???အချိန်ကို ဘယ်လို သုံးမလဲ ???

???အချိန်ကို ဘယ်လို သုံးမလဲ ???
…………………………………………….

?သဘာဝတရားက လူတွေကို အညီအမျှ အတိအကျ ခွဲဝေပေးတာ “အချိန်” ပါပဲ။
ဘယ်သူမှ ပိုမရဘူး။ လိုလည်း မရပါဘူး။
ရတာချင်းတူပေမယ့် အချိန်ကို အသုံးချတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားကြတယ်။

✨အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်သူတွေဟာ အောင်မြင်ကြတဲ့ သူတွေ ဖြစ်လာကြတယ်။
အချိန်ကို အကျိုးရှိအောင် မသုံးနိုင်ကြသူတွေဟာ နိမ့်ပါးကြပါတယ်။
တချို့ရတဲ့ အချိန်ကို သုံးရတာ မလောက်ငနိုင်အောင် ရှိကြပေမယ့် တချို့ အချိန်တွေ ပိုနေလို့ ဘာလုပ်ကိုင်ရမှန်း မသိအောင်ပါပဲ။

?အောင်မြင်မှုကို လိုလားသူတွေဟာ ငယ်စဉ်ကပင် အချိန်ကို အကျိုးရှိအောင် အသုံးချတတ်ဖို့ လေ့ကျင့်ဖို့ လိုပါတယ်။
အထူးသဖြင့် အချိန်ကို တန်ဖိုးထားရမယ်။ လေးစားရမယ်။
“Time and Tide waits for no man” လို့ စကားပုံ ရှိသလို အချိန်က လူကို မစောင့်ပါဘူး။
မှန်မှန်ကုန်ဆုံးနေတဲ့ အချိန်ကို မှန်မှန်ကန်ကန် အသုံးချဖို့ပဲ လိုအပ်ပါတယ်။

?အချိန်ကို အလေးမထားသူတွေဟာ အချိန်ကို အကျိုးရှိအောင် မသုံးနိုင်ကြတာ များပါတယ်။
အစိုးရရုံးဌာနတွေမှာရော၊ စီးပွားရေးလောကမှာရော ကျွန်တော်တို့ဆီမှာ သတ်မှတ်ချိန် လူမစုံတာ များကြတယ်။
အကြောင်းပြချက်က “လမ်းမှာ ကားတွေ ပိတ်နေလို့”၊ “ရထားနောက်ကျနေလို့” စသဖြင့် ဆင်ခြေပေးတတ်ကြတယ်။
တကယ်တော့ အဖြေက အရှင်းကြီးပါ။
လုံအောင်ကာနိုင်တဲ့ ဆင်ခြေမှန်း သိကြပေမယ့် ဆင်ခြေတွေ ပေးနေကြဆဲပါ။

✨“ကမ္ဘာတစ်ရွာမှ ဖြစ်မှုဖြစ်စဉ်” ကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းကြားကို ရောက်လုရှိနေပါပြီ။
မြန်မာလူငယ်တွေ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြည်တွင်း သို့မဟုတ် ပြည်ပမှာ ဆုံကြ၊ ကြုံကြရတော့မှာ ပြေးမလွတ်ဘူး။
မကြာတော့ပါဘူး။
ဒီလို ကြုံကြ ဆုံကြရင် အချိန်ကို မလေးစားရင် တခြားလူငယ်တွေ စိတ်ပျက် အထင်သေးကြမှာပဲ။
ကိုယ်တိုင်လည်း အချိန်ကို အကျိုးရှိအောင် မသုံးတတ်လို့ ဆုံးရှုံးရမှာ မနည်းဘူး။

?အချိန်ကို အကျိုးရှိအောင် အသုံးချဖို့ ကိုယ့်အတွက် ဘယ်လုပ်ငန်းတွေက အရေးကြီးသလဲဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။
ဦးစားပေးသတ်မှတ်ဖို့ လိုတယ်။
ဒီနေရာမှာ အဓိကနဲ့ သာမည ခွဲခြားတဲ့ အလေ့အကျင့် ရဖို့ လိုပါတယ်။
အလျင်လိုတိုင်းလည်း အရေးမကြီးသလို အရေးကြီးတိုင်းလည်း အလျင် မလိုပါဘူး။

?အချိန်ကို အကျိုးရှိအောင် အသုံးချတဲ့အခါ အရေးကြီးဆုံးက မိမိရဲ့ ရည်မှန်းချက် ပျောက်မသွားဖို့ လိုပါတယ်။
ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရေရှည်၊ ရေလတ်၊ ရေတို ရည်မှန်းချက် ခွဲပြီး၊ အဓိက ရည်မှန်းချက်ကို ရောက်စေမယ့် ပန်းတိုင်ငယ်လေးတွေကို မှတ်တိုင်လေးတွေအဖြစ် သတ်မှတ်ထားဖို့ လိုပါတယ်။
ပန်းတိုင်လေးတွေ တစ်ခုချင်းဆီ ရောက်ရှိဖို့ ကြိုးစားကြရမှာပါ။

✨နေ့စဉ် လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ကမ္ဘာကျော်စာရေးဆရာကြီး Steven.R.Covey ရဲ့ ဇယားလေးအတိုင်း လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို အမျိုးအစား ခွဲနိုင်ပါတယ်။

(၁) အရေးကြီးပြီး အလျင်လိုတဲ့ လုပ်ငန်းတွေ (မဖြစ်မနေ လုပ်ရန်)

(၂) အရေးကြီးပြီး အလျင်မလိုတဲ့ လုပ်ငန်းတွေ (အချိန်ရွေးချယ် လုပ်ရန်)

(၃) အလျင်လိုပြီး အရေးမကြီးတဲ့ လုပ်ငန်းတွေ (လုပ်သင့် မသင့် ရွေးချယ်ရ
န်)

(၄) အလျင်လည်းမလို အရေးလည်း မကြီးတဲ့ လုပ်ငန်းတွေ (အချိန်ရက လုပ်လိုက လုပ်ရန်)

?အနာဂတ်အတွက် လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတွေကို ကြိုတင်တွေးတောပါ။ စာရင်းပြုစုထားပါ။ အချိန်ဇယား သွင်းထားပါ။

?နေ့စဉ် အလုပ်ချိန်ကုန်ဆုံးတိုင်း နောက်တစ်နေ့ အတွက် ကျန်ရှိတဲ့ အလုပ်ကို စာရင်း မှတ်ထားပါ။

✨မနက်အလုပ်ဆင်းတိုင်း လုပ်ဆောင်သင့်တဲ့ ဦးစားပေး စာရင်းပြုစုပါ။ လုပ်ဆောင်ဖို့ မသင့်တဲ့ ကမ်းလှမ်းချက်နဲ့ ဖိတ်ခေါ်ချက်တွေကို အားမနာတမ်း ငြင်းပယ်တတ်အောင် ကြိုးစားပါ။

?လုပ်ငန်းလုပ်ဆောင်ရာမှာ အာရုံပျက်ပြားစေမယ့် ပတ်ဝန်းကျင်မျိုးကို ရှောင်ရှားပါ။
ဖြစ်နိုင်ပါက TV နှင့် ဖုန်းများ ပိတ်ထားရန် လိုပါသည်။
လက်အောက်ကို လွှဲပေးနိုင်သော အလုပ်မျိုးကို ကိုယ်တိုင် မလုပ်မိစေရန် ဂရုပြုပါ။
နိစ္စဓူဝ အလုပ်တွေမှာ နစ်မျောနေမယ့်အစား မိမိလုပ်ငန်းတိုးတက်ရေးကို ကြိုတင်စီမံ တွေးဆပါ။

?အလုပ်တွင်ကျယ်အောင် မိမိကျန်းမာရေး ကောင်းပြီး အိပ်ရေးဝအောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

နေမျိုးသီဟ။
(8 Tips for Effective Management by Lee Polevoi မှ ရွေးနုတ်မှီငြမ်းပါသည်။)

Comments

Leave a Reply

Your email address will not be published. Required fields are marked *