်းဝေးစေမှာပါ။
    ကင်ဆာ
    မုန်လာဥနီမှာ တွေ့ရတဲ့ Beta-Carotene ဓါတ်နဲ့ Antioxidant ဓါတ်က ကင်ဆာရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေလည်း မုန်လာဥနီကို များများစားပေးလိုက်ရင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာလျှော့နည်းစေတယ်လို့ ဆိုပါတယ်။
    ဒါ့အပြင် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။
    နောက်ထပ်လေ့လာတွေ့ရှိမှုအရတော့ အူမကြီးကင်ဆာနဲ့ သွေးကင်ဆာအပါအ၀င် အစာအိမ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။
    အမြင်အာရုံ
    မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ဟာ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးပါတယ်။
    မုန်လာဥနီကို ပုံမှန်စားသုံးပေးတာဟာ အတွင်းတိမ်ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။
    ဦးနှောက်
    မုန်လာဥနီမှာ သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို တိုးတက်စေပြီး သက်လတ်ပိုင်းအရွယ်ကစလို့ သိမြင်မှုဆိုင်ရာလုပ်ဆောင်ချက် လျှော့ကျလာတာကို တားမြစ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုလက်စထရောကျစေပြီး မှတ်ဥာဏ်ကို တိုးတက်စေပါတယ်။
    အသည်း
    မုန်လာဥမှာ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ဖြေရှင်းပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသည်းကို အပြည့်အ၀ ကျန်းမာစေပါတယ်။
    အရွယ်တင်နုပျိုခြင်း
    မုန်လာဥနီမှာ Antioxidant တွေ Hydroxycinnamic အက်ဆစ်တွေပါဝ်ငလို့ အသက်အရွယ်အိုမင်းမှုကို လျှော့ချပေးပြီး အရွယ်တင်နုပျိုစေပါတယ်။
    အရေပြားကျန်းမာရေး
    အသက်အရွယ်အိုမင်းမှုကို ကာကွယ်ပေးနိုင်ရုံသာမက အရေပြားဆဲလ်ပျက်ဆီးမှုကိုလည်း ကာကွယ်ပေးနိုင်ပြီး နေရောင်ချည်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။
    ဒါ့ကြောင့် အသားအရနုပျိုစိုပြေလို့ စွဲဆောင်မှုအပြည့်ရှိပါတယ်။
    ခံတွင်းကျန်းမာရေး
    မုန်လာဥနီကိုစားပေးတာဟာ သွားမှာ အခေါင်းပေါက်ဖြစ်တာကို ကာကွယ်ပေးနိုင်ပြီး သွားတွေကို ကျန်းမာသန့်ရှင်းစေပါတယ်။ ဒ့ါကြောင့် ခံတွင်းကျန်းမာရေးအတွက် အရမ်းကိုအကျိုးကျေးဇူးများတယ်။
    Credit:MyFood Nhin Myanmar
    (Zawgyi)
    (Unicode)
    ချုံကြားထဲက မင်းကုသ (သို့မဟုတ်) နာနတ်သီး
    ” အသီးပေါ်အပင်ပေါက် ခြေထောက်တစ်ချောင်းထောက် ချုံကြားထဲက မင်းကုသ ခေါင်းပေါင်းစနှင့်ထ ”
    ဟူသော မြန်မာ့ရိုးရာ စကားထာမှာ နာနတ်ပင်နှင့်ပတ်သတ်၍ ရိုးရှင်းသောစကားလုံးများနှင့် တန်ဆာဆင်ပြီး အသွင်သဏ္ဌာန်ကို လေးနက်ပေါ်လွင်အောင် ရေးဖွဲ့ထားပါ၏။
    နာနတ်ပင်သည် လူ၏ကျန်းမားရေးအတွက် အသုံးဝင်သော ဆေးဖက်ဝင်အပင်တစ်ပင်ဖြစ်ပါသည်။ နာနတ်ပင်နှင့်နာနတ်သီးကို အင်္ဂလိပ်ဘာသာစကားဖြင့် Pineapple ဟုခေါ်ဆိုပါသည်။
    ယခုအခါ နာနတ်သီးအား အချိန်မရွေး စာသုံးနိုင်ရန်အတွက် စည်သွတ်ဘူးနှင့် ဖျော်ရည်မျိုးစုံကိုတွင်ကျယ်စွာ ထုတ်လုပ်နေကြပါသည်။ နာနတ်ပင်မှ နာနတ်သီးသည် စားသုံး၍ ကောင်းသောအသီးဖြစ်သလို ယင်းအပင်၏ အရွက် အသီးတို့သည် လူသားအားလုံး၏ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ကြောင်းကို အရှေ့ တိုင်းရင်းဆေးကျမ်းများ၌ ဖော်ပြကြပါ၏။
    ” နာနတ်သီးအစိမ်းသည် နှုတ်ကိုမြိန်စေခြင်း၊ နှလုံးကိုအားဖြစ်စေခြင်းနှင့် သလိပ်၊ သည်းခြေတို့ကို ပွားစေသလို ပင်ပန်းမှုများ ကင်းစင်ပျောက်ကွယ်စေ၏ ဟု ညွှန်းဆိုထားသည်။ မှည့်ဝင်းနေသော အသီးသည်သည်လည်း နှုတ်ကိုမြိန်စေပြီး ခံတွင်းလိုက်စေသည်။ သည်းခြေကိုဖြစ်စေသည်။ သွေးဖောက်ပြန်ခြင်းမှ ကင်းဝေးစေသည်။ စိတ်နှလုံးရွှင်လန်းခြင်းကို ဖြစ်စေ၏ ” ဟု လှစ်ဟဖွင့်ဆိုထားပြန်သည်။
    နာနတ်သီးသည် စားသုံးသူကို မူးဝေထိုင်းမှိုင်းခြင်းမှ ကင်းစေခြင်း၊ ဦးနှောက်ကြည်လင်ရှင်းသန့်မှုကို ပေးစွမ်းခြင်းကြောင့် ဆေးပညာရှင်များက ကျန်းမာရေးအတွက် အသုံးဝင်ပြီး အဖိုးတန်အသီးဖြစ်ကြောင်း သတ်မှတ်ထားကြပါသည်။
    တဖန် နာနတ်သီးအစိမ်းတစ်လုံးကို ခွဲ၍ပြုတ်ပါ။ ရရှိလာသောပြုတ်ရည်သည် ကျောက်တည်ရောဂါနှင့် ဆီးရောဂါတို့ကို သက်သာပျောက်ကင်းစေပါသည်။ ထို့အပြင် ယင်းနာနတ်ပြုတ်ရည်သည် ဆီးချိုသွေးချို ကဲ့သိုသောရောဂါများကိုလည်း ထိရောက်စွာ ဟန့်တားကာကွယ်ပေးနိုင်ပါသည်။
    လတ်ဆတ်သောနာနတ်သီးမှည့်တစ်လုံးမှညှစ်၍ရသောအရည်ကို သကြားအနည်းငယ်နှင့် ရော၍သောက်လျှင် ဝမ်းဗိုက်အတွင်း၌ရှိသော ပိုးမွှားနှင့် သံကောင် တုတ်ကောင်များကို သေဆုံးစေမည်ဖြစ်သည်။ ဝမ်းချုပ်ခြင်းလည်း ကင်းဝေးမည်ဖြစ်သည်။ ကြို့ထိုးရောဂါကိုလဲ လျင်မြန်စွာပျောက်ကင်းသွားစေနိုင်ပါသည်။
    ထို့အတူ ဆီးအောင့်ခြင်း၊ ဆီးနည်းခြင်းနှင့် ဆီးချုပ်ဝေဒနာကိုခံစားနေရသော ရောဂါသည်များအတွက် ပုံမှန်နာနတ်သီးတစ်လုံးမှ ညှစ်ယူ၍ရသော သတ္တုရည်ကို သကြားအနည်းငယ်ရော၍ သောက်ပေးမည်ဆိုပါက တခဏအတွင်း ဆီးရွှင်ဆီးများလာပြီး စိတ်ကိုကြည်လင်ဘးလန်းဆန်းစေမည်ဖြစ်ပါသည်။ နာနတ်သီးသတ္တုရည်တစ်ဆနှင့် သကာရည်တစ်ဆ ရော၍သောက်မည်ဆိုပါက သည်းခြေအားနည်းခြင်း အစာမကြေခြင်းကို အထူးသက်သာပျောက်ကင်းစေပါသည်။
    အမျိုးသမီးများ မီးယပ်ချုပ်ခြင်း မီးယပ်ငုပ်ခြင်း ဖြစ်ပေါ်ပါက နာနတ်ရွက်မှရသောအရည်ကို နေ့စဉ်သောက်ပေးလျှင် ဓမ္မတာပေါ်၍ မီးယပ်မှန်ပြီး ကျန်းမာဝဖြိုး အလှတိုးလာမည်ဖြစ်ပါသည်။
    မိတ်ဆွေများထံသို့ မျှဝေပေးလိုက်ပါ..
    ဝိပါက ကျန်းမာရေးနှင့် တိုင်းရင်းဆေးပညာဂျာနယ်(အတွဲ ၂၊ အမှတ် ၈)
    လေးစားစွာဖြင့် Credit – Origional Poster
  • ခါးသက်သက်နဲ့ ခံတွင်းလိုက်မယ့် မယ်ဇလီ
    ခါးသက်သက်နဲ့ ခံတွင်းလိုက်မယ့် မယ်ဇလီ
    ====================
    ====================
    မယ်ဇလီပင်ဟာ အရှေ့တောင်အာရှကနေ စတင်ပေါက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မယ်ဇလီဆိုတာ အပင်တစ်မျိုး ဖြစ်ပြီး အရွက်နဲ့ အဖူးကို စားရတာပါ။ မယ်ဇလီဖူးသုပ်ဟာ တန်ဆောင်မုန်းလပြည့်နေ့မှာဆို ဆေးပေါင်းခတယ်ဆိုတဲ့ အယူအဆတစ်ခု အနေနဲ့ သုပ်စားကြပါတယ်။ မယ်ဇလီဟာ ပြုတ်ပြီး သုပ်စား၊ တို့စား ကြသလို အရွက်ကိုလည်း ဟင်းချို ချက်စားကြပါတယ်။ ခံတွင်းမြိန်စေပြီး နာလန်ထ လူမမာတွေအတွက်တော့ ခံတွင်းလိုက်စေမယ့် ဟင်းရည် တစ်ခွက်ပါ။
    မယ်ဇလီဖူးနဲ့ အရွက်တို့မှာ ကယ်လိုရီ အနည်းငယ်၊ ပရိုတိန်း၊ အဆီဓာတ်၊ ကစီဓာတ်၊ ထုံးဓာတ်၊ သံဓာတ်၊ ဗီတာမင် အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူး၊ နိုင်ယာစင်၊ ဗီတာမင်စီ တို့ ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရခဲတဲ့ ဆေးဖက်ဝင်တဲ့ Glycosides, Terpenoids, Tannins, Saponins, Flavonoids နှင့် Steroids တွေလည်း ပါဝင်ပါသေးတယ်။ အရသာမှာ ချို၊ ဆိမ့်၊ ဖန် သုံးမျိုးရောပြီး ခါးသက်သက် အရသာကတော့သိသိသာသာ ခံစားရနိုင်ပါတယ်။
    မယ်ဇလီဖူးကို သုပ်စားရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အူမကြီးကို ကောင်းစွာ အလုပ်ပေးပြီး အသည်းကိုလည်း ကောင်းစေပါတယ်။ ပါးစပ်အတွင်း အပူနာဖြစ်ခြင်းကို မယ်ဇလီရွက်ကို ပြုတ်သောက်ပေးရင် သက်သာစေပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေနိုင်တဲ့ အပြင် အဆိပ်ရှိတဲ့ သတ္တ၀ါတွေကို အကိုက်ခံရပါက အရွက်ကို ချေပြီး အုံပေးရင် သက်သာစေပါတယ်။ မယ်ဇလီဖူးကို စားခြင်းကြောင့် ကိုယ်ထဲက မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။
    မယ်ဇလီကို အနောက်တိုင်းမှာတော့ အဓိက ပရိဘောဂတွေ ပြုလုပ်ရာမှာ Black Wood လို့ နာမည်ကြီးပြီး အသားမာပြီး လူကြိုက်များတဲ့ သစ်တစ်မျိုး ဖြစ်ပါတယ်။
    မယ်ဇလီဖူးကို သုပ်မယ်ဆိုရင်တော့ အဓိက လိုအပ်တာတွေဟာ ပြုတ်ထားတဲ့ မယ်ဇလီဖူး၊ ကြက်သွန်နီ အနေတော် တစ်လုံး၊ ပဲအကျတ်မှုန့်၊ ငံပြာရည်၊ ပုဇွန်ခြောက်၊ အရသာမှုန့်၊ ဆီချက်၊ သံပုရာသီး တို့ပါပဲ။ ပြီးရင် အရသာကို ရောနယ်ပြီး အရသာ မြည်းကြည့်ပြီးရင် ရပါပြီ။ မဲဇလီရွက် ဟင်းချိုကတော့ ပုဇွန်ခြောက်နဲ့ ချက်လို့ ရသလို ငါးနဲ့လည်း ချက်လို့ ရပါတယ်။ ခရမ်းသီးကို မီးဖုတ်ပြီး ထည့်သောက်ရင် အချိုဓာတ်ကို လေးပင်စေပါတယ်။
    အချို့ကလည်း ခရမ်းချဉ်သီး ထည့်ကြပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီအနည်းငယ်၊ နနွင်း၊ ဆား၊ ဆန်လှော်ထည့်ချင်ရင် ဆန်လှော်အနည်းငယ်၊အရသာမှုန့် တို့ ထည့်ဝင်ပြီး ချက်လို့ ရပါတယ်။ မယ်ဇလီရွက်ကို အရင်ပြုတ်ပြီး ပထမရည်ကို သွန်ပစ်ပါ။ ပြီးရင် ထပ်ပြုတ်ပါ။ ငါးကို ပြုတ်ပြီး အရိုးနွှင်ထားပါ။ ပုဇွန်ခြောက်ဆိုရင်လည်း မညက်တညက်လေး ထောင်းထားပါ။ ဆီလေးကို ပါတယ်ဆိုရုံလေး ထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ကြက်သွန်တွေ နူးလာပြီဆိုရင် ငါးနဲ့ ခရမ်းသီးကို ထည့်ပြီး မွှေပါ။ ပြီးရင် ရေထည့်ပါ။ ရေဆူလာရင်တော့ ဆန်လှော်ထည့်ချင်ရင် ထည့်ပါ။ အရသာမြည်းပြီး လိုသလို ပြင်လိုက်ရင် အခါဓာတ် မပါသလောက် ဖြစ်သွားတဲ့ ခံတွင်းမြိန်စေမယ့် မယ်ဇလီရွက် ဟင်းချိုကို သုံးဆောင်လို့ ရပါပြီ။ အခါးကို သက်သာစေချင်ရင် ထမင်းရည် ထည့်ချက်ကြပါတယ်။
    Ref: 08hachi, Pauk Pauk
    ==========
    MyFood Myanmar
  • တွဲဖက်၍မစားသင့်သော အစားအစာ
    (Zawgyi)
    Shareထားလိုက်​တန်​ဖိုးရှိတယ်​။
    (အော့ အန် သေ ဆုံးခြင်း)ကို ဖြစ်စေနိုင် အစားအစာများ
    နဂါးမောက်သီး + ချဉ်စော်ခါးသီး = သေ။ နဂါးမောက်သီး + ပိန်းနဲသီး = သေ။ နဂါးမောက်သီး + ကြက်ဥ = သေ။ နွားနို့ + မှို = သေ။ မင်းကွတ်သီး + သကြား = သေ။ ရေခဲမုန့် + ချင်းသုပ် = သေ။
    လက်ဖက် + ကျွဲခေါင်းသီး = သေ။ အမဲသား + ခရု = သေေ။ ဂွေးသီး + အာတာလွတ် = သေ။ နို့ဆီ + ကိုးပါးဆေး = သေ။ တညင်းသီး + ရှိန်းခို = သေ။ အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
    ကိုင်းဥ + ပုစွန်ချဉ် = သေ။ နွားနို့ + အချဉ်အမျိုးအမျိုး = သေ။ သိုးသား + စောင်းလျားသီး = သေ။ ကျွဲခေါင်းသီး + သံပုရာသီး = သေ။ မှို + ဖားသား = သေ။ မှို + လယ်ကဏန်း = သေ
    ခိုသား + ချင်း = သေ။ ခိုသား + ဖရုံသီး = သေ။ ကြောင်လျှာသီး + ငါးသေတ္တာ = သေ။ ကြောင်လျှာသီး + ပဲဒလက် = သေ။ ကြောင်လျှာသီး + စပါးကြီးမြွေ = သေ။ ပီလောပီနံ + ပဲကြားလှော် = သေ။ ပီလောပီနံ + မျှစ်ချဉ် = သေ။ ပီလောပီနံ + ဒေါင်းသား = သေ။ ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ။ နို့အေးချောင်း + ဂွေးသီး = သေ။ ချောကလက် + စောင်းလျားသီး = သေ။ ချောကလက် + ပဲမြစ် = သေ။ ရှောက်သီး + နွားနို့၊ နို့ရည် = သေ။ ထန်းလျက် + နလင်ကျော် = သေ။ ထန်းလျက် + ၂၇ ပါးဆေး = သေ။ ကျွဲကောသီးး + သံပုရာသီး = သေ။ သပြေသီး + ထန်းလျက် = သေ
    ငှက်ပျောသီး + ထန်းသီး = သေ။ ချင်း + သဘောင်္သီး = သေ။ ကြက်ဆူသီး + ငှက်သား = သေ။ မှို + တညင်းသီး = သေ။ မိုင်လို + ပဲမြစ် = သေ။ ကျေးသား + ဘူးသီး = သေ။ မှို + ယုန်သား = သေ
    နို့နှင့် တွဲဖက်မကျွေးသင့် အစားအသောက်များ
    နို့အေးချောင်း နှင့် ဘူးသီး
    နို့အေးချောင်း နှင့် သခွားသီး
    နို့ဆီ နှင့် ကိုးပါးဆေး
    နို့ နှင့် ဖရုံသီး
    နို့ နှင့် ပိန္နဲသီး
    နို့ နှင့် သံပုရာသီး
    နို့ နှင့် ဖရဲသီး
    နို့ နှင့် ဂွေးသီး
    နို့ရည် နှင့် ပဲအမျိုးမျို
    နို့ရည် နှင့် မန်ကျည်းသီး
    နို့ ရည် နှင့် အုန်းသီး
    နို့ရည် နှင့် ကုလားပဲ
    နို့ မျိုး နှင့် ဆား
    နွားနို့ နှင့် အချဉ်အမျိုးမျိုး
    နွားနို့ နှင့် နာနတ်သီး
    နွားနို့ နှင့် လိမ္မော်သီး
    နွားနို့ နှင့် ဝက်သား
    ပျားရည်နှင့် တွဲဖက်မကျွေးသင့် အစားအသောက်များ
    ပျားရည်နှင့် အုန်းရည်။ ပျားရည်နှင့် ပဲန္နဲသီး။ ပျားရည်နှင့် သြဇာသီး။ ပျားရည်နှင့် ပီလောပီနံ။ ပျားရည်နှင့် ဥသျှစ်သီး
    စိမ်းစားဥနှင့် တွဲဖက်မကျွေးသင့် အစားအသောက်များ
    စိမ်းစားဥနှင့် ချောကလက်။ စိမ်းစားဥ နှင့် ရေခဲမုန့်။ စိမ်းစားဥ နှင့် ချိုချဉ်သကြားလုံး။ စိမ်းစားဥ နှင့် နို့အေးချောင်း
    အခြားသော တွဲဖက်မကျွေးသင့်သော အစားအသောက်များ
    လိမ္မော်သီး နှင့် မုန်လာဥနီ
    သဘောင်္သီး နှင့် ဂျင်း
    သဘောင်္သီး နှင့် သံပုယိုသီး
    မင်းဂွတ်သီး နှင့် သကြား
    ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ
    ချောကလက် နှင့် ပဲမြစ်
    မိုင်လို နှင့် ပဲမြစ်
    ကော်ဖီ နှင့် ဂျယ်လီ
    ပန်းသီး နှင့် သနပ်ခါး
    ဖရဲသီး နှင့် ဘဲဥ
    ကြက်ဥ နှင့် မှို
    စတော်ဘယ်ရီ နှင့် သီးသီး
    အုန်းနို့ခေါက်ဆွဲ နှင့် Pepsy ( ပက်ပစီ) သေ
    ထန်းလျှက် နှင့် ၂၇ ပါးဆေး
    ဒိန်ချဉ် နှင့် ထန်းသီးမုန့်
    ဒိန်ချဉ် နှင့် ဝက်သား
    ဒိန်ချဉ် နှင့် ပီလောပီနံဥ
    ပီလောပီနံ နှင့် ပဲကြားလှော်
    ပီလောပီနံ နှင့် သံပုရာသီး
    မုန်လာ နှင့် မတ်ပဲ
    မုန်လာဥ နှင့် အသားခြောက်
    ဒူးရင်းသီးနှင့် ကိုကာကိုလာ
    ငုံးဥနှင့် လိမ္မော်သီး
    ငုံးဥနှင့် ဝက်အသည်း
    Credit- စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတ
  • ဘီယာ သောက်ခြင်း ဟာ သင့်ရဲ့ လူမှုဆက်ဆံရေး အတွက် အကျိုးပြု ပေးတာတင် မဟုတ်ပါဘူး
    ဘီယာ သောက်ခြင်း ဟာ သင့်ရဲ့ လူမှုဆက်ဆံရေး အတွက် အကျိုးပြု ပေးတာတင် မဟုတ်ပါဘူး။
    ဟုတ်ပါတယ်။ သင့်ရဲ့ ကျန်းမာရေး ကိုလည်း အထောက်အကူပြုပါတယ်။
    တကယ်လို့ ဘီယာ ကို သင့်တော်မျှတတဲ့ ပမာဏ သောက်သုံးပေးမယ်ဆိုရင် သင့်အနေနဲ့ ခုလို ကျန်းမာရေး အကျိုးကျေးဇူး များကို ရရှိမှာ ဖြစ်ပါတယ်။
    ခန္ဓာကိုယ် အလေးချိန် ကျစေခြင်း
    ဘီယာ ချက်ခြင်း ဖြစ်စဉ်ကနေ အမျှင်ဓာတ် တွေဟာ ဘီယာ ထဲမှာ ပါဝင်နေပါတယ်။
    ဘီယာ ကို ရိုးရိုးနှံစား သီးနှံ လေးမျိုး အခြေခံပြီး ထုတ်လုပ်ပါတယ်။
    အဲ့ဒါတွေက မုယောစပါး၊ ရေ၊ ဗျစ်ပန်းခြောက်နဲ့ တစေးတို့ ဖြစ်ပါတယ်။
    ယင်း သီးနှံ တွေကို အချဉ်ဖောက်ပြီး ဘီယာ ဖြစ်လာတဲ့အတွက် အခြားသော ယမကာတွေနဲ့ ယှဉ်ရင် ဘီယာ မှာ အမျှင်ဓာတ် အများကြီ: ပါဝင်ပါတယ်။
    အမျှင်ဓာတ် တွေက အဆီ တွေမှာ သွားပေါင်းပြီး ဝမ်းနုတ်ဆေး လိုမျိုး အစွမ်းသတ္တိနဲ့ ခန္ဓာကိုယ် အလေးချိန် ကျစေမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် ဘီယာ သောက်ထားရင် ဗိုက်အကြာကြီး ပြည့်နေစေတဲ့အတွက် အစာ အများကြီး စားခြင်းကို ကာကွယ်ပေးပါတယ်။
    နှလုံး အမောဖောက်ခြင်း အန္တရာယ် ကို လျော့ကျ စေခြင်း
    တစ်နေ့ကို ဘီယာ သင့်တော် တဲ့ မာဏ (မိန်းကလေး များအတွက် ၃၅၄ မီလီလီတာ၊ ယောက်ျားလေး များအတွက် ၇၀၉ မီလီလီတာ) သောက်သုံးခြင်း အားဖြင့် သင့်ကို အပန်းပြေ စေပြီး စိတ်ဖိစီးမှု များ လျော့ကျ စေပါတယ်။
    စိတ်ဖိစီးမှု နဲ့ စိုးရိမ်ကြောင့်ကြမှုတွေက နှလုံးရောဂါ၊ လေဖြတ်ရောဂါ တွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
    အမျိုးအစား (၂) ဆီးချို (အသက် ၄၀ ကျော် လူကြီးတွေမှာ အဖြစ်များသော) အန္တရာယ်ကို ဖြတ်တောက်ပစ်နိုင်ခြင်း
    လတ်တလော လေ့လာမှုများက ဘီယာ သောက်ခြင်းဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို ၃၀% ထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ လေ့လာမှုတွေက ဘီယာ ရဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်တဲ့ ဗျစ်ပန်းခြောက်မှာ ဟူမြူလွန်းလို့ ခေါ်တဲ့ ဒြပ်ပေါင်းတမျိုး ပါဝင်ပါတယ်။ ယင်းဒြပ်ပေါင်းက ဘီယာကို ခါးတဲ့ အရသာ ဖြစ်စေပြီး ဆီးချို ဖြစ်စေတဲ့ မော်လီကျူး (ကိုလက်စထရော သို့မဟုတ် ဂလူးကို့စ်) တွေကို သွားပေါင်းခြင်းဖြင့် ဆီးချို ရောဂါကို ကာကွယ် ပေးတာ ဖြစ်ပါတယ်။
    အရိုး သိပ်သည်းဆ ကို မြင့်မားစေခြင်း
    ဘီယာ ဟာ အရိုး ကြီးထွားမှု ကို အထောက်အပံ့ပေးတဲ့ အာဟာရတစ်မျိုး ဖြစ်တဲ့ ဆီလီကွန်ဆိုတဲ့ ဓာတ်ကို ထုတ်ပေးနိုင်ပါတယ်။ သို့သော်လည်း မှတ်သားထားရမှာက သင့်တော်တဲ့ ပမာဏ သောက်မှသာ ဒီအကျိုးကျေးဇူးကို ရရှိမှာ ဖြစ်တယ်ဆိုတာပါပဲ။ လေ့လာမှုတွေအရ ဘီယာ အလွန်အကျွံ သောက်သုံးသူ တွေကတော့ အရိုးပါးလာခြင်းကို ဖြစ်စေပါတယ်။
    ယောင်ရမ်းခြင်း နဲ့ ကူးစက် ရောဂါ များကို ကာကွယ်ပေးခြင်း
    ဘီယာ ထဲက တန်နင် အက်ဆစ်ဟာ ဘက်တီးရီးယား ကူးစက်ပိုး တွေနဲ့ ယောင်ရမ်းခြင်းကို တားဆီးပေးရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် တုပ်ကွေးလို အဖြစ်များတဲ့ ကူးစက် ရောဂါ တွေကိုလည်း သက်သာရာ ရစေပါတယ်။
    ငယ်ရွယ်နုပျိုစေခြင်း
    ဘီယာ မှာ Antioxidant တွေနဲ့ ဗီတာမင် တွေ အများအပြား ပါဝင်ပါတယ်။ အထူးသဖြင့် B3/ B6/ Folic Acid ဓာတ်တွေ ပါဝင်ပါတယ်။ Antioxidant တွေက သင့် ခန္ဓာကိုယ် ကို တစ်သျှူး ပျက်စီးယိုယွင်းခြင်းကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ် ကနေ ကာကွယ်ပေးပါတယ်။
    အဲ့လိုလုပ်ဆောင်ချက်ကြောင့် Antioxidant တွေက သင့် ခန္ဓာကိုယ် ကြွက်သား တွေကို သန်မာစေပြီး အရေပြား ကို ကျန်းမာစေပါတယ်။ ဒါကြောင့်မို့ အရေပြား တွန့်ခြင်း လျော့တွဲကျခြင်းတွေကို ကာကွယ်ပေးပြီး ငယ်ရွယ်နုပျိုစေတာ ဖြစ်ပါတယ်။
    သတိမေ့ ရောဂါ ကို တားဆီးခြင်း
    ဘီယာ ဟာ ဦးနှောက် ကို ထိခိုက်စေတယ်လို့ သင်ကြားဖူးပါလိမ့်မယ်။ အဲ့ဒါဟာ သေရည်အဆိပ်တက်ခြင်းကနေ ဦးနှောက်ကို ထိခိုက်တာ ဖြစ်ပါတယ်။ သင်မသိနိုင်တာက ဘီယာ မှာ Antioxidant တွေ အများကြီး ပါတာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးမျိုးစုံကို ရရှိနိုင်ပါတယ်။
    လေ့လာမှု အသစ်တွေအရ Antioxidant တွေက သတိမေ့ ရောဂါ များ ဖြစ်သော Amnesia/ Dementia/ Delirium တို့ကဲ့သို့ သတိလျော့ကျလာသော အခြေအနေနဲ့ ဓာတ်တိုး ဖိစီးမှု များကို ကာကွယ်ပေးပါတယ်။
    Credti : hello sayawon
  • အခေါင်းထဲမှာ အိပ်ပြီး လူ့သွေးသောက်ကာရှင်သန်တယ်လို့အခိုင်အမာပြောနေတဲ့ ဗန်ပိုင်းယား
    အခေါင်းထဲမှာ အိပ်ပြီး လူ့သွေးသောက်ကာရှင်သန်တယ်လို့အခိုင်အမာပြောနေတဲ့ ဗန်ပိုင်းယား
    အိမ်မက်တစ်ခုက သူ့ဘဝကိုပြောင်းလဲပေးလိုက်တာပါတဲ့။ ရိုမေးနီးယားနိုင်ငံသား Andreas Bathory ဟာ ဗန်ပိုင်းယားတွေတကယ်ရှိတယ်လို့ယုံကြည်တဲ့သူတစ်ယောက်ပါ။ သူဟာ သေဆုံးပြီးသူတွေရဲ့ဝိညာဉ်တွေနဲ့ဆက်သွယ်ဖို့အတွက် မကြာခနဆိုသလိုအခေါင်းထဲမှာ အိပ်လေ့ရှိတယ်လို့လည်းပြောပါတယ်။
    တစ်နေ့တော့ သူ့အိမ်မက်ထဲကို ဗန်ပိုင်းယားတစ်ယောက် ရောက်လာပြီး သူ့စကားကို ပျံ့နှံ့စေဖို့အတွက် Andreas ကိုရွေးချယ်ခဲ့တယ်လို့ပြောပါတယ်။ သူ့အပြောအရတော့ ဗန်ပိုင်းယားအရှင်သခင်ဟာ Transylvania က Bran Castle လို့ခေါ်တဲ့ “Dracula Castle” မှာနေထိုင်တဲ့သူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
    “ကျွန်တော် ဒီ အွန်လိုင်းက ဗန်ပိုင်းယားအဖွဲ့အစည်းတွေနဲ့မပတ်သတ်ဘူး။ကျွန်တော်တို့ကျင့်သုံးတဲ့ ရိုးရာဟာ နှစ်ပေါင်း ၆၀၀ ကျော်ရှိခဲ့ပြီ ။အွန်လိုင်းပေါ်က ဗန်ပိုင်းယားအဖွဲ့အစည်းတွေဟာ အဆင့်မြင့်ဗန်ပိုင်းယားတွေနဲ့ဆန့်ကျင့်နေတဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သတ်မှုတွေပါဝင်နေတယ်။
    တကယ့်ဗန်ပိုင်းယားတစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာကိစ္စတွေ BDSM တွေနဲ့မပတ်သတ်ဘူး။ဒီလိုပတ်သတ်နေတဲ့သူဟာလည်း ဗန်ပိုင်းယားမဟုတ်ဘူး” လို့သူက ဗန်ပိုင်းယားနဲ့ပတ်သတ်ပြီးရှင်းလင်းပြောပြခဲ့ပါတယ်။
    သူ့ရဲ့အိမ်မက်ထဲကို အလည်လာခဲ့တဲ့သူဟာ Vald the Impaler လို့ခေါ်တဲ့ Vald Tepes ဖြစ်ကြောင်း နဲ့ အိမ်မက်အကြောင်းကိုလည်း အခုလိုပဲပြောပြခဲ့ပါသေးတယ်။
    “လွန်ခဲ့တဲ့ လေးနှစ်လောက် သူ ကျွန်တော့်အိမ်မက်ထဲ လာပြီး ကျွန်တော့်ကိုအမှောင်ထဲကနေ “ငါ့သား” လို့ခေါ်တယ်။ကျွန်တော်က သူ့ရဲ့မျိုးဆက်ဆိုတာကို ကျွန်တော်မယုံဘူး ။ ဒါပေမယ့် သူက သူ့ရဲ့စကားနဲ့ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းဖို့ ကျွန်တော့်ကိုရွေးချယ်ခဲ့တယ်။အဲ့ဒီညကျော်လွန်တော့ ကျွန်တော် သူအသတ်ခံရတဲ့နေရာမှာသွားဆုတောင်းတော့….သူကကျွန်တော့်ကိုပြောတယ်….”မင်းဘဝ ထာဝရပြောင်းလဲသွားလိမ့်မယ်” တဲ့။တကယ်လည်းပြောင်းလဲသွားခဲ့တယ်” တဲ့။
    အခုဆိုရင်တော့ Andreas ကို Ordo Dracul အုပ်စုရဲ့ခေါင်းဆောင်အဖြစ်တင်မြှောက်ထားခဲ့ပြီဖြစ်ပါတယ်။Ordo Dracul အုပ်စုဆိုတာကတော့ Dracula အသတ်ခံရတဲ့ ၁၄၇၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အုပ်စုတစ်စုဖြစ်ပါတယ်။ရုပ်ရှင်ထဲကလို လူတွေရဲ့လည်ပင်းကို ကိုက်ဖောက်သွေးစုပ်တာမျိုးမဟုတ်ပဲ ကိုယ်တိုင်စိတ်လိုလက်ရပေးလှူတဲ့သူတွေအုပ်စု(သူတို့ကိုတော့ Black Swans လို့ခေါ်တယ်) ဆီကပဲယူတယ်လို့လည်းသိရပါတယ် ။
    ဒီအကြောင်းကိုလည်း အခုလိုပဲသူကပြောထားပါသေးတယ်။
    “ယုံချင်ယုံ မယုံချင်နေပါ ။ လူတွေကိုတော့ ကျွန်တော်တို့ သွေးလှူဖို့လုံးဝမတိုက်တွန်းပါဘူး ။သူတို့စိတ်နဲ့ သူတို့ ဗန်ပိုင်းယားတွေကို နားလည်ပြီး ဗန်ပိုင်းယားတွေကို အားအင်ပေးဖို့အတွက် စိတ်လိုလက်ရလာရောက်လှူဒါန်းကြတာပါ” တဲ့။
    Andreas ကတော့ စိတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာအနေနဲ့လည်း အလုပ်လုပ်လေ့ရှိပါတယ်။
    အွန်လိုင်းပေါ်ကသူတွေက သူ့ကိုမုန်းတီးကြတာဟာ မနာလိုဖြစ်တဲ့အတွက် မုန်းတီးနေကြတာဖြစ်တယ်လို့လည်းပြောပြခဲ့ပါသေးတယ်။
    “ဒါပေါ့..သူတို့မုန်းကြတာပေါ့..မနာလိုဖြစ်တဲ့အတွက် မုန်းတာပေါ့လေ။
    လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသာ ကျွန်တော့်ကိုဒီလို လာပြောလဲ့ရင် ကျွန်တော်လည်းယုံမှာမဟုတ်ဘူး။ဒါပေမယ့် ကြီးမားတဲ့အစွမ်းတွေ ကိုယ့်အပေါ်သက်ရောက်လာတဲ့အခါ ဘယ်လိုလဲဆိုတာ သင်နားလည်လိမ့်မယ်” လို့ အဆုံးသတ်အနေနဲ့ပြောသွားခဲ့ပါတယ်။
  • အဆစ်အမြစ် ရောင် ရောဂါဝေဒနာ ရှင်များ ဘာတွေ သောက်လို့ အဆင်ပြေမလဲ????
    အဆစ်အမြစ် ရောင် ရောဂါဝေဒနာ ရှင်များ ဘာတွေ သောက်လို့ အဆင်ပြေမလဲ????
    အဆစ်အမြစ်ရောင် ဝေဒနာရှင်များ ကတော့ ယောင်ယမ်းတာ သက်သာစေမယ့် အစားအစာ တွေ ကို အဓိက ထားရွေးစားပေးဖို့ လိုအပ်ပါတယ်။
    အကြမ်းဖျင်း အားဖြင့် အဆစ်အမြစ်ရောင် နေတဲ့ သူတွေ ကို ဆိုဒါ ပါတဲ့ အအေးတွေ ကို ရှောင်ခိုင်းပါတယ်။ ထို အအေးတွေ မှာ ပါတဲ့ သကြား၊ aspartame၊ ဖော့စဖောရစ် အက်ဆစ် တွေ က ခန္ဓာကိုယ် က နေ ထုံးဓါတ် စုပ်ယူမှု့ ကို အနှောင့်အယှက်ပေးတဲ့ အတွက်ကြောင့်ပါ။
    အဆစ်အမြစ်ရောင်နေသူတွေ အတွက် ရေ ကို တော့ တစ်နေ့ ရှစ်ခွက် ပြည့်အောင်သောက်ပေးသင့်ပါတယ်။
    အခြားဘာတွေ သောက်လို့ရသေးလဲ ဆိုတော့
    1. ရေနွေးကြမ်း – green tea, black tea တွေ မှာ polyphenols ဓါတ်တွေ အများကြီးပါတဲ့ အတွက် အဆစ်အမြစ်ရောင်ယမ်း တာ ကို သက်သာစေပါတယ်။ ဒါပေမယ့် ရေနွေးကြမ်း ကို အရမ်း ကျနေအောင် လက်ဖက်ခြောက် မစိမ်သင့်ပါဘူး။ လက်ဖက်ခြောက်စိမ် ရင် ၁၅ မိနစ် – နာရီ ဝက်လောက် စိမ် ပြီး ပြန်ဆယ် လိုက်ပါ။
    2. ကော်ဖီ – ကော်ဖီ သောက်မယ်ဆိုရင်တော့ တစ်နေ့ ၂ ခွက် ထက်တော့ မပိုစေပါနှင့်။ ကောဖီ မှုန့် အစစ် မှာ polyphenols ဓါတ်တွေ ပါဝင်တဲ့ အတွက် ယောင်ယမ်းခြင်း ကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် တချို့သော လေ့လာတွေ့ရှိချက်တွေ အရတော့ ကော်ဖီ က အဆစ်အမြစ်ရောင် တာ ကို ပိုတောင် ဆိုးစေတယ် ဆိုပြီး ဖော်ပြကြပါတယ်။ ဒါပေမယ့် ကော်ဖီ ကို သကြားတွေ creamer တွေ အများကြီးထည့်သောက်မယ်၊ ကာပူချီနို လို မျိုး သောက်မယ် ဆိုရင်တော့ ကယ်လိုရီတွေ များပြီး ကိုယ် အလေးချိန် တက် လာနိုင်ပြီး အရိုးအဆစ်တွေ ကို ပိုပြီးတောင် နာကျင်စေပါတယ်။ ဒါကြောင့် ကော်ဖီ ကတော့ အဆစ်အမြစ်ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ အတွက်ကတော့ အခုချိန် အထိ တွေဝေ စရာဖြစ်နေတုန်းပါ။ ဒါပေမယ့် ကော်ဖီ ကို အရမ်း ကြိုက်လို့ သောက်မယ် ဆိုရင်တော့ တနေ့ နှစ်ခွက် ထက် ပိုပြီး မသောက်သင့်သလို ကော်ဖီမှုန့် အစစ် နဲ့ သကြားလျှော့ပြီး သောက်သင့်ပါတယ်။
    3. နွားနို့ – အဆသ်အမြစ်ရောင်ယမ်း နေသူတွေ အတွက် နွားနို့ သောက်တော့ မယ် ဆိုရင် အဆီ ထုတ်ထားတဲ့ Low Fat Milk သို့မဟုတ် အဆီ လုံးဝနီးပါး မပါတဲ့ skimmed milk လေးတွေ ပဲ သောက်ပေးသင့်ပါတယ်။ Low Fat Milkို့ skimmed milk တို့က စူပါမားကတ် တွေ မှာ ဝယ်ရ လွယ်ပေမယ့် အိမ်မှာ ကိုယ့်ဟာကိုယ် ကျိုချက်မယ်ဆိုရင်တော့ မလိုင် ဖတ်လေးတွေ ကို ဖယ်ပြီးမှ သောက်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မခိုင်ပြည့် နွားနို့ မှာ ပြည့်ဝဆီ (Saturated Fat) တွေ အများကြီးပါတဲ့ ပတွက်ကြောင့် အဆစ်အမြစ်တွေ ရောင်ယမ်း တာ ကို ပိုဆိုးစေနိုင်တဲ့ အတွက်ကြောင့်ပါ။
    4. အသီးဖျော်ရည် – အသီးဖျော်ရည် သောက်ပေးဖို့လိုရပါတယ်။ ဗိတာမင်စီ ကြွယ်ဝတဲ့ အသီးတွေ ဖျော်သောက်ပေးရင် ပိုကောင်းပါတယ်။ ဗီတာမင် စီ က ရောင်ယမ်း ခြင်း ကိုသက်သာစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတွေ ကတော့ လိမ္မော်သီး၊ ဆန်းကစ်သီး၊ ကီဝီသီး၊ ကျွဲကောသီး၊ သံပုရာသီး၊ နဂါးမောက်သီး စတာတွေ ဖြစ်ပါတယ်။ grapefruit (ဂရိတ်ဖရု) တော့ ရှောင်စားပေးသင့်ပါတယ်။ သူက ဆေးတော်တော်များများ နဲ့ ဓါတ်ပြုမှု့တွေ ဖြစ်ပြီး သောက်နေတဲါ ဆေးတွေရဲ့ အာနိသင်ကို လျော့စေတဲ့လအတွက်ကြောင့်ပါ။
    5. ဒိန်ချဉ် သောက်ပေးသင့်ပါတယ်။ ဒိန်ချဉ် မှာ ပါဝင်နဲ့ ပရိုဘိုင်အော့တစ် (probiotics) ကတော့ ရောင်ယမ်းခြင်း ကိုသက်သာစေပါတယ်။ ဒိန်ချဉ် ကို အသီးတစ်မျိုးမျိုး နဲ့ ရောပြီး smoothie လိုမျိုး ဖျော်သောက်ပေးသင့်ပါတယ်။ အသီးထည့် စားတဲ့နေရာ မှာ အရောင်စုံ စားနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဥပမာ – အနီရောင် – ဖရဲသီး၊ စတော်ဘယ်ရီ၊ ပန်းသီး – လိမ္မော်ရောင် (သို့မဟုတ်) အဝါရောင် – လိမ္မော်သီး၊ ဘဘောင်္သီး၊ တည်သီး၊ အစိမ်းရောင် – ပန်းသီးစိမ်း၊ ထောပတ်သီး၊ စပျစ်သီး အစိမ်း၊ တရုတ်ဇီးသီးစိမ်း။ အဖြူရောင် – ဂျပန်သခွားမွှေး၊ သခမာသီး၊ ပန်းသစ်တော်၊ ငှက်ပျောသီး၊ ခရမ်းရောင် – စပျစ်သီး၊ ဘလူးဘယ်ရီသီး စတာတွေ ထည့်စားပေးသင့်ပါတယ်။
    6. ဝိုင်အနီ – ဝိုင်အနီ မှာတော့ antioxidants လို့ခေါ်တဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့ အတွက်ကြောင့် ရောင်ယမ်းခြင်းကို တဖက်တလမ်းက နေ သက်သာစေတယ်လို့ စာတမ်းတချို့ ကဖော်ပြပေးထားပါတယ်။ ဒါပေမဲ့ သောက်တဲ့ နေရာမှာ သတ်မှတ်ချက်လေး တစ်ခုတော့ရှိသင့်ပါတယ်။ သတ်မှတ်ချက် ကလည်း ယောင်္ကျား နဲ့ မိန်းမ မတူပါ။
    1. Whiskey (40% alcohol)
    အမျိုးသားတွေ က တစ်နေ့ကို ၆၀ မီလီလီတာ ထက်ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးတွေ ကတော့ ၃၀ မီလီလီတာ ထက်မပိုသင့်ပါဘူး။
    2. Beer (5% alcohol)
    အမျိုးသားတွေက တစ်နေ့ကို နှစ်ခွက် (720 ml) အမျိုးသမီးတွေ က တစ်ခွက်(360 ml) ထက်မပိုသင့်ပါဘူး။
    3. Wine (12% alcohol)
    အမျိုးသားတွေ က တစ်နေ့ ကို ၃၀၀ မီလီလီတာ ထက်မပိုသင့်သလို အမျိုးသမီးတွေ ကတော့ ၁၅၀ မီလီလီတာ ထက် မပိုသင့်ပါဘူး။
    အခုပြောထားတဲ့ အတိုင်းအတာတွေ ထက် ပိုပြီးသောက်ရင် ကြာလာရင် ဘာတွေဖြစ်လာမလဲ????
    1. ရုတ်တရက်မှာတော့ အသည်း လုပ်ဆောင်ချက်တွေ အရှိန်မြှင့်ပြီး အလုပ်ပိုလုပ်လာရပါတယ်။
    2. အချိန်ကြာလာတာနဲ့ အမျှ Alcoholic Hepatitis လို့ခေါ်တဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောင် ရောဂါ ဖြစ်လာပါတယ်။
    3. ကြာလာရင် အသည်းခြောက်ပြီး အသည်းကင်ဆာ အထိဖြစ်တတ်ပါတယ်။
    ပြောထားတဲ့ ပမာဏ ထက်ပိုသောက်ရင် ကောင်းကျိုးထက် ဆိုးကျိုး က ပိုများလာတတ်ပါတယ်။
    7. ရေများများသောက်ပေးပါ။ ရေများများ သောက်ပေးမှ အရိုး အဆစ်တွေ မှာ ရှိတဲ့ အရည်(synovial fluid) က များပြီး ဒူးနာ၊ အဆစ်နာ တာတွေ ကို သက်သာစေပါတယ်။
    လေးစားစွာဖြင့်
    ဒေါက်တာ ညီညီကျော်
  • ကျွဲကောသီးကို စားပေးရင်
    ကျွဲကောသီးကို စားပေးရင်
    ကျွဲကောသီးက ဈေးနှုန်းသက်သာပေမယ့် သူ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အများကြီးပါပဲ။
    ကင်ဆာကို ကာကွယ်ပေးနိုင်
    ကျွဲကောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ကာကွယ်ပေးပါတယ်။ Free Radicals တွေကလည်း ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ကျွဲကောသီးမှာပါဝင်တဲ့ Antioxidants တွေက Free Radicals တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
    Antioxidants တွေပါဝင်
    ကျွဲကောသီးမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ Antioxidants တွေက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲကို ဆိုးကျိုးပေးနိုင်တဲ့ Free Radicals တွေဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။
    အပူကန်တာတွေ၊ အပူဖုပေါက်တာတွေကို ကုသပေးနိုင်
    ကျွဲကောသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် အပူကန်တာတွေ၊ အပူဖုပေါက်တာတွေကို လျော့ပါးပျောက်ကင်း စေပါတယ်။
    ခန္ဓာကိုယ်ကို လန်းဆန်းစေ
    ကျွဲကောသီးရဲ့ ချဉ်၊ ချို အရသာနဲ့ ရေဓာတ်ပါဝင်မှုတွေက ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဒါ့ကြောင့် ရာသီဥတု ပူပြင်းရင် ကျွဲကောသီး စားသင့်ပါတယ်။
    ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးနိုင်
    ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေလည်းပါဝင်နေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲရှိ ကိုယ်အင်္ဂါတွေအတွက် အထူးသင့်တော်ပါတယ်။
  • အရက်ကြောင့် ဂေါက်နိုင်လား
    1. အရက်ကြောင့် ဂေါက်နိုင်လား
    ====================
    ====================
    ဂေါက်ရောဂါဆိုတာက????
    ဂေါက်ရောဂါဆိုတာက အဆစ်ရောင်ရောဂါ တစ်မျိုးပါ။ ခြေထောက်က အဆစ်တွေ အများဆုံး ရောင်တတ်တဲ့ ရောဂါပေါ့။ အဓိကရောင်တဲ့ အဆစ်ကတော့ ခြေမအဆစ်ပါပဲ။ ရောင်ပြီး နာပြီဆိုလို့ကတော့ လမ်းလျှောက်ဖို့ မပြောနဲ့။ မတ်တပ်ရပ်ရင်တောင် ရောင်နေတဲ့အဆစ်ထဲကို အပ်နဲ့ ထိုးချလိုက်သလို စူးပြီး နာတတ်တဲ့ အဆစ်ရောင်ရောဂါတစ်မျိုးပါပဲ။
    ဘာကြောင့်ဂေါက်ဖြစ်ရတာလဲ????
    ဂေါက်ကို ဖြစ်စေတဲ့ အဓိကဓာတ်ကတော့ ယူရစ်အက်စစ် (Uric acid) ဆိုတဲ့ ဓာတ်ပါပဲ။ ဇီဝဖြစ်စဉ်ကနေ အဲဒီဓာတ် ထွက်တာက ပုံမှန်ပါပဲ။ ထွက်လာတဲ့ အဲဒီ ယူရစ်အက်စစ်တွေကိုလည်း ဆီးကနေတစ်ဆင့် ခန္ဓာကိုယ်က ပုံမှန် စွန့်ထုတ်ပစ်ပါတယ်။
    ဒါပေမယ့် အနီရောင်အသားတွေ၊ ကလီစာတွေနဲ့ ပင်လယ်စာလိုမျိုး အစာတွေ အစားများရင်ဖြစ်ဖြစ်၊ အရက် သောက်ရင်ဖြစ်ဖြစ်၊ ရေသောက်နည်းရင်ဖြစ်ဖြစ် အဲဒီယူရစ်အက်စစ်တွေက ခန္ဓာကိုယ်မှာ စုပုံလာတတ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကပါ သိပ်မကောင်းဘူးဆို ယူရစ်အက်စစ်ကိုပါ မစွန့်ထုတ်နိုင်တော့ဘူးပေါ့။ အဲသလို အချက်တွေရှိနေပြီဆို ယူရစ်အက်စစ်တွေ ခန္ဓာကိုယ်မှာ စုပုံလာပါပြီ။
    အဲဒီ ယူရစ်အက်စစ်တွေက အဆစ်တွေမှာ သွားစုပုံပြီး အဆစ်တွေကို နာကျင်အောင် ပြုလုပ်တော့တာပါပဲ။
    အရက်ကြောင့် ဘာလို့ ဂေါက်ဖြစ်ရတာလဲ????
    ခုနက ပြောတဲ့ ယူရစ်အက်စစ်များစေတဲ့ အချက်ထဲမှာ အရက်က သိပ်ကို အရေးကြီးတဲ့ အချက်အနေနဲ့ ပါဝင်နေပါတယ်။ အကြောင်းကတော့ အရက်သောက်ရင် ဂေါက်ဖြစ်နိုင်ခြေက နှစ်ဆပိုများလာစေလို့ပါပဲ။
    အဲဒါကလည်း သိပ်မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရက်မှာ ယူရစ်အက်စစ်များစေတဲ့ ဓာတ်ပါနေပါတယ်။ ဒါ့အပြင် အရက်က ခန္ဓာကိုယ်က ပုံမှန်ဇီဝဖြစ်စဉ်အရ ထွက်နေတဲ့ ယူရစ်အက်စစ်ကိုလည်း များစေပါတယ်။ နောက်ပြီး ဆီးကနေ ယူရစ်အက်စစ် စွန့်ထုတ်တာကိုပါ အရက်က အနှောင့်အယှက်ပေးပါသတဲ့။
    ကဲ ဒီတော့ အရက်သောက်ရင် ကျိန်းသေပေါက် ယူရစ်အက်စစ်တွေများပြီး ဂေါက်ပြီပေါ့။ သောက်ပြီးပြီးချင်း မူးပြီးဂေါက်၊ နောက်ပိုင်းကျတော့ ယူရစ်အက်စစ်များပြီး ဂေါက်စေတဲ့ အရက်ပါပဲ။
    အရက်တိုင်းက ဂေါက်ကို ပိုဆိုးစေတာလား????
    အရက်တိုင်းမှာက ယူရစ်အက်စစ်များစေတဲ့ ဓာတ်ပါပါတယ်။ ဒါပေမယ့် အရက်အမျိုးအစားပေါ်လိုက်ပြီး အဲဒီဓာတ်ပါဝင်မှုနှုန်းကလည်း ကွာပါသတဲ့။ စိတ်မကောင်းစရာတစ်ခုကတော့ အများကြိုက်တဲ့ ဘီယာက အဲဒီ ယူရစ်အက်စစ် များစေတဲ့ဓာတ် အများဆုံးပါနေတာပါပဲ။
    ဒါ့အပြင် ဘီယာသောက်ပြီးရင် ဂေါက်ကြောင့် လမ်းမလျှောက်နိုင်အောင် အဆစ်ရောင်စေတာက ၅၀ရာခိုင်နှုန်းတောင် ပိုဖြစ်စေပါတယ်။
    ဂေါက်ရောဂါဖြစ်ရင် အရက်လုံးဝဖြတ်ရမလား????
    ဂေါက်ဖြစ်ပြီဆိုရင်တော့ အရက်ကို ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့်လည်း ဖြတ်ဖို့ဆိုတာက သိပ်ခက်မှန်း ကိုယ်ချင်းစာပြီး နားလည်ပါတယ်။
    ဒီတော့ အရက်ကို တော်သင့်ရုံလောက် သောက်လို့ရတဲ့ အကြောင်းကို ဝေမျှပေးပါမယ်။ တော်သင့်ရုံဆိုတာက အောက်က ပြောတဲ့ ပမာဏကို ဆိုလိုတာပါ။
    ဘီယာဆိုရင် တစ်ခွက်၊ ၀ိုင်ဆိုရင်လည်း ၀ိုင်ခွက်နဲ့တစ်ခွက်၊ အရက်ပြင်းဆိုရင် တစ်ပက်လောက် သောက်လို့ရပါတယ်။ စာဖတ်သူက အသက်၆၅နှစ်အောက် ယောကျာ်းလေးဖြစ်မယ်ဆိုရင်တော့ နှစ်ခွက် ဒါမှမဟုတ် နှစ်ပက်သောက်လို့ ရပါတယ်။
    ဒီတော့ အရက်ကို ဘယ်လိုသောက်ပြီး မဂေါက်အောင် နေကြမလဲ သိပြီလို့ မျှော်လင့်ပါတယ်။
    ကျေး(ဆေး၁)
    #ဒေါက်တာဇီဝက
    #အရက် #အဆစ်မြစ်ရောင်ဂေါက်
    ==========
    ဒေါက်တာဇီဝက