ဆီးချိုရောဂါဖြစ်ပွားမှုကို မြင့်တက်စေနိုင်တဲ့အပြင် ဆော်ဒါပါတဲ့အချိုရည်သောက်သုံးခြင်းရဲ့ ဆိုးကျိုးများ

သင်ဟာ ဆော်ဒါပါတဲ့အချိုရည်ကို ရေထက်ပိုပြီးသောက်သုံးတတ်တဲ့သူလား။ ဒါဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့်လိုက်ပါနော်။

သကြား
ဆော်ဒါပါတဲ့အချိုရည်တစ်ဘူးမှာ သကြား လက်ဖက်ရည်ဇွန်း ၁၀ဇွန်းကနေ ၁၆ ဇွန်းထိ ပါဝင်ပါတယ်။ ဒါဟာ ဆီးချိုဖြစ်နိုင်ချေပိုများစေပြီး ကိုယ်အလေးချိန်တက်စေသလို တခြားကျန်းမာရေးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အချိုရည်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ သကြားသုံးစွဲမှုအများဆုံးဖြစ်ပါတယ်။

ကဖိန်း
ဆိုဒါပါတဲ့အချိုရည်အများစုမှာ ကဖိန်းဓါတ်ပါဝင်ပါတယ်။ အဲဒီမှာပါဝင်တဲ့ကဖိန်းဓါတ်က ကင်ဆာ၊ ရင်သားအကြိတ်၊ နှလုံးခုန်မမှန်တာ၊ သွေးတိုးတာနဲ့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။

ရေ
သကြားမှာပါဝင်တဲ့ရေဟာ ကလိုရင်း၊ ဖရူရိုရိုက် စတဲ့ ဓါတုပစ္စည်းတွေပါဝင်နေပါတယ်။

အ၀လွန်ခြင်း
ဟာဗတ်တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ဆော်ဒါပါတဲ့ အချိုရည်ကို သောက်သုံးတာဟာ အ၀လွန်ခြင်းကို တိုးမြင့်စေနိုင်တယ်လို့ ဆိုပါတယ်။

အဟာရဓါတ်မရှိခြင်း
ဆော်ဒါကိုသောက်သုံးတာဟာ ခန္တာကိုယ်အတွက်လိုအပ်တဲ့ ဘာအဟာဓါတ်ကိုမှရရှိမှာမဟုတ်ပါဘူး။

သွားကျန်းမာရေး
ဆော်ဒါကို ပုံမှန်သောက်ပေးတာဟာ သွားပိုးစားတာ သွားကျောက်တည်တာနဲ့ မှိုရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အရိုးပျော့တာလည်းဖြစ်စေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်း
သကြားဓါတ်၊ ဆိုဒီယမ် နဲ့ ကဖိန်းဓါတ်ပါဝင်မှု များတာကြောင့် ရေဓါတ်ခမ်းခြောက်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု
ဆော်ဒါကို သောက်ပေးတာဟာ အမျိုးသမီးတွေအတွက် စိတ်ဖိစီးမှုကို မြင့်တက်စေပါတယ်။

မေးခွန်းတစ်ခုရှိပါတယ်။ သကြားမပါတဲ့ ဆော်ဒါကော သောက်လို့မရဘူးလား။
သကြားမပါတဲ့ ဆော်ဒါဟာ ကယ်လိုရီမပါပါဘူး။ ဒါပေမဲ့ ကိုယ့်အတက်ကောင်းတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ဒါဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။
crd;copy

Comments

Leave a Reply

Your email address will not be published. Required fields are marked *