Shangyimm

- လူမှုမီဒီယာများနှင့် အင်တာနက်ပေါ်ရှိ စိတ်ဝင်စားစရာ အကြောင်းအရာများကို လူအများ ဖတ်ရှုနိုင်ရန် တဆင့်ပြန်လည် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ပါ၍ ကူးယူဖော်ပြခံရသော မီဒီယာများနှင့် စာရေးသူများကို လေးစားစွာဖြင့် Credit ပေးပါသည်။ မူရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့ Content များကို shangyimm.com တွင် ကူးယူဖော်ပြခြင်းအား ကန့် ကွက်လိုပါက shangyimm2017@gmail.com သို့ပေးပို့ ကန့် ကွက်နိုင်ပါတယ် ခင်ဗျာ။ လေးစားစွာဖြင့်…

Category: ကျန်းမာရေးဗဟုသုတ

စပါးကြီးသည်းခြေရဲ့ ဆေးအစွမ်း

စပါးကြီးသည်းခြေ ( Boa Gallbladder )

စပါးကြီးသည်းခြေရဲ့ ဆေးအစွမ်း

စပါးကြီးသည်းခြေက လေဖြတ်လေငန်းရောဂါများအတွက် အထူးဆေးစွမ်း ထက်ပါတယ်။

လျှာကို လေဖြတ်ထားပြီး စကားမပြောနိုင်ပါက စပါးကြီး သည်းခြေဖြင့် လျှာကို ပွတ်ပေးလိုက်ပါက စကားပြန်ပြောနိုင်ပါတယ်။

စပါးကြီးသည်းခြေ၏ စွမ်းရည်

စပါးကြီး သည်းခြေကို အသုံးပြုရာတွင် စစ်မှန်သော ပစ္စည်းဖြစ်ရန် အထူးလိုအပ်သည်။
စပါးကြီးသည်းခြေ စစ်မစစ် စမ်းသပ်နည်းတို့တွင် လွယ်ကူသောနည်းတို့ကို ဖော်ပြလိုက်ပါသည်။

အလွန်ထူးခြားသောအချက်မှာ လဆန်း ၈ ရက်များနဲ့ လပြည့်ကျော် ၈ ရက်များတွင် အစို ပြန်လာခြင်းပင် ဖြစ်သည်။

စပါးကြီး သည်းခြေသည် ရေတက်ရက်များ၌ စိုနေတတ်ပြီး .ရေသေရက်များ၌ ခြောက်သွေ့သွားတတ်ပါသည်။

သတိပြုရန်

စပါးကြီးသည်းခြေမှာ အသုံးများပြီး အလွန်စွမ်းသည်ဟု ပြောနေကြသောလည်း ရှာဖွေ
တွေ့ရှိရန်မှာ ခက်ခဲသည်။လိုက်လံ ရောင်းချနေသော သည်းခြေများမှာ အစစ်မဟုတ် အတုများသာ ဖြစ်သည်။

အထူးသတိပြုရန်မှာ အစစ် တစ် ခု အတု တစ်ထောင် ဟူသော စကားအတိုင်း ညိူ့ ချက်ကြိုး စသည် ပြည့်စုံစေလျှက် အတုပြုလုပ်ကြသည်လည်း ရှိသည်။

ချိုသော အရသာ အနည်းငယ် ထည့်သွင်းကြသည်လည်း ရှိသည်။ထိုအခါတွင် ပုံပန်းသဏ္ဍာန်ကို ကြည့်ရသည်။

အရသာဖြင့် စမ်းသပ်ရာ၌လည်း အစစ် အချိုနဲ့ အတု အချိုသည် ကွဲပြား ခြားနားမူရှိသည်။ထိုသို့ သတိပြုမှတ်သားပြီး စပါးကြီးသည်ခြေ စစ်မစစ်ကို ခွဲခြားမှတ်ယူနိုင်သည်။

စပါးကြီး သည်းခြေ စစ်မစစ် စမ်းသပ်နည်းများ

၁ ) စပါးကြီးသည်းခြေကို အနည်းငယ် လျှာပေါ် တင်ကြည့်သောအခါ သည်းခြေ တကာတို့သည် စ လယ် ဆုံး ၃ ကြိမ်လုံး ခါးကြသော်လည်းစပါးကြီးသည်းခြေက ဦးစွာခါးသောအရသာကို ရသော်လည်း နောက်ပိုင်း ချိုသော အရသာကိုရသည်။

၂ ) စပါးကြီး သည်းခြေရည်ကို လက်ဖဝါးတွင် သုတ်ထားပါက လက်ဖမိုးတွင် ခါးသော အရသာ ထွင်းဖောက် လာသည်ကိုတွေ့ရသည်။

၃ ) စပါးကြီးသည်းခြေ စစ်မစစ်သိလိုလျှင် သည်းခြေကို သွေး၍ ရေ၌ ချကြည့်ပါ ဝိုင်းပတ်၍ ပြေးလျှင် အတုဖြစ်ပြီး တည့်တည့်ပြေးလျှင် အစစ်ဖြစ်သည်။

သည်းခြေတိုင်း သွေး၍ ရေ၌ထည့်လျှင် ဝိုင်းပတ်၍ ပြေးကြသည် စပါးကြီးသည်းခြေ တမျိုးသာလျှင် တည့်တည့်ပြေးသည်။

၄ ) စပါးကြီးနဲ့ စပါးအုံးလည်း မှားတတ်ပါသည်။

၅ ) အခြားသော သည်းခြေများသည် အခွံထူထဲပြီး အိတ်သဏ္ဍာန် ရှိသော်လည်း စပါးကြီးသည်းခြေကား အလွန်ပါးလွှာသော အခွံ၏ အတွင်း၌ သည်းခြေရည်သည် ပျံ့နှံ၍တည်နေသည်။

၆ ) စပါးကြီး သည်းခြေသည် မည်သည့်အခါမှ သိုးခြင်း ပုပ်ခြင်းမရှိသည်ကို တွေ့ရလေသည်။

ခွဲခြားပုံမှာ

စပါးကြီးသည် နှာခေါင်းပေါက် ကိုးပေါက်ပါရှိပြီး စပါးအုံးတွင် မပါရှိပေ။စပါးကြီး အကွက်သည် စိပ်ပြီး တဆက်တည်း ရှိသည်။စပါးအုံးအကွက်သည် ကျဲပြီး တဆက်တည်း မရှိတတ်ပေ

ယခုလိုက်လံရောင်းချနေသော သည်းခြေများသည် ထန်းလျက်. မန်ကျည်းသီးရည် အခြား သည်းခြတို့ကို အိတ်လုပ်ပြီး ထုပ်ကာ ညို့တပ်၍ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်၍ရောင်းချကြခြင်းဖြစ်သည်။

ထိုနည်းတို့ဖြင့် စပါးကြီး သည်းခြေ စစ် မစစ်ကို စမ်းသပ်နိုင်သည်။

အသုံးပြုနိုင်သောရောဂါ အချို့မျက်စိရောဂါခံတွင်းနဲ့ လည်ချောင်းရောဂါ သွားရောဂါ နားရောဂါနှာခေါင်းရောဂါ အရိုးစူးအရိုးမျက်သောရောဂါ
လေငန်းရောဂါ သူငယ်နာ အတက်ရောဂါဆီးရောဂါ တို့ဖြစ်ကြသည်။

စပါးကြီးသည်းခြေ ဆေးအသုံးပြုနည်း

၁ ) မျက်စိ့နာ

ကိုယ်တွေ့ စပါးကြီးသည်းခြေ၏ အာနိသင်

မသွားလျှင် မဖြစ်သော ခရီး တစ်ခုကို ကြုံလာသည်။နံနက် သွားရမည့်ဆဲဆဲ ညနေ၌မျက်စိသည် အောင့်လာသည်။ တင်းရောင်နီရဲ၍ မျက်ရည်ပူများ ကျလာသည်။

စပါးကြီးသည်းခြေကို သွေး၍ သုံးလေးကြိမ်ခန့် ခပ်များများ ခပ်လိုက်၏ ခပ်ပြီးချိန်၌ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်၏ အလွန်စပ် ခြင်းကား မဖြစ်ပါ။ နောက်နေ့ နံနက် မျက်လုံး ပကတိအတိုင်း ကောင်းသွား၏

၂) မျက်လုံအတွင်း ကျောက်ပေါက်ခြင်း

မျက်စိ အတွင်း၌ ကျောက်ဝင်ပေါက်ခြင်းသည် ကျောက်ဆိုး တမျိုးပင်ဖြစ်သည်။ မျက်စိထဲသို့ ဝင်ပေါက်သော မျက်လုံး ပျက်စီးရမည်သာ ဖြစ်သည်။

ကျောက်ကို ကုစားကာကွယ်သည်က လွယ်ကူသည်။ မျက်စိတွင် ကျောက်ဝင်ပေါက်လျှင်က ကုစားရန်မလွယ် ပျက်စီးရသည်သာ များပေသည်။

သို့သော် စပါးကြီးသည်းခြေ၏ စွမ်းအားအကူအညီနဲ့ မျက်စိထဲမှ ကျောက်ကို ကောင်းစွာ ကာကွယ်နိုင်ပါသည်။

တွေ့ရဖူးသည့် ဝေဒနာရှင်မှာ အသက် ၅၀ကျောက်မပေါက်သင့်သော အရွယ်ဖြစ်သည်။ ထိုအရွယ် ကျောက်ပေါက်လျှင် ကုစားရန်အခက်ခဲဆုံးဖြစ်တတ်သည်။

စပါးကြီး သည်းခြေကို လူနို့ရည့်နဲ့သွေးပြီး အကြိမ်ကြိမ် ခပ်ပေးခြင်းဖြင့် ထိုကျောက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားရလေသည်မျက်စိသည်လည်း အကောင်း အ
တိုင်း ကျန်ရစ်လေသည်။

၃ ) ပိုးထိ၍ဆီးမသွားလျှင်

ပိုးထိ၍ ဆီးမသွားခဲ့သော စပါးကြီးသည်းခြေကို သွေးကာ ဆီးခုံနဲ့ ဝမ်းဗိုက် နောက်ကြောများကို လိမ်းသပ် ချ ပေးခြင်းဖြင့်ဆီးသွား‌‌နိုင်သည်။ (ဆီးသွားလျှင် မသေနိုင်တော့ )

၄ ) ငုတ်စူးလျှင် ငုတ်စူး၍ ကျန်နေသေ အနာ၏ ပတ်ဝန်းကျင်ကို စူးထွက်လာမည်။

၅ ) ကိုယ်တခြမ်းသေရောဂါ ကိုယ်တခြမ်းသေရောဂါဖြစ်လျှင် ဖြစ်သောဘက်ကိုလိမ်း လျှာတို လေငန်းဖြစ်သော လျှာကိုလိမ်း၍ ဆွဲပေးပါ။

၆ ) မေးခိုင်သော် လျှာမှာ ပွတ်ပြီး မျိုချ။

၇ ) မေးရွဲ့နေသော် မေးကိုလိမ်း လက်ဖြင့်တည့်ကာပေး။

၈ ) လေငန်းဖြစ်သော် တောရှောက်မြစ်နဲ့ ရော၍လိမ်း

၉ ) ဆီးချိုဖြစ်လျှင် ဆီးခုံမှာလိမ်း

၁၀ ) ဆီးကျောက်တည်သော် ဆန်ဆေးရေနဲ့ သွေးသောက်

၁၁) မျက်စိနာသော် ကွင်းပေး

၁၂ ) ကိုယ်ပူလျှင် ရေတွင်စိမ်၍ သောက်

၁၃ ) ကလေးသူငယ်နာ ဖြစ်လျှင် လျှာမှာပွတ်ပေး

၁၄ ) လေးဖက်နာဖြစ်လျှင် ဆေးပန်းဥနှင့် သွေးလိမ်း

၁၅ ) ကိုယ်ဖောကိုယ်ရောင်လျှင် ယူကလစ် ခေါက်နဲ့သွေးလိမ်း

၁၆ ) အဆစ်အမြစ်ကိုက်သော် – ရှောက်ရည်နဲ့ရော စုတ်နဲ့ပေါက်

၁၇ ) ဇက်ကြောထိုး ဇက်ကြောတက်လျှင်ကွမ်းရွက်ရည်နှင့် သွေးလိမ်း

၁၈ ) ကိုယ်ဝန်ဆောင်များ မီးဖွားရခက်လျှင် ချက်ပေါ်တင်ပေး

၁၉ ) ဈေးရောင်းကောင်းလိုလျှင် စပါးကြီးသည်းခြေ အဖိုအမကို ချိန်ခွင်မှာချိတ်ခြင်းဈေးဗန်း. ဈေးတောင်းမှာ ထည့်၍ရောင်းလေ။

မျက်စိရောဂါ

မျက်စိနဲ့ ပတ်သက်သော မျက်စိနာခြင်း ,မျက်စိကျိန်းခြင်း မျက်စိမူန်စေခြင်း စသည်ရောဂါ အမျိုးမျိုးတို့၌ ရေပြန် ရေသန့် သို့မဟုတ် နှင်းရည် တစ်ပုလင်းခန့်တွင် စပါးကြီးသည်းခြေ တစ်ရွေးခန့် ထည့်ဖျော်ထားပြီးမျက်စဉ်း ခပ်ပေးရသည်။

မျက်စိ အတွင်းတိမ် ရေတိမ်ရောဂါတို့၌ ခပ်ပျစ်ပျစ်သွေးပြီး မျက်စိအတွင်းသို့ ထည့်ပေးရသည်။

မျက်လုံးတိမ် မျက်လုံးဒါဏ် ဘေးကိုဆွဲ ဆိုသည်မှာ မျက်စိ မျက်လုံးကို မထိပဲ စပါးကြီး သည်းခြေဖြင့် အနီးကပ် နှာခေါင်းဘက်မှ အပြင် မျက်ထောင့်ဖက်သို့ ဆွဲဆွဲပေးပါ။

စပါးကြီးသည်းခြေဖြင့် စီမံဖော်ထုတ်ထားသည့် မည်သည့် မျက်ကွင်းဆေး( မျက်စဉ်းဆေး ) မဆို ရောဂါ တစုံတရာရောက်လာမှ မဟုတ်ပဲ ကြိုတင်ကာကွယ်မူအနေနဲ့ အသံးပြုနိုင်သည်။

ညိူ့ကြိုးသုံးနည်း

စကားပြောဆို ခက်ခဲခြင်း အင်တာဗျူး ဖြေစရာရှိလျှင် ဖို မ ညိူ့တံ ( သို့ ) အစုံဆောင်

ကိုယ်ဝန်ဆောင် မီးမဖွားနိုင်လျှင် ညိူ့ကြိုးကို ရင်ဆို့ပေါ် ကန့်လန့် ဖြတ်ထားပါ မွေးဖွားပြီးသည်နှင့် ညိူ့ကြိုးကို ပြန်သိမ်းပါ

ကလေး ရေချိုးပြီးသည့်တိုင် ပြန်မသိမ်းပါက ညိူ့ကြိုးများ ပြတ်တောက်သွားတတ်သည်ဟုဆိုသည်။

အပင်း သွင်းခြင်းကို ညိူ့ကြိုးဖြင့် ကုနည်း

ညိူ့ကြိုးတစ်ပင်ထဲမှ လက် ၃ လုံးခန့် ( လက်နှစ်ဆစ်ပိုပို ) ဖြတ်ယူ၍ အစာတခုခုနဲ့ရောကျွေး ( ကပ်ကျေးနဲ့ သေးသေးနုတ်နုတ်စင်းပြီး ရောနယ်ကျွေး ) အချို့က အစာနဲ့ ရောကျွေးသည်။

ရှိသမျှအပင်း အန်ထွက်လာမည် ဇလုံနဲ့ခံထားပါ ရှိသမျှ ဆံပင်ချည်မှအစ အစာအပင်း အားလုံး ထွက်လာမည်

လေဖြတ်သူကို စပါးကြီးသည်းခြေ အသုံးပြုပုံ

ရှောက်ရည် နဲ့ သည်းခြေ ( မီးခြစ်ဆံ ၅ ခေါင်းစာ ) လေဖြတ်သည့် ဘက် လက်မောင်းကို ဖြောင့်ဖြောင့်တန်းတန်း လက်ခလယ်လက်ချောင်းကို ဆုပ်ကိုင်ဆွဲထား

လက်ခလယ် လက်တစ်ချောင်းကို လက်တစ်ဖက်နှင့် လိမ်းသူမှ ဆုပ်ကိုင်ပြီး ပုခုံးဆစ်မှနေ၍ လက်ကောက်ဝတ်အထိ ဆေးကိုလိမ်းအထက်မှ အောက်သို့ ပွတ်ဆွဲ

( လက်ချောင်းအားလုံးကို စုမကိုင်ရ လက်ခလယ်တချောင်းသာ ဆုပ်ကိုင် ဆွဲထားရမည် ) လက်ဖြင့်လျှင် လက်ခလယ်/ ခြေဖြစ်လျင် ခြေခလယ်ချောင်းကိုသာ ကိုင်ဆွဲရမည် ခြေချောင်း အားလုံး စုကိုင်ပြီး မလိမ်းရ။

စပါးကြီးအဆီ အသုံးပြုပုံ comments

စပါးကြီးအဆီကို တော့ယူနမ် နဲ့ ရောစပ်ပြီး လိမ်းပေးရင် အရိုးကျိုတာကို ပြန်ဆက်တယ် ( စပါးကြီး အဆီကို တစ်မျိုးတည်း မသုံးသင့်ပါ ဆွဲအားပြင်းသည်) အကြောနဲ့ပတ်သက်ရင် တော့ယူနမ် နဲ့ တွဲသုံးပါ။

လေသမားတွေအတွက် အကောင်းဆုံးပါ။

သေနတ်ပြောင်းကို သုပ်ထားရင် သံချေးမတက်ပါ။

နောက်ထပ် အသုံးပြုနည်းများ ရှိပါသေးတယ်
ခံစားနေရသော ဝေဒနာများ ပျောက်ကင်း ချမ်းသာကြပါစေ။

မြန်မာ့ အာယုဗ္ဗေဒ သိမ်ဖြူ ဆေးသိပ္ပံဆရာတော် ရေးသားသော အိုမွုဆိုင်ရာပြဿနာများ စာအုပ်မှ ကြိုတင်ကာကွယ် ဘေးမတွယ် အပိုင်း ( ၅ )

မူရင်း ဘဝခါးခါး

သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲခပ်နည်းနည်းပဲစားတဲ့ Style

မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

အဲဒီ Styleလေးကခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီးအကျိုးကျေးဇူးသိပ်များပါတယ်။

အဲဒီStyleကိုလုပ်လိုက်ပြီဆိုတာနဲ့ကျန်တဲ့Styleတွေပါအလိုအလျောက်ပါလာမယ်ဆိုတာကိုဒီpostဖတ်ရင်းနဲ့သိသွားပါလိမ့်မယ်။

ကျနော်တို့ဟာနေ့စဉ်အစားအသောက်တွေကိုစားသောက်ကြရတယ် အဲဒီလိုစားရာမှာရသတဏှာကိုဦးစားပေးပြီးဗိုက်ဝအောင်စားရမှကျေနပ်ကြတယ်အသက်ရှင်ဖို့စားတာမဟုတ်ဘဲစားဖို့အသက်ရှင်နေသလိုဖြစ်နေကြတယ်။

အဲဒါသည်ကျနော်တို့အတွက်အမှားကြီးမှားနေတာပြဲဖစ်တယ်။လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့အတွက်စားသင့်တဲ့အတိုင်းအတာကသူ့အစာအိမ်ပမာဏလောက်ပြဲဖစ်တယ် အစာအိမ်ပမာဏကဂရိတ်ဖရုသီးတစ်လုံးအတိုင်းအတာလောက်ပဲရှိတာဖြစ်တယ် ဒါကြောင့်တစ်ခါစားရင်ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲစားရမယ်။

အဲ့လိုမစားဘဲဗိုက်ကြီးပြဲကားအောင်စားနေကြတော့ဘာဖြစ်လာသလဲ ကိုယ်တွင်းကလီစာတွေကစားလိုက်တဲ့အစာတွေကြေညက်အောင်ချက်တဲ့အလုပ်ကိုပင်ပန်းစွာလုပ်ရပါတယ် အစာခြေရည်တွေအများကြီးထုတ်ရတယ်၊သည်းခြေရည်တွေထုတ်ရတယ်၊နှလုံးကလည်းပိုအလုပ်လုပ်ရတယ်၊ကျောက်ကပ်ကလည်းပိုဆေးရတယ်၊အသည်းကလည်းပိုပြီးအဆိပ်ဖြေပေးရတယ် အူတွေကလည်းအလုပ်ပိုလုပ်ရတယ် ကြာတော့ကလီစာတွေသိပ်ပင်ပန်းကြတယ် နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့အတိုင်းအတာထက်ပိုစားတဲ့အစာတွေကကိုယ့်အတွက်အကျိုးမရှိဘူး ပိုတဲ့အစာတွေကအဆိပ်အပုပ်တွေဖြစ်သွားတယ် Free Radical တွေပိုထွက်လာစေတယ် ရောဂါတွေကိုဖြစ်စေတာပဲအဖတ်တင်တယ် ဘာမှကိုအကျိုးမရှိဘူး

အစားကြူးတဲ့သူတွေကိုလေ့လာကြည့်ပါ သူတို့ဟာရောဂါသိပ်များတယ် အစောကြီးသေကြတယ်ရုပ်ရည်အားဖြင့်လည်းကြည့်ရဆိုးတယ် ဘဝအရည်အသွေးမကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်

လူတွေကအများကြီးစားနိုင်မှအားရှိတယ်လို့ထင်နေကြတယ် တကယ်တော့အပူအပုပ်ကင်းပြီးပေါ့ပါးလန်းဆန်းခြင်းသည်သာအားရှိခြင်းဖြစ်ပါတယ်သွက်လက်ဖြတ်လတ်ခြင်းသည်သာအားရှိခြင်းဖြစ်တယ်

ကဲ….ဒါဆိုဘယ်လိုစားရမလဲပြောမယ်နော်

မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့်Meal potion amount ကိုသာသင့်ရုံစားဖို့ဖြစ်ပါတယ်

ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့ စားတာကအကုန်စားလို့ရတယ်နော် အဆီ၊အခေါက်၊အသား၊ကလီစာ၊အသီးအရွက်၊မြေအောက်ဥ၊ကောက်နှံ၊ပဲမျိုးစုံကြိုက်တာသာစား

Breakfast စားမယ်ဆိုရင်မုန့်ဟင်းခါးသင့်ရုံတစ်ပွဲပေါ့
၂ပွဲမဖြစ်စေနဲ့ အီကြာကွေးဆိုလည်းတစ်ချောင်းပေါ့၊
ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊ကြက်ဥပေါင်မုန့်တစ်ချပ်ပေါ့၊နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့ တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့

Lunchစားမယ်ဗျာ ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့ ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့ ဆီချက်ဆိုလည်းတစ်ပွဲပေါ့ သင့်ရုံပဲ

Dinnerစားမယ်ဗျာ ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့ ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်ပြဲဖစ်ရမယ် ဗိုက်ဆာရင်ရေသောက်ပေါ့

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့ အစာအိမ်ကသိပ်အံ့သြစရာကောင်းတယ် ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားတဲ့အလေ့အကျင့်လုပ်ပေးရင်အစာအိမ်ကသူ့ဟာသူသေးသွားရောဗျ တစ်ပတ်ဆယ်ရက်တော့အချိန်ပေးပြီးစောင့်ရတယ် တစ်ပတ်အတွင်းမှာတော့စားရတာတင်းတိမ်မှာမဟုတ်ပေမဲ့ဆယ်ရက်လောက်မှာကျင့်သားရပြီးမဆာတော့ဘူး နည်းနည်းပိုစားမိရင်တောင်အစာအိမ်ကလက်မခံချင်တော့လောက်အောင်အကျင့်ကောင်းသွားပြီ အဲဒါဆိုအေးအေးဆေးဆေးပဲ

ရေကတော့Bodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့လိုတယ် ပေါင်၅၀ကိုတစ်လီတာနှုန်းနဲ့သောက်ရမယ် ပေါင်၁၅၀ဆိုရင်တစ်နေ့ကို၃လီတာအနည်းဆုံးပဲရေသောက်ရင်မနက်စောစောကလွဲလို့ကျန်တဲ့အချိန်တွေမှာနည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာပိုကောင်းပါတယ် စားထားတဲ့အစာဟောင်းတွေအကုန်ပြန်ထုတ်ဖို့ကရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်

အဲဒီလိုခပ်နည်းနည်းပဲစားတဲ့styleနဲ့သွားရင်Bodyကတဖြည်းဖြည့်းသွယ်လျလာလိမ့်မယ် ကိုယ်တွင်းမှာအဆိပ်အပုပ်တွေကင်းတဲ့အတွက်အသားရေကြည်လင်လှပလာလိမ့်မယ် ပေါ့ပါးသွက်လက်တက်ကြွလာလိမ့်မယ် မကောင်းတဲ့ကော်လက်စတြောတွေမရှိလို့မျက်နှာကအစ်ထစ်မနေတော့ဘဲပိုချောလာလိမ့်မယ် Bodyလှလာတဲ့အတွက်ဝတ်စားဆင်ယင်မှုကလည်းအလိုလိုstyleကျနေလိမ့်မယ် ဉာဏ်ရည်လည်းကောင်းလာလို့လုပ်ငန်းလုပ်လို့ပိုအဆင်ပြေလာလိမ့်မယ် တရားထိုင်ရတာလည်းသိပ်ကောင်းလိမ့်မယ် ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာလည်းမိမိကိုယ်မိမိယုံကြည်မှုတွေတိုးလာလိမ့်မယ် မမျှော်မှန်းထားတဲ့အကျိုးကျေးဇူးတွေရလာတာကိုအံ့သြစွာကြုံလာရပါလိမ့်မယ်

ရန်ကုန်မြို့ကကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာဘူဖေးညစာသွားစားဖူးပါတယ် အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ် သူတို့ဘယ်လိုစားလည်းလေ့လာကြည့်တယ် အစားအစာတွေကိုပန်းကန်လှရုံပဲထည့်စားပြီးပြန်သွားကြတယ် ကျနော်တို့မြန်မာတွေကတော့ပန်းကန်အမောက်ကြီးတွေ၂ခါ၃ခါထပ်ထည့်စားပြီးဗိုက်ပြဲကားမှအိမ်ပြန်ကြပါတယ် အဲဒါကိုသတိထားမိတယ်

ကျနော်စင်္ကာပူမှာနေတုန်းကနေ့တိုင်းစားတဲ့ထမင်းဆိုင်ကတရုတ်လင်မယားကကျနော်စားတာကိုနေ့တိုင်းကြည့်နေကြတယ် ထမင်းကို၃ပန်းကန်လောက်စားတာကိုး ခြောက်လလောက်ကြာတော့သူတိ့နဲ့ခင်သွားတယ် သူတို့ကဘာပြောသလဲဆိုရင်မင်းအဲ့လောက်စားနေရင်ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့သင့်ရုံပဲစားတဲ့ ဟုတ်တယ်ဗျ၊စလုံးကလူတွေထမင်းတစ်လုံးပဲစားကြလို့ရောဂါကင်းပြီးသွယ်လျကြတာတွေ့ရတယ်

ကမ္ဘာကျော်မင်းသားမင်းသမီးတော်တော်များများဒီအတိုင်းခပ်နည်းနည်းစားတဲ့Styleကိုကျင့်သုံးနေကြတယ် ဘောလိဝုဒ်မင်းသားမင်းသမီးတွေတောင်အရင်လိုဗိုက်မပူကြတော့ဘူးဗျ မြန်မာပြည်မှာလည်းကြည့် သာသနာရေးမှာဆိုရင်ပါချုပ်ဆရာတော်ကြီးပေါ့၊နိုင်ငံရေးလောကမှာဆိုအမေစုလိုပုဂ္ဂိုလ်မျိုးပေါ့၊အနုပညာလောကမှာဆိုလည်းဒါရိုက်တာဦးအောင်ကိုလတ်တို့လိုပုဂ္ဂိုလ်တွေပေါ့၊ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊စီးပွားရေးလောကမှာဆိုဦးမောင်ဝိတ်တို့လိုပေါ့ ဘယ်လောက်ကြည့်ကောင်းပြီးအောင်မြင်နေကြလဲဆိုတာ ဒါကထင်ရှားတဲ့သူအချို့ကိုပြောတာအခြားပြည်တွင်းပြည်ပကလူတွေအများကြီးရှိပါသေးတယ်

ကဲ…မိတ်ဆွေများ….အခုကJanuaryလပေါ့ဗျာ အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကိုလုပ်ကြည့်ကြမလား နောက်နှစ်January ဒီအချိန်လေးမှာအဖြေထုတ်ကြည့်ကြမယ် တကယ်ဖြစ်ချင်ရင်တကယ်လုပ်အဟုတ်ဖြစ်ရမည်တဲ့ နေမကောင်းဘူးဆိုတာမရှိစေရ ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊သွယ်လျပြီးလှပတဲ့ဘဝ၊တိုးတက်ပြီးအောင်မြင်တဲ့ဘဝ၊စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝကိုတကယ်လိုချင်သူတွေအတွက်

CHALLENGE

ချစ်ခင်လေးစားလျှက်

စာရေးဆရာမင်းကျော်ဝင်း

ရှောက်ရွက်နှင့်ကျန်းမာရေး(အဆီကျဆေး)

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီတစ်လလုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။ရှောက်ရွက်ကိုကြက်သွန်ဖြူ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်ပါတယ်။ဒါတင်ပဲလား? မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။တစ်ပတ်ကို ၃/၄ ကြိမ်စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ရှောက်ရွက်မှာ စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုးပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းလည်းရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။

ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေးရင်ချီ၊စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင်ဖြစ်ချင်ရင်တော့ လွယ်ပါတယ်။ ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကိုထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက်နေလှန်းလိုက်ပါ။ ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်းပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လနှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေးရသွားပါလိမ့်မယ်။ဒါ့အပြင်အသည်းအဆီဖုံးတာတွေ၊နှလုံးအဆီပိတ်တာတွေလည်းမဖြစ်တော့ပါဘူး။

အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ်စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ။ အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။

ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်

ရှောက်ရွက်ဟာ ဗိုက်ခေါက်က အဆီတွေကို ချေဖျက်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ တို့စရာအဖြစ်သာ စားသုံးကြတဲ့ ရှောက်ရွက်ကိုသဘာဝရဲ့ အစွမ်းနဲ့ အဆီကျတဲ့နေရာမှာပါ သုံးကြည့်ခြင်းဟာ ထူးခြားတဲ့ ရလဒ်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းနဲ့ ပြုလုပ်ပုံကတော့ အလွန် လွယ်ကူလှပါတယ်။ ရှောက်ရွက်အကြမ်းနဲ့ သကြားပဲ လိုတာပါ။

လိုအပ်တဲ့ ပစ္စည်းများ

ရှောက်ရွက်အကြမ်း ၉ရွက်
သကြား ၃ဇွန်း (စားပွဲတင်ဇွန်း)
အဝကျယ် ပုလင်းလွတ်

ပထမဦးစွာ ရှောက်ရွက်တွေကို ရေစင်အောင်ဆေးပါ။ ပုလင်းအလွတ်ထဲကို သကြား ၃ဇွန်းထည့်ပါ။ ပြီးရင် ရှောက်ရွက် ၉ရွက်ကို စီထည့်ပါ။ ရေကျတ်အေး အပြည့်လောင်းထည့်ပါ။ နေပူမှာ ၉ရက်လှန်းထားပါ။

သောက်ရမယ့် ရက်က ၉ရက်ဖြစ်တဲ့အတွက် ပုလင်းတစ်လုံးကို ၃ရက်လောက်ပဲ သောက်ရမယ်ထင်ရင် နောက်ထပ် ပုလင်းတွေနဲ့ ရှောက်ရွက်တွေကို ရှာထားပါ။ ပုလင်းတစ်လုံးစီတိုင်းမှာတော့ ရှောက်ရွက် ၉ရွက်နဲ့ သကြား ၃ဇွန်းထည့်ပါ။

နေလှန်းတာ ၉ရက်ပြည့်ရင်တော့ စစားလို့ ရပါပြီ။ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ မသောက်ခင် ပုလင်းကို လှုပ်ပေးပါ။ လက်ဖက်ရည်ပန်းကန် တစ်ဝက်ခန့် မှန်မှန် သောက်ပေးပါ။ ၉ရက်သောက်ပါ။ တစ်ခါတည်း စွဲသောက်မယ်ဆိုရင်တော့ ထိုနည်းအတိုင်း ထပ်ထပ်ပြီး လုပ်ထားပါ။ မှန်မှန်သောက်ပေးခြင်းဟာ ခါးနဲ့ ဗိုက်အဆီတွေကို ချေပေးနိုင်ရုံမက အသည်းအဆီဖုံးခြင်းနဲ့ နှလုံးအဆီပိတ်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။

Crd.တိုင်းရင်းဆေး

သမားတော်တိုင်းရင်းဆေး

တစ်နေ့ကို ၁၅ မိနစ်အချိန်ပေးရုံနဲ့ ရက် ၃၀ အတွင်း ဗိုက်ချပ်သွားစေမယ့်လေ့ကျင့်ခန်းများ

ဗိုက်ချပ်ချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်မှကို ရမှာပါ။

လေ့ကျင့်ခန်းလုပ်မယ်ဆိုလည်း နေ့တိုင်း မပျက်မကွက် ပုံမှန်လုပ်သွားဖို့လိုပါတယ်။ ဒါမှ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။

ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်အချိန်ပေးရုံနဲ့ ရက် ၃၀ အတွင်း ဗိုက်ချပ်သွားစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လှေခါးပေါ်ကို တက်လိုက်ဆင်းလိုက်နဲ့ ၁၅ မိနစ်ပြည့်အောင် လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ခန္ဓာကိုယ်အဆီ၊ ဗိုက်အဆီ အကုန်ကျစေပါတယ်

ထိုင်ခုံပေါ်မှာထိုင်ပြီး ပထမပုံမှာပြထားတဲ့အတိုင်း စလုပ်ပါ။ ပြီးရင် ဒုတိယပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ဆန့်ထုတ်လိုက်ပါ။

အဲ့အတိုင်း အကြိမ် ၂၀ စီ ၃ ကျော့ ပြန်လုပ်ရပါမယ်။ ဒါဆိုရင် လုပ်ရမယ့် အကြိမ်အရေအတွက်က စုစုပေါင်း အကြိမ် ၆၀ ဖြစ်သွားမှာပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ထိုင်ခုံပေါ်မှာနေပြီး ခြေထောက်ကို အပေါ်မြှောက်လိုက်၊ အောက်ချလိုက် လုပ်ပေးရမှာပါ။

ကြမ်းပြင်မှာလှဲပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို အပေါ်မြှောက်ပါ။ ပြီးရင် ပြန်ချပါ။ အဲ့အတိုင်း အကြိမ် ၂၀ စီ ၃ ကျော့ ပြန်လုပ်ရပါမယ်။

ဒါဆိုရင် လုပ်ရမယ့် အကြိမ်အရေအတွက်က စုစုပေါင်း အကြိမ် ၆၀ ဖြစ်သွားမှာပါ။

ပထမပုံမှာပြထားတဲ့အတိုင်း စနေပြီး ဒုတိယပုံနဲ့ တတိယပုံထဲကအတိုင်း လက်ကိုဆန့်ထုတ်၊ လက်ဖဝါးနှစ်ဖက်ကိုစုပြီး ဘေးဘက်ကို ပို့ရမှာပါ။ ဘယ်၊ညာ တစ်လှည့်စီ ပြောင်းလုပ်ရမှာပါ။

crd,copy 

photo crd

အိမ်သား တွေ နေ မကောင်း ဖြစ်ရင် ဒီအစားအစာ တွေ မကျွေးရ ဘူးနော်

နေမကောင်း ဖြစ်နေ တဲ့ အချိန် မှာ

ရှောင်ရမယ့် အစားအစာ တွေ ရှိပါတယ်။

အိမ်ရှင်မ တွေ သာမက

အိမ်သား အားလုံး သိထား မှ တစ်ဦး နဲ့ တစ်ဦး စောင့်ရှောက် နိုင် မှာပါလူတစ်ယောက် နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူ ပေမယ့် သတိထား ရှောင်လိုက် တာအကောင်းဆုံး ပါ။

နှာစေးနေလျှ င်

ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ဆေးလိပ် နှင့် အရက်

ချောင်းဆိုး နေလျှင်

ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊
မြေပဲ၊ အရက် နှင့် ချိုသော အစားအစာ များ

ရုတ်တရက် အစာအိမ်ရောင် လျှင်

အကြော်အလှော်၊အရက်၊

ငရုပ်သီး နှင့် ကောက်ညှင်း

နာတာရှည် အစာအိမ်ရောင် လျှင်

ကောက်ညှင်း၊အသုတ်၊ အချဉ်ဖောက် ထား သော အစာများ

အူရောင်နေလျှင်

ငှက်ပျောသီး၊ မာလာကာသီး

အသည်းရောဂါဖြစ်နေလျှင်

ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊ ဆေးလိပ် နှင့် အရက်ဖြစ်ပြီး အရေးကြီးဆုံး က အိပ်ရေးပျက်ခံ လို့ မရပါ။

နှလုံးရောဂါ ဖြစ်လျှင်ကယ်လိုရီများ သော အစာ နှင့်

ငန်သော အစားအစာ များ

ကျောက်ကပ်ရောဂါ ဖြစ်နေလျှင်ဘီယာ၊ အချို ရည်၊ ငါးခြောက် နှင့် မျှစ်ခြောက်

ဆီးချိုရောဂါ ဖြစ်လျင်

အချိုစာ၊ အရက်၊ အဆီများ သော အစာ၊ဆီကြော်စာနှင့် အကင်

သွေးအားနည်းနေလျှင်တရုတ်နံနံ

သွေးတိုးရောဂါဆိုရင်

အငန်ဓာတ် များသော အစာ၊ ဥအနှစ်၊ တိရိစ္ဆာန်ကလီစာ

အစာအိမ်နာဖြစ်လျှင်

ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သော ဟင်းကောက်ညှင်း၊ အရက်၊နာနတ်သီး၊ ငရုတ်သီး နှင့် မာလာကာသီး

အရိုးကာအမြှေးရောင်နာ ဖြစ်လျှင်ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး

လိပ်ခေါင်းရောဂါ ဖြစ်လျှင်အရက်၊ ဆေးလိပ်၊ အစပ် နှင့် ဆီကြော်စာ များ

လေးဖက်နာရောဂါ ဖြစ်လျှင်ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ

အရေပြား Allergic ဖြစ်လျှင်ပင်လယ်စာ၊ ပိန်းဥ၊ ရေခဲ၊ လိုင်ချီးသီး နှင့် သရက်သီး

အာရုံကြောအားနည်းလျှင် ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ

crd,copy

ကျောက်ကပ်ရောဂါဝေဒနာသည်များအတွက် ဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေးကုန်ကျမှု များပြားသော ရောဂါတစ်ခုဖြ

ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလည်းကုန်လှပါသည် အချိန်အခိုက်အတန့်တစ်ခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည် ကျောက်ကပ်အစားထိုးလဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည် လဲဖို့စရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည် ထို့ကြောင့် ကျောက်ကပ်ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ

ရောဂါဖြစ်ကာစ ဝေဒနာရှင်များပျောက်ကင်း၍ နာတာရှည် ခံစားနေရသူများသက်သာပြီးကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေလျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။

ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည် သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည် စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်ကမ္ဘာပေါ်တွင် နာမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။

အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ ယခုတင်ပြသော ဓါတ်စာ ဆေးနည်းမှာကျွန်တော်တို့မိသားစုဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။

(၁) ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ(အသား၊ငါး မရောပါနှင့် ရောဂါမရှိသေးသူများသောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျားများအတွက် ယောက်ျားပီသစေပါသည်

(၂) တရုတ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင်ထည့်စိမ်ပါ လက်ဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါအဖတ်ဝါးစားပါညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါအိပ်ချိန်နှင့်ဝေးပါစေသွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်ည (၇)နာရီဆိုလျှင် သင့်တော်ပါသည်။

(၃) ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ တဖြေးဖြေးသက်သာလာပါမည်။

(၄) ရေပူစမ်းနှင့်နီးပါက တစ်ပါတ်တစ်ကြိမ်ချိုးပါ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါသုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ

ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေလျော့လာသည်ကို တွေ့ရပါမည်ယုံကြည်စွာ စားသုံးကြည့်ပါသက်သာပျောက်ကင်းပါက ဤဓါတ်စာကို ကျောက်ကပ်ရောဂါဝေဒနာရှင်များအား မျှဝေပါ။

မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာ ရှိပါသေးသည်သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် မျှဝေပေးလိုက်ရပါသည်

သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ကြပါစေ

credit, copying

၀က်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေ တစ်ပတ်အတွင်းပျောက်ကင်းအောင်

(၁)မျက်နှာသစ်ပါ

၀က်ခြံဖြစ်တဲ့ အသားအရေဟာ အဆီပြန်တဲ့အသားအရေဖြစ်တတ်ပါတယ်။ဒါကြောင့် မနက်(အိပ်ရာထ မဟုတ်ပါ)ကျောင်းမသွားခင်၊ရုံးမသွားခင် မျက်နှာသစ်ပေးပါ။ညအိပ်ရာ ၀င်ခါနီးတစ်ကြိမ် မျက်နှာသစ်ပေးပါ။

(၂)အာလူးသုံးပါ

အာလူးကို အကွင်းလေးတွေလှီးပါ။သို့မဟုတ် ချေလိုက်ပါ။ပြီးရင် အမာရွတ်တွေကို အုပ်ထားပါ။မိနစ် ၃၀ လောက်ကြာရင် ခွာပြီးမျက်နှာသစ်ပါ။တစ်ပတ်နှစ်ကြိမ်လောက်ပြုလုပ်ပေးရင် ၀က်ခြံအမာရွတ်မှ မဟုတ်ပဲ အခြားအမာရွတ်တွေပ် သက်သာပျောက်ကင်းစေပါတယ်။

(၃)ဗီတာမင် စီ မှီဝဲပါ

အရှင်းဆုံးနည်းလမ်းကတော့ သံပရာသီးတစ်နေ့တစ်လုံးကို ဒီတိုင်းပဲစားစား၊ဖျော်ရည်ပဲလုပ်သောက်သောက် တစ်နေ့တစ်လုံးသောက်ပေးရပါမယ်။အလုပ်များတယ်ဆိုရင်တော့ ဗိုက်တာမင်စီ ဆေးပြားလေးတွေ တစ်နေ့နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ဗိုက်တာမင် စီဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး အစက်အပြောက်လေးတွေကို သေးငယ်စေပါတယ်။

(၄)moisturizer အသုံးပြုပါ

အမာရွတ်တွေကို ပြန်လည်အစားထိုးဖို့ ဆဲလ်တွေက ရေဓါတ်ကို လိုအပ်ပါတယ်။ဒါကြောင့် moisturizer ကိုအသုံးပြုပါ။အများကြီး အသုံးမပြုပါနှင့်။အချို့ moisturizer တွေက အဆီပြန်တတ်လို့ပါ။

(၅)သံပရာနှင့် ဂလစ်ဆရင်း(Glycerin) ရောစပ်ပါ

သံပရာရည် တစ်ဆ၊Glycerin နှစ်ဆကို ရောစပ်ပါ။ပျစ်ချွဲချွဲ အရည်များဖြစ်သွားပ်မည်။၄င်းကို မျက်နှာပေါ်တွင် သုတ်လိမ်းပါ။ခြောက်သွားလျင် Mask ကဲ့သို့ဖြစ်သွားပါလိမ့်မည်။မိနစ် ၂၀ ခန်ကဖုံးအုပ်ထားပါ။တစ်ပတ်တစ်ကြိမ် အသုံးပြုပါ။နှစ်ပတ်အတွင်း သိသိသာသာထူးခြားလာပါလိမ့်မည်။
(Glycerin အဆီကို ၀င်းသူဇာဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။အပြင်ဆေးဆိုင်တွေမှာ ၀ယ်ယူရင် Glycerin တစ်မျိုးတည်းမဟုတ်ပဲအခြားဓါတု ပစ္စည်းတွေပါ၀င်တတ်ပါတယ်။

(၆)ရေများများသောက်ပါ

ရေကို တစ်နေ့အနည်းဆုံး ၁၅ ခွက်သောက်သုံးပါ။ေ၇သောက်ချင်းကြောင့် အသားအရေစိုပြေမှုရရှိပါလိမ့်မယ်။

(၇)ကိုယ်တိုက်ဆပ်ပြာတွေ ရှောင်ကြဉ်ပါ

ကိုယ်တိုက်ဆပ်ပြာတွေမှာ အပြင်းစား ဓါတုပစ္စည်းတွေပါ၀င်နေတဲ့အတွက် ၀က်ခြံအမာရွတ်တွေနဲ့ ထိလျှင် အမာရွတ်တွေ မဲသွားနိုင်ပါတယ်။

(၈)မိတ်ကပ်တွေနဲ့ မဖုံးပါနဲ့

မိတ်ကပ်တွေနဲ့ဖုံးအုပ်ထားရင် ချွေးပေါက်တွေကို ပိတ်သွားစေပြီး ပိုမိုဆိုးဝါးလာနိုင်ပါတယ်။

(၉)ခေါင်းအုံးစွပ်တွေကို လျှော်ဖွတ်ပါ

ခေါင်းအုံးစွပ်တွေကို တစ်ပတ်စ်ခါ ဖြစ်နိုင်လျင်လျှော်ပါ။အနည်းဆုံး တစ်လတစ်ခါလျော်ပါ။လျှော်သည့်အခါ ဆပ်ပြာမှုန့်တွေသိပ်မသုံးပါနှင့်။ရေနွေးထဲစိမ်ပြီးမှလျှော်လျှင်ပိုကောင်းပါသည်

(၁၀)အရမ်းစိတ်မပူပန်ပါနှင့်

အမာရွတ်တွေမပျောက်မှာ စိုးပြီးအရမ်း မပူပန်ပါနှင့်။စိတ်ဖိစီးမှုကြောင့် ၀က်ခြံထွက်နိုင်တယ်ဆိုတာ သတိထားပါ။

Crd,copy

ကြက်ဥ Egg

ကြက်ဥတွင်ပါဝင်သော ကိုလင်းဓာတ်သည် ဉာဏ်ပညာဖွံ့ဖြိုးရေး၊ ဦးနှောက်နှင့် အာရုံကြော ထူးချွန်ထက်မြက်ရေးကို များစွာအထောက်အကူပြုသောကြောင့် ကြက်ဥကို ငယ်ရွယ်စဉ်ကပင် စတင်စားသုံးသင့်ပါသည်။

အထူးသဖြင့် ဖျားနာနေသောကလေးများအတွက် အကောင်းဆုံးအာဟာရဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသောကလေးများကို ကြက်ဥများများ ကျွေးသင့်ပါသည်။

အသက်အရွယ်ကြီးသူများသည် ကြက်ဥကို ပုံမှန်စားသုံးလျှင် မျက်စိမှုန်ခြင်း၊ အရိုးပါး၊ အရိုးပွနှင့် သွားများပဲ့ခြင်း၊ ကျိုးခြင်းတို့မှ ကာကွယ်ပေးပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များသည် ကြက်ဥကို တစ်နေ့တစ်လုံး နေ့စဉ် ပုံမှန်စားသုံးပေးပါဟု တိုက်တွန်းလိုပါသည်။

ကြက်ဥမှတစ်ဆင့် ရောဂါပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက်လည်း ကြက်ဥကို ကိုင်တွယ်ပြီးတိုင်း မပျက်မကွက် လက်ဆေးခြင်းဖြင့် အန္တရာယ်ကင်းကင်း စားသုံးနိုင်ပါသည်။

Cry – Dr. Khin Maung Lwin – FAME

Photo – Credit

အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့” ဟုဘာလို့ဆိုတာလဲ

အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့” ဟုဘာလို့ဆိုတာလည်း

အိမ့်တောင်လူမိုက် ဘူးမစိုက်နဲ့သည် စကားပုံလေးငယ်စဉ်ကပင် ကြားဖူးခဲ့ပါ၏။

သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင်အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လားလူလိမ္မာမှ စိုက်ရမည်လားစသဖြင့် အမှတ်မထင် ဆရာကြီး(စစ်ကိုင်းဦးဖိုးသင်း)၏ ဆောင်းပါးကိုဖတ်မိ၍ ဆိုလိုရင်းအမှန်ကို သိရတော့သည်။

ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါစိုက်ပျိုးတတ်သည်။ ဆောင်းအခါတော့ကိုင်းဘူးပေါ့။ မိုးတွင်း လေတိုက်ခတ်ရာအရပ်မှာ တောင်လေ၊ အနောက်တောင်လေများ တိုက်ခတ်ပါသည်။

ဘူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကိုထုတ်ပါသည်။ ညအခါတွင်မတော့ အောက်စီဂျင်ကိုရှူသွင်းပြီးကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပါသတဲ့။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်။

ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင်စိုက်မိလျှင် ညအခါ ဘူးပင်မှလာသော လေသည် (လေဆိုး )အဆိပ်ဓါတ်ပါပဲ။ ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံဝင်နိုင်ပါသတဲ့ ။

သည်အကြောင်းကြောင့်ပင် မိမိအိမ်တွင်ဘူးပင်စိုက်ပျိုးပါက အိမ်၏တောင်ဘက်အရပ်တွင် ဘူးပင်မစိုက်ပျိုးသင့်ကြောင်းကို “အိမ်တောင်လူမိုက်ဘူးမစိုက်နှင့်”ဟူသောစာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း

မေတ္တာဖြင့်မျှဝေပါသည်

မူရင်းရေးသားသူအားcreditပေးပါသည်။

ရေချိုးရာမှာ ရေနွေးနဲ့ချိုးတာနဲ့ ရေအေးနဲ့ချိုးတာ ဘယ်ဟာက ကျန်းမာရေးကို ပိုကောင်းစေပါသလဲ

ချိုးတဲ့လူရဲ့ အခြေအနေပေါ်မူတည်ပြီး အနည်းငယ်စီ ကွာခြားမှုရှိပေမဲ့ သာမန်လူတစ်ဦးအနေနဲ့ ပြောရရင်တော့ ရေနွေးနဲ့ချိုးတာဟာ အများကြီးပိုကောင်းပါတယ်။ ဘာလို့လဲဆိုတာ ဆက်ရှင်းပြပါမယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ 37°C ရှိပါတယ်။ 37°C အပူချိန်ရှိတဲ့ ရေနွေးနဲ့ ချိုးခဲ့ရင် သန့်ရှင်းစင်ကြယ်မှုနဲ့ စိတ်ကိုရွှင်လန်းစေတာကလွဲလို့ ခန္ဓာကိုယ်တွင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုရှိမှာ မဟုတ်ပါဘူး။

37°C ထက်ပိုပြီး ပူတဲ့ရေနွေးနဲ့ချိုးရင် ခုနက အာနိသင်နှစ်ခုအပြင် ခန္ဓာကိုယ်တွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါမယ်။ ပထမဆုံးအနေနဲ့ အရေပြားကို စတင်ပူစေပါတယ်။ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေကို ပူစေတဲ့အတွက် အဲ့ဒီသွေးကြောလေးတွေ ကျယ်လာပါမယ်။ ဒါကြောင့် အရေပြားတစ်လျှောက် သွေးလည်ပတ်မှုတွေ ကောင်းလာပါမယ်။ ပြီးရင် ကြွက်သားတွေ ပူနွေးလာတဲ့အတွက် ကြွက်သားတွေကြားမှာ သွေးလည့်ပတ်မှု ကောင်းလာပါမယ်။ ဒီလိုသွေးလည့်ပတ်မှု ကောင်းလာတဲ့အတွက် သွေးဖိအား (Blood Pressure) အနည်းငယ် ကျသွားပါတယ်။ နှလုံးခုန်နှုန်း အနည်းငယ်မြန်လာပါမယ်။ သွေးကြောထဲ လှည့်လည်နေတဲ့ သွေးပမာဏ (Circulating blood volume) များလာပါမယ်။ ကျောက်ကပ်ကို သွေးသွားတာ နည်းသွားတဲ့အတွက် ဆီးသွားတာလည်း လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ရေနွေးနဲ့မချိုးခင်မှာ ရေအဝသောက်ပြီးမှ ချိုးသင့်ပါတယ်။

ဒီလို ရေအဝသောက်ပြီးမှချိုးရင် ကြွက်သားတွေထဲကို အောက်ဆီဂျင် ပိုမိုပေးပို့ နိုင်ပြီး ကြွက်သားထဲမှာရှိတဲ့ ဇီဝစွန့်ပစ်ပစ္စည်း (Metabolic waste) တွေဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ လက်တစ်အက်ဆစ် (Lactic acid) တွေဟာ သွေးကနေတစ်ဆင့် ကျောက်ကပ်ကိုရောက်မယ်။ ပြီးရင် ဆီးကနေ အမြန်ဆုံးစွန့်ထုတ်ပေးနိုင်ပါတယ်။ ကြွက်သားတွေ ညောင်းညာ နာကျင်ကိုက်ခဲခြင်းတွေဟာ ဒီလက်တစ်အက်ဆစ်တွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကြွက်သားတွေကို အညောင်းပြေစေပြီး နာကျင်မှုဝေဒနာတွေကနေ သက်သာစေမှာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ သွေးထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စွန့်ထုတ်ဖို့အတွက် အသက်ရှူနှုန်းတွေလည်း မြန်လာတတ်ပါတယ်။ ခန္ဓာကိုယ်ကနေ အင်တီဘော်ဒီ (Antibody) တွေကို ပိုထွက်စေပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုကောင်းစေပါတယ်။ အထူးသဖြင့် အဆိပ်အတောက်တွေ ဖယ်ရှားမှု (Detoxification) ကိုလည်း များစွာကောင်းမွန်စေပါတယ်။ အာရုံကြောတွေကို နိုးကြားကောင်းမွန်စေပြီး စိတ်ပြေပျောက်မှု၊ တည်ငြိမ်အေးချမ်းမှု (Relaxation) ကို ရစေနိုင်ပါတယ်။

ဒါဆို ရေနွေးနဲ့ လူတိုင်းချိုးသင့်ပါသလား??

အများအတွက်မှန်ပေမဲ့ ရေနွေးနဲ့မချိုးသင့်တဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။ ဥပမာအားဖြင့်

1. အဖျားသိပ်ကြီးနေရင်
2. အတက်ရောဂါဖြစ်နေသူတွေ
3. သွေးကျဲရောဂါရှိသူတွေနဲ့ သွေးမခဲစေတဲ့ဆေးအချို့ သောက်နေရသူတွေ (Patients under anticoagulant therapy)
4. လောလောဆယ် ဒဏ်ရာရထားသူတွေ၊ သွေးထွက်နေတဲ့ အခြေအနေမျိုးတွေ (ဥပမာ-နှာခေါင်းသွေးယိုတာတို့၊ သွေးကြောတွေ ပေါက်ထွက်တတ်သူတွေ၊ ဗီတာမင်စီ ချို့တဲ့ရောဂါ (Scurvy) ရှိသူတွေ)
5. အရေပြားမှာ အယားအဖုအပိမ့် (Allergic rash) တွေ ထွက်နေသူတွေ
6. လောလောဆယ် အရေပြားမှာ ရောဂါပိုးတွေရှိနေသူတွေ ဥပမာ-အရေပြား တီဘီလိုရောဂါမျိုး (ရောဂါပိုးတွေ ပြန့်ပွားနိုင်လို့ဖြစ်ပါတယ်)
7. အချို့ကင်ဆာရောဂါသည်တွေ (သွေးကင်ဆာ)
8. ကိုယ်ဝန်ဆောင်တွေ (သန္ဓေသားဆီကို သွေးအရောက်နည်းမှာစိုး၍)
9. မွေးကာစ ကလေးငယ်လေးတွေ
10. သွေးပေါင်ကျတတ်သူတွေနဲ့ နှလုံးရောဂါရှိသူတွေ ဖြစ်ပါတယ်။

Credit, ဒေါက်တာခင်မောင်လွင် (FAME)