(Zawgyi)
•ပြလုပ်ရန်
•မနက်တစ်ကြိမ်
•ည တစ်ကြိမ်
(Unicode)
ခြေထောက်မှာ သဲဝဲလို့ ခေါ်တဲ့ မှိုရောဂါတစ်မျိုး စွဲကပ်တဲ့အခါ နာကျင်မှုကို ခံစားရပြီး နေရထိုင်ရခက်စေပါတယ်။ ယားယံခြင်းကိုလည်း မခံမရပ်နိုင်အောင် ခံစားရပါတယ်။ရေနဲ့ထိတွေ့ပါ များတဲ့လူတွေမှာ အဖြစ်များပါတယ်။
အဲ့ဒိလို သဲဝဲစားတဲ့အခါ အိမ်မှာ ရှိတဲ့ မီးဖိုချောင် ပစ္စည်းတစ်မျိုးက သင့်ကို ကူညီနိုင်ပါလိမ့်မယ်။ အဲ့ဒါကတော့ အာလူးပါ။ နည်းလမ်းက လွယ်ကူပါတယ်။ အာလူးကို စိပ်ပြီး သဲဝဲဖြစ်နေတဲ့ အပေါ်ကို တစ်နေ့မှာ ၂ကြိမ် ပွတ်တိုက်ပေးပါ။ ပြီးရင် ခြောက်သွေ့အောင် ခဏထားပါ။ သန့်ရှင်းတဲ့ ခြေအိတ်ကို စွပ်ထားလိုက်ပါ။
ပြလုပ်ရန်-မနက်တစ်ကြိမ် ည တစ်ကြိမ်။ ညတစ်ကြိမ် ပွတ်တိုက်ပြီးရင်တော့ ခြေအိတ်မစွပ်ဘဲ အိပ်ပါ။ လေဝင်လေထွက်ကောင်းမွန်အောင်ပါ။ ၂ရက်လောက် ပွတ်တိုက်ပေးရုံနဲ့ ယားယံခြင်းကို သိသိသာသာ သက်သာလာစေပါတယ်။ ၃-၄ လောက်မှာတော့ အဖတ်လေးတွေ ကွာကျပြီး တဖြည်းဖြည်း လျော့ပါးသွားပါလိမ့်မယ်။ အာလူးဟာ ခြေထောက်က အနံ့ဆိုးတွေကို ပျောက်ကင်းအောင်လည်း အသုံးပြုလို့ ရပါတယ်။
Credit: Health Updates Journal
Leave a Reply