မဟာဗႏၶဳလပန္းၿခံရွိ လြတ္လပ္ေရး ေက်ာက္တိုင္အေၾကာင္း

(Zawgyi)
မဟာဗႏၶဳလပန္းၿခံရွိ လြတ္လပ္ေရး ေက်ာက္တိုင္

မဟာဗႏၶဳလပန္းၿခံရွိလြတ္လပ္ေရး ေမာ္ကြန္းဝင္ ေက်ာက္တိုင္ႀကီးမွာ ပန္းၿခံ၏ အလယ္ဗဟို၌ ထီးထီးမားမား တည္ရွိေနသည္မွာ ျမန္မာႏိုင္ငံသားတိုင္း သိၾကပါသည္။ အဆိုပါ ေက်ာက္တိုင္ႀကီးကို ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရသည့္ႏွစ္ ၁၉၄၈ခုႏွစ္၊ ဇန္နဝါရီလ၄ရက္ေန႔၌ပင္ ပန္းၿခံ၏ အလယ္ဗဟို၌ အုတ္ျမစ္ခ်ခဲ့ပါသည္။ ေက်ာက္တိုင္ႀကီးအား ၁၀လၾကာ တည္ေဆာက္ခဲ့ရၿပီး ၁၉၄၈ခုႏွစ္၊ ေအာက္တိုဘာ၅ရက္ေန႔တြင္ အခမ္းအနားျဖင့္ဖြင့္လွစ္ခဲ့သည္။

လြတ္လပ္ေရး ေက်ာက္တိုင္အား ငလ်င္ဒါဏ္၊ မိုးဒါဏ္၊ ေလဒါဏ္၊ မုန္တိုင္းဒါဏ္တို႔မွ ႀကံ့ႀကံ့ခိုင္ႏိုင္ေစရန္ ေအာက္ေျခ ေျမအနက္၁၀ေပ၊ အခ်င္းေပ၅၀ခန႔္ ေဖာင္ေဒးရွင္းခ်ခဲ့သည္။ ထို႔ေနာက္ ဓာတ္ရထား သံလမ္းမ်ားကို ထီးခ႐ိုင္ကဲ့သို႔ စီမံကာ အမာခံ အုတ္ျမစ္ခ်ခဲ့သည္။

ေက်ာက္တိုင္၏အျမင့္ကိုမူ ဆူးေလေစတီေတာ္ထက္ အနည္းငယ္နိမ့္ေသာအေနအထားျဖင့္ ၁၅၅ေပ သတ္မွတ္ခဲ့သည္။ ေက်ာက္တိုင္တည္ေဆာက္ေရးလုပ္ငန္း အဝဝကို ေအစီမာတင္ ကုမၸဏီမွ တာဝန္ယူခဲ့သည္။

လြတ္လပ္ေရး ေက်ာက္တိုင္တည္ေဆာက္ေရး ေကာ္မတီတြင္ ႀကီးၾကပ္ေရးဆိုင္ရာ အင္ဂ်င္နီယာမ်ားအျဖစ္ ဗိသုကာႏွင့္ အင္ဂ်င္နီယာဦးအုန္းႀကိဳင္၊ ဦးေက်ာ္စိန္ (အၿငိမ္းစား အင္ဂ်င္နီယာခ်ဳပ္ ျပည္သူ႔အိုးအိမ္)၊ စည္သူဦးတင္ (ရန္ကုန္ျမဴနီစီပယ္လမ္းႏွင့္ အေဆာက္အအုံ အင္ဂ်င္နီယာေဟာင္း) တို႔ပါဝင္ခဲ့ၾကသည္။


ေက်ာက္တိုင္တြင္ အရံၾကယ္သဏၭန္တိုင္မ်ားမွာ တိုင္မႀကီး၏ ၅ပုံ၁ပုံခန႔္ျဖစ္ၿပီး၊ ေအာက္ေျခ၌မူ စက္ဝိုင္းပုံစံ တည္ေဆာက္ထားပါသည္။ ထို႔ျပင္ တိုင္ထိပ္၌ မိုးႀကိဳးလြဲကိုလည္း တပ္ဆင္ထားၿပီး တိုင္ေျခ၌လည္း ျခေသၤ့႐ုပ္ ေျခာက္ေကာင္ႏွင့္ အရန္ေျခာက္ေကာင္တို႔ျဖင့္ တန္ဆာဆင္ တည္ေဆာက္ထားပါသည္။

နႏၵာမိုးၾကယ္၏ ျမန္မာ့သမိုင္းဝင္ ျဖစ္ရပ္မ်ား ၁၀၀မွ ေကာက္ႏႈတ္တင္ျပပါသည္။

(Unicode)
မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်

မဟာဗန္ဓုလပန်းခြံရှိလွတ်လပ်ရေး မော်ကွန်းဝင် ကျောက်တိုင်ကြီးမှာ ပန်းခြံ၏ အလယ်ဗဟို၌ ထီးထီးမားမား တည်ရှိနေသည်မှာ မြန်မာနိုင်ငံသားတိုင်း သိကြပါသည်။ အဆိုပါ ကျောက်တိုင်ကြီးကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်နှစ် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ၄ရက်နေ့၌ပင် ပန်းခြံ၏ အလယ်ဗဟို၌ အုတ်မြစ်ချခဲ့ပါသည်။ ကျောက်တိုင်ကြီးအား ၁၀လကြာ တည်ဆောက်ခဲ့ရပြီး ၁၉၄၈ခုနှစ်၊ အောက်တိုဘာ၅ရက်နေ့တွင် အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့သည်။

လွတ်လပ်ရေး ကျောက်တိုင်အား ငလျင်ဒါဏ်၊ မိုးဒါဏ်၊ လေဒါဏ်၊ မုန်တိုင်းဒါဏ်တို့မှ ကြံ့ကြံ့ခိုင်နိုင်စေရန် အောက်ခြေ မြေအနက်၁၀ပေ၊ အချင်းပေ၅၀ခန့် ဖောင်ဒေးရှင်းချခဲ့သည်။ ထို့နောက် ဓာတ်ရထား သံလမ်းများကို ထီးခရိုင်ကဲ့သို့ စီမံကာ အမာခံ အုတ်မြစ်ချခဲ့သည်။

ကျောက်တိုင်၏အမြင့်ကိုမူ ဆူးလေစေတီတော်ထက် အနည်းငယ်နိမ့်သောအနေအထားဖြင့် ၁၅၅ပေ သတ်မှတ်ခဲ့သည်။ ကျောက်တိုင်တည်ဆောက်ရေးလုပ်ငန်း အဝဝကို အေစီမာတင် ကုမ္ပဏီမှ တာဝန်ယူခဲ့သည်။

လွတ်လပ်ရေး ကျောက်တိုင်တည်ဆောက်ရေး ကော်မတီတွင် ကြီးကြပ်ရေးဆိုင်ရာ အင်ဂျင်နီယာများအဖြစ် ဗိသုကာနှင့် အင်ဂျင်နီယာဦးအုန်းကြိုင်၊ ဦးကျော်စိန် (အငြိမ်းစား အင်ဂျင်နီယာချုပ် ပြည်သူ့အိုးအိမ်)၊ စည်သူဦးတင် (ရန်ကုန်မြူနီစီပယ်လမ်းနှင့် အဆောက်အအုံ အင်ဂျင်နီယာဟောင်း) တို့ပါဝင်ခဲ့ကြသည်။


ကျောက်တိုင်တွင် အရံကြယ်သဏ္ဌန်တိုင်များမှာ တိုင်မကြီး၏ ၅ပုံ၁ပုံခန့်ဖြစ်ပြီး၊ အောက်ခြေ၌မူ စက်ဝိုင်းပုံစံ တည်ဆောက်ထားပါသည်။ ထို့ပြင် တိုင်ထိပ်၌ မိုးကြိုးလွဲကိုလည်း တပ်ဆင်ထားပြီး တိုင်ခြေ၌လည်း ခြင်္သေ့ရုပ် ခြောက်ကောင်နှင့် အရန်ခြောက်ကောင်တို့ဖြင့် တန်ဆာဆင် တည်ဆောက်ထားပါသည်။

နန္ဒာမိုးကြယ်၏ မြန်မာ့သမိုင်းဝင် ဖြစ်ရပ်များ ၁၀၀မှ ကောက်နှုတ်တင်ပြပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *