Shangyimm

- လူမှုမီဒီယာများနှင့် အင်တာနက်ပေါ်ရှိ စိတ်ဝင်စားစရာ အကြောင်းအရာများကို လူအများ ဖတ်ရှုနိုင်ရန် တဆင့်ပြန်လည် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ပါ၍ ကူးယူဖော်ပြခံရသော မီဒီယာများနှင့် စာရေးသူများကို လေးစားစွာဖြင့် Credit ပေးပါသည်။ မူရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့ Content များကို shangyimm.com တွင် ကူးယူဖော်ပြခြင်းအား ကန့် ကွက်လိုပါက shangyimm2017@gmail.com သို့ပေးပို့ ကန့် ကွက်နိုင်ပါတယ် ခင်ဗျာ။ လေးစားစွာဖြင့်…

Category: ပြည်တွင်းသတင်း

ရွှေတိဂုံဘုရားပေါ်မှာ သင်လှူလိုက်တဲ့ ငှက်ပျောပွဲတွေက ဒီလိုနေရာတွေကို ရောက်ကုန်ပါတယ်

ရွှေတိဂုံဘုရားပေါ်မှာ သင်လှူလိုက်တဲ့ ငှက်ပျောပွဲတွေက ဒီလိုနေရာတွေကို ရောက်ကုန်ပါတယ်

ရွှေတိဂုံဘုရားမှာ တစ်နေ့တစ်နေ့ အုန်းသီးနဲ့ငှက်ပျောဖီးတွေအများကြီး ဆွမ်းတော်တင်ကြပါတယ်။ ဘုရားပေါ်က ဝန်ထမ်းတွေဟာ အဲဒီငှက်ပျောသီးစိမ်းတွေနဲ့ အုန်းသီးတွေကို တစ်ရက် နှစ်ကြိမ် စွန့်လေ့ရှိပါတယ်။ အဲဒီလို စွန့်လိုက်တဲ့ ငှက်ပျောသီးတွေက ဘယ်ရောက်သွားတာပါသလဲ?

လူအချို့ ထင်နေကြသလို လွှင့်ပစ်လိုက်တာလည်း မဟုတ်သလို၊ ရောင်းစားလိုက်တာလည်း မဟုတ်ရပါဘူး။ အသီးတွေကို စွန့်ပြီးတဲ့အခါ ဝန်ထမ်းတွေဟာ သိုလှောင်ရုံတွေဆီကို ယူသွားကျပါတယ်။ သိုလှောင်ရုံမှာ အပိုင်းနှစ်ပိုင်းခွဲထားပြီးတော့ တစ်ပိုင်းမှာ ငှက်ပျော်သီးတွေထားပြီး တစ်ပိုင်းမှာ အုန်းသီးတွေထည့်ထားပါတယ်။

ဘုရားပေါ်က တာဝန်ရှိသူရဲ့ပြောစကားအရ အဲဒီငှက်ပျောသီးနဲ့အုန်းသီးတွေဟာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်နဲ့ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းတွေဆီကို ရောက်သွားတာပါ။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က အလုပ်သမားတွေဟာ အင်္ဂါနေ့နဲ့သောကြာနေ့တိုင်း ငှက်ပျောသီးစိမ်း အဖီး ၃၀၀ ကနေ ၆၀၀ အထိ လာယူကြပါတယ်။ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းတွေကလည်း ငှက်ပျောသီးနဲ့ အုန်းသီးအချို့ကို လာယူကြပါတယ်။

ကျန်တာကိုတော့ တိရိစ္ဆာန်ဥယျာဉ်က အကုန်ယူသွားပါတယ်။ ဒါကြောင့် ငှက်ပျောသီး၊ အုန်းသီးတွေက မျောက်တွေ၊ ဝက်ဝံတွေ၊ ကိုရင်လေးတွေနဲ့ဘုန်းကြီးကျောင်းသားလေးတွေဆီ ရောက်သွားတာပါ။ လှူတဲ့ ငှက်ပျောသီးအမျိုးအစားကတော့ အမျိုးမျိုးပေါ့။ “တချို့စိမ်းနေသေးတဲ့ အသီးတွေဆိုရင်တော့ သိုလှောင်ထားပြီးမှည့်တဲ့အခါမှ တိရိစ္ဆာန်လေးတွေကို ကျွေးရပါတယ်” လို့ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ရဲ့ မန်နေဂျာက ပြောပါတယ်။

ရွှေတိဂုံဘုရားပေါ်မှာ ရှိတဲ့ လောကပါလမယ်တော်၊ ဘိုးဘိုးကြီးနတ်နန်း၊ ဘိုးမင်းခေါင်နတ်နန်း၊ ရှင်စောပုစေတီ တွေမှာ ယုံကြည်သူတွေဟာ ကံကောင်းစေဖို့အတွက် အုန်းပွဲ ငှက်ပျောပွဲတင်ပြီး ဆုတောင်းကြပါတယ်။ “အဲဒီ နတ်စင်တွေကနေ အသီးတွေတစ်ခါစွန့်တိုင်း လှည်းအပြည့်နဲ့အသီးတွေကို နှစ်ကျော့လောက် သယ်ရတယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။ ဘာသာရေးပွဲနေ့ပွဲရက်တွေရှိတဲ့အခါဆိုရင် လှည်းအစီးရေအများကြီးနဲ့ကို သယ်ယူခဲ့ရပါတယ်။

“ဘုရားပေါ်က အသီးတွေကို လိုအပ်တဲ့သူ ဘယ်သူကိုမဆို ပေးပါတယ်။ လိုချင်တယ်ဆိုရင်တော့ ကြိုတင်ပြီး လာပြောထားရပါမယ်” လို့ ရွှေတိဂုံဘုရား အလုပ်အမှုဆောင်အဖွဲ့က ပြောပါတယ်။ ဒါကြောင့် လိုအပ်တဲ့သူတွေ ရှိရင်လည်း လက်ဆင့်ကမ်း ဝေမျှပေးလိုက်ကြပါဦးနော်။

Ref: mmtimes

Credit to Lovely Myanmar

 နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုလျှင် SIM ကတ် နှစ်ခုသာကိုင်ဆောင်ခွင့်ပြုမည်

 

 နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုလျှင် SIM ကတ် နှစ်ခုသာကိုင်ဆောင်ခွင့်ပြုမည်

အများပြည်သူလုံခြုံရေး ထိရောက်စွာကာကွယ်ရန် ဧပြီလ ၁ရက်နေ့မှာစ၍ ပြည်သူတစ်ဦးလျှင် နိင်ငံသားစိစစ်ရေးကတ်ပြားဖြင့် SIM ကတ် နှစ်ခုသာကိုင်ဆောင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုလျှင် SIM ကတ်နှစ်ခုထက်ပို၍ မှတ်ပုံတင်ထားခြင်းများကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ကြေညာထားသည်။ သို့သော် ပြည်တွင်းအော်ပရေတာလေးခုမှု အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြေညာချက်များထုတ်ပြန်ခြင်းမရှိသေးပေ။

လက်ရှိအချိန်တွင် ပြည်တွင်း၌ဆက်သွယ်ရေးလုပ်ကိုင်နေသည့် အော်ပရေတာများသည့် SIM ကတ် အများအပြားကို နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုတည်းဖြင့် မှတ်ပုံတင်ရောင်းချနေသဖြင့်
ပြည်သူများလုံခြုံရေးကို အကာအကွယ်ပေးနိုင်ရန်ခက်ခဲနေခြင်းကြောင့် ကန့်သတ်ရခြင်းဖြစ်ကြောင်း သိရသည်။

စိစစ်ရေးကတ်ပြားတစ်ခုလျှင် SIM ကတ် နှစ်ခုထက်ပိုပြီး မှတ်ပုံတင်ထားသည့် SIM ကတ် အသစ်များအား ပိတ်သိမ်းသွားမည်ဖြစ်ပြီး သုံးစွဲသူ ပြည်သူများအနေဖြင့် SIM ကတ်များ စနစ်တကျမှတ်ပုံတင်နိုင်းရေးအတွက် ပူးပေါင်းပါဝင်ပေးကြရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုက်တွန်းထားသည်။

SIM ကတ်များ မှတ်ပုံတင်ခြင်းပြုလုပ်ရန်အတွက် အမည် ၊နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့) ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ နိုင်ငံခြားသားများအတွက် Passport No. ၊ ကတ်ပြားမူရင်း နှင့် မိတ္တူ အဘအမည် မွေးသက္ကရာဇ် (ရက်/လ/ခုနှစ်) လူမျိုး/ နိုင်ငံသား နေရပ်လိပ်စာ အစရှိသည်တို့ လိုအပ်မည်ဖြစ်သည်။

“၀ယ်တဲ့သူတွေက အမည်ပေါက်ပြောင်းလို့ရပေမယ့် အလုပ်ရှူပ်ခံပြီးမပြောင်းကြတော့ နောက်ပိုင်းဒီနံပါတ်က ဘယ်သူကိုင်လို့ ကိုင်မှန်းမသိတာတို့၊ နိုင်ငံတွင်းလုံခြုံရေးနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့အခါကျတော့ အမှုတစ်ခုခုဖြစ်လို့ နံပါတ်အပေါ်မူတည်ပြီးလိုက်ရင် ဒီနံပါတ်ကဘယ်သူကိုင်တာလဲဆိုပြီးလိုက်ရင် တကယ့်လူကရှောင်သွားလို့ရတယ်”ဟု ဆိုက်ဘာလုံခြုံရေးနည်းပညာရှင် ကိုရန်နိုင်မြင့်က ပြောသည်။

ထို့အပြင် SIM ကတ် နှစ်ကတ်ကိုင်ဆောင်ခွင့်ဆိုသည်မှာ ပြည်တွင်းအော်ပရေတာ လေးခုစလုံး၏ ကတ်နှစ်ကတ် (သို့မဟုတ်)အော်ပရေတာတစ်ခုတည်းမှကတ် နှစ်ကတ် (သို့မဟုတ်) အော်ပရေတာအားလုံပေါင်းအနက် ကတ်နှစ်ခုကိုင်ဆောင်ရမည်လားကို ဆက်သွယ်ရေးဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

သတင်း-မေဘယ်လ်
ဓာတ်ပုံ – ကိုကျော်

သင်္ကြန်ရုံးပိတ်ရက် နယ်ပြန်မည့်ခရီးသည်များအတွက် အဝေးပြေးယာဉ်လိုင်းအများစု ကားလက်မှတ်များ ရောင်းကုန်ပြီဟုဆို

သင်္ကြန်ရုံးပိတ်ရက် နယ်ပြန်မည့်ခရီးသည်များအတွက် အဝေးပြေးယာဉ်လိုင်းအများစု ကားလက်မှတ်များ ရောင်းကုန်ပြီဟုဆို

သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ရန်ကုန်မှနယ်ပြန်မည့်ခရီးသည်များ လက်မှတ်ဝယ်ယူမှုများပြားသောကြောင့် အဝေးပြေးယာဉ်လိုင်းအများစု၏ ကားလက်မှတ် များမှာရောင်းချ၍ ကုန်သွားပြီဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ယာဉ်လိုင်းများထံမှ သိရသည်။

အဆိုပါသင်္ကြန်ပိတ်ရက်တွင် ရန်ကုန်မှ မွန်ပြည်နယ်ခရီးစဉ်၊ ရန်ကုန်မှမန္တလေးခရီးစဉ်နှင့် ရန်ကုန်မှ နေပြည်တော်ပြန်မည့်ခရီးသည်များအတွက် ဧပြီ ၁ဝ ရက်နေ့မှ ဧပြီ ၁၂ ရက်နေ့အထိ ယာဉ်လိုင်းအများ အပြားတွင်ရောင်းချရန် လက်မှတ်များမှာကုန်သွားပြီဖြစ်ကြောင်း ယင်းခရီးစဉ်များရောင်းချသည့် ယာဉ်လိုင်းများထံမှ သိရသည်။

”သင်္ကြန်ပြန်မည့် မန္တလေး၊ မွန် ပြည်နယ်၊ နေပြည်တော်ခရီးစဉ်လက်မှတ်တွေက ဧပြီ ၁ဝ ရက်၊ ၁၁ ရက်၊ ၁၂ ရက်သုံးရက်လုံးကုန်သွားပါပြီ။ ဒီလ ၁ဝ ရက်နေ့ကတည်းက အောင်မင်္ဂလာအဝေး ပြေးဝင်းမှာ ရောင်းပေးနေ တာပါ။ ၇ ရက် နေ့ကနေ ၉ ရက်နေ့လက်မှတ်တော့ အနည်းငယ်ကျန်သေးတယ်။ ဈေးတော့ မတက်ပါဘူး”ဟု မန္တလာမင်းအဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ လက်မှတ်အရောင်းတာဝန်ခံတဦးက ဆိုသည်။

နှစ်သစ်ကူးရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁ဝ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်များအတွက် ယာဉ်လိုင်းအများအပြားတွင် ရောင်းချရန် လက်မှတ်ကုန်သွားသော်လည်း အချို့ဂိတ်များသည် ကြိုတင်လက်မှတ်မရောင်းသေးဘဲ ခရီးစဉ်အလိုက်ကို နေ့ရက်အလိုက်၊ ဦးရာလူစနစ်ဖြင့် လက် မှတ်ရောင်းမည့်အချိန်ကို ကြေညာထားသည်။

”မွန်ပြည်နယ်ခရီးစဉ်တွေအတွက် ဧပြီ ၁ဝ ရက်နေ့၊ ၁၁ ရက်နေ့၊ ၁၂ ရက် နေ့အတွက် ဧပြီ ၅ ရက်နေ့မှ အောင်မင်္ဂလာအဝေးပြေးဝင်းကဂိတ်မှာ ရောင်းချပေးပါ မယ်။ ဧပြီ ၇ ရက်နေ့အတွက်တော့ ကြို တင်ဝယ်ယူလို့ရပါတယ်”ဟု ရိုးရိုးလေးအဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးယာဉ် လိုင်းမှ လက်မှတ်အရောင်းတာဝန်ခံတဦးက ပြောသည်။

ဧပြီ ၁ဝ ရက်နေ့၊ ၁၁ ရက်နှင့် ၁၂ ရက်နေ့များအတွက် ရန်ကုန်- မန္တလေးခရီးစဉ်လက်မှတ်များနှင့် ရန်ကုန်-နေပြည်တော်လက်မှတ်များမှာ ကုန်သွားပြီ ဖြစ်ပြီး ဧပြီ ၆၊ ၇၊ ၈ ရက်များအတွက်သာ ရောင်းချရန် ကျန်ရှိတော့ကာ လက်မှတ်ဈေးနှုန်းများမှာ ယခင်နှုန်းထားအတိုင်း ရောင်းချပေးနေကြောင်း ရွှေမန္တလာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ လက်မှတ်အရောင်းတာဝန်ခံက ပြောကြားသည်။

သင်္ကြန်ကာလ နယ်ပြန်မည့်ခရီးသွားများအတွက် ကားလက်မှတ်အခက်အခဲဖြေရှင်းပေးနိုင်ရန် အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့၌ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ ရုံးခန်းဖွင့်ပေးထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားထားသည်။

ယင်းအဝေးပြေးကားလက်မှတ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူးဒေါက်တာမောင်အောင်က ”သင်္ကြန် ကားလက်မှတ်ကိစ္စနဲ့ပတ်သက်ပြီး အပေါ် ကိုတင်ထား တယ်။ အပေါ်ကအကြောင်းပြန်တာနဲ့ နယ်ပြန်မယ့်ကားလက်မှတ် ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာ ပါမယ်။ မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပါမယ်”ဟု ဆိုသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလရောက်တိုင်း ရန်ကုန်မြို့မှနယ်အသီးသီးသို့ ပြန် ကြသည့်ခရီးသည်များပြားသဖြင့် ယာဉ်လက်မှတ်ဝယ်မရသောကြောင့် နယ်ပြန်ရန်အခက်ကြုံသည့် ခရီးသည်များစွာရှိပြီး ယခုကဲ့သို့ ဧပြီ ၁ဝ ရက်နေ့မှ ၁၂ ရက်နေ့ အထိရောင်းချရန် လက်မှတ်များကုန်သွားသောကြောင့် နယ်ပြန်ရန်အခက်အခဲဖြစ် နေကြောင်း ခရီးသည်များက ပြောကြားသည်။

”ကားလက်မှတ်က မော်လမြိုင်ပြန်မယ့် ဒီလအစကမေးတော့ ၂ဝ ကျော်မှဖုန်းဆက်ပါ။ အဲဒီတော့မှ ရောင်းပေးမယ် ပြောတယ်။ အခုကျဆက်တော့ ကားလက်မှတ်က ကုန်သွားပြီတဲ့။ တကယ်ကုန်လား၊ မကုန်လားဆိုတာကတော့ ကားလက်မှတ်ရောင်းတဲ့သူတွေ ပါးစပ်ထဲမှာပဲရှိတယ်။ အမျိုးမျိုးပြောနေကြတယ်။ အခုတော့ ဧပြီ ၆ ရက်နေ့ လက်မှတ်ပဲရတာလေးဝယ်လိုက်ရတယ်။ ခွင့်ယူရတဲ့အတွက် နစ်နာမှု တွေတော့ရှိပါတယ်”ဟု ကုမ္ပဏီဝန်ထမ်း ဖြစ်သူဒေါ်သူဇာလှိုင်က ဆိုသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်အခြေပြုအဝေးပြေးယာဉ်လိုင်းအချို့မှာ ကြိုတင်လက်မှတ်အရောင်းပြပြီး အမှန်တကယ်ရောင်းချခြင်းမရှိဘဲ လက်မှတ်မှောင်ခိုပြုလုပ်ပြီး ရောင်းချခြင်းများမရှိစေရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြည်သူများက ဝေဖန်ပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်-မန္တလေးခရီးစဉ်အတွက် ကားလက်မှတ်ခများမှာ ၁၃ဝဝဝ ကျပ်မှ ၁၄ဝဝဝ ကျပ်ဖြင့် လည်းကောင်း၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်အတွက် ကားလက်မှတ်ခများမှာ ၇ဝဝဝ ကျပ်မှ ၈ဝဝဝ ကျပ်ဖြင့်လည်းကောင်း၊ ရန်ကုန်မှ မော်လမြိုင်ခရီးစဉ်အတွက် ကားလက်မှတ်ခများမှာ ၆ဝဝဝ ကျပ်မှ ၇ဝဝဝ ကျပ်ဖြင့်လည်းကောင်း ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးနေကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

ယခုလက်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ယာဉ်လိုင်း ၁၁၈ လိုင်းမှ ယာဉ်စီးရေ ၉ဝဝ ကျော်ပြေး ဆွဲလျက်ရှိပြီး ဒဂုံဧရာအဝေးပြေးဝင်းတွင် ယာဉ်လိုင်း ၄၃ လိုင်းမှ ယာဉ်စီးရေ ၄၂၃ စီးပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

ရှိင်းဇေ

News Watch

 

သုတေသနစစ်တမ်းအရ ဧရာဝတီလင်းပိုင်​​ကောင်​​ရေ စုစုပေါင်း ၇၂​ကောင်​​ရှိဟုဆို

သုတေသနစစ်တမ်းအရ ဧရာဝတီလင်းပိုင်​​ကောင်​​ရေ စုစုပေါင်း ၇၂​ကောင်​​ရှိဟုဆို

====================
====================

ရန်​ကုန်​၊မတ်​ ၁၂

၂၀၁၉ခုနှစ်​၊​ဖေ​ဖော်​ဝါရီလမှာပြုလုပ်​တဲ့ ဧရာဝတီလင်းပိုင်ကောင်ရေသုတေသနစစ်တမ်းအရ ဧရာဝတီလင်းပိုင်​​ကောင်​​ရေစုစုပေါင်း ၇၂​ကောင်​​ရှိနေတယ်လို့သိရပါတယ်​။

အဆိုပါဧရာဝတီလင်းပိုင်ကောင်ရေသုတေသနစစ်တမ်းကိုငါးလုပ်ငန်းဦးစီးဌာနနှင့်သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ပူး​ပေါင်းပြုလုပ်​တာဖြစ်​ပြီး မန္တလေးက​နေ ကချင်​ပြည်​နယ်​ဗန်းမော်အထိစစ်​တမ်း​ကောက်​ယူခဲ့တာဖြစ်​ပါတယ်​။

ယင်း၁၀ရက်​တာသု​တေသနခရီးစဉ်​အတွင်း မန္တလေးနဲ့​ကျောက်မြောင်းကြားဧရိယာထဲမှာ၂၄ ကောင် ၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာသစ်အဖြစ်တိုးချဲ့နိုင်ခဲ့တဲ့မလယ်မြို့နယ်နဲ့​ရွှေကူမြို့နယ်ဧရိယာကြားမှာ ၃၄​ကောင်၊ဗန်းမော်မှာ ၁၄​ကောင်စုစုပေါင်း၇၂​ကောင်​တွေ့ရှိခဲ့ပါတယ်​။

၂၀၁၉ ခုနှစ်ဧရာဝတီလင်းပိုင်​သုတေသနစစ်တမ်းဟာ ယခင်​နှစ်​ထက်​​လေး​ကောင်​​လျော့နည်းခဲ့ပြီး ယခုနှစ်​ဦးပိုင်းမှာဧရာဝတီလင်းပိုင်းတစ်​​ကောင်​​သေဆုံးခဲ့ပါတယ်​။

ဧရာဝတီလင်းပိုင်​ဟာ အ​ကြောင်းအမျိုးမျိုး​ကြောင့်​မျိုးသုန်း​ပျောက်​ကွယ်​လုနီးမျိုးစိတ်​ဖြစ်​ပြီး လူ​တွေရဲ့အသိပညာနည်းပါးစွာငါးဖမ်းမှု​တွေ​ကြောင့်​ ၂၀၁၈ခုနှစ်​အတွင်းဧရာဝတီလင်းပိုင်​၆​ကောင်​​သေဆုံးခဲ့တယ်​လို့သားဌက်​ထိန်းသိမ်း​ရေးအဖွဲ့(WCS)ရဲ့ တာဝန်​ရှိသူတစ်​ဦးကရှင်းပြပါတယ်​။

သီဟ
Photo – WCS

==========

ရန်ကုန်လေဆိပ်မှ ဘူတာကြီးအထိ ပြေးဆွဲမည့် YBS အမြန်ယာဉ်လိုင်း ဇွန်လ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်

ရန်ကုန်လေဆိပ်မှ ဘူတာကြီးအထိ ပြေးဆွဲမည့် YBS အမြန်ယာဉ်လိုင်း ဇွန်လ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်

=======================
=======================

ရန်ကုန်လေဆိပ်မှ ဘူ တာကြီးအထိ ပြေးဆွဲမည့် YBS (Airport Shuttle) အမြန်ယာဉ် လိုင်းကို ဇွန်လ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ယင်းနေ့ တွင် ခရီးသည်များကို အခမဲ့စီး နင်းခွင့်ပြုမည်ဟု Omni Focus ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာဦး ထွန်းတောက်ဝင်းက ပြောသည်။

ရန်ကုန်လေဆိပ်မှ ပြည် လမ်း၊ ကမ္ဘာအေးဘုရားလမ်းအ တိုင်းမောင်းနှင်ပြီး ရန်ကုန်ဘူတာ ကြီးတွင် ဂိတ်ဆုံးမည့် YBS (Airport Shuttle) အမြန်ယာဉ်လိုင်း ယာဉ်စီးခကို ငါးရာကျပ်သတ်မှတ် ထားကြောင်း ၎င်းကဆိုသည်။

‘‘ခရီးသည်တွေကို ဗမာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် ငါးရာကျပ်ပဲယူမှာပါ။ ယာဉ်စီးခ ကတော့ လျှော့တယ်၊ တိုးတယ် တော့မရှိပါဘူး’’ ဟု ၎င်းက ပြော ကြားသည်။

ပြည်တွင်း၊ပြည်ပခရီးသည် များ အများဆုံးသွားရောက်သည့် တန်ခိုးကြီးဘုရားများ၊ ဈေးဝယ် စင်တာ၊ ဟိုတယ်၊ ရုပ်ရှင်ရုံနေရာ များကို မှတ်တိုင်အဖြစ် သတ်မှတ် ထားကာ မှတ်တိုင် ၁၆ ခုတွင်သာ ခရီးသည်အတင်၊အချပြုလုပ်မည် ဟု ဦးထွန်းတောက်ဝင်းက ပြော သည်။ ခရီးဆောင်အိတ်များကို တန်ဆာခမယူဘဲ တင်ဆောင်ခွင့် ပြုပြီး သတ်မှတ်ထားသည့်မှတ် တိုင်များ၌သာ လူအတင်အချ ပြုလုပ်သဖြင့် ခရီးသည်များအနေ ဖြင့် အချိန်ကုန်သက်သာပြီး အ ဆင်ပြေပြေသွားလာနိုင်မည်ဟု ၎င်းကပြောသည်။

‘‘ယာဉ်မောင်းတွေအနေနဲ့ ၀န်ဆောင်မှု၊ ကားရဲ့သန့်ရှင်းရေး ကအစ ၀န်ဆောင်မှုနဲ့ပတ်သက် ပြီးတော့မှ ပြစ်ချက်မရှိအောင် လုပ်ဆောင်ထားတယ်။ အဲဒီအ တွက် ဝေဖန်မှုတစ်ခုခုရှိခဲ့ရင် လည်း အတတ်နိုင်ဆုံး၊အကောင်း ဆုံးဖြေရှင်းပေးသွားမှာပါ’’ ဟု ဦး ထွန်းတောက်ဝင်းက ပြောသည်။

YBS အမြန်ယာဉ်လိုင်းပြေး ဆွဲရာတွင် ကားအစီးရေ ၅၀ ဖြင့် ပြေးဆွဲရန် မူလကစီစဉ်ထားသော်လည်း ရပ်နားရန်နေရာအခက်အခဲရှိသဖြင့် အစီးရေ ၃၀ ဖြင့်စတင်ပြေးဆွဲမည်ဟု ၎င်းက ဆိုသည်။

==============

7Day News Journal

YBS ၉၃ တွင် ဆဲဆိုရမ်းကားခဲ့သူအား ခရီးသည်များက ယာဉ်ပေါ်မှ ကန်ချ

YBS ၉၃ တွင် ဆဲဆိုရမ်းကားခဲ့သူအား ခရီးသည်များက ယာဉ်ပေါ်မှ ကန်ချ

==================
==================

YBS ၉၃ ကားပေါ်တွင် ယာဉ်မောင်းအား ဆဲဆိုရမ်းကားခဲ့သော အသက် ၃၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး အား ခရီးသည်များက ယာဉ်ပေါ်မှ ကန်ချခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၆ ရက်၊ နံနက်ပိုင်းက YBS ၉၃ ယာဉ်ပေါ်သို့ မြောက်ဥက္ကလာပမြို့နယ်၊ ၆ ကွေ့မှတ်တိုင် (သို့) ဧရာမှတ် တိုင်မှ လိုက်ပါလာသော ခရီးသည်အမျိုးသားတစ်ဦးက လူကျပ်ခြင်း၊ ခရီးသည် အတက်အဆင်း များသဖြင့် ယာဉ်မောင်းဖြစ်သူအား ယာဉ်အားမြန်မြန်မောင်းခိုင်းသည့်အပြင် ဆဲဆိုကြိမ်းမောင်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ယာဉ်ပေါ်တက်သည့် တံခါးပေါက်အနီးမှ ထိုင်ခုံအား ကာရံထားသည့် သံပြားများကိုလည်း လက်သီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။

“ CCTV မှတ်တမ်းမှာကြည့်ရတာကတော့ သူက ယာဉ်မောင်းကို ဟိုလိုမောင်း၊ ဒီလိုမောင်းဆိုပြီး ဖိအားပေးတာ။ ဆဲလည်းဆဲတယ်ပေါ့။ ယာဉ်မောင်းကတော့ ဘာမှ ပြန်မတု့န်ပြန်ဘူး။ ကြာတော့ ခရီးသွားတွေက ဒါက ကား တစ်စီးလုံးအတွက် အန္တရာယ်ရှိတယ်။ အဲ့လိုမလုပ်သင့်ဘူးလို့ ခရီးသွားက တားမြစ်ရာကနေ စကားများကြတာ။ ရဲစခန်းတော့ မပို့နိုင်ဘူးဗျ။ ခရီးသွားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ခရီးသွားတွေက သူကို ကားပေါ်က ကန် ချလိုက်တာတွေ့တယ်။ CCTV မှတ်တမ်းမှာ”ဟု YBS ၉၃ ကို ပြေးဆွဲနေသော လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှ လုပ်ငန်းဖော်ဆောင်မှုဒါရိုက်တာ ကိုတရုတ်လေးက မဇ္ဈိမသို့ ပြောသည်။

ထို့သို့ ဆဲဆိုရမ်းကားသူ အမျိုးသားအား ယာဉ်ပေါ်မှ ခရီးသည်များက ကန်ချပြီးနောက် ယာဉ်အား ဆက်လက် မောင်းနှင်ခဲ့ရာ ပုဇွန်တောင်ဈေးမှတ်တိုင်အရောက် အဆိုပါ ရမ်းကားသူက နောက်မှပါလာသော YBS ၉၃ ယာဉ်တစ်စီးပေါ်တွင် ဆက်ပြီး လိုက်ပါသည်ကို တွေ့ရှိသဖြင့် ရဲစခန်းအနီးတွင် ယာဉ်နှစ်စီးလုံး ရပ်တန့်ခဲ့သည်။

ယာဉ်အားရပ်တန့်ပြီး ခရီးသည်များက ဝိုင်းဝန်းဖမ်းဆီးရာတွင် အဆိုပါ ရမ်းကားသူက ထပ်မံထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အကြောင်းအရာများနှင့် ပတ်သက်၍ လူထုမိတ်ဆွေကုမ္ပဏီ Facebook Page တွင်လည်း ၁၃ မိနစ်ကျော်ခန့်ရှိသည့် CCTV မှတ်တမ်း ရုပ်သံဖိုင် နှစ်ခုကို ဇွန်လ ၆ ရက်နေ့၊ ညပိုင်းက ထုတ်ပြန်ချက်နှင့်အတူ တင်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ယာဉ်မောင်းနှင့် ယာဉ်တစ်စီးလုံး ဘေးအန္တရာယ်ကျရောက်ခြင်းမရှိအောင် ကူညီပေးခဲ့သော ခရီးသွားပြည်သူများအား အထူးကျေးဇူးတင်ကြောင်းနှင့် သည်းခံပြီး စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့ခြင်းမရှိသော ယာဉ်မောင်း ဦးတင်စိုးနိုင်အား အသိအမှတ်ပြုလေးစားပြီး ဂုဏ်ပြုချီးမြှင့်သွားဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းမှ YBS ၉၃ ကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံး ပတ်မှ ယာဉ်အစီးရေ ၅ဝ ဖြင့် စတင်ပြေးဆွဲနေခြင်းဖြစ်ပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် မှ ရန်ကုန်ဘူတာ ကြီးသို့ ပြေးဆွဲနေခြင်းဖြစ်သည်။

===========

Mizzima

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ပွဲများကြောင့် လက်ဖက်လုပ်ငန်း ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ပွဲများကြောင့် လက်ဖက်လုပ်ငန်း ထိခိုက်ပျက်စီး

=======================
=======================

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ နှစ်ရှည်ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကြောင့် လက်ဖက်လုပ်ငန်းတွေ ထိခိုက်ပျက်စီးနေတယ်လို့ ဒေသခံ လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ လက်ဖက် လုပ်ငန်းတွေကို ထိခိုက်ပျက်ဆီးနေတယ်လို့ ပွဲရုံပိုင်ရှင်တွေနဲ့ လက်ဖက်စိုက်ပျိုးသူတွေက ပြောပါတယ်။

တအာင်း(ပလောင်) တိုင်းရင်းသားတွေဟာ လက်ဖက်ကိုပဲ အဓိကထား အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ စစ်ပွဲတွေကြောင့် ကျေးရွာမှာနေထိုင်ကြတဲ့ လက်ဖက်စိုက် တောင်သူမိသားစုတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးပြီး နီးစပ်ရာမြို့တွေမှာ လာရောက်နေထိုင်သူတွေ များနေတာကြောင့်လည်း လက်ဖက်အထွက်နှုန်းနည်းပါလာရတာလို့ လက်ဖက်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးတင်မောင်ဦးကပြောပါတယ်။

ကျောက်မဲဒေသဘက်မှာတော့ စစ်မက်ဖြစ်ပွားပြီးနောက်ပိုင်း မြေပြန့်က လက်ဖက်ခူး လုပ်သားတွေ တောင်ပေါ်ဒေသ ဘက်ကို တက်မလာ တော့တာ ကြောင့်လည်း လက်ဖက်အထွက်နှုန်းနည်းပါးရတာလို့ မြို့သစ်ကျေးရွာက လက်ဖက်ခြံပိုင်ရှင် ဦးဝင်းသိန်းက ဆိုပါတယ်။

အရင်က ရွှေဖီချိန်ဆိုရင် မြန်မာပြည်အလယ်ပိုင်းဒေသတွေက လူဦးရေသောင်းနဲ့ချီတဲ့ လုပ်သားတွေဟာ ကျောက်မဲဒေသ ကိုရောက်ရှိလာပြီး နေ့စားနဲ့ လက်ဖက်ခူး အလုပ်ကို လုပ်ကိုင်ကြပါတယ်။

ကျောက်မဲကထွက်ရှိတဲ့လက်ဖက်စိုနဲ့ လက်ဖက်ခြောက်တွေကို မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေကို အဓိက တင်ပို့ရောင်းချပါတယ်။

==============

DVB TV News

မုန်တိုင်းငယ် ၂၄ နာရီအတွင်း စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်း

မုန်တိုင်းငယ် ၂၄ နာရီအတွင်း စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်း

ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားပြီး ယနေ့ နံနက်မှ နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက် သတင်း ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့  နံနက်ပိုင်း ၆ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်- အနောက်တောင်ဘက် (၁၂၈)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၁၁၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မုန်တိုင်းငယ်သည် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ် နိုင်သည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ် ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင် ကြရန်နှင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေ ၂၉ ရက်မှ ၃၁ ရက် အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ အတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည် ဖြစ်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ၊ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည် ဖြစ်ကြောင်း သိရသည်။

လှိုင်းအမြင့် မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့်ရှိနိုင်ပါသည်။ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့်ရှိနိုင်ကြောင်း သိရသည်။

(Xinhua)

ကျောင်းကြို၊ ပို့ယာဉ်စနစ်သစ်တွင် ယာဉ်မောင်းလုပ်ကိုင်ရန် အမျိုးသမီး ခုနစ်ဦးအပါအ၀င် ၂၀၀ ကျော်လျှောက်ထား

ကျောင်းကြို၊ ပို့ယာဉ်စနစ်သစ်တွင် ယာဉ်မောင်းလုပ်ကိုင်ရန် အမျိုးသမီး ခုနစ်ဦးအပါအ၀င် ၂၀၀ ကျော်လျှောက်ထား

==================
==================

ကျောင်းကြို၊ ပို့ယာဉ်စနစ်အသစ်တွင် ယာဉ်မောင်းလုပ်ကိုင်ရန် အမျိုးသမီး ခုနစ်ဦးအပါ အ၀င် ယာဉ်မောင်း ၂၀၀ ကျော် လျှောက်ထားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူတစ် ဦးက ပြောသည်။

YRTA ၏ ကြီးကြပ်မှုဖြင့် ယခုနှစ်ကျောင်းဖွင့်ရာသီတွင် စတင်ပြေးဆွဲမည့် ကျောင်းကြို၊ ပို့ယာဉ်များအတွက် ယာဉ်မောင်းနှင့် ယာဉ်ကြီးကြပ်များကို မေလ ၁၁ ရက်ကစတင်၍ လျှောက်လွှာများခေါ်ယူခဲ့သည်။

ထိုသို့ခေါ်ယူရာတွင် ယာဉ်မောင်းလုပ်ကိုင်ရန် အမျိုးသား ၂၁၅ ဦး၊ အမျိုးသမီး ခုနစ်ဦးနှင့်ယာဉ်ကြီးကြပ်လုပ်ကိုင်မည့် အမျိုးသမီး ၁၁၇ ဦး၊ စုစုပေါင်း ၃၃၉ ဦးလာရောက်လျှောက်ထားခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

‘‘လျှောက်ထားတဲ့သူတွေကို လူခွဲပြီး အင်တာဗျူးတွေစခေါ်နေ ပြီ။ ယာဉ်မောင်းလျှောက်ထားသူ တွေကိုတော့ ကားစမ်းသပ်မောင်းစေပြီး လက်တွေ့စစ်ဆေးနေ တယ်’’ဟု ၎င်းက ပြောသည်။

ယင်းကျောင်းကြို၊ ပို့ယာဉ်များတွင် လုပ်ကိုင်လိုသူများသည် အနိမ့်ဆုံး ပညာအရည်အချင်း သတ္တမတန်းအောင်မြင်သူဖြစ်ရန်လိုပြီး ယာဉ်မောင်းသည် အသက် (၃၀) နှစ်မှ (၅၅) နှစ်အတွင်းနှင့် ယာဉ်ကြီးကြပ်ကအသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်းရှိရမည်ဟု YRTA ၏ ကြေညာသည်။

ထို့အပြင် ယာဉ်မောင်းသည် အနိမ့်ဆုံး ‘ဃ’လိုင်စင်ရှိရန်လိုပြီး ရည်မွန်ကာ ဆက်ဆံရေးကောင်းသူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

အဆိုပါယာဉ်မောင်းနှင့် ယာဉ်ကြီးကြပ်များအား ပေးမည့် လစာနှုန်းထားကိုမူ YRTA ကထုတ်ပြန်ခြင်းမရှိသေးပေ။

YRTA သည် ပြီးခဲ့သည့် ကျောင်းဖွင့်ရာသီကစ၍ ကျောင်း ကြို၊ ပို့ယာဉ်စနစ်အသစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိပြေးဆွဲလျက်ရှိသည့် ကျောင်းကြို၊ ပို့ယာဉ်ပိုင်ရှင်များ၊ သက် ဆိုင်ရာကျောင်းများနှင့် ညှိနှိုင်းမှု မပြီးခြင်းကြောင့်ဟု ဆိုကာ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ယခုနှစ်၌ စတင်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ကျောင်းကြို၊ ပို့ယာဉ်များ ဘေးကင်းစွာပြေးဆွဲနိုင်ရန် ကိုရီးယားနိုင်ငံမှ ဘတ်စ်အစီးရေ ၂၀၀ ကို ၂၀၁၇ နှစ်လယ်က ၀ယ်ယူတင်သွင်းခဲ့သည်။

အဆိုပါအစီး ၂၀၀ အနက် အစီးရေ ၁၀၀ ခန့်ကို လာမည့်ကျောင်းဖွင့်ချိန်၌ ကမာရွတ်တီတီစီနှင့် ရန်ကင်းတီတီစီကျောင်းတို့၌ စတင်စမ်းသပ်ပြေးဆွဲမည်ဟု ကနဦး ထုတ်ပြန်ထားသည်။

===========

7Day News Journal

ကမ္ဘာ့ရေနံစိမ်းဈေးပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေး မကျသေး

ကမ္ဘာ့ရေနံစိမ်းဈေးပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေး မကျသေး

==================
==================

ကမ္ဘာ့ရေနံစိမ်းဈေးပြန် ကျလာသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းသည် ပြန်လည် ကျဆင်းခြင်း မရှိသေး ကြောင်း ယာဉ်မောင်းအချို့နှင့် စက်သုံးဆီဈေးကွက်စောင့်ကြည့် သူများက ပြောသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် မေလ ၂၆ ရက်တွင် တစ်စည်လျှင် ၇၆ ဒသမ ၄၄ ဒေါ်လာရှိပြီး လွန်ခဲ့ သည့်လေးရက်ကထက် တစ်စည် လျှင် သုံးဒေါ်လာခန့် ပြန်လည်ကျ ဆင်းလာသည်။

ပြည်တွင်း စက်သုံးဆီဈေး ကွက်တွင် မေလ ၂၆ ရက်၌ အောက်တိန်း-92 တစ်လီတာ လျှင် ၈၇၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၉၂၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၉၀၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၉၂၀ ကျပ်ခန့်ဖြင့် ရောင်းချနေ သည်။ လက်ရှိ ရောင်းချနေသော ပြည်တွင်း စက်သုံးဆီဈေးသည် ကမ္ဘာ့ရေနံစိမ်းဈေးတစ်စည်လျှင် ၇၉ ဒသမ ၈၀ ဒေါ်လာခန့်ဖြစ်ပေါ် ခဲ့သည့် ရက်က နှုန်းထားအတိုင်း ဖြစ်ပြီး ပြန်လည်လျှော့ချရောင်း ချခြင်းမရှိသေးသည်ကို တွေ့ရ ကြောင်း စက်သုံးဆီဈေးနှုန်းစောင့် ကြည့်လေ့လာသူတစ်ဦးက ပြော ကြားသည်။

‘‘ဈေးကတော့ ပြန်ကျမှာပါ။ စက်သုံးဆီကုမ္ပဏီတွေကလည်း ဈေးနှုန်းပြန်ချိန်နေတယ်လို့ ထင် တယ်။ ကမ္ဘာ့ဈေးပြန်ကျနေချိန် မှာ လိုက်မချလို့မှ မရတာ။ ဘယ် လောက်ကြာကြာ ပြည်တွင်းဈေး ငြိမ်နေဦးမယ်ဆိုတာတော့ ကြည့် ရမယ်’’ဟု ၎င်းက ပြောသည်။

ထိုသို့ ကမ္ဘာ့ရေနံစိမ်းဈေး ပြန်လည်ကျဆင်းလာချိန်တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းကို အချိန်မဆွဲဘဲ ပြန်လည်လျှော့ချရောင်းချသင့်ကြောင်း ယာဉ် မောင်းအချို့က ဆိုသည်။

‘‘ဒီမှာက ဈေးတက်ရင်သာ မြန်တာ ပြန်ချဖို့တော့ ကြာလေ့ရှိ တယ်လေ’’ဟု အငှားယာဉ်မောင်း ဦးအောင်မြင့်က ပြောသည်။

မေလ ၂၅ ရက်တွင် ပြုလုပ် သော ရေနံထုတ်လုပ်သည့် အိုပက်နိုင်ငံများ အစည်းအဝေး၌ ရေနံ တိုးထုတ်ရန် သဘောတူညီမှုရရှိခဲ့ ပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ပြန်လည် ကျဆင်းလာသည်ဟု နိုင်ငံတကာသတင်းများတွင် ဖော် ပြသည်။

===========

7Day News Journal