ခံတွင်းခြောက်နေသူတွေ လုပ်ဆောင်သင့်တဲ့ သဘာဝနည်းလမ်းများ

ခံတွင်းထဲမှာ တံတွေးတွေ မရှိတော့တာကြောင့် ခံတွင်းခြောက်တတ်ကြပါတယ်။ ပူပြင်းခြောက်သွေ့မှုကြောင့် ခံတွင်းခြောက်တတ်ကြသလို၊ အာရုံကြောဆိုင်ရာ ရောဂါ၊ ဆီးချို နဲ့ နာကျင်ရောင်ရမ်းမှု ကို သက်သာစေတဲ့ ဆေးတွေကို သောက်သုံးတာကြောင့် လည်းဖြစ်တတ်ပါတယ်။

ဒီလို ခံတွင်းခြောက်တာကို သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

ရှားစောင်းလက်ပတ် ဖျော်ရည်ကိုသောက်ပါ

ရှားစောင်းလက်ပတ်ဖျော်ရည်မှာ ရောင်ရမ်းတာတွေကို လျော့ကျစေ၊ ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ဓာတ်တွေပါဝင်နေပါတယ်။

အဲ့ဒီအပြင် ခံတွင်းကိုလည်း စိုစွတ်စေပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ကို ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံကို ၊ တစ်နေ့ ၂ ကြိမ်လောက် အနည်းဆုံး သောက်သုံးပေးပါ။

အဲ့ဒီအပြင် တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် ရှားစောင်းလက်ပတ် ဖျော်ရည်နဲ့ ပလုပ်ကျင်းပေးပါ။ ဒါဆိုရင် ခံတွင်းခြောက်တာ သက်သာသွားပါလိမ့်မယ်။

သံပုရာရည်

သံပုရာရည်က ခံတွင်းခြောက်တာကို သက်သာစေပြီး ခံတွင်းအနံ့ဆိုးကိုလည်း သက်သာစေပါတယ်။ သံပုရည်ကို ဖျော်ပြီး သံပုရည် သီးကို လှီးပြီး ဖျော်ရည်ထဲထည့်ကာ သောက်ပေးပါ။ သံပုရာသီးမှာ ဗီတာမင် စီဓာတ်ပါဝင်တဲ့အပြင် Citric အက်ဆစ်လည်းပါဝင်တာကြောင့် အရသာခံတဲ့ Buds လေးတွေရဲ့ ကျန်းမာရေးကိုလည်း အားကောင်းစေပါတယ်။

ရေ သို့အရည်တွေကို ခဏခဏ သောက်ပါ

ဘာဖြစ်လို့ အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ခွက်သောက်သင့်တာလဲ။

ရေ သို့မဟုတ် အသီးဖျော်ရည်၊အုန်းရည်တို့ကို ခဏခဏသောက်ပေးပါ။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြားလောက်သောက်ပေးပါ။ ရေသောက်တဲ့အပြင် အသီးဖျော်ရည် နဲ့ အုန်းရည်ကို တစ်နေ့ကို ၁ ကြိမ်ကနေ ၂ ကြိမ်ကြားလောက်သောက်ပေးပါ။

ဒါဆိုရင် တံတွေးကို ပိုထွက်စေပြီး ခံတွင်းခြောက်တာကို သက်သာစေမှာဖြစ်ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *