Month: October 2018

  • မြို့ရိုး၊ မြို့တံခါး၌ လူစတေးခြင်း အလေ့အကြောင်း

    (Zawgyi)
    ၿမိဳ႕႐ိုး၊ ၿမိဳ႕တံခါး၌ လူစေတးျခင္း အေလ့

    ၿမိဳ႕႐ိုး၊ ၿမိဳ႕တံခါးမ်ားတြင္ ဖုတ္ၿပိတၱာ အစိမ္းေသအျဖစ္အေစာင့္အေန ခ်ထားရာတြင္ လူအရွင္လတ္လတ္ကို ေျမတြင္းတူးျမႇဳပ္ႏွံကာ အေပၚမွ တံခါးတိုင္စိုက္ျခင္းကို “လူစေတး”ျခင္းဟု ဆိုလိုသည္။ ျမန္မာ့ မွတ္တမ္းမွတ္ရာ မေတြ႕ရွိရေသာ္လည္း ၁၉၂၅ခုႏွစ္ ၿဗိတိသွ်ကိုလိုနီေခတ္ ေက်ာက္စာ႒ာန(ယခုေရွးေဟာင္းသုေတသန) မွေက်ာက္ စာဝန္(ယခုေရွးေဟာင္းသုေတသနၫႊန္ၾကားေရးမႈး) တာဝန္ ထမ္းေဆာင္ခဲ့တဲ့ ခ်ားစ္ဒူ႐ြိဳင္ဆယ္ (Charles Duroi-selle)က “မႏၲေလးနန္းေတာ္လမ္းၫႊန္”(Guid to Man-dalay Palace, Govt, Printing, 1925 )စာအုပ္မွာ က်ားမ ႀကီးငယ္ ၅၂ေယာက္ကို စေတး ခဲ့တယ္လို႔ စြပ္စြဲေရးသားခဲ့ပါသည္။ ထိုစာအုပ္ကိုပင္ ၁၉၆၃ခုႏွစ္က လမ္းၫႊန္ကိုျဖဳတ္ၿပီး မႏၲေလးနန္းေတာ္(Mandalay Palace)အမည္သစ္ျဖင့္ တကၠသိုလ္ပုံႏွိပ္တိုက္မွ ေတာ္လွန္ေရးအစိုးရ ယဥ္ေက်းမႈ႕ ႒ာနအတြက္ ထပ္မံထုတ္ေဝခဲ့ပါေသးသည္။ ယင္းတြင္လည္း “လူစေတးျခင္း”အေၾကာင္ဆက္လက္ပါရွိၿမဲ ျဖစ္သည္။ (စာမ်က္ႏွာ-၁၅မွ၁၇ထိ) အဂၤလိပ္ဘာသာျဖင့္ ထုတ္ေဝခဲ့ျခင္းျဖစ္သျဖင့္ ျမန္မာျပည္သို႔ လာေရာက္လည္ပတ္ၾကေသာ ႏိုင္ငံျခားသားတိုင္း ဝယ္ယူဖတ္ရႈ႕ၾကၿမဲျဖစ္ရာ ယင္းစြပ္စြဲခ်က္မွာ မွတ္တမ္းမွတ္ရာမရွိ အရပ္ေျပာစကားကိုအေျခခံမွတ္သားျခင္းေၾကာင့္ ဟုတ္မဟုတ္မွန္မမွန္ ဧကန္သိႏိုင္ရန္ ၿမိဳ႕တံခါးတိုင္ေအာက္ႏွင့္ ၿမိဳ႕႐ိုးေထာင့္မ်ားတြင္တူးေဖာ္ၾကည့္သင့္သည္။ ေအာက္တြင္ ယင္းစာအုပ္ပါစြပ္စြဲခ်က္ကို ဘာသာျပန္ေဖာ္ျပထားပါသည္။

    -လူစေတးျခင္းအေလ့-
    ျမန္မာႏိုင္ငံတြင္ အလြန္တရာ မႏွစ္ၿမိဳ႕ဖြဟ္ျဖစ္ေသာ အေလ့တစ္ခု ရွိပါသည္။ ၿမိဳ႕ေတာ္အသစ္ တည္ေသာအခါ ၿမိဳ႕အဝင္တံခါး တစ္ခုစီ၏အနီးတြင္လည္းေကာင္း ၿမိဳ႕႐ိုးေထာင့္ တစ္ခုစီ၏ အနီးတြင္ လည္းေကာင္း ကြၽန္းတိုင္ႀကီး တစ္တိုင္စိုက္ထူေသာအခါ အမ်ိဳးသားတစ္ဦး သို႔မဟုတ္ အမ်ိဳးသမီးတစ္ဦးကို တိုင္ေအာက္တြင္ ဖိသတ္လိုက္ရပါသည္။ စင္စစ္အားျဖင့္ ၿမိဳ႕ေတာ္ကိုရန္အေပါင္းမွ ကာကြယ္ စိမ့္ေသာငွာ ၿမိဳ႕တည္ခ်ိန္ကပင္ လူကိုသတ္၍ ပူေဇာ္ျခင္း အမႈ႕ျပဳသည္ကား ျမန္မာလူမ်ိဳးတစ္မ်ိဳးသာ ထူးထူးျခာျခားလုပ္သည္ဟု မဆိုသာေခ်။ ေရွးအခါက ဥေရာပပါမက်န္ ယင္းသို႔ျပဳလုပ္ေလ့ရွိသည္ဟု ဆိုရမည္ jဖစ္ပါသည္။ ဤသို႔ျပဳမူျခင္းသည္ ဗုဒၶတရားေတာ္၏အဆုံးအမႏွင့္ အလြန္အမင္း ဆန႔္က်င္သည္ဟု တစ္ဘက္၌ ေျပာဖြယ္ရွိေသာ္လည္း ဗုဒၶသာသနာ မထြန္းကားမီက ေရွးေဟာင္းယုံၾကည္မႈ႕
    အေလ့အထတို႔ႏွင့္အညီ ျဖစ္သည္ဟု အျခားတစ္ဘက္၌ေျပာႏိုင္သည့္အျပင္ မိ႐ိုးဖလာ နတ္ကိုးျခင္းအမႈ႕သည္ ဗုဒၶအဆုံးအမေၾကာင့္ လူတို႔၏ စိတ္ႏူးညံ့ေပ်ာ့ေျပာင္းလာသည္ ဆိုေသာ္ျငား မျပတ္စြဲၿမဲလွ်က္ပင္ ရွိေနေသးေၾကာင္းလည္းေတြ႕ရသည္။ အျခား မြန္ဂိုလြိဳက္ အႏြယ္ဝင္မ်ားနည္းတူ ျမန္မာတို႔ယုံၾကည္သည္မွာ အသတ္ခံရေသာ အေသဆိုး ေသခဲ့ရသူတိုင္းသည္ နတ္စိမ္းျဖစ္၍ ေသသည့္အရပ္ကို စြဲလန္းကာ မျပတ္ရွိေနတတ္သည္။ အဆိုပါနတ္စိမ္းတို႔သည္ သူတို႔စြဲလမ္းရာအရပ္ကို မည္သူမွ် ထိပါးေႏွာင့္ယွက္ျခင္းကို သည္းမခံပဲ ေသေလာက္သည္အထိ အႀကီးအက်ယ္ဖမ္းစားတတ္သည္ဟူ၍ ယူဆသျဖင့္ တံခါးဝႏွင့္ ၿမိဳ႕ေထာင့္တြင္ ျမႇဳပ္ႏွံျခင္းအေလ့ စတင္ခဲ့ဟန္ရွိသည္။ ေနာင္တြင္ ခံၿမိဳ႕သာမက ႀကီးက်ယ္ေသာ အေဆာက္အဦးျပဳတိုင္း ဥပမာနန္း ေတာ္ကဲ့သို႔ အေဆာက္အဦး အေျခခံအုတ္ျမစ္တြင္ လူ တစ္ဦး သို႔မဟုတ္ အမ်ားကိုပင္ ထည့္သြင္းျမႇဳပ္ႏွံခဲ့ၾကပုံရသည္။ ယင္းသို႔ျမႇဳပ္ႏွံရန္ အေကာင္းဆုံးေနရာမွာ ရန္သူကအႏၲရာယ္ျပဳမည္ဆိုလွ်င္ လြယ္ကူမည့္ အဝင္တံခါးေနရာႏွင့္ ၿမိဳ႕႐ိုးေထာင့္ေနရာမ်ားျဖစ္သည္။ ယဇ္ပူေဇာ္ျခင္းသ
    ေဘာ သက္ဝင္ေသာ အဆိုပါလူသတ္မႈ႕မ်ားတြင္ တစ္ခါတရံ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားကိုပါ စေတးခံရေလ့ရွိသည္။ ထိုသို႔ ပြဲမ်ိဳးကိုစီစဥ္သူမ်ားမွာ အမ်ားအားျဖင့္ အႏၵိယမဏိပူရ ပုဏၰားမ်ားျဖစ္ေသာ နန္းတြင္းအခါေတာ္ေပးပညာရွိက ဤအမႈ႕ကို ေဆာင္႐ြက္ရန္ အေကာင္းဆုံးအခ်ိန္နာရီကို တြက္ခ်က္ေပးရသည္။ မည္သို႔ေသာပုဂၢိဳလ္မ်ိဳးကို စေတးရမည္ဟုလည္း ၫႊန္းရသည္။ ဥပမာ မည္သည့္ေန႔၊ မည္သည့္ အခ်ိန္၊ မည္သည့္အရပ္မွ မည္သည့္အရာကို ကိုင္ေဆာင္၍ ေရွ႕ရႈ႕သြားေနသူ ေယာက်ၤားသို႔မဟုတ္ ကိုယ္ဝန္ေဆာင္မိန္းမကို ဖမ္း၍ စေတးရမည္ စသျဖင့္ ၫႊန္ၾကား ေပးသည့္အတိုင္း လုပ္ေဆာင္ရ သည္။ ၿမိဳ႕သစ္၊ နန္းသစ္တည္တိုင္း ျမန္မာတို႔ထုံးစံ အထက္က ေဖာ္ျပခဲ့သလို မႏၲေလးကို တည္စဥ္အခါကလည္း ၿမိဳ႕သစ္လုံၿခဳံေရးအတြက္ ေရွးထုံးႏွင့္အညီ လိုက္နာက်င့္သုံးမည္ဟု ေမွ်ာ္လင့္ရသည္။ ဗုဒၶ ဘာသာကို အထူးအေလးထားသည့္ မင္း၏လက္ထက္ ဆရာေတာ္ႀကီးမ်ား၊ ဝန္ႀကီးမႈးမတ္ ပညာရွိတို႔က ဗုဒၶ အဆုံးအမ ႏွင့္ အညီ ထိုသို႔မလုပ္ေစရန္ အျပင္းအထန္ ျငင္းဆိုလင့္ကစား ေရွးထုံးမပ်က္လုပ္ေဆာင္ ၾကမည္ ဟု ယူဆရသည္။ အဆိုပါပုဂၢိဳလ္ႀကီးမ်ား မသိလိုက္ဟုဆိုလွ်င္လည္း မွန္လွ်င္ဆိုႏိုင္ပါမည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အႏၵိယေရာ တ႐ုတ္ပါ လိုက္နာေနသည့္ဆိုးဝါးေသာ ဤယုံၾကည္မႈ႕ဓေလ့ကို လုပ္ေဆာင္ရန္ နန္းတြင္းအခါေပး ပုေရာဟိတ္ျဖစ္သည့္ မဏိပူရီ ပုဏၰားတို႔ ရွိေနပါသည္။ လက္ဖတင္နင္ဂ်င္နရယ္ ဖိုက္ခ်္သည္ “ယခင္ႏွင့္ယခု ျမန္မာႏိုင္ငံ”အမည္ရွိေသာ စာအုပ္ကို ေရးေသာအခါ ၿမိဳ႕တံခါး တစ္ဆယ့္ ႏွစ္ရပ္တြင္ လူတစ္ဆယ့္ႏွစ္ေယာက္ကို ဖမ္း၍ ႀကိဳးခ်ည္ၿပီး ဖိသတ္ခဲ့သည္ဟု အေသအခ်ာ ေရးသားခဲ့ပါသည္။ သို႔ေသာ္ အရပ္စကား မွတ္သားခ်က္မ်ာအရ မႏၲေလးနန္းတည္စဥ္က ယဇ္ပူေဇာ္ စေတးခံရသည့္ အေရအတြက္မွာ ထိုမွ်မက မ်ားစြာပိုပါသည္။ အစုစု က်ား၊ မ၊ ႀကီးငယ္ ၅၂ေယာက္ရွိ၏။ ၿမိဳ႕တံခါး၁၂ရပ္၌ တံခါးတစ္ေပါက္တြင္ လူ ၃ေယာက္ႏႈန္း ၃၆ ေယာက္၊ ၿမိဳ႕႐ိုးေလးေထာင့္၌ တစ္ေထာင့္လွ်င္
    လူတစ္ေယာက္ႏႈန္း ၄ ေယာက္၊ နန္းေတာ္သစ္ တပ္ေထာင့္ေလးေထာင့္၌ တစ္ေထာင့္ တစ္ေယာက္ႏႈန္း ၄ ေယာက္၊ နန္းေတာ္ အဝင္ေပါက္ ေလးေပါက္၌ တစ္ေပါက္တစ္ေယာက္ႏႈန္း ၄ ေယာက္၊ သီဟာသနပလႅင္ေတာ္ေအာက္၌ ၄ ေယာက္။ ေပါင္း ၅၂ ေယာက္။

    ျမန္မာတို႔ေရးသားေသာ ရာဇဝင္က်မ္းမ်ားမွာ ဤမွ် ေၾကာက္လန႔္ဖြယ္ေကာင္းသည့္ ကိစၥကို ထည့္သြင္းေရးသားၾကျခင္း မျပဳေပ။ လူေတြႏွင့္အတူ ၿမိဳ႕ေထာင့္မ်ားတြင္ ဆီအျပည့္ ျဖည့္ထားသည့္ ဆီအိုးႀကီး မ်ားကိုလည္း သတိႀကီးစြာ ျမႇဳပ္ႏွံခဲ့ၾကပါေသးသည္။ အေၾကာင္းမွာ အေစာင့္နတ္စိမ္းမ်ား အၿမဲမျပတ္ ဆက္လက္ေစာင့္ေရွာက္ႏိုင္ေစရန္ ဆီအိုးႀကီးမ်ား ျမႇဳပ္ႏွံစီရင္ျခင္း ျဖစ္သည္။ ေစာင့္ေရွာက္မႈ႕ေလ်ာ့နည္းျခင္း (သို႔မဟုတ္) ေစာင့္ေရွာက္ျခင္း မျပဳဟု ေသခ်ာလွ်င္ လူသစ္အစားထိုး စေတးရန္လိုအပ္သည္။ ဆီမ်ား မခမ္းေျခာက္သေ႐ြ႕ ေစာင့္ေရွာက္မႈ မျပတ္ဟု ယုံၾကည္လက္ခံထားပါသည္။ (C.Duroiselle: Guide to Mandalay Palace.စာအုပ္ေဟာင္း စာမ်က္ႏွာ၂၅မွ ၂၈ထိ) (စာအုပ္သစ္ Mandalay Palace၌ စာမ်က္ႏွာ ၁၅မွ၁၇ထိ) ေအာက္ေျခမွတ္ခ်က္မွာ ဒီအခ်က္အလက္ေတြဟာ အမ်ားစကားျဖစ္လို႔ ဘယ္ေလာက္အထိ မွန္ကန္ေၾကာင္း ေျပာဖို႔ ခဲယဥ္းသည္ဟု ေရးသားေဖာ္ျပထားပါသည္။

    လူစေတးျခင္း အေလ့သည္ အလြန္ေရွးက်လြန္းေသာ ေခတ္မ်ားကေတာ့ ပ်ံ႕ႏွံ႔ခဲ့ဖူးသည့္ ဓေလ့တစ္ခုဟု ဆိုႏိုင္သည္။ ငါးရာ့ငါးဆယ္ဇာတ္ေတာ္(တကၠာရိယဇာတ္၊နံပါတ္၄၈၁)တြင္ မင္းဆရာျဖစ္သည့္ ပုဏၰားသည္ လင္ငယ္ေနေသာ သူ၏မယားအား ဂလဲ့စားေျခရန္ အေကာက္ႀကံခဲ့၏။ ပုဏၰားသည္ မင္းႀကီးအား ၿမိဳ႕ေျမာက္ဘက္တံခါးေပါက္၌ အေစာင့္(နတ္စိမ္း)မရွိ ျဖစ္ေန၍ အသာမည္း သြားက်ိဳးေနသူ တစ္ေယာက္ကို စေတးရန္ ေန႔ရက္ အခ်ိန္အခါႏွင့္တကြ ေလွ်ာက္တင္ခဲ့သည္။ လင္ငယ္ျဖစ္သူမွာ အသားမည္းကာ သြားမ်ားက်ိဳးေနသည့္နည္းတူ ပုဏၰားကိုယ္တိုင္လည္း အသားမည္းကာ သြားမ်ား က်ိဳးေန သည္ကို သတိမမူမိပဲ လက္စားေခ်လိုေသာ ေဒါသစိတ္ျဖင့္ အလ်င္စလိုေလွ်ာက္တင္ခဲ့၏။ အိမ္ေရာက္ေသာအခါ မိန္းမျဖစ္သူအား သူ၏အႀကံေအာင္ျမ င္အထေျမာက္ေတာ့မည္ျဖစ္၍ ဝမ္းသာအားရျဖင့္ သူ႔လင္ငယ္ကို စေတးခံရေတာ့မည္ျဖစ္ေၾကာင္း ေျပာျပလိုက္ရာ မယားက လင္ငယ္ကို အလွ်င္အျမန္လက္တို႔လိုက္သျဖင့္ ထြက္ေျပးေခ်၏။ သတင္းစကားပ်ံ႕ႏွံ႔သြားရာ ၿမိဳ႕တြင္းရွိ အျခား အသားမည္း သြားက်ိဳး မ်ားလည္း ထြက္ေျပးၾကကုန္သည္။ ေနာက္ဆုံး တံခါး၌ လူစေတးခ်ိန္ သတ္မွတ္ေသာ အခါေရာက္လွ်င္ တစ္စုံတစ္ေယာက္မွ ဖမ္းမိျခင္း မရွိေသာ မင္းခ်င္းမ်ားက အခါေကာင္းကို လက္မလႊတ္ေစပဲ တစ္ဦးတည္းသာ ေတြ႕ရသည့္ အသားမည္းသြားက်ိဳး မင္းဆရာ ပုဏၰားကိုသာ စေတးလိုက္ေၾကာင္း ေဖာ္ျပထားသည္။ လူစေတးျခင္းအေလ့ကို ေပ်ာက္ပ်က္ေစလိုေသာ သေဘာျဖင့္ သေရာ္ေသာ ရည္႐ြယ္ခ်က္ ရွိေသာ္လည္း ေနာက္ပိုင္း ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ထိုအယူအဆ ရွိေနေသးသည္ဟု ယူဆပါသည္။ ရာဇဝင္ စာအုပ္မ်ား၌ ေဖာ္ျပခ်က္အရ သထုံျပည္ကို အေနာ္ရထာ ေအာင္ႏိုင္ခန္းတြင္ သထုံၿမိဳ႕႐ိုး၌ ဗ်တ္ဝိကို စေတးသတ္ျဖတ္ကာ သူ၏ေသြးတို႔ျဖင့္ ၿမိဳ႕႐ိုးကို ဝိုင္းပတ္ထားေၾကာင္း ေဖာ္ျပခဲ့သည္ကို ေတြ႕ရ၏။ ထို႔ျပင္ ေရွးေဟာင္း ဓမၼသတ္စီရင္ထုံးျဖစ္သည့္ “မႏုက်ယ္ ဓမၼသတ္”၌ ၿမိဳ႕စေတး ခံရမည့္သူထံမွ ေႂကြးျမည္ကိုမေတာင္းရ ေလွ်ာ္ပစ္ေစရန္ စီရင္ထုံး ပါရွိခဲ့သည္။

    အဂၤလိပ္ လက္ထက္၌ ျမန္မာ့နန္းတြင္း အမႈ႕ထမ္းခဲ့ေသာ ဝန္ႀကီးမႈးမတ္မ်ားအား ထိုသို႔ လူစေတးခဲ့ျခင္းမ်ား ရွိခဲ့ပါသလားဟု ေမးျမန္းရာတြင္ ခါးခါးသီးသီးျဖင့္ မဟုတ္ရေၾကာင္းျငင္း ဆိုခဲ့ၾကပါသည္။ သို႔ေသာ္ အထက္ပါ ေက်ာက္စာဝန္ခ်ားစ္ဒူ႐ြိဳင္ဆယ္၏ စာအုပ္ပါအခ်က္မ်ားမွာ မမွန္ကန္ေၾကာင္း သက္ေသျပႏိုင္ရန္ ၿမိဳ႕တံခါးတိုင္မ်ားႏွင့္ ၿမိဳ႕႐ိုးေထာင့္မ်ားအနီးတြင္ တူးေဖာ္ၾကည့္ပါက ပို၍ ခိုင္လုံေသာ အေထာက္ အထား ျပစရာျဖစ္ပါသည္။ လႊတ္ေတာ္ မွတ္တမ္းမ်ားအရ ျပဳစုထားေသာ ၿမိဳ႕တည္ စာတမ္း၌ မႏၲေလးၿမိဳ႕နန္းတည္ခဲ့စဥ္က ေတာရွင္းျခင္း၊ မွတ္တိုင္စိုက္ျခင္း၊ ပႏၷတ္႐ိုက္ျခင္း၊ တြင္းတူးျခင္းမ်ားကို ရွင္ဘုရင္ႏွင့္ ေမြးနံတူ အဂၤါသားမ်ားက ဦးေဆာင္ လုပ္ကိုင္ရသည္။ တစ္ခ်ိန္တည္း၌ပင္ ဗလိနတ္စာ ေကြၽး၏။ အခါေပးပုဏၰား၊ မႏၲာန္တတ္ ပုဏၰားမ်ား၏ ေလာကီအစီအရင္မ်ား ျပဳခဲ့ေသာ္လည္း ေလာကုတၱရာႏွင့္ မကင္းေပ။ ဘြဲ႕တံဆိပ္ ေတာ္ရ ဆရာေတာ္ႀကီး ရွစ္ပါး ဦးေဆာင္ကာ ပရိတ္ ႐ြတ္ဖတ္၏။ နတ္တို႔ေစာင့္ေရွာက္ေစဖို႔ မဟာသမယသုတ္၊ မဂၤလာရွိေစရန္ မဂၤလသုတ္၊ ေဘးကင္းေစရန္ ရတနာ့သုတ္၊ အေႏွာင့္ အယွက္ကင္းေစရန္ ေမတၱာသုတ္၊ ေႁမြေဘးကင္းရန္ ခႏၶသုတ္ႏွင့္ မီးေဘးကင္းရန္ ဝဋၬသုတ္ေတာ္တို႔ ျဖစ္သည္။ (တည္ ၇၁)ပြဲသဘင္လည္း အႀကီး အက်ယ္ခင္းေစသည္။ (တည္ ၉၂) ေျမညႇိေျမျပင္ရေသာ လုပ္သားအေရအတြက္မွာ ၃၀၀၀ျဖစ္၏။ (တည္ ၁၀၁) ယာယီနန္းကိုလည္း အျမန္ေဆာက္လုပ္ ေပးခဲ့ရသည္။ ငျဖဴ ႏွင့္ငဆန္းကို ဗိသုကာ ေခါင္းေဆာင္ေစသည္။ (တည္၁၆၇) ေဆာက္လုပ္ဆဲ နန္းေတာ္ရာအား လုံၿခဳံမႈ႕ရွိေစရန္ သစ္တပ္ ဝိုင္းရံေဆာက္လုပ္ ေစသည္။ ၁၈၅၇ခုႏွစ္ ၾသဂုတ္လ၌ ၿမိဳ႕ကြက္႐ိုက္သည္။ ၿမိဳ႕႐ိုး ႏွင့္တံခါးမ်ား၌ အင္းျမႇဳပ္ျခင္း၊ နတ္႐ုပ္မ်ား ထုလုပ္ျခင္း ျပဳ၏။ အင္းမ်ားမွာ ေလာကီအစီအရင္ ဆိုေသာ္ျငား ေလာကုတၱရာ သေဘာမကင္းေၾကာင္းကိုလည္း ထိုအင္းအမည္မ်ားကို ၾကည့္လွ်င္ သိႏိုင္ပါသည္။ သမၺဳေဒၶအင္း၊ အ႒ေဇယ်မဂၤလာအင္း၊ သတၱရတနာအင္း၊ ဥလႅသီရိ အ႒မုက္အင္း၊ သီရိေဇယ် မဏိလ သက္ေတာ္ရွည္အင္း၊ စမၸာနဝေနာအင္း၊ သာသနာ၅၀၀၀အင္း၊သိရသၼႎ ေမဂါထာအင္း စသည္တို႔ျဖစ္သည္။ (တည္ ၁၃၉) အင္းေတြကို ၿမိဳ႕ေထာင့္မ်ားတြင္ ၁၉၅၈ခုႏွစ္ ဧၿပီလ ၂၀ရက္ေန႔တြင္ ျမႇဳပ္ႏွံခဲ့ၿပီး။ ၿမိဳ႕ေထာင့္မ်ား၌ ၁၈၅၉ခုႏွစ္ ေမလ ၁၅ရက္ေန႔တြင္ အခ်ိန္တစ္ရာ့ ႏွစ္ဆယ္ဝင္ ဆီအိုးႀကီးမ်ားကို ဆီအျပည့္ျဖည့္ကာ ျမႇပ္ႏွံခဲ့ေၾကာင္း(တည္ ၁၇၉) ေဖာ္ျပထားပါသည္။
    စာကိုး။ ေဒါက္တာသန္းထြန္း “နယ္လွည့္ရာဇဝင္”(ဒုတိယတြဲ)မွေကာက္ႏႈတ္ေဖာ္ျပပါသည္။

    Credit – ကိုဖိုးေက်ာ္
    via – ကေညာမူဖိုး

    (Unicode)
    မြို့ရိုး၊ မြို့တံခါး၌ လူစတေးခြင်း အလေ့

    မြို့ရိုး၊ မြို့တံခါးများတွင် ဖုတ်ပြိတ္တာ အစိမ်းသေအဖြစ်အစောင့်အနေ ချထားရာတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်းကို “လူစတေး”ခြင်းဟု ဆိုလိုသည်။ မြန်မာ့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရသော်လည်း ၁၉၂၅ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကျောက်စာဋ္ဌာန(ယခုရှေးဟောင်းသုတေသန) မှကျောက် စာဝန်(ယခုရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး) တာဝန် ထမ်းဆောင်ခဲ့တဲ့ ချားစ်ဒူရွိုင်ဆယ် (Charles Duroi-selle)က “မန္တလေးနန်းတော်လမ်းညွှန်”(Guid to Man-dalay Palace, Govt, Printing, 1925 )စာအုပ်မှာ ကျားမ ကြီးငယ် ၅၂ယောက်ကို စတေး ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ပါသည်။ ထိုစာအုပ်ကိုပင် ၁၉၆၃ခုနှစ်က လမ်းညွှန်ကိုဖြုတ်ပြီး မန္တလေးနန်းတော်(Mandalay Palace)အမည်သစ်ဖြင့် တက္ကသိုလ်ပုံနှိပ်တိုက်မှ တော်လှန်ရေးအစိုးရ ယဉ်ကျေးမှု့ ဋ္ဌာနအတွက် ထပ်မံထုတ်ဝေခဲ့ပါသေးသည်။ ယင်းတွင်လည်း “လူစတေးခြင်း”အကြောင်ဆက်လက်ပါရှိမြဲ ဖြစ်သည်။ (စာမျက်နှာ-၁၅မှ၁၇ထိ) အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားတိုင်း ဝယ်ယူဖတ်ရှု့ကြမြဲဖြစ်ရာ ယင်းစွပ်စွဲချက်မှာ မှတ်တမ်းမှတ်ရာမရှိ အရပ်ပြောစကားကိုအခြေခံမှတ်သားခြင်းကြောင့် ဟုတ်မဟုတ်မှန်မမှန် ဧကန်သိနိုင်ရန် မြို့တံခါးတိုင်အောက်နှင့် မြို့ရိုးထောင့်များတွင်တူးဖော်ကြည့်သင့်သည်။ အောက်တွင် ယင်းစာအုပ်ပါစွပ်စွဲချက်ကို ဘာသာပြန်ဖော်ပြထားပါသည်။

    -လူစတေးခြင်းအလေ့-
    မြန်မာနိုင်ငံတွင် အလွန်တရာ မနှစ်မြို့ဖွဟ်ဖြစ်သော အလေ့တစ်ခု ရှိပါသည်။ မြို့တော်အသစ် တည်သောအခါ မြို့အဝင်တံခါး တစ်ခုစီ၏အနီးတွင်လည်းကောင်း မြို့ရိုးထောင့် တစ်ခုစီ၏ အနီးတွင် လည်းကောင်း ကျွန်းတိုင်ကြီး တစ်တိုင်စိုက်ထူသောအခါ အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးကို တိုင်အောက်တွင် ဖိသတ်လိုက်ရပါသည်။ စင်စစ်အားဖြင့် မြို့တော်ကိုရန်အပေါင်းမှ ကာကွယ် စိမ့်သောငှာ မြို့တည်ချိန်ကပင် လူကိုသတ်၍ ပူဇော်ခြင်း အမှု့ပြုသည်ကား မြန်မာလူမျိုးတစ်မျိုးသာ ထူးထူးခြာခြားလုပ်သည်ဟု မဆိုသာချေ။ ရှေးအခါက ဥရောပပါမကျန် ယင်းသို့ပြုလုပ်လေ့ရှိသည်ဟု ဆိုရမည် jဖစ်ပါသည်။ ဤသို့ပြုမူခြင်းသည် ဗုဒ္ဓတရားတော်၏အဆုံးအမနှင့် အလွန်အမင်း ဆန့်ကျင်သည်ဟု တစ်ဘက်၌ ပြောဖွယ်ရှိသော်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီက ရှေးဟောင်းယုံကြည်မှု့
    အလေ့အထတို့နှင့်အညီ ဖြစ်သည်ဟု အခြားတစ်ဘက်၌ပြောနိုင်သည့်အပြင် မိရိုးဖလာ နတ်ကိုးခြင်းအမှု့သည် ဗုဒ္ဓအဆုံးအမကြောင့် လူတို့၏ စိတ်နူးညံ့ပျော့ပြောင်းလာသည် ဆိုသော်ငြား မပြတ်စွဲမြဲလျှက်ပင် ရှိနေသေးကြောင်းလည်းတွေ့ရသည်။ အခြား မွန်ဂိုလွိုက် အနွယ်ဝင်များနည်းတူ မြန်မာတို့ယုံကြည်သည်မှာ အသတ်ခံရသော အသေဆိုး သေခဲ့ရသူတိုင်းသည် နတ်စိမ်းဖြစ်၍ သေသည့်အရပ်ကို စွဲလန်းကာ မပြတ်ရှိနေတတ်သည်။ အဆိုပါနတ်စိမ်းတို့သည် သူတို့စွဲလမ်းရာအရပ်ကို မည်သူမျှ ထိပါးနှောင့်ယှက်ခြင်းကို သည်းမခံပဲ သေလောက်သည်အထိ အကြီးအကျယ်ဖမ်းစားတတ်သည်ဟူ၍ ယူဆသဖြင့် တံခါးဝနှင့် မြို့ထောင့်တွင် မြှုပ်နှံခြင်းအလေ့ စတင်ခဲ့ဟန်ရှိသည်။ နောင်တွင် ခံမြို့သာမက ကြီးကျယ်သော အဆောက်အဦးပြုတိုင်း ဥပမာနန်း တော်ကဲ့သို့ အဆောက်အဦး အခြေခံအုတ်မြစ်တွင် လူ တစ်ဦး သို့မဟုတ် အများကိုပင် ထည့်သွင်းမြှုပ်နှံခဲ့ကြပုံရသည်။ ယင်းသို့မြှုပ်နှံရန် အကောင်းဆုံးနေရာမှာ ရန်သူကအန္တရာယ်ပြုမည်ဆိုလျှင် လွယ်ကူမည့် အဝင်တံခါးနေရာနှင့် မြို့ရိုးထောင့်နေရာများဖြစ်သည်။ ယဇ်ပူဇော်ခြင်းသ
    ဘော သက်ဝင်သော အဆိုပါလူသတ်မှု့များတွင် တစ်ခါတရံ ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုပါ စတေးခံရလေ့ရှိသည်။ ထိုသို့ ပွဲမျိုးကိုစီစဉ်သူများမှာ အများအားဖြင့် အန္ဒိယမဏိပူရ ပုဏ္ဏားများဖြစ်သော နန်းတွင်းအခါတော်ပေးပညာရှိက ဤအမှု့ကို ဆောင်ရွက်ရန် အကောင်းဆုံးအချိန်နာရီကို တွက်ချက်ပေးရသည်။ မည်သို့သောပုဂ္ဂိုလ်မျိုးကို စတေးရမည်ဟုလည်း ညွှန်းရသည်။ ဥပမာ မည်သည့်နေ့၊ မည်သည့် အချိန်၊ မည်သည့်အရပ်မှ မည်သည့်အရာကို ကိုင်ဆောင်၍ ရှေ့ရှု့သွားနေသူ ယောင်္ကျားသို့မဟုတ် ကိုယ်ဝန်ဆောင်မိန်းမကို ဖမ်း၍ စတေးရမည် စသဖြင့် ညွှန်ကြား ပေးသည့်အတိုင်း လုပ်ဆောင်ရ သည်။ မြို့သစ်၊ နန်းသစ်တည်တိုင်း မြန်မာတို့ထုံးစံ အထက်က ဖော်ပြခဲ့သလို မန္တလေးကို တည်စဉ်အခါကလည်း မြို့သစ်လုံခြုံရေးအတွက် ရှေးထုံးနှင့်အညီ လိုက်နာကျင့်သုံးမည်ဟု မျှော်လင့်ရသည်။ ဗုဒ္ဓ ဘာသာကို အထူးအလေးထားသည့် မင်း၏လက်ထက် ဆရာတော်ကြီးများ၊ ဝန်ကြီးမှုးမတ် ပညာရှိတို့က ဗုဒ္ဓ အဆုံးအမ နှင့် အညီ ထိုသို့မလုပ်စေရန် အပြင်းအထန် ငြင်းဆိုလင့်ကစား ရှေးထုံးမပျက်လုပ်ဆောင် ကြမည် ဟု ယူဆရသည်။ အဆိုပါပုဂ္ဂိုလ်ကြီးများ မသိလိုက်ဟုဆိုလျှင်လည်း မှန်လျှင်ဆိုနိုင်ပါမည်။ အဘယ့်ကြောင့်ဆိုသော် အန္ဒိယရော တရုတ်ပါ လိုက်နာနေသည့်ဆိုးဝါးသော ဤယုံကြည်မှု့ဓလေ့ကို လုပ်ဆောင်ရန် နန်းတွင်းအခါပေး ပုရောဟိတ်ဖြစ်သည့် မဏိပူရီ ပုဏ္ဏားတို့ ရှိနေပါသည်။ လက်ဖတင်နင်ဂျင်နရယ် ဖိုက်ချ်သည် “ယခင်နှင့်ယခု မြန်မာနိုင်ငံ”အမည်ရှိသော စာအုပ်ကို ရေးသောအခါ မြို့တံခါး တစ်ဆယ့် နှစ်ရပ်တွင် လူတစ်ဆယ့်နှစ်ယောက်ကို ဖမ်း၍ ကြိုးချည်ပြီး ဖိသတ်ခဲ့သည်ဟု အသေအချာ ရေးသားခဲ့ပါသည်။ သို့သော် အရပ်စကား မှတ်သားချက်မျာအရ မန္တလေးနန်းတည်စဉ်က ယဇ်ပူဇော် စတေးခံရသည့် အရေအတွက်မှာ ထိုမျှမက များစွာပိုပါသည်။ အစုစု ကျား၊ မ၊ ကြီးငယ် ၅၂ယောက်ရှိ၏။ မြို့တံခါး၁၂ရပ်၌ တံခါးတစ်ပေါက်တွင် လူ ၃ယောက်နှုန်း ၃၆ ယောက်၊ မြို့ရိုးလေးထောင့်၌ တစ်ထောင့်လျှင်
    လူတစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော်သစ် တပ်ထောင့်လေးထောင့်၌ တစ်ထောင့် တစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော် အဝင်ပေါက် လေးပေါက်၌ တစ်ပေါက်တစ်ယောက်နှုန်း ၄ ယောက်၊ သီဟာသနပလ္လင်တော်အောက်၌ ၄ ယောက်။ ပေါင်း ၅၂ ယောက်။

    မြန်မာတို့ရေးသားသော ရာဇဝင်ကျမ်းများမှာ ဤမျှ ကြောက်လန့်ဖွယ်ကောင်းသည့် ကိစ္စကို ထည့်သွင်းရေးသားကြခြင်း မပြုပေ။ လူတွေနှင့်အတူ မြို့ထောင့်များတွင် ဆီအပြည့် ဖြည့်ထားသည့် ဆီအိုးကြီး များကိုလည်း သတိကြီးစွာ မြှုပ်နှံခဲ့ကြပါသေးသည်။ အကြောင်းမှာ အစောင့်နတ်စိမ်းများ အမြဲမပြတ် ဆက်လက်စောင့်ရှောက်နိုင်စေရန် ဆီအိုးကြီးများ မြှုပ်နှံစီရင်ခြင်း ဖြစ်သည်။ စောင့်ရှောက်မှု့လျော့နည်းခြင်း (သို့မဟုတ်) စောင့်ရှောက်ခြင်း မပြုဟု သေချာလျှင် လူသစ်အစားထိုး စတေးရန်လိုအပ်သည်။ ဆီများ မခမ်းခြောက်သရွေ့ စောင့်ရှောက်မှု မပြတ်ဟု ယုံကြည်လက်ခံထားပါသည်။ (C.Duroiselle: Guide to Mandalay Palace.စာအုပ်ဟောင်း စာမျက်နှာ၂၅မှ ၂၈ထိ) (စာအုပ်သစ် Mandalay Palace၌ စာမျက်နှာ ၁၅မှ၁၇ထိ) အောက်ခြေမှတ်ချက်မှာ ဒီအချက်အလက်တွေဟာ အများစကားဖြစ်လို့ ဘယ်လောက်အထိ မှန်ကန်ကြောင်း ပြောဖို့ ခဲယဉ်းသည်ဟု ရေးသားဖော်ပြထားပါသည်။

    လူစတေးခြင်း အလေ့သည် အလွန်ရှေးကျလွန်းသော ခေတ်များကတော့ ပျံ့နှံ့ခဲ့ဖူးသည့် ဓလေ့တစ်ခုဟု ဆိုနိုင်သည်။ ငါးရာ့ငါးဆယ်ဇာတ်တော်(တက္ကာရိယဇာတ်၊နံပါတ်၄၈၁)တွင် မင်းဆရာဖြစ်သည့် ပုဏ္ဏားသည် လင်ငယ်နေသော သူ၏မယားအား ဂလဲ့စားခြေရန် အကောက်ကြံခဲ့၏။ ပုဏ္ဏားသည် မင်းကြီးအား မြို့မြောက်ဘက်တံခါးပေါက်၌ အစောင့်(နတ်စိမ်း)မရှိ ဖြစ်နေ၍ အသာမည်း သွားကျိုးနေသူ တစ်ယောက်ကို စတေးရန် နေ့ရက် အချိန်အခါနှင့်တကွ လျှောက်တင်ခဲ့သည်။ လင်ငယ်ဖြစ်သူမှာ အသားမည်းကာ သွားများကျိုးနေသည့်နည်းတူ ပုဏ္ဏားကိုယ်တိုင်လည်း အသားမည်းကာ သွားများ ကျိုးနေ သည်ကို သတိမမူမိပဲ လက်စားချေလိုသော ဒေါသစိတ်ဖြင့် အလျင်စလိုလျှောက်တင်ခဲ့၏။ အိမ်ရောက်သောအခါ မိန်းမဖြစ်သူအား သူ၏အကြံအောင်မြ င်အထမြောက်တော့မည်ဖြစ်၍ ဝမ်းသာအားရဖြင့် သူ့လင်ငယ်ကို စတေးခံရတော့မည်ဖြစ်ကြောင်း ပြောပြလိုက်ရာ မယားက လင်ငယ်ကို အလျှင်အမြန်လက်တို့လိုက်သဖြင့် ထွက်ပြေးချေ၏။ သတင်းစကားပျံ့နှံ့သွားရာ မြို့တွင်းရှိ အခြား အသားမည်း သွားကျိုး များလည်း ထွက်ပြေးကြကုန်သည်။ နောက်ဆုံး တံခါး၌ လူစတေးချိန် သတ်မှတ်သော အခါရောက်လျှင် တစ်စုံတစ်ယောက်မှ ဖမ်းမိခြင်း မရှိသော မင်းချင်းများက အခါကောင်းကို လက်မလွှတ်စေပဲ တစ်ဦးတည်းသာ တွေ့ရသည့် အသားမည်းသွားကျိုး မင်းဆရာ ပုဏ္ဏားကိုသာ စတေးလိုက်ကြောင်း ဖော်ပြထားသည်။ လူစတေးခြင်းအလေ့ကို ပျောက်ပျက်စေလိုသော သဘောဖြင့် သရော်သော ရည်ရွယ်ချက် ရှိသော်လည်း နောက်ပိုင်း နှစ်ပေါင်းများစွာ ကြာအောင် ထိုအယူအဆ ရှိနေသေးသည်ဟု ယူဆပါသည်။ ရာဇဝင် စာအုပ်များ၌ ဖော်ပြချက်အရ သထုံပြည်ကို အနော်ရထာ အောင်နိုင်ခန်းတွင် သထုံမြို့ရိုး၌ ဗျတ်ဝိကို စတေးသတ်ဖြတ်ကာ သူ၏သွေးတို့ဖြင့် မြို့ရိုးကို ဝိုင်းပတ်ထားကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ရှေးဟောင်း ဓမ္မသတ်စီရင်ထုံးဖြစ်သည့် “မနုကျယ် ဓမ္မသတ်”၌ မြို့စတေး ခံရမည့်သူထံမှ ကြွေးမြည်ကိုမတောင်းရ လျှော်ပစ်စေရန် စီရင်ထုံး ပါရှိခဲ့သည်။

    အင်္ဂလိပ် လက်ထက်၌ မြန်မာ့နန်းတွင်း အမှု့ထမ်းခဲ့သော ဝန်ကြီးမှုးမတ်များအား ထိုသို့ လူစတေးခဲ့ခြင်းများ ရှိခဲ့ပါသလားဟု မေးမြန်းရာတွင် ခါးခါးသီးသီးဖြင့် မဟုတ်ရကြောင်းငြင်း ဆိုခဲ့ကြပါသည်။ သို့သော် အထက်ပါ ကျောက်စာဝန်ချားစ်ဒူရွိုင်ဆယ်၏ စာအုပ်ပါအချက်များမှာ မမှန်ကန်ကြောင်း သက်သေပြနိုင်ရန် မြို့တံခါးတိုင်များနှင့် မြို့ရိုးထောင့်များအနီးတွင် တူးဖော်ကြည့်ပါက ပို၍ ခိုင်လုံသော အထောက် အထား ပြစရာဖြစ်ပါသည်။ လွှတ်တော် မှတ်တမ်းများအရ ပြုစုထားသော မြို့တည် စာတမ်း၌ မန္တလေးမြို့နန်းတည်ခဲ့စဉ်က တောရှင်းခြင်း၊ မှတ်တိုင်စိုက်ခြင်း၊ ပန္နတ်ရိုက်ခြင်း၊ တွင်းတူးခြင်းများကို ရှင်ဘုရင်နှင့် မွေးနံတူ အင်္ဂါသားများက ဦးဆောင် လုပ်ကိုင်ရသည်။ တစ်ချိန်တည်း၌ပင် ဗလိနတ်စာ ကျွေး၏။ အခါပေးပုဏ္ဏား၊ မန္တာန်တတ် ပုဏ္ဏားများ၏ လောကီအစီအရင်များ ပြုခဲ့သော်လည်း လောကုတ္တရာနှင့် မကင်းပေ။ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ရှစ်ပါး ဦးဆောင်ကာ ပရိတ် ရွတ်ဖတ်၏။ နတ်တို့စောင့်ရှောက်စေဖို့ မဟာသမယသုတ်၊ မင်္ဂလာရှိစေရန် မင်္ဂလသုတ်၊ ဘေးကင်းစေရန် ရတနာ့သုတ်၊ အနှောင့် အယှက်ကင်းစေရန် မေတ္တာသုတ်၊ မြွေဘေးကင်းရန် ခန္ဓသုတ်နှင့် မီးဘေးကင်းရန် ဝဋ္ဋသုတ်တော်တို့ ဖြစ်သည်။ (တည် ၇၁)ပွဲသဘင်လည်း အကြီး အကျယ်ခင်းစေသည်။ (တည် ၉၂) မြေညှိမြေပြင်ရသော လုပ်သားအရေအတွက်မှာ ၃၀၀၀ဖြစ်၏။ (တည် ၁၀၁) ယာယီနန်းကိုလည်း အမြန်ဆောက်လုပ် ပေးခဲ့ရသည်။ ငဖြူ နှင့်ငဆန်းကို ဗိသုကာ ခေါင်းဆောင်စေသည်။ (တည်၁၆၇) ဆောက်လုပ်ဆဲ နန်းတော်ရာအား လုံခြုံမှု့ရှိစေရန် သစ်တပ် ဝိုင်းရံဆောက်လုပ် စေသည်။ ၁၈၅၇ခုနှစ် သြဂုတ်လ၌ မြို့ကွက်ရိုက်သည်။ မြို့ရိုး နှင့်တံခါးများ၌ အင်းမြှုပ်ခြင်း၊ နတ်ရုပ်များ ထုလုပ်ခြင်း ပြု၏။ အင်းများမှာ လောကီအစီအရင် ဆိုသော်ငြား လောကုတ္တရာ သဘောမကင်းကြောင်းကိုလည်း ထိုအင်းအမည်များကို ကြည့်လျှင် သိနိုင်ပါသည်။ သမ္ဗုဒ္ဓေအင်း၊ အဋ္ဌဇေယျမင်္ဂလာအင်း၊ သတ္တရတနာအင်း၊ ဥလ္လသီရိ အဋ္ဌမုက်အင်း၊ သီရိဇေယျ မဏိလ သက်တော်ရှည်အင်း၊ စမ္ပာနဝနောအင်း၊ သာသနာ၅၀၀၀အင်း၊သိရသ္မိံ မေဂါထာအင်း စသည်တို့ဖြစ်သည်။ (တည် ၁၃၉) အင်းတွေကို မြို့ထောင့်များတွင် ၁၉၅၈ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် မြှုပ်နှံခဲ့ပြီး။ မြို့ထောင့်များ၌ ၁၈၅၉ခုနှစ် မေလ ၁၅ရက်နေ့တွင် အချိန်တစ်ရာ့ နှစ်ဆယ်ဝင် ဆီအိုးကြီးများကို ဆီအပြည့်ဖြည့်ကာ မြှပ်နှံခဲ့ကြောင်း(တည် ၁၇၉) ဖော်ပြထားပါသည်။
    စာကိုး။ ဒေါက်တာသန်းထွန်း “နယ်လှည့်ရာဇဝင်”(ဒုတိယတွဲ)မှကောက်နှုတ်ဖော်ပြပါသည်။

    Credit – ကိုဖိုးကျော်
    via – ကညောမူဖိုး

  • ၀က္ၿခံအမာ႐ြတ္ လက္ေတြ႕ေပ်ာက္နည္း

    (Zawgyi)
    ဝက္ၿခံခြက္ေတြ လက္ေတြ႕ ေပ်ာက္ကင္းဖို႔ အေကာင္းဆုံးနည္းေပးပါရေစ။ ဒီနည္းက တကယ္လည္း သိသာထင္ရွားတဲ့ နည္းတခုျဖစ္တယ္။ ဝက္ၿခံအမာ႐ြတ္ခြက္ေတြ ကုသဖို႔ ၾကက္ဥတစ္လုံး၊ ပ်ားရည္ ထမင္းစားဇြန္း တစ္ဇြန္း၊ ေရွာက္သီး တစ္ျခမ္း၊ ဒိန္ခ်ဥ္ တစ္ဇြန္းနဲ႔ မုန႔္ဖုတ္ေဆာ္ဒါ လက္ဖက္ရည္တစ္ဇြန္းစာ လိုအပ္ပါတယ္။

    ျပဳလုပ္နည္း

    – ၾကက္ဥတလုံးကို ေဖာက္ၿပီး ေဘးအကာ(အျဖဴႏွစ္)ကိုယူၿပီး ပန္ကန္လုံးတခုထဲထည့္ပါ။

    – ၿပီးရင္ ပ်ားရည္နဲ႔ ဒိန္ခ်ဥ္ ထမင္းစားဇြန္းတစ္ဇြန္းစီထည့္ၿပီး ေမႊပါ။

    – ေနာက္မွ ေရွာက္သီးတျခမ္းကို အရည္ညႇစ္ၿပီး မုန႔္ဖုတ္ေဆာ္ဒါနဲ႔ေရာပါ။

    – ဒီေနရာမွာ ေဆာ္ဒါဟာ ေရွာက္သီးရည္နဲ႔ ထိတဲ့အခါ ဓာတ္ျပဳၿပီး အျမႇဳပ္ထလာလိမ့္မယ္။

    – အဆိုပါအေရာကို သန႔္စင္တဲ့ အဝတ္တခုနဲ႔စိမ္ပါ။ တခ်ိဳ႕က ဂြမ္းနဲ႔ပြတ္ၿပီးမွ အေပၚက သန႔္စင္တဲ့ အဝတ္စ gauze ကို ကပ္ၾကတယ္။ ဘယ္လိုျဖစ္ျဖစ္ရပါတယ္။ လိုရင္းက ေဆးကို အေရျပားက စုပ္ယူမႈ အားေကာင္းေစဖို႔ အဝတ္စတခုခု ဖုံးအုပ္ဖို႔ အတြက္သာျဖစ္တယ္။

    – မ်က္ႏွာမွာတင္ၿပီးရင္ မိနစ္(၃၀)ၾကာထားပါ။

    – ၿပီးရင္ ၾကက္သီးေႏြးေရနဲ႔ ခပ္ဖြဖြေဆးၿပီး မ်က္ႏွာသစ္ပါ။

    – အဲလိုအခ်ိန္ facial foam မသုံးပါနဲ႔။ မ်က္ႏွာသစ္ၿပီးတဲ့အခါ အဝတ္နဲ႔အရင္သုတ္ပါ။ ၿပီးမွ ေရေအးနဲ႔ ေသခ်ာျပန္သစ္ရမယ္။

    အဆိုပါနည္းဟာ ဝက္ၿခံအမာ႐ြတ္အတြက္ အေကာင္းဆုံးနည္းျဖစ္ပါတယ္။ ညစဥ္လုပ္ေပး႐ုံနဲ႔ သုံးလအၾကာမွာ အမာ႐ြတ္ေတြ သိသိသာသာ သက္သာေလွ်ာ့ပါးလာမွာ ျဖစ္တယ္။

    Credit : ေဒါက္တာ ေအးမင္းထူး

    (Unicode)
    ဝက်ခြံခွက်တွေ လက်တွေ့ ပျောက်ကင်းဖို့ အကောင်းဆုံးနည်းပေးပါရစေ။ ဒီနည်းက တကယ်လည်း သိသာထင်ရှားတဲ့ နည်းတခုဖြစ်တယ်။ ဝက်ခြံအမာရွတ်ခွက်တွေ ကုသဖို့ ကြက်ဥတစ်လုံး၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ရှောက်သီး တစ်ခြမ်း၊ ဒိန်ချဉ် တစ်ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်တစ်ဇွန်းစာ လိုအပ်ပါတယ်။

    ပြုလုပ်နည်း

    – ကြက်ဥတလုံးကို ဖောက်ပြီး ဘေးအကာ(အဖြူနှစ်)ကိုယူပြီး ပန်ကန်လုံးတခုထဲထည့်ပါ။

    – ပြီးရင် ပျားရည်နဲ့ ဒိန်ချဉ် ထမင်းစားဇွန်းတစ်ဇွန်းစီထည့်ပြီး မွှေပါ။

    – နောက်မှ ရှောက်သီးတခြမ်းကို အရည်ညှစ်ပြီး မုန့်ဖုတ်ဆော်ဒါနဲ့ရောပါ။

    – ဒီနေရာမှာ ဆော်ဒါဟာ ရှောက်သီးရည်နဲ့ ထိတဲ့အခါ ဓာတ်ပြုပြီး အမြှုပ်ထလာလိမ့်မယ်။

    – အဆိုပါအရောကို သန့်စင်တဲ့ အဝတ်တခုနဲ့စိမ်ပါ။ တချို့က ဂွမ်းနဲ့ပွတ်ပြီးမှ အပေါ်က သန့်စင်တဲ့ အဝတ်စ gauze ကို ကပ်ကြတယ်။ ဘယ်လိုဖြစ်ဖြစ်ရပါတယ်။ လိုရင်းက ဆေးကို အရေပြားက စုပ်ယူမှု အားကောင်းစေဖို့ အဝတ်စတခုခု ဖုံးအုပ်ဖို့ အတွက်သာဖြစ်တယ်။

    – မျက်နှာမှာတင်ပြီးရင် မိနစ်(၃၀)ကြာထားပါ။

    – ပြီးရင် ကြက်သီးနွေးရေနဲ့ ခပ်ဖွဖွဆေးပြီး မျက်နှာသစ်ပါ။

    – အဲလိုအချိန် facial foam မသုံးပါနဲ့။ မျက်နှာသစ်ပြီးတဲ့အခါ အဝတ်နဲ့အရင်သုတ်ပါ။ ပြီးမှ ရေအေးနဲ့ သေချာပြန်သစ်ရမယ်။

    အဆိုပါနည်းဟာ ဝက်ခြံအမာရွတ်အတွက် အကောင်းဆုံးနည်းဖြစ်ပါတယ်။ ညစဉ်လုပ်ပေးရုံနဲ့ သုံးလအကြာမှာ အမာရွတ်တွေ သိသိသာသာ သက်သာလျှော့ပါးလာမှာ ဖြစ်တယ်။

    Credit : ဒေါက်တာ အေးမင်းထူး

  • ေလ့က်င့္ခန္း အျပင္းအထန္ လုပ္ထားၿပီးၿပီးခ်င္း အေလာတႀကီး ေရေသာက္သင့္သလား

     

    ====================
    ====================

    ေရဆိုတာ ေန႕စဥ္ဘဝအတြက္ အေရးႀကီးဆုံးျဖစ္သလို၊ အလိုအပ္ဆုံးလည္း ျဖစ္ပါတယ္။ “ေရအသက္ တမနက္”လို႔ အဆိုအတိုင္း ေရ မေသာက္ဘဲ အသက္ရွင္ေနထိုင္ဖို႔ မျဖစ္နိုင္ပါဘူး။

    တေန႕ကို အနည္းဆုံး ေရ ၂ လီတာ ေသာက္သုံးသင့္တယ္လို႔ အႀကံျပဳထားသလို ရာသီဥတုေပၚ မူတည္ၿပီး ခႏၶာကိုယ္ရဲ႕ လိုအပ္ခ်က္အရ ေရဓာတ္ အနည္းအမ်ား ျပန္လည္ ျဖည့္စြမ္းေပးရပါတယ္။

    လူေတြအတြက္ မရွိမျဖစ္ အေရးပါတဲ့ ေရဟာ ေသာက္တဲ့ပုံစံ မမွန္ကန္ရင္လည္း လူကို ဒုကၡ ေပးတတ္ျပန္ပါတယ္။ ရာသီဥတု အရမ္းပူတဲ့ အခ်ိန္ေတြမွာ ေရခဲေရေတြ ေသာက္မိရင္ လည္ေခ်ာင္းနာတာကေန ေနာက္ဆုံး ဦးေႏွာက္ ေသြးေၾကာျပတ္တဲ့အထိ ဆိုး႐ြားေစတာေၾကာင့္ ေရခဲေရထက္ ေျမအိုးထဲမွာထည့္ထားတဲ့ ေရေအးေအးက ပိုလည္း အေမာေျပေစသလို က်န္းမာေရးနဲ႕လည္း ညီၫြတ္ပါတယ္။

    အစားမစားခင္နဲ႕ စားၿပီး ၁၅ မိနစ္ေလာက္အနည္းဆုံး ျခားၿပီးေရေသာက္တာဟာ အစာေျခစနစ္ကို အေထာက္ အကူျပဳပါတယ္။ ေရအရမ္းငတ္ေနတဲ့အခ်ိန္မွာ အေလာတႀကီး တက်ိဳက္တည္း ေသာက္လိုက္တာထက္ တငုံခ်င္းစီ ျဖည္းျဖည္းခ်င္းေသာက္ေပးတာက ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြဆီကို ေရဓာတ္ျမန္ျမန္ဆန္ဆန္ ေရာက္ေစပါတယ္။

    တကယ္လို႔မ်ား သင့္မွာ ႏွလုံးေရာဂါ အခံရွိတယ္ဆိုရင္ ေရကိုနည္းနည္းခ်င္း မေသာက္ဘဲ တခါတည္း အေလာတႀကီး ေသာက္လိုက္တာဟာ ႏွလုံးကိုဖိအားမ်ားေစလို႔ အသက္အႏၲရာယ္ ရွိပါတယ္။

    ကိုယ္လက္ေလ့က်င့္ခန္း အျပင္းအထန္လုပ္ထားခဲ့ရင္ လုပ္ၿပီးၿပီးခ်င္း အေလာတႀကီး ေရမေသာက္သင့္ပါဘူး။ ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ထားခဲ့လို႔ ေခြၽးအရမ္းထြက္ထားတာေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္ဟာ ပုံမွန္ထက္ ေအးေနပါတယ္။

    ဒီအခ်ိန္မွာ ေရမ်ားမ်ားေသာက္လိုက္ရင္ အႏၲရာယ္ရွိပါတယ္။ ခ်က္ခ်င္းဆိုသလို မအီမသာျဖစ္ လာၿပီး ေအာ့အန္ခ်င္လာမယ္၊ ဆဲလ္ေတြေရာင္ရမ္းလာမယ္၊ ေနာက္ဆုံး အသက္အႏၲရာယ္ဆုံးရႈံးတဲ့အထိ ျဖစ္နိုင္လို႔ သတိျပဳဆင္ျခင္သင့္ပါတယ္။

    အရမ္းေရငတ္ေနတဲ့အခ်ိန္၊ ကိုယ္လက္လႈပ္ရွားအားကစားေတြေၾကာင့္ ေရဓာတ္ကုန္ခမ္းေနခ်ိန္မွာ တႀကိဳက္တည္း ေရကို အေလာတႀကီးေသာက္လိုက္ရင္ ခႏၶာကိုယ္က ဆဲလ္ေတြ ေရာင္ရမ္းလာၿပီး လူကို ဒုကၡေပးနိုင္ပါတယ္။ ဒါေၾကာင့္ တခါတေလမွာ အားကစားလုပ္ၿပီး ေရကို အေလာတႀကီး သြားေသာက္လိုက္ရင္ ႐ုတ္တရက္မူး ေဝသြားတာမ်ိဳး ခံစားဖူးၾကမွာပါ။

    ေရမဟုတ္ဘဲ တျခားအားျဖည့္အခ်ိဳရည္ေတြေရာ ျဖစ္နိုင္လားဆိုရင္ ျဖစ္နိုင္ပါတယ္။ ေရတမ်ိဳးတည္း မဟုတ္ဘဲ အရည္အမ်ိဳးမ်ိဳးကို ကိုယ္လက္လႈပ္ရွားၿပီးခါစ ကိုယ္တြင္း အရည္ဓာတ္ပမာဏ တည္ၿငိမ္မႈမရွိခ်ိန္မွာ အေလာတႀကီး သြားေသာက္မိရင္ ကိုယ္တြင္းအဂၤါေတြ လုပ္ေဆာင္ခ်က္ေတြ ဟန္ခ်က္ ပ်က္သြားၿပီး မူးေဝေအာ့အန္တာကေန ေနာက္ဆုံး အသက္အႏၲရာယ္ ဆုံးရႈံးရတဲ့အထိ ျဖစ္နိုင္လို႔ ေရကိုနည္းနည္းနဲ႕ ျဖည္းျဖည္းခ်င္း ေသာက္ၾကဖို႔ ေရးသားလိုက္ပါတယ္။

    ==========

    The Irrawaddy – Burmese Edition (HEALTH)

  • အိပ္ယာေထာင့္မွာထားမယ့္ သံပရာသီး၏အစြမ္းမ်ား

    (Zawgyi)
    ေဝးေဝးေျပးပါ အဆိပ္သတၱဝါ

    လူေတြဟာ အိပ္ရာဝင္တဲ့အခါ တစ္ခါတစ္ရံ အခံရဆိုးတဲ့ ၾကမ္းပိုးကိုက္ျခင္းကိုလည္း ခံရတတ္ပါသည္။ ပု႐ြက္ဆိတ္လို အေကာင္အေသးစားမ်ိဳးလည္း အိပ္ရာေပၚတက္လာတတ္သလို အဆင္မသင့္ရင္ အဆိပ္ရွိ သတၱဝါေတြလည္း(ေနရာ၊ ေဒသကိုလိုက္လို႔) တက္လာတတ္ပါတယ္။

    ဒီလိုျဖစ္ရင္ေတာ့ မိမိအိပ္တဲ့ ခုတင္အေပၚေထာင့္ေလးေထာင့္မွာ သံပုရာသီး လတ္လတ္ဆတ္ဆတ္ တစ္လုံးစီ ထားေပးပါ။ ၿပီးေတာ့ မိမိ အိပ္ရာေအာက္ ဖ်ာ (သို႔မဟုတ္) ေမြ႕ရာေအာက္မွာ အသုံးျပဳၿပီးသား (အရည္ညႇစ္ၿပီး) သံပုရာသီးအခြံ အျပင္သားကို ဓားျဖင့္ပါးပါးႏႊာယူၿပီး အိပ္ရာေခါင္းရင္း၊ ေျခရင္းေတြမွာ သင့္ေတာ္သလို ခင္းထားေပးပါ။ ခုတင္ေပၚမွာ ထားတဲ့ သံပုရာသီးေတြကို ညိဳးႏြမ္းသြားရင္ လတ္လတ္ဆတ္ဆတ္နဲ႔ ျပန္လဲေပးပါ။ အိပ္ရာေအာက္မွာ ခင္းထားတဲ့ သံပုရာခြံ ပါးပါးေလးေတြကိုေတာ့ (၆)လတစ္ႀကိမ္ လဲေပးပါ။

    အက်ိဳးေက်းဇူးေတြကေတာ့ သံပုရာနံ႔ေၾကာင့္ ဘယ္အခ်ိန္ အိပ္ရာဝင္ဝင္ အမူးအေဝေပ်ာက္ျခင္း၊ အေႏွာင့္အယွက္ ပေယာဂ မျပဳစားႏိုင္ျခင္း၊ အဆိပ္ရွိသတၱဝါဆိုတဲ့ ေႁမြကင္းေတြ လုံးဝအနားမကပ္ႏိုင္ျခင္း၊ အခံရဆိုးတဲ့ ၾကမ္းပိုးကိုက္ျခင္း လုံး၀ (လုံးဝ)မရွိျခင္း (၎ဥပါေပ်ာက္ျခင္း)၊ အလြန္ေသးငယ္တဲ့ ပု႐ြက္ဆိတ္လို အေကာင္ငယ္မ်ား လုံးဝ အနားမကပ္ႏိုင္ျခင္းတို႔ပဲ ျဖစ္တယ္။

    Credit – Ohn Mya (Shan News)

    (Unicode)

    ဝေးဝေးပြေးပါ အဆိပ်သတ္တဝါ

    လူတွေဟာ အိပ်ရာဝင်တဲ့အခါ တစ်ခါတစ်ရံ အခံရဆိုးတဲ့ ကြမ်းပိုးကိုက်ခြင်းကိုလည်း ခံရတတ်ပါသည်။ ပုရွက်ဆိတ်လို အကောင်အသေးစားမျိုးလည်း အိပ်ရာပေါ်တက်လာတတ်သလို အဆင်မသင့်ရင် အဆိပ်ရှိ သတ္တဝါတွေလည်း(နေရာ၊ ဒေသကိုလိုက်လို့) တက်လာတတ်ပါတယ်။

    ဒီလိုဖြစ်ရင်တော့ မိမိအိပ်တဲ့ ခုတင်အပေါ်ထောင့်လေးထောင့်မှာ သံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးစီ ထားပေးပါ။ ပြီးတော့ မိမိ အိပ်ရာအောက် ဖျာ (သို့မဟုတ်) မွေ့ရာအောက်မှာ အသုံးပြုပြီး(အရည်ညှစ်ပြီး) သံပုရာသီးအခွံ အပြင်သားကို ဓားဖြင့်ပါးပါးနွှာယူပြီး အိပ်ရာခေါင်းရင်း၊ ခြေရင်းတွေမှာ သင့်တော်သလို ခင်းထားပေးပါ။ ခုတင်ပေါ်မှာ ထားတဲ့ သံပုရာသီးတွေကို ညိုးနွမ်းသွားရင် လတ်လတ်ဆတ်ဆတ်နဲ့ ပြန်လဲပေးပါ။ အိပ်ရာအောက်မှာ ခင်းထားတဲ့ သံပုရာခွံ ပါးပါးလေးတွေကိုတော့ (၆)လတစ်ကြိမ် လဲပေးပါ။

    အကျိုးကျေးဇူးတွေကတော့ သံပုရာနံ့ကြောင့် ဘယ်အချိန် အိပ်ရာဝင်ဝင် အမူးအဝေပျောက်ခြင်း၊ အနှောင့်အယှက် ပယောဂ မပြုစားနိုင်ခြင်း၊ အဆိပ်ရှိသတ္တဝါဆိုတဲ့ မြွေကင်းတွေ လုံးဝအနားမကပ်နိုင်ခြင်း၊ အခံရဆိုးတဲ့ ကြမ်းပိုးကိုက်ခြင်း လုံး၀ (လုံးဝ)မရှိခြင်း (၎င်းဥပါပျောက်ခြင်း)၊ အလွန်သေးငယ်တဲ့ ပုရွက်ဆိတ်လို အကောင်ငယ်များ လုံးဝ အနားမကပ်နိုင်ခြင်းတို့ပဲ ဖြစ်တယ်။

    Credit – Ohn Mya (Shan News)

  • ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္သံုးတဲ့ စပါးလင္အေၾကာင္း

     

    စပါးလင္လို႔ ေျပာလိုက္တာနဲ႔ မုန္႔ဟင္းခါးကို သတိရမိၾကပါတယ္။ စပါးလင္ကို အဓိက ဟင္းခတ္အေမႊးအႀကိဳင္ အေနနဲ႔ သံုးၾကပါတယ္။ စပါးလင္မွာ ႏွစ္မ်ိဳးရွိၿပီး ျမက္ပင္ အမ်ိဳးအစားထဲမွာ ပါ၀င္ပါတယ္။ စပါးလင္ကို အခုအခါ ေဆး၀ါးအျဖစ္နဲ႔လည္း ထုတ္လုပ္ေနတာေတြ ေတြ႔လာရပါတယ္။

    စပါးလင္ရဲ႕ မူလဇာစ္ျမစ္ကေတာ့ အိႏၵိယလို႔ ဆို္ရမွာ ျဖစ္ၿပီး အခုအခါမွာေတာ့ အာရွတုိက္အႏွံ႔အျပားမွာ ေတြ႔ေနရပါၿပီ။ စပါးလင္ရဲ႕ ပင္စည္ကို ဟင္းခ်ိဳ၊ အသားဟင္းေတြမွာ ေမႊးႀကိဳင္ေစဖို႔ ထည့္၀င္တဲ့ အစားအစာ အျဖစ္ အသံုးျပဳေပမယ့္ အေနာက္ႏုိင္ငံေတြမွာေတာ့ လက္ဖက္ရည္နဲ႔ တြဲေသာက္ေလ့ ရွိသလို ေဖ်ာ္ရည္ေတာင္ လုပ္ေသာက္ၾကပါတယ္။ စပါးရဲ႕ ေမႊးႀကိဳင္တဲ့ အနံ႔ဟာ လူေတြကို အစာ စားခ်င္စိတ္ ျဖစ္ေစဖို႔ ကူညီေပးပါတယ္။

    စပါးလင္မွာ စီထရစ္ဓာတ္ ပါ၀င္မႈ မ်ားၿပီး ဗီတာမင္ေအလည္း ေပါမ်ားစြာ ပါ၀င္ပါတယ္။ ဒါ့အျပင္ ဗီတာမင္ စီ၊ ေဖာ့လိစ္အက္ဆစ္၊ မက္ကနီဆီယမ္၊ ဇင့္၊ ေကာ့ပါး၊ သံဓာတ္၊ ပိုတက္ဆီယမ္၊ ေဖာ့ဖရိပ္၊ ကယ္လ္ဆီယမ္၊ မက္ကနိနဲ႔ ဗီတာမင္ ဘီတုိ႔လည္း ပါ၀င္ပါတယ္။ စပါးလင္မွာ ရွိတဲ့ ေမႊးပ်ံ႔တဲ့ ရနံ႔ေၾကာင့္ အဆီထုတ္ၿပီး ဆပ္ျပာ၊ ေရေမႊးတု႔ိပါ ထုတ္ၾကပါတယ္။ စပါးလင္ရဲ႕အဆီဟာ ေသြးကို လည္ပတ္ေစၿပီး ေလေၾကေစပါတယ္။

    စပါးလင္အဆီကို ေခါင္းကိုက္ျခင္း၊ အစာအိမ္နာျခင္း၊ အဆစ္အျမစ္ ကိုက္ခဲျခင္း၊ အေၾကာတက္ျခင္းတို႔မွာ အနံ႔ရူေပးရင္ ျဖစ္ျဖစ္ ခပ္ပါးပါး လိမ္းေပးရင္ျဖစ္ျဖစ္ သက္သာေစပါတယ္။ စပါးလင္ဟာ အစာအိမ္နဲ႔ အူအတြက္ အလုပ္လုပ္ေပးတဲ့ အပင္တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူတိုင္းလိုလို ျဖစ္တတ္တဲ့ ၀မ္းနာျခင္း၊ ၀မ္းပြျခင္းနဲ႔ ေလပြျခင္းတို႔ကို မျဖစ္ေအာင္ တားဆီးေပးပါတယ္။ စပါးလင္ဟာ ဆီးေရာဂါကို သက္သာေစၿပီး ရာသီ ဥတုေၾကာင့္ ျဖစ္တဲ့ ႏွာေစးေခ်ာင္းဆိုးျခင္းကို သက္သာေစႏုိင္ပါတယ္။

    ဆီးလမ္းေၾကာင္းအတြက္ေတာ့ စပါးလင္ကို တစ္ေန႔ႏွစ္ႀကိမ္ေလာက္ ေသာက္ေပးရံုနဲ႔ ေပ်ာက္ကင္းေစႏုိင္ပါတယ္။ ေသြးထဲက ကိုလက္စထေရာကို ထိန္းေပးၿပီး အဆိပ္အေတာက္ေတြ မျဖစ္ေစဖို႔ တားဆီးေပးပါတယ္။ ကင္ဆာဆဲလ္ေတြကို ေသေစႏုိင္ၿပီး က်န္းမာေစတဲ့ ဆဲလ္ေတြကိုေတာ့ မပ်က္ဆီးေစပါဘူး။

  • ကိုယ္လက္ ကိုက္ခဲ ေတာင့္တင္းၿပီး အျမဲဇက္ေၾကာတက္ေနသူမ်ားအတြက္ ေဆးနည္းလြယ္

    (Zawgyi)

    ႐ုံးကျပန္လာတိုင္း အၿမဲတမ္း ကိုယ္လက္ေတြ ကိုက္ခဲေတာင့္တင္းၿပီး ဇက္ေၾကာေတြ တက္လွသည္ဟုဆိုကာ နင္းပါဦး ႏွိပ္ပါဦး မိသားစုဝင္မ်ားအား အကူအညီေတာင္းခံတက္ေသာ ဖခင္အားၾကည့္ၿပီး ဂ႐ုဏာသက္မိသည္။

    ထိုမွ်မက ဇက္ေၾကာကို ထင္းေခ်ာင္းျဖင့္ ထုခိုင္း၊ သနပ္ခါးတုံးျဖင့္ ထုခိုင္း ေစခိုင္းတတ္ျပန္သည္။ ထိုကာလသည္က (၆) ႏွစ္မကပင္ ၾကာမည္ထင္ပါသည္။ ယခုမျဖစ္ေတာ့ပါ။ နည္းလမ္းေကာင္းေလး ရလိုက္၍လည္း ျဖစ္၏။

    -နည္းလမ္း

    ေန႔စဥ္ အုန္းမႈတ္ခြက္ နင္းျခင္းျဖစ္သည္။ ႐ုံးက ျပန္လာသည္ႏွင့္ ေရမိုးခ်ိဳးသည္။ ၿပီးေနာက္ အိမ္နီးနားရွိ သက္ရင္းႀကီးပင္မွ သက္ရင္းႀကီး႐ြက္ (၂) ႐ြက္ကိုခူးကာ အုန္းမႈတ္ခြက္ေပၚ တင္လိုက္ၿပီး ေျခဖဝါးျပင္ႏွစ္ဖက္ ေနရာအႏွံ႔ မုန္ညင္းဆီကို လူးေတာ့သည္။

    ထိုေနာက္ မုန္ညင္းဆီ လိမ္းထားေသာ ေျခဖဝါးႏွစ္ဖက္ျဖင့္ သက္ရင္းႀကီး႐ြက္ အသင့္တင္ထားေသာ အုန္းမႈတ္ခြက္ေပၚသို႔ (၁၅) မိနစ္ခန႔္ စိတ္တိုင္းၾက နင္းျခင္း ျဖစ္ေလသည္။ အေဖ ႏွစ္ေပါင္းမ်ားစြာ ခံစားရခက္ေသာ ကိုယ္လက္ေတာင့္တင္း ဇက္ေၾကာတက္ျခင္း အမွန္ပင္ ယေန႔ခ်ိန္ထိ ေပ်ာက္ကင္းသြားေလသည္။

    လိုသူတို႔သုံး ေစတနာ အၿပဳံးျဖင့္ ႐ႊင္လန္းႏိုင္ပါေစ။

    Credit : ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)

    (Unicode)

    ရုံးကပြန်လာတိုင်း အမြဲတမ်း ကိုယ်လက်တွေ ကိုက်ခဲတောင့်တင်းပြီး ဇက်ကြောတွေ တက်လှသည်ဟုဆိုကာ နင်းပါဦး နှိပ်ပါဦး မိသားစုဝင်များအား အကူအညီတောင်းခံတက်သော ဖခင်အားကြည့်ပြီး ဂရုဏာသက်မိသည်။

    ထိုမျှမက ဇက်ကြောကို ထင်းချောင်းဖြင့် ထုခိုင်း၊ သနပ်ခါးတုံးဖြင့် ထုခိုင်း စေခိုင်းတတ်ပြန်သည်။ ထိုကာလသည်က (၆) နှစ်မကပင် ကြာမည်ထင်ပါသည်။ ယခုမဖြစ်တော့ပါ။ နည်းလမ်းကောင်းလေး ရလိုက်၍လည်း ဖြစ်၏။

    -နည်းလမ်း

    နေ့စဉ် အုန်းမှုတ်ခွက် နင်းခြင်းဖြစ်သည်။ ရုံးက ပြန်လာသည်နှင့် ရေမိုးချိုးသည်။ ပြီးနောက် အိမ်နီးနားရှိ သက်ရင်းကြီးပင်မှ သက်ရင်းကြီးရွက် (၂) ရွက်ကိုခူးကာ အုန်းမှုတ်ခွက်ပေါ် တင်လိုက်ပြီး ခြေဖဝါးပြင်နှစ်ဖက် နေရာအနှံ့ မုန်ညင်းဆီကို လူးတော့သည်။

    ထိုနောက် မုန်ညင်းဆီ လိမ်းထားသော ခြေဖဝါးနှစ်ဖက်ဖြင့် သက်ရင်းကြီးရွက် အသင့်တင်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ (၁၅) မိနစ်ခန့် စိတ်တိုင်းကြ နင်းခြင်း ဖြစ်လေသည်။ အဖေ နှစ်ပေါင်းများစွာ ခံစားရခက်သော ကိုယ်လက်တောင့်တင်း ဇက်ကြောတက်ခြင်း အမှန်ပင် ယနေ့ချိန်ထိ ပျောက်ကင်းသွားလေသည်။

    လိုသူတို့သုံး စေတနာ အပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ။

    Credit : ရဲမျိုးသူ (ဗောဓိမြိုင်)

  • အရေးပေါ်အခြေအနေတွင် ကားထဲမှာ ပိတ်မိနေခဲ့ရင် လွတ်မြောက်ဖို့

    (Unicode)

    အရေးပေါ်အခြေအနေ ကားထဲမှာ ပိတ်မိနေရင် ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကို ကားနည်းပညာရှင်တွေဘက်က သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ “ဖြစ်စဉ်မှာ ကားတစ်စီးလုံး အမြန်ပေါက်ကွဲ လောင်ကျွမ်းတာမျိုးဖြစ်လို့ ဝါယာရှော့(တ်)ဖြစ်သွားပြီး ခလုတ်တွေ လော့ခ် ကျသွားတာ ဖြစ်နိုင်တယ်၊ အဲဒီအတွက် တံခါးအားလုံးဖွင့်မရတော့ဘဲ ပိတ်မိသွားတဲ့ အနေအထားဖြစ်တယ်၊ တစ်ခုတည်းသော လွတ်မြောက်မှုက မှန်ကိုခွဲပြီး ထွက်ဖို့ပဲရှိတယ်”လို့ KKK Automotives Diagnostic & Repair Center က အော်တိုမိုတစ်ပညာရှင် ကိုကျော်ကိုကျော်က ပြောပါတယ်။

    ကားမှန်ကို ဘယ်လိုခွဲမလဲ
    အဲသည်လို ကားတံခါးတွေက လော့ခ်ကျပြီးခလုတ်တွေက ပျက်စီးသွားတဲ့အတွက် ကားတံခါးဖွင့်ဖို့ ကြိုးစားလို့ မရတော့ပါဘူး။ အချိန်ကလည်း အရေးပေါ် အခြေအနေဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မှန်တွေ ခွဲထွက်ဖို့ အမြန်ဆုံးဖြတ်ရပါမယ်။ အံစာတုံးကားရဲ့ ထိုင်ခုံခေါင်းတင်အုံးကို ဖြုတ်လိုက်ရင် အောက်ခြေက သံချောင်းနှစ်ချောင်းဟာ အရေးပေါ်မှန်တွေ ခွဲထွက်ဖို့ အဆင်သင့်ပြုလုပ်ထားတာ ဖြစ်တယ်လို့ ကား နည်းပညာရှင် ဦးစန်းဦးက ပြောပါတယ်။ အဲသည် ခေါင်းတင်အုံး အောက်ခြေနဲ့ ကားမှန်နဲ့ ဘောင်ကိုဆက်စပ်တဲ့ လိုင်နာဖုံးအုပ်ထားတဲ့ အစပ်နေရာကို အားနဲ့ထိုး ကလော်လိုက်ရင် ကားမှန်တွေ အလွယ်တကူ ကွဲကြေပြီး ဖွင့်ထွက်နိုင်တယ်လို့ ဆိုပါတယ်။

    ကိုကျော်ကိုကျော်ကတော့ ခေါင်းတင်အုံးနဲ့ ထိုးခွဲလို့ရတာကို ကြိုတင် သိရှိထားရင်တော့ ဖြစ်နိုင်ပါတယ်။ သူက ကျွန်တော့် ဝပ်ရှော့မှာ ကားလာပြင်တဲ့သူတွေထဲမှာ တစ်ဖက်က အသွားပါတဲ့ ရဲဒင်းကို ကားတံခါးဘေးမှာ ထည့်ပြီး ဆောင်ထားတတ်တာ တွေ့ဖူးပါတယ်။ အဲသည် ရဲဒင်းလေးက တစ်ပေသာသာပဲရှိတယ်။ အရေးပေါ်ကားထဲမှာ ပိတ်မိရင် ခွဲထွက်ဖို့လို့ ဆိုပါတယ်။ နောက်ခါးပတ် ဖြတ်တဲ့ ဓားလည်း ဆောင်ထားပါတယ်။ အဲဘက် ပွင့်ထွက်သွားပြီးရင် ခါးပတ်ကို အလွတ်တကူ ဖြုတ်လို့မရဘဲ ဖြစ်တတ်ပါတယ်။

    အဲသည်အချိန်မျိုးမှာ ဓားနဲ့ ခါးပတ်ကို ဖြတ်ထွက်လို့ရအောင် ဆောင်ထားသင့်တာပါ။ ကားပစ္စည်းဆိုင်တွေမှာ kid box တစ်ခုထဲမှာ အဲသည် ပစ္စည်းအစုံအလင်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ အဲသည် ကစ်ဘောက်စ်လေး ဆောင်ထားရင်တော့ ကားထဲမှာ ပိတ်မိတာကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။

    ကားမီးလောင်နိုင်တဲ့အချက်
    အင်ဂျင်ကို ဆီပေးတဲ့စနစ်တွေ ချို့ယွင်းချက်ကြောင့် ကားမီးလောင်တာ များပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆီတိုင်ကီကွဲပြီး မီးလောင်နိုင်သလို ဆီတိုင်ကီအနားမှာ ပွတ်တိုက်မှုဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ မီးပွားလေးတွေကြောင့်လည်း ဓာတ်ဆီက ပေါက်ကွဲစေနိုင်တယ်။

    ဓာတ်ဆီကားနဲ့ ဒီဇယ်ကား အမျိုးအစားမှာ ဓာတ်ဆီက ပိုပြီး မီးလောင်စေနိုင်ပါတယ်။ အဲဒါက ခုနောက်ပိုင်း အဆင့်မြင့်လာတဲ့ ဆီဖျန်းတဲ့ စနစ်ကြောင့်ပါပဲ။ အရင် ကားဟောင်းတွေမှာပါတဲ့ ကာဘရိုက်တာ စနစ်က အဲသည်လို မီးလောင်တာ နည်းပါတယ်၊ ဝါယာရှော့(တ်)ဖြစ်ရင်လည်း သိတာနဲ့ မီးမလောင်အောင် ကြိုတင်ကာကွယ်ချိန်ရတယ်၊ အခုအဆင့်မြင့်လာတဲ့ ဆီဖျန်းတဲ့စနစ်က အတိမ်းအစောင်း ဖြစ်တာနဲ့ အင်ဂျင်တစ်ခုလုံးကို နေရာအနှံ့ ဆီဖျန်းလိုက်သလိုဖြစ်ပြီး ဝါယာရှော့(တ်) ဖြစ်တာနဲ့ ဝုန်းကနဲ မီးထတောက်တဲ့ အနေအထားမျိုး ဖြစ်နေတာပါ၊ ဆီပို့တဲ့စနစ်မှာလဲ ရော်ဘာပိုက်နဲ့ ချိတ်ဆက်ပို့တာတွေက safe မဖြစ်တဲ့သဘောပါ၊ ကာဘရိုက်တာစနစ်မှာ အရင်က ဆီပို့တာကို ကြေးပိုက်တွေ အသုံးပြုခဲ့တာပါ။

    ယာဉ်မောင်းသူအနေနဲ့ အင်ဂျင် အပူလွန်ကဲနေပြီလား၊ အင်ဂျင်အအေးပေး စနစ်တွေ ပုံမှန်ဖြစ်ရဲ့လား အမြဲစစ်ဆေးနေရပါမယ်၊ အေးတဲ့အရပ်မှာသုံးတဲ့ ကားတွေကို ဝယ်သုံးနေကြတယ်ဆိုတာကိုလဲ ခေါင်းထဲမှာ ထည့်ထားရမှာဖြစ်တယ်။ အဲဒါကြောင့် ဆီပေးတဲ့စနစ်က သူတို့လို အေးတဲ့ဒေသတွေမှာ Safe ဖြစ်ပေမဲ့ သည်ကအပူချိန်မှာ Safe မဖြစ်နိုင်ဘူး ဆိုတာကိုလည်း သိထားပြီး အင်ဂျင်အပူရှိန် လွန်ကဲတာ (over heat) မဖြစ်အောင် အမြဲဂရုစိုက်သင့်တယ်လို့ ကိုကျော်ကိုကျော်က ပြောပါတယ်။

    Author အောင်ထွန်းဦး

    Credit – Kumudra

    (Zawgyi)
    အေရးေပၚအေျခအေန ကားထဲမွာ ပိတ္မိေနရင္ ဘယ္လိုလြတ္ေျမာက္ေအာင္ ႀကိဳးစားမလဲဆိုတာကို ကားနည္းပညာရွင္ေတြဘက္က သုံးသပ္ခ်က္ေတြ ျဖစ္ပါတယ္။ “ျဖစ္စဥ္မွာ ကားတစ္စီးလုံး အျမန္ေပါက္ကြဲ ေလာင္ကြၽမ္းတာမ်ိဳးျဖစ္လို႔ ဝါယာေရွာ့(တ္)ျဖစ္သြားၿပီး ခလုတ္ေတြ ေလာ့ခ္ က်သြားတာ ျဖစ္ႏိုင္တယ္၊ အဲဒီအတြက္ တံခါးအားလုံးဖြင့္မရေတာ့ဘဲ ပိတ္မိသြားတဲ့ အေနအထားျဖစ္တယ္၊ တစ္ခုတည္းေသာ လြတ္ေျမာက္မႈက မွန္ကိုခြဲၿပီး ထြက္ဖို႔ပဲရွိတယ္”လို႔ KKK Automotives Diagnostic & Repair Center က ေအာ္တိုမိုတစ္ပညာရွင္ ကိုေက်ာ္ကိုေက်ာ္က ေျပာပါတယ္။

    ကားမွန္ကို ဘယ္လိုခြဲမလဲ
    အဲသည္လို ကားတံခါးေတြက ေလာ့ခ္က်ၿပီးခလုတ္ေတြက ပ်က္စီးသြားတဲ့အတြက္ ကားတံခါးဖြင့္ဖို႔ ႀကိဳးစားလို႔ မရေတာ့ပါဘူး။ အခ်ိန္ကလည္း အေရးေပၚ အေျခအေနဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ မွန္ေတြ ခြဲထြက္ဖို႔ အျမန္ဆုံးျဖတ္ရပါမယ္။ အံစာတုံးကားရဲ႕ ထိုင္ခုံေခါင္းတင္အုံးကို ျဖဳတ္လိုက္ရင္ ေအာက္ေျခက သံေခ်ာင္းႏွစ္ေခ်ာင္းဟာ အေရးေပၚမွန္ေတြ ခြဲထြက္ဖို႔ အဆင္သင့္ျပဳလုပ္ထားတာ ျဖစ္တယ္လို႔ ကား နည္းပညာရွင္ ဦးစန္းဦးက ေျပာပါတယ္။ အဲသည္ ေခါင္းတင္အုံး ေအာက္ေျခနဲ႔ ကားမွန္နဲ႔ ေဘာင္ကိုဆက္စပ္တဲ့ လိုင္နာဖုံးအုပ္ထားတဲ့ အစပ္ေနရာကို အားနဲ႔ထိုး ကေလာ္လိုက္ရင္ ကားမွန္ေတြ အလြယ္တကူ ကြဲေၾကၿပီး ဖြင့္ထြက္ႏိုင္တယ္လို႔ ဆိုပါတယ္။

    ကိုေက်ာ္ကိုေက်ာ္ကေတာ့ ေခါင္းတင္အုံးနဲ႔ ထိုးခြဲလို႔ရတာကို ႀကိဳတင္ သိရွိထားရင္ေတာ့ ျဖစ္ႏိုင္ပါတယ္။ သူက ကြၽန္ေတာ့္ ဝပ္ေရွာ့မွာ ကားလာျပင္တဲ့သူေတြထဲမွာ တစ္ဖက္က အသြားပါတဲ့ ရဲဒင္းကို ကားတံခါးေဘးမွာ ထည့္ၿပီး ေဆာင္ထားတတ္တာ ေတြ႕ဖူးပါတယ္။ အဲသည္ ရဲဒင္းေလးက တစ္ေပသာသာပဲရွိတယ္။ အေရးေပၚကားထဲမွာ ပိတ္မိရင္ ခြဲထြက္ဖို႔လို႔ ဆိုပါတယ္။ ေနာက္ခါးပတ္ ျဖတ္တဲ့ ဓားလည္း ေဆာင္ထားပါတယ္။ အဲဘက္ ပြင့္ထြက္သြားၿပီးရင္ ခါးပတ္ကို အလြတ္တကူ ျဖဳတ္လို႔မရဘဲ ျဖစ္တတ္ပါတယ္။

    အဲသည္အခ်ိန္မ်ိဳးမွာ ဓားနဲ႔ ခါးပတ္ကို ျဖတ္ထြက္လို႔ရေအာင္ ေဆာင္ထားသင့္တာပါ။ ကားပစၥည္းဆိုင္ေတြမွာ kid box တစ္ခုထဲမွာ အဲသည္ ပစၥည္းအစုံအလင္နဲ႔ ဝယ္ယူရရွိႏိုင္ပါတယ္။ အဲသည္ ကစ္ေဘာက္စ္ေလး ေဆာင္ထားရင္ေတာ့ ကားထဲမွာ ပိတ္မိတာကို အလြယ္တကူ ေျဖရွင္းႏိုင္ပါတယ္။

    ကားမီးေလာင္ႏိုင္တဲ့အခ်က္
    အင္ဂ်င္ကို ဆီေပးတဲ့စနစ္ေတြ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ကားမီးေလာင္တာ မ်ားပါတယ္။ ယာဥ္တိုက္မႈေၾကာင့္ ဆီတိုင္ကီကြဲၿပီး မီးေလာင္ႏိုင္သလို ဆီတိုင္ကီအနားမွာ ပြတ္တိုက္မႈျဖစ္ၿပီး ျဖစ္ေပၚလာတဲ့ မီးပြားေလးေတြေၾကာင့္လည္း ဓာတ္ဆီက ေပါက္ကြဲေစႏိုင္တယ္။

    ဓာတ္ဆီကားနဲ႔ ဒီဇယ္ကား အမ်ိဳးအစားမွာ ဓာတ္ဆီက ပိုၿပီး မီးေလာင္ေစႏိုင္ပါတယ္။ အဲဒါက ခုေနာက္ပိုင္း အဆင့္ျမင့္လာတဲ့ ဆီဖ်န္းတဲ့ စနစ္ေၾကာင့္ပါပဲ။ အရင္ ကားေဟာင္းေတြမွာပါတဲ့ ကာဘ႐ိုက္တာ စနစ္က အဲသည္လို မီးေလာင္တာ နည္းပါတယ္၊ ဝါယာေရွာ့(တ္)ျဖစ္ရင္လည္း သိတာနဲ႔ မီးမေလာင္ေအာင္ ႀကိဳတင္ကာကြယ္ခ်ိန္ရတယ္၊ အခုအဆင့္ျမင့္လာတဲ့ ဆီဖ်န္းတဲ့စနစ္က အတိမ္းအေစာင္း ျဖစ္တာနဲ႔ အင္ဂ်င္တစ္ခုလုံးကို ေနရာအႏွံ႔ ဆီဖ်န္းလိုက္သလိုျဖစ္ၿပီး ဝါယာေရွာ့(တ္) ျဖစ္တာနဲ႔ ဝုန္းကနဲ မီးထေတာက္တဲ့ အေနအထားမ်ိဳး ျဖစ္ေနတာပါ၊ ဆီပို႔တဲ့စနစ္မွာလဲ ေရာ္ဘာပိုက္နဲ႔ ခ်ိတ္ဆက္ပို႔တာေတြက safe မျဖစ္တဲ့သေဘာပါ၊ ကာဘ႐ိုက္တာစနစ္မွာ အရင္က ဆီပို႔တာကို ေၾကးပိုက္ေတြ အသုံးျပဳခဲ့တာပါ။

    ယာဥ္ေမာင္းသူအေနနဲ႔ အင္ဂ်င္ အပူလြန္ကဲေနၿပီလား၊ အင္ဂ်င္အေအးေပး စနစ္ေတြ ပုံမွန္ျဖစ္ရဲ႕လား အၿမဲစစ္ေဆးေနရပါမယ္၊ ေအးတဲ့အရပ္မွာသုံးတဲ့ ကားေတြကို ဝယ္သုံးေနၾကတယ္ဆိုတာကိုလဲ ေခါင္းထဲမွာ ထည့္ထားရမွာျဖစ္တယ္။ အဲဒါေၾကာင့္ ဆီေပးတဲ့စနစ္က သူတို႔လို ေအးတဲ့ေဒသေတြမွာ Safe ျဖစ္ေပမဲ့ သည္ကအပူခ်ိန္မွာ Safe မျဖစ္ႏိုင္ဘူး ဆိုတာကိုလည္း သိထားၿပီး အင္ဂ်င္အပူရွိန္ လြန္ကဲတာ (over heat) မျဖစ္ေအာင္ အၿမဲဂ႐ုစိုက္သင့္တယ္လို႔ ကိုေက်ာ္ကိုေက်ာ္က ေျပာပါတယ္။

    Author ေအာင္ထြန္းဦး

    Credit – Kumudra

     

  • သင်းခွေချပ်နှင့် မြန်မာတို့၏ အယူသီး ယုံတမ်းစကားများ

    (Zawgyi)

    သင္​း​ေခြခ်ပ္​နဲ႔ ယံုတမ္​းစကား

    ႐ိုးမ​​ေပၚတက္​ၿပီး သစ္​ခုတ္​ဝါးခုတ္​ၾကတဲ့သူ​ေတြ အခ်င္​းခ်င္​းလူစုကြဲၾကတဲ့အခါ အူသံ​ေပးၿပီး ဆက္​သြယ္​ၾကပါတယ္​။ ​ေတာထဲမွာ နာမည္​ မ​ေခၚရဘူး။ ​ေခၚမိရင္​ သင္​း​ေခြခ်ပ္​က မွတ္​ထားၿပီး အဲဒီနာမည္​ကို ​ေခၚတတ္​တယ္​။ ျပန္​ထူးမိရင္​ ​ေသတာပဲတဲ့။

    သင္​း​ေခြခ်ပ္​ကို Pangolin လို႔​ေခၚပါတယ္​။ အာရွတိုက္​နဲ႔ အာဖရိက​ေတာင္​ပိုင္​းမွာ ​ေတြ႕ရတယ္​။ ပု႐ြက္​စား​ေကာင္​မ်ိဳးပါ။ ျခ​ေတြ၊ ပု႐ြက္​ဆိတ္​​ေတြကို စားတယ္​။ တစ္​ကိုယ္​လံုး အ​ေၾကးခြံမာ​ေတြျပည္​့​ေနတယ္​။ သူ႔မွာ သြား​ေတြ မရိွဘူး။

    သင္​း​ေခြခ်ပ္​က အႏၲရာယ္​နဲ႔ႀကံဳလာရင္​ ထြက္​မ​ေျပးတတ္​ဘူး။ ​ေခါင္​းကို အထဲမွာထားၿပီး ​တစ္​ကိုယ္​လံုးကို လံုးပစ္​လိုက္​တာ။ အဲဒါ​ေၾကာင္​့ သင္​း​ေခြခ်ပ္​ေတြ႕ရင္​ လန္​႔​ေအာင္​သာ ​ေျခာက္​​ေပးလိုက္​။ လံုးသြားရင္​ အသာ​ေလး ​ေကာက္​ယူလိုက္​႐ုံပဲ။

    တ႐ုတ္​တို႔၊ ဗီယက္​နမ္​တို႔မွာ သင္​း​ေခြခ်ပ္​သားကို ​ေစ်းႀကီး​ေပးစားၾကတယ္​။ တ႐ုတ္​တိုင္​းရင္​း​ေဆးဆရာ​ေတြက သင္​း​ေခြခ်ပ္​ အခြံ​ေတြကို​ အ​ေရာင္​​ေလ်ာ့​ေဆး​ေတြ၊ ကင္​ဆာ​ေပ်ာက္​​ေဆး​ေတြ ေဖာ္​ၾကတယ္​။ ဒါ​ေၾကာင္​့ သင္​​းေခြခ်ပ္​ဟာ ​ေစ်း​ေကာင္​းရတယ္​။ ​ေမွာင္​ခို​ေစ်းကြက္​ ရိွတယ္​။

    သင္​း​ေခြခ်ပ္​တစ္​​ေကာင္​ ဖမ္​းမိလာၿပီဆိုရင္​ ​ေသတၱာထဲထည္​့ၿပီး ​ေသာ့ခတ္​ထားတာ​ေတာင္​ ညဘက္​​ေရာက္​ရင္​ ​ေပ်ာက္​သြားတတ္​တယ္​လို႔ ဆိုၾကပါတယ္​။ သူ႔မွာ ကိုယ္​​ေပ်ာက္​ႏိုင္​တဲ့ အ​ေၾကးခြံတစ္​ခုရိွလို႔​တဲ့။ လမိုက္​ညမွာ သူ႔ရဲ႕အ​ေၾကးခြံတစ္​ခုခ်င္​းကို ​ေဆးႀကိမ္​လံုးနဲ႔ တို႔ၾကည္​့၊ စြမ္​းတဲ့အ​ေၾကးခြံကို ​ေထာက္​မိရင္​ ​ေကာင္​းကင္​မွာ ၾကယ္​​ေတြလ​ေတြ ျမင္​ရတယ္​တဲ့။ အဲဒီအ​ေၾကးခြံကို ျဖဳတ္​ယူၿပီး ​ေဆာင္​ထားရင္​ ကိုယ္​​ေပ်ာက္​တယ္​တဲ့။ ယံုတမ္​းစကား ရိွတယ္​။

    ကြၽန္​​ေတာ္​တို႔​ကေတာ့ လက္​​ေတြ႕ အသံုးခ်ပါတယ္​။ သင္​း​ေခြခ်ပ္​အ​ေၾကးခြံကို လက္​စြပ္​ထြင္​းဝတ္​ၾကတယ္​။ ဂစ္​တာလက္​ခတ္​ လုပ္​ၾကတယ္။ တခ်ိဳ႕လည္​း အ​ေပါက္​​ေဖာက္​ၿပီး လည္​ပင္​းမွာ အလွဆြဲၾကတယ္​။ ႏိုင္​ငံျခားက သူ​ေဌး​ေတြက​ေတာ့ လက္​ကိုင္​အိတ္​ လုပ္​ၾကတယ္​တဲ့။

    အခု​ေတာ့ ဒီသတၱဝါ​ေလး​ေတြလည္​း သိပ္​မ​ေတြ႕ရ​ေတာ့ပါဘူး။ ရွားပါးလာၿပီ။ မၾကာခင္​ မ်ိဳးသုဥ္​း​ေပ်ာက္​ကြယ္​သြားမယ္​လို႔​ေတာင္​ ထင္​မိပါတယ္​။

    Credit : Hla Than Aung

    (Unicode)

    သင်းခွေချပ်နဲ့ ယုံတမ်းစကား

    ရိုးမပေါ်တက်ပြီး သစ်ခုတ်ဝါးခုတ်ကြတဲ့သူတွေ အချင်းချင်းလူစုကွဲကြတဲ့အခါ အူသံပေးပြီး ဆက်သွယ်ကြပါတယ်။ တောထဲမှာ နာမည် မခေါ်ရဘူး။ ခေါ်မိရင် သင်းခွေချပ်က မှတ်ထားပြီး အဲဒီနာမည်ကို ခေါ်တတ်တယ်။ ပြန်ထူးမိရင် သေတာပဲတဲ့။

    သင်းခွေချပ်ကို Pangolin လို့ခေါ်ပါတယ်။ အာရှတိုက်နဲ့ အာဖရိကတောင်ပိုင်းမှာ တွေ့ရတယ်။ ပုရွက်စားကောင်မျိုးပါ။ ခြတွေ၊ ပုရွက်ဆိတ်တွေကို စားတယ်။ တစ်ကိုယ်လုံး အကြေးခွံမာတွေပြည့်နေတယ်။ သူ့မှာ သွားတွေ မရှိဘူး။

    သင်းခွေချပ်က အန္တရာယ်နဲ့ကြုံလာရင် ထွက်မပြေးတတ်ဘူး။ ခေါင်းကို အထဲမှာထားပြီး တစ်ကိုယ်လုံးကို လုံးပစ်လိုက်တာ။ အဲဒါကြောင့် သင်းခွေချပ်တွေ့ရင် လန့်အောင်သာ ခြောက်ပေးလိုက်။ လုံးသွားရင် အသာလေး ကောက်ယူလိုက်ရုံပဲ။

    တရုတ်တို့၊ ဗီယက်နမ်တို့မှာ သင်းခွေချပ်သားကို ဈေးကြီးပေးစားကြတယ်။ တရုတ်တိုင်းရင်းဆေးဆရာတွေက သင်းခွေချပ် အခွံတွေကို အရောင်လျော့ဆေးတွေ၊ ကင်ဆာပျောက်ဆေးတွေ ဖော်ကြတယ်။ ဒါကြောင့် သင်းခွေချပ်ဟာ ဈေးကောင်းရတယ်။ မှောင်ခိုဈေးကွက် ရှိတယ်။

    သင်းခွေချပ်တစ်ကောင် ဖမ်းမိလာပြီဆိုရင် သေတ္တာထဲထည့်ပြီး သော့ခတ်ထားတာတောင် ညဘက်ရောက်ရင် ပျောက်သွားတတ်တယ်လို့ ဆိုကြပါတယ်။ သူ့မှာ ကိုယ်ပျောက်နိုင်တဲ့ အကြေးခွံတစ်ခုရှိလို့တဲ့။ လမိုက်ညမှာ သူ့ရဲ့အကြေးခွံတစ်ခုချင်းကို ဆေးကြိမ်လုံးနဲ့ တို့ကြည့်၊ စွမ်းတဲ့အကြေးခွံကို ထောက်မိရင် ကောင်းကင်မှာ ကြယ်တွေလတွေ မြင်ရတယ်တဲ့။ အဲဒီအကြေးခွံကို ဖြုတ်ယူပြီး ဆောင်ထားရင် ကိုယ်ပျောက်တယ်တဲ့။ ယုံတမ်းစကား ရှိတယ်။

    ကျွန်တော်တို့ကတော့ လက်တွေ့ အသုံးချပါတယ်။ သင်းခွေချပ်အကြေးခွံကို လက်စွပ်ထွင်းဝတ်ကြတယ်။ ဂစ်တာလက်ခတ် လုပ်ကြတယ်။ တချို့လည်း အပေါက်ဖောက်ပြီး လည်ပင်းမှာ အလှဆွဲကြတယ်။ နိုင်ငံခြားက သူဌေးတွေကတော့ လက်ကိုင်အိတ် လုပ်ကြတယ်တဲ့။

    အခုတော့ ဒီသတ္တဝါလေးတွေလည်း သိပ်မတွေ့ရတော့ပါဘူး။ ရှားပါးလာပြီ။ မကြာခင် မျိုးသုဉ်းပျောက်ကွယ်သွားမယ်လို့တောင် ထင်မိပါတယ်။

    Credit : Hla Than Aung

  • ဒီအစားအစာေတြကို အိမ္သားေတြေနမေကာင္းျဖစ္ရင္ မေကြၽးပါနဲ႔

    (Zawgyi)
    အိမ္သားေတြ ေနမေကာင္းျဖစ္ရင္ ဒီအစားအစာေတြ မေကြၽးရဘူးေနာ္။ ေနမေကာင္းျဖစ္ေနတဲ့ အခ်ိန္မွာ ေရွာင္ရမယ့္ အစားအစာေတြရွိပါတယ္။ အိမ္ရွင္မေတြသာမက အိမ္သားအားလုံးသိထားမွ တစ္ဦးနဲ႔ တစ္ဦး ေစာင့္ေရွာက္ႏိူင္မွာပါ။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ကိုယ္ခံအား ခံႏိုင္စြမ္း မတူေပမယ့္ ဘာပဲေျပာေျပာ သတိထားေရွာင္ၾကဥ္လိုက္တာ အေကာင္းဆုံးပါ။

    ႏွာေစး

    ငွက္ေပ်ာသီး၊ လိေမၼာ္သီး၊ ေရခဲ၊ ဆိတ္သား၊ ေဆးလိပ္ ႏွင့္ အရက္

    ေခ်ာင္းဆိုး

    ေရခဲမုန႔္၊ လိေမၼာ္သီး၊ ဆီေၾကာ္စာ၊ အကင္၊ အစပ္၊ ေျမပဲ၊ အရက္ႏွင့္ ခ်ိဳေသာ အစားအစာမ်ား

    ႐ုတ္တရက္ အစာအိမ္ေရာင္ျခင္း

    အေၾကာ္အေလွာ္၊ အရက္၊ င႐ုပ္သီး ႏွင့္ ေကာက္ညႇင္း

    နာတာရွည္အစာအိမ္ေရာင္

    ေကာက္ညႇင္း၊ အသုတ္၊ အခ်ဥ္ေဖါက္ထားေသာအစာ

    အူေရာင္

    ငွက္ေပ်ာသီး၊ မာလာကာသီး

    အသည္းေရာဂါ

    ငန္း (ၾကက္၊ဘဲ)အေရခြံ၊ ဝက္သားဆီ၊ ေဆးလိပ္ႏွင့္ အရက္ ျဖစ္ၿပီး အေရးႀကီးဆုံးက အိပ္ေရးပ်က္ခံလို႔ မရပါ။

    ႏွလုံးေရာဂါ

    ကယ္လိုရီမ်ားေသာအစာႏွင့္ ငံေသာအစားအစာမ်ား

    ေက်ာက္ကပ္ေရာဂါ

    ဘီယာ၊ အခ်ိဳရည္၊ ငါးေျခာက္ႏွင့္ မွ်စ္ေျခာက္

    ဆီးခ်ိဳေရာဂါ

    အခ်ိဳစာ၊ အရက္၊ အဆီမ်ားေသာ အစာ၊ ဆီေၾကာ္စာႏွင့္ အကင္

    ေသြးအားနည္း

    တ႐ုတ္နံနံ

    ေသြးတိုးေရာဂါ

    အငံဓာတ္မ်ားေသာအစာ၊ ဥအႏွစ္၊ တိရိစာၦန္ကလီစာ

    အစာအိမ္နာ

    ပဲမ်ိဳးစုံ၊ ကၫြတ္၊ ဆားစိမ္ေသာဟင္း၊ ေကာက္ညႇင္း၊ အရက္၊ နာနတ္သီး၊ င႐ုတ္သီးႏွင့္ မာလာကာသီး

    အ႐ိုးကာအေျမႇးေရာင္နာ

    ငွက္ေပ်ာသီး၊ ကၫြတ္၊ အရက္၊ င႐ုတ္သီး

    လိပ္ေခါင္းေရာဂါ

    အရက္၊ ေဆးလိပ္၊ ဆီေၾကာ္စာေတြ

    ေလးဖက္နာေရာဂါ

    ဘီယာ၊ ငွက္ေပ်ာသီးႏွင့္ အသားမ်ား

    အေရျပားAllergic

    ပင္လယ္စာ၊ ပိန္းဥ၊ သရက္သီး၊ ေရခဲ၊ လိုင္ခ်ီးစ္သီး

    အာ႐ုံေၾကာအားနည္း

    င႐ုပ္သီး၊ အရက္၊ ေကာ္ဖီ၊ ၾကက္သြန္နီႏွင့္ၾကက္သြန္ျဖဴ

    Credit – BeeTalk ရဲ႕ hometips စာမ်က္ႏွာမွ
    Via – Kyarnyo

    (Unicode)
    အိမ်သားတွေ နေမကောင်းဖြစ်ရင် ဒီအစားအစာတွေ မကျွေးရဘူးနော်။ နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။ အိမ်ရှင်မတွေသာမက အိမ်သားအားလုံးသိထားမှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိူင်မှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူပေမယ့် ဘာပဲပြောပြော သတိထားရှောင်ကြဉ်လိုက်တာ အကောင်းဆုံးပါ။

    နှာစေး

    ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ ဆေးလိပ် နှင့် အရက်

    ချောင်းဆိုး

    ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ အရက်နှင့် ချိုသော အစားအစာများ

    ရုတ်တရက် အစာအိမ်ရောင်ခြင်း

    အကြော်အလှော်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း

    နာတာရှည်အစာအိမ်ရောင်

    ကောက်ညှင်း၊ အသုတ်၊ အချဉ်ဖေါက်ထားသောအစာ

    အူရောင်

    ငှက်ပျောသီး၊ မာလာကာသီး

    အသည်းရောဂါ

    ငန်း (ကြက်၊ဘဲ)အရေခွံ၊ ဝက်သားဆီ၊ ဆေးလိပ်နှင့် အရက် ဖြစ်ပြီး အရေးကြီးဆုံးက အိပ်ရေးပျက်ခံလို့ မရပါ။

    နှလုံးရောဂါ

    ကယ်လိုရီများသောအစာနှင့် ငံသောအစားအစာများ

    ကျောက်ကပ်ရောဂါ

    ဘီယာ၊ အချိုရည်၊ ငါးခြောက်နှင့် မျှစ်ခြောက်

    ဆီးချိုရောဂါ

    အချိုစာ၊ အရက်၊ အဆီများသော အစာ၊ ဆီကြော်စာနှင့် အကင်

    သွေးအားနည်း

    တရုတ်နံနံ

    သွေးတိုးရောဂါ

    အငံဓာတ်များသောအစာ၊ ဥအနှစ်၊ တိရိစ္ဆာန်ကလီစာ

    အစာအိမ်နာ

    ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သောဟင်း၊ ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊ ငရုတ်သီးနှင့် မာလာကာသီး

    အရိုးကာအမြှေးရောင်နာ

    ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး

    လိပ်ခေါင်းရောဂါ

    အရက်၊ ဆေးလိပ်၊ ဆီကြော်စာတွေ

    လေးဖက်နာရောဂါ

    ဘီယာ၊ ငှက်ပျောသီးနှင့် အသားများ

    အရေပြားAllergic

    ပင်လယ်စာ၊ ပိန်းဥ၊ သရက်သီး၊ ရေခဲ၊ လိုင်ချီးစ်သီး

    အာရုံကြောအားနည်း

    ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူ

    Credit – BeeTalk ရဲ့ hometips စာမျက်နှာမှ
    Via – Kyarnyo

  • ရေတွင်းအတွင်းသို့ ဘေးကင်းစွာ ဆင်းသက်နည်း (ရေတွင်းပျက်ဆယ်နည်း)

    (Unicode)
    ရေတွင်းအတွင်းသို့ ဘေးကင်းစွာ ဆင်းသက်နည်း

    ရေတွင်းများ ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ ရေတွင်းဟောင်း/ပျက်များ ပြန်လည်ဆယ်ယူရာတွင်လည်းကောင်း၊ ရေတွင်းထဲသို့ အဖိုးတန် ပစ္စည်းတစ်ခုခုကျသွား၍ ပြန်လည်ဆယ်ယူရာတွင်လည်းကောင်း ရေတွင်းထဲသို့ မလွဲမသွေဆင်းသက်ရမှာဖြစ်ပါတယ်။

    ဤနေရာမှာ ဘေးကင်းစွာဆင်းသက်ရန် လိုပါတယ်။အခန့် မသင့်လျှင် အသက်ဆုံးရှုံးတတ်ပါတယ်။ ရေတွင်းထဲသို့ အသက်ဆုံးရှုံးတော့မယ့်သူကို ဆင်းကယ်ရင်း ကယ်သူပါ ဆက်တိုက်ဆိုသလို တစ်ဦးပြီး တစ်ဦး သေဆုံးသွားတတ်ပါတယ်။

    ဤနေရာတွင်သေဆုံးရခြင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။ ရေတွင်းအတွင်း၌ အောက်ခြေရှိ ရေထွက်ရှိရာ ရေလွှာကြောမှနေ၍ သဘာဝအလျောက် ထွက်သောဓာတ်ငွေ့များဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ မီသိန်း ဓာတ်ငွေ့များရှိနေတတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်မှာ လေထက်လေးသောကြောင့် ရေတွင်းအောက်ခြေတွင်ရှိပြီး ကာဗွန်မိုနောက်ဆိုဒ်မှာ လေအလွှာထုတွင် ရှိပါတယ်။ မီသိန်းဓာတ်ငွေ့သည် လေထက်ပေါ့၍ အပေါ်ဆုံးအလွှာတွင် ရှိပါတယ်။ ၎င်း ဓာတ်ငွေ့များကို ရှူရှိုက်မိပါက ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သတိလစ်ခြင်းများဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ ထိုဓာတ်ငွေ့များသည် လူနဲ့ တိရစ္ဆာန်တို့အတွက် အဆိပ်ဓာတ်ငွေ့များဖြစ်ပါတယ်။

    ငွေကုန်ကြေးကျမများဘဲ ဒေသန္တရအတွင်း အလွယ်တကူ ရနိုင်သော ပစ္စည်းများကို အသုံးပြုကာ ရေတွင်းအတွင်း ဘေးကင်းစွာဆင်းသက်နိုင်သော နည်းလမ်းကို သိသွားကြလို့ ဖြစ်ပါတယ်။

    ဖော်ပြပါ ရေတွင်း(တွင်းတိမ်)အတွင်း ဘေးကင်းစွာ ဆင်းသက်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    (၁) သင့်တော်သောအရွယ်ရှိ ထီးရှည်တစ်ချောင်းကို ဦးစွာယူပါ။ ထီးလက်ကိုင်တွင် နိုင်လွန်ကြိုးကဲ့သို့ ခိုင်ခံ့သောကြိုးရှည် တစ်ချောင်းဖြင့်ချည်နှောင်ပါ။ (ကြိုးသည် ရေတွင်းအနက်ထက် ပိုရှည်ရမည်)။

    (၂) ထီးကိုဖွင့်လျက် ပက်လက်အနေအထားဖြင့် ကြိုးကို ကိုင်ကာရေတွင်းအောက်ခြေရေပြင်(သို့မဟုတ်) မြေပြင် အထိချပါ။

    (၃) ဖွင့်လျက်ထီးကို ရေတွင်း အပေါ်ဆုံးအထိ ကြိုးကို ဆွဲကာ ပြန်မတင်ပါ။ ပြီးလျှင် ရေတွင်းအောက်ခြေသို့ ပြန်ချပါ။ ဤသို့ပြန်တင်ပြန်ချခြင်းကို အကြိမ်(၂ဝမှ ၃ဝ) အထိ ခပ်သွက်သွက်ပြုလုပ်ပါ။ (ရေတွင်းအောက်ခြေမှ အဆိပ်ဓာတ်ငွေ့များကို ရေတွင်းပြင်ပသို့ ရောက်အောင်ထီးဖြင့် ဖယ်ထုတ်ပြီး ပြင်ပမှ အောက်ဆီဂျင်ပါသော လေကို ရေတွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။)

    (၄) ထို့နောက် ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်ဓာတ် အလုံအလောက်ရှိမရှိ စမ်းသပ်ရန်လိုပါသည်။ ပထမဦးစွာ စားဆီခြင်တွယ်ရာတွင်အသုံးပြုသော ဆီမှုတ်တစ်ခုကို ယူပါ။ လက်ကိုင်တွင် တုတ်တစ်ချောင်းဖြင့် ချည်နှောင်ပါ။ တုတ်တွင် ကြိုးရှည်တစ်ချောင်းဖြင့် ထပ်မံ ချည်နှောင်ပါ။ ဆီမှုတ်အလယ်တွင် မီးထွန်းထားသော ဖယောင်းတိုင်တစ်တိုင်ကို သေချာစွာစိုက်ပါ။ ပြီးလျှင် မီးထွန်းထားသော ဖယောင်းတိုင်ကို ရေတွင်းအောက်ခြေသို့ ဖြည်းညင်းစွာချပါ။
    (ဖယောင်းတိုင်မီး မငြိမ်းပါက ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်အလုံအလောက် ရှိနိုင်သည်။ ဖယောင်းတိုင်မီး ငြိမ်းသွားပါက ဖော်ပြပါ အဆင့်(၃)ဆင့်ကို ထပ်မံဆောင်ရွက်ပါ။) (ဆီမှုတ် မရှိပါက ကြေးနန်းကြိုး တပ်ဆင်ထားသော နို့ဆီခွက် အစရှိသည်တို့ကို သုံးနိုင်သည်။)

    (၅) ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင် အလုံ အလောက်ရှိပြီဟု သေချာပါက ရေတွင်းအတွင်းသို့ ဖြည်းညင်းစွာဆင်း၍ ဆောင်ရွက်စရာများကို သတိထား လျင်မြန်စွာဆောင်ရွက်ပါ။ ဆောင်ရွက်နေစဉ် ခေါင်းမူးခြင်း၊ အသက်ရှူကျပ်ခြင်း စတင်ဖြစ်ပေါ်ပါက ရေတွင်းပေါ်သို့ ချက်ချင်းအကြောင်းကြား၍ ပြန်တက်ပါ။ ခေတ္တအနားယူ၍ အဆင့်(၃)နှင့် (၄)ကို သေချာအောင် ပြန်လုပ်ပါ။ ဆင်းမည့်သူကို လူစားလဲဆောင်ရွက်ပါ။

    (၆) ဤသို့ ရေတွင်းဆယ်ခြင်းကို တစ်ဦးတည်းမပြုလုပ်ရ။ ကူညီမည့်အဖော် လေးဦး ငါးဦး ရေတွင်းပေါ်တွင် အဆင်သင့်ရှိနေပါစေ။ ဖြစ်နိုင်လျှင် ရေတွင်းအတွင်း ဆင်းမည့်သူ၏ ချိုင်း၊ ခါးတို့တွင် သင့်တော်ရာ ကြိုးကြီးတစ်ချောင်း ချည်နှောင်ချိတ်ဆွဲလျက် ဆင်းပါ။ လိုအပ်လျှင် ရေတွင်းပေါ်မှ ကူညီမည့်သူများက အလျင်အမြန် ဆွဲမတင်၍ အချိန်မီ အသက်ကယ်နိုင်မည်။ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ပါက ပိုမိုကောင်းမွန်ပါသည်။ ရေတွင်းအတွင်း အလင်းရောင်ရစေရန် နဖူးတွင် တပ်ဆင်၍ရသော ဓာတ်မီးကို အသုံးပြုနိုင်ပါသည်။

    ဤဆောင်းပါးကို ဖတ်ရှုသော စာဖတ်ပရိသတ်များသည် ဤဗဟု သုတကို ဖြန့်ဝေပေးခြင်းဖြင့် ”လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ကြပါစေ”ဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။

    Credit – ပါမောက္ခဒေါက်တာထင်ဇော်စိုး

    Ref: MOI Webportal Myanmar

    (Zawgyi)
    ေရတြင္းအတြင္းသို႔ ေဘးကင္းစြာ ဆင္းသက္နည္း

    ေရတြင္းမ်ား ျပဳျပင္ထိန္းသိမ္းေရးနဲ႔ သန႔္ရွင္းေရးေဆာင္႐ြက္ရာတြင္လည္းေကာင္း၊ ေရတြင္းေဟာင္း/ပ်က္မ်ား ျပန္လည္ဆယ္ယူရာတြင္လည္းေကာင္း၊ ေရတြင္းထဲသို႔ အဖိုးတန္ ပစၥည္းတစ္ခုခုက်သြား၍ ျပန္လည္ဆယ္ယူရာတြင္လည္းေကာင္း ေရတြင္းထဲသို႔ မလြဲမေသြဆင္းသက္ရမွာျဖစ္ပါတယ္။

    ဤေနရာမွာ ေဘးကင္းစြာဆင္းသက္ရန္ လိုပါတယ္။အခန႔္ မသင့္လွ်င္ အသက္ဆုံးရႈံးတတ္ပါတယ္။ ေရတြင္းထဲသို႔ အသက္ဆုံးရႈံးေတာ့မယ့္သူကို ဆင္းကယ္ရင္း ကယ္သူပါ ဆက္တိုက္ဆိုသလို တစ္ဦးၿပီး တစ္ဦး ေသဆုံးသြားတတ္ပါတယ္။

    ဤေနရာတြင္ေသဆုံးရျခင္းကို အနည္းငယ္ ရွင္းျပလိုပါတယ္။ ေရတြင္းအတြင္း၌ ေအာက္ေျခရွိ ေရထြက္ရွိရာ ေရလႊာေၾကာမွေန၍ သဘာဝအေလ်ာက္ ထြက္ေသာဓာတ္ေငြ႕မ်ားျဖစ္သည့္ ကာဗြန္ဒိုင္ေအာက္ဆိုက္၊ ဟိုက္ဒ႐ိုဂ်င္ဆာလဖိုက္၊ ကာဗြန္မိုေနာက္ဆိုက္၊ မီသိန္း ဓာတ္ေငြ႕မ်ားရွိေနတတ္ပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆိုက္နဲ႔ ဟိုက္ဒ႐ိုဂ်င္ဆာလဖိုက္မွာ ေလထက္ေလးေသာေၾကာင့္ ေရတြင္းေအာက္ေျခတြင္ရွိၿပီး ကာဗြန္မိုေနာက္ဆိုဒ္မွာ ေလအလႊာထုတြင္ ရွိပါတယ္။ မီသိန္းဓာတ္ေငြ႕သည္ ေလထက္ေပါ့၍ အေပၚဆုံးအလႊာတြင္ ရွိပါတယ္။ ၎ ဓာတ္ေငြ႕မ်ားကို ရွဴရႈိက္မိပါက ေခါင္းမူးျခင္း၊ ေအာ့အန္ျခင္း၊ အသက္ရွဴက်ပ္ျခင္း၊ သတိလစ္ျခင္းမ်ားျဖစ္ေပၚၿပီး အသက္ဆုံးရႈံးတတ္ပါတယ္။ ထိုဓာတ္ေငြ႕မ်ားသည္ လူနဲ႔ တိရစာၦန္တို႔အတြက္ အဆိပ္ဓာတ္ေငြ႕မ်ားျဖစ္ပါတယ္။

    ေငြကုန္ေၾကးက်မမ်ားဘဲ ေဒသႏၲရအတြင္း အလြယ္တကူ ရႏိုင္ေသာ ပစၥည္းမ်ားကို အသုံးျပဳကာ ေရတြင္းအတြင္း ေဘးကင္းစြာဆင္းသက္ႏိုင္ေသာ နည္းလမ္းကို သိသြားၾကလို႔ ျဖစ္ပါတယ္။

    ေဖာ္ျပပါ ေရတြင္း(တြင္းတိမ္)အတြင္း ေဘးကင္းစြာ ဆင္းသက္နည္းမွာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

    (၁) သင့္ေတာ္ေသာအ႐ြယ္ရွိ ထီးရွည္တစ္ေခ်ာင္းကို ဦးစြာယူပါ။ ထီးလက္ကိုင္တြင္ ႏိုင္လြန္ႀကိဳးကဲ့သို႔ ခိုင္ခံ့ေသာႀကိဳးရွည္ တစ္ေခ်ာင္းျဖင့္ခ်ည္ေႏွာင္ပါ။ (ႀကိဳးသည္ ေရတြင္းအနက္ထက္ ပိုရွည္ရမည္)။

    (၂) ထီးကိုဖြင့္လ်က္ ပက္လက္အေနအထားျဖင့္ ႀကိဳးကို ကိုင္ကာေရတြင္းေအာက္ေျခေရျပင္(သို႔မဟုတ္) ေျမျပင္ အထိခ်ပါ။

    (၃) ဖြင့္လ်က္ထီးကို ေရတြင္း အေပၚဆုံးအထိ ႀကိဳးကို ဆြဲကာ ျပန္မတင္ပါ။ ၿပီးလွ်င္ ေရတြင္းေအာက္ေျခသို႔ ျပန္ခ်ပါ။ ဤသို႔ျပန္တင္ျပန္ခ်ျခင္းကို အႀကိမ္(၂ဝမွ ၃ဝ) အထိ ခပ္သြက္သြက္ျပဳလုပ္ပါ။ (ေရတြင္းေအာက္ေျခမွ အဆိပ္ဓာတ္ေငြ႕မ်ားကို ေရတြင္းျပင္ပသို႔ ေရာက္ေအာင္ထီးျဖင့္ ဖယ္ထုတ္ၿပီး ျပင္ပမွ ေအာက္ဆီဂ်င္ပါေသာ ေလကို ေရတြင္းအတြင္းသို႔ ျပန္လည္ဝင္ေရာက္ေစရန္ ေဆာင္႐ြက္ျခင္းျဖစ္သည္။)

    (၄) ထို႔ေနာက္ ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္ဓာတ္ အလုံအေလာက္ရွိမရွိ စမ္းသပ္ရန္လိုပါသည္။ ပထမဦးစြာ စားဆီျခင္တြယ္ရာတြင္အသုံးျပဳေသာ ဆီမႈတ္တစ္ခုကို ယူပါ။ လက္ကိုင္တြင္ တုတ္တစ္ေခ်ာင္းျဖင့္ ခ်ည္ေႏွာင္ပါ။ တုတ္တြင္ ႀကိဳးရွည္တစ္ေခ်ာင္းျဖင့္ ထပ္မံ ခ်ည္ေႏွာင္ပါ။ ဆီမႈတ္အလယ္တြင္ မီးထြန္းထားေသာ ဖေယာင္းတိုင္တစ္တိုင္ကို ေသခ်ာစြာစိုက္ပါ။ ၿပီးလွ်င္ မီးထြန္းထားေသာ ဖေယာင္းတိုင္ကို ေရတြင္းေအာက္ေျခသို႔ ျဖည္းညင္းစြာခ်ပါ။
    (ဖေယာင္းတိုင္မီး မၿငိမ္းပါက ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္အလုံအေလာက္ ရွိႏိုင္သည္။ ဖေယာင္းတိုင္မီး ၿငိမ္းသြားပါက ေဖာ္ျပပါ အဆင့္(၃)ဆင့္ကို ထပ္မံေဆာင္႐ြက္ပါ။) (ဆီမႈတ္ မရွိပါက ေၾကးနန္းႀကိဳး တပ္ဆင္ထားေသာ ႏို႔ဆီခြက္ အစရွိသည္တို႔ကို သုံးႏိုင္သည္။)

    (၅) ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္ အလုံ အေလာက္ရွိၿပီဟု ေသခ်ာပါက ေရတြင္းအတြင္းသို႔ ျဖည္းညင္းစြာဆင္း၍ ေဆာင္႐ြက္စရာမ်ားကို သတိထား လ်င္ျမန္စြာေဆာင္႐ြက္ပါ။ ေဆာင္႐ြက္ေနစဥ္ ေခါင္းမူးျခင္း၊ အသက္ရွဴက်ပ္ျခင္း စတင္ျဖစ္ေပၚပါက ေရတြင္းေပၚသို႔ ခ်က္ခ်င္းအေၾကာင္းၾကား၍ ျပန္တက္ပါ။ ေခတၱအနားယူ၍ အဆင့္(၃)ႏွင့္ (၄)ကို ေသခ်ာေအာင္ ျပန္လုပ္ပါ။ ဆင္းမည့္သူကို လူစားလဲေဆာင္႐ြက္ပါ။

    (၆) ဤသို႔ ေရတြင္းဆယ္ျခင္းကို တစ္ဦးတည္းမျပဳလုပ္ရ။ ကူညီမည့္အေဖာ္ ေလးဦး ငါးဦး ေရတြင္းေပၚတြင္ အဆင္သင့္ရွိေနပါေစ။ ျဖစ္ႏိုင္လွ်င္ ေရတြင္းအတြင္း ဆင္းမည့္သူ၏ ခ်ိဳင္း၊ ခါးတို႔တြင္ သင့္ေတာ္ရာ ႀကိဳးႀကီးတစ္ေခ်ာင္း ခ်ည္ေႏွာင္ခ်ိတ္ဆြဲလ်က္ ဆင္းပါ။ လိုအပ္လွ်င္ ေရတြင္းေပၚမွ ကူညီမည့္သူမ်ားက အလ်င္အျမန္ ဆြဲမတင္၍ အခ်ိန္မီ အသက္ကယ္ႏိုင္မည္။ မီးသတ္၊ ၾကက္ေျခနီအဖြဲ႕ဝင္မ်ား ပါဝင္ေဆာင္႐ြက္ပါက ပိုမိုေကာင္းမြန္ပါသည္။ ေရတြင္းအတြင္း အလင္းေရာင္ရေစရန္ နဖူးတြင္ တပ္ဆင္၍ရေသာ ဓာတ္မီးကို အသုံးျပဳႏိုင္ပါသည္။

    ဤေဆာင္းပါးကို ဖတ္ရႈေသာ စာဖတ္ပရိသတ္မ်ားသည္ ဤဗဟု သုတကို ျဖန႔္ေဝေပးျခင္းျဖင့္ ”လူ႔အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္ၾကပါေစ”ဟု ဆႏၵျပဳ ေရးသားလိုက္ရပါသည္။

    Credit – ပါေမာကၡေဒါက္တာထင္ေဇာ္စိုး

    Ref: MOI Webportal Myanmar