ကြက်သားစားရင် အသာပဲစားပြိး အရေပြားလွှင့်ပစ်တက်တဲု့အကျင့်ပါနေပြီ။

ကြက်သားစားရင် အသာပဲစားပြိး အရေပြားလွှင့်ပစ်တက်တဲ့
ုအကျင့်ပါနေပြီ။

ကြက်သားစားတဲ့အခါ အရေခွံကိုစားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ

ကြက်သားစားတဲ့အခါ ကြက်အရေခွံကိုမကြိုက်လို့ ဖယ်စားတတ်ကြလား။ ဒါဆိုဒီစာလေးကိုဖတ်လိုက်ပါနော်။

နှလုံးရောဂါ

ကြက်အရေခွံဟာ နှလုံးရောဂါအတွက်ကောင်းမွန်တဲ့ အဆီဓါတ်ပါဝင်ပါတယ်။

ကိုလက်စရောနဲ့ သွေးဖိအား

ကြက်အရေခွံကိုစားပေးတာဟာ ကိုလက်စထရောနဲ့ သွေးဖိအားစနစ်ကို ထိန်းညှိပေးနိုင်ပါတယ်။

ဦးနှောက်

ငါးကြီးဆီ နဲ့ ထောပတ်သီးမှာပါတဲ့ အဆီဓါတ်ဟာ Omega-3 ပါဝင်လို့ ဦးနှောက်အတွက် အထူးကောင်းမွန်ပါတယ်။ ကြက်အရေခွံမှာလည်း Omega- 6 ပါဝင်လို့ အလားတူအကျိုးကျေးဇူးများပါတယ်။

ဟင်းအရသာပိုစေခြင်း

ကြက်အရေခွံဟာ သင့်အတွက်လိုအပ်တဲ့ ကြက်သားရဲ့အရသာကို ပိုမို ပေးစွမ်းနိုင်ပါတယ်။
ချက်ပြုတ်နေစဉ်မှာ ဟင်းအနှစ်ရည်ကိုထုတ်ပေးတာကြောင့် အရသာ ပိုရှိစေပါတယ်။
ဒီလိုကြက်အရေခွံကိုစားပေးခြင်းအားဖြင့် သကြားအလွန်အကျွံစားသုံးမှု နဲ့ ဆားအများအပြားစားသုံးမှုကို ကာကွယ်ပေးပါတယ်။

လူတွေအတွက်အသုံးဝင်တဲ့အဆီဓါတ်

ကြက်အရေခွံက အဆီတွေပါဝင်ပါတယ်။ ဒါဟာ လူတွေအတွက်လိုအပ်တဲ့အဆီဓါတ်ပါ။ ၀စေမှာမဟုတ်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချချင်သူတွေအနေနဲ့ စိုးရိမ်စရာမလိုပါဘူး။

crd;My Food Myanmar

Comments

Leave a Reply

Your email address will not be published. Required fields are marked *