နေ့တိုင်းသောက်တဲ့ရေထဲမှာ တစ်လှည့်စီထည့်ပြီး သောက်ပေးသင့်တဲ့ အသီးအနှံများ

တစ်နေ့ကိုရေ ၈ ခွက်ပုံမှန်သောက်ပေးမှ ခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့ ရေဓာတ်ကိုကောင်းကောင်း ဖြည့်ပေးနိုင်မယ်ဆိုတာကိုတော့ အားလုံးပဲသိထားပြီးပြီလို့ထင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီးကျန်းမာလှပတဲ့ အသားအရေမျိုးကိုပိုင်ဆိုင်မယ်၊ ကျန်းမာရေးလည်း ကောင်းချင်တယ်ဆိုရင်တော့ နေ့တိုင်းသောက်နေကျရေထဲမှာ ဒါတွေကိုတစ်လှည့်စီထည့်ပြီးသောက်ပေးမယ်ဆိုရင် ရေသောက်ချင်စိတ်ကိုလည်းဖြစ်စေပြီး လှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ရှောက်သီး
အခုနောက်ပိုင်းမှာရေဘူးလေးတွေထဲကို အသီးအနှံလေးတွေထည့်ပြီး သောက်တာကခေတ်စားလာတာဆိုတော့ ရှောက်သီးကိုလည်း ရေထဲထည့်ပြီးတော့ သောက်ပေးဖို့လိုပါတယ်။ ရှောက်သီးကိုသောက်မယ့်ရေပုလင်းထဲကို ညစ်ပြီးတော့ထည့်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆီတွေကိုလျော့နည်းစေပြီး အသားအရေကိုလည်းကြည်လင်လာစေပါတယ်။

သခွားသီး
သခွားသီးကိုပါးပါးလေးတွေလှီးပြီးတော့ ရေဘူးထဲကိုထည့်ပြီးတော့ သောက်ပေးမယ်ဆိုရင် သခွားသီးမှာပါဝင်နေတဲ့ ရေဓာတ်တွေကြောင့် သင့်ကိုရေဓာတ်ကောင်းကောင်းပြည့်ဝစေပါတယ်။

စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးတွေပေါ်ချိန်မှာဆိုရင်တော့ စတော်ဘယ်ရီသီးလေးတွေကို သေချာလှီးပေးပြီး ပျိုမေတို့သောက်မယ့် ရေဘူးထဲကိုထည့်ပြီးတော့ သောက်ပေးလို့ရပါတယ်။ စတော်ဘယ်ရီရဲ့ ချိုတဲ့အရသာကြောင့် ရေကလည်းပိုပြီးတော့ သောက်လို့ကောင်းသွားမှာပဲဖြစ်ပါတယ်။

လိမ္မော်သီး
လိမ္မော်သီးကလည်း ရေထဲမှာထည့်ပြီးတော့ သောက်ပေးဖို့လိုအပ်တဲ့အသီးအနှံပါပဲ။ ရေဘူးထဲကို လိမ္မော်သီးလေးတွေထည့်ပြီးတော့ သောက်ပေးမယ်ဆိုရင် ရေသောက်ချင်စိတ်ကိုပိုဖြစ်စေပြီး ခန္ဓာကိုယ်အတွက်လည်း ရေဓာတ်ကောင်းကောင်းပြည့်ဝစေပါတယ်။
Photo Source: Pexels

Comments

Leave a Reply

Your email address will not be published. Required fields are marked *