Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

သွားပိုးပေါက်တွေ ပိုဆိုးမလာအောင် တားနိုင်မယ့် သဘာဝနည်းလမ်း (၆)မျိုး

(Zawgyi)

သြားပိုးေပါက္ေတြ ပိုဆိုးမလာေအာင္ တားႏိုင္မယ့္ သဘာဝနည္းလမ္း (၆)မ်ိဳး

====================
====================

သြားပိုးေပါက္ေတြကတဆင့္ သြားႏႈတ္ရတဲ့အထိ မျဖစ္ေအာင္၊ သြားမွာကပ္ညႇိေနတဲ့ ဂ်ိဳးေတြ၊ ညစ္ေထးေနတာေတြ၊ ပ်က္စီးေနတာေတြ လုံးဝေပ်ာက္ကင္းၿပီး အေကာင္းအတိုင္းျပန္ျဖစ္ခ်င္ရင္ ဒါေလးေတြ လိုက္နာလိုက္ပါ။

(၁) အစားအေသာက္ပုံစံေျပာင္းပါ

သြားပိုးေပါက္ကိုျဖစ္ေစတဲ့ သၾကားမ်ားတဲ့ အစားအစာေတြနဲ႔သြားဂ်ိဳးျဖစ္ေစတဲ့ အစားအစာေတြကို တတ္ႏိုင္သေလာက္ေရွာင္ၿပီး ကယ္လ္စီယမ္ႂကြယ္ဝတဲ့ ႏို႔နဲ႔ႏို႔ထြက္ပစၥည္း၊ ငါးတို႔ကို မ်ားမ်ားစားေပးၿပီး အခ်ိဳရည္ေတြအစား အသီးေဖ်ာ္ရည္နဲ႔ ေရကိုပဲ မ်ားမ်ားေသာက္ေပးပါ။

(၂) သၾကားမပါတဲ့ ပီေကဝါးပါ

သၾကားမပါဝင္တဲ့ ပီေကဝါးျခင္းျဖင့္ သြားၾကားမွာ ကပ္ညႇိေနတဲ့အခ်ိဳနဲ႔အစာအႂကြင္းအက်န္ေတြကို ဖယ္ရွားေပးႏိုင္ၿပီး တံေတြးမ်ားမ်ားထြက္ေစတာေၾကာင့္ သြားပ်က္စီးမႈေလ်ာ့နည္းေစပါတယ္။

(၃) သြားပြတ္တံကိုေသခ်ာေဆးပါ၊ ပုံမွန္လဲလွယ္ေပးပါ

သြားမတိုက္ခင္နဲ႔ သြားတိုက္ၿပီးတဲ့အခါ သြားပြတ္တံကိုေသခ်ာေဆးေပးပါ။ ေျခာက္ေသြ႕တဲ့ေနရာမွာထားပါ။ ကာဗာစြပ္ထားတာမ်ိဳး မလုပ္ပါနဲ႔။သြားပြတ္တံရဲ႕ အေမြးေလးေတြကၾကာလာရင္ ပ်က္စီးလာၿပီး အံသြားေတြအထိ မသန္႔စင္ႏိုင္ေတာ့တာေၾကာင့္ အနည္းဆုံး ၄ လ တစ္ခါေလာက္ ပုံမွန္လဲေပးပါ။

(၄) အေျခခံသြားက်န္းမာေရးအခ်က္ေတြလိုက္နာပါ

အစားစားၿပီး ခ်က္ခ်င္းသြားမတိုက္သင့္ပါဘူး၊ အနည္းဆုံး နာရီဝက္ေလာက္ၾကာမွ သြားတိုက္ေပးပါ။

မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ပုံမွန္သြားတိုက္ေပးဖို႔လိုပါတယ္။ သြားတစ္ခါတိုက္ရင္ ၂မိနစ္ေလာက္ ၾကာၾကာတိုက္ေပးပါ။

အစားစားၿပီးတိုင္း ပလုတ္က်င္းၿပီး သြားပြတ္ႀကိဳးသုံးၿပီး သန္႔ရွင္းေရးလုပ္ေပးပါ။
လွ်ာကိုလည္း မေမ့မေလ်ာ့သန္႔ရွင္းေရးလုပ္ေပးပါ။

(၅) လိုအပ္တဲ့သြားသန္႔ရွင္းေရးလုပ္ဖို႔ သြားေဆးခန္းပုံမွန္သြားပါ

အေပၚက အခ်က္ေတြကို လိုက္နာတာက သြားသန္႔ရွင္းဖို႔အတြက္ လုံေလာက္ၿပီလို႔ေျပာလို႔ရေပမယ့္ သြားပိုးေပါက္ရွိတဲ့သူေတြကေတာ့ သြားေဆးခန္းကို ပုံမွန္ျပၿပီး လိုအပ္တဲ့ သန္႔ရွင္းေရးလုပ္ေပးဖို႔လိုပါတယ္။ ႀကံ့ခိုင္တဲ့ သြားေလးေတြကို အခ်ိန္ၾကာၾကာပိုင္ဆိုင္ထားခ်င္ရင္ ေဆးခန္းသြားဖို႔ လုံးဝမပ်င္းပါနဲ႔။

(၆) အုန္းဆီသုံးပါ

သြားတိုက္ၿပီးခ်ိန္မွာ အုန္းဆီဇြန္းအေသးနဲ႔ တစ္ဇြန္းကို ပါးစပ္ထဲမွာငုံၿပီး ပလုတ္က်င္းသလိုမ်ိဳး ၁၅ မိနစ္ေလာက္ လုပ္ေပးၿပီး ျပန္ေထြးထုတ္လိုက္ကာ ေရနဲ႔ပလုတ္က်င္းလိုက္ပါ။ အုန္းဆီက သြားပိုးေပါက္ေတြ ထပ္ၿပီးတိုက္စားမခံရေအာင္ ကာကြယ္ေပးတာေၾကာင့္ သြားကို ပိုဆိုးမသြားေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(Unicode)

သွားပိုးပေါက်တွေ ပိုဆိုးမလာအောင် တားနိုင်မယ့် သဘာဝနည်းလမ်း (၆)မျိုး

====================
====================

သွားပိုးပေါက်တွေကတဆင့် သွားနှုတ်ရတဲ့အထိ မဖြစ်အောင်၊ သွားမှာကပ်ညှိနေတဲ့ ဂျိုးတွေ၊ ညစ်ထေးနေတာတွေ၊ ပျက်စီးနေတာတွေ လုံးဝပျောက်ကင်းပြီး အကောင်းအတိုင်းပြန်ဖြစ်ချင်ရင် ဒါလေးတွေ လိုက်နာလိုက်ပါ။

(၁) အစားအသောက်ပုံစံပြောင်းပါ

သွားပိုးပေါက်ကိုဖြစ်စေတဲ့ သကြားများတဲ့ အစားအစာတွေနဲ့သွားဂျိုးဖြစ်စေတဲ့ အစားအစာတွေကို တတ်နိုင်သလောက်ရှောင်ပြီး ကယ်လ်စီယမ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ ငါးတို့ကို များများစားပေးပြီး အချိုရည်တွေအစား အသီးဖျော်ရည်နဲ့ ရေကိုပဲ များများသောက်ပေးပါ။

(၂) သကြားမပါတဲ့ ပီကေဝါးပါ

သကြားမပါဝင်တဲ့ ပီကေဝါးခြင်းဖြင့် သွားကြားမှာ ကပ်ညှိနေတဲ့အချိုနဲ့အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပြီး တံတွေးများများထွက်စေတာကြောင့် သွားပျက်စီးမှုလျော့နည်းစေပါတယ်။

(၃) သွားပွတ်တံကိုသေချာဆေးပါ၊ ပုံမှန်လဲလှယ်ပေးပါ

သွားမတိုက်ခင်နဲ့ သွားတိုက်ပြီးတဲ့အခါ သွားပွတ်တံကိုသေချာဆေးပေးပါ။ ခြောက်သွေ့တဲ့နေရာမှာထားပါ။ ကာဗာစွပ်ထားတာမျိုး မလုပ်ပါနဲ့။သွားပွတ်တံရဲ့ အမွေးလေးတွေကကြာလာရင် ပျက်စီးလာပြီး အံသွားတွေအထိ မသန့်စင်နိုင်တော့တာကြောင့် အနည်းဆုံး ၄ လ တစ်ခါလောက် ပုံမှန်လဲပေးပါ။

(၄) အခြေခံသွားကျန်းမာရေးအချက်တွေလိုက်နာပါ

အစားစားပြီး ချက်ချင်းသွားမတိုက်သင့်ပါဘူး၊ အနည်းဆုံး နာရီဝက်လောက်ကြာမှ သွားတိုက်ပေးပါ။

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်သွားတိုက်ပေးဖို့လိုပါတယ်။ သွားတစ်ခါတိုက်ရင် ၂မိနစ်လောက် ကြာကြာတိုက်ပေးပါ။

အစားစားပြီးတိုင်း ပလုတ်ကျင်းပြီး သွားပွတ်ကြိုးသုံးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
လျှာကိုလည်း မမေ့မလျော့သန့်ရှင်းရေးလုပ်ပေးပါ။

(၅) လိုအပ်တဲ့သွားသန့်ရှင်းရေးလုပ်ဖို့ သွားဆေးခန်းပုံမှန်သွားပါ

အပေါ်က အချက်တွေကို လိုက်နာတာက သွားသန့်ရှင်းဖို့အတွက် လုံလောက်ပြီလို့ပြောလို့ရပေမယ့် သွားပိုးပေါက်ရှိတဲ့သူတွေကတော့ သွားဆေးခန်းကို ပုံမှန်ပြပြီး လိုအပ်တဲ့ သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ ကြံ့ခိုင်တဲ့ သွားလေးတွေကို အချိန်ကြာကြာပိုင်ဆိုင်ထားချင်ရင် ဆေးခန်းသွားဖို့ လုံးဝမပျင်းပါနဲ့။

(၆) အုန်းဆီသုံးပါ

သွားတိုက်ပြီးချိန်မှာ အုန်းဆီဇွန်းအသေးနဲ့ တစ်ဇွန်းကို ပါးစပ်ထဲမှာငုံပြီး ပလုတ်ကျင်းသလိုမျိုး ၁၅ မိနစ်လောက် လုပ်ပေးပြီး ပြန်ထွေးထုတ်လိုက်ကာ ရေနဲ့ပလုတ်ကျင်းလိုက်ပါ။ အုန်းဆီက သွားပိုးပေါက်တွေ ထပ်ပြီးတိုက်စားမခံရအောင် ကာကွယ်ပေးတာကြောင့် သွားကို ပိုဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
Crd,Aunty May

ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ

(Zawgyi)

ဟိုအ႐ြက္ သည္အ႐ြက္ ျပဳတ္ေသာက္ၾကတဲ့အခါ

==================================

ကိုယ္ေတြ အလုပ္သင္ဆရာဝန္ဘဝ ward ထဲ လူနာနည္းတဲ့ ေန႔မ်ိဳးဆို ရက္ရွည္ေဆး႐ုံတက္ေသာလူနာေတြဆီ သြားသြားစကားေျပာေလ့ရွိသည္။ ဟိုဘက္ကုတင္ သည္ဘက္ကုတင္လူနာေစာင့္ေတြနဲ႔ ေပါင္းၿပီးလက္ဖက္သုပ္စား…သူတို႔ေျပာတာေတြလည္း နားေထာင္ေပါ့ေလ။ တစ္ခါတစ္မ်ိဳး မ႐ိုးရေအာင္ နည္းလမ္း အသစ္အဆန္းေတြလည္းၾကားရပါရဲ႕။ သူတို႔ကေတာ့ ကိုယ့္ပါ ဗဟုသုတရပါေစဆိုၿပီး အာေပါင္အာရင္းသန္သန္နဲ႔ မွ်ေဝတာေပါ့။ ဆီးက်ိတ္ေရာဂါသည္ကို သံမႏိုင္ေက်ာက္မႏိုင္ ျပဳတ္တိုက္တဲ့သူနဲ႔ ဆီးက်ိတ္ကက်ာက္ကပ္နဲ႔ ဘာမွမဆိုင္တာလည္း သိပုံမရ) ၊ ဆီးခ်ိဳသမားကိုၾကက္ဟင္းခါးေစ့ဝါးခိုင္းတဲ့သူနဲ႔။ ကိုယ့္မွာေတာ့ လက္ဖက္သုပ္ႏႈိက္လ်က္ ဇြန္းတန္းလန္းနဲ႔ မ်က္လုံးေတြလည္းျပဴး …စိတ္ထဲလည္း ထိတ္ကနဲ ထိတ္ကနဲပါပဲ။ ဒါနဲ႔ သူတို႔ အျမင္ရွင္းသြားၿပီး နားလည္လက္ခံႏိုင္မယ့္ နည္းလမ္းေလးကို စဥ္းစားၿပီး ဝင္ေျပာၾကည့္သည္။

တိုင္းရင္းေဆးေတြက စစ္မွန္ရင္ တကယ္စြမ္းတယ္ေနာ္။ အေနာက္တိုင္းေဆးပညာ မေပၚခင္ကတည္းက အတည္တက်အခိုင္အမာရွိခဲ့တာပဲ

ဟုတ္တယ္ဆို …. တခ်ိဳ႕ေတြက လက္မခံခ်င္ၾကဘူး ဆရာမရဲ႕။ ကြၽန္မတို႔ကပဲ ေခတ္ေနာက္က်ေနသလိုလို နဲ႔ အထင္ေသးခ်င္ၾကတာ

ဆရာဝန္ကပါ သူ႔ဘက္ပါၿပီဆိုၿပီး ဝမ္းသာအားရ ေထာက္ခံတာ။

ကြၽန္မေျပာပါတယ္။ စစ္မွန္ရင္ စြမ္းပါတယ္ လို႔။ ဒါေပမဲ့ ကိုယ္သိထားတဲ့ တိုင္းရင္းေဆးနည္းက စစ္မွန္တယ္ မစစ္မွန္ဘူး ဘယ္သူအတိအက် သိလဲ…. ခြဲျခားႏိုင္လဲ။

စကားဝိုင္းက ႐ုတ္တရပ္ ၿငိမ္က်သြားသည္။ ဒီလိုအခ်ိန္ ေျပာခ်င္တာေလးဖိေျပာမွ။

တိုင္းရင္းေဆးနည္း အမ်ားစုက သဘာဝသစ္ဖုသစ္ဉ၊ သစ္ပင္ႏြယ္ပင္ေတြကိုအေျခခံၿပီး ေဖာ္စပ္ၾကတာေလ။ အဲ့လိုေဖာ္စပ္တဲ့ေနရာမွာ ျပဳတ္တာတစ္ခုထဲ မဟုတ္ဘူးေလ…. ေရခမ္းႀကိဳတာ ၊အႏွစ္တိုက္တာ၊ ျပာခ်တာ၊ အေျခာက္ခံတာ၊ ႀကိတ္တာ စသည္ျဖင့္ အမ်ားႀကီးရွိတယ္။ ဘယ္ေရာဂါအတြက္ ဘယ္အပင္ ဘယ္အသီးကို ဘယ္လိုလုပ္ၿပီး ဘယ္ေလာက္ပမာဏထည့္မယ္ဆိုတဲ့ ေဖာ္နည္းကားက်ေတာ့ တကယ္နားလည္တတ္ကြၽမ္းတဲ့ တိုင္းရင္းေဆးပညာရွင္မွပဲ သိမွာေလ။ ကြၽန္မ တိုင္းရင္းေဆးပင္ စာအုပ္ေတြ ေလ့လာဖူးပါတယ္။ ေဆးပင္တစ္မ်ိဳးထဲမွာေတာင္ အ႐ြက္ေပးတဲ့အာနိသင္ အေခါက္ကရတဲ့အာနိသင္၊ အသီးအပြင့္ရဲ႕အာနိသင္၊ အျမစ္ရဲ႕အာနိသင္ မတူၾကပါဘူး။ ထည့္ရတဲ့ပမာဏေပၚလိုက္ၿပီးလည္း အာနိသင္ကြဲပါတယ္။ ျပဳလုပ္ပုံ ေဖာ္နည္းကားေပၚလိုက္ၿပီးလည္း အာနိသင္ကြဲပါတယ္။ ေဆးပင္တစ္မ်ိဳးထဲမွာတင္ အသီးကင္းကသာ အာနိသင္ရွိၿပီး တစ္ပင္လုံး အဆိပ္ျဖစ္ေနတာမ်ိဳးရွိႏိုင္သလို ပမာဏ အနည္းအမ်ားကြာတာနဲ႔ ခႏၶာကိုယ္အတြက္အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့အထိ ဒုကၡေပးတတ္တဲ့ဟာေတြလည္း ရွိပါေသးတယ္။ ေနလွန္းျပာခ်ရမယ့္ ကိစၥကို ျပဳတ္တိုက္မိရင္လည္း ဘာအက်ိဳးမွမရွိတဲ့အျပင္ ဒုကၡေတာင္ေရာက္ႏိုင္တယ္။ အပင္အားလုံးက သဘာဝက လာတာပဲ … ဘယ္လိုလုပ္စားစား ကိုယ့္ကိုယ္ထဲမွာ ေဘးကင္းတာပဲ လို႔ယူဆထားလို႔မရဘူးေလ။ အဆိပ္ဆိုတာလည္း အရင္းစစ္ရင္ သဘာဝကလာတဲ့ပစၥည္းပဲ။ သည္ေတာ့ ေဒၚေလးတို႔အခုလို ဘာပင္ကဘာေရာဂါအတြက္ေကာင္းတယ္ လို႔ ၾကားဖူးနားဝ မွတ္သားထားၿပီး ကိုယ္သေဘာနဲ႔ကိုယ္ ျပဳတ္ေသာက္ႀကိတ္ေသာက္ လုပ္ေနတာက လမ္းေဘးစပ္ေဆးဝယ္ေသာက္ေနသလိုပဲ အႏၲရာယ္မ်ားတယ္။ အဲ့ဒီ့ သံမႏိုင္ေက်ာက္မႏိုင္ပင္ရဲ႕ဘယ္အပိုင္းက ဆီးေကာင္းေစတာလဲ… ဘယ္ေလာက္ပမာဏဆိုသင့္ၿပီး ဘယ္ေလာက္ဆို အႏၲရာယ္ရွိၿပီလဲ ေဒၚေလးသိလား။ မေတာ္လို႔ သူ႔ထည့္ရမယ့္ ပမာဏေက်ာ္ၿပီး အဆိပ္ျဖစ္တတ္မယ့္ ကိစၥမ်ိဳးဆို ဘယ့္ႏွယ့္လုပ္မွာတုန္း

အဲ့က်မွ ရင္ဘတ္ေလးဖိၿပီး “ ကြၽန္မ အဲ့လို တစ္ခါမွ မေတြးမိဖူးဘူး” တဲ့။

ကြၽန္မတို႔ အေနာက္တိုင္းေဆးပညာလိုပဲ တိုင္းရင္းေဆးပညာ မွာလည္း တိုင္းရင္းေဆးပညာတကၠသိုလ္ေတြ သင္တန္းေက်ာင္းေတြ ဆိုၿပီး ရွိတယ္။ တကယ့္ကြၽမ္းက်င္လက္မွတ္ရ တိုင္းရင္းေဆးသမားေတာ္ေတြရွိသလို လက္မွတ္မရွိ ရမ္းကုေတြ လည္းအမ်ားႀကီးပဲ။ ဉာဏ္နဲ႔ခ်ိန္ၿပီး ေ႐ြးကုရတာေပါ့။ ေဒၚေလးတို႔ လက္ဖက္နဲ႔ အေၾကာ္ေတာင္ ေ႐ြးဝယ္တယ္မွတ္လား။ အခုလက္ဖက္ဆို မန္က်ည္း႐ြက္ႏုေလးေတြေရာႏွပ္တဲ့ ျမင္းၿခံလက္ဖက္မွ အေၾကာ္ဆိုလည္း ဆီသန္႔ၿပီးႂကြပ္႐ြေနမွ။ အသက္နဲ႔ဆိုင္တဲ့ကိစၥက်မွ ဘယ္လိုျဖစ္လို႔ ၾကားဖူးနားဝကို လက္လြတ္စပယ္ အလြယ္လိုက္ခ်င္ေနတုန္း။ တိုင္းရင္းေဆးေျပာင္းကုခ်င္ရင္ ႏိုင္ငံေတာ္က တရားဝင္ဖြင့္ထားတဲ့ တိုင္းရင္းေဆး႐ုံ ရွိသားပဲ။ သဘာဝေဆးမွ ေသာက္ခ်င္ရင္လည္း ေသခ်ာ သုေတသနလုပ္ၿပီး စမ္းသပ္စစ္ေဆး ထုတ္လုပ္ထားတဲ့ FAME တို႔ဘာတို႔ရွိတာပဲ။ ဒါေတာင္ အၫႊန္းတိုင္းမဟုတ္ ရမ္းေသာက္ေနရင္ ျဖစ္ျဖစ္ ေရာဂါအခံနဲ႔ မတည့္ရင္ျဖစ္ျဖစ္ အာနိသင္မျပတာ ဥပါဒ္ေပးတာမ်ိဳး အနည္းနဲ႔အမ်ားေတာ့ ရွိေနႏိုင္ေသးတာပဲ။

အို… ဘာမွျပဳတ္မတိုက္ရဲေတာ့ပါဘူး။ အဆိပ္ျဖစ္ႏိုင္တယ္ဆိုတာ ခုမွေသခ်ာေတြးမိသြားလို႔။

အမေလး။ ဘာ႐ြက္မွန္းမသိ ျပဳတ္ေသာက္ၿပီး အသည္းထိသြားလို႔ ေဆး႐ုံကို အသည္းအသန္လူနာအေနနဲ႔ ေရာက္လာတာေတြ ရွိတယ္ေနာ္။ မယုံမရွိနဲ႔။

လက္ဖက္သုပ္ေလးဝါးလိုက္ ေျပာလိုက္နဲ႔ ကိုယ့္ဘက္ပါလာၿပီေတာ့ မွတ္တာပဲ။

ေဘးအႏၲရာယ္ကို သေဘာေပါက္လြယ္ၾကၿပီး မိမိကိုယ္ကို ေစာင့္ေရွာက္ႏိုင္ၾကေစရန္ ရည္႐ြယ္လ်က္။

(Unicode)

ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ

==================================

ကိုယ်တွေ အလုပ်သင်ဆရာဝန်ဘဝ ward ထဲ လူနာနည်းတဲ့ နေ့မျိုးဆို ရက်ရှည်ဆေးရုံတက်သောလူနာတွေဆီ သွားသွားစကားပြောလေ့ရှိသည်။ ဟိုဘက်ကုတင် သည်ဘက်ကုတင်လူနာစောင့်တွေနဲ့ ပေါင်းပြီးလက်ဖက်သုပ်စား…သူတို့ပြောတာတွေလည်း နားထောင်ပေါ့လေ။ တစ်ခါတစ်မျိုး မရိုးရအောင် နည်းလမ်း အသစ်အဆန်းတွေလည်းကြားရပါရဲ့။ သူတို့ကတော့ ကိုယ့်ပါ ဗဟုသုတရပါစေဆိုပြီး အာပေါင်အာရင်းသန်သန်နဲ့ မျှဝေတာပေါ့။ ဆီးကျိတ်ရောဂါသည်ကို သံမနိုင်ကျောက်မနိုင် ပြုတ်တိုက်တဲ့သူနဲ့ ဆီးကျိတ်ကကျောက်ကပ်နဲ့ ဘာမှမဆိုင်တာလည်း သိပုံမရ) ၊ ဆီးချိုသမားကိုကြက်ဟင်းခါးစေ့ဝါးခိုင်းတဲ့သူနဲ့။ ကိုယ့်မှာတော့ လက်ဖက်သုပ်နှိုက်လျက် ဇွန်းတန်းလန်းနဲ့ မျက်လုံးတွေလည်းပြူး …စိတ်ထဲလည်း ထိတ်ကနဲ ထိတ်ကနဲပါပဲ။ ဒါနဲ့ သူတို့ အမြင်ရှင်းသွားပြီး နားလည်လက်ခံနိုင်မယ့် နည်းလမ်းလေးကို စဉ်းစားပြီး ဝင်ပြောကြည့်သည်။

တိုင်းရင်းဆေးတွေက စစ်မှန်ရင် တကယ်စွမ်းတယ်နော်။ အနောက်တိုင်းဆေးပညာ မပေါ်ခင်ကတည်းက အတည်တကျအခိုင်အမာရှိခဲ့တာပဲ

ဟုတ်တယ်ဆို …. တချို့တွေက လက်မခံချင်ကြဘူး ဆရာမရဲ့။ ကျွန်မတို့ကပဲ ခေတ်နောက်ကျနေသလိုလို နဲ့ အထင်သေးချင်ကြတာ

ဆရာဝန်ကပါ သူ့ဘက်ပါပြီဆိုပြီး ဝမ်းသာအားရ ထောက်ခံတာ။

ကျွန်မပြောပါတယ်။ စစ်မှန်ရင် စွမ်းပါတယ် လို့။ ဒါပေမဲ့ ကိုယ်သိထားတဲ့ တိုင်းရင်းဆေးနည်းက စစ်မှန်တယ် မစစ်မှန်ဘူး ဘယ်သူအတိအကျ သိလဲ…. ခွဲခြားနိုင်လဲ။

စကားဝိုင်းက ရုတ်တရပ် ငြိမ်ကျသွားသည်။ ဒီလိုအချိန် ပြောချင်တာလေးဖိပြောမှ။

တိုင်းရင်းဆေးနည်း အများစုက သဘာဝသစ်ဖုသစ်ဉ၊ သစ်ပင်နွယ်ပင်တွေကိုအခြေခံပြီး ဖော်စပ်ကြတာလေ။ အဲ့လိုဖော်စပ်တဲ့နေရာမှာ ပြုတ်တာတစ်ခုထဲ မဟုတ်ဘူးလေ…. ရေခမ်းကြိုတာ ၊အနှစ်တိုက်တာ၊ ပြာချတာ၊ အခြောက်ခံတာ၊ ကြိတ်တာ စသည်ဖြင့် အများကြီးရှိတယ်။ ဘယ်ရောဂါအတွက် ဘယ်အပင် ဘယ်အသီးကို ဘယ်လိုလုပ်ပြီး ဘယ်လောက်ပမာဏထည့်မယ်ဆိုတဲ့ ဖော်နည်းကားကျတော့ တကယ်နားလည်တတ်ကျွမ်းတဲ့ တိုင်းရင်းဆေးပညာရှင်မှပဲ သိမှာလေ။ ကျွန်မ တိုင်းရင်းဆေးပင် စာအုပ်တွေ လေ့လာဖူးပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတောင် အရွက်ပေးတဲ့အာနိသင် အခေါက်ကရတဲ့အာနိသင်၊ အသီးအပွင့်ရဲ့အာနိသင်၊ အမြစ်ရဲ့အာနိသင် မတူကြပါဘူး။ ထည့်ရတဲ့ပမာဏပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ပြုလုပ်ပုံ ဖော်နည်းကားပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတင် အသီးကင်းကသာ အာနိသင်ရှိပြီး တစ်ပင်လုံး အဆိပ်ဖြစ်နေတာမျိုးရှိနိုင်သလို ပမာဏ အနည်းအများကွာတာနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အထိ ဒုက္ခပေးတတ်တဲ့ဟာတွေလည်း ရှိပါသေးတယ်။ နေလှန်းပြာချရမယ့် ကိစ္စကို ပြုတ်တိုက်မိရင်လည်း ဘာအကျိုးမှမရှိတဲ့အပြင် ဒုက္ခတောင်ရောက်နိုင်တယ်။ အပင်အားလုံးက သဘာဝက လာတာပဲ … ဘယ်လိုလုပ်စားစား ကိုယ့်ကိုယ်ထဲမှာ ဘေးကင်းတာပဲ လို့ယူဆထားလို့မရဘူးလေ။ အဆိပ်ဆိုတာလည်း အရင်းစစ်ရင် သဘာဝကလာတဲ့ပစ္စည်းပဲ။ သည်တော့ ဒေါ်လေးတို့အခုလို ဘာပင်ကဘာရောဂါအတွက်ကောင်းတယ် လို့ ကြားဖူးနားဝ မှတ်သားထားပြီး ကိုယ်သဘောနဲ့ကိုယ် ပြုတ်သောက်ကြိတ်သောက် လုပ်နေတာက လမ်းဘေးစပ်ဆေးဝယ်သောက်နေသလိုပဲ အန္တရာယ်များတယ်။ အဲ့ဒီ့ သံမနိုင်ကျောက်မနိုင်ပင်ရဲ့ဘယ်အပိုင်းက ဆီးကောင်းစေတာလဲ… ဘယ်လောက်ပမာဏဆိုသင့်ပြီး ဘယ်လောက်ဆို အန္တရာယ်ရှိပြီလဲ ဒေါ်လေးသိလား။ မတော်လို့ သူ့ထည့်ရမယ့် ပမာဏကျော်ပြီး အဆိပ်ဖြစ်တတ်မယ့် ကိစ္စမျိုးဆို ဘယ့်နှယ့်လုပ်မှာတုန်း

အဲ့ကျမှ ရင်ဘတ်လေးဖိပြီး “ ကျွန်မ အဲ့လို တစ်ခါမှ မတွေးမိဖူးဘူး” တဲ့။

ကျွန်မတို့ အနောက်တိုင်းဆေးပညာလိုပဲ တိုင်းရင်းဆေးပညာ မှာလည်း တိုင်းရင်းဆေးပညာတက္ကသိုလ်တွေ သင်တန်းကျောင်းတွေ ဆိုပြီး ရှိတယ်။ တကယ့်ကျွမ်းကျင်လက်မှတ်ရ တိုင်းရင်းဆေးသမားတော်တွေရှိသလို လက်မှတ်မရှိ ရမ်းကုတွေ လည်းအများကြီးပဲ။ ဉာဏ်နဲ့ချိန်ပြီး ရွေးကုရတာပေါ့။ ဒေါ်လေးတို့ လက်ဖက်နဲ့ အကြော်တောင် ရွေးဝယ်တယ်မှတ်လား။ အခုလက်ဖက်ဆို မန်ကျည်းရွက်နုလေးတွေရောနှပ်တဲ့ မြင်းခြံလက်ဖက်မှ အကြော်ဆိုလည်း ဆီသန့်ပြီးကြွပ်ရွနေမှ။ အသက်နဲ့ဆိုင်တဲ့ကိစ္စကျမှ ဘယ်လိုဖြစ်လို့ ကြားဖူးနားဝကို လက်လွတ်စပယ် အလွယ်လိုက်ချင်နေတုန်း။ တိုင်းရင်းဆေးပြောင်းကုချင်ရင် နိုင်ငံတော်က တရားဝင်ဖွင့်ထားတဲ့ တိုင်းရင်းဆေးရုံ ရှိသားပဲ။ သဘာဝဆေးမှ သောက်ချင်ရင်လည်း သေချာ သုတေသနလုပ်ပြီး စမ်းသပ်စစ်ဆေး ထုတ်လုပ်ထားတဲ့ FAME တို့ဘာတို့ရှိတာပဲ။ ဒါတောင် အညွှန်းတိုင်းမဟုတ် ရမ်းသောက်နေရင် ဖြစ်ဖြစ် ရောဂါအခံနဲ့ မတည့်ရင်ဖြစ်ဖြစ် အာနိသင်မပြတာ ဥပါဒ်ပေးတာမျိုး အနည်းနဲ့အများတော့ ရှိနေနိုင်သေးတာပဲ။

အို… ဘာမှပြုတ်မတိုက်ရဲတော့ပါဘူး။ အဆိပ်ဖြစ်နိုင်တယ်ဆိုတာ ခုမှသေချာတွေးမိသွားလို့။

အမလေး။ ဘာရွက်မှန်းမသိ ပြုတ်သောက်ပြီး အသည်းထိသွားလို့ ဆေးရုံကို အသည်းအသန်လူနာအနေနဲ့ ရောက်လာတာတွေ ရှိတယ်နော်။ မယုံမရှိနဲ့။

လက်ဖက်သုပ်လေးဝါးလိုက် ပြောလိုက်နဲ့ ကိုယ့်ဘက်ပါလာပြီတော့ မှတ်တာပဲ။

ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူDr. Thurein Hlaing Win|ရေးသားသူDr. Thiha Phyo Myint
ရေးသားသူ – ဒေါက်တာနှင်းနုအေး

ရုံးမှာအထိုင်များတဲ့လူတွေအတွက် လုပ်ကိုလုပ်သင့်တဲ့ အကြောလျှော့နည်း (၃) မျိုး

(Zawgyi)

႐ုံးမွာအထိုင္မ်ားတဲ့လူေတြအတြက္ လုပ္ကိုလုပ္သင့္တဲ့ အေၾကာေလွ်ာ့နည္း (၃) မ်ိဳး

====================
====================

သင့္ရဲ႕တစ္ေန႔တာလုံးဟာ တစ္ေနရာမွာ တသမတ္တည္းအၿမဲတမ္း ထိုင္ေနရမယ္ဆိုရင္ ဒီအေၾကာ္ေလွ်ာ့နည္းေတြကို လုပ္ေပးသင့္ပါတယ္။ အထူးသျဖင့္ အာ႐ုံစိုက္ၿပီး အထိုင္မ်ားတဲ့ ႐ုံးဝန္ထမ္းလိုမ်ိဳးေပါ့။ အေၾကာေလွ်ာ့ေပးျခင္းဟာ ႂကြက္သားနဲ႔စိတ္ဖိဆီးမႈကို ေျပေပ်ာက္ေစႏိုင္ၿပီး ေသြးလွည့္ပတ္မႈကို ေကာင္းေစတယ္၊ အဆီစုမႈကို တားဆီးေပးပါတယ္။

ဒီေတာ့ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အလြယ္တကူ အေၾကာေလွ်ာ့ႏိုင္မယ့္ နည္းလမ္းေလး (၃) မ်ိဳးကို San Diego က်န္းမာေရးဌာနမွ ၫႊန္ၾကားခ်က္အတိုင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) စားပြဲကေန မတ္တပ္ထလိုက္ပါ။ ၿပီးရင္ လက္ႏွစ္ဖက္ကို ေရွ႕သို႔ ဆန္႔တန္းၿပီး ခ်ိတ္ထားပါ။ ဦးေခါင္းကိုလည္းငုံ႔ၿပီး ခႏၶာကိုယအေပၚပိုင္းကိုသာ အေရွ႕ကိုကိုင္းလိုက္ပါ။ ခါးကိုဆန္႔ၿပီး ဒီလိုပုံစံမ်ိဳးနဲ႔ ၈ စကၠန္႔ေလာက္ထိ အနည္းဆုံးေနပါ။ ၃ ေၾကာ့ေလာက္ ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္းဟာ သင့္ရဲ႕ ဇက္နဲ႔ လက္ေတြ၊ေက်ာ႐ိုးကို ေျဖေလ်ာ့ေပးပါတယ္။

(၂) ခႏၶာကိုယ္ကို တည့္တည့္မတ္မတ္ေနပါ။ လက္ႏွစ္ဖက္ကို ရင္ဘတ္နားမွာထား၊ ခႏၶာကိုယ္ေအာက္ပိုင္းကိုမလႈပ္ဘဲ ခါးအထက္ပိုင္းကိုသာ ဘယ္၊ ညာလွည့္ပါ။ တစ္ဖက္ ၁၅ ႀကိမ္နဲ႔ ၅ ေၾကာ့ေလာက္ျပဳလုပ္ေပးလို႔ရပါတယ္။ ဒီေလ့က်င့္ခန္းဟာ သင့္ရဲ႕ ခါးကို ထိေရာက္ေစမွာပါ။

(၃) လက္ႏွစ္ဖက္ကို ဦးေခါင္းအေနာက္ဖက္မွာ ယွက္ထားပါ။ ၿပီးလွ်င္ ခႏၶာကိုယ္ကို အေနာက္ကို ေကြးၫြန္႔လိုက္ပါ။ ဒီေလ့က်င့္ခန္းဟာ သင့္ခါးအေနာက္ပိုင္းနဲ႔ လက္ေမာင္းေအာက္ဖက္က ႂကြက္သားေတြအတြက္ အထူးေကာင္းမြန္ပါတယ္။

ဒီ အေၾကာေလွ်ာ့ေလ့က်င့္ခန္း (၃) မ်ိဳးကို သတိရတိုင္းလုပ္ေပးရပါမယ္။ အေကာင္းဆုံးကေတာ့ တစ္နာရီတစ္ခါေလာက္ လုပ္ေပးျခင္းျဖင့္ ခႏၶာကိုယ္ဖိဆီးမႈေတြကို ေလ်ာ့က်ေစကာ မ်က္လုံးကိုလည္း အားေကာင္းေစပါတယ္

(Unicode)

ရုံးမှာအထိုင်များတဲ့လူတွေအတွက် လုပ်ကိုလုပ်သင့်တဲ့ အကြောလျှော့နည်း (၃) မျိုး

====================
====================

သင့်ရဲ့တစ်နေ့တာလုံးဟာ တစ်နေရာမှာ တသမတ်တည်းအမြဲတမ်း ထိုင်နေရမယ်ဆိုရင် ဒီအကြော်လျှော့နည်းတွေကို လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် အာရုံစိုက်ပြီး အထိုင်များတဲ့ ရုံးဝန်ထမ်းလိုမျိုးပေါ့။ အကြောလျှော့ပေးခြင်းဟာ ကြွက်သားနဲ့စိတ်ဖိဆီးမှုကို ပြေပျောက်စေနိုင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းစေတယ်၊ အဆီစုမှုကို တားဆီးပေးပါတယ်။

ဒီတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူ အကြောလျှော့နိုင်မယ့် နည်းလမ်းလေး (၃) မျိုးကို San Diego ကျန်းမာရေးဌာနမှ ညွှန်ကြားချက်အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) စားပွဲကနေ မတ်တပ်ထလိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းပြီး ချိတ်ထားပါ။ ဦးခေါင်းကိုလည်းငုံ့ပြီး ခန္ဓာကိုယအပေါ်ပိုင်းကိုသာ အရှေ့ကိုကိုင်းလိုက်ပါ။ ခါးကိုဆန့်ပြီး ဒီလိုပုံစံမျိုးနဲ့ ၈ စက္ကန့်လောက်ထိ အနည်းဆုံးနေပါ။ ၃ ကြော့လောက် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ဇက်နဲ့ လက်တွေ၊ကျောရိုးကို ဖြေလျော့ပေးပါတယ်။

(၂) ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်နေပါ။ လက်နှစ်ဖက်ကို ရင်ဘတ်နားမှာထား၊ ခန္ဓာကိုယ်အောက်ပိုင်းကိုမလှုပ်ဘဲ ခါးအထက်ပိုင်းကိုသာ ဘယ်၊ ညာလှည့်ပါ။ တစ်ဖက် ၁၅ ကြိမ်နဲ့ ၅ ကြော့လောက်ပြုလုပ်ပေးလို့ရပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ခါးကို ထိရောက်စေမှာပါ။

(၃) လက်နှစ်ဖက်ကို ဦးခေါင်းအနောက်ဖက်မှာ ယှက်ထားပါ။ ပြီးလျှင် ခန္ဓာကိုယ်ကို အနောက်ကို ကွေးညွန့်လိုက်ပါ။ ဒီလေ့ကျင့်ခန်းဟာ သင့်ခါးအနောက်ပိုင်းနဲ့ လက်မောင်းအောက်ဖက်က ကြွက်သားတွေအတွက် အထူးကောင်းမွန်ပါတယ်။

ဒီ အကြောလျှော့လေ့ကျင့်ခန်း (၃) မျိုးကို သတိရတိုင်းလုပ်ပေးရပါမယ်။ အကောင်းဆုံးကတော့ တစ်နာရီတစ်ခါလောက် လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ဖိဆီးမှုတွေကို လျော့ကျစေကာ မျက်လုံးကိုလည်း အားကောင်းစေပါတယ်။

Crd:Aunty May

 

မြန်မာ့သဘာဝဆေးစွမ်း တပင်တိုင်မြနန်း

(Zawgyi)

ျမန္မာ့သဘာဝေဆးစြမ္း တပင္တိုင္ျမနန္း
==========================
တပင္တိုင္ျမနန္းမွာပါတဲ့ Glycoside နဲ႔ Flavonoid ေတြဟာ အင္မတန္မွ အစြမ္းထြက္ပါတယ္..

(၁) အေရျပားအနာအမ်ိဳးမ်ိဳးကို သက္သာေပ်ာက္ကင္းေစပါတယ္.. သူ႔မွာ 𝗔𝗻𝘁𝗶𝗯𝗶𝗼𝘁𝗶𝗰 𝗮𝗰𝘁𝗶𝗼𝗻 ရွိလို႔ ေမႊးကြၽတ္နာကအစ Carbuncle လို႔ေခၚတဲ့ အနာပဆုပ္မ်ိဳးအထိ သက္သာေပ်ာက္ကင္းေစပါတယ္.. အေနာက္တိုင္းေဆး Antibiotic ေတြနဲ႔ ကုသလို႔မလြယ္ကူတဲ့ ေရာဂါပိုးေတြကိုေတာင္ ေသေစႏိုင္တာ ေတြ႕ရပါတယ္.. အ႐ြက္ကိုေတာ့ အနာေတြအေပၚမွာအုပ္ေပးရင္ ေရာဂါပိုးေတြကိုေသေစၿပီး အနာက်က္ျမန္တာ ေတြ႕ရပါတယ္.. အျမစ္(ဥ) ကို ေသြးလိမ္းလို႔ပဲျဖစ္ျဖစ္ ပါးစပ္ကေသာက္လို႔ပဲျဖစ္ျဖစ္ အသုံးျပဳႏိုင္ပါတယ္..

(၂) သူ႔မွာ 𝗔𝗻𝘁𝗶𝘁𝘂𝗺𝗼𝗿 𝗮𝗰𝘁𝗶𝘃𝗶𝘁𝘆 ရွိပါတယ္.. အဖုအက်ိတ္မ်ိဳးစုံကို ေပ်ာက္ကင္းေစပါတယ္.. အထူးသျဖင့္ အမ်ိဳးသမီးေတြရဲ႕သားအိမ္မွာျဖစ္တဲ့ Myoma လို႔ေခၚတဲ့ အက်ိတ္ေတြကို ကုသရာမွာ မ်ားစြာထိေရာက္ပါတယ္.. အေနာက္တိုင္းေဆးပညာအရေတာ့ သားအိမ္မွာအလုံးျဖစ္တယ္ဆိုတာနဲ႔ ခြဲစိတ္ကုသမွေပ်ာက္ပါတယ္.. ဒါေပမဲ့ ေလာေလာဆယ္ ခြဲစိတ္ဖို႔မလိုေသးရင္ ေသးသြားေအာင္ တပင္တိုင္ျမနန္းဥကိုစားၿပီး ကုသေပ်ာက္ကင္းႏိုင္ပါတယ္.. သက္ဆိုင္ရာမီးယပ္သားဖြားပါရဂူမ်ားနဲ႔လဲ ပူးတြဲစမ္းသပ္လ်က္ရွိတာ ေအာင္ျမင္လ်က္ရွိပါတယ္..
Myoma uterus ဆိုတဲ့ သားအိမ္မွာအလုံးအႀကိတ္ျဖစ္တဲ့ေရာဂါဟာ အမ်ိဳးသမီးေတြမွာ အင္မတန္မွအျဖစ္မ်ားပါတယ္.. တခ်ိဳ႕လဲ တစ္ခုျဖစ္တတ္ၿပီး တစ္ခါတစ္ေလမွာ အမ်ားအျပားလဲ ျဖစ္ေလ့ရွိပါတယ္.. အသက္ ၃၀ ေက်ာ္ရင္ ျဖစ္ဖို႔အလားအလာရွိေနၿပီး အသက္ ၃၀ ေက်ာ္အမ်ိဳးသမီး ၁၀၀ မွာ ၂၀ ကေန ၃၀ အထိေလာက္ ျဖစ္တာေတြ႕ရပါတယ္.. အဲ့လိုျဖစ္ရင္ ရာသီမမွန္တာတို႔၊ ေသြးဆင္းမ်ားတာတို႔၊ သားအိမ္ေနရာက ကိုက္ခဲတာတို႔၊ ဆီးသြားလို႔ခက္ခဲတာတို႔ ျဖစ္တတ္ပါတယ္.. သူ႔အေနနဲ႔ ကင္ဆာအက်ိတ္မဟုတ္လို႔ သိပ္စိုးရိမ္စရာမဟုတ္ေပမဲ့ ႀကီးလာရင္ ဒုကၡေပးႏိုင္ပါတယ္.. အသက္ငယ္ေသးရင္ေတာ့ သားအိမ္ကိုခ်န္ၿပီး ခြဲစိတ္ကုသရလို႔ အသက္ႀကီးရင္ေတာ့ သားအိမ္ပါထုတ္ပစ္ၿပီး ခြဲစိတ္ကုသရေလ့ရွိပါတယ္..

(၃) နာတာရွည္အစာအိမ္ေရာဂါကိုလဲ သက္သာေပ်ာက္ကင္းေစပါတယ္.. သူ႔မွာ အစာအိမ္ေရာဂါပိုးျဖစ္တဲ့ H.pylori ကိုသတ္ႏိုင္တဲ့သတၱိရွိတဲ့အျပင္ အနာက်က္ေစတဲ့အာနိသင္ပါရွိလို႔ျဖစ္ပါတယ္..

တပင္တိုင္ျမနန္းရဲ႕အျမစ္ကို ဒီအတိုင္းသုံးဖို႔ သိပ္မသင့္ေတာ္ပါဘူး.. ဘာျဖစ္လို႔လဲဆိုေတာ့

(၁) အျမစ္ဟာ ေျမႀကီးထဲကေဖာ္ၿပီး ခ်က္ခ်င္းေရေဆး၊ ေနလွမ္း၊ အေျခာက္ခံမလုပ္ႏိုင္ရင္ အစိုဓာတ္ေၾကာင့္ မႈိတက္ႏိုင္ပါတယ္.. အဲ့ဒီမႈိေတြဟာ အျမစ္အတြင္းပိုင္းထဲအထိ စိမ့္ဝင္သြားတဲ့အတြက္ အမႈန႔္ႀကိတ္ရင္လဲ ဆက္ပါႏိုင္ပါတယ္.. အဲ့ဒီမႈိဟာ အႏၲရာယ္ရွိတဲ့မႈိျဖစ္ခဲ့ရင္ တစ္နည္းအားျဖင့္ မႈိဆိပ္ေတြထုတ္တဲ့ မႈိျဖစ္ရင္ စားသုံးသူေတြအတြက္ အႏၲရာယ္မ်ားပါတယ္..

(၂) ေသာက္တဲ့အခါမွာ တစ္ေန႔ကို 10 g ကေန 16 g ေလာက္အထိ ေသာက္ရေတာ့ 500 mg ေဆးျပားထုတ္ရင္ေတာ့ အျပား၂၀ ကေန ၃၂ ျပားအထိ ေသာက္ရေတာ့ အင္မတန္မွေသာက္ရတာမ်ားပါတယ္..

(၃) အျမစ္မွာပါတဲ့ အခ်ိဳ႕အစိတ္အပိုင္းေတြဟာ Allergic ျဖစ္တတ္တဲ့အတြက္ ယားယံတာတို႔ အင္ျပင္ထြက္တာတို႔ ျဖစ္တတ္ပါတယ္..

ဒါေတြကေတာ့ အျမစ္ကိုဒီအတိုင္းစားရင္ ျဖစ္ႏိုင္တဲ့ Side effect နဲ႔ သူ႔ရဲ႕အားနည္းခ်က္ေတြပဲ ျဖစ္ပါတယ္..

အေကာင္းဆုံးကေတာ့ သိပၸံနည္းက် Extract လုပ္ၿပီး ေသာက္တာပါပဲ.. Extract လုပ္တဲ့အခါ 75 % ethanol ကိုသုံးရပါတယ္.. ဘာလို႔လဲဆိုေတာ့ အျဖဴမ်ိဳးဆိုရင္ သူ႔မွာပါဝင္တဲ့ ေဆးဖက္ဝင္အာနိသင္ရဲ႕ ၄% နီးပါးေလာက္ဟာ Alcohol မွာေပ်ာ္ဝင္ၿပီး ၅% ေလာက္ဟာ ေရမွာေပ်ာ္ဝင္လို႔ျဖစ္ပါတယ္.. အနီမ်ိဳးဆိုရင္ေတာ့ Alcohol မွာ ၅ % ေက်ာ္ေက်ာ္နဲ႔ ေရမွာ 7% နီးပါး ေပ်ာ္ဝင္မႈရွိတာ ေတြ႕ရပါတယ္.. Extract ကိုထုတ္ၿပီးသုံးရင္ ခုနကေျပာသလို မႈိတက္မႈလည္း မရွိေတာ့တဲ့အျပင္ တစ္ေန႔ကို ၂ လုံးေလာက္ပဲေသာက္ရလို႔ အဆင္ပိုေျပပါတယ္.. Allergic ျဖစ္ေစႏိုင္တဲ့အျမစ္ေတြလဲ အဖတ္ေတြထဲမွာ က်န္ခဲ့လို႔ အေကာင္းဆုံးျဖစ္ပါတယ္..

(Unicode)

မြန်မာ့သဘာဝဆေးစွမ်း တပင်တိုင်မြနန်း
=========================
တပင်တိုင်မြနန်းမှာပါတဲ့ Glycoside နဲ့ Flavonoid တွေဟာ အင်မတန်မှ အစွမ်းထွက်ပါတယ်..

(၁) အရေပြားအနာအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်.. သူ့မှာ 𝗔𝗻𝘁𝗶𝗯𝗶𝗼𝘁𝗶𝗰 𝗮𝗰𝘁𝗶𝗼𝗻 ရှိလို့ မွှေးကျွတ်နာကအစ Carbuncle လို့ခေါ်တဲ့ အနာပဆုပ်မျိုးအထိ သက်သာပျောက်ကင်းစေပါတယ်.. အနောက်တိုင်းဆေး Antibiotic တွေနဲ့ ကုသလို့မလွယ်ကူတဲ့ ရောဂါပိုးတွေကိုတောင် သေစေနိုင်တာ တွေ့ရပါတယ်.. အရွက်ကိုတော့ အနာတွေအပေါ်မှာအုပ်ပေးရင် ရောဂါပိုးတွေကိုသေစေပြီး အနာကျက်မြန်တာ တွေ့ရပါတယ်.. အမြစ်(ဥ) ကို သွေးလိမ်းလို့ပဲဖြစ်ဖြစ် ပါးစပ်ကသောက်လို့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်..

(၂) သူ့မှာ 𝗔𝗻𝘁𝗶𝘁𝘂𝗺𝗼𝗿 𝗮𝗰𝘁𝗶𝘃𝗶𝘁𝘆 ရှိပါတယ်.. အဖုအကျိတ်မျိုးစုံကို ပျောက်ကင်းစေပါတယ်.. အထူးသဖြင့် အမျိုးသမီးတွေရဲ့သားအိမ်မှာဖြစ်တဲ့ Myoma လို့ခေါ်တဲ့ အကျိတ်တွေကို ကုသရာမှာ များစွာထိရောက်ပါတယ်.. အနောက်တိုင်းဆေးပညာအရတော့ သားအိမ်မှာအလုံးဖြစ်တယ်ဆိုတာနဲ့ ခွဲစိတ်ကုသမှပျောက်ပါတယ်.. ဒါပေမဲ့ လောလောဆယ် ခွဲစိတ်ဖို့မလိုသေးရင် သေးသွားအောင် တပင်တိုင်မြနန်းဥကိုစားပြီး ကုသပျောက်ကင်းနိုင်ပါတယ်.. သက်ဆိုင်ရာမီးယပ်သားဖွားပါရဂူများနဲ့လဲ ပူးတွဲစမ်းသပ်လျက်ရှိတာ အောင်မြင်လျက်ရှိပါတယ်..
Myoma uterus ဆိုတဲ့ သားအိမ်မှာအလုံးအကြိတ်ဖြစ်တဲ့ရောဂါဟာ အမျိုးသမီးတွေမှာ အင်မတန်မှအဖြစ်များပါတယ်.. တချို့လဲ တစ်ခုဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ အများအပြားလဲ ဖြစ်လေ့ရှိပါတယ်.. အသက် ၃၀ ကျော်ရင် ဖြစ်ဖို့အလားအလာရှိနေပြီး အသက် ၃၀ ကျော်အမျိုးသမီး ၁၀၀ မှာ ၂၀ ကနေ ၃၀ အထိလောက် ဖြစ်တာတွေ့ရပါတယ်.. အဲ့လိုဖြစ်ရင် ရာသီမမှန်တာတို့၊ သွေးဆင်းများတာတို့၊ သားအိမ်နေရာက ကိုက်ခဲတာတို့၊ ဆီးသွားလို့ခက်ခဲတာတို့ ဖြစ်တတ်ပါတယ်.. သူ့အနေနဲ့ ကင်ဆာအကျိတ်မဟုတ်လို့ သိပ်စိုးရိမ်စရာမဟုတ်ပေမဲ့ ကြီးလာရင် ဒုက္ခပေးနိုင်ပါတယ်.. အသက်ငယ်သေးရင်တော့ သားအိမ်ကိုချန်ပြီး ခွဲစိတ်ကုသရလို့ အသက်ကြီးရင်တော့ သားအိမ်ပါထုတ်ပစ်ပြီး ခွဲစိတ်ကုသရလေ့ရှိပါတယ်..

(၃) နာတာရှည်အစာအိမ်ရောဂါကိုလဲ သက်သာပျောက်ကင်းစေပါတယ်.. သူ့မှာ အစာအိမ်ရောဂါပိုးဖြစ်တဲ့ H.pylori ကိုသတ်နိုင်တဲ့သတ္တိရှိတဲ့အပြင် အနာကျက်စေတဲ့အာနိသင်ပါရှိလို့ဖြစ်ပါတယ်..

တပင်တိုင်မြနန်းရဲ့အမြစ်ကို ဒီအတိုင်းသုံးဖို့ သိပ်မသင့်တော်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့

(၁) အမြစ်ဟာ မြေကြီးထဲကဖော်ပြီး ချက်ချင်းရေဆေး၊ နေလှမ်း၊ အခြောက်ခံမလုပ်နိုင်ရင် အစိုဓာတ်ကြောင့် မှိုတက်နိုင်ပါတယ်.. အဲ့ဒီမှိုတွေဟာ အမြစ်အတွင်းပိုင်းထဲအထိ စိမ့်ဝင်သွားတဲ့အတွက် အမှုန့်ကြိတ်ရင်လဲ ဆက်ပါနိုင်ပါတယ်.. အဲ့ဒီမှိုဟာ အန္တရာယ်ရှိတဲ့မှိုဖြစ်ခဲ့ရင် တစ်နည်းအားဖြင့် မှိုဆိပ်တွေထုတ်တဲ့ မှိုဖြစ်ရင် စားသုံးသူတွေအတွက် အန္တရာယ်များပါတယ်..

(၂) သောက်တဲ့အခါမှာ တစ်နေ့ကို 10 g ကနေ 16 g လောက်အထိ သောက်ရတော့ 500 mg ဆေးပြားထုတ်ရင်တော့ အပြား၂၀ ကနေ ၃၂ ပြားအထိ သောက်ရတော့ အင်မတန်မှသောက်ရတာများပါတယ်..

(၃) အမြစ်မှာပါတဲ့ အချို့အစိတ်အပိုင်းတွေဟာ Allergic ဖြစ်တတ်တဲ့အတွက် ယားယံတာတို့ အင်ပြင်ထွက်တာတို့ ဖြစ်တတ်ပါတယ်..

ဒါတွေကတော့ အမြစ်ကိုဒီအတိုင်းစားရင် ဖြစ်နိုင်တဲ့ Side effect နဲ့ သူ့ရဲ့အားနည်းချက်တွေပဲ ဖြစ်ပါတယ်..

အကောင်းဆုံးကတော့ သိပ္ပံနည်းကျ Extract လုပ်ပြီး သောက်တာပါပဲ.. Extract လုပ်တဲ့အခါ 75 % ethanol ကိုသုံးရပါတယ်.. ဘာလို့လဲဆိုတော့ အဖြူမျိုးဆိုရင် သူ့မှာပါဝင်တဲ့ ဆေးဖက်ဝင်အာနိသင်ရဲ့ ၄% နီးပါးလောက်ဟာ Alcohol မှာပျော်ဝင်ပြီး ၅% လောက်ဟာ ရေမှာပျော်ဝင်လို့ဖြစ်ပါတယ်.. အနီမျိုးဆိုရင်တော့ Alcohol မှာ ၅ % ကျော်ကျော်နဲ့ ရေမှာ 7% နီးပါး ပျော်ဝင်မှုရှိတာ တွေ့ရပါတယ်.. Extract ကိုထုတ်ပြီးသုံးရင် ခုနကပြောသလို မှိုတက်မှုလည်း မရှိတော့တဲ့အပြင် တစ်နေ့ကို ၂ လုံးလောက်ပဲသောက်ရလို့ အဆင်ပိုပြေပါတယ်.. Allergic ဖြစ်စေနိုင်တဲ့အမြစ်တွေလဲ အဖတ်တွေထဲမှာ ကျန်ခဲ့လို့ အကောင်းဆုံးဖြစ်ပါတယ်..

Crd:Dr,Khin Maung Lwin-FAME

မာလကာသီး စားရင် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့

(Zawgyi)

မာလကာသီး စားရင္ ရရွိႏိုင္တဲ့အက်ိဳးေက်းဇူးေတြကေတာ့..

ဗီတာမင္စီဓာတ္ ျဖည့္တင္းေပးပါတယ္.. ဗီတာမင္စီပါဝင္မႈကိုၾကည့္ရင္ ကမာၻေပၚမွာ ဆီးျဖဴသီးၿပီးရင္ မာလကာသီးဟာ ဒုတိယလိုက္ပါတယ္.. ဆီးျဖဴသီး 100 g မွာ Vitamin C ဟာ 700 mg ပါဝင္ပါတယ္.. မာလကာသီး အေနေတာ္တစ္လုံး (100 g) မွာ 165 mg ပါဝင္ပါတယ္.. လိေမၼာ္သီးအေနေတာ္တစ္လုံးဆိုရင္ 75 mg ပါဝင္ပါတယ္.. သာမန္လူႀကီးတစ္ေယာက္အေနနဲ႔ အနည္းဆုံး 60 mg ေလာက္လိုတဲ့အတြက္ မာလကာသီးကို တစ္ပတ္သုံးလုံးေလာက္စားရင္ကို ဗီတာမင္စီဓာတ္မခ်ိဳ႕တဲ့ေအာင္ ကာကြယ္ၿပီးျဖစ္ပါတယ္.. ဗီတာမင္စီ ဆိုတာကေတာ့ ေသြးေၾကာေလးေတြခိုင္ခံ့ဖို႔ ေသြးယိုစီးတာမျဖစ္ဖို႔ အဓိကလိုအပ္တဲ့ ဗီတာမင္တစ္မ်ိဳး ျဖစ္ပါတယ္..

ဒုတိယအေနနဲ႔ သူ႔မွာပါဝင္တဲ့ Carotenoid ေတြျဖစ္တဲ့ Lutein တို႔ Zeaxanthin တို႔ေၾကာင့္ မ်က္စိက်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳပါတယ္.. ကြၽန္ေတာ္တို႔ရဲ႕မ်က္စိထဲကို ေနေရာင္ျခည္နဲ႔အတူ ခရမ္းလြန္ေရာင္ျခည္ေတြပါ ပါလာတဲ့အတြက္ မ်က္စိမွာရွိတဲ့ မွန္ဘီလူးခုံးနဲ႔ မ်က္ၾကည္လႊာဟာ အသက္ႀကီးတဲ့အခါမွာ တျဖည္းျဖည္းပ်က္စီးလာပါတယ္.. အဓိကအေနနဲ႔ Cataract လို႔ေခၚတဲ့ မ်က္စိတိမ္စြဲေရာဂါနဲ႔ Macular degeneration လို႔ေခၚတဲ့ မ်က္စိကြယ္ျခင္းဆိုတာေတြ ျဖစ္တတ္ပါတယ္.. မာလကာသီးကို တစ္ပတ္ကို သုံးလုံးေလာက္စား႐ုံနဲ႔ အဲ့ဒီေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္..

တတိယကေတာ့ မာလကာသီးဟာ ေသြးတိုးေရာဂါသည္ေတြစားရင္ ေသြးတိုးက်ေစႏိုင္တဲ့သတၱိရွိပါတယ္.. ၁၉၉၃ ခုႏွစ္က အိႏၵိယႏိုင္ငံမွာ စမ္းသပ္ခ်က္အရေရာ ၁၉၉၂ ခုႏွစ္မွာ အေမရိကန္ႏိုင္ငံမွာ စမ္းသပ္ခ်က္ေတြအရၾကည့္ရင္ မာလကာသီးကို ေန႔စဥ္မွန္မွန္စားတဲ့ လူနာအုပ္စုေတြမွာ ေသြးေပါင္ခ်ိန္တျဖည္းျဖည္းက်လာတာ ေတြ႕ရပါတယ္.. တစ္ခ်ိန္တည္းမွာပဲ ေသြးထဲမွာရွိတဲ့ မေကာင္းတဲ့အဆီဓာတ္ေတြျဖစ္တဲ့ LDL တို႔ Triglyceride တို႔ပါ က်လာတာ ေတြ႕ရပါတယ္.. ဒါေၾကာင့္ ေသြးတိုးေရာဂါသည္ေတြအေနနဲ႔ မာလကာသီးကို ျဖည့္စြက္အစားအစာအေနနဲ႔ မၾကာခဏစားေပးမယ္ဆိုရင္ အက်ိဳးရွိပါတယ္..

မၾကာေသးခင္ကမွ အေမရိကန္ႏိုင္ငံမွာ ျပဳလုပ္တဲ့ သုေတသနစာတမ္းအရ မာလကာသီးဟာ ကင္ဆာေရာဂါကာကြယ္ေရးမွာပါ အေထာက္အကူျပဳတယ္လို႔ ဆိုပါတယ္.. ဒါကလည္း သိပ္ေတာ့မဆန္းပါဘူး.. သဘာဝသစ္သီးသစ္႐ြက္ေတြ မ်ားမ်ားစားေလ ကင္ဆာေရာဂါျဖစ္ပြားမႈ ေလ်ာ့နည္းေလေလဆိုတာ အရင္ကတည္းကလည္း သိရွိလက္ခံထားၿပီး ျဖစ္ပါတယ္.. မာလကာသီးမွာပါတဲ့ ဓာတ္ပစၥည္းေတြျဖစ္တဲ့ ဗီတာမင္ေတြ flavonoid ေတြ carotenoid ေတြဟာ ကင္ဆာျဖစ္ေစတဲ့ဓာတ္ပစၥည္းေတြကို အူထဲမွာကတည္းက ဖ်က္ဆီးႏိုင္စြမ္းရွိလို႔ ျဖစ္ပါတယ္.. အထူးသျဖင့္ အသားကင္ေတြမွာပါတဲ့ Nitrosamine ေတြကို ေခ်ဖ်က္ရာမွာ အစြမ္းထက္လွပါတယ္..

မာလကာသီးဟာ က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အသီးျဖစ္လို႔ ကေလး၊ လူႀကီးစားသင့္တဲ့ သဘာဝသစ္သီးတစ္ခုျဖစ္ပါတယ္.. ဆီးခ်ိဳေသြးခ်ိဳေဝဒနာသည္ေတြ စားႏိုင္တဲ့အသီးျဖစ္ပါတယ္.. ဒါေပမဲ့ စားရင္ အေစ့ေတြထုတ္ၿပီးစားတာက အႏၲရာယ္ကင္းပါတယ္.. ေက်ာက္ကပ္ေရာဂါရွိသူေတြအေနနဲ႔ ေရွာင္ဖို႔လိုပါတယ္.. အထူးသျဖင့္ အသက္ႀကီးတဲ့သူေတြ မ်က္စိေရာဂါမျဖစ္ဖို႔ အင္မတန္ေကာင္းပါတယ္.. တစ္ပတ္ကို သုံးလုံးေလာက္စားေပးရင္ လုံေလာက္ပါတယ္..

(Unicode)

မာလကာသီး စားရင် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့..

ဗီတာမင်စီဓာတ် ဖြည့်တင်းပေးပါတယ်.. ဗီတာမင်စီပါဝင်မှုကိုကြည့်ရင် ကမ္ဘာပေါ်မှာ ဆီးဖြူသီးပြီးရင် မာလကာသီးဟာ ဒုတိယလိုက်ပါတယ်.. ဆီးဖြူသီး 100 g မှာ Vitamin C ဟာ 700 mg ပါဝင်ပါတယ်.. မာလကာသီး အနေတော်တစ်လုံး (100 g) မှာ 165 mg ပါဝင်ပါတယ်.. လိမ္မော်သီးအနေတော်တစ်လုံးဆိုရင် 75 mg ပါဝင်ပါတယ်.. သာမန်လူကြီးတစ်ယောက်အနေနဲ့ အနည်းဆုံး 60 mg လောက်လိုတဲ့အတွက် မာလကာသီးကို တစ်ပတ်သုံးလုံးလောက်စားရင်ကို ဗီတာမင်စီဓာတ်မချို့တဲ့အောင် ကာကွယ်ပြီးဖြစ်ပါတယ်.. ဗီတာမင်စီ ဆိုတာကတော့ သွေးကြောလေးတွေခိုင်ခံ့ဖို့ သွေးယိုစီးတာမဖြစ်ဖို့ အဓိကလိုအပ်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်..

ဒုတိယအနေနဲ့ သူ့မှာပါဝင်တဲ့ Carotenoid တွေဖြစ်တဲ့ Lutein တို့ Zeaxanthin တို့ကြောင့် မျက်စိကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်.. ကျွန်တော်တို့ရဲ့မျက်စိထဲကို နေရောင်ခြည်နဲ့အတူ ခရမ်းလွန်ရောင်ခြည်တွေပါ ပါလာတဲ့အတွက် မျက်စိမှာရှိတဲ့ မှန်ဘီလူးခုံးနဲ့ မျက်ကြည်လွှာဟာ အသက်ကြီးတဲ့အခါမှာ တဖြည်းဖြည်းပျက်စီးလာပါတယ်.. အဓိကအနေနဲ့ Cataract လို့ခေါ်တဲ့ မျက်စိတိမ်စွဲရောဂါနဲ့ Macular degeneration လို့ခေါ်တဲ့ မျက်စိကွယ်ခြင်းဆိုတာတွေ ဖြစ်တတ်ပါတယ်.. မာလကာသီးကို တစ်ပတ်ကို သုံးလုံးလောက်စားရုံနဲ့ အဲ့ဒီရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်..

တတိယကတော့ မာလကာသီးဟာ သွေးတိုးရောဂါသည်တွေစားရင် သွေးတိုးကျစေနိုင်တဲ့သတ္တိရှိပါတယ်.. ၁၉၉၃ ခုနှစ်က အိန္ဒိယနိုင်ငံမှာ စမ်းသပ်ချက်အရရော ၁၉၉၂ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ စမ်းသပ်ချက်တွေအရကြည့်ရင် မာလကာသီးကို နေ့စဉ်မှန်မှန်စားတဲ့ လူနာအုပ်စုတွေမှာ သွေးပေါင်ချိန်တဖြည်းဖြည်းကျလာတာ တွေ့ရပါတယ်.. တစ်ချိန်တည်းမှာပဲ သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီဓာတ်တွေဖြစ်တဲ့ LDL တို့ Triglyceride တို့ပါ ကျလာတာ တွေ့ရပါတယ်.. ဒါကြောင့် သွေးတိုးရောဂါသည်တွေအနေနဲ့ မာလကာသီးကို ဖြည့်စွက်အစားအစာအနေနဲ့ မကြာခဏစားပေးမယ်ဆိုရင် အကျိုးရှိပါတယ်..

မကြာသေးခင်ကမှ အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနစာတမ်းအရ မာလကာသီးဟာ ကင်ဆာရောဂါကာကွယ်ရေးမှာပါ အထောက်အကူပြုတယ်လို့ ဆိုပါတယ်.. ဒါကလည်း သိပ်တော့မဆန်းပါဘူး.. သဘာဝသစ်သီးသစ်ရွက်တွေ များများစားလေ ကင်ဆာရောဂါဖြစ်ပွားမှု လျော့နည်းလေလေဆိုတာ အရင်ကတည်းကလည်း သိရှိလက်ခံထားပြီး ဖြစ်ပါတယ်.. မာလကာသီးမှာပါတဲ့ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်တွေ flavonoid တွေ carotenoid တွေဟာ ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကို အူထဲမှာကတည်းက ဖျက်ဆီးနိုင်စွမ်းရှိလို့ ဖြစ်ပါတယ်.. အထူးသဖြင့် အသားကင်တွေမှာပါတဲ့ Nitrosamine တွေကို ချေဖျက်ရာမှာ အစွမ်းထက်လှပါတယ်..

မာလကာသီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အသီးဖြစ်လို့ ကလေး၊ လူကြီးစားသင့်တဲ့ သဘာဝသစ်သီးတစ်ခုဖြစ်ပါတယ်.. ဆီးချိုသွေးချိုဝေဒနာသည်တွေ စားနိုင်တဲ့အသီးဖြစ်ပါတယ်.. ဒါပေမဲ့ စားရင် အစေ့တွေထုတ်ပြီးစားတာက အန္တရာယ်ကင်းပါတယ်.. ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ရှောင်ဖို့လိုပါတယ်.. အထူးသဖြင့် အသက်ကြီးတဲ့သူတွေ မျက်စိရောဂါမဖြစ်ဖို့ အင်မတန်ကောင်းပါတယ်.. တစ်ပတ်ကို သုံးလုံးလောက်စားပေးရင် လုံလောက်ပါတယ်..

Crd:Dr,Khin Maung Lwin- FAME

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

(Zawgyi)

ဖရဲသီး ဝါဝါေလးကေပးတဲ့ က်န္းမာေရး

== == == == == == == == == == == == == == ==

ဖရဲသီး လို႔ေျပာလိုက္ရင္ အခြံစိမ္းစိမ္း အတြင္းသား နီနီရဲရဲေလးပဲ ေျပးျမင္မယ္ ထင္ပါတယ္။ ဒီတစ္ခါေတာ့ နီနီရဲရဲ ဖရဲသီးထက္ ပိုႏုၿပီး အဝါေရာင္သန္းေနတဲ့ ဖရဲသီး အဝါေလးေတြက က်န္းမာေရးကို ဘယ္လို အေထာက္အကူ ျပဳေပးသလဲဆိုတာ ေျပာျပေပးပါရေစ။

ဖရဲသီး အဝါေရာင္မွာပါတဲ့ အာဟာရဓာတ္

အပူပိုင္းေဒသေတြမွာ အမ်ားဆုံး ေပါက္ေရာက္တဲ့ ဖရဲသီး အဝါသီးမွာ

ကာဗိုဟိုက္ဒရိတ္

ကယ္လ္လိုရီ

အဆီဓာတ္

အမွ်င္ဓာတ္

သၾကားဓာတ္

ပ႐ိုတင္း

ပိုတက္ဆီယမ္

ကယ္လ္ဆီယမ္

ဗီတာမင္ A

ဗီတာမင္ C

သံဓာတ္

မဂၢနီဆီယမ္ စတာေတြ ပါဝင္ေနပါတယ္။

ဖရဲသီး ဝါဝါေလးကေပးတဲ့ က်န္းမာေရး

ေရဓာတ္ ၉၂ ရာခိုင္ႏႈန္းေလာက္အထိ ပါဝင္ေနၿပီး ႏုႏုခ်ိဳခ်ိဳ ဖရဲသီး အဝါေလးက

ေသြးေၾကာေတြထဲမွာ ေသြးစီးဆင္းမႈ ေကာင္းေစတယ္

ဖရဲသီး အဝါေရာင္မွာ citrulline က ကိုယ္တြင္းက ေသြးေတြကို ပ်စ္တာ။ ခဲတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးၿပီး ခႏၶာကိုယ္ အႏွံ႔က ေသြးေၾကာေတြထဲမွာ ေသြးစီးဆင္းမႈ ေကာင္းေစဖို႔ အေကာင္းဆုံး အားျဖည့္ေပးပါတယ္။

ကိုယ္ခံအား ေကာင္းေစႏိုင္တယ္

ဖရဲသီး အဝါမွာ ဗီတာမင္ A နဲ႔ ဗီတာမင္ C ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအား ေကာင္းေစၿပီး ဖ်ားနာမႈ ကင္းေစဖို႔ အေကာင္းဆုံး ေထာက္ကူေပးႏိုင္ပါတယ္။ အေအးမိတဲ့ လူနာေတြအေနနဲ႔ေတာ့ ဖ်ားနာေနခ်ိန္မွာ မစားသင့္ပါဘူး။

ေက်ာက္ကပ္ က်န္းမာေစတယ္

အဝါေရာင္ ဖရဲသီးက ဆီး႐ႊင္ေစၿပီး ေက်ာက္ကပ္ေတြကို က်န္းမာေစႏိုင္ပါတယ္။ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဆီးကေနတဆင့္ ျပင္ပကို စြန႔္ထုတ္ေပးပါတယ္။ ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္ႏိုင္မႈ စြမ္းရည္ကို တိုးတက္ေစႏိုင္ ပါတယ္။

ေသြးေပါင္က်ေစႏိုင္တယ္

ေသြးတိုးသမားမ်ားအတြက္ သင့္ေတာ္တဲ့ စားစရာ တစ္ခုပါ။ ပိုတက္ဆီယမ္ ပါဝင္ေနတာက ေသြးေပါင္ခ်ိန္ကို အေကာင္းဆုံးျဖစ္ေအာင္ ထိန္းညႇိေပးႏိုင္ပါတယ္။ အဝါေရာင္ ဖရဲသီးကို ပုံမွန္ စားသုံးသူေတြက ေသြးတိုး ကင္းၾကၿပီး ေသြးေပါင္ခ်ိန္ကို အေကာင္းဆုံ အေနအထားမွာ ထိန္းညႇိထားႏိုင္တယ္၊ လို႔ ေလ့လာမႈေတြအရ သိရပါတယ္။

မ်က္လုံး က်န္းမာေစတယ္

ဖရဲသီး အဝါေရာင္မွာ အျမင္အာ႐ုံအတြက္ လိုအပ္တဲ့ အာဟာရ တစ္မ်ိဳး ျဖစ္တဲ့ ဗီတာမင္ A ပါဝင္ေနပါတယ္။ ဗီတာမင္ A အျမင္အာ႐ုံကို က်န္းမာေစၿပီး မ်က္စိျပႆနာ ကင္းေစဖို႔ အေကာင္းဆုံး အေထာက္အပံ့ေပးႏိုင္မွာပါ။

ဓာတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတယ္

ယေန႔ေခတ္မွာ ညစ္ညမ္းလာတဲ့ ေျမထု၊ ေရထု၊ ေလထုေတြေၾကာင့္ အေရျပားက စလို႔ က်န္းမာေရး အဆုံး အရာရာဟာ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္ေနရပါတယ္။ ဒီျပႆနာေတြကို ကာကြယ္ဖို႔ဆိုရင္ ဓာတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတဲ့ ဖရဲသီးအဝါကို စားေပးသင့္ပါတယ္။

ပါးစပ္ထဲက အနာကို သက္သာေစတယ္

ဖရဲသီး အဝါမွာ ဗီတာမင္ C ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ပါးစပ္ထဲက အနာေတြကို သက္သာေစၿပီး ပါးစပ္ထဲမွာ အနာေတြ ခဏခဏ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ခံတြင္းနဲ႔ သြားျပႆနာေတြ ကင္းေစဖို႔လည္း ေထာက္ကူ ေပးပါေသးတယ္။

အ႐ိုးေတြ သန္မာေစတယ္

ဖရဲသီး အဝါမွာ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္ နဲ႔ ပ႐ိုတင္းတို႔လိုမ်ိဳး အ႐ိုးကို သန္မာေစႏိုင္တဲ့ အာဟာရဓာတ္ေတြ ပါဝင္ေနပါတယ္။ အ႐ိုး သိပ္သည္းဆ ေကာင္းမြန္ေစၿပီး အ႐ိုးေတြ သန္မာေစဖို႔နဲ႔ အ႐ိုးပြ ေရာဂါကို ကာကြယ္ဖို႔ ဖရဲသီး အဝါကို စားေပးလို႔ ရပါတယ္။

(Unicode)

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

== == == == == == == == == == == == == == ==

ဖရဲသီး လို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။

ဖရဲသီး အဝါရောင်မှာပါတဲ့ အာဟာရဓာတ်

အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်တဲ့ ဖရဲသီး အဝါသီးမှာ

ကာဗိုဟိုက်ဒရိတ်

ကယ်လ်လိုရီ

အဆီဓာတ်

အမျှင်ဓာတ်

သကြားဓာတ်

ပရိုတင်း

ပိုတက်ဆီယမ်

ကယ်လ်ဆီယမ်

ဗီတာမင် A

ဗီတာမင် C

သံဓာတ်

မဂ္ဂနီဆီယမ် စတာတွေ ပါဝင်နေပါတယ်။

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ရေဓာတ် ၉၂ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပြီး နုနုချိုချို ဖရဲသီး အဝါလေးက

သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေတယ်

ဖရဲသီး အဝါရောင်မှာ citrulline က ကိုယ်တွင်းက သွေးတွေကို ပျစ်တာ။ ခဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ် အနှံ့က သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဖရဲသီး အဝါမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အအေးမိတဲ့ လူနာတွေအနေနဲ့တော့ ဖျားနာနေချိန်မှာ မစားသင့်ပါဘူး။

ကျောက်ကပ် ကျန်းမာစေတယ်

အဝါရောင် ဖရဲသီးက ဆီးရွှင်စေပြီး ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးကနေတဆင့် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို တိုးတက်စေနိုင် ပါတယ်။

သွေးပေါင်ကျစေနိုင်တယ်

သွေးတိုးသမားများအတွက် သင့်တော်တဲ့ စားစရာ တစ်ခုပါ။ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ အဝါရောင် ဖရဲသီးကို ပုံမှန် စားသုံးသူတွေက သွေးတိုး ကင်းကြပြီး သွေးပေါင်ချိန်ကို အကောင်းဆုံ အနေအထားမှာ ထိန်းညှိထားနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

မျက်လုံး ကျန်းမာစေတယ်

ဖရဲသီး အဝါရောင်မှာ အမြင်အာရုံအတွက် လိုအပ်တဲ့ အာဟာရ တစ်မျိုး ဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ ဗီတာမင် A အမြင်အာရုံကို ကျန်းမာစေပြီး မျက်စိပြဿနာ ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

ယနေ့ခေတ်မှာ ညစ်ညမ်းလာတဲ့ မြေထု၊ ရေထု၊ လေထုတွေကြောင့် အရေပြားက စလို့ ကျန်းမာရေး အဆုံး အရာရာဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နေရပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ဖရဲသီးအဝါကို စားပေးသင့်ပါတယ်။

ပါးစပ်ထဲက အနာကို သက်သာစေတယ်

ဖရဲသီး အဝါမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ပါးစပ်ထဲက အနာတွေကို သက်သာစေပြီး ပါးစပ်ထဲမှာ အနာတွေ ခဏခဏ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခံတွင်းနဲ့ သွားပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူ ပေးပါသေးတယ်။

အရိုးတွေ သန်မာစေတယ်

ဖရဲသီး အဝါမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့လိုမျိုး အရိုးကို သန်မာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အရိုး သိပ်သည်းဆ ကောင်းမွန်စေပြီး အရိုးတွေ သန်မာစေဖို့နဲ့ အရိုးပွ ရောဂါကို ကာကွယ်ဖို့ ဖရဲသီး အဝါကို စားပေးလို့ ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|ရေးသားသူ Aye Thi Mon
Crd:Helloဆရာဝန်

ကန်စွန်းကြီးရွက် စားသင့်တဲ့ အကြောင်းရင်း (၈) ချက်

(Zawgyi)

ကန္စြန္းႀကီး႐ြက္ စားသင့္တဲ့ အေၾကာင္းရင္း (၈) ခ်က္

=================================

ကန္စြန္းႀကီး႐ြက္ ဆိုတာ ကန္စြန္းဥပင္ရဲ႕ အ႐ြက္ေတြပါ။ ငါးဆုပ္ သို႔မဟုတ္ ပုစြန္တို႔နဲ႔ ခ်ဥ္ရည္ခ်က္စားရင္ ႏူးႏူးညံ့ညံ့ေလးနဲ႔ သိပ္စားေကာင္းတဲ့ အ႐ြက္ေပါ့။ ကန္စြန္း႐ြက္ထက္ ပိုႏူးညံ့သလို က်န္းမာေရး အက်ိဳးေက်းဇူးလည္း မနည္းတဲ့ အသီးအ႐ြက္ ျဖစ္ပါတယ္။

ဝယ္ရတာ ရွားေနသလား။ အိမ္မွာ ကန္စြန္းဥတစ္ဥေလာက္ စိုက္ထား႐ုံနဲ႔ တစ္အိမ္လုံး စားေလာက္တဲ့ အထိ အပင္ ျဖစ္ထြန္းလြယ္ပါတယ္။ ၾကာလာရင္ ေအာ္ဂန္းနစ္ ကန္စြန္းဥေတာင္ စားရလိမ့္ဦးမယ္။

ကန္စြန္းႀကီး႐ြက္ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေလးေတြ ၾကည့္လိုက္ရေအာင္…

(၁) ဓာတ္တိုးဆန႔္က်င္ အစြမ္းအာနိသင္ေပးတယ္

ကန္စြန္းႀကီး႐ြက္ လတ္လတ္ဆတ္ဆတ္ေလး ေတြမွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ႂကြယ္ဝတဲ့ အတြက္ free radicals ေတြေၾကာင့္ ျဖစ္ရတဲ့ ထိခိုက္ပ်က္စီးမႈေတြကို ကာကြယ္တားဆီးေပးပါတယ္။ ဒါ့ေၾကာင့္ အ႐ြယ္တင္ေစတာ၊ ကင္ဆာ ကာကြယ္ႏိုင္တာ၊ အဆစ္ေရာင္ေရာဂါ သက္သာေစတာ၊ ပန္းနာရင္က်ပ္ သက္သာေစတာ စတဲ့ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါတယ္။

(၂) ေရာင္ရမ္းမႈ ကို သက္သာေစတယ္

ကန္စြန္းႀကီး႐ြက္မွာ ပါတဲ့ အေရာင္က်ေစတဲ့ ျဒပ္ေပါင္းေတြေၾကာင့္ ေဂါက္ေရာဂါ၊ အဆစ္နာေရာဂါ၊ ပန္းနာရင္က်ပ္ စတဲ့ ေရာဂါရွိသူေတြအတြက္ ေဆးတစ္ခြက္ပါပဲ။ သူ႔ကို ၾကာၾကာ ခ်က္ျပဳတ္ထားတဲ့ အရည္ (အနီးစပ္ဆုံးက ခ်ဥ္ရည္ဟင္း) က အကိုက္အခဲေပ်ာက္ေဆး လို ထိုက္သင့္သေလာက္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။

(၃) အစာေခ်ဖ်က္ႏိုင္စြမ္း ပိုေကာင္းေစတယ္

အမွ်င္ဓာတ္ ပါဝင္မႈ ျမင့္မားတဲ့ အတြက္ အစာေျခစနစ္ ရဲ႕ လုပ္ေဆာင္ခ်က္ ေတြကို ကူညီေထာက္ပံ့ေပးၿပီး ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ ေျဖရွင္းေပးႏိုင္ပါတယ္။ အစာအိမ္ အူလမ္းေၾကာင္း ျပႆနာေတြ အျပင္ အူမႀကီးကင္ဆာ ကိုပါ ကာကြယ္ေပးပါလိမ့္မယ္။

(၄) ေသြးတြင္းသၾကား ကို ထိန္းညႇိေပးတယ္

ကာဗိုဟိုက္ဒရိတ္ နည္းပါးၿပီး အမွ်င္ဓာတ္ မ်ားတဲ့ ကန္စြန္းႀကီး႐ြက္က ဆီးခ်ိဳေသြးခ်ိဳ ေရာဂါရွိသူေတြ အတြက္လည္း အက်ိဳးျပဳဓာတ္စာ တစ္မ်ိဳး ျဖစ္ပါတယ္။ လတ္ဆတ္တဲ့ ကန္စြန္းႀကီး႐ြက္က ခႏၶာကိုယ္ထဲမွာ အင္ဆူလင္နဲ႔ေသြးတြင္းသၾကားဓာတ္တို႔ကို ထိန္းညႇိေပးႏိုင္စြမ္း ရွိပါတယ္။

(၅) ႏွလုံး က်န္းမာေစတယ္

ကန္စြန္းႀကီး႐ြက္က ပိုတက္စီယမ္ဓာတ္လည္း ႂကြယ္ဝသလို စိတ္ပူပန္မႈနဲ႔ စိတ္ဖိစီးမႈေတြကို ထိန္းခ်ဳပ္ေပးႏိုင္တာမို႔ ေသြးတိုးကိုလည္း က်ေစႏိုင္ပါတယ္။

အမွ်င္ဓာတ္ႂကြယ္ဝတာေၾကာင့္ ႏွလုံးေသြးေၾကာေတြထဲမွာ အဆီေတြ စုပုံျခင္းကို တားဆီးေပးၿပီး ေသြးေၾကာပိတ္ဆို႔ျခင္းကို ကာကြယ္ေပးပါတယ္။

(၆) ရာသီလာခ်ိန္ နာက်င္ကိုက္ခဲမႈေတြကို သက္သာေစတယ္

ကန္စြန္းႀကီး႐ြက္က ဗီတာမင္ ေက ပါဝင္မႈေၾကာင့္ အမ်ိဳးသမီးေတြမွာ ရာသီမလာခင္နဲ႔ ရာသီလာခ်ိန္ နာက်င္ကိုက္ခဲမႈေတြကို သက္သာေလ်ာ့ပါးေစႏိုင္ပါတယ္။ ဗီတာမင္ ေက ခ်ိဳ႕တဲ့ျခင္းက ရာသီလာခ်ိန္ ခံစားရတဲ့ လကၡဏာေတြကို ပိုဆိုးေစႏိုင္ပါတယ္။

(၇) မ်က္စိ အားေကာင္းေစတယ္

ကန္စြန္းႀကီး႐ြက္မွာ ဘီတာကယ္႐ိုတင္း ႂကြယ္ဝတာေၾကာင့္ ဗီတာမင္ ေအ ေတြ ရရွိႏိုင္တယ္ေလ။ ဒါေၾကာင့္ မ်က္စိက်န္းမာေရး အတြက္ အက်ိဳးေက်းဇူးေတြ ရႏိုင္တာ အဆန္းေတာ့ မဟုတ္ပါဘူး။

ဗီတာမင္ ေအ ခ်ိဳ႕တဲ့မယ္ ဆိုရင္ မ်က္စိအားနည္းတာ၊ အျမင္အာ႐ုံမၾကည္လင္ေတာ့တာ၊ မ်က္႐ိုးကိုက္တာ စတဲ့ အျမင္အာ႐ုံျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ ကန္စြန္းႀကီး႐ြက္၊ ကန္စြန္းဥ တို႔လို ဘီတာကယ္႐ိုတင္း ႂကြယ္ဝတဲ့ အစားအစာေတြ စားေပးရင္ ဒီျပႆနာေတြ ကာကြယ္ႏိုင္ပါလိမ့္မယ္။

(၈) သြားဖုံး က်န္းမာေစတယ္

သြားနဲ႔ သြားဖုံးျပႆနာေတြက ဗီတာမင္ ေက၊ ဗီတာမင္ ဒီ၊ ဗီတာမင္ ေအ နဲ႔ ဗီတာမင္ စီ တို႔ ခ်ိဳ႕တဲ့ရင္ ျဖစ္တတ္ပါတယ္။ ဒီအာဟာရဓာတ္ေတြ ပါတဲ့ အစားအေသာက္ေတြကို စားမယ္ဆိုရင္ သြားနဲ႔ သြားဖုံး က်န္းမာေစပါတယ္။

ကန္စြန္းႀကီး႐ြက္မွာ ပါတဲ့ ဗီတာမင္ ေက က တျခားဗီတာမင္နဲ႔ သတၱဳဓာတ္ေတြနဲ႔ ေပါင္းစပ္ၿပီး သြားေႂကြလႊာ ပ်က္စီးျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

အရသာရွိၿပီး ဒီလိုအာဟာရ ျပည့္တဲ့ ကန္စြန္းႀကီး႐ြက္ကို ေၾကာ္စားစား၊ ခ်က္စားစား ႀကိဳက္တဲ့နည္းနဲ႔ စားၾကည့္လိုက္ပါေတာ့။

(Unicode)

ကန်စွန်းကြီးရွက် စားသင့်တဲ့ အကြောင်းရင်း (၈) ချက်

=================================

ကန်စွန်းကြီးရွက် ဆိုတာ ကန်စွန်းဥပင်ရဲ့ အရွက်တွေပါ။ ငါးဆုပ် သို့မဟုတ် ပုစွန်တို့နဲ့ ချဉ်ရည်ချက်စားရင် နူးနူးညံ့ညံ့လေးနဲ့ သိပ်စားကောင်းတဲ့ အရွက်ပေါ့။ ကန်စွန်းရွက်ထက် ပိုနူးညံ့သလို ကျန်းမာရေး အကျိုးကျေးဇူးလည်း မနည်းတဲ့ အသီးအရွက် ဖြစ်ပါတယ်။

ဝယ်ရတာ ရှားနေသလား။ အိမ်မှာ ကန်စွန်းဥတစ်ဥလောက် စိုက်ထားရုံနဲ့ တစ်အိမ်လုံး စားလောက်တဲ့ အထိ အပင် ဖြစ်ထွန်းလွယ်ပါတယ်။ ကြာလာရင် အော်ဂန်းနစ် ကန်စွန်းဥတောင် စားရလိမ့်ဦးမယ်။

ကန်စွန်းကြီးရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်…

(၁) ဓာတ်တိုးဆန့်ကျင် အစွမ်းအာနိသင်ပေးတယ်

ကန်စွန်းကြီးရွက် လတ်လတ်ဆတ်ဆတ်လေး တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အတွက် free radicals တွေကြောင့် ဖြစ်ရတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်တားဆီးပေးပါတယ်။ ဒါ့ကြောင့် အရွယ်တင်စေတာ၊ ကင်ဆာ ကာကွယ်နိုင်တာ၊ အဆစ်ရောင်ရောဂါ သက်သာစေတာ၊ ပန်းနာရင်ကျပ် သက်သာစေတာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

(၂) ရောင်ရမ်းမှု ကို သက်သာစေတယ်

ကန်စွန်းကြီးရွက်မှာ ပါတဲ့ အရောင်ကျစေတဲ့ ဒြပ်ပေါင်းတွေကြောင့် ဂေါက်ရောဂါ၊ အဆစ်နာရောဂါ၊ ပန်းနာရင်ကျပ် စတဲ့ ရောဂါရှိသူတွေအတွက် ဆေးတစ်ခွက်ပါပဲ။ သူ့ကို ကြာကြာ ချက်ပြုတ်ထားတဲ့ အရည် (အနီးစပ်ဆုံးက ချဉ်ရည်ဟင်း) က အကိုက်အခဲပျောက်ဆေး လို ထိုက်သင့်သလောက် စွမ်းဆောင်ပေးနိုင်ပါတယ်။

(၃) အစာချေဖျက်နိုင်စွမ်း ပိုကောင်းစေတယ်

အမျှင်ဓာတ် ပါဝင်မှု မြင့်မားတဲ့ အတွက် အစာခြေစနစ် ရဲ့ လုပ်ဆောင်ချက် တွေကို ကူညီထောက်ပံ့ပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ် ဖြေရှင်းပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်း ပြဿနာတွေ အပြင် အူမကြီးကင်ဆာ ကိုပါ ကာကွယ်ပေးပါလိမ့်မယ်။

(၄) သွေးတွင်းသကြား ကို ထိန်းညှိပေးတယ်

ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး အမျှင်ဓာတ် များတဲ့ ကန်စွန်းကြီးရွက်က ဆီးချိုသွေးချို ရောဂါရှိသူတွေ အတွက်လည်း အကျိုးပြုဓာတ်စာ တစ်မျိုး ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကန်စွန်းကြီးရွက်က ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်နဲ့သွေးတွင်းသကြားဓာတ်တို့ကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။

(၅) နှလုံး ကျန်းမာစေတယ်

ကန်စွန်းကြီးရွက်က ပိုတက်စီယမ်ဓာတ်လည်း ကြွယ်ဝသလို စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ပေးနိုင်တာမို့ သွေးတိုးကိုလည်း ကျစေနိုင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတာကြောင့် နှလုံးသွေးကြောတွေထဲမှာ အဆီတွေ စုပုံခြင်းကို တားဆီးပေးပြီး သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ပေးပါတယ်။

(၆) ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတယ်

ကန်စွန်းကြီးရွက်က ဗီတာမင် ကေ ပါဝင်မှုကြောင့် အမျိုးသမီးတွေမှာ ရာသီမလာခင်နဲ့ ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ ဗီတာမင် ကေ ချို့တဲ့ခြင်းက ရာသီလာချိန် ခံစားရတဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

(၇) မျက်စိ အားကောင်းစေတယ်

ကန်စွန်းကြီးရွက်မှာ ဘီတာကယ်ရိုတင်း ကြွယ်ဝတာကြောင့် ဗီတာမင် အေ တွေ ရရှိနိုင်တယ်လေ။ ဒါကြောင့် မျက်စိကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေ ရနိုင်တာ အဆန်းတော့ မဟုတ်ပါဘူး။

ဗီတာမင် အေ ချို့တဲ့မယ် ဆိုရင် မျက်စိအားနည်းတာ၊ အမြင်အာရုံမကြည်လင်တော့တာ၊ မျက်ရိုးကိုက်တာ စတဲ့ အမြင်အာရုံပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကန်စွန်းကြီးရွက်၊ ကန်စွန်းဥ တို့လို ဘီတာကယ်ရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ စားပေးရင် ဒီပြဿနာတွေ ကာကွယ်နိုင်ပါလိမ့်မယ်။

(၈) သွားဖုံး ကျန်းမာစေတယ်

သွားနဲ့ သွားဖုံးပြဿနာတွေက ဗီတာမင် ကေ၊ ဗီတာမင် ဒီ၊ ဗီတာမင် အေ နဲ့ ဗီတာမင် စီ တို့ ချို့တဲ့ရင် ဖြစ်တတ်ပါတယ်။ ဒီအာဟာရဓာတ်တွေ ပါတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် သွားနဲ့ သွားဖုံး ကျန်းမာစေပါတယ်။

ကန်စွန်းကြီးရွက်မှာ ပါတဲ့ ဗီတာမင် ကေ က တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ ပေါင်းစပ်ပြီး သွားကြွေလွှာ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အရသာရှိပြီး ဒီလိုအာဟာရ ပြည့်တဲ့ ကန်စွန်းကြီးရွက်ကို ကြော်စားစား၊ ချက်စားစား ကြိုက်တဲ့နည်းနဲ့ စားကြည့်လိုက်ပါတော့။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|ရေးသားသူ Yun Sandi Nan Mon
Crd:Helloဆရာဝန်

တာအိုးရွက် နဲ့ ကျန်းမာရေး

(Zawgyi)

တာအိုး႐ြက္ နဲ႔ က်န္းမာေရး

===================

ေဟာ့ေပါ့ထဲ ထည့္စားတတ္တဲ့ တာအိုး႐ြက္ေလးက က်န္းမာေရးကို ဘယ္လိုမ်ား အေထာက္အကူ ေပးလဲဆိုတာကို သိခ်င္တယ္ ဆိုရင္ ဒီ ေဆာင္းပါးေလး ထဲမွာ ဖတ္ၾကည့္လိုက္ပါ။

တာအိုး႐ြက္ မွာပါတဲ့ အာဟာရ

သက္တတ္တတ္ အရသာေလးနဲ႔ ခပ္ႂကြပ္ႂကြပ္ တာအိုး႐ြက္ေလးမွာ

ကယ္လ္လိုရီ

ကာဗိုဟိုက္ဒရိတ္

ပ႐ိုတင္း

အမွ်င္ဓာတ္

ေဖာလိတ္

မဂၢနိ႔

သံဓာတ္

ကယ္လ္ဆီယမ္

ပိုတက္ဆီယမ္

ဗီတာမင္ B2 တို႔ ပါဝင္ေနပါတယ္။

တာအိုး႐ြက္ကေပးတဲ့ က်န္းမာေရး

ႂကြပ္ဆတ္ဆတ္ ခါးသက္သက္ တာအိုး႐ြက္ေလး စားသုံးေပးတာက

ကိုယ္အေလးခ်ိန္ ထိန္းညႇိေပးတယ္

တာအိုး႐ြက္မွာ ပါတဲ့ hydroxycinnamic acid တစ္မ်ိဳးျဖစ္တဲ့ chlorogenic acid က အစားစားၿပီးတဲ့အခါ ေသြးထဲမွာ သၾကားဓာတ္ ျဖစ္ေပၚမႈကို ေႏွးေစပါတယ္။ ကယ္လ္လိုရီ ပါဝင္မႈ နည္းၿပီး အမွ်င္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အဝမလြန္ေအာင္ ထိန္းေပးသလို ကိုယ္အေလးခ်ိန္ကို ထိန္းညႇိေပးပါတယ္။ ဝိတ္က်ခ်င္သူတိုင္း စားေပးလို႔ရပါတယ္။

ဓာတ္တိုးဆန႔္က်င္ အာနိသင္ ႂကြယ္ဝတယ္

တာအိုး႐ြက္မွာပါတဲ့ chlorogenic acidက ဝိတ္က်ေစတာ အျပင္ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ခႏၶာကိုယ္ ထိခိုက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ တာအိုး႐ြက္မွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ျဖစ္ၾကတဲ့ flavonoids၊ ဗီတာမင္ နဲ႔ carotenoidsတို႔ ပါဝင္ေနၿပီး ဓာတ္တိုးပစၥည္းေတြေၾကာင့္ က်န္းမာေရးကို မထိခိုက္ေစဖို႔ ကာကြယ္ေပးပါတယ္။

ဓာတ္တိုးပစၥည္းေတြ မ်ားလာတဲ့အခါ ခံစားရႏိုင္တဲ့ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးေရာဂါ နဲ႔ ကင္ဆာလိုမ်ိဳး က်န္းမာေရး ျပႆနာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ အ႐ြယ္မတိုင္ခင္ အိုမင္းတာ၊ အေရးအေၾကာင္းေတြ ျဖစ္တာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

ပိုတက္ဆီယမ္ ႂကြယ္ဝတယ္

တာအိုး႐ြက္ ၁၀၀ ဂရမ္မွာ ပိုတက္ဆီယမ္ ၄၆၀ မီလိဂရမ္အထိ ပါဝင္ေနပါတယ္။ ငွက္ေပ်ာသီးထက္ ပိုတက္ဆီယမ္ ပိုမိုႂကြယ္ဝၿပီး ႏွလုံး က်န္းမာေစသလို ေသြးမတိုးေစဖို႔ ကာကြယ္ေပးပါတယ္။ ႂကြက္သားေတြကို က်ဳံ႕ဆန႔္အား ေကာင္းေစၿပီး အာ႐ုံေၾကာေတြကို က်န္းမာေစပါတယ္။

ေသြးေပါင္ခ်ိန္ကို အေကာင္းဆုံး ထိန္းညႇိေပးၿပီး ေသြးမတိုးေစဖို႔ ကာကြယ္ေပးသလို ေလျဖတ္တာ၊ ေက်ာက္ကပ္ ေက်ာက္တည္တာ၊ ေလပြတာ၊ အေၾကာျပတ္တာ နဲ႔ အ႐ိုး ပါးတာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

အဆုတ္ကင္ဆာ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္

အဆုတ္ ကင္ဆာ ျဖစ္ပြားမႈႏႈန္းက တစ္ေန႔ထက္တစ္ေန႔ ျမင့္တက္ လာေနပါတယ္။ ဒီျပႆနာကို ကာကြယ္ဖို႔ဆိုရင္ ဗီတာမင္ A ႂကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို စားသုံးေပးလို႔ ရပါတယ္။

ဗီတာမင္ A ႂကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို မၾကာခဏ စားသုံးေပးတာက အဆုတ္ကို က်န္းမာေစၿပီး အဆုတ္ ကင္ဆာ ခံစားရႏိုင္ေျခကို သိသိသာသာ ေလွ်ာ့ခ် ေပးပါတယ္။

(Unicode)

တာအိုးရွက် နဲ့ ကျန်းမာရေး

===================

ဟော့ပေါ့ထဲ ထည့်စားတတ်တဲ့ တာအိုးရွက်လေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပေးလဲဆိုတာကို သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။

တာအိုးရွက် မှာပါတဲ့ အာဟာရ

သက်တတ်တတ် အရသာလေးနဲ့ ခပ်ကြွပ်ကြွပ် တာအိုးရွက်လေးမှာ

ကယ်လ်လိုရီ

ကာဗိုဟိုက်ဒရိတ်

ပရိုတင်း

အမျှင်ဓာတ်

ဖောလိတ်

မဂ္ဂနိ့

သံဓာတ်

ကယ်လ်ဆီယမ်

ပိုတက်ဆီယမ်

ဗီတာမင် B2 တို့ ပါဝင်နေပါတယ်။

တာအိုးရွက်ကပေးတဲ့ ကျန်းမာရေး

ကြွပ်ဆတ်ဆတ် ခါးသက်သက် တာအိုးရွက်လေး စားသုံးပေးတာက

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

တာအိုးရွက်မှာ ပါတဲ့ hydroxycinnamic acid တစ်မျိုးဖြစ်တဲ့ chlorogenic acid က အစားစားပြီးတဲ့အခါ သွေးထဲမှာ သကြားဓာတ် ဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဝမလွန်အောင် ထိန်းပေးသလို ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးလို့ရပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

တာအိုးရွက်မှာပါတဲ့ chlorogenic acidက ဝိတ်ကျစေတာ အပြင် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် တာအိုးရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ flavonoids၊ ဗီတာမင် နဲ့ carotenoidsတို့ ပါဝင်နေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေးကို မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေ များလာတဲ့အခါ ခံစားရနိုင်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ နဲ့ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာ၊ အရေးအကြောင်းတွေ ဖြစ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ် ကြွယ်ဝတယ်

တာအိုးရွက် ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၄၆၀ မီလိဂရမ်အထိ ပါဝင်နေပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပိုမိုကြွယ်ဝပြီး နှလုံး ကျန်းမာစေသလို သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။ ကြွက်သားတွေကို ကျုံ့ဆန့်အား ကောင်းစေပြီး အာရုံကြောတွေကို ကျန်းမာစေပါတယ်။

သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးသလို လေဖြတ်တာ၊ ကျောက်ကပ် ကျောက်တည်တာ၊ လေပွတာ၊ အကြောပြတ်တာ နဲ့ အရိုး ပါးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အဆုတ်ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်

အဆုတ် ကင်ဆာ ဖြစ်ပွားမှုနှုန်းက တစ်နေ့ထက်တစ်နေ့ မြင့်တက် လာနေပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ ရပါတယ်။

ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို မကြာခဏ စားသုံးပေးတာက အဆုတ်ကို ကျန်းမာစေပြီး အဆုတ် ကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချ ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|ရေးသားသူ Aye Thi Mon
Crd:Helloဆရာဝန်

အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်

(Zawgyi)

အထင္မေသးသင့္တဲ့ ကိုယ္ခံအားအတြက္အေကာင္းဆုံး အ႐ိုးစြပ္ျပဳတ္ရည္
== == == == == == == == == == == === == == ======

စြပ္ျပဳတ္ဆိုတာ ေနမေကာင္းတဲ့အခ်ိန္ တိုက္ေကြၽးၾကတဲ့လူမမာစာပဲေလ။ ေနမေကာင္းတဲ့အခ်ိန္ေတာ့ ၾကက္စြပ္ျပဳတ္က အသင့္ေတာ္ဆုံးေပါ့။ ဒါေပမယ့္ ဘာအသားျဖစ္ျဖစ္ အ႐ိုးျပဳတ္ရည္က ခႏၶာကိုယ္အတြက္ အျပည့္အဝအားျဖစ္ေစတာ ေသခ်ာပါတယ္။ လူႀကိဳက္မ်ားၾကတဲ့ ေၾကးအိုး၊ ေဟာ့ေပ့ါ တို႔ဆိုတာလည္း ၾကာၾကာတည္ထားတဲ့ အ႐ိုးစြပ္ျပဳတ္ရည္ ေတြကို အေျခခံတဲ့ အစားအစာေတြပါ။

အဲဒါေၾကာင့္ အ႐ိုးဆိုလို႔ အထင္မေသးနဲ႔လို႔ေျပာတာ။ ေငြကုန္ေၾကးက်မမ်ားဘဲ ကိုယ္ခံအားေကာင္းေစမယ့္ ေဆးတစ္ခြက္ကိုရႏိုင္တာပဲ နည္းလားလို႔။ အ႐ိုးစြပ္ျပဳတ္ရည္ က ဘာလို႔အက်ိဳးေက်းဇူးမ်ားတယ္လို႔ ေျပာရတာလဲဆိုတာ ဆက္သာဖတ္ၾကည့္လိုက္ပါေတာ့…

(၁) အေရးႀကီးတဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြပါဝင္တယ္။
ၿခဳံေျပာရရင္ အာဟာရပါဝင္မႈသိပ္မ်ားပါတယ္။ အ႐ိုးျပဳတ္ရည္မွာ ကယ္လ္စီယမ္၊ ပိုတက္စီယမ္၊ ေဖာ့စဖရပ္စ္နဲ႔ တျခားသတၱဳဓာတ္ေတြႂကြယ္ဝတယ္။ ငါး႐ိုး (ငါးဖယ္႐ိုး၊ ငါးေခါင္းဟင္းခ်ိဳ၊ မုန႔္ဟင္းခါး) ျပဳတ္ရည္ေတြဆို သိုင္း႐ြိဳက္လုပ္ေဆာင္ခ်က္က်န္းမာေစဖို႔ မရွိမျဖစ္အေရးပါတဲ့ အိုင္အိုဒင္းဓာတ္ ပါဝင္တာလည္း ပိုပါေသးတယ္။

သူတို႔ေတြမွာပါဝင္တဲ့ တြယ္ဆက္တစ္ရႉးေတြကေန ဂလူကိုဆာမိုက္ နဲ႔ ခြန္ဒ႐ြိဳက္တင္ တို႔လို သဘာဝျဒပ္ေပါင္းေတြရရွိႏိုင္လို႔ အ႐ိုးက်န္းမာေရးအတြက္ ေကာင္းပါတယ္။

႐ိုးတြင္းျခင္ဆီကေန ဗီတာမင္ A၊ ဗီတာမင္ K2 တို႔အျပင္ ဇင့္၊ သံဓာတ္၊ မဂၢနိစ္နဲ႔ ဆယ္လီနီယမ္၊ အိုမီဂါ-3၊ အိုမီဂါ-6 အက်ိဳးျပဳအဆီဓာတ္ေတြ ရရွိႏိုင္တယ္။ အ႐ိုးျပဳတ္ရည္ကေန ေကာ္လာဂ်င္ဓာတ္ေတြ ရႏိုင္ေသးတယ္။

(၂) အစာေျခစနစ္အတြက္ ေကာင္းတယ္။
အ႐ိုးျပဳတ္ရည္မွာပါတဲ့ gelatin က အစာအိမ္နဲ႔အူလမ္းေၾကာင္းတေလွ်ာက္မွာ အစာေတြေ႐ြ႕လ်ားမႈ၊ ေခ်ဖ်က္မႈ၊ ခ်က္လုပ္မႈ၊ စြန႔္ထုတ္မႈေတြ ေခ်ာေမြ႕လြယ္ကူေစဖို႔ အေထာက္အကူေပးတယ္။ သူက အစာေျခလမ္းေၾကာင္းရဲ႕အခြၽဲနံရံကို ကာကြယ္ေပး၊ ကုသေပးႏိုင္တယ္လို႔ ေလ့လာေတြ႕ရွိထားပါတယ္။

Gelatin မွာပါတဲ့ အမိုင္ႏိုအက္စစ္တစ္မ်ိဳး(glutamine) က အူနံရံရဲ႕လုပ္ေဆာင္ခ်က္ကို ထိန္းကူေပးလို႔ အူနံရံေသြးယိုျခင္းမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အူလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ ေရာဂါရွိသူေတြအတြက္ သင့္ေတာ္တဲ့ဓာတ္စာတစ္မ်ိဳးျဖစ္ပါတယ္။

(၃) ေရာင္ရမ္းမႈေတြ ေလ်ာ့က်ေစတယ္။
အ႐ိုးျပဳတ္ရည္မွာေတြ႕ရတဲ့ glycine နဲ႔ arginine ဆိုတဲ့ အမိုင္ႏိုအက္စစ္ႏွစ္မ်ိဳးက ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစႏိုင္စြမ္း ျပည့္ဝပါတယ္။ အထူးသျဖင့္ arginine က အဝလြန္ျခင္းေၾကာင့္ျဖစ္တဲ့ ေရာင္ရမ္းမႈေတြကို ေလ်ာ့ပါးေစပါတယ္။

(၄) အ႐ိုးအဆစ္က်န္းမာေရးကို ပိုေကာင္းေစတယ္။
ေကာ္လာဂ်င္ဆိုတာ အ႐ိုး၊ အ႐ြတ္နဲ႔ အ႐ြတ္တြဲေတြမွာ ေတြ႕ရတဲ့ အဓိကပ႐ိုတင္းျဖစ္ပါတယ္။ အ႐ိုးျပဳတ္ရည္ကို ၾကာၾကာတည္တဲ့အခါမွသာ gelatin ပ႐ိုတင္းအျဖစ္ ၿပိဳကြဲျဖစ္ေပၚလာပါတယ္။ gelatin မွာေတာ့ အ႐ိုးအဆစ္က်န္းမာေရးအတြက္ အားျဖည့္ေပးတဲ့ အေရးႀကီးအမိုင္ႏိုအက္စစ္ေတြ ပါဝင္ပါတယ္။ အ႐ြတ္ထိခိုက္သူေတြအျပင္ ေလးဖက္နာအဆစ္ေရာင္လိုမ်ိဳး ေရာဂါရွိသူေတြအတြက္ အ႐ိုးျပဳတ္ရည္ေသာက္သုံးဖို႔ သင့္ပါတယ္။

(၅) ဝိတ္ခ်ရာမွာ အသုံးဝင္တယ္။
အ႐ိုးစြပ္ျပဳတ္က အဆီမပါ၊ ကယ္လိုရီနည္းေပမယ့္ မၾကာခဏမဆာေအာင္ ဗိုက္ျပည့္တင္းတိမ္ ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဆီခ် diet plan ထဲမွာ ဟင္းသီးဟင္း႐ြက္ခတ္တဲ့ စြပ္ျပဳတ္တစ္ခြက္ ပါသင့္ပါတယ္။ သူ႔ရဲ႕ gelatin က ႏို႔ထြက္ပစၥည္းေတြမွာပါတဲ့ ပ႐ိုတင္း casein ထက္ ပိုၿပီး ဆာေလာင္မႈကို ေလ်ာ့ေစႏိုင္ပါလိမ့္မယ္။

(၆) အိပ္ေပ်ာ္ေစတယ္၊ ဦးေႏွာက္လုပ္ေဆာင္ခ်က္ကို ပိုေကာင္းေစတယ္။
အ႐ိုးျပဳတ္ရည္မွာပါတဲ့ glycine အမိုင္ႏိုအက္စစ္က အိပ္စက္ျခင္းကို အေထာက္အကူေပးႏိုင္တာမို႔ ညဘက္အိပ္မေပ်ာ္တဲ့သူေတြအတြက္ အဆင္ေျပပါတယ္။ ဒါ့အျပင္ စိတ္ပိုင္းဆိုင္ရာစြမ္းရည္နဲ႔ မွတ္ဉာဏ္စြမ္းရည္ေတြကို ပိုေကာင္းေစပါတယ္။

ဒီေလာက္အာဟာရဓာတ္ေတြျပည့္ဝေနတဲ့ အ႐ိုးျပဳတ္ရည္မွာ အသား၊ ငါး၊ အသီးအ႐ြက္ေတြ စုံေအာင္ထည့္ေသာက္႐ုံနဲ႔ တစ္ေန႔တာခြန္အားကို အျပည့္ရႏိုင္တယ္၊ ကိုယ္ခံအားစနစ္ကို အားျဖည့္ႏိုင္လို႔ ေတာ္တန္႐ုံေရာဂါေတြကို ကာကြယ္ခုခံႏိုင္စြမ္းရွိပါလိမ့္မယ္ေနာ္။

(Unicode)

အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်
== == == == == == == == == == == === == == ======

စွပ်ပြုတ်ဆိုတာ နေမကောင်းတဲ့အချိန် တိုက်ကျွေးကြတဲ့လူမမာစာပဲလေ။ နေမကောင်းတဲ့အချိန်တော့ ကြက်စွပ်ပြုတ်က အသင့်တော်ဆုံးပေါ့။ ဒါပေမယ့် ဘာအသားဖြစ်ဖြစ် အရိုးပြုတ်ရည်က ခန္ဓာကိုယ်အတွက် အပြည့်အဝအားဖြစ်စေတာ သေချာပါတယ်။ လူကြိုက်များကြတဲ့ ကြေးအိုး၊ ဟော့ပေ့ါ တို့ဆိုတာလည်း ကြာကြာတည်ထားတဲ့ အရိုးစွပ်ပြုတ်ရည် တွေကို အခြေခံတဲ့ အစားအစာတွေပါ။

အဲဒါကြောင့် အရိုးဆိုလို့ အထင်မသေးနဲ့လို့ပြောတာ။ ငွေကုန်ကြေးကျမများဘဲ ကိုယ်ခံအားကောင်းစေမယ့် ဆေးတစ်ခွက်ကိုရနိုင်တာပဲ နည်းလားလို့။ အရိုးစွပ်ပြုတ်ရည် က ဘာလို့အကျိုးကျေးဇူးများတယ်လို့ ပြောရတာလဲဆိုတာ ဆက်သာဖတ်ကြည့်လိုက်ပါတော့…

(၁) အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်။
ခြုံပြောရရင် အာဟာရပါဝင်မှုသိပ်များပါတယ်။ အရိုးပြုတ်ရည်မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်နဲ့ တခြားသတ္တုဓာတ်တွေကြွယ်ဝတယ်။ ငါးရိုး (ငါးဖယ်ရိုး၊ ငါးခေါင်းဟင်းချို၊ မုန့်ဟင်းခါး) ပြုတ်ရည်တွေဆို သိုင်းရွိုက်လုပ်ဆောင်ချက်ကျန်းမာစေဖို့ မရှိမဖြစ်အရေးပါတဲ့ အိုင်အိုဒင်းဓာတ် ပါဝင်တာလည်း ပိုပါသေးတယ်။

သူတို့တွေမှာပါဝင်တဲ့ တွယ်ဆက်တစ်ရှူးတွေကနေ ဂလူကိုဆာမိုက် နဲ့ ခွန်ဒရွိုက်တင် တို့လို သဘာဝဒြပ်ပေါင်းတွေရရှိနိုင်လို့ အရိုးကျန်းမာရေးအတွက် ကောင်းပါတယ်။

ရိုးတွင်းခြင်ဆီကနေ ဗီတာမင် A၊ ဗီတာမင် K2 တို့အပြင် ဇင့်၊ သံဓာတ်၊ မဂ္ဂနိစ်နဲ့ ဆယ်လီနီယမ်၊ အိုမီဂါ-3၊ အိုမီဂါ-6 အကျိုးပြုအဆီဓာတ်တွေ ရရှိနိုင်တယ်။ အရိုးပြုတ်ရည်ကနေ ကော်လာဂျင်ဓာတ်တွေ ရနိုင်သေးတယ်။

(၂) အစာခြေစနစ်အတွက် ကောင်းတယ်။
အရိုးပြုတ်ရည်မှာပါတဲ့ gelatin က အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အစာတွေရွေ့လျားမှု၊ ချေဖျက်မှု၊ ချက်လုပ်မှု၊ စွန့်ထုတ်မှုတွေ ချောမွေ့လွယ်ကူစေဖို့ အထောက်အကူပေးတယ်။ သူက အစာခြေလမ်းကြောင်းရဲ့အချွဲနံရံကို ကာကွယ်ပေး၊ ကုသပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

Gelatin မှာပါတဲ့ အမိုင်နိုအက်စစ်တစ်မျိုး(glutamine) က အူနံရံရဲ့လုပ်ဆောင်ချက်ကို ထိန်းကူပေးလို့ အူနံရံသွေးယိုခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။

(၃) ရောင်ရမ်းမှုတွေ လျော့ကျစေတယ်။
အရိုးပြုတ်ရည်မှာတွေ့ရတဲ့ glycine နဲ့ arginine ဆိုတဲ့ အမိုင်နိုအက်စစ်နှစ်မျိုးက ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်စွမ်း ပြည့်ဝပါတယ်။ အထူးသဖြင့် arginine က အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။

(၄) အရိုးအဆစ်ကျန်းမာရေးကို ပိုကောင်းစေတယ်။
ကော်လာဂျင်ဆိုတာ အရိုး၊ အရွတ်နဲ့ အရွတ်တွဲတွေမှာ တွေ့ရတဲ့ အဓိကပရိုတင်းဖြစ်ပါတယ်။ အရိုးပြုတ်ရည်ကို ကြာကြာတည်တဲ့အခါမှသာ gelatin ပရိုတင်းအဖြစ် ပြိုကွဲဖြစ်ပေါ်လာပါတယ်။ gelatin မှာတော့ အရိုးအဆစ်ကျန်းမာရေးအတွက် အားဖြည့်ပေးတဲ့ အရေးကြီးအမိုင်နိုအက်စစ်တွေ ပါဝင်ပါတယ်။ အရွတ်ထိခိုက်သူတွေအပြင် လေးဖက်နာအဆစ်ရောင်လိုမျိုး ရောဂါရှိသူတွေအတွက် အရိုးပြုတ်ရည်သောက်သုံးဖို့ သင့်ပါတယ်။

(၅) ဝိတ်ချရာမှာ အသုံးဝင်တယ်။
အရိုးစွပ်ပြုတ်က အဆီမပါ၊ ကယ်လိုရီနည်းပေမယ့် မကြာခဏမဆာအောင် ဗိုက်ပြည့်တင်းတိမ် စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆီချ diet plan ထဲမှာ ဟင်းသီးဟင်းရွက်ခတ်တဲ့ စွပ်ပြုတ်တစ်ခွက် ပါသင့်ပါတယ်။ သူ့ရဲ့ gelatin က နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ပရိုတင်း casein ထက် ပိုပြီး ဆာလောင်မှုကို လျော့စေနိုင်ပါလိမ့်မယ်။

(၆) အိပ်ပျော်စေတယ်၊ ဦးနှောက်လုပ်ဆောင်ချက်ကို ပိုကောင်းစေတယ်။
အရိုးပြုတ်ရည်မှာပါတဲ့ glycine အမိုင်နိုအက်စစ်က အိပ်စက်ခြင်းကို အထောက်အကူပေးနိုင်တာမို့ ညဘက်အိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို ပိုကောင်းစေပါတယ်။

ဒီလောက်အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အရိုးပြုတ်ရည်မှာ အသား၊ ငါး၊ အသီးအရွက်တွေ စုံအောင်ထည့်သောက်ရုံနဲ့ တစ်နေ့တာခွန်အားကို အပြည့်ရနိုင်တယ်၊ ကိုယ်ခံအားစနစ်ကို အားဖြည့်နိုင်လို့ တော်တန်ရုံရောဂါတွေကို ကာကွယ်ခုခံနိုင်စွမ်းရှိပါလိမ့်မယ်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon
Hello ဆရာဝန်

အိမ်တွင်းလုပ်သဘာဝအလှပြင်နည်းများ

(Zawgyi)

အိမ္တြင္းလုပ္_သဘာ၀အလွျပင္နည္းမ်ား
== == == == == == == == == == == == ==
(၁) လက္ဖဝါးေတြ_ၾကမ္းတမ္းေနျခင္းအတြက္ သံပုရာရည္နဲ႔သၾကားတို႔ကို လက္ဖဝါး ၂-ဖက္ေပၚတင္၍၊ လက္ဖဝါးအခ်င္းခ်င္း အခ်ိန္ ၃-မိနစ္ခန္႔ၾကာေအာင္ ပြတ္တိုက္ေ ခ်ေပးပါ။ ၿပီးရင္ ေရေအးေအး(ေရခဲေရမဟုတ္ပါ)ျဖင့္ ေဆးခ်လိုက္ပါ။ ဤသို႔ေန႔စဥ္ျပဳ လုပ္ေပးျခင္းျဖင့္ ကေလးလက္ဖဝါးေလးကဲ့သို႔ ႏူးညံ့အိစက္လာပါလိမ့္မယ္။

(၂) ဒူးတံေတာင္ဆစ္ေတြ_ဂြၽတ္တက္ၿပီးမည္းေနျခင္းအတြက္ သံပုရာရည္ ၁-ဆ ကို အုန္းဆီ ၂-ဆေရာ၍၊ သမေအာင္ေမႊၿပီး မည္းေနတဲ့ေနရာေတြအေပၚ လိမ္းက်ံေပးပါ။ ၁၅-မိနစ္ခန္႔အၾကာမွာ၊ ေရေႏြးစိမ္ထားတဲ့ မ်က္ႏွာသုပ္ပုဝါျဖင့္ ဒူး-တံေတာင္ဆစ္ေတြ အေပၚ ခပ္ၾကမ္းၾကမ္း ပြတ္တိုက္ေပးပါ။

(၃) လက္သည္းဆိုးေဆးေတြကို အၿမဲသုံးတဲ့သူေတြမွာ လက္သည္းခြံအေရာင္ ဝါညစ္ ညစ္ျဖစ္လာတတ္ပါတယ္။ လက္သည္းခြံ ေလးေတြက်မၼာၿပီး မူလကပတိအေရာင္ျပန္ ရေစဖို႔ဆပ္ျပာ(သို႔မဟုတ္)ရွာလကာရည္ကို ေရခပ္ေႏြးေႏြးနဲ႔ေဖ်ာ္ၿပီး၊ ထိုအရည္ထဲ မွာ မိနစ္ ၂၀-ခန္႔ၾကာေအာင္ လက္ေခ်ာင္းထိပ္ဖ်ားေတြကို ႏွစ္စိမ္ထားေပးပါ။ (ေနာက္တနည္း) လက္သည္းခြံေတြကို သံပုရာသီး စိပ္နဲ႔ နာနာပြတ္တိုက္ေပးပါ။

(၄) အေမရိကန္ ျပည္ေထာင္စုမွာ ေနာက္ဆုံး ေလ့လာစမ္းသပ္မႈအရ၊ လၻက္ရည္ဇြန္း ၂-ဇြန္းစာပမာဏရွိတဲ့ ပန္းသီးရွာလကာ ရည္(Apple Cider Vinegar) ကို ေသာက္ေ ရ ၁-ဖန္ခြက္ေရာ၍ ေန႔စဥ္ ေသာက္ေပးျခင္းျဖင့္ ကိုယ္အေလးခ်ိန္က်ေစတဲ့အျပင္၊ #ဗိုက္ေခါက္ကအဆီပိုေတြကိုပါ က်ေစပါတယ္တဲ့။ (Apple Cider Vinegar ကို City Mart ရွိ ဟင္းခတ္အေမႊးအႀကိဳင္ စားေသာက္ ကုန္ ေကာင္တာမွာ ၀ယ္ယူရရွိႏိုင္ ပါတယ္)

(၅) ဖရဲသီးထဲမွာ ေရဓာတ္ ၉၁ ရာခိုင္ႏႈန္း ပါရွိေနတာေၾကာင့္၊ ခႏၵာကိုယ္ထဲ မွာ ေရ ဓာတ္ ကိုထိန္းသိမ္းထားႏိုင္ေစ၍၊ ကိုယ္တြင္း အဆိပ္အေတာက္ေတြ ေျပေစ တဲ့အျပင္၊ အသားအေရကိုစိုျပည္လာေစပါတယ္။

(၆)ညအိပ္ယာ ၀င္ခါနီးတိုင္း အလွဆီ (glycerin) ၁-ဆ ကို ေရ ၁၀-ဆ ေရာ၍ ေျခ လက္ မ်ားကို အသားထဲထိစိမ့္၀င္ေအာင္ လိမ္းအိပ္ေပးပါ။ သူမတူေအာင္ #ႏူးညံ့ေခ်ာေမြ႕တဲ့အသားအေရပိုင္ရွင္ ျဖစ္လာေစပါမယ္။ (glycerin အလွဆီ ကို City Mart ရွိ အလွကုန္ ေကာင္တာမွာ ၀ယ္ယူရရွိႏိုင္ပါတယ္)

(၇) မ်က္ရည္အိတ္တြဲက်ျခင္းအတြက္ အားလူးလတ္လတ္ဆတ္ဆတ္ ၁-လုံး ကို ေရ ဆးၿပီး ခပ္ပါးပါး ၂-ခ်ပ္လွီး၍ ေရခဲေသ တၱာထဲ ၁၀-မိနစ္ေလာက္ အေအးခံပါ။ ၿပီးရင္ အဲဒီ အာလူးပါးပါး ၂-ခ်ပ္ကို မ်က္လုံးေအာက္ေျခ တဖက္တခ်ပ္စီ ကပ္ထားေပး ပါ။ မိနစ္ ၂၀-ေလာက္ ကပ္ေပးရပါမယ္။ ဒီနည္းက မ်က္ရည္အိတ္တြဲက်ျခင္းကို သိသိသာ သာ ေပ်ာက္ကင္းေစပါတယ္။ (အာလူး ကို အခြံႏႊာဖို႔မလိုပါ။ အားလူးကပ္ၿပီးေနာက္ မ်က္ႏွာမသစ္လဲ ျဖစ္ပါတယ္)

(၈) ႏွာေခါင္းေပၚက_အမည္းစက္ေတြအတြက္ သြားတိုက္ေဆးခပ္ပါးပါး လိမ္း အုံၿပီးေနာက္၊ ၁၅-မိနစ္ခန္႔အၾကာ ေရခပ္ေႏြးေႏြးျဖင့္ ေဆးေၾကာေပးလိုက္ပါ။

(၉)တခ်ိဳ႕မိန္းကေလးေတြရဲ႕ မ်က္ႏွာမွာႏႈတ္ခမ္းေမႊးေတြေပါက္ေနတတ္ၾကပါတယ္။ နႏြင္းမႈန္႔ ၁-ဆကို ဂ်ဳံမႈန္႔ ၂-ဆေရာ၍ ေရ နဲ႔ခပ္ပ်စ္ပ်စ္ေဖ်ာ္ၿပီးေနာက္၊ ထိုအေရာ အေႏွာေတြကို လက္ေခ်ာင္းထိပ္ျဖင့္အသာတို႔ယူၿပီး ႏႈတ္ ခမ္းေမႊးေပါက္ေန တဲ့ ေမႊး ညႇင္း လမ္းေၾကာင္းနဲ႔ဆန္႔က်င္၍ လမ္းေၾကာင္းေျပာင္းျပန္ဦးတည္ကာ ၁၅-မိနစ္ ခန္႔ၾကာေအာင္ အသာအယာ ဆြဲလိမ္းေပးပါ။ ၿပီးရင္ ေရေအးနဲ႔ ေဆးေၾကာပါ။ (ေရခဲေရမဟုတ္ပါ)

(၁၀) မ်က္ခုံးေမႊးထူထူျဖစ္ခ်င္သူမ်ားက၊ ႏြားႏို႔ေအးေအးကို မ်က္ခုံးေမႊးအႏွံ႔လိမ္း က်ံၿပီးေနာက္၊ မိနစ္ ၂၀- ခန္႔အၾကာေရေအး ျဖင့္ ေဆးေပးပါ။ (ေရခဲေရမဟုတ္ပါ။ ဤနည္းအတိုင္း တေန႔ ၂-ႀကိမ္ ႏႈန္းျဖင့္ ၂-ပတ္ တိတိ ျပဳလုပ္ေပးျခင္းျဖင့္ ထူးျခား တဲ့အက်ိဳး အာနိသင္ကို လက္ေတြ႕ခံစားရပါလိမ့္မယ္)

(၁၁) ႏႈတ္ခမ္းပတ္လည္နဲ႔မ်က္ႏွာေပၚက_အေရးအေၾကာင္းေတြအတြက္ ၾကက္ဆူ ဆီလိမ္းေပးပါ။ ၾကက္ဆူဆီက အေရျပားႏူး ညံ့ေစ႐ုံသာမက၊ မ်က္ႏွာအေရျပားကို ႏုပ်ိဳလန္းဆန္း လာေစႏိုင္ပါတယ္။

(Unicode)

အိမ်တွင်းလုပ်_သဘာဝအလှပြင်နည်းများ
== == == == == == == == == == == == ==
(၁) လက်ဖဝါးတွေ_ကြမ်းတမ်းနေခြင်းအတွက် သံပုရာရည်နဲ့သကြားတို့ကို လက်ဖဝါး ၂-ဖက်ပေါ်တင်၍၊ လက်ဖဝါးအချင်းချင်း အချိန် ၃-မိနစ်ခန့်ကြာအောင် ပွတ်တိုက်ေ ချပေးပါ။ ပြီးရင် ရေအေးအေး(ရေခဲရေမဟုတ်ပါ)ဖြင့် ဆေးချလိုက်ပါ။ ဤသို့နေ့စဉ်ပြု လုပ်ပေးခြင်းဖြင့် ကလေးလက်ဖဝါးလေးကဲ့သို့ နူးညံ့အိစက်လာပါလိမ့်မယ်။

(၂) ဒူးတံတောင်ဆစ်တွေ_ဂျွတ်တက်ပြီးမည်းနေခြင်းအတွက် သံပုရာရည် ၁-ဆ ကို အုန်းဆီ ၂-ဆရော၍၊ သမအောင်မွှေပြီး မည်းနေတဲ့နေရာတွေအပေါ် လိမ်းကျံပေးပါ။ ၁၅-မိနစ်ခန့်အကြာမှာ၊ ရေနွေးစိမ်ထားတဲ့ မျက်နှာသုပ်ပုဝါဖြင့် ဒူး-တံတောင်ဆစ်တွေ အပေါ် ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေးပါ။

(၃) လက်သည်းဆိုးဆေးတွေကို အမြဲသုံးတဲ့သူတွေမှာ လက်သည်းခွံအရောင် ဝါညစ် ညစ်ဖြစ်လာတတ်ပါတယ်။ လက်သည်းခွံ လေးတွေကျမ္မာပြီး မူလကပတိအရောင်ပြန် ရစေဖို့ဆပ်ပြာ(သို့မဟုတ်)ရှာလကာရည်ကို ရေခပ်နွေးနွေးနဲ့ဖျော်ပြီး၊ ထိုအရည်ထဲ မှာ မိနစ် ၂၀-ခန့်ကြာအောင် လက်ချောင်းထိပ်ဖျားတွေကို နှစ်စိမ်ထားပေးပါ။ (နောက်တနည်း) လက်သည်းခွံတွေကို သံပုရာသီး စိပ်နဲ့ နာနာပွတ်တိုက်ပေးပါ။

(၄) အမေရိကန် ပြည်ထောင်စုမှာ နောက်ဆုံး လေ့လာစမ်းသပ်မှုအရ၊ လ္ဘက်ရည်ဇွန်း ၂-ဇွန်းစာပမာဏရှိတဲ့ ပန်းသီးရှာလကာ ရည်(Apple Cider Vinegar) ကို သောက်ေ ရ ၁-ဖန်ခွက်ရော၍ နေ့စဉ် သောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကျစေတဲ့အပြင်၊ #ဗိုက်ခေါက်ကအဆီပိုတွေကိုပါ ကျစေပါတယ်တဲ့။ (Apple Cider Vinegar ကို City Mart ရှိ ဟင်းခတ်အမွှေးအကြိုင် စားသောက် ကုန် ကောင်တာမှာ ဝယ်ယူရရှိနိုင် ပါတယ်)

(၅) ဖရဲသီးထဲမှာ ရေဓာတ် ၉၁ ရာခိုင်နှုန်း ပါရှိနေတာကြောင့်၊ ခန္ဒာကိုယ်ထဲ မှာ ရေ ဓာတ် ကိုထိန်းသိမ်းထားနိုင်စေ၍၊ ကိုယ်တွင်း အဆိပ်အတောက်တွေ ပြေစေ တဲ့အပြင်၊ အသားအရေကိုစိုပြည်လာစေပါတယ်။

(၆)ညအိပ်ယာ ဝင်ခါနီးတိုင်း အလှဆီ (glycerin) ၁-ဆ ကို ရေ ၁၀-ဆ ရော၍ ခြေ လက် များကို အသားထဲထိစိမ့်ဝင်အောင် လိမ်းအိပ်ပေးပါ။ သူမတူအောင် #နူးညံ့ချောမွေ့တဲ့အသားအရေပိုင်ရှင် ဖြစ်လာစေပါမယ်။ (glycerin အလှဆီ ကို City Mart ရှိ အလှကုန် ကောင်တာမှာ ဝယ်ယူရရှိနိုင်ပါတယ်)

(၇) မျက်ရည်အိတ်တွဲကျခြင်းအတွက် အားလူးလတ်လတ်ဆတ်ဆတ် ၁-လုံး ကို ရေ ဆးပြီး ခပ်ပါးပါး ၂-ချပ်လှီး၍ ရေခဲသေ တ္တာထဲ ၁၀-မိနစ်လောက် အအေးခံပါ။ ပြီးရင် အဲဒီ အာလူးပါးပါး ၂-ချပ်ကို မျက်လုံးအောက်ခြေ တဖက်တချပ်စီ ကပ်ထားပေး ပါ။ မိနစ် ၂၀-လောက် ကပ်ပေးရပါမယ်။ ဒီနည်းက မျက်ရည်အိတ်တွဲကျခြင်းကို သိသိသာ သာ ပျောက်ကင်းစေပါတယ်။ (အာလူး ကို အခွံနွှာဖို့မလိုပါ။ အားလူးကပ်ပြီးနောက် မျက်နှာမသစ်လဲ ဖြစ်ပါတယ်)

(၈) နှာခေါင်းပေါ်က_အမည်းစက်တွေအတွက် သွားတိုက်ဆေးခပ်ပါးပါး လိမ်း အုံပြီးနောက်၊ ၁၅-မိနစ်ခန့်အကြာ ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးလိုက်ပါ။

(၉)တချို့မိန်းကလေးတွေရဲ့ မျက်နှာမှာနှုတ်ခမ်းမွှေးတွေပေါက်နေတတ်ကြပါတယ်။ နနွင်းမှုန့် ၁-ဆကို ဂျုံမှုန့် ၂-ဆရော၍ ရေ နဲ့ခပ်ပျစ်ပျစ်ဖျော်ပြီးနောက်၊ ထိုအရော အနှောတွေကို လက်ချောင်းထိပ်ဖြင့်အသာတို့ယူပြီး နှုတ် ခမ်းမွှေးပေါက်နေ တဲ့ မွှေး ညှင်း လမ်းကြောင်းနဲ့ဆန့်ကျင်၍ လမ်းကြောင်းပြောင်းပြန်ဦးတည်ကာ ၁၅-မိနစ် ခန့်ကြာအောင် အသာအယာ ဆွဲလိမ်းပေးပါ။ ပြီးရင် ရေအေးနဲ့ ဆေးကြောပါ။ (ရေခဲရေမဟုတ်ပါ)

(၁၀) မျက်ခုံးမွှေးထူထူဖြစ်ချင်သူများက၊ နွားနို့အေးအေးကို မျက်ခုံးမွှေးအနှံ့လိမ်း ကျံပြီးနောက်၊ မိနစ် ၂၀- ခန့်အကြာရေအေး ဖြင့် ဆေးပေးပါ။ (ရေခဲရေမဟုတ်ပါ။ ဤနည်းအတိုင်း တနေ့ ၂-ကြိမ် နှုန်းဖြင့် ၂-ပတ် တိတိ ပြုလုပ်ပေးခြင်းဖြင့် ထူးခြား တဲ့အကျိုး အာနိသင်ကို လက်တွေ့ခံစားရပါလိမ့်မယ်)

(၁၁) နှုတ်ခမ်းပတ်လည်နဲ့မျက်နှာပေါ်က_အရေးအကြောင်းတွေအတွက် ကြက်ဆူ ဆီလိမ်းပေးပါ။ ကြက်ဆူဆီက အရေပြားနူး ညံ့စေရုံသာမက၊ မျက်နှာအရေပြားကို နုပျိုလန်းဆန်း လာစေနိုင်ပါတယ်။

CREDIT – ESCORT FASHION
ဖတ်မိသမျှ ကျန်းမာ လှပ သုတ