စပျစ်သီးစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

 

စပျစ်သီးကိုစားတိုင်း အစေ့ကို ထွေးထွေးထုတ်ပစ်တတ်လား။ ဒါဆိုရင်တော့ ဒီစာလေးကိုဖတ်ကြည့်လိုက်ပါနော်။

စပျစ်သီးစားတိုင်း စပျစ်သီးအစေ့ကိုစားပေးသင့်ပါတယ်။ ဘာကောင်းသလဲဆိုတာ ကြည့်ရအောင်ပါ။

စပျစ်သီးစေ့ရဲ့ အကျိုးကျေးဇူးများ
နှလုံးရောဂါ
စပျစ်သီးစေ့မှာ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုကို ကာကွယ်ပေးနိုင်ပြီး သွေးခဲတာကို ကာကွယ်ပေးနိုင်တဲ့ Nitric Acid ပါဝင်ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

အရိုး
စပျစ်သီးစေ့မှာ ကြေးနီ၊ သံဓါတ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေပါဝင်လို့ အရိုးတွေကို သန်မာစေပါတယ်။

ကင်ဆာ
စပျစ်သီးစေ့မှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေအများအပြားပါဝင်ပါတယ်။
ဒါ့ကြောင့် အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။

ပန်းနာရင်ကြပ်
စပျစ်သီးစေ့ကို ပန်းနာရင်ကြပ်အတွက်လည်း စားသုံးပေးသင့်ပါတယ်။ အဆုတ်ကို ကာကွယ်ပေးလို့ ပန်းနာရင်ကြပ်ဖြစ်ပွားမှုကို သက်သာစေပါတယ်။

အစာချေစနစ်
စပျစ်သီးမှာ အဟာရဓါတ်တွေအများအပြားပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

ဆီးချို
မကြာသေခင်က သိပ္ပံပညာရှင်တွေဟာ သပျစ်သီးစေ့ကို ဆီးချိုရောဂါအတွက် စားသုံးပေးဖို့ အကြံဉာဏ်ပြုထားကြပါတယ်။

ကျောက်ကပ်
စပျစ်သီးစေ့မှာ Uric Acid ကိုလျှော့ချပေးလို့ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်ထပ်အကျိုးကျေးဇူးတွေကတော့
သွေးတွင်းကိုလက်စရောကျစေပြီး Alzheimer ရောဂါကိုလည်း ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
ဒါ့ကြောင့် စပျစ်သီးစားတိုင်း အစေ့ကိုပါ တွဲစားပေးပါ။
Source: alkalinevalleyfoods.com

Comments

Leave a Reply

Your email address will not be published. Required fields are marked *