Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Category: က်န္းမာေရးဗဟုသုတ

ပြုလုပ်သင့်သော နံနက်အိပ်ရာထ အမူအကျင့်များ

(Zawgyi)

ျပဳလုပ္သင့္ေသာ နံနက္အိပ္ရာထ အမူအက်င့္မ်ား
==================================

ေခတ္ လူငယ္ေတာ္ေတာ္မ်ားမ်ားက ညဘက္ဂိမ္းေဆာ့တာ၊ တီဗီၾကည့္တာ၊ ဂိမ္းကစားတာနဲ႔ fbၾကည့္တာေတြလိုမ်ိဳး ျပဳလုပ္ေနတာေၾကာင့္ အိပ္ရာဝင္ခ်ိန္ေနာက္ၾကတတ္ၿပီး မနက္ပိုင္း ေတာ္႐ုံနဲ႔ အိပ္ရာက မထႏိုင္ၾကေတာ့ပါဘူး။
အခုလိုကိုဗစ္ေၾကာင့္ အိမ္တြင္းေအာင္းေနရတဲ့ ကာလေတြမွာ ႐ုံးတက္စရာမလို၊ အလုပ္သြားစရာမလို ဒါမွမဟုတ္ ေက်ာင္းတက္စရာ မလိုေတာ့တဲ့ အတြက္ အိပ္ရာဝင္ခ်ိန္က ပိုၿပီး ေနာ္ၾကလာကာ မနက္ေနဖင္ထိုးမွ အိပ္ရာထ ေနတာေၾကာင့္ နံနက္စာ ေတာင္ လြတ္သြားၾကပါတယ္။ ဒီ အက်င့္ဆိုးေတြ ရွိေနရင္ အခု အခ်ိန္မွာ ျပဳျပင္လိုက္ပါ။ အိပ္ရာဝင္ခ်ိန္ နဲ႔ နံနက္အိပ္ရာထခ်ိန္ကို တစ္ေန႔ နဲနဲခ်င္း အခ်ိန္ေရွ႕တိုး လိုက္ႏိုင္ရင္ stay at home ေျဖေလ်ာ့ေပးတဲ့ ကာလအေရာက္မွာ ပုံမွန္ အိပ္ခ်ိန္ ထခ်ိန္( ည ၁၁နာရီအိပ္ မနက္ ၆နာရီခြဲ-၇ နာရီထ) ကို ရရွိသြားပါလိမ့္မယ္။

ေအာက္ပါတို႔က နံနက္အိပ္ရာထခ်ိန္မွာ သင့္ က်န္းမာေရးအတြက္ ျပဳလုပ္သင့္ တဲ့ အမူအက်င့္ေတြ ျဖစ္ပါတယ္။

နံနက္ႏိုးႏိုးခ်င္းအိပ္ရာမွထပါ
သင့္အေနနဲ႔ နာရီႏိုးစက္ျမည္တာေၾကာင့္ ဒါမွမဟုတ္ အလိုအေလ်ာက္အိပ္ရာမွ ႏိုးလာရင္ အိပ္ရာမွာ ႏွပ္မေနပဲ အိပ္ရာကထလိုက္ပါ။ အိပ္ရာက မထပဲ ႏွပ္ေနရင္ ျပန္လည္ အိပ္ခ်င္စိတ္ ျဖစ္ေပၚတတ္ပါတယ္။

ေရေသာက္ပါ
အိပ္ေနစဥ္မွာ ခႏၶာကိုယ္က ၆-၈ နာရီေလာက္ ေရမရရွိဘဲ ေနေနရပါတယ္။သင္အိပ္ေနစဥ္မွာ ခႏၶာကိုယ္က သူ႔ရဲ႕ လုပ္ငန္း (ဥပမာ အစာေျခတာ၊ အသက္ရႉတာ၊ပ်က္စီးေနတဲ့ ဆဲလ္ေတြကိုျပန္လည္ျပဳျပင္တာ)ေတြကို ဆက္လက္ လုပ္ေဆာင္ေနရတာမို႔ ေရငတ္လာႏိုင္ပါတယ္။ဒါေၾကာင့္ မနက္အိပ္ရာထထခ်င္းမွာ ေရႏွစ္ ဖန္ခြက္ေလာက္ ေသာက္ေပးပါ။(ဒီ အေၾကာင္းကို ေဆာင္းပါး တစ္ပုဒ္ေရးၿပီး ေဖာ္ျပေပးပါမယ္။)

အေကာင္းျမင္ပါ
မနက္အိပ္ရာထခါစမွာ အရင္ေန႔ေတြက သင္ျပဳလုပ္ထားတဲ့ ေကာင္းတာေတြကို ေတြးၿပီး ၾကည္ႏူး လိုက္ပါ။

ဆြဲဆန႔္ေလ့က်င့္ခန္းျပဳလုပ္ပါ
ညစဥ္ ၆-၈ နာရီေလာက္ အိပ္စက္ခ်ိန္မွာ လႈပ္ရွားမႈ မရွိတဲ့ အတြက္ မနက္အိပ္ရာထခါစမွာ ဆြဲဆန႔္ ေလ့က်င့္ခန္း ျပဳလုပ္တာက အဆစ္နဲ႔ ခႏၶာကိုယ္ သန္မာမႈကို ရရွိႏိုင္ပါတယ္။

နံနကၥာစားသုံးပါ
အိပ္ရာထခ်ိန္ေနာက္ၾကလို႔ နံနက္စာကို မစားၾကသူေတြ ေတာ္ေတာ္မ်ားပါတယ္။ အစာတစ္နပ္လြတ္သြားတဲ့ အတြက္ ေန႔လယ္စာနဲ႔ ညစာကို မခ်င့္ ခ်ိန္ ႏိုင္ေတာ့ပဲ အလြန္အမင္း စားသုံးမိ ႏိုင္ပါတယ္။ နံနက္စာကသင့္ကို စြမ္းအင္ ေပးႏိုင္တာမို႔ အနည္းဆုံး ၾကက္ဥျပဳတ္ တစ္လုံးေတာ့ ရေအာင္ စားပါ။

ဘလက္ခ္ေကာ္ဖီမေသာက္ပါႏွင့္
အိပ္ရာထခါစ ဘလက္ခ္ေကာ္ဖီေသာက္တာက ကိုယ္တြင္းေကာ္တီေစာေဟာ္မုန္း ပမာဏ မ်ားလာတာေၾကာင့္ စိုးရိမ္စိတ္ မ်ားလာႏိုင္ပါတယ္။ဒါ့အျပင္ ဘလက္ခ္ေကာ္ဖီက အစာအိမ္ေရာင္ရမ္း ႏိုင္ပါတယ္။

အစာစားၿပီးၿပီးခ်င္းသြားမတိုက္ပါႏွင့္
တစ္ခ်ိဳ႕က နံနက္စာစားၿပီးမွ သြားတိုက္တဲ့ အက်င့္ကို ျပဳလုပ္တတ္ၾကပါတယ္။ အစာစားၿပီးၿပီးခ်င္း သြားတိုက္တာက သစ္သီး၊ေဖ်ာ္ရည္နဲ႔ အစာေတြမွာ ပါဝင္တဲ့ အက္စစ္ေတြေၾကာင့္ သြားရဲ႕ ေႂကြလႊာ ပ်က္စီးႏိုင္ပါတယ္။ အစာစားၿပီးၿပီးခ်င္း ေရနဲ႔သာ ပလုတ္က်င္းပါ။ အနည္းဆုံးမိနစ္ ၃၀ ေစာင့္ၿပီးမွ သြားတိုက္ပါ။

မနက္ပိုင္းေရေအးနဲ႔ေရခ်ိဳးပါ
ေရေႏြးနဲ႔ ေရခ်ိဳးရင္ ေရေႏြးေၾကာင့္ ေမြးညင္းေပါက္ေတြ ပြင့္လာကာ အေရျပားထဲ ပိုးမႊားနဲ႔ ဖုန္မႈန႔္ေတြ အလြယ္တကူ ဝင္ေရာက္ႏိုင္ၿပီး ဝက္ၿခံ ေပါက္ႏိုင္ပါတယ္။
မနက္ပိုင္းမွာ ေရေအးနဲ႔သာေရခ်ိဳးသင့္ၿပီး ေရေႏြးနဲ႔ ခ်ိဳးမယ္ဆိုရင္လည္း ေ
ရေႏြးနဲ႔ ခ်ိဳးအၿပီး ေရေအး ျပန္ေလာင္းလိုက္ပါ။

သတင္းဖတ္ပါ
ဗဟုသုတ ရရွိေအာင္၊ေခတ္ကိုအမွီ လိုက္ႏိုင္ေအာင္ မနက္ပိုင္းမွာ သတင္းစာ၊ဂ်ာနယ္ဖတ္ပါ။ ေဖ့စ္ဘြတ္ေပၚက သတင္းေတြဖတ္ပါ။ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းရင္းျမစ္ ျဖစ္ဖို႔ေတာ့ လိုပါတယ္။

ေက်းဇူးတင္ပါ။သာဓုေခၚပါ
သင့္ကိုကူညီသူ အားလုံးကို ေက်းဇူးတင္လိုက္ပါ။ ေဖ့စ္ဘြတ္ ၾကည့္ရင္း သင့္အတြက္ ေပးထားတဲ့ comment ေတြကိုလည္း ေက်းဇူးတင္ပါ။ တစ္ျခားသူေတြရဲ႕ အလႉဒါန ေတြကို သာဓုေခၚပါ။ သင့္မွာ မေကာင္းျမင္ စိတ္ရွိေနရင္ေတာင္ ဒါေတြကဖုံးလႊမ္းသြားႏိုင္ပါတယ္။

ၿပဳံးပါ
ၿပဳံးတာ၊ရယ္ေမာတာေၾကာင့္ ကိုယ္တြင္းမွာ စိတ္ေပ်ာ္႐ႊင္ေစတဲ့ ေဟာ္မုန္း ေအာက္ဆီတိုစင္ထြက္လာကာ အေကာင္းျမင္စိတ္ ရရွိႏိုင္ပါတယ္။

အားလုံးက်န္းမာၾကပါေစ။

(Unicode)

ပြုလုပ်သင့်သော နံနက်အိပ်ရာထ အမူအကျင့်များ
==================================

ခေတ် လူငယ်တော်တော်များများက ညဘက်ဂိမ်းဆော့တာ၊ တီဗီကြည့်တာ၊ ဂိမ်းကစားတာနဲ့ fbကြည့်တာတွေလိုမျိုး ပြုလုပ်နေတာကြောင့် အိပ်ရာဝင်ချိန်နောက်ကြတတ်ပြီး မနက်ပိုင်း တော်ရုံနဲ့ အိပ်ရာက မထနိုင်ကြတော့ပါဘူး။
အခုလိုကိုဗစ်ကြောင့် အိမ်တွင်းအောင်းနေရတဲ့ ကာလတွေမှာ ရုံးတက်စရာမလို၊ အလုပ်သွားစရာမလို ဒါမှမဟုတ် ကျောင်းတက်စရာ မလိုတော့တဲ့ အတွက် အိပ်ရာဝင်ချိန်က ပိုပြီး နော်ကြလာကာ မနက်နေဖင်ထိုးမှ အိပ်ရာထ နေတာကြောင့် နံနက်စာ တောင် လွတ်သွားကြပါတယ်။ ဒီ အကျင့်ဆိုးတွေ ရှိနေရင် အခု အချိန်မှာ ပြုပြင်လိုက်ပါ။ အိပ်ရာဝင်ချိန် နဲ့ နံနက်အိပ်ရာထချိန်ကို တစ်နေ့ နဲနဲချင်း အချိန်ရှေ့တိုး လိုက်နိုင်ရင် stay at home ဖြေလျော့ပေးတဲ့ ကာလအရောက်မှာ ပုံမှန် အိပ်ချိန် ထချိန်( ည ၁၁နာရီအိပ် မနက် ၆နာရီခွဲ-၇ နာရီထ) ကို ရရှိသွားပါလိမ့်မယ်။

အောက်ပါတို့က နံနက်အိပ်ရာထချိန်မှာ သင့် ကျန်းမာရေးအတွက် ပြုလုပ်သင့် တဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်။

နံနက်နိုးနိုးချင်းအိပ်ရာမှထပါ
သင့်အနေနဲ့ နာရီနိုးစက်မြည်တာကြောင့် ဒါမှမဟုတ် အလိုအလျောက်အိပ်ရာမှ နိုးလာရင် အိပ်ရာမှာ နှပ်မနေပဲ အိပ်ရာကထလိုက်ပါ။ အိပ်ရာက မထပဲ နှပ်နေရင် ပြန်လည် အိပ်ချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။

ရေသောက်ပါ
အိပ်နေစဉ်မှာ ခန္ဓာကိုယ်က ၆-၈ နာရီလောက် ရေမရရှိဘဲ နေနေရပါတယ်။သင်အိပ်နေစဉ်မှာ ခန္ဓာကိုယ်က သူ့ရဲ့ လုပ်ငန်း (ဥပမာ အစာခြေတာ၊ အသက်ရှူတာ၊ပျက်စီးနေတဲ့ ဆဲလ်တွေကိုပြန်လည်ပြုပြင်တာ)တွေကို ဆက်လက် လုပ်ဆောင်နေရတာမို့ ရေငတ်လာနိုင်ပါတယ်။ဒါကြောင့် မနက်အိပ်ရာထထချင်းမှာ ရေနှစ် ဖန်ခွက်လောက် သောက်ပေးပါ။(ဒီ အကြောင်းကို ဆောင်းပါး တစ်ပုဒ်ရေးပြီး ဖော်ပြပေးပါမယ်။)

အကောင်းမြင်ပါ
မနက်အိပ်ရာထခါစမှာ အရင်နေ့တွေက သင်ပြုလုပ်ထားတဲ့ ကောင်းတာတွေကို တွေးပြီး ကြည်နူး လိုက်ပါ။

ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်ပါ
ညစဉ် ၆-၈ နာရီလောက် အိပ်စက်ချိန်မှာ လှုပ်ရှားမှု မရှိတဲ့ အတွက် မနက်အိပ်ရာထခါစမှာ ဆွဲဆန့် လေ့ကျင့်ခန်း ပြုလုပ်တာက အဆစ်နဲ့ ခန္ဓာကိုယ် သန်မာမှုကို ရရှိနိုင်ပါတယ်။

နံနက္စာစားသုံးပါ
အိပ်ရာထချိန်နောက်ကြလို့ နံနက်စာကို မစားကြသူတွေ တော်တော်များပါတယ်။ အစာတစ်နပ်လွတ်သွားတဲ့ အတွက် နေ့လယ်စာနဲ့ ညစာကို မချင့် ချိန် နိုင်တော့ပဲ အလွန်အမင်း စားသုံးမိ နိုင်ပါတယ်။ နံနက်စာကသင့်ကို စွမ်းအင် ပေးနိုင်တာမို့ အနည်းဆုံး ကြက်ဥပြုတ် တစ်လုံးတော့ ရအောင် စားပါ။

ဘလက်ခ်ကော်ဖီမသောက်ပါနှင့်
အိပ်ရာထခါစ ဘလက်ခ်ကော်ဖီသောက်တာက ကိုယ်တွင်းကော်တီစောဟော်မုန်း ပမာဏ များလာတာကြောင့် စိုးရိမ်စိတ် များလာနိုင်ပါတယ်။ဒါ့အပြင် ဘလက်ခ်ကော်ဖီက အစာအိမ်ရောင်ရမ်း နိုင်ပါတယ်။

အစာစားပြီးပြီးချင်းသွားမတိုက်ပါနှင့်
တစ်ချို့က နံနက်စာစားပြီးမှ သွားတိုက်တဲ့ အကျင့်ကို ပြုလုပ်တတ်ကြပါတယ်။ အစာစားပြီးပြီးချင်း သွားတိုက်တာက သစ်သီး၊ဖျော်ရည်နဲ့ အစာတွေမှာ ပါဝင်တဲ့ အက်စစ်တွေကြောင့် သွားရဲ့ ကြွေလွှာ ပျက်စီးနိုင်ပါတယ်။ အစာစားပြီးပြီးချင်း ရေနဲ့သာ ပလုတ်ကျင်းပါ။ အနည်းဆုံးမိနစ် ၃၀ စောင့်ပြီးမှ သွားတိုက်ပါ။

မနက်ပိုင်းရေအေးနဲ့ရေချိုးပါ
ရေနွေးနဲ့ ရေချိုးရင် ရေနွေးကြောင့် မွေးညင်းပေါက်တွေ ပွင့်လာကာ အရေပြားထဲ ပိုးမွှားနဲ့ ဖုန်မှုန့်တွေ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ဝက်ခြံ ပေါက်နိုင်ပါတယ်။
မနက်ပိုင်းမှာ ရေအေးနဲ့သာရေချိုးသင့်ပြီး ရေနွေးနဲ့ ချိုးမယ်ဆိုရင်လည်း ေ
ရနွေးနဲ့ ချိုးအပြီး ရေအေး ပြန်လောင်းလိုက်ပါ။

သတင်းဖတ်ပါ
ဗဟုသုတ ရရှိအောင်၊ခေတ်ကိုအမှီ လိုက်နိုင်အောင် မနက်ပိုင်းမှာ သတင်းစာ၊ဂျာနယ်ဖတ်ပါ။ ဖေ့စ်ဘွတ်ပေါ်က သတင်းတွေဖတ်ပါ။ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ် ဖြစ်ဖို့တော့ လိုပါတယ်။

ကျေးဇူးတင်ပါ။သာဓုခေါ်ပါ
သင့်ကိုကူညီသူ အားလုံးကို ကျေးဇူးတင်လိုက်ပါ။ ဖေ့စ်ဘွတ် ကြည့်ရင်း သင့်အတွက် ပေးထားတဲ့ comment တွေကိုလည်း ကျေးဇူးတင်ပါ။ တစ်ခြားသူတွေရဲ့ အလှူဒါန တွေကို သာဓုခေါ်ပါ။ သင့်မှာ မကောင်းမြင် စိတ်ရှိနေရင်တောင် ဒါတွေကဖုံးလွှမ်းသွားနိုင်ပါတယ်။

ပြုံးပါ
ပြုံးတာ၊ရယ်မောတာကြောင့် ကိုယ်တွင်းမှာ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်း အောက်ဆီတိုစင်ထွက်လာကာ အကောင်းမြင်စိတ် ရရှိနိုင်ပါတယ်။

အားလုံးကျန်းမာကြပါစေ။

Crd,ဒေါက်တာခင်မိုးမိုး

ပွန်းပဲ့၊ပြတ်ရှဒဏ်ရာ ပြုစုနည်း မှန်ကန်ပါရဲ့လား

(Zawgyi)

ပြန္းပဲ့၊ျပတ္ရွဒဏ္ရာ ျပဳစုနည္း မွန္ကန္ပါရဲ႕လား
================================

ကိုဗစ္ေၾကာင့္ အိမ္မွာပဲေနရတဲ့ ကာလမွာ မေတာ္တဆ လိမ့္က်တာေၾကာင့္ ပြန္းပဲ့ဒဏ္ရာ ဒါမွမဟုတ္ လက္ဓါးထိ တာလိုမ်ိဳး ျဖစ္ခဲ့ရင္ ေဆး႐ုံ ေဆးခန္းသြားဖို႔ အခက္အခဲရွိႏိုင္တာမို႔ မိမိအိမ္ မွာပဲ ေရွးဦးသူနာျပဳလုပ္ရာမွာ ျဖစ္ေတာ့မွာမို႔ မိမိျပဳလုပ္တဲ့ နည္းလမ္းက မွန္ကန္မႈ ရွိ မရွိ သိႏိုင္ေအာင္ ေဖာ္ျပ လိုက္ပါတယ္။

၁-အနာကို အရက္ျပန္ ဒါမွမဟုတ္ ဟိုက္ၿဒိဳဂ်င္ပါေအာက္ဆိုဒ္နဲ႔ မေဆးေၾကာရပါ

ဒဏ္ရာကို ပိုးသန႔္စင္ေအာင္ အရက္ျပန္ ဒါမွမဟုတ္ ဟိုက္ၿဒိဳဂ်င္ပါေအာက္ဆိုဒ္ နဲ႔ ေဆးေၾကာတာမ်ိဳး ျပဳလုပ္တာက ဒဏ္ရာကတစ္သွ်ဴးပ်က္စီးႏိုင္ၿပီး အနာက်က္ေႏွး ႏိုင္ပါတယ္။ ဒဏ္ရာကို သန႔္စင္ဖို႔ ေရဘုံဘိုင္ က က်ဆင္းလာတဲ့ ေရနဲ႔ ေဆးေၾကာပါ။ဒဏ္ရာက သဲ၊ ဖုန္နဲ႔ ပိုးေတြ ကင္းစင္ေအာင္ ေရနဲ႔ အနည္းဆုံး ၅ မိနစ္ခန႔္ ေဆးေၾကာရပါမယ္။
ဒဏ္ရာက နက္ၿပီး ႀကီးလို႔ ဆက္တိုက္ ေသြးထြက္ေနရင္ေတာ့ အေရးေပၚဌာန ကို သြားျပပါ။

၂-အနာက အစိုဓာတ္ရွိေနရပါမယ္

အနာက စြတ္စိုမႈ ရွိမွသာ အနာက်က္ ျမန္ၿပီး အနာနဲ႔ ပတ္တီးက အရမ္းကပ္ မေနေတာ့ မွာပါ။ အနာထဲပိုး မဝင္ေအာင္ အနာကို ေရနဲ႔ေသခ်ာသန႔္စင္ၿပီး Tetra မ်က္စဥ္းညႇစ္ေဆးလိုမ်ိဳး antibiotic cream တစ္မ်ိဳးမ်ိဳးကို ပါးပါးေလး လိမ္းထားေပးပါ။

၃ ။ အနာကို ဖုံးအုပ္ထားပါ

အနာကို ပတ္တီးဒါမွမဟုတ္ ပလပ္စတာနဲ႔ ဖုံးအုပ္ထားရပါမယ္။ ဒါမွ ဖုန္၊ သဲနဲ႔ ပိုးမႊားေတြ မဝင္ႏိုင္ေတာ့တဲ့ အျပင္ အဝတ္နဲ႔ ပြတ္တိုက္မႈလည္း မျဖစ္ႏိုင္ေတာ့တဲ့ အတြက္ အနာက်က္ ျမန္ႏိုင္ပါတယ္။ ပတ္တီးနဲ႔ မဖုံးအုပ္ခင္ အနာကို ေရနဲ႔ စင္ၾကယ္ေအာင္ ေဆးေၾကာပါ။

၄-ပလပ္စတာကို ျျဖည္းျဖည္းသာခြာပ

အနာေပၚက ပလပ္စတာကို ခပ္ဆတ္ဆတ္ေလးဆြဲခြာရင္ အနာေဖး ဖတ္ပါကြာ သြားႏိုင္တာေၾကာင့္ အနာျပန္ပြင့္ သြားပါလိမ့္မယ္။ အနာနဲ႔ ပတ္တီးက ကပ္ေနလို႔ ခြာရခက္ခဲေနရင္ အနာေဖး ေပ်ာ့ေျပာင္းသြားေအာင္ ေရေႏြးနဲ႔ ဆြတ္ေပးပါ။

၅-‌ေရေႏြးပူေလာင္ဒဏ္ရာေပၚ ေထာပတ္ မလိမ္းပါနဲ႔

ေရေႏြးပူေလာင္တဲ့ ဒဏ္ရာေပၚ ေထာပတ္လိမ္း ဒါမွမဟုတ္ ေရခဲတုံး ကပ္တာက ဒဏ္ရာက တစ္သွ်ဴး ပိုၿပီး ပ်က္စီးႏိုင္ပါတယ္။ အပူေလာင္ ဒဏ္ရာကို ဘုံဘိုင္ေခါင္းက က်ဆင္းလာတဲ့ ေရနဲ႔ နာက်င္တာ သက္သာတဲ့အခ်ိန္ထိ ေဆးေၾကာရပါမယ္။

အပူေလာင္ဒဏ္ေၾကာင့္ ျဖစ္လာတဲ့ အရည္ၾကည္ဖုေတြ အကာအကြယ္ ရေအာင္ ပိုးသတ္ထားတဲ့ ပတ္တီးစနဲ႔ ဖုံးအုပ္ထားပါ။ ျဖစ္ႏိုင္ရင္ Sofra-tulle ( ပိုးေသေဆး အဆီပါေသာgauze ) နဲ႔ ဖုံးအုပ္ပါ။

(Unicode)

ပွန်းပဲ့၊ပြတ်ရှဒဏ်ရာ ပြုစုနည်း မှန်ကန်ပါရဲ့လား
================================

ကိုဗစ်ကြောင့် အိမ်မှာပဲနေရတဲ့ ကာလမှာ မတော်တဆ လိမ့်ကျတာကြောင့် ပွန်းပဲ့ဒဏ်ရာ ဒါမှမဟုတ် လက်ဓါးထိ တာလိုမျိုး ဖြစ်ခဲ့ရင် ဆေးရုံ ဆေးခန်းသွားဖို့ အခက်အခဲရှိနိုင်တာမို့ မိမိအိမ် မှာပဲ ရှေးဦးသူနာပြုလုပ်ရာမှာ ဖြစ်တော့မှာမို့ မိမိပြုလုပ်တဲ့ နည်းလမ်းက မှန်ကန်မှု ရှိ မရှိ သိနိုင်အောင် ဖော်ပြ လိုက်ပါတယ်။

၁-အနာကို အရက်ပြန် ဒါမှမဟုတ် ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ်နဲ့ မဆေးကြောရပါ

ဒဏ်ရာကို ပိုးသန့်စင်အောင် အရက်ပြန် ဒါမှမဟုတ် ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် နဲ့ ဆေးကြောတာမျိုး ပြုလုပ်တာက ဒဏ်ရာကတစ်သျှူးပျက်စီးနိုင်ပြီး အနာကျက်နှေး နိုင်ပါတယ်။ ဒဏ်ရာကို သန့်စင်ဖို့ ရေဘုံဘိုင် က ကျဆင်းလာတဲ့ ရေနဲ့ ဆေးကြောပါ။ဒဏ်ရာက သဲ၊ ဖုန်နဲ့ ပိုးတွေ ကင်းစင်အောင် ရေနဲ့ အနည်းဆုံး ၅ မိနစ်ခန့် ဆေးကြောရပါမယ်။
ဒဏ်ရာက နက်ပြီး ကြီးလို့ ဆက်တိုက် သွေးထွက်နေရင်တော့ အရေးပေါ်ဌာန ကို သွားပြပါ။

၂-အနာက အစိုဓာတ်ရှိနေရပါမယ်

အနာက စွတ်စိုမှု ရှိမှသာ အနာကျက် မြန်ပြီး အနာနဲ့ ပတ်တီးက အရမ်းကပ် မနေတော့ မှာပါ။ အနာထဲပိုး မဝင်အောင် အနာကို ရေနဲ့သေချာသန့်စင်ပြီး Tetra မျက်စဉ်းညှစ်ဆေးလိုမျိုး antibiotic cream တစ်မျိုးမျိုးကို ပါးပါးလေး လိမ်းထားပေးပါ။

၃-အနာကို ဖုံးအုပ်ထားပါ

အနာကို ပတ်တီးဒါမှမဟုတ် ပလပ်စတာနဲ့ ဖုံးအုပ်ထားရပါမယ်။ ဒါမှ ဖုန်၊ သဲနဲ့ ပိုးမွှားတွေ မဝင်နိုင်တော့တဲ့ အပြင် အဝတ်နဲ့ ပွတ်တိုက်မှုလည်း မဖြစ်နိုင်တော့တဲ့ အတွက် အနာကျက် မြန်နိုင်ပါတယ်။ ပတ်တီးနဲ့ မဖုံးအုပ်ခင် အနာကို ရေနဲ့ စင်ကြယ်အောင် ဆေးကြောပါ။

၄-ပလပ်စတာကို ဖြည်းဖြည်းသာခွာပါ

အနာပေါ်က ပလပ်စတာကို ခပ်ဆတ်ဆတ်လေးဆွဲခွာရင် အနာဖေး ဖတ်ပါကွာ သွားနိုင်တာကြောင့် အနာပြန်ပွင့် သွားပါလိမ့်မယ်။ အနာနဲ့ ပတ်တီးက ကပ်နေလို့ ခွာရခက်ခဲနေရင် အနာဖေး ပျော့ပြောင်းသွားအောင် ရေနွေးနဲ့ ဆွတ်ပေးပါ။

၅-ရေနွေးပူလောင်ဒဏ်ရာပေါ် ထောပတ် မလိမ်းပါနဲ့

ရေနွေးပူလောင်တဲ့ ဒဏ်ရာပေါ် ထောပတ်လိမ်း ဒါမှမဟုတ် ရေခဲတုံး ကပ်တာက ဒဏ်ရာက တစ်သျှူး ပိုပြီး ပျက်စီးနိုင်ပါတယ်။ အပူလောင် ဒဏ်ရာကို ဘုံဘိုင်ခေါင်းက ကျဆင်းလာတဲ့ ရေနဲ့ နာကျင်တာ သက်သာတဲ့အချိန်ထိ ဆေးကြောရပါမယ်။

အပူလောင်ဒဏ်ကြောင့် ဖြစ်လာတဲ့ အရည်ကြည်ဖုတွေ အကာအကွယ် ရအောင် ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ ဖုံးအုပ်ထားပါ။ ဖြစ်နိုင်ရင် Sofra-tulle ( ပိုးသေဆေး အဆီပါသောgauze ) နဲ့ ဖုံးအုပ်ပါ။

Crd,ဒေါက်တာခင်မိုးမိုး

ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

(Zawgyi)

ညအိပ္ရာမဝင္ခင္တိုင္း ႏြားႏို႔တစ္ခြက္ေသာက္သုံးျခင္းေၾကာင့္ ရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား

အဟာရျပည့္ဝတဲ့ ႏြားႏို႔ဟာ အ႐ိုးအဆစ္ေတြကို သန္မာေစၿပီး ႀကီးထြားမႈကို အေထာက္အကူျဖစ္ေစတဲ့အတြက္ ကေလးေလးေတြကေနစလို႔ လူႀကီးေတြအထိ ေသာက္သုံးေပးသင့္တဲ့ အရာပါ။ အိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္ေပးတာက မ်ားစြာေသာ အက်ိဳး ေက်းဇူးေတြကို ရရွိေစႏိုင္ပါတယ္။

ေကာင္းမြန္စြာ အိပ္စက္ေစႏိုင္တယ္

ေလ့လာေတြ႕ရွိခ်က္ေတြအရ ညအိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္တာဟာ ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ ႏြားႏို႔မွာ tryptophan နဲ႔ melatonin ဓာတ္တို႔ပါဝင္တဲ့အတြက္ ျမန္ျမန္ဆန္ဆန္ အိပ္ေပ်ာ္ေစႏိုင္သလို ႏွစ္ၿခိဳက္စြာ အိပ္စက္ေစႏိုင္ပါတယ္။ခႏၶာကိုယ္ကေန စိတ္ခံစားမႈ ေကာင္းမြန္မႈကို ထုတ္လႊတ္ေပးၿပီး ေအးေဆးသက္သာစြာ အနားယူအိပ္စက္ႏိုင္ေစပါတယ္ေနာ္။

ဝိတ္က်ေစႏိုင္တယ္

ညအိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္တတ္တဲ့ အေလ့အထဟာ ဝိတ္ကို က်ေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေတြဟာ ေကာင္းမြန္စြာ အိပ္မေပ်ာ္ႏိုင္တဲ့အခါ ဝိတ္ပိုတက္ေလ့ရွိပါတယ္။ ေနာက္ၿပီး ႏြားႏို႔က ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့အတြက္ ညဘက္ ဗိုက္ဆာတဲ့အခ်ိန္မွာ ဝိတ္လည္း မတက္ေစပဲ ေသာက္သုံးဖို႔ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

ႂကြက္သားေတြကို သန္မာေစတယ္

ႏြားႏို႔မွာပါဝင္တဲ့ ပ႐ိုတန္းဓာတ္ကို ကစီဓာတ္လို႔ေခၚၿပီး ေလ့လာေတြ႕ရွိခ်က္ေတြအရ ညအိပ္မရာမဝင္ခင္ ႏို႔ေသာက္ျခင္းက ႂကြက္သားေတြကို ပိုသန္မာလာေစပါတယ္။ ဒါေပမယ့္ သတိထားရမွာက တစ္ခါတစ္ေလမွာ ေလပြတာ၊ ဗိုက္နာတာေတြ အခန႔္မသင့္ရင္ ျဖစ္တတ္လို႔ သန႔္ရွင္းလတ္ဆတ္တဲ့ ႏြားႏို႔ကို ေသာက္သုံးဖို႔ လိုအပ္ပါတယ္ေနာ္။

ညဘက္ ဗိုက္ဆာတတ္တဲ့ ျပသနာကို ေျဖရွင္းႏိုင္တယ္

တစ္ခါတစ္ေလမွာ ညစာကို ေစာစားမိတဲ့ ေန႔မ်ိဳးမွာ ညဘက္ ဗိုက္ဆာတာမ်ိဳးေတြ ျဖစ္တတ္ၿပီး ေကာင္းေကာင္းအိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ႏြားႏို႔က အေကာင္းဆုံးပါပဲ။ ႏြားႏို႔မွာ ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့အတြက္ ညအိပ္ရာမဝင္ခင္ ေသာက္ျခင္းက အိပ္စက္ေနခ်ိန္ ဗိုက္ဆာျခင္း ျပသနာကို ေျဖရွင္းၿပီးသား ျဖစ္ေစပါတယ္။

Credit-Original Uploader

(Unicode)

ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

အဟာရပြည့်ဝတဲ့ နွားနို့ဟာ အရိုးအဆစ်တွေကို သန်မာစေပြီး ကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့အတွက် ကလေးလေးတွေကနေစလို့ လူကြီးတွေအထိ သောက်သုံးပေးသင့်တဲ့ အရာပါ။ အိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်ပေးတာက များစွာသော အကျိုး ကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်စေနိုင်တယ်

လေ့လာတွေ့ရှိချက်တွေအရ ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တာဟာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ နွားနို့မှာ tryptophan နဲ့ melatonin ဓာတ်တို့ပါဝင်တဲ့အတွက် မြန်မြန်ဆန်ဆန် အိပ်ပျော်စေနိုင်သလို နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ခန္ဓာကိုယ်ကနေ စိတ်ခံစားမှု ကောင်းမွန်မှုကို ထုတ်လွှတ်ပေးပြီး အေးဆေးသက်သာစွာ အနားယူအိပ်စက်နိုင်စေပါတယ်နော်။

ဝိတ်ကျစေနိုင်တယ်

ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တတ်တဲ့ အလေ့အထဟာ ဝိတ်ကို ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကောင်းမွန်စွာ အိပ်မပျော်နိုင်တဲ့အခါ ဝိတ်ပိုတက်လေ့ရှိပါတယ်။ နောက်ပြီး နွားနို့က ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညဘက် ဗိုက်ဆာတဲ့အချိန်မှာ ဝိတ်လည်း မတက်စေပဲ သောက်သုံးဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ကြွက်သားတွေကို သန်မာစေတယ်

နွားနို့မှာပါဝင်တဲ့ ပရိုတန်းဓာတ်ကို ကစီဓာတ်လို့ခေါ်ပြီး လေ့လာတွေ့ရှိချက်တွေအရ ညအိပ်မရာမဝင်ခင် နို့သောက်ခြင်းက ကြွက်သားတွေကို ပိုသန်မာလာစေပါတယ်။ ဒါပေမယ့် သတိထားရမှာက တစ်ခါတစ်လေမှာ လေပွတာ၊ ဗိုက်နာတာတွေ အခန့်မသင့်ရင် ဖြစ်တတ်လို့ သန့်ရှင်းလတ်ဆတ်တဲ့ နွားနို့ကို သောက်သုံးဖို့ လိုအပ်ပါတယ်နော်။

ညဘက် ဗိုက်ဆာတတ်တဲ့ ပြသနာကို ဖြေရှင်းနိုင်တယ်

တစ်ခါတစ်လေမှာ ညစာကို စောစားမိတဲ့ နေ့မျိုးမှာ ညဘက် ဗိုက်ဆာတာမျိုးတွေ ဖြစ်တတ်ပြီး ကောင်းကောင်းအိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နွားနို့က အကောင်းဆုံးပါပဲ။ နွားနို့မှာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညအိပ်ရာမဝင်ခင် သောက်ခြင်းက အိပ်စက်နေချိန် ဗိုက်ဆာခြင်း ပြသနာကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။

Credit-Original Uploader

ကြိုးခုန်ခြင်းက ရလာမယ့် ကျန်းမာရေး အကျိုး ကျေးဇူး(၅)မျိုး

(Zawgyi)

ႀကိဳးခုန္ျခင္းက ရလာမယ့္ က်န္းမာေရး အက်ိဳး ေက်းဇူး(၅)မ်ိဳး
====================================

ေနအိမ္မွာ အလြယ္တကူ လုပ္လို႔ရတဲ့ ေလ့က်င့္ခန္းေတြ ထဲမွာ ႀကိဳးခုန္တာကလည္း တစ္ခု အပါအ၀င္ပါ။ဒါေပမယ့္ အသက္ႀကီးၿပီး အ႐ိုးအ ဆစ္ ေတြ မ ေကာင္းရင္ ေတာ့ ႀကိဳးခုန္တာမ်ိဳးေတြ ကို မလုပ္သင့္ပါဘူး။အိမ္မွာ ပိုက္ဆံ မကုန္တဲ့ ကိုယ္လက္ လႈပ္ရွား အားကစား ႀကိဳးခုန္ျခင္းက ေန ေပးစြမ္းႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အ ေၾကာင္းကို jumpropedudes မွာ အခုလို ေဖာ္ျပထားပါတယ္။

ကယ္လိုရီ ေလာင္ကြၽမ္းေစ

၀ိတ္က်ခ်င္တယ္ ဘာေလ့က်င့္ခန္းလုပ္ရမလဲ မသိ ျဖစ္ေနရင္ အလြယ္လုပ္ လို႔ရတဲ့ ႀကိဳးခုန္တာကို လုပ္ပါ။(၁၅)မိနစ္ ေလာက္ ႀကိဳးခုန္ရင္ ကယ္လို ရီ (၅၀၀)ေလာက္ ေလာင္ကြၽမ္းႏိုင္ပါတယ္။ဝိတ္က် ခ်င္တယ္၊ကယ္လိုရီေတြ ေလာင္ကြၽမ္းခ်င္ရင္ ေတာ့ ႀကိဳးခုန္ပါ။

ႏွလုံးက်န္းမာေရး အတြက္ ေကာင္း

ပင္ပင္ပန္းပန္းနဲ႔ ႀကိဳးခုန္ရင္ ႏွလုံးခုန္ေတြ အရမ္းျမန္လာတာကို သတိထားမိၾကမွာပါ။ႀကိဳးခုန္တဲ့ အခါ မွာ ေမာ ေတာ့ အသက္ကို အရင္ ထက္ပိုၿပီး ျပင္းျပင္းရႈတတ္ၾကပါတယ္။ေအာက္စီဂ်င္ မ်ားမ်ားရႈ သြင္းတာက ႏွလုံး က်န္းမာေရး အတြက္ အမ်ားႀကီး အေထာက္ အကူ ျဖစ္ ေစပါတယ္။ဒါေပမယ့္ ပင္ကိုယ္ႏွလုံး က်န္းမာေရး မ ေကာင္းတဲ့ လူဆိုရင္ေတာ့ အ ရမ္းေမာတဲ့ ေလ့က်င့္ခန္း မ်ိဳးကို မလုပ္ သင့္ပါဘူး။

Body အ ေန အထား ပုံစံ မွန္ကန္လာေစ

ႀကိဳးခုန္တယ္ဆိုတာက ခႏၶာကိုယ္ အေပၚ ပိုင္းနဲ႔ ေအာက္ပိုင္း ဟန္ခ်က္ညီညီ လုပ္ရတဲ့ ေလ့က်င့္ခန္း မ်ိဳးပါ။ ႀကိဳးခုန္တဲ့ အခါမွာ ခါးကို ဆန္႔၊ေက်ာ ကုန္ အ ေန အထားမတ္မတ္ နဲ႔ ခုန္ရတာ မ်ိဳးပါ။ပခုံး အ ေန အထားေတြ ပါ ဖြင့္ၿပီး ခုန္မွ ရတာ မ်ိဳး ျဖစ္တာေၾကာင့္ ႀကိဳးခုန္တာ ကို အ ေလ့အက်င့္လုပ္ ေပးမယ္ဆိုရင္ ကိုယ့္ရဲ႕ Body အ ေန အ ထားပုံစံ မွန္ကန္ လာေစပါတယ္။ Body အ ေပၚ ပိုင္းနဲ႔ ေအာက္ပိုင္း ဟန္ခ်က္ညီညီ လုပ္ရတာ မို႔ ဟန္ ခ်က္ မညီပဲ လဲ ကြဲတာ မ်ိဳးေတြ ကိုလည္း သက္သာ ေစပါတယ္။

အ႐ိုးေတြကို သန္မာေစ

အ႐ိုးေတြကို သန္မာ ေစတဲ့ ေလ့က်င့္ခန္းထဲမွာ ႀကိဳးခုန္တာကလည္း တစ္ခု အပါအ၀င္ပါ။ဒါေပမယ့္ အ႐ိုးအ ေၾကာ မ ေကာင္းတဲ့ လူႀကီးပိုင္းေတြ က ေတာ့ ႀကိဳးမခုန္သင့္ပါဘူး။ႀကိဳးခုန္တဲ့ လူနဲ႔ ႀကိဳးမခုန္တဲ့ လူေတြကို ႏႈိင္းယွဥ္ၾကည့္အခါ မွာ ခုန္တဲ့ လူေတြက အ႐ိုးသိပ္သည္းဆ ပိုမ်ား တာကို ေတြ႕ ရပါတယ္။ဒါ ေၾကာင့္ ပုံမွန္ ႀကိဳးခုန္ျခင္းက အ႐ိုးေတြကို သန္မာ ေစပါတယ္။

အဆုတ္အားေကာင္းေစ

ေလ့က်င့္ခန္းတိုင္းလိုလို က ေတာ့ အဆုတ္ က်န္းမာေရး အတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစပါတယ္။အဲ့ဒီအထဲမွာ ႀကိဳးခုန္ ျခင္း ကလည္း အဆုတ္ က်န္းမာေရး အတြက္ အ ေထာက္ အကူျဖစ္ေစပါတယ္။ႀကိဳးခုန္တဲ့ အခါ မွာ ေမာပန္းၿပီး အသက္ကို ျပင္းျပင္းရႈ ရတာ မို႔ ႏွလုံး၊အဆုတ္ က်န္းမာ ေရးအျပင္ ခံႏိုင္ရည္အားကိုပါ ျမင့္တက္ ေစပါတယ္။

(Unicode)

ကြိုးခုန်ခြင်းက ရလာမယ့် ကျန်းမာရေး အကျိုး ကျေးဇူး(၅)မျိုး
====================================

နေအိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ ထဲမှာ ကြိုးခုန်တာကလည်း တစ်ခု အပါအဝင်ပါ။ဒါပေမယ့် အသက်ကြီးပြီး အရိုးအ ဆစ် တွေ မ ကောင်းရင် တော့ ကြိုးခုန်တာမျိုးတွေ ကို မလုပ်သင့်ပါဘူး။အိမ်မှာ ပိုက်ဆံ မကုန်တဲ့ ကိုယ်လက် လှုပ်ရှား အားကစား ကြိုးခုန်ခြင်းက နေ ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အ ကြောင်းကို jumpropedudes မှာ အခုလို ဖော်ပြထားပါတယ်။

ကယ်လိုရီ လောင်ကျွမ်းစေ

ဝိတ်ကျချင်တယ် ဘာလေ့ကျင့်ခန်းလုပ်ရမလဲ မသိ ဖြစ်နေရင် အလွယ်လုပ် လို့ရတဲ့ ကြိုးခုန်တာကို လုပ်ပါ။(၁၅)မိနစ် လောက် ကြိုးခုန်ရင် ကယ်လို ရီ (၅၀၀)လောက် လောင်ကျွမ်းနိုင်ပါတယ်။ဝိတ်ကျ ချင်တယ်၊ကယ်လိုရီတွေ လောင်ကျွမ်းချင်ရင် တော့ ကြိုးခုန်ပါ။

နှလုံးကျန်းမာရေး အတွက် ကောင်း

ပင်ပင်ပန်းပန်းနဲ့ ကြိုးခုန်ရင် နှလုံးခုန်တွေ အရမ်းမြန်လာတာကို သတိထားမိကြမှာပါ။ကြိုးခုန်တဲ့ အခါ မှာ မော တော့ အသက်ကို အရင် ထက်ပိုပြီး ပြင်းပြင်းရှုတတ်ကြပါတယ်။အောက်စီဂျင် များများရှု သွင်းတာက နှလုံး ကျန်းမာရေး အတွက် အများကြီး အထောက် အကူ ဖြစ် စေပါတယ်။ဒါပေမယ့် ပင်ကိုယ်နှလုံး ကျန်းမာရေး မ ကောင်းတဲ့ လူဆိုရင်တော့ အ ရမ်းမောတဲ့ လေ့ကျင့်ခန်း မျိုးကို မလုပ် သင့်ပါဘူး။

Body အ နေ အထား ပုံစံ မှန်ကန်လာစေ

ကြိုးခုန်တယ်ဆိုတာက ခန္ဓာကိုယ် အပေါ် ပိုင်းနဲ့ အောက်ပိုင်း ဟန်ချက်ညီညီ လုပ်ရတဲ့ လေ့ကျင့်ခန်း မျိုးပါ။ ကြိုးခုန်တဲ့ အခါမှာ ခါးကို ဆန့်၊ကျော ကုန် အ နေ အထားမတ်မတ် နဲ့ ခုန်ရတာ မျိုးပါ။ပခုံး အ နေ အထားတွေ ပါ ဖွင့်ပြီး ခုန်မှ ရတာ မျိုး ဖြစ်တာကြောင့် ကြိုးခုန်တာ ကို အ လေ့အကျင့်လုပ် ပေးမယ်ဆိုရင် ကိုယ့်ရဲ့ Body အ နေ အ ထားပုံစံ မှန်ကန် လာစေပါတယ်။ Body အ ပေါ် ပိုင်းနဲ့ အောက်ပိုင်း ဟန်ချက်ညီညီ လုပ်ရတာ မို့ ဟန် ချက် မညီပဲ လဲ ကွဲတာ မျိုးတွေ ကိုလည်း သက်သာ စေပါတယ်။

အရိုးတွေကို သန်မာစေ

အရိုးတွေကို သန်မာ စေတဲ့ လေ့ကျင့်ခန်းထဲမှာ ကြိုးခုန်တာကလည်း တစ်ခု အပါအဝင်ပါ။ဒါပေမယ့် အရိုးအ ကြော မ ကောင်းတဲ့ လူကြီးပိုင်းတွေ က တော့ ကြိုးမခုန်သင့်ပါဘူး။ကြိုးခုန်တဲ့ လူနဲ့ ကြိုးမခုန်တဲ့ လူတွေကို နှိုင်းယှဉ်ကြည့်အခါ မှာ ခုန်တဲ့ လူတွေက အရိုးသိပ်သည်းဆ ပိုများ တာကို တွေ့ ရပါတယ်။ဒါ ကြောင့် ပုံမှန် ကြိုးခုန်ခြင်းက အရိုးတွေကို သန်မာ စေပါတယ်။

အဆုတ်အားကောင်းစေ

လေ့ကျင့်ခန်းတိုင်းလိုလို က တော့ အဆုတ် ကျန်းမာရေး အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။အဲ့ဒီအထဲမှာ ကြိုးခုန် ခြင်း ကလည်း အဆုတ် ကျန်းမာရေး အတွက် အ ထောက် အကူဖြစ်စေပါတယ်။ကြိုးခုန်တဲ့ အခါ မှာ မောပန်းပြီး အသက်ကို ပြင်းပြင်းရှု ရတာ မို့ နှလုံး၊အဆုတ် ကျန်းမာ ရေးအပြင် ခံနိုင်ရည်အားကိုပါ မြင့်တက် စေပါတယ်။

Crd:copy

သံပုရာသီးစိမ်ထားတဲ့ရေကို အမြဲသောက်ပေးခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ

(Zawgyi)

သံပုရာသီးစိမ္ထားတဲ့ေရကို အၿမဲေသာက္ေပးျခင္းေၾကာင့္ ရရွိလာႏိုင္တဲ့အက်ိဳးေက်းဇူးမ်ား
==================================

သံပုရာသီးဟာ လူ႔ခႏၶာကိုယ္ကိုအက်ိဳးျပဳေစတဲ့ ဓာတ္ေတြအမ်ားႀကီးပါဝင္လို႔ေနပါတယ္။ အခုေနာက္ပိုင္း က်န္းမာေရးလိုက္စားသူေတြဟာ ႐ိုး႐ိုးေရေတာင္မဟုတ္ေတာ့ဘဲ ေရထဲကို သံပုရာကြင္းေလးေတြ ထည့္ၿပီးေသာက္ေလ့ရွိၾကပါတယ္။ ဒီလိုေသာက္ျခင္းဟာ က်န္းမာေရးအတြက္ ဘယ္လိုအက်ိဳးျပဳေစလဲဆိုတာ ၾကည့္လိုက္ရေအာင္။

(၁) ေရဓတ္ပိုျပည့္ေစတယ္

အမ်ိဳးသမီးေတြဟာ ပုံမွန္ေရဓာတ္ ၉၁ ေအာင္စလိုအပ္သလို အမ်ိဳးသားေတြကေတာ့ ၁၂၅ ေအာင္စေတာင္ လိုအပ္ပါတယ္။ ဒီေတာ့ ႐ိုး႐ိုးေရေသာက္မယ့္အစား အရသာနဲ႔အနံ႔ပါေအာင္ သံပုရာသီးေလးထည့္ေပးျခင္းဟာ ေရကိုပိုေသာက္ခ်င္စိတ္ျဖစ္ေစတဲ့အတြက္ ေရဓာတ္လည္း ပိုျပည့္ဝေစပါတယ္တဲ့။

(၂) ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္ စီ

သံပုရာသီးမွာ ဗီတာမင္ စီပါဝင္တယ္ဆိုတာ လူတိုင္း သိမွာပါ။ ဗီတာမင္ စီ ဟာ ခႏၶာကိုယ္ကို အက်ိဳးျပဳႏိုင္တဲ့ ဓာတ္ေတြထဲက တစ္ခုပါပဲ။ ဗီတာမင္ စီ ဟာ antioxidant ဓာတ္ေပါႂကြယ္ဝတဲ့အျပင္ ကိုယ္ခံအားကိုလည္း ျမႇင့္တင္ေပးတဲ့အတြက္ သာမန္အေအးမိတာေတြအျပင္ အူမဘကီးကင္ဆာ၊ ေသြးတိုးျခင္းနဲ႔ ေလျဖန္းျခင္းတို႔ကိုလည္း ကာကြယ္ေပးပါတယ္။

(၃) အသားအေရအတြက္

အသားေျခာက္ျခင္းနဲ႔ အေရးအေၾကာင္းျဖစ္ျခင္းတို႔မွ ကာကြယ္ေပးတဲ့အျပင္ ေနေလာင္ျခင္းကိုလည္း သက္သာေစပါေသးတယ္တဲ့။

(၄) ကိုယ္အေလးခ်ိန္က်ေစတယ္

သံပုရာသီးဟာ polyphenol antioxidants ေတြ ပါဝင္တဲ့အတြက္ေၾကာင့္ ကိုယ္အေလးခ်ိန္က်ဆင္းေစမႈကိုလည္း အေထာက္အကူျပဳေစပါတယ္။

(၅) အစာေၾကေစတယ္

သံပုရာသီးမွာပါဝင္တဲ့ အက္ဆစ္ဓာတ္ဟာ အစာေက်ေစၿပီး ဝမ္းမွန္ေစပါတယ္။ ေနာက္ အူတြင္းက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ထုတ္ေပးပါေသးတယ္။

(၆) ခံတြင္းအနံ႔ကိုေကာင္းေစတယ္

ထမင္းစားၿပီးတိုင္း သံပုရာစိမ္ေရတစ္ခြက္ေသာကျခင္းဟာ စားႂကြင္းစားက်န္ေတြကို ေခ်ျဖတ္ေပးတဲ့ အတြက္ေၾကာင့္ ခံတြင္းနံ႔ေတြကိုလည္း ေပ်ာက္ေစပါတယ္။

ဒီေနရာမွာ သံပုရာသီးအစား ေရွာက္သီးကိုလည္း အသုံးျပဳႏိုင္ပါတယ္။

(Unicode)

သံပုရာသီးစိမ်ထားတဲ့ရေကို အမြဲသောက်ပေးခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ
==================================

သံပုရာသီးဟာ လူ့ခန္ဓာကိုယ်ကိုအကျိုးပြုစေတဲ့ ဓာတ်တွေအများကြီးပါဝင်လို့နေပါတယ်။ အခုနောက်ပိုင်း ကျန်းမာရေးလိုက်စားသူတွေဟာ ရိုးရိုးရေတောင်မဟုတ်တော့ဘဲ ရေထဲကို သံပုရာကွင်းလေးတွေ ထည့်ပြီးသောက်လေ့ရှိကြပါတယ်။ ဒီလိုသောက်ခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုစေလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) ရေဓတ်ပိုပြည့်စေတယ်

အမျိုးသမီးတွေဟာ ပုံမှန်ရေဓာတ် ၉၁ အောင်စလိုအပ်သလို အမျိုးသားတွေကတော့ ၁၂၅ အောင်စတောင် လိုအပ်ပါတယ်။ ဒီတော့ ရိုးရိုးရေသောက်မယ့်အစား အရသာနဲ့အနံ့ပါအောင် သံပုရာသီးလေးထည့်ပေးခြင်းဟာ ရေကိုပိုသောက်ချင်စိတ်ဖြစ်စေတဲ့အတွက် ရေဓာတ်လည်း ပိုပြည့်ဝစေပါတယ်တဲ့။

(၂) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် စီ

သံပုရာသီးမှာ ဗီတာမင် စီပါဝင်တယ်ဆိုတာ လူတိုင်း သိမှာပါ။ ဗီတာမင် စီ ဟာ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ ဓာတ်တွေထဲက တစ်ခုပါပဲ။ ဗီတာမင် စီ ဟာ antioxidant ဓာတ်ပေါကြွယ်ဝတဲ့အပြင် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက် သာမန်အအေးမိတာတွေအပြင် အူမဘကီးကင်ဆာ၊ သွေးတိုးခြင်းနဲ့ လေဖြန်းခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်။

(၃) အသားအရေအတွက်

အသားခြောက်ခြင်းနဲ့ အရေးအကြောင်းဖြစ်ခြင်းတို့မှ ကာကွယ်ပေးတဲ့အပြင် နေလောင်ခြင်းကိုလည်း သက်သာစေပါသေးတယ်တဲ့။

(၄) ကိုယ်အလေးချိန်ကျစေတယ်

သံပုရာသီးဟာ polyphenol antioxidants တွေ ပါဝင်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ကျဆင်းစေမှုကိုလည်း အထောက်အကူပြုစေပါတယ်။

(၅) အစာကြေစေတယ်

သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ အစာကျေစေပြီး ဝမ်းမှန်စေပါတယ်။ နောက် အူတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ထုတ်ပေးပါသေးတယ်။

(၆) ခံတွင်းအနံ့ကိုကောင်းစေတယ်

ထမင်းစားပြီးတိုင်း သံပုရာစိမ်ရေတစ်ခွက်သောကခြင်းဟာ စားကြွင်းစားကျန်တွေကို ချေဖြတ်ပေးတဲ့ အတွက်ကြောင့် ခံတွင်းနံ့တွေကိုလည်း ပျောက်စေပါတယ်။

ဒီနေရာမှာ သံပုရာသီးအစား ရှောက်သီးကိုလည်း အသုံးပြုနိုင်ပါတယ်။

penny
Aunty May

နေကြာစေ့ပုံမှန်စားပေးခြင်းကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေးနဲ့အလှပဆိုင်ရာကောင်းကျိုးများ

(Zawgyi)

ေနၾကာေစ့ပုံမွန္စားေပးျခင္းေၾကာင့္ ရရွိလာႏိုင္တဲ့ က်န္းမာေရးနဲ႔အလွပဆိုင္ရာေကာင္းက်ိဳးမ်ား
==============================

ေနၾကာေစ့ကိုက္ရတာ ဝါသနာပါတဲ့လူရွိလား။ ေနၾကာေစ့ကို ေန႔တိုင္း ပုံမွန္ေလး လက္ခုတ္စာစားေပး႐ုံနဲ႔ဒီလိုအက်ိဳးေက်းဇူးေတြကို ရရွိလာမွာပါတဲ့။ အဲဒါေတြကေတာ့..

(၁) ကိုယ္ခံအားေကာင္းတယ္

ဗီတာမင္ E နဲ႔ antioxidants ေတြပါဝင္တဲ့အတြက္ေၾကာင့္ ေတာ္႐ုံ အေအးမိဖ်ားနာျခင္းေတြကို ကာကြယ္ေပးပါတယ္။

(၂) ကိုယ္အေလးခ်ိန္က်ဆင္းမႈကို အေထာက္အကူျပဳတယ္

ဝိတ္ခ်တဲ့လူေတြဟာ ေနၾကာေစ့စားတဲ့အခါက်ရင္ အဆာလည္းခံတယ္၊ အင္အားလည္းျပည့္ဝပါတယ္။

(၃) စိတ္ဓာတ္က်ျခင္းကိုသက္သာေစပါတယ္

ေနၾကာေစ့ဟာ ဝါးေနရတာကိုက စိတ္ဖိဆီးမႈကို ေျပေပ်ာက္ေစတာပါတဲ့။

(၄) ေသြးတြင္းဓာတ္ကို ထိန္းျငႇိေပးတယ္

ေနၾကာေစ့ဟာ ေသြးတိုးသမားေတြ မွီဝဲသင့္တဲ့ အေစ့အဆံဆိုရင္လည္းမမွားပါဘူး။

(၅) အသားအေရတြက္ေကာင္းတယ္

ၾကည္လင္ၿပီး အသားအေရေလး glow ေနေစဖို႔အတြက္ linolenic, oleic နဲ႔ palmitic acid စတဲ့ ျပည့္ဝအဆီေတြပါဝင္တဲ့အတြက္ေၾကာင့္ ေကာ္လဂ်င္ဓာတ္နဲ႔ elastin တို႔ကို ျပန္လည္ဖြဲ႕ဆည္းရာမွာ အေထာက္အကူျပဳပါတယ္။

(၆) ႏွလုံးက်န္းမာေရးကို အားေကာင္းေစတယ္

လိုအပ္တဲ့ျပည့္ဝအဆီနဲ႔ phytosterols ေတြ ပါဝင္တဲ့အတြက္ေၾကာင့္ ႏွလုံးက်န္းမာေရးကို ကာကြယ္ေပးၿပီး အားေကာင္းေစပါတယ္။

(Unicode)

နေကြာစေ့ပုံမှန်စားပေးခြင်းကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေးနဲ့အလှပဆိုင်ရာကောင်းကျိုးများ
==============================

နေကြာစေ့ကိုက်ရတာ ဝါသနာပါတဲ့လူရှိလား။ နေကြာစေ့ကို နေ့တိုင်း ပုံမှန်လေး လက်ခုတ်စာစားပေးရုံနဲ့ဒီလိုအကျိုးကျေးဇူးတွေကို ရရှိလာမှာပါတဲ့။ အဲဒါတွေကတော့..

(၁) ကိုယ်ခံအားကောင်းတယ်

ဗီတာမင် E နဲ့ antioxidants တွေပါဝင်တဲ့အတွက်ကြောင့် တော်ရုံ အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။

(၂) ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူပြုတယ်

ဝိတ်ချတဲ့လူတွေဟာ နေကြာစေ့စားတဲ့အခါကျရင် အဆာလည်းခံတယ်၊ အင်အားလည်းပြည့်ဝပါတယ်။

(၃) စိတ်ဓာတ်ကျခြင်းကိုသက်သာစေပါတယ်

နေကြာစေ့ဟာ ဝါးနေရတာကိုက စိတ်ဖိဆီးမှုကို ပြေပျောက်စေတာပါတဲ့။

(၄) သွေးတွင်းဓာတ်ကို ထိန်းငြှိပေးတယ်

နေကြာစေ့ဟာ သွေးတိုးသမားတွေ မှီဝဲသင့်တဲ့ အစေ့အဆံဆိုရင်လည်းမမှားပါဘူး။

(၅) အသားအရေတွက်ကောင်းတယ်

ကြည်လင်ပြီး အသားအရေလေး glow နေစေဖို့အတွက် linolenic, oleic နဲ့ palmitic acid စတဲ့ ပြည့်ဝအဆီတွေပါဝင်တဲ့အတွက်ကြောင့် ကော်လဂျင်ဓာတ်နဲ့ elastin တို့ကို ပြန်လည်ဖွဲ့ဆည်းရာမှာ အထောက်အကူပြုပါတယ်။

(၆) နှလုံးကျန်းမာရေးကို အားကောင်းစေတယ်

လိုအပ်တဲ့ပြည့်ဝအဆီနဲ့ phytosterols တွေ ပါဝင်တဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးကို ကာကွယ်ပေးပြီး အားကောင်းစေပါတယ်။

Crd,copy

မိန်းကလေးတိုင်းအတွက် ဆေးတစ်လက်ဖြစ်တဲ့ ရုံးပတေသီးရဲ့ အံ့ဖွယ်အကျိုး (၁၀) ခု

(Zawgyi)

မိန္းကေလးတိုင္းအတြက္ ေဆးတစ္လက္ျဖစ္တဲ့ ႐ုံးပေတသီးရဲ႕ အံ့ဖြယ္အက်ိဳး (၁၀) ခု
==================================

႐ုံးပေတသီးဟာ အတို႔အျမႇဳပ္ပဲလုပ္လုပ္၊ ဟင္းခ်က္ပဲစားစား၊ ေၾကာ္ပဲစားစား၊ ဟင္းခါးလုပ္ၿပီးပဲေသာက္ေသာက္ ဘက္စုံစားႏိုင္တဲ့ ဟင္းသီးဟင္း႐ြက္ထဲမွာ ပါဝင္ပါတယ္။ ေနာက္ ႐ုံးပေတသီးဟာ မိန္းကေလးေတြအတြက္ သဘာဝကေပးတဲ့ ေဆးစြမ္းတစ္လက္ျဖစ္တယ္ဆိုတာကိုလည္း အားလုံးၾကားဖူးၾကမွာပါ။

ဒီေတာ့ ႐ုံးပေတသီးစားေပးျခင္းေၾကာင့္ ရလာႏိုင္တဲ့ အံ့မခမ္းအက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) Carotenoids ဓာတ္ ႂကြယ္ဝစြာပါဝင္တဲ့အတြက္ မ်က္လ့းကို အားေကာင္းေစပါတယ္။

(2) ဒီအျပင္ Carotenoids ဓာတ္ကပဲ အသားအေရျပန္လည္ျပဳျပင္တဲ့ လုပ္ငန္းေတြမွာ အားေပးကူညီေပးပါတယ္။ ေနေလာင္တာေတြနဲ႔ အ႐ြယ္တင္ႏိုပ်ိဳမႈလုပ္ငန္းစဥ္ေတြမွာ အေထာက္အကူျပဳမွာပါ။

(3) ေသြးနီဥေလ်ာ့နည္းျခင္းကို ျပန္လည္ျဖည့္တင္းေပးပါတယ္။

(4) ဗီတာမင္ စီ ပါဝင္တဲ့အတြက္ေၾကာင့္ anti-oxidant ေပါႂကြယ္ဝတဲ့အတြက္ ကိုယ္ခံအားကိုလည္း ျမႇင့္တင္ေပးပါတယ္။

(5) ႐ုံးပေတသီးမွာပါဝင္တဲ့ Okra ဟာ ကိုယ္အေလးခ်ိန္က်ဆင္းျခင္းကို အေထာက္အကူျပဳပါတယ္။

(6) ဒီအျပင္ Bhindi ဟာ ဆီးခ်ိဳျဖစ္ျခင္းကို ကာကြယ္ေပးမွာပါ။

(7) Bhindi ရဲ႕ ေနာက္ထပ္ လုပ္ေဆာင္ခ်က္ကေတာ့ ဝမ္းခ်ဳပ္ျခင္းကို မျဖစ္ေစတာပါပဲ။

(8) ဖိုက္ဘာဓာတ္ေပါႂကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ ကိုလက္စေရာေတြကိုလည္း က်ဆင္းေစႏိုင္ပါတယ္။ အထူးသျဖင့္ အသည္းထဲဝင္ေရာက္မယ့္ ကိုလက္စေရာေတြကိုေပါ့။

(9) Pectin ဓာတ္ဟာလည္း ႏွႀလံဳးက်န္းမာေရးကို အေထာက္အကူျဖစ္ေစပါတယ္။

(10) ႐ုန္းပေတသီးရဲ႕ ေနာက္ထပ္ေကာင္းက်ိဳးတစ္ခုကေတာ့ အူလမ္းေၾကာင္းကို သူ႔ရဲ႕ သဘာဝခြၽဲက်ိက်ိအႏွစ္ေတြနဲ႔ ရွင္းလင္းေပးသြားတဲ့အတြက္အူမႀကီးကင္ဆာမွ ကာကြယ္ေပးႏိုင္တာပါပဲ။

(Unicode)

မိန်းကလေးတိုင်းအတွက် ဆေးတစ်လက်ဖြစ်တဲ့ ရုံးပတေသီးရဲ့ အံ့ဖွယ်အကျိုး (၁၀) ခု
==================================

ရုံးပတေသီးဟာ အတို့အမြှုပ်ပဲလုပ်လုပ်၊ ဟင်းချက်ပဲစားစား၊ ကြော်ပဲစားစား၊ ဟင်းခါးလုပ်ပြီးပဲသောက်သောက် ဘက်စုံစားနိုင်တဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်ပါတယ်။ နောက် ရုံးပတေသီးဟာ မိန်းကလေးတွေအတွက် သဘာဝကပေးတဲ့ ဆေးစွမ်းတစ်လက်ဖြစ်တယ်ဆိုတာကိုလည်း အားလုံးကြားဖူးကြမှာပါ။

ဒီတော့ ရုံးပတေသီးစားပေးခြင်းကြောင့် ရလာနိုင်တဲ့ အံ့မခမ်းအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Carotenoids ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်လ့းကို အားကောင်းစေပါတယ်။

(2) ဒီအပြင် Carotenoids ဓာတ်ကပဲ အသားအရေပြန်လည်ပြုပြင်တဲ့ လုပ်ငန်းတွေမှာ အားပေးကူညီပေးပါတယ်။ နေလောင်တာတွေနဲ့ အရွယ်တင်နိုပျိုမှုလုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုမှာပါ။

(3) သွေးနီဥလျော့နည်းခြင်းကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

(4) ဗီတာမင် စီ ပါဝင်တဲ့အတွက်ကြောင့် anti-oxidant ပေါကြွယ်ဝတဲ့အတွက် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။

(5) ရုံးပတေသီးမှာပါဝင်တဲ့ Okra ဟာ ကိုယ်အလေးချိန်ကျဆင်းခြင်းကို အထောက်အကူပြုပါတယ်။

(6) ဒီအပြင် Bhindi ဟာ ဆီးချိုဖြစ်ခြင်းကို ကာကွယ်ပေးမှာပါ။

(7) Bhindi ရဲ့ နောက်ထပ် လုပ်ဆောင်ချက်ကတော့ ဝမ်းချုပ်ခြင်းကို မဖြစ်စေတာပါပဲ။

(8) ဖိုက်ဘာဓာတ်ပေါကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကိုလက်စရောတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် အသည်းထဲဝင်ရောက်မယ့် ကိုလက်စရောတွေကိုပေါ့။

(9) Pectin ဓာတ်ဟာလည်း နှလြုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

(10) ရုန်းပတေသီးရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အူလမ်းကြောင်းကို သူ့ရဲ့ သဘာဝချွဲကျိကျိအနှစ်တွေနဲ့ ရှင်းလင်းပေးသွားတဲ့အတွက်အူမကြီးကင်ဆာမှ ကာကွယ်ပေးနိုင်တာပါပဲ။
Crd,
penny
Aunty May

ကျန်းမာရေးကို အဖက်ဖက်က ကောင်းစေတဲ့ နာနာတ်သီး Detox ဖျော်ရည်

(Zawgyi)

က်န္းမာေရးကို အဖက္ဖက္က ေကာင္းေစတဲ့ နာနာတ္သီး Detox ေဖ်ာ္ရည္
====================================

အခုလိုရာသီမ်ိဳးမွာ နာနာတ္သီးခ်ိဳခ်ိဳေလးေတြ ေပါေနၿပီမို႔နည္းလမ္းေကာင္းေလးတစ္ခုေျပာပါရေစေနာ္။ အဲ့ဒါက နာနာတ္သီး Detox ရည္ပါ။ Detox ရည္ဆိုတာ သဘာဝအသီးေတြနဲ႔ျပဳလုပ္ထားၿပီး ခႏၶၶာကိုယ္က အဆိပ္အေတာက္ေတြကို ဖယ္ရွာေပးတဲ့ အရည္တစ္မ်ိဳးပါ။

နာနာတ္သီးမွာပါဝင္တဲ့ Bromelain လို႔ေခၚတဲ့ အင္ဇိုင္းမ္ဓာတ္ဟာ အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး ေဖာင္းေရာင္ျခင္းေတြမွကာကြယ္ေပးပါတယ္။ အေရးႀကီးတဲ့အခ်က္ကေတာ့ အဲ့ဒီ့အင္ဇိုင္းဓာတ္က ဇီဝကမၼျဖစ္စဥ္ကို ျမန္ဆန္ေစပါတယ္။ နာနာတ္သီး ၁၀၀ဂရမ္မွာ ၄၀ကယ္လိုရီပဲပါဝင္တာမို႔ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့အခါမွာလည္းအေထာက္အကူျပဳပါတယ္။

နာနာတ္ေဖ်ာ္ရည္ကို (၃) ရက္ဆက္တိုက္ ေသာက္ေပးရင္ အူထဲမွာရွိတဲ့သန္ေကာင္၊ တုပ္ေကာင္ေတြကိုဖယ္ရွားေပးပါတယ္။ ပင္ပန္းႏြမ္းနယ္မႈကိုလည္းေလွ်ာ့ခ်ေပးပါတယ္။ သူ႔မွာ အင္ဇိုင္းနဲ႔ Antioxidants ေတြပါဝင္လို႔ ခႏၶာကိုယ္အႏွံ႔က အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္စြမ္းရွိပါတယ္။

နာနာတ္ရည္မွာပါဝင္တဲ့ ကယ္လ္စီယမ္နဲ႔ သတၱဳဓာတ္က အ႐ိုးနဲ႔ သြားေတြကိုခိုင္မာေစပါေသးတယ္။ မ်က္လုံးအျမင္အာ႐ုံကိုေကာင္းေစတဲ့အျပင္ ကင္ဆာဆဲလ္တစ္မ်ိဳးကိုလည္းတားဆီးေပးႏိုင္ပါေသးတယ္။ ဒီလိုက်န္းမာေရးေကာင္းက်ိဳးမ်ားစြာေပးတဲ့ နာနာတ္သီး Detox ေဖ်ာ္ရည္လုပ္နည္းေလးကိုေျပာျပပါဦးမယ္။

ပါဝင္ပစၥည္းမ်ား

ေရ တစ္လီတာ

နာနာတ္သီး တစ္လုံး

ပူစီနံ ၆႐ြက္

ျပဳလုပ္နည္း

နာနာတ္သီးကို အခြံႏႊာ၊ အတုံးေသးေသးေလးေတြ ပိုင္းၿပီး ဖန္ပုလင္းတစ္ခုမွာထည့္လိုက္ပါ။ ၿပီးရင္ေရထည့္ပါ။ ၿပီးရင္ ပူစီနံထည့္လိုက္ပါ။ ပုလင္းအဖုံးကိုေသခ်ာလုံေအာင္ပိတ္ၿပီး ေရခဲေသတၱာထဲမွာ တစ္ညထားၿပီး ေသာက္လို႔ရပါၿပီ။

(Unicode)

ကျန်းမာရေးကို အဖက်ဖက်က ကောင်းစေတဲ့ နာနာတ်သီး Detox ဖျော်ရည်
====================================

အခုလိုရာသီမျိုးမှာ နာနာတ်သီးချိုချိုလေးတွေ ပေါနေပြီမို့နည်းလမ်းကောင်းလေးတစ်ခုပြောပါရစေနော်။ အဲ့ဒါက နာနာတ်သီး Detox ရည်ပါ။ Detox ရည်ဆိုတာ သဘာဝအသီးတွေနဲ့ပြုလုပ်ထားပြီး ခန္ဓ္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှာပေးတဲ့ အရည်တစ်မျိုးပါ။

နာနာတ်သီးမှာပါဝင်တဲ့ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းမ်ဓာတ်ဟာ အစာချေစနစ်ကိုကောင်းမွန်စေပြီး ဖောင်းရောင်ခြင်းတွေမှကာကွယ်ပေးပါတယ်။ အရေးကြီးတဲ့အချက်ကတော့ အဲ့ဒီ့အင်ဇိုင်းဓာတ်က ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။ နာနာတ်သီး ၁၀၀ဂရမ်မှာ ၄၀ကယ်လိုရီပဲပါဝင်တာမို့ ကိုယ်အလေးချိန်လျှော့ချတဲ့အခါမှာလည်းအထောက်အကူပြုပါတယ်။

နာနာတ်ဖျော်ရည်ကို (၃) ရက်ဆက်တိုက် သောက်ပေးရင် အူထဲမှာရှိတဲ့သန်ကောင်၊ တုပ်ကောင်တွေကိုဖယ်ရှားပေးပါတယ်။ ပင်ပန်းနွမ်းနယ်မှုကိုလည်းလျှော့ချပေးပါတယ်။ သူ့မှာ အင်ဇိုင်းနဲ့ Antioxidants တွေပါဝင်လို့ ခန္ဓာကိုယ်အနှံ့က အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

နာနာတ်ရည်မှာပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်က အရိုးနဲ့ သွားတွေကိုခိုင်မာစေပါသေးတယ်။ မျက်လုံးအမြင်အာရုံကိုကောင်းစေတဲ့အပြင် ကင်ဆာဆဲလ်တစ်မျိုးကိုလည်းတားဆီးပေးနိုင်ပါသေးတယ်။ ဒီလိုကျန်းမာရေးကောင်းကျိုးများစွာပေးတဲ့ နာနာတ်သီး Detox ဖျော်ရည်လုပ်နည်းလေးကိုပြောပြပါဦးမယ်။

ပါဝင်ပစ္စည်းများ

ရေ တစ်လီတာ

နာနာတ်သီး တစ်လုံး

ပူစီနံ ၆ရွက်

ပြုလုပ်နည်း

နာနာတ်သီးကို အခွံနွှာ၊ အတုံးသေးသေးလေးတွေ ပိုင်းပြီး ဖန်ပုလင်းတစ်ခုမှာထည့်လိုက်ပါ။ ပြီးရင်ရေထည့်ပါ။ ပြီးရင် ပူစီနံထည့်လိုက်ပါ။ ပုလင်းအဖုံးကိုသေချာလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညထားပြီး သောက်လို့ရပါပြီ။

နေ့စဉ်မနက်စာ မစားမီသောက်သုံးပေးပါ
Crd,Copy

ဘက်စုံအသုံးဝင်တဲ့ ရှာလကာရည်

(Zawgyi)

ဘက္စုံအသုံးဝင္တဲ့ ရွာလကာရည္
========================

ရွာလကာရည္ဟာ ဘက္တီးရီးယားပိုးေတြေၾကာင့္ ေဖ်ာ္ရည္ေတြအခ်ဥ္ေပါက္ၿပီး ျဖစ္လာတာမို႔ သူ႔မွာအက္ဆီတစ္အက္စစ္ အမ်ားႀကီးပါတယ္။

ဒါေၾကာင့္ မီးဖိုေခ်ာင္မွာ ႐ုတ္တရက္ အေရးေပၚထိခိုက္ဒဏ္ရာရတဲ့အခါ အနာပိုးမဝင္ေစဖို႔၊ အနာသန႔္ရွင္းေစဖို႔ ႐ုတ္တရက္အရက္ပ်ံတို႔၊ ေဆးတို႔ရွာမရရင္ ရွာလကာရည္ ေလာင္းခ်လိုက္ႏိုင္ပါတယ္။

ရွာလကာရည္မွာ စူးရွတဲ့အနံ႔ရွိတာမို႔ ေဆးလိပ္နံ႔စြဲေနတဲ့ အဝတ္အထည္ေတြ၊ အနံ႔ဆိုးထြက္ေနတဲ့အဝတ္အထည္ေတြကို ရွာလကာရည္နဲ႔ ေရေရာၿပီး ခဏစိမ္ထားၿပီးမွ ေလွ်ာ္ဖြပ္ရင္ အနံဆိုးေတြေပ်ာက္ေစပါတယ္။

ေရခူရွပ္ရင္လည္း အဆိပ္မတက္ဖို႔လိမ္းႏိုင္ပါတယ္။
ျခင္ကိုက္ရင္လည္း အယားေျပေအာင္ လိမ္းေပးႏိုင္ပါတယ္။
လည္ေခ်ာင္းနာ၊ အာသီးေရာင္၊ အာေခါင္ေျခာက္တဲ့အခါမွာေတာ့ ရွာလကာရည္တစ္ဇြန္းစာ နဲ႔ ေရေႏြးတစ္ဖန္ခြက္ ေရာေဖ်ာ္ၿပီး ပလုတ္က်င္းေပးပါက သက္သာႏိုင္ပါတယ္။

ရွာလကာရည္တံဆိပ္ မ်ိဳးစုံရွိတဲ့အနက္ (ဥပမာ – ေမာက္၊ ဆီဒါ၊ ဝိုင္၊ ႐ိုး႐ိုး) အားလုံးကို မီးဖိုေခ်ာင္ေဆးၿမီးတိုအျဖစ္ သုံးႏိုင္ပါတယ္။

အဲဒီအထဲက ပန္းသီးကထုတ္တဲ့ ဆီဒါရွာလရည္ဟာ က်န္းမာေရးအတြက္ အေကာင္းဆုံးပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပန္းသီးမွာ မဲလစ္အက္စစ္ (Malic Acid) ပါဝင္ၿပီး အဲဒီအက္စစ္ဟာ ခႏၶာကိုယ္ထဲက မဂၢနီစီယမ္သတၱဳဓာတ္နဲ႔ ေပါင္းကာ နာက်င္ကိုက္ခဲမႈေဝဒနာကို ေပ်ာက္ကင္းေစပါတယ္။

(Unicode)

ဘက်စုံအသုံးဝင်တဲ့ ရှာလကာရည်
========================

ရှာလကာရည်ဟာ ဘက်တီးရီးယားပိုးတွေကြောင့် ဖျော်ရည်တွေအချဉ်ပေါက်ပြီး ဖြစ်လာတာမို့ သူ့မှာအက်ဆီတစ်အက်စစ် အများကြီးပါတယ်။

ဒါကြောင့် မီးဖိုချောင်မှာ ရုတ်တရက် အရေးပေါ်ထိခိုက်ဒဏ်ရာရတဲ့အခါ အနာပိုးမဝင်စေဖို့၊ အနာသန့်ရှင်းစေဖို့ ရုတ်တရက်အရက်ပျံတို့၊ ဆေးတို့ရှာမရရင် ရှာလကာရည် လောင်းချလိုက်နိုင်ပါတယ်။

ရှာလကာရည်မှာ စူးရှတဲ့အနံ့ရှိတာမို့ ဆေးလိပ်နံ့စွဲနေတဲ့ အဝတ်အထည်တွေ၊ အနံ့ဆိုးထွက်နေတဲ့အဝတ်အထည်တွေကို ရှာလကာရည်နဲ့ ရေရောပြီး ခဏစိမ်ထားပြီးမှ လျှော်ဖွပ်ရင် အနံဆိုးတွေပျောက်စေပါတယ်။

ရေခူရှပ်ရင်လည်း အဆိပ်မတက်ဖို့လိမ်းနိုင်ပါတယ်။
ခြင်ကိုက်ရင်လည်း အယားပြေအောင် လိမ်းပေးနိုင်ပါတယ်။
လည်ချောင်းနာ၊ အာသီးရောင်၊ အာခေါင်ခြောက်တဲ့အခါမှာတော့ ရှာလကာရည်တစ်ဇွန်းစာ နဲ့ ရေနွေးတစ်ဖန်ခွက် ရောဖျော်ပြီး ပလုတ်ကျင်းပေးပါက သက်သာနိုင်ပါတယ်။

ရှာလကာရည်တံဆိပ် မျိုးစုံရှိတဲ့အနက် (ဥပမာ – မောက်၊ ဆီဒါ၊ ဝိုင်၊ ရိုးရိုး) အားလုံးကို မီးဖိုချောင်ဆေးမြီးတိုအဖြစ် သုံးနိုင်ပါတယ်။

အဲဒီအထဲက ပန်းသီးကထုတ်တဲ့ ဆီဒါရှာလရည်ဟာ ကျန်းမာရေးအတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းသီးမှာ မဲလစ်အက်စစ် (Malic Acid) ပါဝင်ပြီး အဲဒီအက်စစ်ဟာ ခန္ဓာကိုယ်ထဲက မဂ္ဂနီစီယမ်သတ္တုဓာတ်နဲ့ ပေါင်းကာ နာကျင်ကိုက်ခဲမှုဝေဒနာကို ပျောက်ကင်းစေပါတယ်။

Crd,Health Digest

ညအိပ်မပျော်လျှင်

(Zawgyi)

ညအိပ္မေပ်ာ္လွ်င္
===============

၁. ဖီးၾကမ္းငွက္ေပ်ာသီး မွည့္စားပါ
အိပ္စက္ျခင္းတြက္ အထူးေကာင္းမြန္းၿပီး အားရွိသည္။

၂. ႏြားႏို႔ေသာက္ျခင္းက အ႐ိုးအဆစ္သန္မာသည့္အျပင္ အိပ္စက္ျခင္းကို ျမန္ဆန္ေစပါသည္ ။

၃. ၾကက္သြန္ျဖဴေခါင္းအုံးေအာက္၃တက္ထားအိပ္ပါ ။ဦးေႏွာက္မွ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးၿပီး အိပ္စက္မႈကို ျမန္ဆန္ေစသည္ ။

၄. ၾကက္သြန္နီထက္ျခက္ခြဲၿပီး ညအိပ္ခါနီး ေျခဖဝါး အလည္တည့္တည့္ကပ္အိပ္ပါ ။ တစ္ကိုယ္လုံးမွ အဆိပ္အေတာက္မ်ားကို စုပ္ယူပါလိမ့္မယ္။

အေအးမိနာေစးသူ ကေလး လူႀကီးမေ႐ြး လုပ္ေပးပါက သက္သာေပ်ာက္ကင္းေစပါမည္ ။

၅. ေရေႏြးထဲကို ပူတီနာ(ပူစီနံ) အ႐ြက္ ၅႐ြက္ ၆႐ြက္ကိုထည့္ၿပီး ခပ္ေႏြးေႏြးေလးအေနအထားေရာက္ရင္ေသာက္ၿပီး အိပ္ယာထဲဝင္လိုက္ပါတဲ့။ ခဏေနရင္ အိပ္ေပ်ာ္သြားလိုက္မယ္တဲ့။

(Unicode)

ညအိပ်မပျော်လျှင်
===============

၁. ဖီးကြမ်းငှက်ပျောသီး မှည့်စားပါ
အိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။

၂. နွားနို့သောက်ခြင်းက အရိုးအဆစ်သန်မာသည့်အပြင် အိပ်စက်ခြင်းကို မြန်ဆန်စေပါသည် ။

၃. ကြက်သွန်ဖြူခေါင်းအုံးအောက်၃တက်ထားအိပ်ပါ ။ဦးနှောက်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အိပ်စက်မှုကို မြန်ဆန်စေသည် ။

၄. ကြက်သွန်နီထက်ခြက်ခွဲပြီး ညအိပ်ခါနီး ခြေဖဝါး အလည်တည့်တည့်ကပ်အိပ်ပါ ။ တစ်ကိုယ်လုံးမှ အဆိပ်အတောက်များကို စုပ်ယူပါလိမ့်မယ်။

အအေးမိနာစေးသူ ကလေး လူကြီးမရွေး လုပ်ပေးပါက သက်သာပျောက်ကင်းစေပါမည် ။

၅. ရေနွေးထဲကို ပူတီနာ(ပူစီနံ) အရွက် ၅ရွက် ၆ရွက်ကိုထည့်ပြီး ခပ်နွေးနွေးလေးအနေအထားရောက်ရင်သောက်ပြီး အိပ်ယာထဲဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။

Credit .original writer