ယာဉ်မောင်းလိုင်စင် သက်တမ်း(၅)နှစ်ကျော်လို့ ပျက်ပျယ်တဲ့ ယာဉ်မောင်းလိုင်စင်တွေ ဘယ်လိုပြန်လျှောက်?

[Zawgyi version]



ပက်စပို့ဓါတ်ပုံ(၄)ပုံ


[Unicode version]
ယာဉ်မောင်းလိုင်စင် သက်တမ်း(၅)နှစ်ကျော်လို့
ပျက်ပျယ်တဲ့ ယာဉ်မောင်းလိုင်စင်တွေ ပြန်လျှောက်လို့ရပြီ

ကျွန်တော်တို့သိထားတာက ကျွန်တော်တို့ရဲ့ယာဉ်မောင်းလိုင်စင်တွေဟာ သက်တမ်းမတိုးဘဲထားလို့(၅)နှစ်ကျော်သွားရင် အဲ့ဒီယာဉ်မောင်းလိုင်စင်ဟာ အသုံးပြုခွင့်မရှိတော့ဘဲ အလိုလိုပျက်ပျယ်သွားပါတယ်။ ဒီတော့ ဘယ်လိုယာဉ်မောင်းလိုင်စင်ပဲဖြစ်ဖြစ် ပျက်ပျယ်သွားပီဆိုတာနဲ့ အစကပြန်လုပ်ရပြီပေါ့။ အခုတော့အဲ့ဒီလိုမဟုတ်တော့ဘဲ ပြန်လျှောက်လိုရပါပြီ။

သက်တမ်း(၅)နှစ်အထက် တစ်ရက်ကျော်ကျော်
တစ်လကျော်ကျော် တစ်နှစ်ကျော်ကျော် ဘယ်လောက်ကျော်ကျော် သက်ဆိုင်ရာမူလရုံးမှာပြန်လျှောက်လို့ရပါပီ။ သက်ဆိုင်ရာ မူလရုံးမှာသာလျှင် အချက်အလက်ပြည့်စုံစွာရှိတာဖြစ်လို့ မူလလိုင်စင် လုပ်ခဲ့တဲ့ရုံးမှာပဲ ပြန်လျှောက်ရမှာပါ။ အဲ့ဒီလို ပြန်လျှောက်တဲ့အခါ ရေးဖြေသာလျှင်ဖြေရပြီး ကားမောင်းပြတာတွေ မလုပ်ရတော့ပါဘူး။ နောက်ပီး မူလလိုင်စင်ပဲ မူလနံပါတ်နဲ့ပြန်ရပါတယ်။ ကဲ ဘယ်လောက်အဆင်ပြေလိုက်သလဲ.

အဲ့လို(၅)နှစ်ကျော်တဲ့ယာဉ်မောင်းလိုင်စင်တွေပြန်လျှောက်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေကတော့
မှတ်ပုံတင်မူရင်း မိတ္ထူ
ပက်စပို့ဓါတ်ပုံ(၄)ပုံ
ယာဉ်မောင်းလိုင်စင်မူရင်း
ပိုင်ရှင်ကိုယ်တိုင်တို့ဖြစ်ပါတယ်။

Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Comments

Leave a Reply

Your email address will not be published. Required fields are marked *