Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Category: ကျန်းမာရေးဗဟုသုတ

တကွီကွီတစီစီနဲ့ Eပါပြီး ဗိုက်ချပ်နည်း

တကွီကွီတစီစီနဲ့ Eပါပြီး ဗိုက်ချပ်နည်း

လူအများစုရဲ့ အထင်က ဗိုက်ပူတာဟာ ဝမ်းဗိုက်မှ ာအဆီတွေ စုပါများပြီး အဆီတွေ အခေါက်တွေ ထူလာလို့ ဖြစ်ရတာလို့ပဲ ထင်နေကြပါတယ်။ အဲဒါ တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ လူတွေ သတိမထားမိကြသေးတဲ့ အကြောင်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အူမကြီးတွေ ကြီးမား တုတ်ခိုင်လွန်းနေလို့ ဗိုက်ပူထွက်နေကြရခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ ဗိုက်ပူထွက်လာကြရသူတွေဟာ အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့ ဖြစ်ရတာ များပါတယ်။

အူမကြီးတွေ ဘာကြောင့် ကြီးမားတုတ်ခိုင်လာကြရတာလဲ။ ဖြစ်စဉ်ကတော့ အနှစ်နှစ်အလလ အစားအစာတွေကို စားလာခဲ့ရာကနေဖြစ်လာရတာပါပဲ။ အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာ အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။ အဲဒီအစာဟောင်းတွေဟာ ရှေ့ကို မြန်မြန်တိုးပြီး မစင်အဖြစ် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။ သို့သော်လည်း လူက ရေသောက်နည်းခြင်း၊ အမျှင်စာစားတာနည်းခြင်း၊ လှုပ်ရှားမှု နည်းခြင်းတွေကြောင့် အစာဟောင်းတွေဟာ ရှေ့ကိုမြန်မြန်မတိုးနိုင်ကြဘူး။ အဲဒီအခါမှာ အူမကြီးအတွင်းနံရံတွေမှ ာမစင်တွေက ချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။ ဒီဖြစ်စဉ်မျိုးက အမြဲတန်း ဖြစ်လာရာက ကြာတော့အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး ဗိုက်ကြီးက ပူထွက်လာတော့တာပေါ့။ ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင် သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။

အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့ လူတစ်ယောက် သေသွားလို့ သူ့အလောင်းကို ခွဲစိတ်ကြည့်ကြပါတယ်။ ဗိုက်ကို ခွဲလိုက်ရာမှာ သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမားတုတ်ခိုင်နေတာကို တွေ့ကြပါတယ်။ အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့ ကြောက်စရာကောင်းလောက်အောင် နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အနှစ်နှစ် အလလက စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့် အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး ဗိုက်ပူထွက်လာခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အူအရှည်ဟာ ၂၆ပေကနေပေ၃၀လောက် အထိ ရှည်ပါတယ်။ အဲ့လောက် ရှည်တဲ့အူတွေ တုတ်ခိုင်ကြီးမားနေတော့ ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။အူမကြီးတွေမှာ မစင်ချိုးတွေ များနေခြင်းဟာ လူကိုရောဂါများစေပြီး အသက်လည်း တိုတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့ အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ ဝင်ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမစင်ချိုးတွေကို ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။ မစင်ချိုးတွေကို ဖယ်လိုရှင်းလင်းဖယ်ရှားပစ်ရမလဲ။

နိုင်ငံခြားမှာတော့ ဝမ်းချူတဲ့ စက်တွေနဲ့ စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။ ၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်း ချပ်နေလို့ ထိုင်လို့လည်း ကောင်းသွားကြတယ်လို့ ဆိုပါတယ်။ ကျနော်တို့ တိုင်းပြည်မှာတော့ အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး။ ဒါကြောင့် မြန်မာ့နည်း မြန်မာ့ဟန်နဲ့ပဲ လုပ်ကြတာပေါ့။

မြန်မာတွေ အလွန်နှစ်သက်တဲ့ ဟင်းအမယ်တွေ ရှိပါတယ်။ အဲဒီထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့ ကင်ပွန်းချည်ကို မကြိုက်သူမရှိသလောက်ပါပဲ။ ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း ချက်စားကြပါတယ်။ ကင်ပွန်းသီးကိုလည်း တရော်နဲ့တွဲပြီး ခေါင်းလျှော်ကြပါတယ်။ ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့ ဆေးကြောပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ် အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး နေ့လယ်ထမင်းစားချိန်မှ ာထမင်းနဲ့အတူ အားရပါးရ စားပါသောက်ပါ။ တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။ အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင် မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။ ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင် နောက်ကတံမြက်စည်းနဲ့ လှဲပြီးသန့်ရှင်းရေး လုပ်ပေးရပါတယ်။ ဒါကြောင့် ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ ဂေါရခါးညွန့်လို အရွက်အညွန့်တွေ ဗိုက်ဝတဲ့အထိ ကြော်စားပေးပါ။ ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး အိပ်လိုက်ပါ။ အူတွေ လှိုင်းထအောင် ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး ရေများများ သောက်ဖို့လည်း လိုပါတယ်။

အဲ……နောက်နေ့မနက်မှာတော့ တကွီကွီတစီစီနဲ့ Eပါပြီး အူမကြီးထဲက မစင်ချိုးတွေ အကျိအချွဲတွေ အရိအရွဲတွေ ထွက်ကျလာလိမ့်မယ်။ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။ တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင် ၁နှစ်လောက်အကြာမှာ သိသိသာသာဗိုက်ချပ်ပါတယ်။ နေလို့လည်း ကောင်းသွားလိမ့်မယ်။ အသက်ကြီးလာလို့ ဗိုက်ပူလာပြီး အစားလျှော့ပေမဲ့ ဗိုက်မချပ်သူများ ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။ ဗိုက်လေးချပ်မှလည်း ကြည့်ကောင်းတာမဟုတ်လား။

ဆရာမင်းကျော်၀င်း ဆောင်းပါးအား ပြန်လည်မျှဝေသည်။

Credit-ဆရာမင်းကျော်၀င်း

(Zawgyi)

တကြီကြီတစီစီနဲ႔ Eပါၿပီး ဗိုက္ခ်ပ္နည္း

လူအမ်ားစုရဲ႕ အထင္က ဗိုက္ပူတာဟာ ဝမ္းဗိုက္မွ ာအဆီေတြ စုပါမ်ားၿပီး အဆီေတြ အေခါက္ေတြ ထူလာလို႔ ျဖစ္ရတာလို႔ပဲ ထင္ေနၾကပါတယ္။ အဲဒါ တစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ဘူး။ လူေတြ သတိမထားမိၾကေသးတဲ့ အေၾကာင္းတစ္ခု ရွိေနပါေသးတယ္။ အဲဒါကေတာ့ အူမႀကီးေတြ ႀကီးမား တုတ္ခိုင္လြန္းေနလို႔ ဗိုက္ပူထြက္ေနၾကရျခင္းပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ အသက္ႀကီးလာလို႔ ဗိုက္ပူထြက္လာၾကရသူေတြဟာ အဲဒီ့အူမႀကီးေတြ တုတ္ခိုင္ႀကီးမားလာလို႔ ျဖစ္ရတာ မ်ားပါတယ္။

အူမႀကီးေတြ ဘာေၾကာင့္ ႀကီးမားတုတ္ခိုင္လာၾကရတာလဲ။ ျဖစ္စဥ္ကေတာ့ အႏွစ္ႏွစ္အလလ အစားအစာေတြကို စားလာခဲ့ရာကေနျဖစ္လာရတာပါပဲ။ အစာစားလိုက္တဲ့ အခါမွာ အစာေဟာင္းေတြဟာ အူမႀကီးထဲကို ေရာက္ရွိၿပီး အထိုင္ခ်ပါတယ္။ အဲဒီအစာေဟာင္းေတြဟာ ေရွ႕ကို ျမန္ျမန္တိုးၿပီး မစင္အျဖစ္ ခႏၶာကိုယ္ျပင္ပကို ထြက္သြားဖို႔လိုပါတယ္။ သို႔ေသာ္လည္း လူက ေရေသာက္နည္းျခင္း၊ အမွ်င္စာစားတာနည္းျခင္း၊ လႈပ္ရွားမႈ နည္းျခင္းေတြေၾကာင့္ အစာေဟာင္းေတြဟာ ေရွ႕ကိုျမန္ျမန္မတိုးႏိုင္ၾကဘူး။ အဲဒီအခါမွာ အူမႀကီးအတြင္းနံရံေတြမွ ာမစင္ေတြက ခ်ိဳး(ဂ်ိဳး)အျဖစ္ ကပ္ကပ္လာပါတယ္။ ဒီျဖစ္စဥ္မ်ိဳးက အၿမဲတန္း ျဖစ္လာရာက ၾကာေတာ့အူမႀကီးေတြ အလုံးတုတ္တုတ္လာၿပီး ဗိုက္ႀကီးက ပူထြက္လာေတာ့တာေပါ့။ ထင္ရွားတဲ့ ဥပမာနဲ႔ ေျပာရရင္ သံေကာင္ေတြ အမ်ားႀကီးရွိတဲ့ ကေလးေတြ ဗိုက္ပူေနတဲ့ ပုံစံမ်ိဳးပါပဲ။

အေမရိကန္ႏိုင္ငံက ဗိုက္အလြန္ပူတဲ့ လူတစ္ေယာက္ ေသသြားလို႔ သူ႔အေလာင္းကို ခြဲစိတ္ၾကည့္ၾကပါတယ္။ ဗိုက္ကို ခြဲလိုက္ရာမွာ သူ႔ရဲ႕အူမႀကီးေတြဟာ အလြန္ကိုႀကီးမားတုတ္ခိုင္ေနတာကို ေတြ႕ၾကပါတယ္။ အဲဒီအူမႀကီးကို ခြဲလိုက္ရာမွာေတာ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ နံေစာ္ေနတဲ့ မစင္ခ်ိဳးေတြ ကပ္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ အႏွစ္ႏွစ္ အလလက စုေအာင္းလာတဲ့ မစင္ခ်ိဳးေတြေၾကာင့္ အူမႀကီးေတြ တုတ္ခိုင္ႀကီးမားၿပီး ဗိုက္ပူထြက္လာျခင္း ျဖစ္ပါတယ္။ လူတစ္ေယာက္ရဲ႕ အူအရွည္ဟာ ၂၆ေပကေနေပ၃၀ေလာက္ အထိ ရွည္ပါတယ္။ အဲ့ေလာက္ ရွည္တဲ့အူေတြ တုတ္ခိုင္ႀကီးမားေနေတာ့ ဝမ္းဗိုက္ကလည္း ပူထြက္လာေတာ့တာေပါ့။အူမႀကီးေတြမွာ မစင္ခ်ိဳးေတြ မ်ားေနျခင္းဟာ လူကိုေရာဂါမ်ားေစၿပီး အသက္လည္း တိုတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီမစင္ခ်ိဳးေတြကေန ထြက္လာတဲ့ အဆိပ္အေတာက္ေတြဟာ အူနံရံေတြကေန ဝင္ၿပီး တစ္ကိုယ္လုံးကို ပ်ံ႕ႏွံ႔ေရာက္ရွိၿပီး ေရာဂါျဖစ္ေစလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီမစင္ခ်ိဳးေတြကို ဖယ္ရွားရွင္းလင္းဖို႔ လိုအပ္ပါတယ္။ မစင္ခ်ိဳးေတြကို ဖယ္လိုရွင္းလင္းဖယ္ရွားပစ္ရမလဲ။

ႏိုင္ငံျခားမွာေတာ့ ဝမ္းခ်ဴတဲ့ စက္ေတြနဲ႔ စအိုကေန ေဆးရည္သြင္းၿပီး ဖယ္ရွားၾကပါတယ္။ ၇ႀကိမ္ေလာက္ ဝမ္းခ်ဴလိုက္ၿပီးေနာက္မွာ မစင္ခ်ိဳးေတြ ရွင္းသြားၿပီး ဗိုက္လည္း ခ်ပ္ေနလို႔ ထိုင္လို႔လည္း ေကာင္းသြားၾကတယ္လို႔ ဆိုပါတယ္။ က်ေနာ္တို႔ တိုင္းျပည္မွာေတာ့ အဲ့ဒီ့ေလာက္ ေခတ္မမွီေသးဘူး။ ဒါေၾကာင့္ ျမန္မာ့နည္း ျမန္မာ့ဟန္နဲ႔ပဲ လုပ္ၾကတာေပါ့။

ျမန္မာေတြ အလြန္ႏွစ္သက္တဲ့ ဟင္းအမယ္ေတြ ရွိပါတယ္။ အဲဒီထဲမွာ ထမင္းကို အလြန္ၿမိန္ေစတတ္တဲ့ ကင္ပြန္းခ်ည္ကို မႀကိဳက္သူမရွိသေလာက္ပါပဲ။ ေၾကာ္ခ်က္အျဖစ္၄င္း ဟင္းခ်ိဳအျဖစ္၄င္း ခ်က္စားၾကပါတယ္။ ကင္ပြန္းသီးကိုလည္း တေရာ္နဲ႔တြဲၿပီး ေခါင္းေလွ်ာ္ၾကပါတယ္။ ကင္ပြန္းပင္ဟာ ဆပ္ျပာကဲ့သို႔ ေဆးေၾကာေပးႏိုင္တဲ့ အာနိသင္ ရွိပါတယ္။ ကင္ပြန္းခ်ဥ္႐ြက္ကို ဟင္းခ်ိဳအျဖစ္ အရသာရွိေအာင္ ခပ္ပ်စ္ပ်စ္ခ်က္ၿပီး ေန႔လယ္ထမင္းစားခ်ိန္မွ ာထမင္းနဲ႔အတူ အားရပါးရ စားပါေသာက္ပါ။ တစ္ပန္းကန္လုံး ကုန္ေအာင္ေသာက္ပစ္လိုက္ေပါ့။ အဲဒီကင္ပြန္းခ်ဥ္က အူမႀကီးထဲေရာက္ရင္ မစင္ခ်ိဳးေတြကို ႏႉးေပးပါလိမ့္မယ္။ ေရွ႕ကဆပ္ျပာနဲ႔ ႏႉးထားၿပီးရင္ ေနာက္ကတံျမက္စည္းနဲ႔ လွဲၿပီးသန္႔ရွင္းေရး လုပ္ေပးရပါတယ္။ ဒါေၾကာင့္ ညေနဘက္မွာ အမွ်င္ဓါတ္ႂကြယ္ဝတဲ့ ေဂါရခါးၫြန္႔လို အ႐ြက္အၫြန္႔ေတြ ဗိုက္ဝတဲ့အထိ ေၾကာ္စားေပးပါ။ ညအိပ္ယာမဝင္ခင္ ပန္းသီးတစ္လုံးစားၿပီး အိပ္လိုက္ပါ။ အူေတြ လႈိင္းထေအာင္ ညေနဘက္မွာ လမ္းေလွ်ာက္ထြက္ေပးၿပီး ေရမ်ားမ်ား ေသာက္ဖို႔လည္း လိုပါတယ္။

အဲ……ေနာက္ေန႔မနက္မွာေတာ့ တကြီကြီတစီစီနဲ႔ Eပါၿပီး အူမႀကီးထဲက မစင္ခ်ိဳးေတြ အက်ိအခြၽဲေတြ အရိအ႐ြဲေတြ ထြက္က်လာလိမ့္မယ္။ဝမ္းခိုင္တဲ့ သူေတြကေတာ့ ဝမ္းႏူးပါလိမ့္မယ္။ တစ္ပတ္တစ္ခါေလာက္ ပုံမွန္ေလးလုပ္ေပးရင္ ၁ႏွစ္ေလာက္အၾကာမွာ သိသိသာသာဗိုက္ခ်ပ္ပါတယ္။ ေနလို႔လည္း ေကာင္းသြားလိမ့္မယ္။ အသက္ႀကီးလာလို႔ ဗိုက္ပူလာၿပီး အစားေလွ်ာ့ေပမဲ့ ဗိုက္မခ်ပ္သူမ်ား ဒီနည္းကို စမ္းၾကည့္ႏိုင္ပါတယ္။ ဗိုက္ေလးခ်ပ္မွလည္း ၾကည့္ေကာင္းတာမဟုတ္လား။

ဆရာမင္းေက်ာ္၀င္း ေဆာင္းပါးအား ျပန္လည္မွ်ေဝသည္။

Credit-ဆရာမင္းေက်ာ္၀င္း

အီး-စီးကရက် (e-cigarette) သောက်ရင် ဘယ်လိုမျိုး ဆိုးကျိုးတွေ ရှိပါသလဲ?

e-cigarette သုံးရင် ဘယ်လိုမျိုး ဆိုးကျိုးတွေ ရှိပါသလဲ??

အဓိကအနေနဲ့ (၅) ချက်ရှိပါတယ် ..

(၁) နစ်ကိုတင်းကြောင့် ဖြစ်လာသည့် ကျန်းမာရေးဆိုးကျိုးများ – e-cigs ဆိုတာ အဓိကအားဖြင့် နစ်ကိုတင်းအရည်ကို အငွေ့ပျံစေပြီး ရှူရှိုက်တာ ဖြစ်ပါတယ်.. သာမန်ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်းထက် ပိုမိုသန့်စင်အောင် ပြုလုပ်ထားပြီး ထုတ်ထားတာဖြစ်လို့ သူ့ချည်းပါဝင်မှု Concentration ပိုများပါတယ်.. ဒါ့ကြောင့် ရှူလိုက်ရင်ဝင်သွားတဲ့ နစ်ကိုတင်းပမာဏဟာ သာမန်ဆေးလိပ်တစ်လိပ်ကို ရှူလိုက်ရင် ဝင်လာတဲ့ပမာဏထက် ပိုများပါတယ်.. ဒါ့ကြောင့် နစ်ကိုတင်းကြောင့် ဖြစ်ရတဲ့ ကျန်းမာရေး ဆိုးကျိုးတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာ၊ ခြေလက်တွေ သွေးကြောပိတ်ပြီး ပုပ်တာ၊ ဦးနှောက်နဲ့ အာရုံကြောတွေ ထိခိုက်တာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ ဟော်မုန်းတွေ ပုံမှန်မဖြစ်တော့တာ၊ အရိုးတွေပွတာ၊ ကြွက်သားတွေနာကျင်တာ၊ အသက်တိုစေတာ အစရှိသဖြင့် အကုန်လုံးဖြစ်မှာပါ..

(၂) e-cigarette အရည်ထဲမှာပါဝင်တဲ့ ဖျော်ရည်အခြေခံပစ္စည်း (Base) ဖြစ်တဲ့ Propylene glycol တို့၊ glycerol တို့အပြင် ကြာရှည်ခံစေတဲ့ပစ္စည်းတွေ၊ အနံ့အရသာကောင်းဖို့ ထည့်ထားတဲ့ ဓာတုပစ္စည်းမျိုးစုံဟာလည်း ဒုက္ခပေးနိုင်ပါတယ်.. အဲ့ဒီပစ္စည်းတွေကို မီးနဲ့အပူပေးလိုက်ရင် ဓာတ်ပြုရာက Formaldehyde တွေ ထွက်လာလေ့ရှိပါတယ် .. အဲ့ဒီပစ္စည်းထဲက တချို့ဟာ အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်..

(၃) e-cigarette ကို အပူပေးလို့ထွက်လာတဲ့ အငွေ့တွေမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ ဓာတုပစ္စည်းတွေကို မီးရှို့ရာကထွက်လာတဲ့ ပစ္စည်းတွေဖြစ်လို့ အဆုတ်ကို ထိခိုက်စေပါတယ်..အဲ့ဒီအထဲမှာ အဆိုးဆုံးပစ္စည်းကတော့ “Diacetyl” လို့ခေါ်ပြီး အဆုတ်ကို တိုက်ရိုက်ဖျက်ဆီးတဲ့အတွက် ဓာတ်မှန်ရိုက်ကြည့်ရင် အဆုတ်နေရာတစ်ဝိုက်မှာ အဖြူရောင်အလုံးတွေ တွေ့ရလေ့ရှိပါတယ်.. ပြောင်းဖူးပေါက်ပေါက်နဲ့တူလို့ ဆေးပညာအရ “Popcorn lung” လို့ခေါ်ပြီး ပြန်ကုလို့မရတဲ့ အခြေအနေ (Irreversible lung disease) ဖြစ်ပါတယ်..

(၄) e-cigarette ရဲ့ အငွေ့ထဲမှာပါဝင်နေတဲ့ Nitrosamine တွေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေရဲ့ DNA ကို ထိခိုက်ပျက်စီးစေတဲ့အတွက် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်.. လောလောဆယ် ကြွက်တွေမှာစမ်းသပ်ပြီး ထွက်ရှိလာတဲ့ သုတေသနစာတမ်းတွေအရ ကြွက်တွေကို e-cigs အငွေ့တွေ ရှူခိုင်းကြည့်ရာမှာ အဆုတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတွေ ဖြစ်လာတာတွေ့ရပါတယ်.. အခုလောလောဆယ် အသုံးပြုနေတဲ့လူတွေကိုတော့ နောင် ၁ဝ နှစ်လောက်ကြာလို့ လေ့လာခဲ့ရင် လူတွေမှာလည်း ကင်ဆာဖြစ်စဉ်တွေ ပိုတွေ့ရတော့မှာပါပဲလို့ ပညာရှင်တွေက ယုံကြည်လျက်ရှိပါတယ်..

(၅) e-cigarette သုံးစွဲသူလူငယ်များ တိုးပွားလာခြင်းဟာလည်း အဓိကပြဿနာတစ်ခု ဖြစ်ပါတယ်.. e-cigs ကို စတင်ထုတ်လုပ်ခဲ့တဲ့ မူလရည်ရွယ်ချက်က ဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်ဖြတ်တဲ့အခါ အစားထိုးအသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးထုတ်ခဲ့တာ ဖြစ်ပါတယ်.. ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဆေးလိပ်လုံးဝမသောက်ဖူးသူ လူငယ်တွေအနေနဲ့ e-cigs ကို အန္တရာယ်ကင်းတယ်ထင်ပြီး အသုံးပြုမှုဟာ တစ်ဟုန်ထိုး တိုးတက်လာတာ တွေ့ရပါတယ်.. အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ၂ဝ၁၁ ကနေ ၂ဝ၁၃ ခုနှစ်အတွင်း အရင်က ဆေးလိပ်လုံးဝ မသောက်သုံးခဲ့တဲ့သူ e-cigs ကို သုံးစွဲနေသူပေါင်း ၂၆၃,ဝဝဝ ရှိတာ တွေ့ရပါတယ်.. အခုဆိုရင် သန်းဂဏန်းကျော်သွားလောက်ပြီလို့ ထင်ပါတယ်.. ဒါကလည်း သူ့မှာပါဝင်တဲ့ နစ်ကိုတင်းဟာ စွဲလန်းစေလို့ လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ ဖြစ်ပါတယ်.. ဒါဟာ အနာဂတ်မျိုးဆက်တွေအတွက် အင်မတန်မှ ရင်လေးစရာဖြစ်ပါတယ်..

Credit-ဒေါက်တာခင်မောင်လွင် (FAME)

(Zawgyi)

e-cigarette သုံးရင္ ဘယ္လိုမ်ိဳး ဆိုးက်ိဳးေတြ ရွိပါသလဲ??

အဓိကအေနနဲ႔ (၅) ခ်က္ရွိပါတယ္ ..

(၁) နစ္ကိုတင္းေၾကာင့္ ျဖစ္လာသည့္ က်န္းမာေရးဆိုးက်ိဳးမ်ား – e-cigs ဆိုတာ အဓိကအားျဖင့္ နစ္ကိုတင္းအရည္ကို အေငြ႕ပ်ံေစၿပီး ရႉရႈိက္တာ ျဖစ္ပါတယ္.. သာမန္ေဆးလိပ္မွာပါဝင္တဲ့ နစ္ကိုတင္းထက္ ပိုမိုသန္႔စင္ေအာင္ ျပဳလုပ္ထားၿပီး ထုတ္ထားတာျဖစ္လို႔ သူ႔ခ်ည္းပါဝင္မႈ Concentration ပိုမ်ားပါတယ္.. ဒါ့ေၾကာင့္ ရႉလိုက္ရင္ဝင္သြားတဲ့ နစ္ကိုတင္းပမာဏဟာ သာမန္ေဆးလိပ္တစ္လိပ္ကို ရႉလိုက္ရင္ ဝင္လာတဲ့ပမာဏထက္ ပိုမ်ားပါတယ္.. ဒါ့ေၾကာင့္ နစ္ကိုတင္းေၾကာင့္ ျဖစ္ရတဲ့ က်န္းမာေရး ဆိုးက်ိဳးေတြျဖစ္တဲ့ ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေလျဖတ္တာ၊ ေျခလက္ေတြ ေသြးေၾကာပိတ္ၿပီး ပုပ္တာ၊ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာေတြ ထိခိုက္တာ၊ ဆီးခ်ိဳေသြးခ်ိဳျဖစ္တာ၊ ေဟာ္မုန္းေတြ ပုံမွန္မျဖစ္ေတာ့တာ၊ အ႐ိုးေတြပြတာ၊ ႂကြက္သားေတြနာက်င္တာ၊ အသက္တိုေစတာ အစရွိသျဖင့္ အကုန္လုံးျဖစ္မွာပါ..

(၂) e-cigarette အရည္ထဲမွာပါဝင္တဲ့ ေဖ်ာ္ရည္အေျခခံပစၥည္း (Base) ျဖစ္တဲ့ Propylene glycol တို႔၊ glycerol တို႔အျပင္ ၾကာရွည္ခံေစတဲ့ပစၥည္းေတြ၊ အနံ႔အရသာေကာင္းဖို႔ ထည့္ထားတဲ့ ဓာတုပစၥည္းမ်ိဳးစုံဟာလည္း ဒုကၡေပးႏိုင္ပါတယ္.. အဲ့ဒီပစၥည္းေတြကို မီးနဲ႔အပူေပးလိုက္ရင္ ဓာတ္ျပဳရာက Formaldehyde ေတြ ထြက္လာေလ့ရွိပါတယ္ .. အဲ့ဒီပစၥည္းထဲက တခ်ိဳ႕ဟာ အဆိပ္အေတာက္ျဖစ္ေစၿပီး ကင္ဆာေရာဂါအထိ ျဖစ္ေစႏိုင္ပါတယ္..

(၃) e-cigarette ကို အပူေပးလို႔ထြက္လာတဲ့ အေငြ႕ေတြမွာပါဝင္တဲ့ ဓာတ္ပစၥည္းေတြဟာ ဓာတုပစၥည္းေတြကို မီးရႈိ႕ရာကထြက္လာတဲ့ ပစၥည္းေတြျဖစ္လို႔ အဆုတ္ကို ထိခိုက္ေစပါတယ္..အဲ့ဒီအထဲမွာ အဆိုးဆုံးပစၥည္းကေတာ့ “Diacetyl” လို႔ေခၚၿပီး အဆုတ္ကို တိုက္႐ိုက္ဖ်က္ဆီးတဲ့အတြက္ ဓာတ္မွန္႐ိုက္ၾကည့္ရင္ အဆုတ္ေနရာတစ္ဝိုက္မွာ အျဖဴေရာင္အလုံးေတြ ေတြ႕ရေလ့ရွိပါတယ္.. ေျပာင္းဖူးေပါက္ေပါက္နဲ႔တူလို႔ ေဆးပညာအရ “Popcorn lung” လို႔ေခၚၿပီး ျပန္ကုလို႔မရတဲ့ အေျခအေန (Irreversible lung disease) ျဖစ္ပါတယ္..

(၄) e-cigarette ရဲ႕ အေငြ႕ထဲမွာပါဝင္ေနတဲ့ Nitrosamine ေတြဟာ ခႏၶာကိုယ္ထဲမွာရွိတဲ့ ဆဲလ္ေတြရဲ႕ DNA ကို ထိခိုက္ပ်က္စီးေစတဲ့အတြက္ ကင္ဆာေရာဂါအမ်ိဳးမ်ိဳး ျဖစ္ေစႏိုင္ပါတယ္.. ေလာေလာဆယ္ ႂကြက္ေတြမွာစမ္းသပ္ၿပီး ထြက္ရွိလာတဲ့ သုေတသနစာတမ္းေတြအရ ႂကြက္ေတြကို e-cigs အေငြ႕ေတြ ရႉခိုင္းၾကည့္ရာမွာ အဆုတ္ကင္ဆာနဲ႔ ဆီးအိမ္ကင္ဆာေတြ ျဖစ္လာတာေတြ႕ရပါတယ္.. အခုေလာေလာဆယ္ အသုံးျပဳေနတဲ့လူေတြကိုေတာ့ ေနာင္ ၁ဝ ႏွစ္ေလာက္ၾကာလို႔ ေလ့လာခဲ့ရင္ လူေတြမွာလည္း ကင္ဆာျဖစ္စဥ္ေတြ ပိုေတြ႕ရေတာ့မွာပါပဲလို႔ ပညာရွင္ေတြက ယုံၾကည္လ်က္ရွိပါတယ္..

(၅) e-cigarette သုံးစြဲသူလူငယ္မ်ား တိုးပြားလာျခင္းဟာလည္း အဓိကျပႆနာတစ္ခု ျဖစ္ပါတယ္.. e-cigs ကို စတင္ထုတ္လုပ္ခဲ့တဲ့ မူလရည္႐ြယ္ခ်က္က ေဆးလိပ္ေသာက္သုံးသူေတြကို ေဆးလိပ္ျဖတ္တဲ့အခါ အစားထိုးအသုံးျပဳႏိုင္ဖို႔ ရည္႐ြယ္ၿပီးထုတ္ခဲ့တာ ျဖစ္ပါတယ္.. ဒါေပမဲ့ တကယ့္လက္ေတြ႕မွာ ေဆးလိပ္လုံးဝမေသာက္ဖူးသူ လူငယ္ေတြအေနနဲ႔ e-cigs ကို အႏၲရာယ္ကင္းတယ္ထင္ၿပီး အသုံးျပဳမႈဟာ တစ္ဟုန္ထိုး တိုးတက္လာတာ ေတြ႕ရပါတယ္.. အေမရိကန္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းတစ္ခုအရ ၂ဝ၁၁ ကေန ၂ဝ၁၃ ခုႏွစ္အတြင္း အရင္က ေဆးလိပ္လုံးဝ မေသာက္သုံးခဲ့တဲ့သူ e-cigs ကို သုံးစြဲေနသူေပါင္း ၂၆၃,ဝဝဝ ရွိတာ ေတြ႕ရပါတယ္.. အခုဆိုရင္ သန္းဂဏန္းေက်ာ္သြားေလာက္ၿပီလို႔ ထင္ပါတယ္.. ဒါကလည္း သူ႔မွာပါဝင္တဲ့ နစ္ကိုတင္းဟာ စြဲလန္းေစလို႔ လူငယ္ေတြၾကားမွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာတာ ျဖစ္ပါတယ္.. ဒါဟာ အနာဂတ္မ်ိဳးဆက္ေတြအတြက္ အင္မတန္မွ ရင္ေလးစရာျဖစ္ပါတယ္..

Credit-ေဒါက္တာခင္ေမာင္လြင္ (FAME)

ရုတ်တရက်အစာအိမ်အောင့်ပြီး မခံမရပ်နိုင်ဖြစ်လာခဲ့ရင် ဒီနည်းလေးသုံးကြည့်ပါ

ရုတ်တရက်အစာအိမ်အောင့်ပြီး မခံမရပ်နိုင်ဖြစ်လာခဲ့ရင် ဒီနည်းလေးသုံးကြည့်ပါ

ရုတ်တရက်အစာအိမ်အောင့်ပြီး မခံမရပ်နိုင်ဖြစ်လာခဲ့ရင် သက်သာစေတဲ့ ဆေးနည်းကို ပြန်လည်မျှဝေပါ့မယ်။ ဂျပန်မှာ ရထား စီးတုန်းရင်း အစာအိမ် အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာတော့ ဂျပန် အဖွားကြီးတယောက်က ရပ်တဲ့ ဘူတာက mini market ထဲခေါ်သွားပြီး ကုသ ပေးလိုက်တဲ့ အရေးပေါ်ဆေးနည်းလေးပါ။ ဂျပန်လူမျိုး များရဲ့ ရိုးရာ ဆေးနည်းတစ်ခုလို့ သိရပါတယ်။

ဆေးနည်း – ကြက်ဥ (သို့ )ဘဲဥ တစ်လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်၊ အနှစ်ကို ဖယ်ထားပြီး အကာထဲကို ဆိုးဆေးမပါတဲ့ သဘာဝ သကြားညို အနည်းငယ်ထည့်၍ သောက်လိုက်ပါ။ အစာအိမ်ကြောင့် ဗိုက်အောင့် ဗိုက်နာ ချက်ချင်းပျောက်ပါတယ်။ အရေးပေါ် ဆေးနည်း လေးပါ။

Credit – Grace Tun Shein

(Zawgyi)

႐ုတ္တရက္အစာအိမ္ေအာင့္ၿပီး မခံမရပ္ႏိုင္ျဖစ္လာခဲ့ရင္ ဒီနည္းေလးသုံးၾကည့္ပါ

႐ုတ္တရက္အစာအိမ္ေအာင့္ၿပီး မခံမရပ္ႏိုင္ျဖစ္လာခဲ့ရင္ သက္သာေစတဲ့ ေဆးနည္းကို ျပန္လည္မွ်ေဝပါ့မယ္။ ဂ်ပန္မွာ ရထား စီးတုန္းရင္း အစာအိမ္ ေအာင့္လာလို႔ မခံမရပ္ႏိုင္ျဖစ္လာေတာ့ ဂ်ပန္ အဖြားႀကီးတေယာက္က ရပ္တဲ့ ဘူတာက mini market ထဲေခၚသြားၿပီး ကုသ ေပးလိုက္တဲ့ အေရးေပၚေဆးနည္းေလးပါ။ ဂ်ပန္လူမ်ိဳး မ်ားရဲ႕ ႐ိုးရာ ေဆးနည္းတစ္ခုလို႔ သိရပါတယ္။

ေဆးနည္း – ၾကက္ဥ (သို႔ )ဘဲဥ တစ္လုံးကို ပန္းကန္လုံးထဲ ေဖာက္ထည့္၊ အႏွစ္ကို ဖယ္ထားၿပီး အကာထဲကို ဆိုးေဆးမပါတဲ့ သဘာဝ သၾကားညိဳ အနည္းငယ္ထည့္၍ ေသာက္လိုက္ပါ။ အစာအိမ္ေၾကာင့္ ဗိုက္ေအာင့္ ဗိုက္နာ ခ်က္ခ်င္းေပ်ာက္ပါတယ္။ အေရးေပၚ ေဆးနည္း ေလးပါ။

Credit – Grace Tun Shein

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် (ဆေးဖက်ဝင်) စပါးလင် ရေနွေးကြမ်း

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် (ဆေးဖက်ဝင်) စပါးလင် ရေနွေးကြမ်း

ဟင်းချက်ရာမှာ ထည့်သုံးဖို့ စပါးလင်ကို ဈေးက ဝယ်လာပြီးသောအခါ အပေါ်ပိုင်းကို ဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာအများစုပါ။ နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ။

ဖြတ်ထားတဲ့အပေါ်ပိုင်းကို ရေသေချာဆေး ခေါက်တုတ်လေးစုပြီး ချည်လိုက်ပါ။ ရေနွေးပွက်ပွက်ဆူတဲ့ အိုးထဲကို ပုံမှန်အတိုင်း လက်ဖက်ခြောက်ခပ်ပြီးရင် ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။ ရေနွေးတစ်အိုးဆိုရင် စပါးလင်တစ်ချောင်းဆိုလုံလောက်တယ် ဒီထက်ပိုထည့်တာကို ကြိုက်လဲ ပိုထည့်ပေါ့။ လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကို မှုတ်ပြီးသောက် စပါးလင်နံ့ မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ်။ တော်ယုံ ခေါင်းမူး၊ ခေါင်းကိုက်၊ စိတ်မကြည်လင်တာတွေလဲ ပျောက်တယ်။ ကျွန်တော်တော့ သိပ်ကြိုက်တယ် မကြာခဏ လုပ်သောက်ဖြစ်တယ်။ အဲ့လိုပဲ စပါးလင်နေရာမှာကွမ်းရွက်တွေ ကွမ်းရိုးတွေကိုသေချာရေဆေးပြီး ခပ်သောက်ကြည့်အဲ့ဒါလေးလဲ တစ်မျိုးသောက်ကောင်းတယ်။(မှတ်ချက် သွေးတိုးသမားများကတော့ ချင့်ချိန်သောက်ပါ)

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး အားလုံးအား လေးစားလျှက်ပါ။

မောင်ဇေ

Sai Min Thant

(Zawgyi)

ေခါင္းမူး၊ ေခါင္းကိုက္၊ ေခါင္းမၾကည္ျခင္းအတြက္ (ေဆးဖက္ဝင္) စပါးလင္ ေရေႏြးၾကမ္း

ဟင္းခ်က္ရာမွာ ထည့္သုံးဖို႔ စပါးလင္ကို ေဈးက ဝယ္လာၿပီးေသာအခါ အေပၚပိုင္းကို ျဖတ္ၿပီး လႊင့္ျပစ္လိုက္တတ္ၾကတာအမ်ားစုပါ။ ေနာက္ဆို မလႊတ္ျပစ္ပဲ ဒီလိုေလးစမ္းၾကည့္ပါ။

ျဖတ္ထားတဲ့အေပၚပိုင္းကို ေရေသခ်ာေဆး ေခါက္တုတ္ေလးစုၿပီး ခ်ည္လိုက္ပါ။ ေရေႏြးပြက္ပြက္ဆူတဲ့ အိုးထဲကို ပုံမွန္အတိုင္း လက္ဖက္ေျခာက္ခပ္ၿပီးရင္ ခ်ည္ထားတဲ့ စပါးလင္ကိုထည့္ပါ။ ေရေႏြးတစ္အိုးဆိုရင္ စပါးလင္တစ္ေခ်ာင္းဆိုလုံေလာက္တယ္ ဒီထက္ပိုထည့္တာကို ႀကိဳက္လဲ ပိုထည့္ေပါ့။ လက္ဖက္ေျခာက္က်ၿပီဆိုရင္ ေရေႏြးပူပူေလးကို မႈတ္ၿပီးေသာက္ စပါးလင္နံ႔ ေမႊးေမႊးေလးနဲ႔ ခံတြင္းလဲ ရွင္းတယ္။ ေတာ္ယုံ ေခါင္းမူး၊ ေခါင္းကိုက္၊ စိတ္မၾကည္လင္တာေတြလဲ ေပ်ာက္တယ္။ ကြၽန္ေတာ္ေတာ့ သိပ္ႀကိဳက္တယ္ မၾကာခဏ လုပ္ေသာက္ျဖစ္တယ္။ အဲ့လိုပဲ စပါးလင္ေနရာမွာကြမ္း႐ြက္ေတြ ကြမ္း႐ိုးေတြကိုေသခ်ာေရေဆးၿပီး ခပ္ေသာက္ၾကည့္အဲ့ဒါေလးလဲ တစ္မ်ိဳးေသာက္ေကာင္းတယ္။(မွတ္ခ်က္ ေသြးတိုးသမားမ်ားကေတာ့ ခ်င့္ခ်ိန္ေသာက္ပါ)

အားလုံးပဲ က်န္းမာ႐ႊင္လန္းၾကပါေစ သင္ဆရာ ျမင္ဆရာ ၾကားဆရာမ်ားအားလုံး အားလုံးအား ေလးစားလွ်က္ပါ။

ေမာင္ေဇ

Sai Min Thant

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် (ဆေးဖက်ဝင်) စပါးလင် ရေနွေးကြမ်း

ဟင်းချက်ရာမှာ ထည့်သုံးဖို့ စပါးလင်ကို ဈေးက ဝယ်လာပြီးသောအခါ အပေါ်ပိုင်းကို ဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာအများစုပါ။ နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ။

ဖြတ်ထားတဲ့အပေါ်ပိုင်းကို ရေသေချာဆေး ခေါက်တုတ်လေးစုပြီး ချည်လိုက်ပါ။ ရေနွေးပွက်ပွက်ဆူတဲ့ အိုးထဲကို ပုံမှန်အတိုင်း လက်ဖက်ခြောက်ခပ်ပြီးရင် ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။ ရေနွေးတစ်အိုးဆိုရင် စပါးလင်တစ်ချောင်းဆိုလုံလောက်တယ် ဒီထက်ပိုထည့်တာကို ကြိုက်လဲ ပိုထည့်ပေါ့။ လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကို မှုတ်ပြီးသောက် စပါးလင်နံ့ မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ်။ တော်ယုံ ခေါင်းမူး၊ ခေါင်းကိုက်၊ စိတ်မကြည်လင်တာတွေလဲ ပျောက်တယ်။ ကျွန်တော်တော့ သိပ်ကြိုက်တယ် မကြာခဏ လုပ်သောက်ဖြစ်တယ်။ အဲ့လိုပဲ စပါးလင်နေရာမှာကွမ်းရွက်တွေ ကွမ်းရိုးတွေကိုသေချာရေဆေးပြီး ခပ်သောက်ကြည့်အဲ့ဒါလေးလဲ တစ်မျိုးသောက်ကောင်းတယ်။(မှတ်ချက် သွေးတိုးသမားများကတော့ ချင့်ချိန်သောက်ပါ)

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး အားလုံးအား လေးစားလျှက်ပါ။

မောင်ဇေ

Sai Min Thant

ဆီးချိူရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးကျောက်တည်ခြင်းတို့အတွက် သရက်ရွက်

ဆီးချိူရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးကျောက်တည်ခြင်းတို့အတွက် သရက်ရွက်

သရက်ရွက်မှာ အစွမ်းထက် ဆေးဘက်ဝင် အာနိသင်များစွာ ရှိကြောင်းကို သိရှိသူ နည်းပါတယ်။ ဆီးချိုသမားများအတွက် သရက်ရွက်ကို ရေတစ်ညစိမ်ပြီး မနက်မိုးလင်းတိုင်း သောက်ပေးပါက ဆီးချိူကို သိသာစွာ ကျစေပါတယ်။ ထိုအပြင် ဆီးချိုကြောင့် မျက်စိသွေးကြောပျက်စီးခြင်းကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုးရောဂါ

သရက်ရွက်က သွေးကြောများကို ကြံခိုင်စေပြီး သွေးကြောထုံးခြင်းရောဂါကိုပါ ကုသပေးနိုငိပါတယ်။ ရေနွေးကြမ်းထဲ သရက်ရွက် ခပ်သောက်ခြင်းဖြင့် သွေးပေါင်ကျစေပါတယ်။

သည်းခြေကျောက်နဲ့ ဆီးကျောက်များ

သရက်ရွက်များကို နေလှမ်း အခြောက်ခံပါ။ ထို့နောက် အမှုန့်ကြိတ်ပြီး ရေတစ်ခွက်နဲ့ ရောစပ်ကာ တစ်ညသိပ်ထားပါ။ ထိုရေကို နေ့စဉ်သောက်ပါက ဆီးကျောက်များကို ပျော်စေကြောင်းတွေ့ရပါတယ်။

စိတ်ဂနာမငြိမ်ခြင်း

စိုးရိမ်သောကများသူများ၊ စိတ်မငြိမ်သူများအတွက် အိမ်တွင်းကုထုံးလေး ရှိပါတယ်။ ဒါကတော့ သင့်ရေချိူးကန်ထဲမှာ သရက်ရွက် ၃ခွက်စာ ထည့်ချိုးပေးဖို့ပါပဲ။

အဆုတ်ပြဿနာများ

အအေးမိခြင်း၊ လေပြွန်ရောင်ရောဂါနဲ ပန်းနာရင်ကျပ်သမားများအတွက်လဲ အသုံးဝင်ပါတယ်။ သရက်ရွက်ကို ရေနွေးပူတွင် ကျိုပြီး ပျားရည်နဲ့ရောစပ် သောက်သုံးပေးဖို့ လိုပါတယ်။

ဝမ်းကိုက်ရောဂါ

ဝမ်းကိုက်ရောဂါခံစားရသူများအနေနဲ့ သရက်ရွက်ကို နေလှမ်း အခြောက်ခံထားသော အမှုန့်ကို ရေနဲ့ရောစပ်ပြီး တစ်နေ့၃ကြိမ် သောက်ပေးရပါမယ်။

အပူလောင်နာများ

ရေနွေးပူလောင်ခြင်း၊ မီးပူလောင်ခြင်းတို့အတွက်လဲ အသုံးဝင်ပါသေးတယ်။ သရက်ရွက်ကို မီးရှို့ ပြီး ရသော အမှုန့်ကို အပူလောင်သောနေရာတွင် အုံပေးပါ။

ကြို့ထိုးခြင်း

သရက်ရွက်ကို မီးရှိူ့ပြီး ထွက်လာသော အငွေ့ကို ရှုခြင်းဖြင့် ကြို့ထိုးတာ ပျောက်စေတယ်လို့ ဆိုပါတယ်။

Credit-Dr Jue

(Zawgyi)

ဆီးခ်ိဴေရာဂါ၊ ေသြးတိုးေရာဂါနဲ႔ ဆီးေက်ာက္တည္ျခင္းတို႔အတြက္ သရက္႐ြက္

သရက္႐ြက္မွာ အစြမ္းထက္ ေဆးဘက္ဝင္ အာနိသင္မ်ားစြာ ရွိေၾကာင္းကို သိရွိသူ နည္းပါတယ္။ ဆီးခ်ိဳသမားမ်ားအတြက္ သရက္႐ြက္ကို ေရတစ္ညစိမ္ၿပီး မနက္မိုးလင္းတိုင္း ေသာက္ေပးပါက ဆီးခ်ိဴကို သိသာစြာ က်ေစပါတယ္။ ထိုအျပင္ ဆီးခ်ိဳေၾကာင့္ မ်က္စိေသြးေၾကာပ်က္စီးျခင္းကိုလဲ ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးတိုးေရာဂါ

သရက္႐ြက္က ေသြးေၾကာမ်ားကို ႀကံခိုင္ေစၿပီး ေသြးေၾကာထုံးျခင္းေရာဂါကိုပါ ကုသေပးႏိုငိပါတယ္။ ေရေႏြးၾကမ္းထဲ သရက္႐ြက္ ခပ္ေသာက္ျခင္းျဖင့္ ေသြးေပါင္က်ေစပါတယ္။

သည္းေျခေက်ာက္နဲ႔ ဆီးေက်ာက္မ်ား

သရက္႐ြက္မ်ားကို ေနလွမ္း အေျခာက္ခံပါ။ ထို႔ေနာက္ အမႈန႔္ႀကိတ္ၿပီး ေရတစ္ခြက္နဲ႔ ေရာစပ္ကာ တစ္ညသိပ္ထားပါ။ ထိုေရကို ေန႔စဥ္ေသာက္ပါက ဆီးေက်ာက္မ်ားကို ေပ်ာ္ေစေၾကာင္းေတြ႕ရပါတယ္။

စိတ္ဂနာမၿငိမ္ျခင္း

စိုးရိမ္ေသာကမ်ားသူမ်ား၊ စိတ္မၿငိမ္သူမ်ားအတြက္ အိမ္တြင္းကုထုံးေလး ရွိပါတယ္။ ဒါကေတာ့ သင့္ေရခ်ိဴးကန္ထဲမွာ သရက္႐ြက္ ၃ခြက္စာ ထည့္ခ်ိဳးေပးဖို႔ပါပဲ။

အဆုတ္ျပႆနာမ်ား

အေအးမိျခင္း၊ ေလႁပြန္ေရာင္ေရာဂါနဲ ပန္းနာရင္က်ပ္သမားမ်ားအတြက္လဲ အသုံးဝင္ပါတယ္။ သရက္႐ြက္ကို ေရေႏြးပူတြင္ က်ိဳၿပီး ပ်ားရည္နဲ႔ေရာစပ္ ေသာက္သုံးေပးဖို႔ လိုပါတယ္။

ဝမ္းကိုက္ေရာဂါ

ဝမ္းကိုက္ေရာဂါခံစားရသူမ်ားအေနနဲ႔ သရက္႐ြက္ကို ေနလွမ္း အေျခာက္ခံထားေသာ အမႈန႔္ကို ေရနဲ႔ေရာစပ္ၿပီး တစ္ေန႔၃ႀကိမ္ ေသာက္ေပးရပါမယ္။

အပူေလာင္နာမ်ား

ေရေႏြးပူေလာင္ျခင္း၊ မီးပူေလာင္ျခင္းတို႔အတြက္လဲ အသုံးဝင္ပါေသးတယ္။ သရက္႐ြက္ကို မီးရႈိ႕ ၿပီး ရေသာ အမႈန႔္ကို အပူေလာင္ေသာေနရာတြင္ အုံေပးပါ။

ႀကိဳ႕ထိုးျခင္း

သရက္႐ြက္ကို မီးရွိူ႔ၿပီး ထြက္လာေသာ အေငြ႕ကို ရႈျခင္းျဖင့္ ႀကိဳ႕ထိုးတာ ေပ်ာက္ေစတယ္လို႔ ဆိုပါတယ္။

Credit-Dr Jue

ကွမ်းယာကြိုက်တတ်သူများ ကျောက်ကပ်ဆေးဖို့အတွက် မုန်လာဥဖြူ တစ်ဥ

ကွမ်းစားတဲ့ သူတွေ ကျောက်ကပ် ရောဂါမဖြစ်အောင် မုန်လာဥဖြူ နဲ့ ကျောက်ကပ်ဆေးတဲ့ နည်းလမ်းလေး

ကွမ်းစားခြင်းဟာ အာရှနိုင်ငံတွေမှာ တော်တော်များများက စားသုံးကြပါတယ်။ မြန်မာနိုင်ငံဟာလည်း ဟိုးရှေးယခင်တွေကတည်းက ကွမ်းစားခြင်းဟာ ရိုးရာဓလေ့တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဧည့်သည်လာရင် ကွမ်းနဲ့ဧည့်ခံခြင်းဟာလည်း ထုံးတမ်းအစဉ်အလာဆိုရင် မမှားပါဘူး။ အခုနောက်ပိုင်းမှာလည်း အာရှအပြင် ဥရောပနဲ့ အနောက်အမေရိကတွေမှာပါ အသင့်စားကွမ်းထုပ်လေးတွေလည်း ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။ ကွမ်းဟာ အရက်၊ နီကိုတင်းနဲ့ ကဖင်းတို့ပြီးရင် စတိုတ္ထမြောက် စွဲလန်းမှုအဖြစ်ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ ကွမ်းစားခြင်းဟာကျန်းမာရေးကို ထိခိုက်စေနိုင်တာ ပရိတ်သတ်ကြီးလည်း အသိပဲဖြစ်ပါတယ်။ ကွမ်းဟာ သွားနဲ့သွားဖုံးကို ရောဂါဖြစ်စနိုင်ပါတယ်။ ခံတွင်းမှာ ကြာမြင့်စွာ ငုံထားခြင်းကြောင့်လည်း ခံတွင်းအမြှေးပါးတွေဟာ ပျက်စီရပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

ကွမ်းစားခြင်းကြောင့် ကျောက်ကပ်ကို ထိခိုက်လာပြီဆိုရင် ကုသနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ကို လူမှုကွန်ယက်ကတစ်ဆင့် ရှာဖွေတွေ့ရှိတဲ့အတွက် ပရိတ်သတ်ကြီးကို ဒီဆေးနည်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။ကျောက်ကပ်ဟာလည်း အရေးပါတဲ့ ခန္ဓာအစိတ်အပိုင်းဖြစ်လို့ အထူးဂရုပြုသင့်ပါတယ်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်တည်ခြင်းတွေဟာ တော်တော်ကို ဆိုးရွားတဲ့ ဝေဒါနာတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုဝေဒါနာတွေ မခံစားဖို့အတွက် ဆေးနည်းလေးကတော့ ကျောက်ကပ်ကို ဆေးခြင်းဖြစ်ပါတယ်။

မုန်လာဥဖြူ တစ်လုံးကို ရေနဲ့ သန့်စင်အောင် ဆေးကျောပြီး ရေနည်းနည်းနဲ့ ထည့်ပြီး ကြိတ်လိုက်ပါ။ အဖက်တွေကို ထုတ်ပြီး အရည်ကို သောက်ပါ။ ဒီကြိတ်ထားတဲ့ အရည်လေးဟာ ဝမ်းထဲရောက်တာနဲ့ ခါးနာခြင်းဟာ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။ ဒီကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ခြင်း ဆေးပေးတာဖြစ်တာကြောင့် ချက်ခြင်း အာနိသင် ဖြစ်ပေါ်စေပါတယ်။

ကျောက်ကပ်အပြင် အူကျတဲ့ ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ တစ်ပါတ်တစ်ခါ မုန်လာဥဖြူကို ဟင်းအဖြစ်ချက်ပြုတ်ပြီး စားသုံးသင့်ပါတယ်။ ဒါမှလည်း ကျောက်ကပ်ကို ထိန်းသိမ်းမှု ပြုလုပ်နိုင်မှာပါ။ ဒါ့အပြင် မုန်လာဥဖြူကို အစိမ်းလိုက် သံပုရာသီးလေးနဲ့ သုတ်စားတာဟာလည်း ဆေးဖက်ဝင်ပါတယ်။ ဒီလိုမုန်လာဥဖြူကို စားသုံးခြင်းကြောင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်စေပါတယ်။ အသားအရည်လည်း စိုပြေစေပါတယ်။ အရွယ်တင်နုပျိုချင်ရင်တော့ ပုံမှန် စားသုံးပေးသင့်ပါတယ်။ အထူးသတိပြုရမည့် အချက်ကတော့ မုန်လာဥဖြူကို ရေနဲ့ စင်ကြယ်စွာ ဆေးကြောဖို့ပါပဲ။ စိုက်ပျိုးချိန်မှာ ပိုးသတ်ဆေးတွေ အသုံးပြုထားနိုင်တာကြောင့် သေချာစွာ ဆေးကြောပေးသင့်ပါတယ်။

Credit-ME( Shwe Yaung Lan )

(Zawgyi)

ကြမ္းစားတဲ့ သူေတြ ေက်ာက္ကပ္ ေရာဂါမျဖစ္ေအာင္ မုန္လာဥျဖဴ နဲ႔ ေက်ာက္ကပ္ေဆးတဲ့ နည္းလမ္းေလး

ကြမ္းစားျခင္းဟာ အာရွႏိုင္ငံေတြမွာ ေတာ္ေတာ္မ်ားမ်ားက စားသုံးၾကပါတယ္။ ျမန္မာႏိုင္ငံဟာလည္း ဟိုးေရွးယခင္ေတြကတည္းက ကြမ္းစားျခင္းဟာ ႐ိုးရာဓေလ့တစ္ခုလို ျဖစ္ခဲ့ပါတယ္။ ဧည့္သည္လာရင္ ကြမ္းနဲ႔ဧည့္ခံျခင္းဟာလည္း ထုံးတမ္းအစဥ္အလာဆိုရင္ မမွားပါဘူး။ အခုေနာက္ပိုင္းမွာလည္း အာရွအျပင္ ဥေရာပနဲ႔ အေနာက္အေမရိကေတြမွာပါ အသင့္စားကြမ္းထုပ္ေလးေတြလည္း ပ်ံ႕ႏွံ႔လာခဲ့ၿပီျဖစ္ပါတယ္။ ကြမ္းဟာ အရက္၊ နီကိုတင္းနဲ႔ ကဖင္းတို႔ၿပီးရင္ စတိုတၳေျမာက္ စြဲလန္းမႈအျဖစ္ဆုံးလို႔ ဆိုရမွာျဖစ္ပါတယ္။ ကြမ္းစားျခင္းဟာက်န္းမာေရးကို ထိခိုက္ေစႏိုင္တာ ပရိတ္သတ္ႀကီးလည္း အသိပဲျဖစ္ပါတယ္။ ကြမ္းဟာ သြားနဲ႔သြားဖုံးကို ေရာဂါျဖစ္စႏိုင္ပါတယ္။ ခံတြင္းမွာ ၾကာျမင့္စြာ ငုံထားျခင္းေၾကာင့္လည္း ခံတြင္းအေျမႇးပါးေတြဟာ ပ်က္စီရပါတယ္။ ဒါ့အျပင္ ေက်ာက္ကပ္ကိုလည္း ထိခိုက္ပ်က္စီးေစပါတယ္။

ကြမ္းစားျခင္းေၾကာင့္ ေက်ာက္ကပ္ကို ထိခိုက္လာၿပီဆိုရင္ ကုသႏိုင္မယ့္ ေဆးစြမ္းေကာင္းတစ္လက္ကို လူမႈကြန္ယက္ကတစ္ဆင့္ ရွာေဖြေတြ႕ရွိတဲ့အတြက္ ပရိတ္သတ္ႀကီးကို ဒီေဆးနည္းေကာင္းေလးကို မွ်ေဝေပးလိုက္ပါတယ္။ေက်ာက္ကပ္ဟာလည္း အေရးပါတဲ့ ခႏၶာအစိတ္အပိုင္းျဖစ္လို႔ အထူးဂ႐ုျပဳသင့္ပါတယ္။ ေက်ာက္ကပ္ေရာင္ျခင္း၊ ေက်ာက္တည္ျခင္းေတြဟာ ေတာ္ေတာ္ကို ဆိုး႐ြားတဲ့ ေဝဒါနာတစ္ခုလည္းျဖစ္ပါတယ္။ ဒီလိုေဝဒါနာေတြ မခံစားဖို႔အတြက္ ေဆးနည္းေလးကေတာ့ ေက်ာက္ကပ္ကို ေဆးျခင္းျဖစ္ပါတယ္။

မုန္လာဥျဖဴ တစ္လုံးကို ေရနဲ႔ သန႔္စင္ေအာင္ ေဆးေက်ာၿပီး ေရနည္းနည္းနဲ႔ ထည့္ၿပီး ႀကိတ္လိုက္ပါ။ အဖက္ေတြကို ထုတ္ၿပီး အရည္ကို ေသာက္ပါ။ ဒီႀကိတ္ထားတဲ့ အရည္ေလးဟာ ဝမ္းထဲေရာက္တာနဲ႔ ခါးနာျခင္းဟာ ယူပစ္သလို ေပ်ာက္ကင္းသြားပါလိမ့္မယ္။ ဒီႀကိတ္ရည္ဟာ ေက်ာက္ကပ္ကို ခ်က္ျခင္း ေဆးေပးတာျဖစ္တာေၾကာင့္ ခ်က္ျခင္း အာနိသင္ ျဖစ္ေပၚေစပါတယ္။

ေက်ာက္ကပ္အျပင္ အူက်တဲ့ ေရာဂါကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ တစ္ပါတ္တစ္ခါ မုန္လာဥျဖဴကို ဟင္းအျဖစ္ခ်က္ျပဳတ္ၿပီး စားသုံးသင့္ပါတယ္။ ဒါမွလည္း ေက်ာက္ကပ္ကို ထိန္းသိမ္းမႈ ျပဳလုပ္ႏိုင္မွာပါ။ ဒါ့အျပင္ မုန္လာဥျဖဴကို အစိမ္းလိုက္ သံပုရာသီးေလးနဲ႔ သုတ္စားတာဟာလည္း ေဆးဖက္ဝင္ပါတယ္။ ဒီလိုမုန္လာဥျဖဴကို စားသုံးျခင္းေၾကာင့္ ကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေသြးေပါင္ခ်ိန္ကိုလည္း မွန္ေစပါတယ္။ အသားအရည္လည္း စိုေျပေစပါတယ္။ အ႐ြယ္တင္ႏုပ်ိဳခ်င္ရင္ေတာ့ ပုံမွန္ စားသုံးေပးသင့္ပါတယ္။ အထူးသတိျပဳရမည့္ အခ်က္ကေတာ့ မုန္လာဥျဖဴကို ေရနဲ႔ စင္ၾကယ္စြာ ေဆးေၾကာဖို႔ပါပဲ။ စိုက္ပ်ိဳးခ်ိန္မွာ ပိုးသတ္ေဆးေတြ အသုံးျပဳထားႏိုင္တာေၾကာင့္ ေသခ်ာစြာ ေဆးေၾကာေပးသင့္ပါတယ္။

Credit-ME( Shwe Yaung Lan )

အိပ်နေရင်း ရုတ်တရတ် ခန္ဓာကိုယ်သိမ့်ခနဲ တုန်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း

အိပ်နေရင်း ရုတ်တရတ် ခန္ဓာကိုယ်သိမ့်ခနဲ တုန်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း

အိပ်နေစဉ်အတွင်း အမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ ချော်လဲသလိုမျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါလိမ့်မယ် ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် စာဖတ်ပရိတ်တို့နားလည်သိရှိရအောင် ရှင်းပြပေးသွားပါ့မယ်။

တော်တော်များများက တစ်ခုခုနဲ့တိုက်မိသလို၊ တစ်စုံတစ်ယောက်ကရိုက်လိုက်သလိုမျိုးနဲ့ တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့် အိပ်နေရင်းဆတ်ခနဲ တုန်သွားတတ်ကြပေမဲ့ တချို့တလေကတော့ တစ်ယောက်ယောက်က တက်ဖိထားသလို၊ ညှစ်ထားသလိုမျိုးကြောင့် တုန်တတ်ကြပါတယ်။

သင်ဟာ ဒီလိုမျိုး မကြာခဏဖြစ်တတ်သူဆိုရင်တော့ ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေသုံးစွဲခြင်းကို အမှန်တကယ်ကို လျော့ချသင့်ပါပြီ။

ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာ သင့်ရဲ့အိပ်စက်မှုတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

အိုကေ … ဒီလိုဆိုရင် ဘာကြောင့်အိပ်နေရင်းနဲ့ အမြင့်တစ်နေရာပေါ်ကနေ ပြုတ်ကျသလိုခံစားရတာလဲဆိုတဲ့ ခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင်ပါ။

ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကအိပ်စက်သွားပေမဲ့ ဦးနှောက်ကတော့ တကယ်တမ်းမအိပ်စက်သေးပါဘူး။ ဒီအချိန်မျိုးမှာ ဦးနှောက်က အိပ်စက်နေတဲ့ခန္ဓာကိုယ်ကို နိုးထဖို့ အချက်ပြသတိပေးခြင်းပဲ ဖြစ်ပါတယ်။

ဦးနှောက်က ခန္ဓာကိုယ်ကို မြန်မြန်နိုးထစေဖို့ရာ အိမ်မက်အနေနဲ့ ဖန်တီးသတိပေးလိုက်တာမျိုးလည်း ဖြစ်ပါတယ်။

Credit: Original Uploader

(Zawgyi )

အိပ္ေနရင္း ႐ုတ္တရတ္ ခႏၶာကိုယ္သိမ့္ခနဲ တုန္ရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္း

အိပ္ေနစဥ္အတြင္း အျမင့္တစ္ခုခုေပၚကျပဳတ္က်သလို၊ ေခ်ာ္လဲသလိုမ်ိဳးေၾကာင့္ ခႏၶာကိုယ္ဆတ္ခနဲတုန္တက္လာရတဲ့ ခံစားခ်က္မ်ိဳးကို ကြၽန္ေတာ္တို႔အားလုံး ႀကဳံဖူးၾကပါလိမ့္မယ္ ဒီလိုမ်ိဳးေတြခဏ၊ ခဏျဖစ္တာ ဘာေၾကာင့္လဲဆိုတဲ့အေျဖကို ဒီေဆာင္းပါးေလးကေနတစ္ဆင့္ စာဖတ္ပရိတ္တို႔နားလည္သိရွိရေအာင္ ရွင္းျပေပးသြားပါ့မယ္။

ေတာ္ေတာ္မ်ားမ်ားက တစ္ခုခုနဲ႔တိုက္မိသလို၊ တစ္စုံတစ္ေယာက္က႐ိုက္လိုက္သလိုမ်ိဳးနဲ႔ တစ္ေနရာရာက ျပဳတ္က်သလိုမ်ိဳးေၾကာင့္ အိပ္ေနရင္းဆတ္ခနဲ တုန္သြားတတ္ၾကေပမဲ့ တခ်ိဳ႕တေလကေတာ့ တစ္ေယာက္ေယာက္က တက္ဖိထားသလို၊ ညႇစ္ထားသလိုမ်ိဳးေၾကာင့္ တုန္တတ္ၾကပါတယ္။

သင္ဟာ ဒီလိုမ်ိဳး မၾကာခဏျဖစ္တတ္သူဆိုရင္ေတာ့ ကဖင္းဓာတ္နဲ႔ ေဆးလိပ္ေတြသုံးစြဲျခင္းကို အမွန္တကယ္ကို ေလ်ာ့ခ်သင့္ပါၿပီ။

ဒါ့အျပင္ ၎ဓာတ္ႏွစ္မ်ိဳးဟာ သင့္ရဲ႕အိပ္စက္မႈေတြကိုပါ ထိခိုက္လာေစႏိုင္ပါတယ္။

အိုေက … ဒီလိုဆိုရင္ ဘာေၾကာင့္အိပ္ေနရင္းနဲ႔ အျမင့္တစ္ေနရာေပၚကေန ျပဳတ္က်သလိုခံစားရတာလဲဆိုတဲ့ ေခါင္းစဥ္ဆီကို ျပန္သြားလိုက္ၾကရေအာင္ပါ။

ပင္ပန္းမႈေတြ၊ စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ေၾကာင့္ၾကမႈေတြနဲ႔ အိပ္စက္လိုက္တဲ့အခါ ခႏၶာကိုယ္ကအိပ္စက္သြားေပမဲ့ ဦးေႏွာက္ကေတာ့ တကယ္တမ္းမအိပ္စက္ေသးပါဘူး။ ဒီအခ်ိန္မ်ိဳးမွာ ဦးေႏွာက္က အိပ္စက္ေနတဲ့ခႏၶာကိုယ္ကို ႏိုးထဖို႔ အခ်က္ျပသတိေပးျခင္းပဲ ျဖစ္ပါတယ္။

ဦးေႏွာက္က ခႏၶာကိုယ္ကို ျမန္ျမန္ႏိုးထေစဖို႔ရာ အိမ္မက္အေနနဲ႔ ဖန္တီးသတိေပးလိုက္တာမ်ိဳးလည္း ျဖစ္ပါတယ္။

Credit: Original Uploader

ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်

ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီး ဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။

ပင်မှည့်သီး ရဲ့ ကောင်းကျိုးများ

( ၁ ) လူကို လန်းဆန်းစေပါတယ်။

ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။

( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။

ချဉ်ချိုချို အသီးလေဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

( ၃ ) ခုခံအားကို တက်စေပါတယ်။

ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။

ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်။

( ၄ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။

အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။

( ၅ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။

( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။

ဓာတ်မတည့်ပစ္စည်းတွေ ထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးဟာ ပန်းနာရင်ကျပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။

( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thin Yadanar @ Frances

အာဟာရဖြစ်စေသော ကန်စွန်းဥ

ကန်စွန်းဥသည် နွယ်ပင် ပေါင်းပင်အမျိုးအနွယ်မှ ဆင်းသက်လာပြီး မြန်မာ့သဘောအရဆိုပါလျှင် ကန်စွန်းကြီးမျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ကန်စွန်းကြီးပင်၏ မြေတွင်းမှ တူးယူရခြင်းဖြစ်သည်။ ကန်စွန်းဥကို သုံးမျိုးသုံးစား ခွဲခြားတွေ့နိုင်ပါသည်။ ကန်စွန်းဥအဖြူ၊ ကန်စွန်းဥအဝါနှင့် ကန်စွန်းဥခရမ်းရောင်တို့ ဖြစ်ပါသည်။ ကန်စွန်းဥတွင် ဗီတာမင်အေ၏ အရင်းအမြစ်ဖြစ်သော ဘီတာကယ်ရိုတင်းဓာတ်များ မြောက်မြားစွာ ပါဝင်ပါသည်။ ကယ်ရိုတင်းဓာတ်များ စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲတွင် ဗီတာမင်အေဓာတ်ကို ရရှိမည်ဖြစ်သည်။ နောက်ဓာတ်များမှာ ဗီတာမင်စီဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ကြေးနီဓာတ်၊ ဗီတာမင်ဘီဒြပ်ပေါင်းများဖြစ်သော B1,B2,B6 ဓာတ်များ ပါဝင်ပါသည်။ သတ္တုဓာတ်များတွင် ဖော့စ်ဖရပ်ဓာတ် ပါဝင်သည်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပါသည်။ ထို့ပြင် သားသမီးဖြစ်ထွန်းခြင်းကိုလည်း အားပေးစေသည်။ နောက်တစ်မျိုးမှာ ရောဂါပြီးစနစ်ကို အားပေးစေ၍ ရောဂါတစ်ခုခုမဖြစ်စေရန် ကာကွယ်ပေးသည်။ ရောဂါဖြစ်လျှင်လည်း ရောဂါသက်သာပျောက်ကင်းရန် ကူညီဆောင်ရွက်ပေးစေသည်။

ကျန်းမာရေး အကျိုးပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သွေးချို၊ ဆီးချိုကျစေခြင်း

ကန်စွန်းဥစားသုံးခြင်းအားဖြင့် သွေးချိုနှုန်းထားကို ကျစေပါသည်။ ကန်စွန်းဥတွင် ဖိုင်ဘာဓာတ်ပါဝင်သည့်အတွက် အမျိုးအစားနံပါတ်တစ် ဆီးချိုရှိသူသည် ဖိုင်ဘာဓာတ်များစွာ လိုအပ်သဖြင့် ကန်စွန်းဥကို များများစားပေးပါက ဆီးချိုကျနိုင်ပါသည်။ နံပါတ်နှစ်အမျိုးအစား ဆီးချိုဝေဒနာရှင်များကမူ သွေးတွင်းသကြားဓာတ် ကျဆင်းပြီး သွေးတွင်းအဆီနှင့် အင်ဆူလင်ကျနိုင်ပါသည်။ အခွံပါသော အလယ်အလတ်ကန်စွန်းဥတစ်လုံးဆိုလျှင် ဖိုင်ဘာဓာတ်ခြောက်ဂရမ်ခန့် ပါဝင်ပါသည်။

သွေးတိုးကို ကျစေခြင်း

ဆားလျှော့စားခြင်းအားဖြင့် သွေးတိုးကျစေခြင်းကို ထောက်ပံ့စေသည်။ သွေးတိုးကျစေရန် ဆားလျှော့စားပြီး ပိုတက်စီယမ်ဓာတ်ပါသော ဟင်းနုနယ်၊ ထောပတ်သီးများကို ပိုမိုစားသုံးပေးရန် လိုအပ်ပါသည်။

ကင်ဆာရောဂါကို ကာကွယ်ခြင်း

လူလတ်ပိုင်းအရွယ်၌ အမျိုးသားများသည် ဘီတာကယ်ရိုတင်းပါဝင်သော အစားအစာအသီးအနှံ ဟင်းသီးဟင်းရွက်များ စားသုံးပေးပါက ပရော့စတိတ်ကင်ဆာကို ကာကွယ်စေနိုင်သည်။ ဘီတာကယ်ရိုတင်းဓာတ်သည် အူမကြီးကင်ဆာကိုပါ ပျောက်ကင်းစေသည်ဟု ဂျပန်လေ့လာသူပညာရှင်များက ပြောကြားသည်။

အစာကြေစေခြင်း

မြင့်မားသော ဖိုင်ဘာဓာတ်ကြောင့် ကန်စွန်းဥသည် အစာကြေညက်စေခြင်းကို ကူညီထောက်ပံ့စေပြီး ဝမ်းမချုပ်စေဘဲ ဝမ်းပုံမှန်သွားစေပြီး အစာကြေစေပါသည်။

သားသမီးရတနာ ထွန်းကားခြင်း

သားသမီးထွန်းကားနိုင်သော အသက်အရွယ်ရှိအမျိုးသမီးတို့သည် သံဓာတ်ပါဝင်သော အသီးအရွက်များနှင့် ဗီတာမင်အေဓာတ်ပါဝင်သော ကန်စွန်းဥကို စားသုံးပေးခြင်းအားဖြင့် မျိုးအောင်စေသည်ဟု ဆိုပါသည်။

ရောင်ရမ်းမှုကို ကျစေခြင်း

ကန်စွန်းဥကဲ့သို့သော စွယ်စုံရအာဟာရတွင် ကိုက်ခဲရောင်ရမ်းမှုကို ကျစေသည်။ ခရမ်းရင့်ရောင် ကန်စွန်းဥသည် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ဖရီးရယ်ဒီကယ်များကိုလည်း သုတ်သင်ရှင်းလင်းစေပါသည်။

အမြင်အာရုံကောင်းစေခြင်း

ဗီတာမင်အေကြောင့် တိမ်ဖြစ်ခြင်းကို ကာကွယ်၍ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်စီနှင့် အီးသည် မျက်စိကျန်းမာရေးနှင့် ညံ့ဖျင်းသော ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ပေးသည်။

ကန်စွန်းဥသည် ဘီတာကယ်ရိုတင်း၏ အရင်းအမြစ်တစ်ခုဖြစ်သည့်အပြင် တန်ခိုးထက်မြက်သော အင်တီအောက်ဆီးဒင့်လည်း ဖြစ်သည့်အတွက် ရောဂါဘယများ ပျောက်ကင်းစေသည်။ အထူးသဖြင့် ကင်ဆာရောဂါနှင့် နှလုံးရောဂါတို့ကို သက်သာစေပြီး ခန္ဓာကိုယ်ဆုတ်ယုတ်ပျက်ပြားစေခြင်းနှင့် အသက်အရွယ်အိုမင်းခြင်းကို နှောင့်နှေးစေပါသည်။ နေ့စဉ် စားသောက်သည့် အစားအစာများတွင် ဘီတာကယ်ရိုတင်းဓာတ်ကဲ့သို့ အစားအစာများ ပါဝင်စားသုံးပေးခြင်းဖြင့် ရောဂါများ ကင်းဝေးကာကျန်းမာသော လူမှုဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။

Credit : ထူးထူးမြတ်
သဘာဝအလှတရားများ

အရေပြားဓာတ်မတည့်မှု (Skin Allergic) ဖြစ်တတ်သူတွေ သတိထားသင့်တဲ့အရာများ

အရေပြားဓာတ်မတည့်မှု (skin allergic) ဖြစ်တယ် ဆိုတာမျိုးကတော့ တစုံတခုနဲ့ ထိတွေ့မိပြီး အရေပြားယားယံလာတာ၊ အဖုအပိန့်တွေ ထွက်လာတာမျိုးကို ပြောတာပါ။ တခါတရံမှာတော့ အစားအစာတခုခုကို စားမိရာကနေလည်း အရေပြားဓာတ်မတည့်တာ၊ အစာအဆိပ်သင့်တဲ့ လက္ခဏာမျိုးတွေအထိ ဖြစ်တတ်တာကြောင့် skin allergic ဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတမျိုးပါ။ ဒါကြောင့်မို့လို့ ကိုယ်က အရေပြားဓာတ်မတည့်တာမျိုး မကြာခဏ ဖြစ်တတ်သူဆိုရင်တော့ အခုပြောပြပေးမယ့် အရာတွေကို သတိထားရှောင်ကြဉ်သင့်ပါတယ်။

(၁) မွှေးရနံ့တွေ

မွှေးရနံ့တွေကလည်း အရေပြားဓာတ်မတည့်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ရေမွှေးလိုမျိုး ခန္ဓာကိုယ်အရေပြားပေါ် တိုက်ရိုက်ထိတွေ့စွတ်ဖျန်းရတဲ့ အခါမျိုးနဲ့ မွှေးရနံ့ပါတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ထိတွေ့အသုံးပြုတဲ့အခါ ကိုယ့်အရေပြားနဲပ ဓာတ်တည့်၊မတည့်ကို အရင်ဆုံးစမ်းသပ်ပြီးမှ အသုံံးပြုသင့်ပါတယ်။

(၂) မှို

မှိုဟာဆိုရင်လည်း စားသုံးမိတဲ့အခါမှာဖြစ်ဖြစ် ထိတွေ့မိတဲ့အခါမှာဖြစ်ဖြစ် ဖြစ်လွယ်တဲ့သူတွေမှာဆိုရင် အရေပြားယားယံတာ၊ အဖုအပိန့်တွေထွက်တာ၊ မူးဝေတာမျိုးတွေအထိ ဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

(၃) ပန်းဝတ်မှုန်တွေ

ကိုယ်က အရေပြား allergic ထတာမျိုး ခဏခဏ ဖြစ်တတ်တဲ့သူဆိုရင်တော့ သစ်ပင်၊ ပန်းပင်တွေကြားသွားတဲ့ အခါမျိုးမှာ ဂရုစိုက်သင့်ပါတယ်။ ပန်းပင်တွေ သစ်ပင်တွေက ပန်းဝတ်မှုန်တွေနဲ့ ထိတွေ့ရှုရှိုက်မိတဲ့ အခါမျိုးမှာ နှာချေတာ၊ ရုတ်တရက်အသက်ရှုကြပ်လာတာ နှာရည်ယိုပြီး ယားယံတာ စတာတွေ ဖြစ်ပေါ်နိုင်တာကြောင့်မို့လို့ skin allergic ဖြစ်တတ်သူတွေအနေနဲ့ သတိထားသင့်ပါတယ်။

(၄) အိမ်မွေးတိရစ္ဆာန်တွေ

အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ ကြောင်စတာတွေရဲ့ အမွှေးတွေနဲ့ ထိတွေ့တဲ့အခါမျိုးမှာလည်း အရေပြားဓာတ်မတည့်တာမျိုး ဖြစ်ပြီး ယားယံတာ၊ အဖုအပိန့်ထတာမျိုးတွေ ဖြစ်တတ်တာကြောင့် ထိတွေ့ပြီးတဲ့အခါတိုင်း သေချာဆေးကြောသန့်စင်ပေးသင့်ပါတယ်။

Calcifer

Photo-credit