အင်တာနက်ကို သင် စွဲလန်းနေပြီလား

???အင်တာနက်ကို သင် စွဲလန်းနေပြီလား။
………………………………………………….

?မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ရပ်မှာ အင်တာနက်အပေါ် စွဲလန်းမှုဟာ မူးယစ်ဆေးဝါးစွဲလန်းသလို ဦးနှောက်က တုန့်ပြန်ပုံ ဆင်ဆင်တူနေတာကို တွေ့ရှိကြောင်း သိခဲ့ရတယ်။

?သင်နှင့် ရင်းနှီးသူတစ်ဦးဦး အင်တာနက်စွဲလန်းနေတယ်လို့ သံသယရှိနေရင် အောက်ပါအတိုင်း စစ်ဆေးကြည့်နိုင်ပါတယ်။

-Online ပေါ် အချိန်ဖြုန်းရတာကို တခြားအချိန် အပေါင်းအသင်းတွေ နှင့် အချိန်ဖြုန်းရတာထက် ပိုနှစ်သက်နေတယ်။

-အင်တာနက်မရှိရင် တစ်ခုခုလိုနေသလို ခံစားနေတတ်တယ်။

-အင်တာနက်ကြောင့် အိပ်ရေးပျက်လာတယ်။

-အင်တာနက်ကြည့်တာများတယ်လို့ ပြောလာရင် ခုခံချေပလာတတ်တယ်။

?အင်တာနက်စွဲလန်းလာတာကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးလျော့နည်းလာပါတယ်။
မိသားစု နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံချိန် လျော့ပါးလာပါတယ်။
အပေါင်းအသင်းတွေနှင့်လည်း အထိအတွေ့နည်းပါးလာပါတယ်။
အဝလွန်ကဲမှုဘက်ကို ဦးတည်လာတတ်တယ်။
နောက်ဆုံး အလုပ်ခွင် နှင့် ကျောင်းသင်ခန်းစာတွေမှာပါ ထိခိုက်လာတတ်ပါတယ်။

???အင်တာနက်စွဲလန်းမှုကို ဘယ်လိုဖြတ်သင့်လဲ။

…………………………………………………………..

?ကိုယ့်အခြေအနေ ကိုယ်သိရင် ဖြတ်လို့ ရပါတယ်။
ရုတ်တရက်ဖြတ်ပြီး အစားထိုး လှုပ်ရှားမှု မရှိရင် စိတ်ပူပန်မယ်။
နှလုံးခုန်နှုန်း မြင့်တက်မယ်။
သွေးတိုး နှင့် စိတ်ကျရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။

?အင်တာနက်ကို ဖြတ်တောက်မှု ပြုလုပ်ရင် အချိန်ဇယားဖြင့် ကိုယ်လက်လှုပ်ရှား ကစားခြင်း တစ်မျိုးမျိုးကို အစားထိုးသင့်ပါတယ်။
မိသားစု သို့မဟုတ် အပေါင်းအသင်းတွေ နှင့် စုပေါင်းပြီး TV ကြည့်မယ်။
ခရီးထွက်မယ်။
စွန့်စားသွားလာမယ်။
အပျော်တမ်း ချက်ပြုတ်တာတွေ ပြုလုပ်နိုင်ပါတယ်။
လိုအပ်ရင် စိတ်ရောဂါကု ဆရာဝန်တွေ နှင့် ဆွေးနွေး၊ စိတ်ရောဂါကုထုံးတွေကို သုံးပြီး ကုသမှု ခံယူသင့်ပါတယ်။ ။

နေမျိုးသီဟ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *