သိထားသင့္တဲ့ လွ်ပ္စစ္မီတာ တြက္ခ်က္နည္း᠌᠌᠌

[Zawgyi version]
သိထားသင့္တဲ့ လွ်ပ္စစ္မီတာ တြက္ခ်က္နည္း᠌᠌᠌

ယေန႔ေခတ္မွာ ေနရာေတာ္ေတာ္မ်ားမ်ား လွ်ပ္စစ္မီး ရလာၾကပါၿပီ။ ဒါေၾကာင့္ လွ်ပ္စစ္ အသုံးျပဳခေတြ၊ မီတာကုန္က်ခေတြ အေၾကာင္း လူအမ်ား သိသင့္ပါတယ္။ ဘယ္အရာမဆို ကိုယ္တိုင္တြက္ခ်က္တတ္ရင္ အလိုလို ခ်င့္ခ်ိန္တတ္လာမယ္။ ေနာက္ၿပီး သူမ်ား ညာတာလဲ မခံရေတာ့ပါဘူး။

ဦးဇင္းတို႔ မီတာတြက္တဲ့အခါ အသုံးျပဳတဲ့ လွ်ပ္စစ္ပစၥည္းေလးေတြကို အရင္ watt (ဝပ္) ဘယ္ေလာက္ႏုန္း စားလဲလို႔ သိရပါမယ္။ မီးလုံးတစ္လုံးဆိုရင္ 60 Wလို႔ ေရးထားပါတယ္။ 60 W(ဝပ္) ရွိတဲ့ အဲဒီ မီးလုံးေလးကို ႏွစ္နာရီတိတိ ထြန္းထားမယ္ဆိုရင္ (60 × 2 = 120) ၁၂၀ ေပါ့။ သူ႔ကို တို႔နာရီနဲ႔ ေျမႇာက္ၿပီးသား ျဖစ္လို႔ ဝပ္နာရီ (Watt Hours = WH)လို႔ ေခၚပါတယ္။

1000 WH ကို 1KWH (Kilowatt hour) ျဖစ္လို႔ တစ္ေထာင္နဲ႔ စားပါက ကီလိုဝပ္ဟာဝါ ရပါတယ္။ ဒါေၾကာင့္ ခုနက ၁၂၀ကို ၁ေထာင္နဲ႔ စားရင္ 0.12 ရမယ္။ အဲဒါကို မီတာခ ေကာက္ခံႏႈန္းထား ၃၅က်ပ္နဲ႔ ေျမႇာက္တဲ့အခါ 4.2 ရပါတယ္။ ဒါဆိုရင္ 60W မီးသီးေလးကို ႏွစ္နာရီထြန္းရင္ ၄ က်ပ္ ေက်ာ္ေက်ာ္ က်ပါတယ္။

မီတာခေတြ ေကာက္ခံတဲ့အခါ အိမ္သုံးနဲ႔ လုပ္ငန္းသုံးဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ အဲဒီ ႏွစ္မ်ိဳးမွာလဲ ယူနစ္ အသုံးျပဳမႈ႕အလိုက္ အခေၾကးေငြ ကြာပါတယ္။ ကိုယ္ဘယ္ေလာက္ႏူန္း မီတာခ အေကာက္ခံရတယ္ဆိုတာ ေဘာင္ခ်ာမွာ ၾကည့္ရင္ သိႏိူင္ပါတယ္။

မိမိတို႔ အသုံးျပဳေနတဲ့ လွ်ပ္စစ္ပစၥည္းတိုင္းမွာ မီတာစားႏူန္းေလးေတြ ေရးထားတာ ေတြ႕ရပါလိမ့္မယ္။

တစ္ေကာင္ အဲယားကြန္း 750 W
ထမင္းေပါင္းအိုး 700 W
ေလးေပ မီးေခ်ာင္း 40 W

အဲဒီလိုေလးေတြပါတာ ေတြ႕မွာပါ။ ပိုၿပီး ရွင္းလင္းသြားေအာင္ ဦးဇင္းျပေပးထားတဲ့ ပုံေလးကို ၾကည့္လိုက္ပါ။ အားလုံး အဆင္ေျပၾကပါေစ။
Credit : Ashin Thuseikta

[Unicode version]
သိထားသင့်တဲ့ လျှပ်စစ်မီတာ တွက်ချက်နည်း᠌᠌᠌

ယနေ့ခေတ်မှာ နေရာတော်တော်များများ လျှပ်စစ်မီး ရလာကြပါပြီ။ ဒါကြောင့် လျှပ်စစ် အသုံးပြုခတွေ၊ မီတာကုန်ကျခတွေ အကြောင်း လူအများ သိသင့်ပါတယ်။ ဘယ်အရာမဆို ကိုယ်တိုင်တွက်ချက်တတ်ရင် အလိုလို ချင့်ချိန်တတ်လာမယ်။ နောက်ပြီး သူများ ညာတာလဲ မခံရတော့ပါဘူး။

ဦးဇင်းတို့ မီတာတွက်တဲ့အခါ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းလေးတွေကို အရင် watt (ဝပ်) ဘယ်လောက်နုန်း စားလဲလို့ သိရပါမယ်။ မီးလုံးတစ်လုံးဆိုရင် 60 Wလို့ ရေးထားပါတယ်။ 60 W(ဝပ်) ရှိတဲ့ အဲဒီ မီးလုံးလေးကို နှစ်နာရီတိတိ ထွန်းထားမယ်ဆိုရင် (60 × 2 = 120) ၁၂၀ ပေါ့။ သူ့ကို တို့နာရီနဲ့ မြှောက်ပြီးသား ဖြစ်လို့ ဝပ်နာရီ (Watt Hours = WH)လို့ ခေါ်ပါတယ်။

1000 WH ကို 1KWH (Kilowatt hour) ဖြစ်လို့ တစ်ထောင်နဲ့ စားပါက ကီလိုဝပ်ဟာဝါ ရပါတယ်။ ဒါကြောင့် ခုနက ၁၂၀ကို ၁ထောင်နဲ့ စားရင် 0.12 ရမယ်။ အဲဒါကို မီတာခ ကောက်ခံနှုန်းထား ၃၅ကျပ်နဲ့ မြှောက်တဲ့အခါ 4.2 ရပါတယ်။ ဒါဆိုရင် 60W မီးသီးလေးကို နှစ်နာရီထွန်းရင် ၄ ကျပ် ကျော်ကျော် ကျပါတယ်။

မီတာခတွေ ကောက်ခံတဲ့အခါ အိမ်သုံးနဲ့ လုပ်ငန်းသုံးဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီ နှစ်မျိုးမှာလဲ ယူနစ် အသုံးပြုမှု့အလိုက် အခကြေးငွေ ကွာပါတယ်။ ကိုယ်ဘယ်လောက်နူန်း မီတာခ အကောက်ခံရတယ် ဆိုတာ ဘောင်ချာမှာ ကြည့်ရင် သိနိူင်ပါတယ်။

မိမိတို့ အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းတိုင်းမှာ မီတာစားနူန်းလေးတွေ ရေးထားတာ တွေ့ရပါလိမ့်မယ်။

တစ်ကောင် အဲယားကွန်း 750 W
ထမင်းပေါင်းအိုး 700 W
လေးပေ မီးချောင်း 40 W

အဲဒီလိုလေးတွေပါတာ တွေ့မှာပါ။ ပိုပြီး ရှင်းလင်းသွားအောင် ဦးဇင်းပြပေးထားတဲ့ ပုံလေးကို ကြည့်လိုက်ပါ။ အားလုံး အဆင်ပြေကြပါစေ။
Credit : Ashin Thuseikta

Comments

Leave a Reply

Your email address will not be published. Required fields are marked *