Shangyimm

- လူမှုမီဒီယာများနှင့် အင်တာနက်ပေါ်ရှိ စိတ်ဝင်စားစရာ အကြောင်းအရာများကို လူအများ ဖတ်ရှုနိုင်ရန် တဆင့်ပြန်လည် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ပါ၍ ကူးယူဖော်ပြခံရသော မီဒီယာများနှင့် စာရေးသူများကို လေးစားစွာဖြင့် Credit ပေးပါသည်။ မူရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့ Content များကို shangyimm.com တွင် ကူးယူဖော်ပြခြင်းအား ကန့် ကွက်လိုပါက shangyimm2017@gmail.com သို့ပေးပို့ ကန့် ကွက်နိုင်ပါတယ် ခင်ဗျာ။ လေးစားစွာဖြင့်…

Category: နိုင်ငံတကာသတင်း

အင်ဒိုနီးရှား ပထမဆုံး မြေအောက်ရထားလမ်း ဖွင့်လှစ်

အင်ဒိုနီးရှား ပထမဆုံး မြေအောက်ရထားလမ်း ဖွင့်လှစ်

====================
====================

ဂျကာတာ (အင်ဒိုနီးရှား)-အင်ဒိုနီးရှားနိုင်ငံတွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော ပထမဆုံးမြေအောက်ရထားလမ်းကို ယာဉ်အသွားအလာ ကျပ်တည်းမှုကို ဖြေလျော့စေရန်ရည်ရွယ်ချက်ဖြင့် ဂျကာတာမြို့တော်တွင် မတ် ၂၄ ရက်က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဂျကာတာမြို့ထဲမှ တောင်ဘက်ပိုင်းသို့ ပြေးဆွဲမည့် ၁၆ ကီလိုမီတာ (၁၀ မိုင်) ရထားလမ်းအား စတင်ဖွင့်လှစ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် သမ္မတ ဂျိုကို ဝီဒိုဒိုက ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားသည့် မြောက်ဘက်ပိုင်းရှိ ၈ ကီလိုမီတာ (၅ မိုင်) ရှိ ရထားလမ်းကို ဒုတိယအဆင့်စတင်တည်ဆောက်ခြင်း အထိမ်းအမှတ်အဖြစ် ပန္နက်တင်အခမ်းအနားကို ဦးဆောင်ပြုလုပ်ခဲ့သည်။ အဆိုပါ ရထားလမ်းစီမံကိန်းနှစ်ခုကို ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ အကုန် အကျခံကာတည်ဆောက်နေပြီဖြစ်သည်။

မတ် ၂၄ ရက်က ဖွင့်လှစ်ခဲ့သည့် ရထားလမ်းတွင် မိုးပျံလမ်း ခုနစ်ခုနှင့် မြေအောက်ဘူတာ ခြောက်ခု ပါဝင်ကာပြည်တွင်းနှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခြင်းဖြစ်သည်။ မတ်လကုန်အထိ ခရီးသွားများသည် အခမဲ့စီးနင်းနိုင်မည်ဖြစ်ကာ ထိုကာလကျော်လွန်ပါက လက်မှတ်တစ်စောင်လျှင် ဆင့် ၇၀ နှင့် တစ်ဒေါ်လာကြား ကုန်ကျမည်ဖြစ်သည်ဟု လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူ ပီတီ အမ်အာတီဂျကာတာကုမ္ပဏီက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြန်လည်ရွေးကောက်ခံရန်အတွက် မဲဆွယ်စည်းရုံးနေသော သမ္မတ ဝီဒိုဒိုက ၈၇ ကီလိုမီတာ အကွာအဝေးရှိသည့်အရှေ့အနောက် ဆက်သွယ်သည့် ရထားလမ်းတည်ဆောက်မှု ဒုတိယအဆင့်အားယခုနှစ်တွင်စတင်ရန် ဂျကာတာအုပ်ချုပ်ရေးမှူး အန်နီးဘက်စ်ဝီးန်ကို ညွှန်ကြားထားကြောင်းပြည်သူ လူထုကို ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် စတုတ္ထလူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ အခြေခံအဆောက်အအုံ တိုးတက်မှုများတွင် ဂျကာတာရှိ ပထမဆုံးမြေအောက်ရထားလမ်းသည် ခေတ်မီဆုံးဖြစ်ကာ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ကွာလာလမ်ပူ၊ စင်ကာပူနှင့်ဘန်ကောက်ကဲ့သို့ အရှေ့တောင်အာရှမြို့တော်များနှင့် အမီလိုက်နိုင်ရန် ရည်ရွယ်ထားသည်။ ဂျကာတာတွင် တရားဝင်စာရင်းအရ လူဦးရေ ၁၀ သန်းခန့်နေထိုင်သည် ဟုဆိုသော်လည်း လူဦးရေမှာ သန်း ၃၀ ထိရှိနိုင်သည်။

ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ ချေးငွေမှတစ်ဆင့် ငွေကြေးပံ့ပိုး တည်ဆောက်သည့် မြေအောက်ရထားလမ်းစီမံကိန်းကို ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက စီစဉ်ထားသော်လည်း နိုင်ငံရေးပဋိပက္ခများ၊ ကြိုးနီစနစ်နှင့် ငွေကြေးထောက်ပံ့မှု သဘောထားကွဲလွဲမှုများကြောင့် တည်ဆောက်မှုများ နှောင့်နှေးကြန့်ကြာခဲ့သည်။ ရထားလမ်း တည်ဆောက်မှုစတင်သည့်အောက်တိုဘာ ၂၀၁၃ ခုနှစ်တွင် ဝီဒိုဒိုသည် ဂျကာတာ၏ အုပ်ချုပ်ရေးမှူးဖြစ်သည်။

ပို့ဆောင်ဆက်သွယ်ရေးတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှု မရှိပါက ဂျကာတာမြို့သည် ၂၀၂၀ ပြည့်နှစ်တွင်ယာဉ်ကြောပိတ်ဆိုမှု ဒုက္ခကို ရမည်ဟု ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီက ခန့်မှန်းထားသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် နှစ်စဉ်ဆုံးရှုံးမှုများမှာလာမည့်နှစ်တွင် ဒေါ်လာ ၆ ဒသမ ၅ ဘီလျံထိရောက်ရှိမည်ဟုလည်း ကြိုတင်ခန့် မှန်းထားသည်။

==========

The Myanmar Times

ဂျပန်၌ နှစ် ၄၀၀ သက်တမ်းရှိ ဘွန်ဆိုင်းပင် အခိုးခံရ အပင်ကို ယုယပေးရန် သူခိုးများကို ပိုင်ရှင်ပန်ကြား

ဂျပန်၌ နှစ် ၄၀၀ သက်တမ်းရှိ ဘွန်ဆိုင်းပင် အခိုးခံရ အပင်ကို ယုယပေးရန် သူခိုးများကို ပိုင်ရှင်ပန်ကြား

====================
====================

ဂျပန်တွင် ဘွန်ဆိုင်းဝါသနာရှင် ဇနီးမောင်နှံထံမှ ဘွန်ဆိုင်းပင် ခုနစ်ပင် ခိုးယူခံခဲ့ရပြီး နှစ် ၄၀၀ သက်တမ်းရှိသော ဘွန်ဆိုင်းပင်တစ်ပင်လည်း ပါဝင်ကြောင်း သိရသည်။

တိုကျိုမြို့ ဆိုင်တမရပ်ကွက်ရှိ ၎င်းတို့၏ ဥယျာဉ်အတွင်းမှ ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုင်ဂျီအီမူရာနှင့် ဇနီးဖူယူမီတို့က ပြောသည်။

ဘွန်ဆိုင်းပင်များသည် ၎င်းတို့၏ သားသမီးများကဲ့သို့ဖြစ်ပြီး ခိုးသွားသူအနေဖြင့် ဘွန်ဆိုင်းပင်များကို ယုယဂရုစိုက်ရန်လည်း ဇနီးမောင်နှံက အွန်လိုင်းကတစ်ဆင့် ပန်ကြားထားပြီး၊ ဂရုစိုက် ပြုစုနည်း လမ်းညွှန်ချက်များပါ ရေးသားဖော်ပြပေးထားကြောင်းသိရသည်။

ဘွန်ဆိုင်းခုနစ်ပင်သည် စုစုပေါင်းယန်း ၁၃ သန်း (၁၁၈၀၀၀ ဒေါ်လာ) တန်ကြေးရှိကြောင်း သိရသည်။ ဘွန်ဆိုင်းပင်များကို အရှေ့အာရှဒေသတွင် စိုက်ပျိုးပြီးဂျပန်နှင့် ဆက်နွှယ်ကာ အဓိကလူသိများသည်။ ဘွန်ဆိုင်းပင် စိုက်ပျိုးခြင်းကို အနုပညာတစ်ရပ်အဖြစ်လည်း တင်စားခေါ်ဝေါ်ကြသည်။

ဘွန်ဆိုင်းပင်ကို လက်တွေ့ အပင်ကြီးနှင့်တူစေရန် အထူးပြုလုပ်ထားသော ပုံးအတွင်း သတ်မှတ် နည်းလမ်းများအတိုင်း စိုက်ပျိုးရသည်။

ခိုးယူခံရသည့် ဘွန်ဆိုင်းများထဲတွင် ရှင်ပါကူ ဂျူနီပါ အပင်မျိုးလည်းပါဝင်ပြီးယန်း ၁၀ သန်း (ဒေါ်လာ ၉၁၀၀၀) ဝန်းကျင် တန်ကြေးရှိကာ ဘွန်ဆိုင်းဝါသနာရှင်များကြား ရေပန်းစားသော အပင်မျိုးလည်းဖြစ်သည်။

“ကျွန်မတို့ ရှင်ပါကူဘွန်ဆိုင်းပင်က နှစ် ၄၀၀ သက်တမ်းရှိနေပါပြီ။ ရေပုံမှန်မလောင်းရင် တစ်ပတ်အတွင်း သေသွားနိုင်ပါတယ်။ သေချာဂရုစိုက်ရင် ထာဝရအသက်ရှင်နိုင်တဲ့ အပင်မျိုးပါ။ ကျွန်မတို့ ကွယ်လွန်သွားပြီး နှစ်ရာချီတိုင် ရှင်နေမယ့် အပင်မျိုးပါ။ ခိုးသွားသူအနေနဲ့ ဂရုစိုက် ရေလောင်းပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟုမစ္စစ် အီမူရာက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။ ၎င်းတို့ မြတ်နိုးတန်ဖိုးထားသည့် ဘွန်ဆိုင်းပင်များ ပြန်လည်ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ဇနီးမောင်နှံနှစ်ဦးက ပြောသည်။

==========

အမေရိကန်မှာ စံချိန်တင်အေးခဲမှုရာသီဥတုနဲ့ လူသန်းနဲ့ချီဟာ ရေခဲအမှတ်အအေးချိန်နဲ့ ရင်ဆိုင်နေရ

အမေရိကန်မှာ စံချိန်တင်အေးခဲမှုရာသီဥတုနဲ့ လူသန်းနဲ့ချီဟာ ရေခဲအမှတ်အအေးချိန်နဲ့ ရင်ဆိုင်နေရ

အမေရိကန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်ပြည်ထောင်စု၊ အနောက်အလယ်ပိုင်းမှာ စံချိန်တင်အေးခဲရာသီဥတုနဲ့ ဆီးနှင်းခဲများကျ ဆင်းခြင်း ကြောင့် လူအနည်းဆုံး ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြောက်ဝင်ရိုးစွန်းရေခဲ အမှတ်လို အေးခဲလွန်းတဲ့ အအေးဒဏ်ကြောင့် မနေ့က ကြာသပတေးနေ့မှာဆိုရင် အမေရိကန် အနောက်အလယ်ပိုင်းနေထိုင်သူတွေမှာ ရေခဲအမှတ်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးခဲရာသီဥ တုနဲ့ နေခဲ့ရတယ်လို့ သိရကာ အမေရိကန်နိုင်ငံသား သန်းတစ်ရာနီးပါးဟာဆိုရင် စံချိန် တင်အေးခဲရာသီဥတုရဲ့ ဒုတိယနေ့ကို အဆိုးရွားဆုံးဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစတင်ပြီး ရေခဲအမှတ် အနှုတ် ၃၀ ဒီဂရီအောက် ရောက်ရှိလာခဲ့တဲ့ အအေးစံချိန်မှာ လူပေါင်း ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး အမေရိကန်တစ်လွှား ကျောင်း၊ အစိုးရရုံးအဆောက်အအုံ၊ ဌာနတွေ၊ အလုပ်တွေ ပိတ်ထားရပြီး နေအိမ်ပြင်ပသို့ မထွက်ကြရန် အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။ မီချီဂန်၊ မင်နီဆိုးတာပြည်နယ်တွေက သဘာဝပိုက် လိုင်းတွေကလည်း အေးခဲအပူချိန်အောက်မှာရှိနေကာ အပူဓာတ်၊ အနွေးဓာတ်ပေးနိုင်ဖို့ရာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

အေးခဲရာသီဥတုနဲ့ ဆီးနှင်းခဲများအလုံးအရင်းနဲ့ကျဆင်းမှုဟာဆိုရင် ဒက်ထရွိုက်စ်နဲ့ ကနေဒါနိုင်ငံ အချို့နေရာ တွေမှာ အဓိကဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ချီကာဂိုပြည်နယ်မှာလည်း မနက်ခင်း တစ်ပိုင်းအချိန်မှာတင် လေ ကြောင်းလိုင်းလေယာဉ်ပျံသန်းမှုပေါင်း ၁၆၀၀ ကျော်တို့ကို ရပ်ဆိုင်း ထားပါတယ်။ သုညအမှတ်အောက်ကို ကျော်လွန်ပြီး လူအေးခဲသေဆုံးစေနိုင်တဲ့ အနှုတ် ၃၅ ဒီဂရီရှိတဲ့ အအေးချိန်ဟာ ဖေဖော်ဝါရီလမှာတော့ အပူချိန် ပြန်လည်မြင့်တက်လာဖို့မျှော်လင့် ထားကြပါတယ်။ အပူချိန်တဖြည်းဖြည်းကျဆင်းလာပြီး လေထုပူနွေးမှုဟာလည်း ကျဆင်းလာ ခဲ့ကာ ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသည့်အဆင့်နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်တယ်လို့ သိရပါတယ်။

Source:asiaone.com


[Zawgyi Version]

(၁) Brooklyn Beckham


(၂) Zyan Malik


(၃) Ben Affleck


(၄) Miley Cyrus


(၅) Steve O


(၆) Ke$ha



[Unicode version]
ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ ထူးထူးဆန်းဆန်း တက်တူးများ
တက်တူးထိုးသူတွေဟာ တက်တူးကို ခံယူချက်အမျိုးမျိုးနဲ့ ထိုးကြတာပါ။ အနုပညာရှင်တွေ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေမှာလည်း တက်တူးကို သူတို့ခံယူချက်တွေ ကိုယ်စီနဲ့ ထိုးလေ့ရှိကြပါတယ်။ ဒီတခါမှာ ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ သူတို့ ထိုးထားတဲ့ ထူးထူးဆန်းဆန်း တက်တူးတွေ အကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) Brooklyn Beckham

နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့ရဲ့ အကြီးဆုံးသားဖြစ်သူ ဘရွတ်ကလင်း ဘက်ခမ်းကတော့ စက်တင်ဘာလ ၁၁ ရက်နေ့က ရင်ဘတ်မှာ နတ်သားတွေပုံကို ထပ်မံ ထိုးခဲ့ပြီး သူ့ Instagram အကောင့်မှာ တက်တူးဆရာကို Tag လုပ်ပြီး တင်ထားတာကို တွေ့ရပါတယ်။

(၂) Zyan Malik

One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ Zyan Malik ကတော့ ၂၀၁၈ ခုနှစ်၊ မတ်လက သူ့ရဲ့ ဦးခေါင်းမှာ တက်တူးအသစ် ထိုးထားတာ ပရိသတ်ကို ပြသခဲ့ပါတယ်။ ဒီတက်တူးကိုတော့ သူ့ရဲ့ ချစ်သူ မော်ဒယ်လ် Gigi Hadid နဲ့ လမ်းခွဲပြီး တပတ်အကြာမှာ ထိုးခဲ့တာဖြစ်ပြီး အခုတော့ သူတို့ ချစ်သူနှစ်ဦးက ပြန်လည်တွဲနေကြပြီ ဖြစ်ပါတယ်။

(၃) Ben Affleck

လက်ရှိမှာ Batman အဖြစ် သရုပ်ဆောင်နေတဲ့ မင်းသား Ben Affleck ကတော့ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ဟာဝိုင်အီ ကမ်းခြေမှာ ရေကူးနေတဲ့ ပုံထွက်ပေါ်လာပြီးနောက်မှာ သူ့ကျောပေါ်က တက်တူးကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

(၄) Miley Cyrus

ကမ္ဘာကျော် အဆိုတော် Miley Cyrus ကတော့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးအပြီးမှာ ခြေဖဝါးမှာ “Rolling Stone” ဆိုတဲ့ စာသားကို တက်တူးထိုးခဲ့ပါတယ်။

(၅) Steve O

Jackass ဟာသ ဇာတ်ကားတွေကို ဦးဆောင်ရိုက်ကူးသူ စတန့်သမားတဦးဖြစ်တဲ့ Steve O ကတော့ သူ့ကျောကုန်းမှာ သူ့မျက်နှာပုံကို ထိုးထားပါတယ်။

(၆) Ke$ha

အဆိုတော် Ke$ha ကတော့ “Suck It” ဆိုတဲ့ စာသားကို နှုတ်ခမ်း အတွင်းသားထဲမှာ ထိုးထားပါတယ်။ ဒီတက်တူးကိုတော့ သူမဟာ ၂၀၁၂ ခုနှစ် ဇွန်လမှာ ထိုးခဲ့တာ ဖြစ်ပါတယ်။

Credit – ရေဗန် (ဧရာဝတီ), The Irrawaddy – Burmese Edition

ကားမောင်းခွင့် စတင် ရရှိ

ဆော်ဒီဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကို ကိုယ်တိုင် ကားမောင်းဖို့ ခွင့်မပြုတဲ့ နောက်ဆုံးကျန်နေတဲ့ နိုင်ငံတခုဖြစ်
ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေ ကားမမောင်းဖို့ တားမြစ်ထားတာကို ဇွန် ၂၄ ရက်မှာ ရုပ်သိမ်း ပေးလိုက်ပါတယ်။

ဒါကြောင့် ဆော်ဒီမှာရှိတဲ့ ထောင်နဲ့ ချီတဲ့ အမျိုးသမီးတော်တော်များများကလည်း သန်းခေါင်ကျော် အချိန်ကို စောင့်ဆိုင်းပြီး လမ်းတွေပေါ်ထွက်ပြီး ကားတွေမောင်းခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကို ကိုယ်တိုင် ကားမောင်းဖို့ ခွင့်မပြုတဲ့ နောက်ဆုံးကျန်နေတဲ့ နိုင်ငံတခုဖြစ်ပြီး အမျိုးသမီးတွေ အတွက် မိသားစုတွေက သီးသန့် ယာဉ်မောင်း ငှားထားပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာ ဆော်ဒီအာရေဗျမှာ နေထိုင်တဲ့ အမျိုးသမီးတွေကို ပထမဆုံး ကိုယ်တိုင် ကားမောင်းတာကို ခွင့်ပြုခဲ့တာကြောင့် သမိုင်းဝင်နေ့ တနေ့လည်း ဖြစ်ပါတယ်။

ဆော်ဒီအမျိုးသမီး ၂၀၀၀လောက် ယာဉ်မောင်းလိုင်စင်ရထား
သန်းခေါင်ယံကျော်ပြီဆိုကတည်းက အပြုံးပန်းတွေဝေနေတဲ့ အမျိုးသမီးတွေ ကားကို ပျော်ရွှင်စွာနဲ့ ကိုယ်တိုင် မောင်းနှင်နေကြပါပြီ။

ဒါအပြင် ကားပေါ်မှာ အတူပါလာတဲ့ အမျိုးသမီးတွေက လက်မတွေထောင်ပြီး နှုတ်ဆက်နေတာ၊ လမ်းဘေးမှာရှိတဲ့ အမျိုးသားတွေက ကံကောင်းပါစေဆိုပြီး ကားမောင်းနေတဲ့ အမျိုးသမီးတွေကို ဆုတောင်းပေးနေတာတွေလည်း ဆော်ဒီရဲ့ လမ်းမပေါ်မှာ တွေ့နေရပါတယ်။

သန်းခေါင်ကျော်ပြီဆိုတာနဲ့ ပထမဆုံးအကြိမ် ဆော်ဒီရဲ့ လမ်းပေါ်ကို ကားမောင်းဖို့ ထွက်လာတဲ့ မတ်စ် ဒူလင်အာတစ်ကတော့ အရမ်းပျော်တဲ့အကြောင်း ပြောပါတယ်။

“ခံစားချက်ကို ဘယ်လိုပြောရမလဲဆိုတာကို ပြောဖို့ စကားလုံး မရှိအောင်ပါပဲ။ အခုလို ကားမောင်းရတာကို အရမ်း ဂုဏ်ယူပါတယ်။ နောက်ကနေ ထိုင်ရတာနဲ့ အတော်ကို ကွာပါတယ်” လို့ မတ်စ် ဒူလင်အာတစ်က ပြောပါတယ်။

ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့်ရဖို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီအမျိုးသမီးတွေကို ကားမောင်းခွင့်ပြုမှုဆိုတာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန် လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲက တခုလည်း ဖြစ်ပါ တယ်။

အရင်နှစ် စက်တင်ဘာက ဒီလိုအပြောင်းအလဲတွေ လုပ်ဖို့ ဆော်ဒီမှာ စတင် ကြေညာခဲ့ပြီး အမျိုးသမီးတွေအတွက် ယာဉ်မောင်းလိုင်စင်တွေကို ဒီလ အစော ပိုင်းက စထုတ် ပေးခဲ့ပါတယ်။

အဖမ်းခံထားရတဲ့ ဆော်ဒီက အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ အဇီဇာ အယ်လ် ယူဆက်ဖ်
ဆော်ဒီအမျိုးသမီး ၂၀၀၀လောက် ယာဉ်မောင်းလိုင်စင်ရထားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် အခုလို အမျိုးသမီးတွေကို ကားမောင်းခွင့်ပေးလိုက်တဲ့အပေါ် ဆော်ဒီက အမျိုးသားတွေက မကျေနပ်သလို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အာရပ်ဘာသာနဲ့ ကားမောင့်ခွင့်မပြုဆိုတဲ့ hashtag တွေ ဖြန့်ဝေနေကြတယ်လို့ ဆိုပါတယ်။

ဒါအပြင် အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ အချိန်မှာပဲ အမျိုးသမီးတွေ ကားမောင်းဖို့ လှုပ်ရှားခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ အပေါ် အရေးယူ ဆောင်ရွက်မှုတွေ ပိုမို တိုးမြင့်လာပါတယ်။

လောလောဆယ် အမျိုးသမီးအခွင့်အရေး လုပ်ဆောင်နေသူ ၈ ဦးကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးမှာ အမှု ရင်ဆိုင်ရမှာ ဖြစ်သလို နှစ်ရှည် ထောင်ဒဏ်တွေ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ အဖွဲ့က ပြောပါတယ်။

အရင်သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ ခုနှစ်တုန်းက ရီယတ်မြို့မှာ ကားမောင်းတဲ့ အမျိုး သမီးတွေ ဒါဇင်နဲ့ချီ အဖမ်းခံခဲ့ရပါတယ်။ ဒါအပြင် ၂၀၀၈၊ ၂၀၁၁နဲ့ ၂၀၁၄ ခုနှစ်တွေက ဆော်ဒီ အမျိုး သမီးတွေ ကားမောင်းတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်မှာ တင်လို့ အမျိုးသမီးတွေ အဖမ်းခံခဲ့ ရဖူးပါတယ်။

ရီယတ်မြို့ကနေ သတင်းပေးပို့နေတဲ့ ဘီဘီစီ သတင်းထောက် အော်လာ ဂဲလ်ရင်ကတော့ ညသန်းခေါင်လို့ နာရီက အချက်ပေးလိုက်တာနဲ့ အမျိုးသမီး တွေလမ်းမပေါ် ထွက်လာခဲ့သလို ပထမဆုံး ဆော်ဒီမှာ လိုင်စင်ရတဲ့ အမျိုးသမီးက စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်တဲ့ညတွေ အများကြီးရှိခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ လွတ်လပ်စွာ ကားမောင်းနိုင်ပေမယ့် အမျိုးသားဖော်မပါဘဲ လွတ်လပ်စွာ ခရီးသွားခွင့်၊ လက်ထပ်ခွင့်နဲ့ ကွာရှင်းခွင့်တွေ ရဖို့ကတော့ လိုသေးတယ်လို့ ဆိုပါတယ်။

ဒီအပြောင်းအလဲက သိပ်ပြီးရှေ့ရောက်တဲ့ ခြေတလှမ်းမဟုတ်ဘူးလို့လည်း ဘီဘီစီ သတင်းထောက် အော်လာ ဂဲလ်ရင်က သုံးသပ်ပါတယ်။

Via: BBC

ဆေးရောင်စုံခြယ်သထားပြီး လှပနေပြီဖြစ်တဲ့ မွမ်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်များ

ဆေးရောင်စုံခြယ်သထားပြီး လှပနေပြီဖြစ်တဲ့ မွမ်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်များ

==================
==================

ယခင်က ညစ်ပတ်ပေရေနေခဲ့တဲ့ မွမ်ဘိုင်းမြို့က ဆင်းရဲသား ရပ်ကွက်တွေကတော့ ယခုအခါမှာ ကာလာစုံ ဆေးခြယ်ထားတဲ့ အသွင်အပြင်တွေနဲ့အတူ အများအမြင်မှာ လှပသစ်ဆန်းတောက်ပနေပြီ ဖြစ်ပါတယ်။

ဒါဟာ အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော်မှာ ရှိတဲ့ ဆင်းရဲချို့ငဲ့တဲ့ ဧရိယာတွေအပေါ်မှာထားတဲ့ အများပြည်သူရဲ့ အမြင်ကို ပြောင်းလဲပစ်နိုင်ဖို့ရည်ရွယ်ပြီး စေတနာရှင် အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ဆောင်ပေးခဲ့မှုကနေ ထွက်ပေါ်လာတဲ့ အကျိုးရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။

မြို့တွင်း လူသန်း ၂၀ လောက် နေထိုင်ကြတဲ့ ဧရိယာလေးခုက နေအိမ်ပေါင်း ၁၂,၀၀၀ လောက်ကို စေတနာ့ဝန်ထမ်းတွေက တောက်ပတဲ့ ရောင်စုံမြင်ကွင်းမျိုး ဖြစ်အောင် ဆေးရောင်ခြယ် ပြောင်းလဲပေးခဲ့ကြပါတယ်။

အကျိုးအမြတ်မယူတဲ့ အဖွဲ့ Chal Rang De ရဲ့ ရည်မှန်းချက် အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် အနုပညာရှင်တွေကလည်း ယင်း ရပ်ကွက်တွေကို ဆေးရေးပန်းချီတွေကို ဖန်တီးခြယ်မှုန်းခဲ့ကြပါတယ်။

” ကျွန်တော်တို့ကတော့ မွမ်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်တွေအပေါ် လူအများရဲ့ အမြင်ကို ပြောင်းလဲပေးချင်ခဲ့တာပါ” ဆိုပြီး Chal Rang De ပူးတွဲတည်ထောင်သူ Dedeepya Reddy က ပြောပါတယ်။

” ရှင်တို့ကတော့ ရှင်တို့ ထင်တဲ့ ဆင်းရဲသားရပ်ကွက်မျိုး ဆိုတာက ညစ်ပတ်ပေရေနေတဲ့ အဆင်အပြင်တွေဖြစ်မယ်လို့ပဲတွေးမိပါလိမ့်မယ်၊ ဒီမှာတော့ ခု အဲလိုပုံစံမျိုးတွေ မဟုတ်တော့ပါဘူး၊ ခုဆိုရင် ဒီလိုမျိုး ဆေးရောင်စုံခြယ်လှပနေတဲ့ ရပ်ကွက်တွေက လူတွေကလည်း တကယ့်ကို အံ့သြစရာ လူတွေဖြစ်ကုန်ကြပါပြီ၊ သူတို့ တအားကို ပျော်ရွှင်နေကြပါပြီ” လို့ သူမက ထပ်လောင်းဖြည့်စွက်ပြောကြားသွားပါတယ်။

ခန့်မှန်းချက်တွေအရ မွမ်ဘိုင်းမြို့ လူဦးရေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ၀န်းကျင်က ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

===========

Mizzima – News in Burmese

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟို တစ်ပြိုင်တည်းမိန်းမနှစ်ဦးယူမည်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟို တစ်ပြိုင်တည်းမိန်းမနှစ်ဦးယူမည်

=======================
=======================

ဘရာဇီးဘောလုံး အကျော်အမော်ဟောင်း ရော် နယ်ဒင်ဟို (၃၈) နှစ်သည် သြဂုတ် ၌ ကျင်းပမည့် မင်္ဂလာဆောင် အခမ်းအနားတစ်ခုတွင် အမျိုး သမီးနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်ရန် စီစဉ်ထားကြောင်း ရီယိုဒီဂျနေးရိုး အခြေစိုက် O Dia သတင်းစာက ဖော်ပြသည်။

ဖီဖာတစ်နှစ်တာ အကောင်း ဆုံး ဘောလုံးသမားဆု နှစ်ကြိမ် နှင့် ရွှေဘောလုံးဆု တစ်ကြိမ်ရရှိ ဖူးသော ပီအက်စ်ဂျီ၊ ဘာစီလိုနာ နှင့် အေစီမီလန်ကစားသမား ဟောင်း ရော်နယ်ဒင်ဟိုသည်ပြီးခဲ့ သည့် ဇန်နဝါရီ ၁၆ ရက်က ဘောလုံးသမားဘဝမှ အနားယူ ကြောင်း ကြေညာခဲ့သည်။

သတို့သမီးလောင်းနှစ်ဦးဖြစ် သူ ပရစ်စီလာကိုးလ်ဟိုနှင့် ဘိထ ရစ်ဇ်ဆော်ဇာတို့သည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာကတည်းက ရီယိုဒီဂျ နေးရိုးမြို့ရှိ ရော်နယ်ဒင်ဟို၏ နေအိမ်တွင် အတူတူနေထိုင် ကြောင်း ဆိုသည်။

တစ်ပြိုင်တည်း မိန်းမအများ အပြား ယူသည့်ဓလေ့ကိုပိုင်နိုင် သည်ဟု ပြောကြားသူ ရော်နယ် ဒင်ဟိုသည် ၂၀၁၃ ကကိုးလ်ဟိုနှင့် ပထမတစ်ကြိမ်တွေ့ဆုံပြီး ၂၀၁၆ တွင် ဆော်ဇာနှင့်တွေ့ဆုံခဲ့သည်။

ဘရာဇီးနိုင်ငံတွင် တရားဝင် အိမ်ထောင်ရှိလျှင် နောက်ထပ် အိမ်ထောင်ပြုခြင်းသည် တရားမ ဝင်ဘဲ ထောင်ဒဏ်ခြောက်နှစ် အထိချမှတ်နိုင်သည်။

သို့သော် မင်္ဂလာဆောင်အ ခမ်းအနားတစ်ခု၌ အမျိုးသမီးနှစ် ဦးကို တစ်ပြိုင်တည်း လက်ထပ် ခြင်းသည် တရားဝင်ထိမ်းမြားမှု နှစ်ခုအဖြစ် ထည့်သွင်းရေတွက် မည်မဟုတ်ပေ။

ယင်းမင်္ဂလာပွဲအခမ်းအနား ကို ရော်နယ်ဒင်ဟို နေအိမ်၌ ကျင်းပမည်ဟု မျှော်လင့်ရသည်။

—Ref:USA TODAY Sports

==============

7Day News Journal

ဒူရင်းသီးအပုပ်နံ့ကြောင့် လူရာချီ မဲလ်ဘုန်းစာကြည့်တိုက်မှ ဘေးကင်းရာ ရွှေ့ပြောင်း

ဒူရင်းသီးအပုပ်နံ့ကြောင့် လူရာချီ မဲလ်ဘုန်းစာကြည့်တိုက်မှ ဘေးကင်းရာ ရွှေ့ပြောင်း

=======================
=======================

ဒူရင်းသီးအပုပ်တလုံးက ထွက်လာတဲ့ အနံ့ကို ဓာတ်ငွေ့တွေ ယိုစိမ့်ထွက်လာတယ်အထင်နဲ့ ကြောက်လန့်ပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ် စာကြည့်တိုက်ကနေ လူရာပေါင်းများစွာကို ဧပြီ ၂၈ ရက်နေ့က ဘေးကင်းရာဆီ ရွှေ့ပြောင်းလိုက်ရတယ်လို့ သိရပါတယ်။

စာကြည့်တိုက်ထဲကနေ ဓာတ်ငွေ့အနံ့တွေ ထွက်လာပြီး ညနေ ၃ နာရီ နောက်ပိုင်းမှာ တော်ဝင်မဲလ်ဘုန်း အင်စတီကျု နည်းပညာ တက္ကသိုလ်က မီးသတ်သမားတွေကို ခေါ်လိုက်တာလို့ မြို့တော်မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်က ပြောလိုက်ပါတယ်။

အနံ့ရရာ အဆောက်အအုံကလည်း အန္တရာယ်ရှိနိုင်တဲ့ ဓာတုပစ္စည်းတွေ သိုမှီးထားလို့ ဒါဇင်ခန့် မီးသတ်သမားတွေက အနံ့ဘယ်ကလာလည်း ရှာဖွေနေချိန်မှာ ဆရာနဲ့ ကျောင်းသား ၅၀၀ လောက်ကို ရဲတွေက ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

နောက်ဆုံး မီးသတ်သမားတွေက ဘီဒိုထဲ ထည့်ထားတဲ့ ဒူးရင်းသီးရဲ့ ဆိုးရွားလှတဲ့ အနံ့ကို ခြေရောခံမိသွားပါတယ်။

“မီးသတ်သမားတွေ သေချာရှာပြီးချိန်မှာ ဒါက ဓာတုအငွေ့အနံ့မဟုတ်ပဲ ဒူးရင်းသီးအပုပ်က ထွက်လာတဲ့ အနံ့တွေပါ။ အရမ်းကို အနံ့ပြင်းတဲ့အသီး၊ ဘီဒိုထဲမှာ ပုပ်နေတာ” လို့ မက်ထရိုပိုလီတန် မီးသတ်ဌာနက ပြောပါတယ်။

ဒီအနံ့က လေအေးပေးစက်ရှိတဲ့ အဆောက်အအုံထဲမှာ စိမ့်ဝင်နေတာလို့လည်း ပြောပါတယ်။ အနံ့ကို ရှာအတွေ့အပြီးမှာ မီးသတ်သမားတွေက အဆောက်အအုံကို ရှင်းလင်းပြီး ညနေ ၆ နာရီမှာ ပြန်ဖွင့်တယ်လို့ သိရပါတယ်။

မြို့တော်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အာဏာပိုင်တွေက ဒူးရင်းသီးအပုပ်ကို ဖယ်ရှားခဲ့ကြတယ်လို့ ချန်နယ်နယူးစ်အေးရှားသတင်းမှာ ဖော်ပြထားပါတယ်။

==============

DVB TV Burmese

လာမယ့် ၂၀၂၀ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီး The Rock …

လာမယ့် ၂၀၂၀ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီး The Rock …

Posted By: Zack
မတ် ၂၅

နာမည်ရင်း Dwyane Johnson ဖြစ်ပေမယ့် ကြိုးဝိုင်းတွင်းမှာ The Rock ဆိုတဲ့ နာမည်နဲ့ လူသိများတယ်၊ ၂၀၀၀ပြည့်နှစ် ၀န်းကျင်အတွင်းက အအောင်မြင်ဆုံး နပန်းသမား ဘ၀ကို ဖြတ်သန်းနေတယ်၊ အဲဒီနောက် ရုပ်ရှင်လောကထဲ ၀င်လာတယ်၊ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်အတွင်းမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသားပေါင်း များစွာကို ကျော်တက်ပြီး တစ်နှစ်တာ ၀င်ငွေ အကောင်းဆုံး မင်းသား ဖြစ်လာတဲ့ သူက အခုတော့ နောက်ထပ် ခြေလှမ်းအနေနဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်လာဖို့ ရှိနေပါပြီ။

၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲဝင်ဖို့ လှုံ့ဆော်ရေး အဖွဲ့ကိုလည်းတရားဝင် ဖွဲ့စည်းလိုက်တာ တွေ့ရသလို Run the Rock 2020 ခေါင်းစဉ်နဲ့ ဒီအဖွဲ့ကနေ လာမယ့် အိမ်ဖြူတော်မှာ သမ္မတနေရာရ ရရှိရေးအတွက် လုပ်ဆောင်သွားတော့မယ်လို့ ဆိုပါတယ်။

အခုလို ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်ခြင်းနဲ့ လက်ရှိ ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်မှုကိုတော့ The Rock ကိုယ်တိုင် လုပ်ဆောင်နေတာ မဟုတ်ပဲ Kenton Tilford အမည်ရှိ ကိုယ်စားလှယ်နဲ့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အတွင်းကလည်း The Rock က နည်းဥပဒေတွေ အတိုင်း လိုက်နာ ဆောင်ရွက်ကြိုးစားသွားမှာပါလို့ အခုအကြောင်းနဲ့ ပတ်သတ်ပြီး အရိပ်အမြွတ်ဖြေကြားခဲ့တာလည်း တွေ့ရပါတယ်။

လက်ရှိ သမ္မတ ထရမ့်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းမှုမှာလည်း ကျွန်တော်သာ သမ္မတစ်ယောက်ဆိုရင် အလွန်ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်၊ အရေးကြီးတာတွေကို လုံးဝမမှားယွင်းစေရအောင် လုပ်ဆောင်မယ်၊ ခေါင်းဆောင်ဟာ နိုင်ငံတနိုင်ငံအတွက် အရေးအပါဆုံးပါ၊ အားလုံး အတွက် တာဝန်ခံနိုင်စွမ်းရှိရမယ်လို့ ယူဆမိပါတယ်လို့ ဖြေသွားပါတယ်။

ဒါပေမယ့် ခေါင်းဆောင်ဟာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အားလုံးကို တာဝန်ယူရမယ် ဆိုတာကို လူတိုင်းကတော့ လက်ခံချင်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လက်မခံ ချင်သူတွေကို လက်ခံအောင် ကျွန်တော် လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်လည်း ပြည်သူ တစ်ယောက်ဖြစ်လို့ပါပဲ၊ ကျွန်တော်တို့ လုပ်ဆောင်သမျှရဲ့ အကျိုးဆက်ကို ကျွန်တော်တို ခံစားရမယ်၊ သဘောထားတွေ ကွဲလွဲမှုတွေ ရှိချင် ရှိမယ်၊ ဒါပေမယ့် ကိုယ့်ကို လက်မခံသူတွေကို လိုက်ပြီး တောင်းဆိုနေဖို့ မလိုအပ်ဘူး၊ ဒါပေမယ့် သူတို့ အတွက်ပါ အကောင်းဆုံး လုပ်ဆောင် ပေးသွားဖို့ပဲ လိုအပ်တာပါလို့ သူက ဆက်ပြောသွားတာလည်း တွေ့ရပါတယ်။

ဒီလို The Rock ရွေးကောက်ပွဲ ၀င်မယ့် သတင်းထွက်လာပြီး မကြာခင်မှာပဲ သူဟာ Saturday Night အစီအစဉ်ရဲ့ ရုပ်သံ ရိုက်ကူးမှုကို လက်ခံခဲ့ပြီး အစီအစဉ် ရိုက်ကူးခဲ့ပေမယ့် အဆိုပါ အစီအစဉ်မှာတော့ ရွေးကောက်ပွဲ ၀င်မယ့် အကြောင်းနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ဒုတိယ သမ္မတနေရာကိုပါ ထားရှိ ဆောင်ရွက်စေမယ့် နောက်ထပ် နာမည်ကျော် တစ်ဦးနဲ့ တွဲဖက် တက်ရောက်ခဲ့တာပါ။
ဒီအစီအစဉ်မှာ ….
ကဲ အစီအစဉ်လေး စလိုက်ရအောင်ဗျာ၊ အခု ကျွန်တော် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွက် အစီအစဉ်လေးတွေ လုပ်နေပါတယ်၊ ပြီးတော့ ကျွန်တော့်မှာ အကောင်းဆုံး အထောက်အပံ့ပေးမယ့် တွဲဖက်လည်း ရှိနေပါပြီ၊ သူကလည်း ကျွန်တော့်လို လူတိုင်းသိတဲ့ သူပါပဲ၊ အရမ်းလည်းတော်တယ်၊ တစ်ကမ္ဘာလုံးက သိတဲ့ သဘောကျတဲ့ သူပါ ဆိုပြီး The Rock က အစီအစဉ်ထဲကို နောက်ထပ် ၀ါရင့်မားသားကြီး Hansky (Tom Hanks) ကို ခေါ်ထုတ်လိုက်ပါတယ်။

Hansky က Dwyane ရေ ကျွန်တော်ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူးလို့ စကားစပါတယ်။ ကျွန်တော် ပါမယ်ဗျာ၊ ဆက်ကြိုးစားရအောင်လို့် ဆက်ပြောပါတယ်။

ဒါဆိုရင်တော့ The Rock ဟာ ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Tom Hanks နဲ့ တွဲဖက် မြင်လာရဖို့ ရှိနေပြီး အခြား ဟောလီးဝုဒ် မင်းသား တစ်လက် ဖြစ်တဲ့ Kanye West ကလည်း ရွေးကောက်ပွဲ ၀င်ဖို့ ရှိမယ်လို့ သတင်းထွက်နေတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းဦးမှာ အမှန်ဖြစ်နေပါပြီနော်။

By – KKS / MUNA

Ref; firsttoknow.com

အားလုံး ပြင်ဆင်ပြီးမှ မင်္ဂလာပွဲကို အသိပေးလိုတဲ့ လီယမ်ဟန်းစ်ဝေါ့တ်နဲ့ မိုင်လီဆိုင်းရပ်စ်

အားလုံး ပြင်ဆင်ပြီးမှ မင်္ဂလာပွဲကို အသိပေးလိုတဲ့ လီယမ်ဟန်းစ်ဝေါ့တ်နဲ့ မိုင်လီဆိုင်းရပ်စ်
===========================================================
လော့စ်အိန်ဂျလိစ်၊ မတ် ၁၉

လွန်ခဲ့သော နှစ်နှစ်ခန့်က အချစ်ရေးကို တစ်ဖန်ပြန်လည်စတင်ခဲ့ကြသော စုံတွဲနှစ်ဦးဖြစ်သည့် မင်းသားလီယမ်ဟန်းစ်ဝေါ့တ်နှင့် အဆိုတော်မိုင်လီဆိုင်းရပ်စ်တို့သည် အပူတပြင်း လက်ထပ်လို ကြသော်လည်း ကိုယ့်လက်ကိုယ့်ခြေဖြင့် ကိစ္စအဝဝကို ပြင်ဆင်လိုပြီး အစစအရာရာ ပြင်ဆင်ပြီး စီးချိန်အထိ မိသားစုနှင့် သူငယ်ချင်းများထံ ပြောပြမည်မဟုတ်ကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ခုက ”သူတို့ချစ်နေကြတာ ကိုးနှစ်နီးပါးလောက်ရှိနေပါပြီ။ ဒါပေမဲ့ အချိန်ကိုက်ပြင်ဆင်မှုက အခုထိကိုမမှန်နိုင်သေးဘူး။ သူတို့ရဲ့ များပြားတဲ့လုပ်ငန်းတွေ၊ အသက်တွေနဲ့ မိသားစုရေးရာတွေကြောင့် လက်ထပ်ဖို့အခက်အခဲဖြစ်နေဆဲပါ”ဟု ‘Entertainment Tonight’ အစီအစဉ်ကို ပြောကြားခဲ့သည်။ ၎င်းကဆက်ပြီး ”မိုင်လီမှာ မတူညီတဲ့ လက်ထပ်ဖို့အစီအစဉ်တွေ ရှိပါတယ်။ သူဟာမတူညီတဲ့ အတွေ့အကြုံတွေရစေဖို့ အိုင်ဒီယာအသစ်တွေနဲ့ ဖန်တီးနိုင်မှုတွေကို အမြဲတမ်းလုပ်နေတာပါ။ သူက အရမ်းကို သိုဝှက်တတ်တဲ့သူဆိုတော့ ဘာကိုမှ ကြေညာမှာမဟုတ်ပါဘူး။ သူ့ သူငယ်ချင်းတွေသာ နောက်ဆုံးမှ သိရမှာပါ။ သူတို့စိတ်ကြိုက် ဒီအချိန်မှာတော့ ပြင်ဆင်နေကြပါ တယ်”ဟု ပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ် အဆိုတော်မိုင်လီသည် သြစတေးလျမင်းသားချောနှင့် ၂ဝ၁ဝ ခုနှစ်တွင် ‘The Last Song’ ရုပ်ရှင်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နှစ်နှစ်အကြာတွင် စေ့စပ်လိုက် ကြောင်း ကြေညာခဲ့သည်။ မိုင်လီ၏မိဘများက အသက်(၂၈)နှစ်အရွယ် မင်းသားဖြစ်သူကို ချစ်ခင်သော်လည်း လီယမ် ၏မိသားစုက မိုင်လီအပေါ် လိုလိုလားလားမရှိပေ။ အတွင်းသတင်းတစ်ခု၏ အဆိုအရ လီယမ်၏ မိဘများသည် မိုင်လီအပေါ် အမြင်မကြည်လင်ဘဲ ဆတ်ဆတ်ထိမခံသည့် အကျင့်ကိုလည်း မကြိုက်နှစ်သက်ကြောင်း သိရသည်။

ဝိုင်နေ

Ref: contactmusic