ဆီးကျောက်တည်ခြင်းကို ပျောက်ကင်းစေနိုင်တဲ့ ကျောက်ဖရုံသီး

ကျောက်ဖရုံသီးသည် အားကို တိုးပွားစေ၏။ သုတ်ကို တိုးပွားစေ၏။ ကြေကျက်ခဲ၏။ မှည့်သော အသီးသည် ၀မ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။ ဆီးအိမ်ကို သုတ်သင်တက်၏။ သည်းခြေကို နိုင်၏။ ကျောက်ဖရုံ သီး၏ သတ္တုရည်ကို သွေးအန်သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကို တိုက် ကျွေးလျှင် ပျောက်ကင်း စေသည်။ ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် ရောဂါ များ၌ အသီး သတ္တုရည် ၃ ကျပ်သားတွင် ရှိန်းခိုနှင့် ဂျုံပင်ပြာ ဆားအနည်းငယ် ရောထည့်၍ တိုက်ကျွေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။

အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အဆုတ်ရောဂါ၌ အားအင် ကုန်းခမ်းခြင်းတို့ အတွက် အသီးကို ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ (ကုမ္ဘဏ္ဍ ချက်ဆေး) အဖြစ် အသုံးများ ကြသည်။

ကျောက်ဖရုံသီးကို ကျောက်ကပ်သမားတစ်ယောက် ခြေထောက်တွေ ရောင်လာတဲ့အခါ ချက်ချင်း အစိမ်းသောက်လိုက်တာ အရောင် ကျသွားပါတယ်။ နောက်တစ်နည်းကတော့ ဆီးကျောက်တည်ခြင်းပါ။

ဆီးကျောက်တည်သူတွေ အနေနဲ့ကျောက်ဖရုံသီးလက်ငါးလုံးခန့်၂စိတ်ကို ရေဆေးပါ အစေ့များဖယ်ပြီး သခွါးခြစ်ဖြင့်ခြစ်ပါ သောက်နိုင်ရုံ ရေတစ်ဖန်ခွက်ထည့်၍ Blenderဖြင့်ကြိတ်ပါပြီးလျှင်ဇကာဖြင့်အရည်စစ်ယူပါ ထို့နောက*်ရှိန်းခို* (ငရုတ်ကောင်းစေ့၂စေ့စာခန့် ) ထည့်မွှေပါ နံနက်စောစောအစာမစားမီ တစ်ပတ်ခန့်သောက်ပေးပါ။
Source: Ethnic Prides

Comments

Leave a Reply

Your email address will not be published. Required fields are marked *