Shangyimm

- လူမှုမီဒီယာများနှင့် အင်တာနက်ပေါ်ရှိ စိတ်ဝင်စားစရာ အကြောင်းအရာများကို လူအများ ဖတ်ရှုနိုင်ရန် တဆင့်ပြန်လည် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ပါ၍ ကူးယူဖော်ပြခံရသော မီဒီယာများနှင့် စာရေးသူများကို လေးစားစွာဖြင့် Credit ပေးပါသည်။ မူရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့ Content များကို shangyimm.com တွင် ကူးယူဖော်ပြခြင်းအား ကန့် ကွက်လိုပါက shangyimm2017@gmail.com သို့ပေးပို့ ကန့် ကွက်နိုင်ပါတယ် ခင်ဗျာ။ လေးစားစွာဖြင့်…

Category: ပြည်တွင်းသတင်း

အမှန်တရားကို အမြန်ဆုံးနည်းဖြင့် ဖော်ထုတ်ပေးစေလိုကြောင်း သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် ဒုရဲမှူးမိုးရန်နိုင်၏မိသားစု သတင်းစာရှင်းလင်း

အမှန်တရားကို အမြန်ဆုံးနည်းဖြင့် ဖော်ထုတ်ပေးစေလိုကြောင်း သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန် ဒုရဲမှူးမိုးရန်နိုင်၏မိသားစု သတင်းစာရှင်းလင်း

=======================
=======================

အမှန်တရားကို အမြန်ဆုံးနည်းဖြင့် ဖော်ထုတ်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်သိစေရန်အတွက် ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မီဒီယာစင်တာ (မန္တလေး) တွင် ဧပြီ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အမှန်တရားဘက်မှာ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရပ်တည်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုရခြင်းဖြစ်ပါတယ်။ အမှန်တရားကို အမြန်ဆုံးဖော်ထုတ်ပေးစေလိုသလို ပါဝင်ပတ်သက်သူတွေကိုလည်း အရေးယူစေချင်ပါတယ်။ ကျွန်မယောက်ျား ဒီစာရွက်စာတမ်းတွေကို သတင်းထောက်နှစ်ယောက်ကို ပေးခဲ့တယ် မပေးခဲ့ဘူး။ လုပ်ခဲ့တယ် မလုပ်ခဲ့ဘူးဆိုတာ ရဲမှူးချုပ်တင်ကိုကို အသိဆုံးပါ။ အခု ကျွန်မတို့မိသားစု နေထိုင်ရတာ မလုံခြုံသလို ခံစားနေရပါတယ်” ဟု ဒုရဲမှူးမိုးရန်နိုင်၏ဇနီး ဒေါ်တူးက ပြောကြားသည်။

ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုအတွက် အလှူငွေများကိုလည်း ခင်ပွန်းဖြစ်သူ၏ စိတ်ဆန္ဒကို သိရှိသောကြောင့် ယခုအချိန်ထိ လက်ခံခြင်းမရှိကြောင်း၊ မိမိခင်ပွန်းအတွက် အမှန်တရားပေါ်ပေါက်ပြီး မူရင်းတာဝန် ထမ်းဆောင်ခွင့်ပြန်ရလျှင်လည်း ပြင်ပတွင်သာ လုပ်ကိုင်စားသောက်တော့မည်ဖြစ်ကြောင်း မိသားစုက ရှင်းလင်းခဲ့သည်။
ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည့်ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးနှင့်မိသားစုမှာ နေပြည်တော်ရှိ ရဲဝန်ထမ်းအိမ်ရာမှ ဧပြီ ၂၁ ရက်က ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။

ထိုသို့ဖယ်ရှားခံခဲ့ရသဖြင့် တက္ကသိုလ်တက်နေသည့် သမီးဖြစ်သူနှင့် အဋ္ဌမတန်းတက်ရောက်မည့် သမီးတို့ကို ခင်ပွန်းဖြစ်သူ၏ ဇာတိမြေသို့ ပြန်လည်ပို့ဆောင်ရန် နေပြည်တော်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မိသားစုဘ၀ မလုံခြုံသကဲ့သို့ ခံစားနေရခြင်း၊ အလှူငွေဒေါ်လာများရခြင်း စသည့်ပြောဆိုဝေဖန် တိုက်ခိုက်မှုများကို ဖြေရှင်းလိုသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ယင်းအပြင် မိမိခင်ပွန်း၏ မျိုးရိုးစဉ်ဆက် ရဲတပ်ဖွဲ့ဝင်များဖြစ်ခဲ့ပြီး သိက္ခာသမာဓိ ရှိသူများဖြစ်သဖြင့် စုံစမ်းနိုင်ကြောင်း စသည်တို့ကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် အမှန်တရားဖွင့်ပြောရခြင်းမှာ ရဲတပ်ဖွဲ့ဝင်တွင်လည်း မည်သည့်အဆင့်အတန်းမဆို ဂုဏ်သိက္ခာရှိကြောင်း ဒုရဲမှူးမိုးရန်နိုင်က ဧပြီ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြောကြားသည်။

ဒုရဲမှူး မိုးရန်နိုင်၏ဇနီးနှင့်မိသားစု နေပြည်တော်ရှိ ရဲဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရခြင်းနှင့်ပတ်သက်၍ နေပြည်တော်တိုင်းရဲတပ်ဖွဲ့ ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးလင်းအောင်က “ရတဖ (၈) မှာ သူတို့လိုင်းခန်းရှိပါတယ်။ ရဲတပ်ဖွဲ့မှာ နေရာပြောင်းရင် ပြောင်းတဲ့နေရာမှာ လိုင်းခန်းရတယ်။ သူ့အစား တခြားပြောင်းလာတဲ့တပ်ဖွဲ့ဝင်တွေရဲ့ နေရေးထိုင်ရေးလည်းရှိလို့။ အမှန်က နဂိုကတည်းက ပြောင်းရမှာပေါ့။ သူ့သားသမီးတွေရဲ့ ပညာရေးအတွက်။ အခုက ကျောင်းပိတ်လို့ ပြောင်းခိုင်းရတာပါ” ဟုပြောကြားသည်။

ထိုသို့ အမှန်တရားကို ဖော်ထုတ်သည်ဟုဆိုကာ ဒုရဲမှူးမိုးရန်နိုင်အား ပြည်သူလူထုက ၀န်းရံထောက်ခံပွဲကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ခံပွဲကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီခွဲခန့်က ပြည်မြို့ ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်အနီး ပလက်ဖောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒေသခံပြည်သူများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်)၊ လူငယ့်ရိပ်မြုံ၊ အဖြူရောင်သွေးပရဟိတ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ခရိုင်)၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့၊ မြေလတ်ဂျာနယ်လစ်ကွန်ရက်နှင့် တက်ကြွလှုပ်ရှားသူ ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

writer: ယဉ်မျိုးသွယ်၊ ဝေလင်း
April 22, 2018

==============

Eleven Media Group

နေ့အပူချိန် မြင့်တက်လာမှုနှင့် Heat Stroke

နေ့အပူချိန် မြင့်တက်လာမှုနှင့် Heat Stroke

=======================
=======================

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၁၈ ခုနှစ် နွေကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းကြေညာချက်တွင် အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ လာနီညာ အခြေအနေ၌ ဆက်လက်တည်ရှိနေကြောင်း၊ လာနီညာဖြစ်ပေါ်မှု ခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွင် လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၅၂ ရာခိုင်နှုန်းအထိ ရှိနေပြီး ၂၀၁၈ ခုနှစ် မတ်၊ ဧပြီ၊ မေလများတွင် ၃၁ ရာခိုင်နှုန်း၊၂၀၁၈ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လတွင် ၁၇ ရာခိုင်နှုန်းသို့ ပြန်လည်လျော့ကျလာနိုင်ပြီး ပုံမှန်ဖြစ်မြဲ အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် ရာခိုင်နှုန်းမှာ ၈၁ ရာခိုင်နှုန်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာပစိဖိတ် သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန်လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။

ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုသည် ယေဘုယျအားဖြင့် နွေရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သော်လည်း လာနီညာမှ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါက အဆိုပါဖြစ်စဉ်များ လျော့နည်းနိုင်ကြောင်း မိုးဇလက ကြေညာခဲ့သည်။

၂၀၁၈ နွေကာလက စံချိန်တင် အပူလား
ယခုနှစ် နွေရာသီကာလသည် ပုံမှန်အပူချိန်ထက် ပိုမိုပူပြင်းနိုင်သော်လည်း စံချိန်တင်ပူပြင်းမှု ဖြစ်ပေါ်ခဲ့သည့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များလောက် မပူပြင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောကြားခဲ့ပြီး ဖေဖော်ဝါရီနှင့် မတ်လများအတွင်းက ပုံမှန်အပူချိန်သာ ရှိခဲ့သည်။ ထို့နောက် ဧပြီလဒုတိယပတ်မှစ၍ နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးခုနစ်ခုတွင် နေ့အပူချိန်များ တိုးလာခဲ့ပြီး ပုံမှန်အပူချိန်ထက် ပိုမိုပူပြင်းခဲ့ရာ အပူကြောင့်ဖြစ်သည့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများကို လူအများတွင် စတင်ခံစားခဲ့ရသည်။

နေ့အပူချိန် တိုးလာသည့် ဧပြီဒုတိယပတ်နှင့် Heat Stroke ဖြစ်ပွားမှု အခြေအနေ

ဧပြီလဒုတိယပတ်အတွင်း ဒေသအလိုက်နေ့အပူချိန် တဖြည်းဖြည်း မြင့်တက်လာပြီး ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အပူလျှပ်၍ သတိလစ်ခြင်း (Heat Stroke) ဖြစ်ပွားသူ လူနာနှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ကြောင်း ကုသရေးဦးစီးဌာန (နေပြည်တော်) မှ ရရှိသည့် အချက်အလက်များအရ သိရသည်။

“ကျွန်တော်တို့ ဆေးရုံတွေကို အကြောင်းကြားထားတာက အပူဒဏ်ကြောင့် အတွင်းလူနာရောက်လာရင် ကုသရေးဦးစီးဌာနကို တင်ပြပေးဖို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစပြီး ညွှန်ကြားထားခဲ့ပါတယ်။ အခုလက်ရှိအထိ တိုင်းဒေသကြီး ပြည်နယ်အားလုံးမှာ လူနာနှစ်ဦး ရှိပါတယ်။ တစ်ဦးက ဧပြီ ၁၀ ရက်က ပဲခူးတိုင်း ကုသရေးဦးစီးဌာနက တင်ပြလာတာပါ။ အမျိုးသားလူနာ၊ အရက်သောက်ထားတဲ့ လူနာ၊ ဆေးရုံကို သတိလစ်ပြီး ရောက်လာတယ်။ အပူချိန်ကလည်း ၁၀၅ လောက်ရှိနေတော့ Heat Stroke ခံစားနေရတဲ့လူနာပေါ့။ ဆေးကုသမှု ခံယူလိုက်တဲ့အခါမှာ သတိပြန်ရပြီး နေပြန်ကောင်းသွားတယ်။ အဲဒါက သနပ်ပင်ဆေးရုံကပါ။ နောက်တစ်ဦးကတော့ ဧရာဝတီတိုင်းဒေသကြီးကပါ။ အမျိုးသားလူနာပါပဲ။ သင်္ကြန်မှာ အရက်သောက်၊ ရေကစားပြီး Heat Stroke ဖြစ်ပြီး ဆုံးသွားတာပါ” ဟု နေပြည်တော်ကုသရေးဦးစီးဌာနက ညွှန်ကြားရေးမှူးဒေါက်တာ မိုးခိုင်က ပြောကြားသည်။

ရာသီဥတုပူပြင်းခြင်းကြောင့် အသက်လေးနှစ်အောက်ကလေးများနှင့် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကြောင့်မေ့လဲခြင်း (Syncope Due Heat)၊ အပူကြောင့် ခြေလက်ရောင်ရမ်းခြင်း (Heat Oedema)၊ အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)၊ အပူကြောင့် အားအင်ကုန်ခမ်းချည့်နဲ့ခြင်း (Heat Exhaustion) နှင့် အပူကြောင့် ချွေးမထွက်ပဲ သတိလစ် မေ့မြောသည့် (Heat Stroke) စသည်တို့ ဖြစ်ပွားနိုင်ကြောင်းလည်း သိရသည်။

Heat Stroke သည် ခန္ဓာကိုယ်၏ အပူချိန်ညှိမှု ပျက်စီးသွားခြင်းကြောင့်ဖြစ်ပြီး အပူရှိန်မြင့်တက်လာသည့်အခါ လူ့ခန္ဓာကိုယ်၏ အပူချိန်သည် ၁၀၅ ဖာရင်ဟိုက် (၄၀ ဒသမ ၅ ဆဲလ်စီးယပ်စ်)အထိ ရောက်ရှိလာပြီး ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် အယ်နီညို ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး ၃၅ မြို့တွင် စံချိန်တင် ပူပြင်းမှုများဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် အပူလျှပ်၍ သတိလစ်ခြင်း (Heat Stroke) ကြောင့် လူနာ ၅၅ ဦး ဆေးကုသမှုခံယူခဲ့ကြောင်းနှင့် ၂၀၁၇ ခုနှစ်အတွင်းက လူနာ ၁၅ ဦး ဖြစ်ပွားမှုရှိခဲ့ကြောင်း နေပြည်တော်၊ ကုသရေးဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ဧပြီလတတိယပတ်အတွင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည့် နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့အောက် ငါးဒီဂရီစင်တီဂရိတ်မှ ခြောက်ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်အထိ လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ တောင်ငူနှင့်ဘော်လခဲမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြောင်းနှင့် ဧပြီ ၂၁ ရက်က ထုတ်ပြန်ချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေ့အပူချိန် အနည်းငယ် တိုးလာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ကျန်းမာရေးဌာနက နှိုးဆော်ခဲ့သည့် အပူဒဏ်အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်များ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များကို နှစ်စဉ် မတ်လဒုတိယပတ်မှစ၍ ထုတ်ပြန်ကြေညာခဲ့ပြီး အပူဒဏ်အန္တရာယ်အတွက် ကြိုတင်ကာကွယ် နေထိုင်နိုင်ရန် နှိုးဆော်ခဲ့သည်။

အဓိကအားဖြင့် အပူနှင့် ထိတွေ့ရသော လုပ်ငန်းများတွင် လုပ်ကိုင်နေရသောလုပ်သားများ အပူကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ခြင်းကြောင့် အထူးသတိပြုနေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လအတွင်းက သတိပေးချက် ထုတ်ပြန်ကြေညာခဲ့သည်။

နေပူကျဲကျဲတွင် အလုပ်လုပ်ကိုင်သူ ကျပန်းလုပ်သားများ၊ ၀န်စည်စလွယ်ထမ်းပိုးကြသော အထမ်းလုပ်သားများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ (မော်တော်ကား၊ အနှေးယာဉ်၊ ဆိုင်ကယ်ကယ်ရီ)၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ၊ လယ်ယာစိုက်ပျိုး လုပ်ကိုင်သူများ၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်သောလုပ်သားများ၊ ပန်းဥယျာဉ်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ၊ တပ်မတော်သားများ၊ မီးသတ်သမားများ၊ ယာဉ်ထိန်းရဲများ၊ အားကစားသမားများ၊ မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သူများနှင့် စားဖိုဆောင် အိုးသူကြီးများ၊ မိုင်းတွင်းလုပ်သားများ၊ ဥမင်လိုဏ်ခေါင်းနှင့် အလုံပိတ်နေရာများတွင် အလုပ်လုပ်ကိုင်ရသူလုပ်သားများ၊ ဘွိုင်လာခန်းတွင် အလုပ်လုပ်ကိုင်သူလုပ်သားများ၊ စက်ရုံလုပ်သားများ၊ သံရည်ကျိုလုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူ လုပ်သားများ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်သူဝန်ထမ်းများ၊ ရော်ဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သူ လုပ်သား များ၊ ကြွေထည်မြေထည်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူလုပ်သားများ၊ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ လုပ်သားများနှင့် သင်္ဘောကျင်းတွင် အလုပ်လုပ်ကိုင်သူ လုပ်သားများအနေဖြင့် ကျန်းမာရေးကို အထူးဂရုပြု နေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

“အပူချိန်က နှစ်စဉ်တက်လာတော့ ကျန်းမာပညာဌာနအနေနဲ့ သတိပေးနှိုးဆော်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ပေးပါတယ်။ အရင်ကဆို အပူနဲ့ပတ်သက်ရင် အပူအရမ်းမြင့်တဲ့ ဧပြီ၊ မေလလောက်မှာမှ နှိုးဆော်ချက်တွေကို ထုတ်ပြန်ခဲ့တာ။ ပြီးခဲ့တဲ့ နှစ် ၂၀၁၆ ခုနှစ်က စပြီး မတ်လလယ်လောက်မှာကတည်းက နှိုးဆော်ချက်တွေထည့်ပြီး နှိုးဆော်တယ်။ အခုဆိုရင် ခရမ်းလွန်ရောင်ခြည်အတွက်ရော၊ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွေကိုရော နေ့စဉ်နီးပါးနိုင်ငံပိုင် မီဒီယာတွေမှာ အသိပညာပေး နှိုးဆော်ပေးထားပါတယ်။ လူထုကလည်း ဒီနှိုးဆော်ချက်တွေကို အလေးပေး လုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကျန်းမာပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့သည့်နှစ်မှစ၍ နောက်ပိုင်းနွေကာလများ၌ ယခင်နှစ်များနှင့်မတူ အပူချိန်မြင့်တက်မှုများကို သိသိသာသာ ခံစားခဲ့ကြရပြီး နှစ်စဉ်အပူချိန်ဆက်တိုက် မြင့်တက်ခဲ့မှုများနှင့်အတူ အပူကြောင့်ဖြစ်တတ်သည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ၊ ရေရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှုများ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို နှစ်တိုင်းနီးပါး ခံစားနေကြရသည်။

“သက်ကြီးရွယ်အိုနဲ့ ကလေးတွေက အပူဒဏ်ကို မခံနိုင်ကြတော့ ရာသီဥတုပူလာရင် ဆေးခန်းတွေမှာ ဒီအရွယ်တွေက နေ့တိုင်းနီးပါး များလေ့ရှိတယ်။ လူကြီးတွေမှာ သွေးပေါင်ချိန်တက်တာ၊ ကျတာတွေ အပူလျှပ်ဖျားတာတွေ၊ ခေါင်းမူးခေါင်းကိုက် စတာတွေ အဖြစ်များလာတယ်။ အခုကတည်းက အစားအသောက် အပြုအမူ အနေအထိုင်အားလုံး ဆင်ခြင်နေဖို့လိုလာပါပြီ။ ဒီနှစ်က စံချိန်တင်အပူလိုမျိုး ပူပြင်းတာ မဟုတ်ပေမယ့် ပုံမှန်အပူချိန်ထက်မြင့်တဲ့အတွက် နေထိုင်စားသောက်မှုပုံစံတွေကို ဂရုပြုဖို့ ကျန်းမာရေးနှိုးဆော်ချက်တွေကို လိုက်နာဖို့ ပြောချင်ပါတယ်” ဟု ကုသိုလ်ဖြစ်ဆေးခန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆေးကုသပေးနေသည့် ဒေါက်တာစည်သူက ဆိုသည်။

ံHeat Stroke လူနာတွေအတွက် ကျန်းမာရေးဌာနက ဘာတွေပြင်ဆင်ထားလဲ

လူအများတွင် Heat Stroke အန္တရာယ်ရှိလာပါက ကုသပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဗဟိုအဆင့် ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံပေါင်း ၈၃ ရုံခန့်ရှိပြီး ဗဟိုအဆင့် ဆေးရုံ ၁၈ ရုံ၊ တိုင်းဒေသကြီးအဆင့် ဆေးရုံ ၂၈ ရုံနှင့် တိုက်နယ်ဆေးရုံ ၃၇ ရုံတွင် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ကုသရေးဦးစီး ဌာနအနေနဲ့ ဆေးရုံတွေမှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ လူနာတွေ တက်ရောက်ကုသနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ကြိုတင်ပြင်ဆင်ဖို့လည်း ဆေးရုံတွေကို နှစ်စဉ်ညွှန်ကြားပါတယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့လူနာတွေ ရောက်လာရင် ကုရမယ့် ကုထုံးတွေကို ၂၀၁၆ ခုနှစ်ကတည်းက ဆေးရုံတွေကို ဖြန့်ဝေထားတယ်။ နောက်တစ်ခုက လိုအပ်မယ့်ဆေးဝါးတွေကို လူနာရောက်ရှိနိုင်တဲ့ အလားအလာကို ခန့်မှန်းပြီးတော့ ဆေးဝါးတွေ ပြည့်စုံအောင် ဖြည့်ဆည်းထားပါတယ်။ အပူကြောင့်ဖြစ်တဲ့လူနာက တခြားလူနာတွေနဲ့ မတူတဲ့အတွက် ထားရှိရမယ့်နေရာတွေကို ဆေးရုံအလိုက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ဆရာဝန် သူနာပြုတွေအနေနဲ့ ဆေးကုသတဲ့အခါ အဆင်ပြေ ကျွမ်းကျင်မှုရှိအောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးတာတွေကိုလည်း ပြုလုပ်ထားပါတယ်” ဟု နေပြည်တော်ကုသရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။

အပူဒဏ်အန္တရာယ်များနှင့် အခြားနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ပြည်သူအားလုံးက လိုက်နာ ဆောင်ရွက်ကြရန်နှင့် ဖြစ်ပွားမှုများ ရှိလာပါက ကျန်းမာရေးဌာန/ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက် ဆေးကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

အယ်လ်နီညိုကြောင့် ၂၀၁၅ ခုနှစ်အတွင်း တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့တွင် အပူချိန် စံချိန်တင် မြင့်တက်ခဲ့ရာ ရာသီဥတု ပြင်းထန်မှုကြောင့် လူပေါင်း ၂၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ငွေကြေးဆုံးရှုံးမှု အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၅ ဘီလျံ အထိရှိခဲ့ကြောင်း သိရသည်။

အပူချိန်မြင့်မားမှုနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူဒဏ် အန္တရာယ်၊ ကူးစက်ရောဂါ၊ နာတာရှည်ရောဂါ အပါအ၀င် အခြားကျန်းမာရေးပြဿနာများ ဆက်စပ်ဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် သတိပြုရန် လိုအပ်မှုနှင့်ပတ်သက်၍ “ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေက လူတွေအပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။ အပူချိန်မြင့်လေ ခြင်တွေ ပိုပေါက်ဖွားလေဖြစ်ပြီး ခြင်မှတစ်ဆင့် ဖြစ်တဲ့ရောဂါတွေလည်း ဖြစ်ပွားမှုနှုန်းများနိုင်တယ်။ သောက်သုံးရေ ရှားပါးမှုတွေကြောင့် ၀မ်းပျက်ဝမ်းလျှော၊ ၀မ်းကိုက်ရောဂါ၊ ကာလ၀မ်းရောဂါတွေ ပိုပြီးဖြစ်တတ်တယ်။ ရေရှားပါးမှုနဲ့အတူ အရေပြားကူးစက် ရောဂါတွေကလည်းတွဲပြီး ဖြစ်လာတတ်ပါတယ်။ ဥပမာ ရန်ကုန်ဆိုရင် မြို့ပြဖြစ်ပြီး လူဦးရေထူထပ်တယ်။ ဘယ်ရောဂါဖြစ်ဖြစ် ကူးစက်မှုနှုန်း အရမ်းမြန်တယ်။ အခုဆိုရင် ရန်ကုန်မှာ အပူချိန်က တဖြည်းဖြည်း မြင့်လာပြီဆိုတော့ ကူးစက်ရောဂါတွေကို သတိထားဖို့ လိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဒီလိုနွေကာလမှာ ကလေးတွေမှာ ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါတွေ အစုလိုက်ဖြစ်တာတွေ ရှိခဲ့တဲ့အတွက် သတိထားရမယ်။ နှစ်စဉ်အပူချိန်က တဖြည်းဖြည်း မြင့်မြင့်လာတဲ့အတွက် ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွေကို လိုက်နာဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

“မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှု အခြေအနေ” အစီရင်ခံစာတွင် ၂၁ ရာစုတစ်ဝက်သို့ ရောက်ရှိသည့်အခါ နိုင်ငံတ၀န်းလုံးတွင် အပူချိန်သည် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီ စင်တီဂရိတ် မြင့်တက်လာပြီး အလွန်အကျွံပူသည့် နေ့ရက်များ ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသည် တစ်လလျှင် အလွန်အကျွံပူသည့်နေ့ရက် တစ်ရက်ခန့် ရှိခဲ့ကြောင်းနှင့် နောင် ၁၀ နှစ်ကြာသည့်အခါတွင်မူ မြန်မာနိုင်ငံသည် အလွန်အကျွံပူသည့်နေ့ရက်များသည် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် တစ်ရက်ခြားတစ်ခါ ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်ကြောင့် ဒေသတစ်ခုလုံး၏ အပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည် ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ထိခိုက်ခံစားနိုင်ခြေ အညွှန်းကိန်း ၂၀၁၇ အရ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများနှင့် အပူချိန်မြင့်တက်မှုများ စသော ဆိုးရွားသည့် ရာသီဥတု ပြဿနာများ ခံစားရနိုင်သည့်နိုင်ငံများတွင် ဒုတိယနေရာတွင်ရှိကြောင်း WWF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်

ခရမ်းလွန်ရောင်ခြည်သည် လတ်တလော ထိတွေ့မှုကြောင် နေလောင်ခြင်း၊ အသားအရောင်ညိုလာခြင်းတို့ဖြစ်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်၍ ပူပြင်းသောနေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခန့်အတွင်း အလုပ်လုပ်ကိုင်သူများ၊ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသူများ၊ သင်္ကြန်ရေကစားသူများ၊ ကလေးငယ်များအား အောက်ပါအတိုင်း သတိပြု ကာကွယ်ရန် နှိုးဆော်အပ်ပါသည်။

(၁) ပူပြင်းသော နေရောင်ခြည်အောက်တွင် အလုပ်လုပ်ပါက မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ပါ။
(၂) နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားရန် လိုအပ်ပါက မျက်နှာ၊ လည်ပင်း၊ ပခုံးကို လုံခြုံသော ဦးထုပ်၊ ထီး စသည်တို့ ဆောင်းသွားပါ။
(၃) အ၀တ်လွတ်ကင်းနေသော လက်၊ လည်ပင်းနှင့် ပခုံးစသည့်နေရာများကို သနပ်ခါးထူထူ (သို့မဟုတ်) SPF 15+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံလိမ်းဆေးတစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း နောက်တစ်ခါ ထပ်လိမ်းပါ။
(၄) ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ရန် ခရမ်းလွန်ရောင်ခြည် အလွယ်တကူ မဖောက်နိုင်သော အရောင်ရင့်သော အ၀တ်အထည်များ၊ ထူသော အ၀တ်အထည်များကို ၀တ်ပါ။
(၅) ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ပါသဖြင့် အလှအပသက်သက် ထုတ်လုပ်ထားသော နေကာမျက်မှန်များထက် ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို ရွေးချယ်အသုံးပြုပါ။
(၆) ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုအန္တရာယ်ကို ပိုမိုခံစားရသောကြောင့် လူကြီးများအနေဖြင့် အသက်တစ်နှစ်အောက်ငယ်သော ကလေးများကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုပါနှင့်။

အပူဒဏ် အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်

နွေရာသီနှင့် ရာသီဥတုပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဆားဓာတ်များ ဆုံးရှုံးမှုများပြားကာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးချည့်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်၍ ကိုယ်အပူချိန်တက်ခြင်း၊ အတက်ရောဂါဖြစ်ပွားခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေအထိ ဖြစ်တတ်ပါသည်။ သို့ဖြစ်ပါ၍ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်အလက်များကို လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။

(၁) နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှရှောင်ကြဉ်၍ အရိပ်ရအေးမြသော နေရာများတွင် နေပါ။
(၂) နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
(၃) နေပူထဲနှင့် အပူချိန်ပြင်းထန်သော နေ့ခင်းအချိန်များတွင် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။
(၄) နေ့ခင်းအချိန်၊ အမိုးအကာမရှိသော နေရာများတွင် ကာလရှည်ကြာစွာ လုပ်ငန်းဆောင်ရွက်ရသူများနှင့် အပူနှင့်ထိတွေ့ရသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသော လုပ်သားများအနေဖြင့် အပူချိန်ပြင်းထန်သောအချိန်တွင် အရိပ်ရအေးမြသောနေရာများ၌ အနားယူသင့်ပါသည်။
(၅) ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးဂေဟာများနှင့် နေ့ကလေးထိန်းကျောင်းများ အနေဖြင့် အဆောက်အအုံများအား လေ၀င်လေထွက်ကောင်းအောင် စီစဉ်ဆောင်ရွက်ပါ။ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ကာကွယ်ကုသနိုင်ရန် အစီအမံများ ချမှတ်ပါ။
(၆) အပူချိန်ပြင်းထန်သော နေ့ခင်းအချိန်ကာလတွင် ခရီးသွားခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
(၇) အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းတို့ကြောင့် အထူးရှောင်ကြဉ်ပါ။
(၈) နေ့ခင်းဘက် အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းပါ။
(၉) အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ပါ။
(၁၀) ခန္ဓာကိုယ်အတွင်း ရေနှင့်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည် သောက်သုံးပါ။
(၁၁) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေ၀င်လေထွက်ကောင်းသော နေရာမျိုး၌ နားနေပါ။
(၁၂) ကိုယ်အပူချိန်တက်ပါက ရေအေးဖတ်နိုင်နိုင်တိုက်ပါ။ ကိုယ်အပူချိန် အမြန်ကျဆင်းလာစေရန် လည်ပင်း၊ ချိုင်းကြားနှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက် စုစုပေါင်း ငါးနေရာတွင် ရေအေးဖတ်ကိုကပ်ပါ။ ရေများများသောက်ခိုင်းပါ။
(၁၃) အပူဒဏ်ကြောင့် နုံးချည့်ခြင်း၊ ကြွက်တက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ အတက်ရောဂါဖြစ်ပွားခြင်းနှင့် သတိလစ်ခြင်းများဖြစ်ပေါ်ပါက အသက်အန္တရာယ်ရှိနိုင်၍ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသကုသပါ။

writer: အိသဉ္ဇာကျော်
April 22, 2018

==============

Eleven Media Group

ရှမ်းမြောက် စစ်ရှောင်စခန်းများတွင် ဂေါ်ရခါးလူမှုကူညီရေးအသင်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေး

ရှမ်းမြောက် စစ်ရှောင်စခန်းများတွင် ဂေါ်ရခါးလူမှုကူညီရေးအသင်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေး

=======================
=======================

ဂေါ်ရခါးလူမှုကူညီရေး အသင်းက ဦးဆောင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအနှံ့မှ စစ်ရှောင်စခန်းများသို့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ လိုက်လံပေးနေသည်။

ဒေသတွင်း တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာနေရကာ စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသူများကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး အခြေ စိုက် ဂေါ်ရခါးလူမှုကူညီရေးအ သင်းက ဧပြီ ၁၈ ရက်မှ စကာ ကျန်းမာရေးဆိုင်ရာစောင့်ရှောက် မှုများ ပေးခြင်းဖြစ်သည်။

‘‘ကျန်းမာရေးစစ်ဆေးမှုအ ပြင် ကျွန်တော်တို့ နိုင်သလောက် ရိက္ခာတွေ ထောက်ပံ့နေတာပါ။ ရွာတွေမှာလည်း ကျန်းမာရေးအသိပညာပေးတာမျိုးတွေ လုပ် သွားမှာပါ’’ဟု ဂေါ်ရခါးလူမှုကူညီရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဌေးက ပြောသည်။

ဂေါ်ရခါးလူမှုကူညီရေး အ သင်းတွင် ဂေါ်ရခါးလူမျိုးဆရာဝန် အချို့နှင့် ဆေးတက္ကသိုလ်တက် နေဆဲ ကျောင်းသားအချို့ ပါဝင် ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေ သမှ စစ်ရှောင်စခန်းများသို့ အ လှည့်ကျသွားရောက်ရန် ပြင်ဆင် ထားသည်ဟု အသင်းဝင် ဦးကျော်နိုင်သိန်းက ပြောသည်။

‘‘ကျွန်တော်တို့ နမ္မတူနဲ့ ကျောက်မဲက စစ်ရှောင်စခန်းတွေ သွားခဲ့တယ်။ သူတို့မှာ ရိက္ခာနဲ့ လူ့အသုံးအဆောင်ပစ္စည်း လိုအပ်ချက်တွေရှိနေတယ်။ ကလေးအများစုက ချောင်းဆိုးတာမျိုးတွေဖြစ်နေတာတွေ့ခဲ့တယ်’’ ဟု ဦးကျော်ကျော်ဌေးက ဆိုသည်။

နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်နှင့် နမ္မတူမြို့တို့တွင် အမြဲတမ်းစစ်ရှောင်စခန်း ၂၅ ခုရှိပြီး စစ်ရှောင် ၁,၅၀၀ ဦးထက်မနည်းရှိ သည်။ ကျောက်မဲနှင့် နမ့်ဆန် နယ်စပ်တွင် မတ်လအတွင်း ဖြစ်ပွားသော တိုက်ပွဲအချို့ကြောင့် စစ်ဘေးရှောင်ခဲ့ရသူများအနက် အချို့မှာ နေရပ်မပြန်နိုင်သေးဘဲ ကျောက်မဲမြို့ပေါ်တွင် ခိုလှုံနေရ ဆဲဖြစ်သည်။

==============

 

ကျပ်တစ်သောင်းတန် အတုလုပ်သူများကို ကညွတ်ကွင်းတွင် ဖမ်းမိ

ကျပ်တစ်သောင်းတန် အတုလုပ်သူများကို ကညွတ်ကွင်းတွင် ဖမ်းမိ

=======================
=======================

ပဲခူးတိုင်းဒေသကြီး ကညွှတ်ကွင်းမြို့ ကျွန်းကုန်းကျေးရွာအုပ်စု သနပ်ကွင်းကျေးရွာ ဈေးဆိုင်တစ်ဆိုင်တွင် ဧပြီလ ၁၈ ရက် နေ့ ည ၇ နာရီခွဲခန့်က ပရင်တာဖြင့်ထုတ်ထားသည့် ငွေစက္ကူကျပ်တစ်သောင်းတန်များဖြင့် ဈေးဝယ်လာသူ အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးရာမှ အတုပြုလုပ်သုံးစွဲသူလေးဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း ကညွှတ်ကွင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်စန်းဦးက ပြောကြားသည်။

“ငွေစက္ကူကျပ်တစ်သောင်းတန် အရွက်လေးဆယ်နဲ့ အတုလုပ်တဲ့ ပရင်တာတွေ၊ ဆိုလာပြားတွေ၊ ဘက်ထရီအိုးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ည ၇ နာရီခွဲခန့်က ကျွန်းကုန်းကျေးရွာအုပ်စု သနပ်ကွင်းကျေးရွာ ကုန်စုံဆိုင်တစ်ဆိုင်သို့ အမျိုးသားသုံးဦး ငွေစက္ကူကျပ်တစ်သောင်းတန်များဖြင့် ဈေးလာဝယ်သည်ဟု ကင်းလှည့်နေသည့် ကညွှတ်ကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူများကို ဖုန်းဆက်အကြောင်းကြားရာမှ သွားရောက်စစ်ဆေးရှာဖွေရာတွင် ကျောက်တံခါးမြို့နယ် အောင်မြင်မြို့ (တောကျွဲအင်း) နေ အမျိုးသားသုံးဦးထံမှ ငွေစက္ကူကျပ်တစ်သောင်းတန်အတု အရွက်လေးဆယ်နှင့် ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်တရားခံကို ဆက်လက်စစ်ဆေးရာမှ အုတ်တွင်းမြို့နယ် ကမ္ဘောဇရပ်နေ နောက်ထပ်အမျိုးသားတစ်ဦးကို နေအိမ်မှ ငွေစက္ကူအတုလုပ်ရာတွင်သုံးစွဲသည့် စက္ကူများ၊ ပရင်တာစက်များ၊ ဘက်ထရီအိုးများနှင့် ဆိုလာပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကညွှတ်ကွင်းနယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ထို့ကြောင့် ၎င်းတို့ကို ကညွှတ်ကွင်း နယ်မြေရဲစခန်းက (ပ) ၇၆/ ၂၀၁၈ ဗဟိုဘဏ် အက်ဥပဒေ ပုဒ်မ ၁၀၅/ ၁၀၆ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

==============

The Voice

နိုင်ငံ့ဝန်ထမ်းများ လစာတိုးသဖြင့် ကုန်ဈေးနှုန်းတက်မည်ကို ပြည်သူများစိုးရိမ်

နိုင်ငံ့ဝန်ထမ်းများ လစာတိုးသဖြင့် ကုန်ဈေးနှုန်းတက်မည်ကို ပြည်သူများစိုးရိမ်

=======================
=======================

နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်ပေးမည်ဟု နိုင်ငံ တော်သမ္မတသစ် ဦးဝင်းမြင့်ကနှစ်သစ်ကူးနှုတ်ခွန်းဆက်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်မည်ကို ပြည်သူများ စိုးရိမ်နေ သည်။

အလုပ်သမားများ၏ တစ်ရက်အတွက် အနည်းဆုံး အခကြေးငွေ ကျပ် ၄,၈၀၀ နှုန်း သတ်မှတ်မှုနှင့် လိုက်လျောညီထွေဖြစ်စေရန် နိုင်ငံ့ဝန်ထမ်းများအတွက် အမှုထမ်းလစာ ၂၀ ရာခိုင်နှုန်း၊ အရာထမ်းလစာ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် ပြည်ထောင်စု အစိုးရက စီစဉ်တွက်ချက်ထား ကြောင်း ဧပြီ ၁၇ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင် သမ္မတဦးဝင်းမြင့်က ထည့်သွင်းပြောကြားသည်။

အမှုထမ်းတစ်ဦး၏ အနည်း ဆုံးလစာကို ၂၀ ရာခိုင်နှုန်းတိုးမြှင့် ပေးရာတွင် ကျပ် ၁၂၀,၀၀၀ မှ ၁၄၄,၀၀၀ အထိ တိုးမြှင့်မည်ဖြစ်ပြီး အရာထမ်းတစ်ဦး၏ အများဆုံးလစာ ကျပ် ၅၀၀,၀၀၀ မှ ၅၅၀,၀၀၀ သို့ တိုးမြှင့်မည်ဖြစ် သည်။

သို့သော် သမ္မတက လစာတိုးပေးမည့် အချိန်အတိအကျကို ထည့်သွင်းပြောကြားခြင်းမရှိပေ။ ‘‘၀န်ထမ်းတစ်ယောက် အနေနဲ့ပြောရင် ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

‘‘လစာတိုးရင် ကုန်ဈေးနှုန်း တက်တယ်ဆိုတာကြီးက အစဉ် အလာတစ်ခုလို ဖြစ်နေတာဆို တော့ အခုတစ်ခေါက်ဘယ်လိုဖြစ် လာမယ်ဆိုတာ မသိသေးဘူး’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာ ထမ်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အစိုးရလက် ထက်တွင် ၀န်ထမ်းလစာကို သုံးကြိမ်တိုးမြှင့်ခဲ့သည့် အတွေ့အကြုံအရ ကုန်ဈေးနှုန်းမြင့်တက်ခဲ့သဖြင့် အစိုးရ၀န်ထမ်းများရော ပြည်သူများပါ ကုန်ဈေးနှုန်းတက်မည်ကို စိုးရိမ်နေသည်။

‘‘လစာတိုးတော့ပေါ့နော် တက်ချင်ချင်ဖြစ်နေတဲ့ ကုန်ဈေး နှုန်းက အတည်ကြီးယူပြီး တကယ်ကြီးတက်သွားတာပေါ့နော်။ တစ် ဖက်က စဉ်းစားကြည့်တော့လည်း ကုန်ဈေးနှုန်းက တက်နေတာပဲ လေ။ လစာတိုးတာကြောင့်တော့ နည်းနည်းမြန်မြန် တက်သွားတာ ပဲလို့ မြင်တယ်။ လစာက မတိုး သေးဘူး၊ ကုန်ဈေးနှုန်းက တက် သွားပြီ။ သင်္ကြန်မှာ တက်ခဲ့တဲ့ ကုန်ဈေးနှုန်းက အခုထိမကျသေး ဘူး’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ အသက်(၄၀)အရွယ် အိမ်ရှင်မ ဒေါ်သီသီဝင်းက ပြောသည်။

ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်နှင့် အသား၊ ငါးဈေးနှုန်းမြင့်တက်နေခြင်းကို ကျဆင်းစေရန် ဆောင်ရွက်ပြီးမှသာ လစာတိုးမြှင့်ခြင်း ထပ်မံပြုလုပ်သင့်သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မ ဒေါ်ယမင်းလှိုင်က ပြောသည်။

‘‘လစာတိုးတာက နည်းနည်း၊ ကုန်ဈေးနှုန်းက များများတက်နေတော့ အခုလစာတိုးမယ့် သတင်းက သိပ်မပျော်ရပါဘူး’’ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမှုထမ်းတစ်ဦးကပြောသည်။

ပြည်ပနိုင်ငံအချို့တွင် နှစ် စဉ် ငွေကြေးဖောင်းပွမှုအပေါ် လိုက်၍ ၀န်ထမ်းလစာတိုးပေးလေ့ရှိသော်လည်း ၀ယ်လိုအားနှင့် ရောင်းလိုအားမျှတမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှု နည်း ကြောင်း အငြိမ်းစားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

သို့သော် မြန်မာနိုင်ငံ လက်ရှိ စီးပွားရေးအခြေအနေနှင့် အစိုးရ၏ ဆောင်ရွက်ချက်အချို့ကြောင့် ယခင်ကဲ့သို့ ကုန်ဈေးနှုန်းများစွာ မတက်နိုင်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ခန့်မှန်းသည်။

အကြောင်းမှာ စက်သုံးဆီ ဈေးနှုန်းမြင့်တက်ခြင်း မရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ် သော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပုဂ္ဂလိကအသင်းအဖွဲ့များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ဧပြီ ၁၂ ရက်က နေပြည်တော်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ နှစ်သစ်ကူးကာလအတွင်း ပြည်တွင်းဖြန့်ဖြူးနေသော စက်သုံးဆီဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်ဝယ်ရှိ ဓာတ်ဆီဂါလန် သုံးသန်း ဈေးကွက်အတွင်း ရောင်းချပေးရန် အပါအ၀င် စက်သုံးဆီဈေးနှုန်းနှင့် ပတ်သက်သော ကာလလတ်၊ ကာလရှည်ဆောင်ရွက်မည့် အစီအမံများကို ယင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

ထို့အပြင် ၂၀၁၈ ဧပြီမှ စက်တင်ဘာလကုန်အထိ ဘဏ္ဍာနှစ်အပြောင်းအလဲ ကြားကာလ ခြောက်လဘဏ္ဍာရေးကာလတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၆ ဒသမ၂ ရာခိုင်နှုန်း ရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်လျှင် များစွာလျော့ကျလာသည်။

ယင်းအခြေအနေများကြောင့် လက်ရှိဝန်ထမ်းလစာ တိုးမြှင့်ခြင်းက ကုန်ဈေးနှုန်းမြင့်တက်ရန် အလားအလာနည်းပါးသည်ဟု စီးပွားရေးပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။ စီးပွားရေးတွင် နိုင်ငံရေးပယောဂသက်ရောက်မှုများမရှိပါက ကြားကာလ ခြောက်လအတွင်း လက်ရှိကုန်ဈေးနှုန်းထက်များစွာမြင့်တက်ရန်မရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

‘‘အခြေအနေက မတူဘူး။ အရင်ကဆို ကျွန်တော်တို့ နိုင်ငံမှာက အားလုံးအတက်ပဲ။ မြေ၊ ရွှေ၊ ဒေါ်လာ ဘာကြည့်ကြည့် တက် မယ်ဆိုတာပဲ။ အခုအခြေအနေက အရင်ပုံစံနဲ့တော့ နည်းနည်းကွာ တယ်’’ဟု မြန်မာနိုင်ငံမော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေသည် တုံ့ဆိုင်းကျ ဆင်းနေပြီး အရောင်းအ၀ယ်လုပ် ငန်းများ အေးစက်နေခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်ရန် အလားအလာနည်းပါးသည်ဟု ဒေါက်တာ စိုးထွန်းက ခန့်မှန်းပြောကြားသည်။

လစာတိုးခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်မည်ကို စိုးရိမ်သကဲ့သို့ အစိုးရဘတ်ဂျက်တွင် လိုငွေများလာနိုင်သည်ကို သတိပြုသင့်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်ကပြောသည်။

==============

7Day News Journal

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုမရှိ

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုမရှိ

=======================
=======================

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ ပြည်ထောင်စုလမ်းကြီးပေါ်တွင် ဧပြီ ၁၉ ရက် ည ၉နာရီ ၂၇ မိနစ်က အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲမှုက အသံမိုင်းဖြစ်ပါတယ် ခင်ဗျ။ စခန်းမှူးတို့ သွားကြည့်နေပါတယ်။ နေရာကတော့ အင်းဝဘဏ်အရှေ့ဘက်နားလို့ ပြောသံကြားပါတယ်။ အင်းဝဘဏ် မျက်နှာချင်းဆိုင်ပေါ့။ လူအထိအခိုက်တော့မရှိပါဘူး” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသံမိုင်းပေါက်ကွဲမှုမှာ မူဆယ်မြို့ တောင်ရပ်ကွက်နှင့် ဈေးရပ်ကွက်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်၊ အင်းဝဘဏ်၏ လမ်းတစ်ဖက်ခြမ်းနှင့် ပြည်သူ့ဆေးရုံအောက်ဘက်၊ ရွှေသမင်ဘုန်းကြီးကျောင်းအနီးရှိ အမှိုက်ပုံတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လူအသွားအလာနည်းပါးနေသဖြင့် ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲတဲ့အချိန်က မိုးလည်းချုပ်နေပြီဆိုတော့ လမ်းမှာလူအသွားအလာနည်းနေတဲ့ အချိန်လည်းဖြစ်တယ်။ အသံကတော့ ဘေးပတ်ဝန်းကျင်ကနေ တော်တော်ကျယ်ကျယ်ကို ကြားရတယ်။ ပေါက်ကွဲမှုကြောင့် အမှိုက်တွေ လွင့်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

၂၀၁၅ ခုနှစ် သြဂုတ် ၂၄ ရက် ည ၁၀ နာရီခန့်တွင် မူဆယ်မြို့ အင်းဝဘဏ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးပြီး ပေါက်ကွဲမှုကြောင့် ဘဏ်ရှေ့မျက်နှာစာရှိ မှန်များကွဲခဲ့ဖူးကြောင်း သိရသည်။

writer: ထွန်းနေလှိုင်
April 20, 2018

==============

Eleven Media Group

ကယားပြည်နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

ကယားပြည်နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စုနှင့် ငွေတောင်ကျေးရွာအုပ်စုတို့တွင် ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က လေပြင်းတိုက်ခတ်ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် ဒေါဖုကျေးရွာ၌ လူအိမ် ၁၂ လုံး အမိုးလန်ခြင်း၊ နေအိမ်အကာတစ်လုံး ပျက်ကျခြင်း (ဝါးထရံ)၊ စပါးကျီ ၃ လုံး ပျက်စီးခြင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း အမိုးလန်ခြင်း၊ ဆိုင်းဘုတ်လဲကျခြင်း၊ အလံတိုင် ကျိုးကျခြင်း၊ ဒေါပဲဒူကျေးရွာ၌ လူနေအိမ် သုံးလုံး အမိုးလန်ခြင်း၊ မူကြိုကျောင်း အမိုးလန်ခြင်း၊ ဘိုးလျားကျေးရွာ၌ လူနေအိမ် တစ်လုံး အမိုးလန်ခြင်း၊ ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်းကျေးရွာ၌ လူနေအိမ် နှစ်လုံး အမိုးလန်ခြင်း စုစုပေါင်း လူနေအိမ် ၁၉ လုံး၊ စပါးကျီ သုံးလုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် မူကြိုကျောင်း တစ်ကျောင်း ပျက်စီးဆုံးရှုံးခဲ့ခြင်းများဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စံပြ(၆)မိုင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြီးများ ကြွေကျခြင်း ဖြစ်ပွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ခြင်း မရှိကြောင်း သိရသည်။

Xinhua)

ရခိုင်ပြည်နယ်၌ သင်္ကြန်ကာလအတွင်း ရဲတပ်ဖွဲ့ဝင် အင်အား ၁,၂၉ဝ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်သွားမည်

ရခိုင်ပြည်နယ်၌ သင်္ကြန်ကာလအတွင်း ရဲတပ်ဖွဲ့ဝင် အင်အား ၁,၂၉ဝ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်သွားမည်

ရခိုင်ပြည်နယ်မှာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း နယ်မြေလုံခြုံရေးကို တပ်ဖွဲ့ဝင် အင်အား ၁,၂၉ဝ ကျော်ဖြင့် အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း စည်းသုံးစည်းဖြင့်လုံခြုံရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ထို့ပြင် ”အဝေးစည်းလုံခြုံရေးမှာ သက်ဆိုင်ရာတပ်မတော် တိုင်းစစ်ဌာနချုပ်က ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ ၊ အရန် မီးသတ်တပ်ဖွဲ့ ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆက်လက် ပြောကြားသည်။

၂ဝ၁၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ရခိုင်ပြည်နယ် အနေဖြင့် ခရိုင်၊ မြို့နယ် အသီးသီးတို့တွင် မဏ္ဍပ်ကြီး နှစ်ခု၊ မဏ္ဍပ်လတ် ၁၅ ခု၊ မဏ္ဍပ်သေး ၂၄ ခု စုစုပေါင်းမဏ္ဍပ် ၄၁ ခု တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူလူထု အေးချမ်းပျော်ရွှင်ပြီး ဘေး အန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ရေး အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အသီးသီးတွင် ကွပ်ကဲမှုရုံးပေါင်း ၁၇ ခု ဖွင့်လှစ် ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ လာရောက်ပါက အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းကြောင်း လုံခြုံရေးကို တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၅ဝ ဖြင့် လည်းကောင်း၊ လူပုဂ္ဂိုလ်လုံခြုံရေးကို တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၂၃ ဦးဖြင့် လည်းကောင်း၊ ယာဉ်တန်းလုံခြုံရေးကို တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၃၆ ဦးဖြင့် လည်းကောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ကြီးကြပ်ကွပ်ကဲ၍ လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(Xinhua)

” မြစ်ကြီးနားက ရွှေဆိုင်လုယက်မှု ဖြစ်စဉ်အမှန် “

” မြစ်ကြီးနားက ရွှေဆိုင်လုယက်မှု ဖြစ်စဉ်အမှန် “

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် ကျော်မြန်မာရွှေဆိုင်တွင် ဧပြီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဓားထိုးလုယက်မှုတွင် ငွေကျပ်သိန်းသုံးထောင်ကျော်ခန့် တန်ဖိုးရှိ ရွှေထည်ပစ်္စည်းသုံးပိဿာကျော်နှင့် ငွေကျပ်သိန်း နှစ်ရာတို့ ပါဆုံးသွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

လုယက်ခံရသောကျော်မြန်မာရွှေဆိုင်
ကမ္ဘောဇဘဏ်နောက်ကျောလမ်းကြားရှိ ပဒုမ္မာစတိုးနှင့် မျက်နှာချင်းဆိုင်မှ ကျော်မြန်မာရွှေဆိုင်ပိုင်ရှင် ဦးကျော်ထွန်းသည် ဆိုင်ဖွင့်ရန်အတွက် ရွှေထည်နှင့်ငွေများကို Belta အမျိုးအစား လိုင်စင်ကားဖြင့်တင်၍ ဆိုင်ရှေ့တွင်ကားရပ်ကာ ဆိုင်သံဘာဂျာတံခါးကိုဖွင့်ဝင်ချိန် ဆိုင်ကယ်စီးဦးထုပ်အပြာဆောင်းထားသည့် အမျိုးသားတစ်ဦးရောက်လာပြီး ရွှေရောင်းလိုကြောင်းပြော၍ ကောင်တာအတွင်းဘက်သို့ဝင်လာကာ အသင့်ပါလာသောဓားဖြင့် ၀မ်းဗိုက်ကို ထိုးခဲ့ကြောင်း သိရသည်။

ကိုကျော်ထွန်း၏ ပြောပြချက်အရ ရဲတပ်ဖွဲ့မှေ၇းဆွဲထားသည့် တရားခံပုံကြမ်း
ယင်းသို့ ဓားနှင့်ထိုးအပြီး ကိုကျော်ထွန်း ကြမ်းပြင်ပေါ်မှောက်နေစဉ်တွင် နောက်ထပ်အမျိုးသားတစ်ဦး ထပ်မံရောက်ရှိလာပြီး “မအော်နဲ့သတ်ပစ်မယ်”ဟု ပြောဆိုခြိမ်းခြောက်ကာ ကိုကျော်ထွန်း၏ဘောင်းဘီအိတ်ကပ်အတွင်းမှငွေကျပ်ငါးသောင်းကို နှိုက်ယူပြီး ကိုကျော်ထွန်းကို ဆိုင်ရေချိုးခန်းထဲတွင် သော့ပိတ်၍ထားခဲ့သည်ဟု သိရသည်။

ထို့နောက် ထိုအမျိုးသားနှစ်ဦးက ဆိုင်တွင်တပ်ဆင်ထားသော CCTV စက်ကိုပါဖြုတ်ယူသွားခဲ့သည်ဟု ရဲမှတ်တမ်းများအရသိရပြီး ယင်းနောက် ဆိုင်ရှေ့တွင်ရပ်ထား သောကားကို မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

ကားအတွင်းမှ ရွှေထည်ပစ်္စည်းအမျိုးမျိုးနှင့် ရွှေချောင်း၅ ချောင်း (အလေးချိန်စုစုပေါင်း ၃ ပိဿာခန့်)နှင့် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထုတ်ထားသည့် ငွေကျပ်သိန်းနှစ်ရာတို့ကို လုယက်သွားခဲ့ကြောင်းလည်း သိရသည်။

ကျုးလွန်သူများသည် အထက်ပါရွှေဆိုင်၏ အ၀င်/အထွက်ကို အချိန်ယူ၍စနစ်တကျလေ့လာထားပြီး လူသူကင်းရှင်းသည့်အချိန်တွင် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကသုံးသပ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့မရဲစခန်းမှ (ပ)၇၂/၂၀၁၈၊ အမှုကြီးအမှတ်စဉ်(၆/၂၀၁၈) ရာဇသတ်ကြီး ၃၉၇/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး တရားခံဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများက ၎င်းတို့လုယူသွားသည့်ကားကိုမနောကွင်း၏ အနောက်ဘက်ရှိ မနောဥယျာဉ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့သည်ကို နေ့လယ် ၂ နာရီကျော်ခန့်တွင် တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းအဖြစ် ယာယီထိန်းသိမ်းထားကြောင်း သိရသည်။

ထိုရွှေဆိုင်လုယက်ခံရမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်သတင်းများနှင့် သတင်းစာအချို့တွင် တင်ပြပုံကွဲလွဲမှုများရှိနေသော်လည်း မြစ်ကြီးနားသတင်းဂျာနယ်က ရဲတပ်ဖွဲ့နှင့်ရွှေဆိုင်ပိုင်ရှင်တို့၏ ပြောဆိုချက်များအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

ယခုဖြစ်စဉ်တွင်လည်း ကမ္ဘောဇမီနီဘဏ်လုယက်မှုဖြစ်စဉ်တုန်းကလို စီစီတီဗီကင်မရာမှတ်တမ်းများ ဖျောက်ဖျက်ခြင်းနှင့် ပိုင်ရှင်၏အသက်ကို အန်္တရာယ်မပေးဘဲ သော့ခတ်ထားခဲ့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြစ်မှုကျူးလွန်သူများသည် တစ်ဖွဲ့တည်းဖြစ်နိုင်ကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုနေကြသည်။

စည်သူ(မြစ်ကြီးနား)
Myintkyinar News Journal

ပြည်သူများ သွားလာမှု အဆင်ပြေစေရန် မြောင်းမြမြို့တွင် ကားကူး ဇက်ရေယာဉ် စတင်ပြေးဆွဲပေးနေပြီ

ပြည်သူများ သွားလာမှု အဆင်ပြေစေရန် မြောင်းမြမြို့တွင် ကားကူး ဇက်ရေယာဉ် စတင်ပြေးဆွဲပေးနေပြီ
=====================================================================
မြောင်းမြ၊ ဧပြီ ၇

မြောင်းမြမြို့ သို့ ပြည်သူများသွားလာမှု အဆင် ပြေစေရန်အတွက် ပြည်တွင်းရေ ကြောင်းက ဇက်ရေယာဉ်များဖြင့် စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ မြောင်းမြမြစ်ကူးကြိုးတံတား ကြီး ပြတ်ကျမှုဖြစ်စဉ်ကြောင့် လမ်း ပန်းဆက်သွယ်ရေး ပြတ်တောက် သွားမှုမရှိစေရေးအတွက် ပြည် တွင်း ရေကြောင်းပို့ဆောင်ရေးက ကနဦးအနေဖြင့် မြောင်းမြမြို့တွင် ပိတ်မိနေသော မော်တော်ယာဉ် များအား ယခုအခါ ဌာနပိုင် ကား ကူးပိုင်ဇက်ရေယာဉ်များဖြင့် တစ် ဖက်ကမ်းသို့ သယ်ယူပို့ဆောင်ပေး နေပြီဖြစ်ကြောင်း သိရသည်။

”ပြည်တွင်းရေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူးအစီအစဉ်နဲ့ တော သူမယ် ကူးတို့ယာဉ်နဲ့ ဇက် ၁ဝ၇ ရေယာဉ်တို့ကို အားဖြည့်ဆောင် ရွက်ထားပါတယ်။ တိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ ခရီးသွားပြည် သူတွေ အဆင်ပြေချောမွေ့စေဖို့ အခမဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါ တယ်”ဟု မြောင်းမြမြို့ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှမန်နေဂျာ ဦးညီညီစန်းက ဧပြီ ၇ ရက်က ပြော သည်။ မြောင်းမြမြို့မှ မြောင်းမြ တစ် ဖက်ကမ်း ‘ကွယ်လွယ်’ ဆိပ်ကမ်း သို့ လူစီးကူးတို့လမ်း ပြေးဆွဲရန် အတွက် T/S အမျိုးအစား နှစ်ထပ် ရေယာဉ်ဖြစ်သည့် ‘တောသူမယ်’ ရေယာဉ်နှင့် မြောင်းမြတစ်ဖက် ကမ်း ‘ကွယ်လွယ်’ဆိပ်ကမ်းနေရာ တွင် ဆိပ်ခံဗောအဖြစ် အသုံးပြု မည့် ဆိပ်ခံတွဲ ”တ-၂၅ဝ၉”တွဲ ယာဉ်တို့သည် ဧပြီ ၇ ရက် ညနေ က မြောင်းမြမြို့သို့ ရောက်ရှိလာ ပြီး ဖြစ်ကြောင်း သိရသည်။

”ခုလောလောဆယ်မှာ အိမ်စီး ကားတွေနဲ့ ခရီးသည်ပို့ဆောင်ရေး ကားတွေ အတော်များများ ကွယ် လွယ်ဘက်ကမ်းကို ပို့ဆောင်ပေး ထားပြီးပါပြီ၊ အခက်အခဲတော့ ရှိ နေမှာပါ၊ အသားကျဖြစ်သွားရင် အားလုံးအဆင်ပြေသွားမှာပါ”ဟု မြောင်းမြမြို့ဘက်ကမ်း ပြန်ကြား ရေးရုံးရှေ့တွင် မော်တော်ယာဉ် များ ဇက်ကူးနိုင်ရေး စေတနာ့ဝန် ထမ်း ကူညီဆောင်ရွက်ပေးနေသူ ဦးစိုးစိုးက ပြောကြားသည်။

AM(MM)

#democracytoday