အဆီကျ ဆေး နှင့် အဆီကျ အစားအသောက်များ ၏ အန္တရာယ်များ

 

အခုတလော online မှာ အဆီကျ ဆေး ကတစ်မျိုး အဆီကျ ကော်ဖီ၊ အဆီကျ Green Tea ၊ အဆီကျ ဘီစကစ် ဆိုပြီးတော့ တစ်မျိုးရောင်းလာကြပါတယ်။ တချို့ဆို ရက်အနည်းငယ် စားပြီး ပေါင် ၁၀-၁၅ အထိ ပြောပြီးကြေညာ လာတာတွေ လည်း တွေ့လာရပါတယ်။ တကယ်ကျမကျ မသိပေမယ့် ဒီလို ဆေးတွေ ဘီစကစ် တွေစား လို့ လေးရက် အတွင်း ၁၀ပေါင် တကယ်ကျရင်တော့ ဒီပစ္စည်းပာာ အန္တရာယ်များတဲ့ ဓါတုပစ္စည်း တစ်မျိုးမျိုးပါနေတတ်ပါတယ်။ ဥပမာ- ကဖိန်းဓါတ် (Caffeine) အများကြီးပါနေတာမျိုး၊ သိုင်းရွိုက် ပောာ်မုန်း (Thyroid Hormone) တွေ ပါနေတာမျိုး၊ အဆိုးဆုံး ကတော့ Ephedrine (အက်ဖဒရင်း) လို့ ခေါ်တဲ့ အန္တရာယ် များတဲ့ ဓါတုပစ္စည်း ထည့်ထားတာမျိုး တွေဖြစ်နေတတ်ပါတယ်။

ဘေးထွက်ဆိုးကျိုး တွေ အနေနဲ့ အောအန်တာ၊ စိတ် ဂယောင်ဂတမ်း ဖြစ်တာ၊ စိတ်ဓါတ်ကျတာ၊ ဝက်ရူးပြန်သလို တက်တာ၊ လေဖြတ်တာ၊ ရင်တုန်တာ၊ နှလုံးခုန် မမှန်တာတွေ ဖြစ်တတ်ပြီး အသက်သေဆုံး သည် အထိဖြစ်တတ်ပါတယ်။

နောက်ပိုင်း အခု နာမည် အရမ်းကြီးနေတဲ့ အဆီကျ ကော်ဖီ အကြောင်း ကို ကျွန်တော် ပြောချင်ပါတယ်။ အဆီကျ ကော်ဖီ မှ မပာုတ်ပါဘူး ကော်ဖီ ရဲ့သဘာဝ ကို က BMR (Basal Metabolic Rate) ကို တက်စေပါတယ်။ အလွယ်ပြောရရင် တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီပမာဏ ကို များစေပါတယ်။ အဲ့ဒါကြောင့် လည်း ဝိတ်ကျစေတာပါ။ တသ်ခု ရှိတာ က ကော်ဖီကို သကြားတွေ နို့ဆီတွေ creamer တွေ အများကြီးနဲ့ သောက်ရင်တော့ ဝိတ်ပိုတက်စေပါတယ်။ ဒါပေမယ့် ကော်ဖီ ကလည်း တစ်နေ့ ကို ပုံမှန် လူတစ်ယောက် အနေ နဲ့ ၃ ခွက် ထက် မပို သင့်ပါဘူး။ သတ်မှတ်ထား တဲ့ ပမာဏ ထက်များလာရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ခု နာမည်ကြီး နေတာ ကတော့ အဆီကျ Green Tea ပါ။ ကြီးကြီးမားမား ဘေးထွက် ဆိုးကျိုး မရှိပေမယ့်။ ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့ လူနာ တွေမှာ ဆိုရင်တော့ မသောက်သင့်ပါဘူး။ တချို့ လူတွေ မှာတော့ ခေါင်းကိုက်တာ မျိုး ဖြစ်တတ်ပါတယ်။

အလွယ်နည်း မလိုက်ဘဲ ကျန်းမာရေး နှင့် အညီ diet plan စနစ်တကျ စားပြီး သင့်တော် သော အားကစားနည်း တစ်မျိုးမျိုး ကစားပြီး ဖြည်းဖြည်း နဲ့ မှန်မှန် ဝိတ်ချမှ သာ ရေရှည် အတွက် အကောင်းဆုံးပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photo from internet source

Comments

Leave a Reply

Your email address will not be published. Required fields are marked *