Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Category: က်န္းမာေရးဗဟုသုတ

ဟင်းသီးဟင်းရွက်နှင့် ဥတစ်မျိုးမျိုး တွဲဖက်စားပါ

(Zawgyi)

ဟင္းသီးဟင္း႐ြက္ႏွင့္ ဥတစ္မ်ိဳးမ်ိဳး တြဲဖက္စားပါ

ဟင္း႐ြက္စိမ္း အသုပ္ တစ္မ်ိဳးမ်ိဳးကို စားမယ္ဆိုရင္ ခ်က္ျပဳတ္ထားတဲ့ ၾကက္ဥ၊ ဘဲဥႏွင့္ တြဲဖက္စားသုံးရန္ စဥ္းစားသင့္ပါတယ္။

ေလ့လာမႈအသစ္တစ္ခုအရ ဟင္းသီးဟင္း႐ြက္အစိမ္း ႏွင့္ ၾကက္ဥ၊ ဘဲဥတို႔ကို တြဲ ဖက္စားသုံးျခင္းက ခႏၶာကိုယ္တြင္း ကယ္႐ိုတီးႏြိဳက္ (Carotenoid) စုပ္ယူမႈကို ၉ ဆနီးပါး ျမင့္တက္ေစေၾကာင္း၊ ထိုမွတစ္ဆင့္ နာတာရွည္က်န္းမာေရး ျပႆနာမ်ား ခံစားႏိုင္ေျခေလ်ာ့က်ျခင္း၊ ကင္ဆာျဖစ္ႏိုင္ေျခ ေလ်ာ့နည္းေစျခင္း၊ အသက္ ရွည္ေစျခင္းစတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာကို ရရွိေစေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အင္ဒီယားနား (Indiana) ျပည္နယ္ရွိ ပါဂ်ဴး (Pardue) တကၠသိုလ္မွ သုေတသီမ်ားဟာ ေလ့လာခံမ်ားကို ဟင္း႐ြက္သုပ္ ၃ မ်ိဳး စားသုံးေစခဲ့ပါတယ္။ ဥတစ္မ်ိဳးမ်ိဳးမွမပါေသာ အသီးအ႐ြက္သုပ္၊ ၾကက္ဥ ေမႊေၾကာ္ဥတစ္လုံးခြဲပါေသာ အသီးအ႐ြက္သုပ္ႏွင့္ ၾကက္ဥေမႊေၾကာ္ ၃ လုံးပါေသာ အသီးအ႐ြက္သုပ္တို႔ကို စားသုံးခဲ့တဲ့ေလ့လာခံမ်ားထဲမွ ၾကက္ဥ ပမာဏ အမ်ားဆုံးပါဝင္တဲ့အသုပ္ကို စားသုံးသူမ်ားမွာ ကယ္႐ိုတီးႏြိဳက္ စုပ္ယူႏိုင္စြမ္း ၉ ဆ ျမင့္တက္ေနေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

ထိုျဒပ္ေပါင္း ဟာ အင္တီေအာက္စီးဒင့္ ဂုဏ္သတၱိရွိၿပီး ကင္ဆာႏွင့္ ႏွလုံးေရာဂါတို႔ကို ကာကြယ္ေပးပါတယ္။ ခ်က္ျပဳတ္ထားတဲ့ ဥတစ္မ်ိဳးမ်ိဳးႏွင့္ အသီးအ႐ြက္ စိမ္းသုပ္တစ္မ်ိဳးမ်ိဳးကို တြဲဖက္စားေပး႐ုံႏွင့္ ထိုအက်ိဳးေက်းဇူးရရွိမွာျဖစ္ ေၾကာင္း သိရပါတယ္။

Credit-Health Digest Journal

(Unicode)

ဟင်းသီးဟင်းရွက်နှင့် ဥတစ်မျိုးမျိုး တွဲဖက်စားပါ

ဟင်းရွက်စိမ်း အသုပ် တစ်မျိုးမျိုးကို စားမယ်ဆိုရင် ချက်ပြုတ်ထားတဲ့ ကြက်ဥ၊ ဘဲဥနှင့် တွဲဖက်စားသုံးရန် စဉ်းစားသင့်ပါတယ်။

လေ့လာမှုအသစ်တစ်ခုအရ ဟင်းသီးဟင်းရွက်အစိမ်း နှင့် ကြက်ဥ၊ ဘဲဥတို့ကို တွဲ ဖက်စားသုံးခြင်းက ခန္ဓာကိုယ်တွင်း ကယ်ရိုတီးနွိုက် (Carotenoid) စုပ်ယူမှုကို ၉ ဆနီးပါး မြင့်တက်စေကြောင်း၊ ထိုမှတစ်ဆင့် နာတာရှည်ကျန်းမာရေး ပြဿနာများ ခံစားနိုင်ခြေလျော့ကျခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေခြင်း၊ အသက် ရှည်စေခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေကြောင်း တွေ့ရှိခဲ့ပါတယ်။ အင်ဒီယားနား (Indiana) ပြည်နယ်ရှိ ပါဂျူး (Pardue) တက္ကသိုလ်မှ သုတေသီများဟာ လေ့လာခံများကို ဟင်းရွက်သုပ် ၃ မျိုး စားသုံးစေခဲ့ပါတယ်။ ဥတစ်မျိုးမျိုးမှမပါသော အသီးအရွက်သုပ်၊ ကြက်ဥ မွှေကြော်ဥတစ်လုံးခွဲပါသော အသီးအရွက်သုပ်နှင့် ကြက်ဥမွှေကြော် ၃ လုံးပါသော အသီးအရွက်သုပ်တို့ကို စားသုံးခဲ့တဲ့လေ့လာခံများထဲမှ ကြက်ဥ ပမာဏ အများဆုံးပါဝင်တဲ့အသုပ်ကို စားသုံးသူများမှာ ကယ်ရိုတီးနွိုက် စုပ်ယူနိုင်စွမ်း ၉ ဆ မြင့်တက်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

ထိုဒြပ်ပေါင်း ဟာ အင်တီအောက်စီးဒင့် ဂုဏ်သတ္တိရှိပြီး ကင်ဆာနှင့် နှလုံးရောဂါတို့ကို ကာကွယ်ပေးပါတယ်။ ချက်ပြုတ်ထားတဲ့ ဥတစ်မျိုးမျိုးနှင့် အသီးအရွက် စိမ်းသုပ်တစ်မျိုးမျိုးကို တွဲဖက်စားပေးရုံနှင့် ထိုအကျိုးကျေးဇူးရရှိမှာဖြစ် ကြောင်း သိရပါတယ်။

Credit-Health Digest Journal

ကျောက်ကပ်ဝေဒနာကြောင့် ဆီးမသွားနိုင်သူများအတွက်

(Zawgyi)

ေက်ာက္ကပ္ေဝဒနာေၾကာင့္ ဆီးမသြားႏိုင္သူမ်ား အတြက္

ေဆးပင္က မခက္ပါဘူး။ အနီးနားမွာ အလြယ္တကူ ရွာလို႔ရႏိုင္တဲ့ ပိန္း႐ိုင္းပင္ပါပဲ။ ပိန္း႐ိုင္းပင္မွာ ႐ိုးတံအစိမ္းနဲ႔ ႐ိုးတံအနက္ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ ေဆးအတြက္ ႐ိုးတံအနက္ကိုပဲ ယူရမွာပါ။

အဲဒီပိန္း႐ိုင္းပင္ကို သုံးပင္ ႏႈတ္ရပါမယ္။ အျမစ္ပါ ပါရပါမယ္။ ပၪၥငါးပါးလုံးကို သုံးခြက္တစ္ခြက္တင္ႀကိဳၿပီး ေဝဒနာရွင္ကိုေရဆာတိုင္း တိုက္ရပါမယ္။ အဲဒီလို တိုက္တာနဲ႔ ညဖက္မွာ ဆီးစသြားပါလိမ့္မယ္။ တစ္ပါတ္အတြင္းမွာ အေဖါက်လာပါလိမ့္မယ္။ ေရာဂါအျမစ္ျပတ္သည္အထိ တစ္လခန္႔ေန႔စဥ္ တိုက္ေပးရပါမယ္။

လူေကာင္းပကတိ ျဖစ္သြားရင္ ဆက္တိုက္စရာ မလိုေတာ့ပါဘူး။ ပိန္း႐ိုင္းကို ျပဳတ္ထားတဲ့ အရည္ဟာ လုံးဝမယားပါဘူး။ တစ္ခ်ိဳ႕ေဒသေတြမွာ ဟင္းခ်က္စားေလ့ ရွိၾကပါတယ္။ ဒီေဆးနည္းက္ို၂၀၁၂ခုႏွစ္က ေကာ့ကရိတ္ အမွတ္၃ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္မင္းေငြ ေျပာျပခဲ့တဲ့နည္းပါ။

သူ႔ဖခင္ေက်ာက္ကပ္မေကာင္းလို႔ ေဖါေယာင္ၿပီး ေသလူသတ္မွတ္ထားတဲ့ အေျခအေနမွာ လူနာသတင္းလာေမးတဲ့ အသိမိတ္ေဆြ ကရင္မႀကီးက”ငါတို႔႐ြာမွာ ဒီေရာဂါျဖစ္ရင္ ႐ိုးတံအနက္နဲ႔ ပိန္း႐ိုင္းပင္ကို ျပဳတ္တိုက္တာပဲ။ နင့္အေဖ မေသေစရဘူး အာမခံတယ္”လို႔ ေျပာတာနဲ႔ ေငြလည္းမကုန္တဲ့ ဒီေဆးပင္ကို ေနရာအႏွံ႔မွာ အလြယ္တကူ ေတြ႕ႏိုင္လို႔ တစ္ေန႔ကို သုံးပင္ႏႈန္းနဲ႔ ျပဳတ္တိုက္ခဲ့တာပါ။ အခုေတာ့ အသက္ရွစ္ဆယ္ေက်ာ္ သူ႔ဖခင္ဟာ ျမဝတီမွာ သားတစ္ေယာက္နဲ႔ က်န္းမာေပ်ာ္႐ႊင္စြာ ေနထိုင္လ်က္ရွိပါတယ္။ ေဆးနည္းတိုေတြ မ်ားစြာရွိပါတယ္။ ေဝဒနာရွင္မ်ား မိမိအဆင္ေျပရာနည္းနဲ႔ ေရာဂါေပ်ာက္ကင္း က်န္းမာၾကပါေစ။

Credit-Shwe La Thar Win

(Unicode)

ကျောက်ကပ်ဝေဒနာကြောင့် ဆီးမသွားနိုင်သူများ အတွက်

ဆေးပင်က မခက်ပါဘူး။ အနီးနားမှာ အလွယ်တကူ ရှာလို့ရနိုင်တဲ့ ပိန်းရိုင်းပင်ပါပဲ။ ပိန်းရိုင်းပင်မှာ ရိုးတံအစိမ်းနဲ့ ရိုးတံအနက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆေးအတွက် ရိုးတံအနက်ကိုပဲ ယူရမှာပါ။

အဲဒီပိန်းရိုင်းပင်ကို သုံးပင် နှုတ်ရပါမယ်။ အမြစ်ပါ ပါရပါမယ်။ ပဉ္စငါးပါးလုံးကို သုံးခွက်တစ်ခွက်တင်ကြိုပြီး ဝေဒနာရှင်ကိုရေဆာတိုင်း တိုက်ရပါမယ်။ အဲဒီလို တိုက်တာနဲ့ ညဖက်မှာ ဆီးစသွားပါလိမ့်မယ်။ တစ်ပါတ်အတွင်းမှာ အဖေါကျလာပါလိမ့်မယ်။ ရောဂါအမြစ်ပြတ်သည်အထိ တစ်လခန့်နေ့စဉ် တိုက်ပေးရပါမယ်။

လူကောင်းပကတိ ဖြစ်သွားရင် ဆက်တိုက်စရာ မလိုတော့ပါဘူး။ ပိန်းရိုင်းကို ပြုတ်ထားတဲ့ အရည်ဟာ လုံးဝမယားပါဘူး။ တစ်ချို့ဒေသတွေမှာ ဟင်းချက်စားလေ့ ရှိကြပါတယ်။ ဒီဆေးနည်းကို၂၀၁၂ခုနှစ်က ကော့ကရိတ် အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းငွေ ပြောပြခဲ့တဲ့နည်းပါ။

သူ့ဖခင်ကျောက်ကပ်မကောင်းလို့ ဖေါယောင်ပြီး သေလူသတ်မှတ်ထားတဲ့ အခြေအနေမှာ လူနာသတင်းလာမေးတဲ့ အသိမိတ်ဆွေ ကရင်မကြီးက”ငါတို့ရွာမှာ ဒီရောဂါဖြစ်ရင် ရိုးတံအနက်နဲ့ ပိန်းရိုင်းပင်ကို ပြုတ်တိုက်တာပဲ။ နင့်အဖေ မသေစေရဘူး အာမခံတယ်”လို့ ပြောတာနဲ့ ငွေလည်းမကုန်တဲ့ ဒီဆေးပင်ကို နေရာအနှံ့မှာ အလွယ်တကူ တွေ့နိုင်လို့ တစ်နေ့ကို သုံးပင်နှုန်းနဲ့ ပြုတ်တိုက်ခဲ့တာပါ။ အခုတော့ အသက်ရှစ်ဆယ်ကျော် သူ့ဖခင်ဟာ မြဝတီမှာ သားတစ်ယောက်နဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပါတယ်။ ဆေးနည်းတိုတွေ များစွာရှိပါတယ်။ ဝေဒနာရှင်များ မိမိအဆင်ပြေရာနည်းနဲ့ ရောဂါပျောက်ကင်း ကျန်းမာကြပါစေ။

Credit-Shwe La Thar Win

အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ။ အမွတ္တမဲ့လုပ္မိေနတဲ့ ေက်ာက္ကပ္ထိခိုက္ေစႏိုင္တဲ့ အမူအက်င့္မ်ား။

(Zawgyi)

အမွတ္တမဲ့လုပ္မိေနတဲ့ ေက်ာက္ကပ္ထိခိုက္ေစႏိုင္တဲ့ အမူအက်င့္မ်ား

ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္တဲ့ အမွတ္တမဲ့အျပဳအမူေတြက

ဆီးသြားခ်င္တာကို ေအာင့္ထားတာ – ဆီးသြားခ်င္တဲ့အခါ အလုပ္မအားလို႔။ လုပ္လက္စေလးၿပီးျပတ္သြားေအာင္လုပ္ခ်င္လို႔၊ ပ်င္းလို႔၊ အျပင္ေရာက္ေနလို႔ဆိုတဲ့ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ဆီးေအာင့္ထားတတ္ၾကမယ္ ထင္ပါတယ္။ ဒီလိုအျပဳအမူရွိတယ္ဆိုရင္ ျပင္ဆင္လိုက္ပါ။ ဒီအျပဳအမူက ဘာမွမဟုတ္ဘူးထင္ရေပမယ့္ ဆီးအိမ္ထဲမွာ ဆီးေတြအၾကာႀကီးရွိေနတာက ဘက္တီးရီးယားေတြကို အလြယ္တကူေပါက္ဖြားေစႏိုင္ၿပီး ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ပါတယ္။

ဆားအမ်ားႀကီးစားမိတာ-ျမန္မာလူမ်ိဳးေတြဆိုရင္ေတာ့ ဆားတင္မဟုတ္ပါဘူး။ ငံျပာရည္၊ ငါးပိ၊ ငါးေျခာက္ေတြကိုပါ ေရွာင္ဖို႔လိုပါမယ္။ လူတစ္ေယာက္ဟာ တစ္ေန႔ကို အငန္ဓါတ္ ၅.၈ ဂရမ္ပဲ စားသုံးေပးသင့္တာပါ။ အစားအစာေတြထဲမွာ အငန္ဓါတ္ဓါတ္ အရမ္းမ်ားတာက ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္တာေၾကာင့္ အငန္ေလွ်ာ့စားပါ။

အသားေတြအမ်ားႀကီးမစားပါနဲ႔–အသားေတြ အရမ္းစားတဲ့အခါ ခႏၶါကိုယ္မွာ ပ႐ိုတင္းေတြမ်ားလာတာေၾကာင့္ ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အနီေရာင္အသားေတြ ေလ်ာ့စားပါ။ ပ႐ိုတင္းအရမ္းမ်ားတာေတြ မစားပါနဲ႔။

ကဖင္းဓါတ္ အလြန္အကြၽံစားသုံးတာ–တစ္ခါတေလ အိပ္ေရးပ်က္လို႔ျဖစ္ျဖစ္၊ အာ႐ုံမလန္းလို႔ျဖစ္ျဖစ္ေကာ္ဖီေသာက္တာ၊ လက္ဖက္ရည္ေသာက္တာနဲ႔ ကဖင္းပါဝင္ေနတဲ့ အားျဖည့္အခ်ိဳရည္ေတြ ေသာက္သုံးတာမ်ိဳးရွိႏိုင္ပါတယ္။ တစ္ခြက္ေလာက္က ျပႆနာမျဖစ္ေပမယ့္ ၃ ခြက္ထက္ေက်ာ္ၿပီး ေသာက္မယ္ဆိုရင္ေတာ့ ကဖင္းဓါတ္က အလြန္အကြၽံပမာဏျဖစ္ေနပါၿပီ။

ေရေသာက္နည္းတာ–ေက်ာက္ကပ္က လုပ္ငန္းေဆာင္တာေတြ ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ဖို႔ဆိုရင္ ေရဓါတ္ျပည့္ဝေနဖို႔က မျဖစ္မေနလိုအပ္မွာပါ။ တကယ္လို႔ ေရေသာက္ပ်င္းမယ္။ ေရေသာက္နည္းမယ္ဆိုရင္ ေသြးထဲမွာ အဆိပ္ေတြစုလာၿပီး ေက်ာက္ကပ္က စြန႔္ထုတ္စစ္ထုတ္ႏိုင္မႈ က်ဆင္းသြားမွာပါ။ ဒါေၾကာင့္ တစ္ေန႔ကိုေရ ၁၂ ခြက္ေလာက္ေသာက္ေပးပါ။ ေရလုံေလာက္ေအာင္ေသာက္၊ မေသာက္ကို ေသေသခ်ာခ်ာ သိရွိႏိုင္မွာက ဆီးရဲ႕ အေရာင္ပါ။ ဆီးသြားတဲ့အခါ ဆီးက ဝါေနမယ္ဆိုရင္ေတာ့ ေရေသာက္နည္းေနပါၿပီ။ ေက်ာက္ကပ္က မႏိုင္ဝန္ထမ္းေနရၿပီဆိုတာကိုလည္း သတိျပဳပါ။

ကူးစက္ေရာဂါကို ေသခ်ာကုသမႈမခံယူတာ–ဖ်ားနာတာ၊ တုပ္ေကြးျဖစ္တာလိုမ်ိဳး ကူးစက္ေရာဂါေတြ ခံစားရရင္ေသခ်ာကုသမႈခံယူပါ။ ဒီေရာဂါေတြကို ေသခ်ာမကုသရင္ ရလာမယ့္ေနာက္ဆက္တြဲ ျပႆနာကေက်ာက္ကပ္ကို ထိခိုက္ေစပါလိမ့္မယ္။ ဖ်ားနာတာ၊ တုပ္ေကြးျဖစ္တာေတြ ခံစားရခ်ိန္မွာ ျပည့္ျပည့္ဝဝအနားယူဖို႔ကိုလည္း မေမ့ပါသင့္ပါဘူး။ လုံေလာက္တဲ့အနားယူမႈက ခႏၶါကိုယ္ကို ျပန္လည္က်န္းမာလာေအာင္ အားျဖည့္ေပးပါလိမ့္မယ္။

အကိုက္အခဲေပ်ာက္ေဆးေတြကို မလိုအပ္ပဲေသာက္တာ–ေဆးကလိုအပ္ခ်ိန္မွာ ေသာက္ရင္ေကာင္းေပမယ့္ မလိုအပ္ဘဲ ေသာက္ရင္ေတာ့ေကာင္းတာထက္ ဆိုးတာပဲျဖစ္လာမွာပါ။ ဒါေၾကာင့္ အကိုက္အခဲေပ်ာက္ေဆးေတြကို တကယ္လိုအပ္မွေသာက္ပါ။ မလိုအပ္ဘဲေသာက္သုံးမိရင္ ခႏၶါကိုယ္မွ ာထိခိုက္မႈေတြျဖစ္လာပါလိမ့္မယ္။

အရက္ အလြန္အကြၽံေသာက္သုံးတာ–အရက္မွာပါတဲ့ အဆိပ္အေတာက္က အသည္းကိုတင္ ပ်က္စီးေစတာမဟုတ္ပါဘူး။ ေက်ာက္ကပ္ကိုပါ ထိခိုက္ပ်က္စိးေစႏိုင္ပါတယ္။ ဒါေၾကာင့္ အရက္ကို အလြန္အကြၽံေသာက္သုံးမႈမလုပ္ပါနဲ႔။

ေဆးလိပ္ေသာက္သုံးျခင္း –ေဆးလိပ္ေသာက္သုံးမႈက အခ်ိန္ၾကာလာနဲ႔အမွ် ေသြးေၾကာေတြကိုေတာင့္တင္း က်ဥ္းေျမာင္းလာေစၿပီး ခႏၶါကိုယ္ရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းေတြဆီ ေသြးစီးဆင္းေရာက္ရွိမႈကို နည္းသြားေစပါတယ္။ ဒီလိုမ်ိဳး ေသြးပို႔လႊတ္ေရာက္ရွိမႈ နည္းသြားတဲ့ အစိတ္အပိုင္းထဲမွာ ေက်ာက္ကပ္လည္းပါပါတယ္။ ေသြးစီးဆင္းေရာက္ရွိမႈနည္းသြားတဲ့အခါ ေက်ာက္ကပ္က အလုပ္ေကာင္းေကာင္း မလုပ္ႏိုင္ေတာ့ပါဘူး။

ကိုယ္လက္လႈပ္ရွားမႈနည္းတာ –ကိုယ္လက္လႈပ္ရွားမႈ လုပ္ေဆာင္တာက ေက်ာက္ကပ္ေတြကို ကာကြယ္ေပးႏိုင္တဲ့ နည္းလမ္းေကာင္းတစ္ရပ္ပါ။ ကိုယ္လက္လႈပ္ရွားမႈျဖစ္ေစတဲ့ ေလ့က်င့္ခန္းေတြ ပုံမွန္လုပ္ေဆာင္ေပးတာက ေက်ာက္ကပ္မွာ ေက်ာက္တည္ႏိုင္ေျခကို ၃၁ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းထားႏိုင္တာက ေက်ာက္ကပ္က်န္းမာေစဖို႔ အေထာက္အကူျဖစ္ေစမွာပါ။

အိပ္ေရးပ်က္ခံတာမ်ားတာ – လူေတာ္ေတာ္မ်ားမ်ားက အိပ္ေရးဝဝအိပ္ဖို႔ လိုတယ္ဆိုတာကို ေမ့ထားတတ္ၾကပါတယ္။အခုလိုမ်ိဳး တိုးတက္လာတဲ့ ေခတ္မွာ ဖုန္းသုံးတာ၊ ဂိမ္းေဆာ့တာေတြလုပ္ေဆာင္ရင္း အိပ္ခ်ိန္ေတြက တျဖည္းျဖည္းေနာက္က်လာခဲ့ပါၿပီ။ ဒါေၾကာင့္တစ္ေန႔ကို အိပ္ခ်ိန္ အနည္းဆုံး ၆ နာရီကေန ၈ နာရီထားေပးပါ။ လူတစ္ေယာက္က လုံေလာက္စြာ အိပ္စက္မႈမရတဲ့အခါ ဇီဝတြင္းျဖစ္စဥ္က ထိခိုက္လာၿပီး ကိုယ္တြင္းအဂၤါေတြ ထိခိုက္ပ်က္စီးလာပါလိမ့္မယ္။

လိုအပ္တဲ့ေဆးဝါးကုသမႈ ခံယူျခင္းမရွိတာ-ေသြးတိုးေရာဂါ ခံစားေနရတာ၊ အမ်ိဳးအစား -၂ ဆီးခ်ိဳေရာဂါ ခံစားေနရတာေတြရွိမယ္ဆိုရင္ လိုအပ္တဲ့ ေဆးဝါးကုသမႈေတြကို ခံယူပါလို႔ေျပာပါရေစ။ ဒီေဝဒနာေတြခံစားေနရၿပီး လိုအပ္တဲ့ေဆးဝါးကုသမႈကို ခံယူတာမ်ိဳးမလုပ္ဘဲ ေနမယ္ဆိုရင္ ေနာက္ဆက္တြဲအေနနဲ႔ ခံစားရမယ့္ျပႆနာက ေက်ာက္ကပ္ထိခိုက္တာပါ။

ေသြးေပါင္ခ်ိန္ကို ထိန္းညႇိတာမ်ိဳးမရွိတာ–ေသြးတိုးတာက ေက်ာက္ကပ္ကို ပ်က္စီးေစႏိုင္တဲ့ အဓိကအေၾကာင္းအရင္းတစ္ခုပါ။ ဒါေၾကာင့္ေန႔စဥ္ေသြးေပါင္ခ်ိန္ကို တိုင္းတာၿပီး အရမ္းမ်ားေနရင္ အစားအေသာက္ဆင္ျခင္ၿပီး ေသြးေပါင္ခ်ိန္က်ေအာင္လုပ္ေဆာင္တာမ်ိဳး လုပ္ေဆာင္ဖို႔လိုပါမယ္။ေသြးေပါင္ခ်ိန္ကို ပုံမွန္ အေပၚေသြး ၁၄၀ေအာက္ေသြး ၉၀ျဖစ္ေအာင္ထိန္းထားေပးပါ။

ခုေျပာျပခဲ့တဲ့ အျပဳအမူေလးေတြရွိရင္ ဒီေန႔ကစၿပီး ျပင္ဆင္လိုက္ပါေနာ္။ ဒါမွက်န္းမာတဲ့ေက်ာက္ကပ္ေလး ပိုင္ဆိုင္ႏိုင္မွာပါ။

ေရးသားသူ Aye Thi Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar

Credit-Hello ဆရာဝန္

(Unicode)

အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ

ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အမှတ်တမဲ့အပြုအမူတွေက

ဆီးသွားချင်တာကို အောင့်ထားတာ – ဆီးသွားချင်တဲ့အခါ အလုပ်မအားလို့။ လုပ်လက်စလေးပြီးပြတ်သွားအောင်လုပ်ချင်လို့၊ ပျင်းလို့၊ အပြင်ရောက်နေလို့ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆီးအောင့်ထားတတ်ကြမယ် ထင်ပါတယ်။ ဒီလိုအပြုအမူရှိတယ်ဆိုရင် ပြင်ဆင်လိုက်ပါ။ ဒီအပြုအမူက ဘာမှမဟုတ်ဘူးထင်ရပေမယ့် ဆီးအိမ်ထဲမှာ ဆီးတွေအကြာကြီးရှိနေတာက ဘက်တီးရီးယားတွေကို အလွယ်တကူပေါက်ဖွားစေနိုင်ပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

ဆားအများကြီးစားမိတာ-မြန်မာလူမျိုးတွေဆိုရင်တော့ ဆားတင်မဟုတ်ပါဘူး။ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်တွေကိုပါ ရှောင်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အငန်ဓါတ် ၅.၈ ဂရမ်ပဲ စားသုံးပေးသင့်တာပါ။ အစားအစာတွေထဲမှာ အငန်ဓါတ်ဓါတ် အရမ်းများတာက ကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် အငန်လျှော့စားပါ။

အသားတွေအများကြီးမစားပါနဲ့–အသားတွေ အရမ်းစားတဲ့အခါ ခန္ဓါကိုယ်မှာ ပရိုတင်းတွေများလာတာကြောင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေ လျော့စားပါ။ ပရိုတင်းအရမ်းများတာတွေ မစားပါနဲ့။

ကဖင်းဓါတ် အလွန်အကျွံစားသုံးတာ–တစ်ခါတလေ အိပ်ရေးပျက်လို့ဖြစ်ဖြစ်၊ အာရုံမလန်းလို့ဖြစ်ဖြစ်ကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာနဲ့ ကဖင်းပါဝင်နေတဲ့ အားဖြည့်အချိုရည်တွေ သောက်သုံးတာမျိုးရှိနိုင်ပါတယ်။ တစ်ခွက်လောက်က ပြဿနာမဖြစ်ပေမယ့် ၃ ခွက်ထက်ကျော်ပြီး သောက်မယ်ဆိုရင်တော့ ကဖင်းဓါတ်က အလွန်အကျွံပမာဏဖြစ်နေပါပြီ။

ရေသောက်နည်းတာ–ကျောက်ကပ်က လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုရင် ရေဓါတ်ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်မှာပါ။ တကယ်လို့ ရေသောက်ပျင်းမယ်။ ရေသောက်နည်းမယ်ဆိုရင် သွေးထဲမှာ အဆိပ်တွေစုလာပြီး ကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှု ကျဆင်းသွားမှာပါ။ ဒါကြောင့် တစ်နေ့ကိုရေ ၁၂ ခွက်လောက်သောက်ပေးပါ။ ရေလုံလောက်အောင်သောက်၊ မသောက်ကို သေသေချာချာ သိရှိနိုင်မှာက ဆီးရဲ့ အရောင်ပါ။ ဆီးသွားတဲ့အခါ ဆီးက ဝါနေမယ်ဆိုရင်တော့ ရေသောက်နည်းနေပါပြီ။ ကျောက်ကပ်က မနိုင်ဝန်ထမ်းနေရပြီဆိုတာကိုလည်း သတိပြုပါ။

ကူးစက်ရောဂါကို သေချာကုသမှုမခံယူတာ–ဖျားနာတာ၊ တုပ်ကွေးဖြစ်တာလိုမျိုး ကူးစက်ရောဂါတွေ ခံစားရရင်သေချာကုသမှုခံယူပါ။ ဒီရောဂါတွေကို သေချာမကုသရင် ရလာမယ့်နောက်ဆက်တွဲ ပြဿနာကကျောက်ကပ်ကို ထိခိုက်စေပါလိမ့်မယ်။ ဖျားနာတာ၊ တုပ်ကွေးဖြစ်တာတွေ ခံစားရချိန်မှာ ပြည့်ပြည့်ဝဝအနားယူဖို့ကိုလည်း မမေ့ပါသင့်ပါဘူး။ လုံလောက်တဲ့အနားယူမှုက ခန္ဓါကိုယ်ကို ပြန်လည်ကျန်းမာလာအောင် အားဖြည့်ပေးပါလိမ့်မယ်။

အကိုက်အခဲပျောက်ဆေးတွေကို မလိုအပ်ပဲသောက်တာ–ဆေးကလိုအပ်ချိန်မှာ သောက်ရင်ကောင်းပေမယ့် မလိုအပ်ဘဲ သောက်ရင်တော့ကောင်းတာထက် ဆိုးတာပဲဖြစ်လာမှာပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှသောက်ပါ။ မလိုအပ်ဘဲသောက်သုံးမိရင် ခန္ဓါကိုယ်မှ ာထိခိုက်မှုတွေဖြစ်လာပါလိမ့်မယ်။

အရက် အလွန်အကျွံသောက်သုံးတာ–အရက်မှာပါတဲ့ အဆိပ်အတောက်က အသည်းကိုတင် ပျက်စီးစေတာမဟုတ်ပါဘူး။ ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စိးစေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးမှုမလုပ်ပါနဲ့။

ဆေးလိပ်သောက်သုံးခြင်း –ဆေးလိပ်သောက်သုံးမှုက အချိန်ကြာလာနဲ့အမျှ သွေးကြောတွေကိုတောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုး သွေးပို့လွှတ်ရောက်ရှိမှု နည်းသွားတဲ့ အစိတ်အပိုင်းထဲမှာ ကျောက်ကပ်လည်းပါပါတယ်။ သွေးစီးဆင်းရောက်ရှိမှုနည်းသွားတဲ့အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။

ကိုယ်လက်လှုပ်ရှားမှုနည်းတာ –ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာက ကျောက်ကပ်တွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်ပေးတာက ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာက ကျောက်ကပ်ကျန်းမာစေဖို့ အထောက်အကူဖြစ်စေမှာပါ။

အိပ်ရေးပျက်ခံတာများတာ – လူတော်တော်များများက အိပ်ရေးဝဝအိပ်ဖို့ လိုတယ်ဆိုတာကို မေ့ထားတတ်ကြပါတယ်။အခုလိုမျိုး တိုးတက်လာတဲ့ ခေတ်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေလုပ်ဆောင်ရင်း အိပ်ချိန်တွေက တဖြည်းဖြည်းနောက်ကျလာခဲ့ပါပြီ။ ဒါကြောင့်တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၆ နာရီကနေ ၈ နာရီထားပေးပါ။ လူတစ်ယောက်က လုံလောက်စွာ အိပ်စက်မှုမရတဲ့အခါ ဇီဝတွင်းဖြစ်စဉ်က ထိခိုက်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးလာပါလိမ့်မယ်။

လိုအပ်တဲ့ဆေးဝါးကုသမှု ခံယူခြင်းမရှိတာ-သွေးတိုးရောဂါ ခံစားနေရတာ၊ အမျိုးအစား -၂ ဆီးချိုရောဂါ ခံစားနေရတာတွေရှိမယ်ဆိုရင် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူပါလို့ပြောပါရစေ။ ဒီဝေဒနာတွေခံစားနေရပြီး လိုအပ်တဲ့ဆေးဝါးကုသမှုကို ခံယူတာမျိုးမလုပ်ဘဲ နေမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ခံစားရမယ့်ပြဿနာက ကျောက်ကပ်ထိခိုက်တာပါ။

သွေးပေါင်ချိန်ကို ထိန်းညှိတာမျိုးမရှိတာ–သွေးတိုးတာက ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့်နေ့စဉ်သွေးပေါင်ချိန်ကို တိုင်းတာပြီး အရမ်းများနေရင် အစားအသောက်ဆင်ခြင်ပြီး သွေးပေါင်ချိန်ကျအောင်လုပ်ဆောင်တာမျိုး လုပ်ဆောင်ဖို့လိုပါမယ်။သွေးပေါင်ချိန်ကို ပုံမှန် အပေါ်သွေး ၁၄၀အောက်သွေး ၉၀ဖြစ်အောင်ထိန်းထားပေးပါ။

ခုပြောပြခဲ့တဲ့ အပြုအမူလေးတွေရှိရင် ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါနော်။ ဒါမှကျန်းမာတဲ့ကျောက်ကပ်လေး ပိုင်ဆိုင်နိုင်မှာပါ။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Credit-Hello ဆရာဝန်

ဝပြီး ဗိုက်ပူသူများအတွက် သင်္ဘောသီးစားရုံနဲ့ ဗိုက်ကျနည်း။ ဝၿပီး ဗိုက္ပူသူမ်ားအတြက္ သေဘၤာသီးစား႐ုံနဲ႔ ဗိုက္က်နည္း။

(Zawgyi)

ဝၿပီး ဗိုက္စူသူမ်ားအတြက္ သေဘၤာသီးဓာတ္စာ

ဝလာသူမ်ားတြင္ ဝျခင္း အေၾကာင္းအရင္း ႏွစ္မ်ိဳးရွိသည္။ ပထမတစ္မ်ိဳးမွာ အဆီတိုးၿပီး မ်ိဳး႐ိုးအလိုက္ ဝသူမ်ိဳးျဖစ္ၿပီး ေနာက္တစ္မ်ိဳးမွာ အသက္ ၄ဝ ေက်ာ္ ၅ဝတြင္းေရာက္မွ ဝလာသူ (ေလဝဟု ေခၚသည္) မ်ားျဖစ္သည္။

မ်ိဳး႐ိုးအလိုက္ဝသူ၊ အဆီတိုး၍ ဝသူမ်ားမွာ ကိုလက္စထေရာ တက္သည္ဟု ဆိုေသာ္လည္း ေကာင္းေသာ ကိုလက္စထေရာ (HDL Cholesterol) မ်ားလွ်င္ ဝေသာ္လည္း က်န္းမာၿပီး သြားႏိုင္၊ စားႏိုင္၊ ဝမ္းမွန္၊ အိပ္ေပ်ာ္၊ ေနေကာင္း ေနေပသည္။ အသက္ႀကီးမွ ဝလာသူမ်ားမွာ က်န္းမာေရး ခ်ဴခ်ာတတ္သည္။

မ်က္ႏွာႏွင့္ လက္ေခ်ာင္းမ်ားတြင္ မဝပဲ ဗိုက္စူ ထြက္လာသျဖင့္ ဝလို႔လွလို႔ မျဖစ္ႏိုင္ေပ။ လမ္းေလွ်ာက္ နည္းၿပီး အထိုင္မ်ားလွ်င္ ပိုဆိုးသည္။ ဗိုက္သိသိသာသာ စူထြက္လာၿပီး ၾကည့္မေကာင္းေသာအခါ ဘီယာဗိုက္ဟု ေခၚၾကသည္။ စည္ဘီယာ အေသာက္မ်ားသူမ်ားတြင္ ထိုကဲ့သို႔ ျဖစ္တတ္ေသာေၾကာင့္ ျဖစ္သည္။

အမွန္မွာ ညေနေစာင္းႏွင့္ ညအခ်ိန္မေတာ္ စားေလ့ရွိသူမ်ားတြင္ ဝမ္းဗိုက္ အတြင္းရွိ အူမႀကီးတြင္ အစာမ်ားစုပုံၿပီး အစာမေၾကရာမွ ေလပြၿပီး ဗိုက္စူလာျခင္း ျဖစ္သည္။ ညစာစားျခင္းကို ေလွ်ာ့လိုက္လွ်င္ ဗိုက္စူျခင္းသည္ ျပန္၍ သက္သာသြားတတ္သည္။ ေလဝ ဝသူမ်ား၏ အဓိကခ်ိဳ႕ယြင္းခ်က္မွာ ဝမ္းခ်ဳပ္ျခင္း ျဖစ္သည္။

ေကာက္ညႇင္း၊ ဆန္ေစး၊ အုန္းထမင္း၊ ဒန္ေပါက္၊ အေၾကာ္ အေလွာ္ႏွင့္အကင္မ်ား စားသည့္ ေန႔တြင္ အစာမေၾကျဖစ္ၿပီး ပို၍ပင္ ဝမ္းခ်ဳပ္ေလ့ရွိသည္။ ဝမ္းခ်ဳပ္ေသာအခါ ဗိုက္က ပို၍ စူထြက္လာၿပီး အသက္ရွဴ မဝေသာ ေရာဂါ ျဖစ္တတ္သည္။ဗိုက္စူ ဝမ္းခ်ဳပ္သူမ်ားအတြက္ အေကာင္းဆုံး ဓာတ္စာမွာ သေဘၤာသီးမွည့္ ျဖစ္သည္။ ထမင္းစားၿပီးတိုင္း သေဘၤာသီးမွည့္ တစ္ျခမ္းခန႔္ စားေပးျခင္းျဖင့္ ဝမ္းမွန္၊ ေလသက္သည့္ အျပင္ ဝမ္းဗိုက္စူျခင္းကိုပါ သက္သာေစႏိုင္သည္။

သေဘၤာသီးတြင္ အစာေၾကေစေသာ အေစးဓာတ္ပါသျဖင့္ အစိမ္းကိုလည္း ဟင္းခ်က္စားႏိုင္သည္။ အမွည့္ကို စားလွ်င္ ဝမ္းခ်ဳပ္ျခင္းႏွင့္ စျမင္းခံျခင္းကိုပါ သက္သာေစႏိုင္သျဖင့္ လိပ္ေခါင္းရွိသူမ်ား အတြက္ပါ သက္သာေစသည္။ သေဘၤာသီးဝယ္လွ်င္ သတိျပဳရန္မွာ ဆိုးေဆးႏွင့္ မွည့္ေဆးမလြတ္ေသာ အသီးေရွာင္ရန္ျဖစ္သည္။

သဘာဝ ပင္မွည့္အသီးကို ဝယ္ရန္ မျဖစ္ႏိုင္ပါက ရင့္ေသာ သေဘၤာသီး အစိမ္းကိုဝယ္ၿပီး မိမိအိမ္တြင္ မွည့္ေအာင္ ေစာင့္ထား ၿပီးမွ စားသုံးပါ။ ေန႔စဥ္ မွန္မွန္ တစ္လခန႔္ စားသုံးၾကည့္ပါက အက်ိဳးေက်းဇူးကို သိလာပါလိမ့္မည္။

Credit–က်န္းမာေရးအေၾကာင္းသိေကာင္းစရာမ်ား

(Unicode)

ဝပြီး ဗိုက်စူသူများအတွက် သင်္ဘောသီးဓာတ်စာ

ဝလာသူများတွင် ဝခြင်း အကြောင်းအရင်း နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ အဆီတိုးပြီး မျိုးရိုးအလိုက် ဝသူမျိုးဖြစ်ပြီး နောက်တစ်မျိုးမှာ အသက် ၄ဝ ကျော် ၅ဝတွင်းရောက်မှ ဝလာသူ (လေဝဟု ခေါ်သည်) များဖြစ်သည်။

မျိုးရိုးအလိုက်ဝသူ၊ အဆီတိုး၍ ဝသူများမှာ ကိုလက်စထရော တက်သည်ဟု ဆိုသော်လည်း ကောင်းသော ကိုလက်စထရော (HDL Cholesterol) များလျှင် ဝသော်လည်း ကျန်းမာပြီး သွားနိုင်၊ စားနိုင်၊ ဝမ်းမှန်၊ အိပ်ပျော်၊ နေကောင်း နေပေသည်။ အသက်ကြီးမှ ဝလာသူများမှာ ကျန်းမာရေး ချူချာတတ်သည်။

မျက်နှာနှင့် လက်ချောင်းများတွင် မဝပဲ ဗိုက်စူ ထွက်လာသဖြင့် ဝလို့လှလို့ မဖြစ်နိုင်ပေ။ လမ်းလျှောက် နည်းပြီး အထိုင်များလျှင် ပိုဆိုးသည်။ ဗိုက်သိသိသာသာ စူထွက် လာပြီး ကြည့်မကောင်းသောအခါ ဘီယာဗိုက်ဟု ခေါ်ကြသည်။ စည်ဘီယာ အသောက်များသူများတွင် ထိုကဲ့သို့ ဖြစ်တတ်သောကြောင့် ဖြစ်သည်။

အမှန်မှာ ညနေစောင်းနှင့် ညအချိန်မတော် စားလေ့ရှိသူများတွင် ဝမ်းဗိုက် အတွင်းရှိ အူမကြီးတွင် အစာများစုပုံပြီး အစာမကြေရာမှ လေပွပြီး ဗိုက်စူလာခြင်း ဖြစ်သည်။ ညစာစားခြင်းကို လျှော့လိုက်လျှင် ဗိုက်စူခြင်းသည် ပြန်၍ သက်သာသွားတတ်သည်။ လေဝ ဝသူများ၏ အဓိကချို့ယွင်းချက်မှာ ဝမ်းချုပ်ခြင်း ဖြစ်သည်။

ကောက်ညှင်း၊ ဆန်စေး၊ အုန်းထမင်း၊ ဒန်ပေါက်၊ အကြော် အလှော်နှင့်အကင်များ စားသည့် နေ့တွင် အစာမကြေဖြစ်ပြီး ပို၍ပင် ဝမ်းချုပ်လေ့ရှိသည်။ ဝမ်းချုပ်သောအခါ ဗိုက်က ပို၍ စူထွက်လာပြီး အသက်ရှူ မဝသော ရောဂါ ဖြစ်တတ်သည်။ဗိုက်စူ ဝမ်းချုပ်သူများအတွက် အကောင်းဆုံး ဓာတ်စာမှာ သင်္ဘောသီးမှည့် ဖြစ်သည်။ ထမင်းစားပြီးတိုင်း သင်္ဘောသီးမှည့် တစ်ခြမ်းခန့် စားပေးခြင်းဖြင့် ဝမ်းမှန်၊ လေသက်သည့် အပြင် ဝမ်းဗိုက်စူခြင်းကိုပါ သက်သာစေနိုင်သည်။

သင်္ဘောသီးတွင် အစာကြေစေသော အစေးဓာတ်ပါသဖြင့် အစိမ်းကိုလည်း ဟင်းချက်စားနိုင်သည်။ အမှည့်ကို စားလျှင် ဝမ်းချုပ်ခြင်းနှင့် စမြင်းခံခြင်းကိုပါ သက်သာစေနိုင်သဖြင့် လိပ်ခေါင်းရှိသူများ အတွက်ပါ သက်သာစေသည်။ သင်္ဘောသီးဝယ်လျှင် သတိပြုရန်မှာ ဆိုးဆေးနှင့် မှည့်ဆေးမလွတ်သော အသီးရှောင်ရန်ဖြစ်သည်။

သဘာဝ ပင်မှည့်အသီးကို ဝယ်ရန် မဖြစ်နိုင်ပါက ရင့်သော သင်္ဘောသီး အစိမ်းကိုဝယ်ပြီး မိမိအိမ်တွင် မှည့်အောင် စောင့်ထား ပြီးမှ စားသုံးပါ။ နေ့စဉ် မှန်မှန် တစ်လခန့် စားသုံးကြည့်ပါက အကျိုးကျေးဇူးကို သိလာပါလိမ့်မည်။

Credit–ကျန်းမာရေးအကြောင်းသိကောင်းစရာများ

ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ။ကေလးႏွာေခါင္းထဲ အရာတခုခုဝင္သြားရင္ ဘယ္လိုဖယ္ရွားပစ္မလဲ။

(Zawgyi)

ကေလးႏွာေခါင္းထဲ အရာတခုခုဝင္သြားရင္ ဘယ္လိုဖယ္ရွားပစ္မလဲ

သင့္မီးမီးေလး ႏွာေခါင္းထဲကို ပုတီးေစ့ေလးဝင္သြားတာမ်ိဳး၊ အေစ့တခုခု ဝင္သြားတာမ်ိဳး ျဖစ္ၿပီဆိုၾကပါစို႔။ ဒါဟာ အင္မတန္ျဖစ္ေလ့ျဖစ္ထရွိတဲ့ ျပႆနာတခုဆိုတာ မိဘတိုင္း သိပါတယ္။ ဟုတ္ၿပီ၊ ဒီလို ျဖစ္လာခဲ့ရင္ ဘာလုပ္မလဲ၊ ဘယ္သူ႔ကို ေခၚရမွာလဲ၊ ေဆးခန္းေဆး႐ုံ ေျပးရမွာလား။ သုေတသနျပဳေလ့လာခ်က္ အသစ္တခုအရ သိရွိခဲ့ရတာကေတာ့ ဟိုးဆယ္စုႏွစ္ေပါင္းမ်ားစြာကတည္းက အသုံးျပဳခဲ့တဲ့ အိမ္တြင္းေဆးၿမီးတိုကုသနည္း တခုျဖစ္တဲ့ “ ေမေမ့အနမ္း” လို႔ေခၚတဲ့ နည္းလမ္းဟာ ဒီ ျပႆနာကို ေျပလည္သြားေစတယ္ဆိုတာပါပဲ။

ဒီနည္းလမ္းဟာ နာက်င္မႈ ထူးထူးျခားျခားမရွိတဲ့အျပင္ အေရးေပၚကုသခန္းမွာ ေတြ႕ႀကဳံရမယ့္ စက္ကိရိယာႀကီးေတြ၊ လူစိမ္းေတြနဲ႔ယွဥ္ရင္ သားသားေလး၊ မီးမီးေလးတို႔အတြက္ စိတ္သက္သာရာရေစ၊ လုံၿခဳံမႈကို ခံစားရေစမွာပါ။

ေမေမ့အနမ္း ဆိုတာဘာလဲ-

ဒီနည္းလမ္းေလးကို ၁၉၆၅ မွာ စတင္အသုံးျပဳခဲ့တာျဖစ္ၿပီး အသုံးျပဳပုံ အဆင့္ဆင့္ကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။ အေမ(သို႔မဟုတ္ လူႀကီးတေယာက္ေယာက္)ရဲ႕ ပါးစပ္နဲ႔ ကေလးရဲ႕ ပါးစပ္ကို နမ္းတဲ့ပုံစံအတိုင္း ေတ့ထားရမွာျဖစ္ၿပီး ေကာင္းေနတဲ့ ႏွာေခါင္းတဖက္ကို လက္ေခ်ာင္းတေခ်ာင္းနဲ႔ ပိတ္ထား၊ ဆို႔ထားရပါမယ္။ ၿပီးရင္ ကေလးရဲ႕ ပါးစပ္ထဲကို ေလမႈတ္ထည့္ရပါမယ္။ မႈတ္ထည့္လိုက္တဲ့ ေလရဲ႕ အရွိန္နဲ႔ ႏွာေခါင္းထဲ ဝင္သြားတဲ့ အရာဝတၳဳျပန္ထြက္လာပါလိမ့္မယ္။

အသက္ ၁ႏွစ္နဲ႔ ၈ႏွစ္ၾကား ကေလးေတြမွာ “ ေမေမ့အနမ္း” နည္းလမ္းကို အသုံးျပဳျခင္းနဲ႔ ပတ္သက္တဲ့ ေလ့လာတင္ျပမႈ ရွစ္ခုကို ဆန္းစစ္ၿပီး သုေတသနတခု ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ ေလ့လာမႈအားလုံးမွာ ဒီနည္းလမ္းဟာ ဘာျပႆနာမွ မရွိဘဲ အလုပ္ျဖစ္ခဲ့ပါတယ္။ ႏွာေခါင္းကို တဝက္တပ်က္ပဲ ပိတ္ေနတဲ့ အရာဝတၳဳေတြဟာ ေလကို အျပင္ထြက္သြားေစႏိုင္တဲ့အတြက္ သူတို႔ေတြနဲ႔ယွဥ္ရင္ ႏွာေခါင္းေပါက္တခုလုံးကို လုံးဝပိတ္ဆို႔ေနတဲ့ အရာဝတၳဳေတြကို ဖယ္ထုတ္ရာမွာ ဒီနည္းလမ္းက ပိုအက်ိဳးသက္ေရာက္မႈရွိတာကိုလည္း ေတြ႕ရွိခဲ့ရပါတယ္။ ေအာင္ျမင္မႈရာခိုင္ႏႈန္းကေတာ့ ၆၀% ေလာက္ရွိပါတယ္။ အဆိုပါ သုေတသနရဲ႕ ေတြ႕ရွိခ်က္ေတြကို Canadian Medical Association Journal မွာ ေဖာ္ျပခဲ့ပါတယ္။

ဒီနည္းလမ္းဟာ လုံးဝအႏၲရာယ္မရွိပါဘူး။ ႏွာေခါင္းထဲ ဝင္သြားတဲ့ အရာဝတၳဳေတြကို ဖယ္ထုတ္ရာမွာ ဒီနည္းလမ္းဟာအင္မတန္ လုံၿခဳံစိတ္ခ်ၿပီး ထိေရာက္အက်ိဳးရွိတဲ့ နည္းလမ္းတခု ျဖစ္တဲ့အတြက္ ခ်ိတ္ေတြ၊ ညႇပ္ေတြနဲ႔ ႏွာေခါင္းထဲထိုးၿပီး ဖယ္ထုတ္ရတာ ဒါမွမဟုတ္ စုပ္ထုတ္ရတာ အစရွိတဲ့ ရႈပ္ရႈပ္ေထြးေထြးေတြ လုပ္ဖို႔ မလိုအပ္ေတာ့ပါဘူး။ ေမ့ေဆး၊ ထုံေဆးေတြေပးဖို႔လည္း မလိုေတာ့တဲ့အတြက္ ကေလးေတြအတြက္ အရမ္းအဆင္ေျပပါတယ္။ ဒီနည္းလမ္းမျပဳလုပ္ခင္မွာ ဘယ္လို လုပ္မယ္ဆိုတဲ့အေၾကာင္း ကေလးကို ႀကိဳတင္ရွင္းျပေပးထားမယ္ဆိုရင္ သူေလးအေနနဲ႔ ေၾကာက္လန႔္ေနေတာ့မွာ မဟုတ္ပါဘူး။

ဒီအ႐ြယ္ကေလးေတြဆိုတာက သူတို႔ကို ထူးထူးျခားျခားတခုခု လုပ္ေတာ့မယ္ဆိုရင္ ေၾကာက္လန႔္တတ္သလို၊ အထူးသျဖင့္ အရင္တခါ ႏွာေခါင္းထဲက ပစၥည္းကို ထုတ္တုန္းက အေတာ္ေလး နာက်င္ခဲ့ဖူးတယ္ဆိုရင္ လုပ္ရကိုင္ရအနည္းငယ္ ခက္ခဲႏိုင္ပါတယ္ (ကေလးက ေၾကာက္ၿပီး ႐ုန္းကန္ေနႏိုင္လို႔ပါ)။ ဒီနည္းလမ္းရဲ႕ အဓိက ျဖစ္လာႏိုင္တဲ့ ျပႆနာကေတာ့ မေမွ်ာ္လင့္ဘဲ ေလဖိအားမ်ားလာႏိုင္တဲ့အတြက္ ကေလးရဲ႕ နားစည္ ဒါမွမဟုတ္ အသက္ရႈလမ္းေၾကာင္းကို ထိခိုက္ေစတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ အဆိုပါ အခ်ိန္မွာ glottis လို႔ေခၚတဲ့ ေလဝင္ေပါက္ေလးက ပိတ္ေနမွာ ျဖစ္တဲ့အတြက္ ဒီျပႆနာ ျဖစ္လာႏိုင္ေခ်က မရွိသေလာက္နည္းတဲ့အျပင္ ျပဳလုပ္ၿပီးခဲ့သမွ် ေလ့လာမႈေတြအရလည္း ျပႆနာျဖစ္ပြားမႈ တစုံတရာမရွိတာကို ေတြ႕ရပါတယ္။ ႏွာေခါင္းထဲပိတ္ဆို႔ေနတဲ့ အရာဝတၳဳကို အထဲရႈသြင္းလိုက္မိၿပီး အသက္ရႈၾကပ္သြားမယ့္ အႏၲရာယ္ကေတာ့ အခ်ိန္တိုင္းမွာ ရွိေနပါတယ္။

“ ေမေမ့အနမ္း” နည္းလမ္းကို ဆရာဝန္၊ သူနာျပဳအစရွိတဲ့ က်န္းမာေရးေစာင့္ေရွာက္သူေတြကလည္း ျပဳလုပ္ႏိုင္သလို ပထမတေခါက္လုပ္လို႔ မေအာင္ျမင္ရင္ အႀကိမ္ႀကိမ္ထပ္ၿပီး ႀကိဳးစားၾကည့္ႏိုင္ပါေသးတယ္။ ဒါေပမယ့္ အခုနည္းလမ္းကို ဘယ္ေနရာ၊ ဘယ္အခ်ိန္မွာပဲ လုပ္သင့္တယ္ဆိုတဲ့ အခ်က္ေလးေတြကိုေတာ့ သတိျပဳဖို႔လိုအပ္ပါမယ္။ တတ္ကြၽမ္းနားလည္တဲ့သူေတြရဲ႕ ေရွ႕မွာပဲ ဒီနည္းလမ္းကို ျပဳလုပ္ရပါမယ္။

ဆရာဝန္ေတြဟာ အေရးေပၚကုသမႈဌာနမွာပဲ အမ်ားဆုံးျပဳလုပ္ေလ့ရွိတဲ့အတြက္ ဒီနည္းလမ္းကို အိမ္မွာပဲ အသုံးျပဳမယ္ဆိုရင္ေတာ့ ကေလးေတြအေနနဲ႔ သက္ေတာင့္သက္သာရွိၿပီး ေၾကာက္လန႔္ေနမွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ထင္မွတ္မထားတဲ့ ျပႆနာတခုခုေပၚေပါက္လာရင္ (ဥပမာ ပိတ္ေနတဲ့ အရာဝတၳဳက အဆုတ္ထဲ ဝင္သြားရင္) အျမန္ဆုံး ကုသမႈေပးႏိုင္ဖို႔အတြက္ “ ေမေမ့အနမ္း” နည္းလမ္းနဲ႔ ပိတ္ေနတဲ့ ပစၥည္းကို ဖယ္ရွားပစ္ေနခ်ိန္မွာ ဆရာဝန္တေယာက္ေယာက္ရွိေနတာကေတာ့ အေကာင္းဆုံးပဲ ျဖစ္ပါေၾကာင္း။

ေရးသားသူ Dr. Thiha Phyo Myint

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar

Credit-Hellosayarwon

(Unicode)

ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ

သင့်မီးမီးလေး နှာခေါင်းထဲကို ပုတီးစေ့လေးဝင်သွားတာမျိုး၊ အစေ့တခုခု ဝင်သွားတာမျိုး ဖြစ်ပြီဆိုကြပါစို့။ ဒါဟာ အင်မတန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဆိုတာ မိဘတိုင်း သိပါတယ်။ ဟုတ်ပြီ၊ ဒီလို ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ၊ ဘယ်သူ့ကို ခေါ်ရမှာလဲ၊ ဆေးခန်းဆေးရုံ ပြေးရမှာလား။ သုတေသနပြုလေ့လာချက် အသစ်တခုအရ သိရှိခဲ့ရတာကတော့ ဟိုးဆယ်စုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ အိမ်တွင်းဆေးမြီးတိုကုသနည်း တခုဖြစ်တဲ့ “ မေမေ့အနမ်း” လို့ခေါ်တဲ့ နည်းလမ်းဟာ ဒီ ပြဿနာကို ပြေလည်သွားစေတယ်ဆိုတာပါပဲ။

ဒီနည်းလမ်းဟာ နာကျင်မှု ထူးထူးခြားခြားမရှိတဲ့အပြင် အရေးပေါ်ကုသခန်းမှာ တွေ့ကြုံရမယ့် စက်ကိရိယာကြီးတွေ၊ လူစိမ်းတွေနဲ့ယှဉ်ရင် သားသားလေး၊ မီးမီးလေးတို့အတွက် စိတ်သက်သာရာရစေ၊ လုံခြုံမှုကို ခံစားရစေမှာပါ။

မေမေ့အနမ်း ဆိုတာဘာလဲ-

ဒီနည်းလမ်းလေးကို ၁၉၆၅ မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အသုံးပြုပုံ အဆင့်ဆင့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အမေ(သို့မဟုတ် လူကြီးတယောက်ယောက်)ရဲ့ ပါးစပ်နဲ့ ကလေးရဲ့ ပါးစပ်ကို နမ်းတဲ့ပုံစံအတိုင်း တေ့ထားရမှာဖြစ်ပြီး ကောင်းနေတဲ့ နှာခေါင်းတဖက်ကို လက်ချောင်းတချောင်းနဲ့ ပိတ်ထား၊ ဆို့ထားရပါမယ်။ ပြီးရင် ကလေးရဲ့ ပါးစပ်ထဲကို လေမှုတ်ထည့်ရပါမယ်။ မှုတ်ထည့်လိုက်တဲ့ လေရဲ့ အရှိန်နဲ့ နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုပြန်ထွက်လာပါလိမ့်မယ်။

အသက် ၁နှစ်နဲ့ ၈နှစ်ကြား ကလေးတွေမှာ “ မေမေ့အနမ်း” နည်းလမ်းကို အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ လေ့လာတင်ပြမှု ရှစ်ခုကို ဆန်းစစ်ပြီး သုတေသနတခု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လေ့လာမှုအားလုံးမှာ ဒီနည်းလမ်းဟာ ဘာပြဿနာမှ မရှိဘဲ အလုပ်ဖြစ်ခဲ့ပါတယ်။ နှာခေါင်းကို တဝက်တပျက်ပဲ ပိတ်နေတဲ့ အရာဝတ္ထုတွေဟာ လေကို အပြင်ထွက်သွားစေနိုင်တဲ့အတွက် သူတို့တွေနဲ့ယှဉ်ရင် နှာခေါင်းပေါက်တခုလုံးကို လုံးဝပိတ်ဆို့နေတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းက ပိုအကျိုးသက်ရောက်မှုရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ အောင်မြင်မှုရာခိုင်နှုန်းကတော့ ၆၀% လောက်ရှိပါတယ်။ အဆိုပါ သုတေသနရဲ့ တွေ့ရှိချက်တွေကို Canadian Medical Association Journal မှာ ဖော်ပြခဲ့ပါတယ်။

ဒီနည်းလမ်းဟာ လုံးဝအန္တရာယ်မရှိပါဘူး။ နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းဟာအင်မတန် လုံခြုံစိတ်ချပြီး ထိရောက်အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တဲ့အတွက် ချိတ်တွေ၊ ညှပ်တွေနဲ့ နှာခေါင်းထဲထိုးပြီး ဖယ်ထုတ်ရတာ ဒါမှမဟုတ် စုပ်ထုတ်ရတာ အစရှိတဲ့ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ဖို့ မလိုအပ်တော့ပါဘူး။ မေ့ဆေး၊ ထုံဆေးတွေပေးဖို့လည်း မလိုတော့တဲ့အတွက် ကလေးတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဒီနည်းလမ်းမပြုလုပ်ခင်မှာ ဘယ်လို လုပ်မယ်ဆိုတဲ့အကြောင်း ကလေးကို ကြိုတင်ရှင်းပြပေးထားမယ်ဆိုရင် သူလေးအနေနဲ့ ကြောက်လန့်နေတော့မှာ မဟုတ်ပါဘူး။

ဒီအရွယ်ကလေးတွေဆိုတာက သူတို့ကို ထူးထူးခြားခြားတခုခု လုပ်တော့မယ်ဆိုရင် ကြောက်လန့်တတ်သလို၊ အထူးသဖြင့် အရင်တခါ နှာခေါင်းထဲက ပစ္စည်းကို ထုတ်တုန်းက အတော်လေး နာကျင်ခဲ့ဖူးတယ်ဆိုရင် လုပ်ရကိုင်ရအနည်းငယ် ခက်ခဲနိုင်ပါတယ် (ကလေးက ကြောက်ပြီး ရုန်းကန်နေနိုင်လို့ပါ)။ ဒီနည်းလမ်းရဲ့ အဓိက ဖြစ်လာနိုင်တဲ့ ပြဿနာကတော့ မမျှော်လင့်ဘဲ လေဖိအားများလာနိုင်တဲ့အတွက် ကလေးရဲ့ နားစည် ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ အချိန်မှာ glottis လို့ခေါ်တဲ့ လေဝင်ပေါက်လေးက ပိတ်နေမှာ ဖြစ်တဲ့အတွက် ဒီပြဿနာ ဖြစ်လာနိုင်ချေက မရှိသလောက်နည်းတဲ့အပြင် ပြုလုပ်ပြီးခဲ့သမျှ လေ့လာမှုတွေအရလည်း ပြဿနာဖြစ်ပွားမှု တစုံတရာမရှိတာကို တွေ့ရပါတယ်။ နှာခေါင်းထဲပိတ်ဆို့နေတဲ့ အရာဝတ္ထုကို အထဲရှုသွင်းလိုက်မိပြီး အသက်ရှုကြပ်သွားမယ့် အန္တရာယ်ကတော့ အချိန်တိုင်းမှာ ရှိနေပါတယ်။

“ မေမေ့အနမ်း” နည်းလမ်းကို ဆရာဝန်၊ သူနာပြုအစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကလည်း ပြုလုပ်နိုင်သလို ပထမတခေါက်လုပ်လို့ မအောင်မြင်ရင် အကြိမ်ကြိမ်ထပ်ပြီး ကြိုးစားကြည့်နိုင်ပါသေးတယ်။ ဒါပေမယ့် အခုနည်းလမ်းကို ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ လုပ်သင့်တယ်ဆိုတဲ့ အချက်လေးတွေကိုတော့ သတိပြုဖို့လိုအပ်ပါမယ်။ တတ်ကျွမ်းနားလည်တဲ့သူတွေရဲ့ ရှေ့မှာပဲ ဒီနည်းလမ်းကို ပြုလုပ်ရပါမယ်။

ဆရာဝန်တွေဟာ အရေးပေါ်ကုသမှုဌာနမှာပဲ အများဆုံးပြုလုပ်လေ့ရှိတဲ့အတွက် ဒီနည်းလမ်းကို အိမ်မှာပဲ အသုံးပြုမယ်ဆိုရင်တော့ ကလေးတွေအနေနဲ့ သက်တောင့်သက်သာရှိပြီး ကြောက်လန့်နေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ထင်မှတ်မထားတဲ့ ပြဿနာတခုခုပေါ်ပေါက်လာရင် (ဥပမာ ပိတ်နေတဲ့ အရာဝတ္ထုက အဆုတ်ထဲ ဝင်သွားရင်) အမြန်ဆုံး ကုသမှုပေးနိုင်ဖို့အတွက် “ မေမေ့အနမ်း” နည်းလမ်းနဲ့ ပိတ်နေတဲ့ ပစ္စည်းကို ဖယ်ရှားပစ်နေချိန်မှာ ဆရာဝန်တယောက်ယောက်ရှိနေတာကတော့ အကောင်းဆုံးပဲ ဖြစ်ပါကြောင်း။

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Credit-Hellosayarwon

အဆစ္အျမစ္ေရာင္၊ ေသြးတိုး၊ အေရျပားေရာဂါအမ်ိုးမ်ိဳး၊ အင္ပ်ဥ္၊ အဆိပ္ေျပ၊ ပင္ပန္းႏြမ္းနယ္ေျပေစတဲ့ ဆႊမ္းေမႊးရြက္။

(Zawgyi)

ေဆးဖက္ဝင္ေသာ ဆြမ္းေမႊး႐ြက္

ကြၽန္မတို႔ ေဒသမွာက ဒီအ႐ြက္ကိုခ်က္ၿပီးခါစ ထမင္းအိုးထဲမွာ ထည့္ထားလိုက္ရင္ ထမင္းမွာ အနံ႔စြဲၿပီး ရနံ႔သင္းေစပါတယ္။ ဒါ့ေၾကာင့္ သူ႔ကို ဆြမ္းေမႊး႐ြက္လို႔ ေခၚဆိုၾကျခင္းျဖစ္ပါတယ္။ အခ်ိဳ႕ကလည္း ဆူးေမႊး႐ြက္လို႔ ေခၚၾကပါတယ္။ေနာက္ၿပီးေတာ့ ဆြမ္းေမႊး႐ြက္အရည္ကို မုန႔္လက္ေဆာင္းဖတ္ ျပဳလုပ္တဲ့ေနရာေတြမွာလည္း ထည့္သြင္းအသုံးျပဳၾကသလို အျခားေသာ အစားအစာေတြထဲ၌လည္း ရနံ႔ေမႊးေအာင္ ထည့္သြင္းအသုံးျပဳၾကပါတယ္။ ဆြမ္းေမႊး႐ြက္ဟာ မည္သည့္ေဒသမွာမဆို လြယ္ကူစြာ ရွာေဖြေတြ႕ရွိႏိုင္ပါတယ္။ ထူျခားတာက ဆြမ္းေမႊး႐ြက္ဟာ ကြၽန္မတို႔ သိထားတာထက္ ပိုၿပီးေတာ့ အသုံးဝင္သလို လူသားတို႔ က်န္းမာေရးအတြက္လည္း ေဆးစြမ္းေကာင္းတလက္ျဖစ္ေစပါတယ္။

သူ႔အ႐ြက္ကို ခူးဆြတ္၍ ေရသန႔္စင္ေအာင္ ေဆးေၾကာၿပီး ႀကိတ္၍ အရည္ညႇစ္ေသာက္ပါက အသည္းေရာင္ အသားဝါေရာဂါ၊ အဆုတ္ေရာဂါ၊ အဆစ္အျမစ္ေရာင္ေရာဂါ၊ ဒူးနာေရာဂါ၊ ခါးနာေရာဂါ၊ ဗိုက္ေအာင့္၊ဗိုက္နာေရာဂါ၊ ေဂါက္ေရာဂါ၊ ေသြးတိုးေရာဂါ၊ ကင္ဆာေရာဂါ၊ အဖ်ားေရာဂါအမ်ိဳးမ်ိဳး၊ အေရျပားေရာဂါအမ်ိဳးမ်ိဳး၊ ေခါင္းကိုက္..နားကိုက္..သြားဖုံးနာ.. အပူက်ျခင္း၊ အဆိပ္ေျပေစျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ အရက္မူးေျပေပ်ာက္ျခင္း၊ အရက္နာက်ျခင္းမ်ား ေပ်ာက္ကင္းသည့္အျပင္

သူ႔ရဲ႕အ႐ြက္ေျခာက္အဖတ္ကို လၻက္ေျခာက္ကဲ့သို႔ ေရေႏြးခပ္ေသာက္လို႔ ရသလို သူ႔အ႐ြက္ေျခာက္ကို အမႈန႔္ႀကိတ္၍ ၎အမႈန႔္ကို အင္ပ်ဥ္ႏွင့္ အျခားေသာ ယားနာအဖုမ်ားေပၚသို႔ ပြတ္လိမ္းေပးပါက ေပ်ာက္ကင္းသက္သာေစပါတယ္။ ဆြမ္းေမႊး႐ြက္ဟာ အနံ႔အသက္ဆိုးမ်ားကို စုတ္ယူေပးႏိုင္ျခင္းေၾကာင့္ မိမိတို႔၏ အိမ္ခန္း၊ အိပ္ခန္းႏွင့္ ဖိနပ္စဥ္မ်ားေပၚ၌ ခ်ိတ္ဆြဲထားႏိုင္ပါတယ္။

Credit-Original Uploader

(Unicode)

ဆေးဖက်ဝင်သော ဆွမ်းမွှေးရွက်

ကျွန်မတို့ ဒေသမှာက ဒီအရွက်ကိုချက်ပြီးခါစ ထမင်းအိုးထဲမှာ ထည့်ထားလိုက်ရင် ထမင်းမှာ အနံ့စွဲပြီး ရနံ့သင်းစေပါတယ်။ ဒါ့ကြောင့် သူ့ကို ဆွမ်းမွှေးရွက်လို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ အချို့ကလည်း ဆူးမွှေးရွက်လို့ ခေါ်ကြပါတယ်။နောက်ပြီးတော့ ဆွမ်းမွှေးရွက်အရည်ကို မုန့်လက်ဆောင်းဖတ် ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်းအသုံးပြုကြသလိုအခြားသော အစားအစာတွေထဲ၌လည်း ရနံ့မွှေးအောင် ထည့်သွင်းအသုံးပြုကြပါတယ်။ ဆွမ်းမွှေးရွက်ဟာ မည်သည့်ဒေသမှာမဆို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ထူခြားတာက ဆွမ်းမွှေးရွက်ဟာ ကျွန်မတို့သိထားတာထက် ပိုပြီးတော့ အသုံးဝင်သလို လူသားတို့ကျန်းမာရေးအတွက်လည်း ဆေးစွမ်းကောင်းတလက်ဖြစ်စေပါတယ်။

သူ့အရွက်ကို ခူးဆွတ်၍ ရေသန့်စင်အောင် ဆေးကြောပြီး ကြိတ်၍ အရည်ညှစ်သောက်ပါက အသည်းရောင် အသားဝါရောဂါ၊ အဆုတ်ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဒူးနာရောဂါ၊ ခါးနာရောဂါ၊ ဗိုက်အောင့်၊ဗိုက်နာရောဂါ၊ ဂေါက်ရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဖျားရောဂါအမျိုးမျိုး၊ အရေပြားရောဂါအမျိုးမျိုး၊ ခေါင်းကိုက်..နားကိုက်..သွားဖုံးနာ.. အပူကျခြင်း၊ အဆိပ်ပြေစေခြင်း၊ အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အရက်မူးပြေပျောက်ခြင်း၊ အရက်နာကျခြင်းများ ပျောက်ကင်းသည့်အပြင်

သူ့ရဲ့အရွက်ခြောက်အဖတ်ကို လ္ဘက်ခြောက်ကဲ့သို့ ရေနွေးခပ်သောက်လို့ ရသလို သူ့အရွက်ခြောက်ကို အမှုန့်ကြိတ်၍ ၎င်းအမှုန့်ကို အင်ပျဉ်နှင့် အခြားသော ယားနာအဖုများပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါတယ်။ ဆွမ်းမွှေးရွက်ဟာ အနံ့အသက်ဆိုးများကို စုတ်ယူပေးနိုင်ခြင်းကြောင့် မိမိတို့၏ အိမ်ခန်း၊ အိပ်ခန်းနှင့် ဖိနပ်စဉ်များပေါ်၌ ချိတ်ဆွဲထားနိုင်ပါတယ်။

Credit-Original Uploader

ရှားစောင်းလက်ပတ်ပင်ရဲ့ အသုံးဝင်ပုံများ

(Zawgyi)

ရွားေစာင္းလက္ပတ္ပင္ရဲ႕ အသုံးဝင္ပုံမ်ား

ရွားေစာင္းလက္ပတ္ပင္ဟာ ဘက္တီးရီးယားမ်ားကို ကာကြယ္ေပးႏိုင္တဲ့ အစြမ္းသတၱိရွိၿပီး အသားအေရအတြက္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရွိတဲ့ အပင္တစ္မ်ိဳးပဲျဖစ္ပါတယ္ ။ မ်ားေသာအားျဖင့္ က်န္မာေရး ေကာင္းမြန္ေစရန္ အတြက္ ရွားေစာင္းလက္ပတ္ကို ျခစ္ယူၿပီး သၾကားႏွင့္ ေခါက္ကာ စားသုံးေလ့ရွိၾကပါတယ္။ ဒါ့အျပင္ကို မွ အလွကုန္ပစၥည္းေတြ ထုတ္လုပ္တဲ့အခါမွာလည္း ကုန္ၾကမ္းအျဖစ္ႏွင့္ ထည့္သြင္းသုံးစြဲၾကပါေသးတယ္။ ရွားေစာင္းလက္ပတ္ ပါဝင္တဲ့ အလွကုန္ေတြကိုသုံးစြဲႏိုင္တဲ့ အျပင္ကိုမွ ရွားေစာင္းလက္ပတ္ကိုျခစ္ယူၿပီး မ်က္ႏွာ ကို ႏွံ႔စပ္စြာ လိမ္းေပးမယ္ဆိုရင္ေတာ့ ေကာင္းမြန္တဲ့ အက်ိဳးေက်းဇူးေတြျဖစ္တဲ့ အေရးအေၾကာင္းကင္းစင္ျခင္း ၊ ဝက္ၿခံဆိုး႐ြားစြာျဖစ္ေပၚျခင္းကို သက္သာေပ်ာက္ကင္းေစျခင္းတို႔ကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္ ။ ရွားေစာင္းလက္ပတ္ကို ဘယ္လို အသုံးခ်လို႔ ရႏိုင္မလည္း ဆိုတဲ့ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ အစိုဓာတ္ျဖည့္ ခရမ္ေတြမွာထည့္သြင္းသုံးစြဲထားတာပဲျဖစ္ပါတယ္

မ်က္ႏွာေလးဟာ စိုစိုျပည္ျပည္ေလးႏွင့္ ဝင္းလက္ေတာက္ပေနဖို႔ဆိုရင္ အစုဓာတ္ျဖည့္ ခရမ္ေတြကို မျဖစ္မေန သုံးစြဲေပးရမွာပဲျဖစ္ပါတယ္။ အစိုဓာတ္ျဖည့္ ခရမ္ေတြထဲမွာ ရွားေစာင္းလက္ပတ္ကိုပါ ထည့္သြင္း အသုံးျပဳေလ့ရွိပါတယ္။ ရွားေစာင္းလက္ပတ္ဟာ အသားအေရကို ေအးျမေစၿပီး ေရဓာတ္ျဖည့္တင္းေပးႏိုင္တာေၾကာင့္ အစိုဓာတ္ျဖည့္ ခရမ္ေတြမွာထည့္သြင္းၿပီးထုတ္လုပ္ၾကတာပဲျဖစ္ပါတယ္။ ရွားေစာင္းလက္ပတ္ အစိုဓာတ္ျဖည့္ခရမ္အျပင္ကိုမွ ရွားေစာင္းလက္ပတ္ကို ဇြန္းနဲ႔ ေသခ်ာ ျခစ္ယူၿပီး မ်က္ႏွာ အႏွံ႔ေသခ်ာ လိမ္းေပးမယ္ဆိုရင္လည္း ရရွိလာမယ့္ အက်ိဳးေက်းဇူးေတြကို အျပည့္အဝရရွိႏိုင္မွာပဲျဖစ္ပါတယ္။

၂။ မ်က္ႏွာသစ္အျဖစ္အသုံးခ်ႏိုင္ပါတယ္

ေနာက္ထပ္ တစ္နည္းအေနႏွင့္ကေတာ့ မ်က္ႏွာကို သန႔္ရွင္းစင္ၾကယ္သြားေအာင္ ရွားေစာင္းလက္ပတ္ႏွင့္ မ်က္ႏွာသစ္ေပးႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္ကို မ်က္ႏွာ အႏွံ႔လိုက္ ပြတ္ေပးလိုက္ပါ ။ ထို႔ေနာက္ ေရေအးေအးေလးႏွင့္ ေရျပန္ေဆးခ်ေပးရမွာပါ။ မနက္တစ္ႀကိမ္ ၊ ညတစ္ႀကိမ္ ေန႔စဥ္ ပုံမွန္ ျပဳလုပ္ေပးႏိုင္ပါတယ္ေနာ္

၃။ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြအတြက္ ရွားေစာင္းလက္ပတ္ Scrub

ဝက္ၿခံထြက္လြယ္ၿပီး အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြဟာ ေတာ္႐ုံတန္႐ုံ အလွကုန္ ပစၥည္းေတြကို သုံးစြဲဖို႔အတြက္ မလြယ္ကူပါဘူး။ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြအတြက္ ရွားေစာင္းလက္ပတ္ Scrub ကို ျပဳလုပ္ၿပီးေတာ့ အသုံးျပဳႏိုင္ပါတယ္။ ဒီ Scrub ကို ပုံမွန္ျပဳလုပ္ေပးမယ္ ဆိုရင္ေတာ့ က်န္းမာတဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္မွာပဲျဖစ္ပါတယ္။ သၾကားအနည္းငယ္ကို ရွားေစာင္းလက္ပတ္ႏွင့္ ေရာစပ္ကာေမႊေပးပါ။ ထို႔ေနာက္ မ်က္ႏွာအႏွံ႔ကို ၂ မိနစ္ခန႔္အထိ ႏူးညံ့ညင္သာစြာ ပြတ္တိုက္ေပးပါ။ ထို႔ေနာက္ ေရေအးေအးေလးႏွင့္ ျပန္လည္ၿပီး မ်က္ႏွာသစ္ေပးရမွာပါ။ ႏွစ္ပတ္တစ္ႀကိမ္ခန႔္သာ အသုံးျပဳသင့္ၿပီး အသုံးျပဳေနစဥ္ကာလအတြင္း မွာ အလြန္အကြၽန္ အဆီျပန္ေနမယ္ဆိုရင္ေတာ့ အသုံးျပဳျခင္းကို ရပ္တန႔္သင့္ပါတယ္။

၄။ အေမႊးရိတ္ၿပီးတဲ့အခါမွာ လိမ္းေပးႏိုင္ပါတယ္

အမ်ိဳးသမီးမ်ားေရာ အမ်ိဳးသားမ်ားပါ မလိုအပ္တဲ့ အေမႊးမ်ားကို ဖယ္ရွားၿပီးတဲ့အခါမွာ အေရျပားေပၚမွာ အနာငယ္ေလးမ်ားက်န္ရစ္ခဲ့ၿပီးနီျမန္းေနခဲ့တတ္ပါတယ္။ အေမႊးရိတ္ၿပီးတဲ့အခါေတြမွာ ရွားေစာင္းလက္ပတ္ဂ်ယ္ကို အေရျပားအႏွံ႔ လိုက္လံလိမ္းေပးမယ္ဆိုရင္ ေယာင္းယမ္းျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး အနာေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

၅။ ဝက္ၿခံေၾကာင့္ က်န္ခဲ့တဲ့အမာ႐ြတ္အေပၚမွာ လိမ္းေပးႏိုင္ပါတယ္။

ဝက္ၿခံထြက္တဲ့အခ်ိန္မွာ အေရျပားေယာင္ယမ္းတာေတြ နာက်င္တာေတြ ျဖစ္ေပၚႏိုင္ပါတယ္။ ထိုအခ်ိန္မွာ ရွားေစာင္းလက္ပတ္ႏွင့္ အေရျပားအေပၚကို ႏူးညံ့စြာ ပြတ္ေပးႏိုင္ပါတယ္။ ဝက္ၿခံထြက္ၿပီးတဲ့ေနာက္ပိုင္းမွာ က်န္ရစ္ေနခဲ့တတ္တဲ့ အမာ႐ြတ္ေတြအေပၚကိုလည္း ရွားေစာင္းလက္ပတ္ လိမ္းေပးႏိုင္ပါတယ္။

Credit-MyanmaPlatform

(Unicode)

ရှားစောင်းလက်ပတ်ပင်ရဲ့ အသုံးဝင်ပုံများ

ရှားစောင်းလက်ပတ်ပင်ဟာ ဘက်တီးရီးယား များကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပြီး အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ် ။ များသောအားဖြင့် ကျန်မာရေး ကောင်းမွန်စေရန် အတွက် ရှားစောင်းလက်ပတ်ကို ခြစ်ယူပြီး သကြားနှင့် ခေါက်ကာ စားသုံးလေ့ရှိကြပါတယ် ။ ဒါ့အပြင်ကို မှ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာလည်း ကုန်ကြမ်းအဖြစ်နှင့် ထည့်သွင်းသုံးစွဲကြပါသေးတယ် ။ ရှားစောင်းလက်ပတ် ပါဝင်တဲ့ အလှကုန်တွေကိုသုံးစွဲနိုင်တဲ့ အပြင်ကိုမှ ရှားစောင်းလက်ပတ်ကိုခြစ်ယူပြီး မျက်နှာ ကို နှံ့စပ်စွာ လိမ်းပေးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ အရေးအကြောင်းကင်းစင်ခြင်း ၊ ဝက်ခြံဆိုးရွားစွာဖြစ်ပေါ်ခြင်းကို သက်သာပျောက်ကင်းစေခြင်းတို့ကို ရရှိနိုင်မှာပဲဖြစ်ပါတယ် ။ ရှားစောင်းလက်ပတ်ကို ဘယ်လို အသုံးချလို့ ရနိုင်မလည်း ဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။

၁။ အစိုဓာတ်ဖြည့် ခရမ်တွေမှာထည့်သွင်းသုံးစွဲထားတာပဲဖြစ်ပါတယ်

မျက်နှာလေးဟာ စိုစိုပြည်ပြည်လေးနှင့် ဝင်းလက်တောက်ပနေဖို့ဆိုရင် အစုဓာတ်ဖြည့် ခရမ်တွေကို မဖြစ်မနေ သုံးစွဲပေးရမှာပဲဖြစ်ပါတယ် ။ အစိုဓာတ်ဖြည့် ခရမ်တွေထဲမှာ ရှားစောင်းလက်ပတ်ကိုပါ ထည့်သွင်း အသုံးပြုလေ့ရှိပါတယ် ။ ရှားစောင်းလက်ပတ်ဟာ အသားအရေကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးနိုင်တာကြောင့် အစိုဓာတ်ဖြည့် ခရမ်တွေမှာထည့်သွင်းပြီးထုတ်လုပ်ကြတာပဲဖြစ်ပါတယ် ။ ရှားစောင်းလက်ပတ် အစိုဓာတ်ဖြည့်ခရမ်အပြင်ကိုမှ ရှားစောင်းလက်ပတ်ကို ဇွန်းနဲ့ သေချာ ခြစ်ယူပြီး မျက်နှာ အနှံ့သေချာ လိမ်းပေးမယ်ဆိုရင်လည်း ရရှိလာမယ့် အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိနိုင်မှာပဲဖြစ်ပါတယ် ။

၂။ မျက်နှာသစ်အဖြစ်အသုံးချနိုင်ပါတယ်

နောက်ထပ် တစ်နည်းအနေနှင့်ကတော့ မျက်နှာကို သန့်ရှင်းစင်ကြယ်သွားအောင် ရှားစောင်းလက်ပတ်နှင့် မျက်နှာသစ်ပေးနိုင်ပါတယ် ။ ရှားစောင်းလက်ပတ်ကို မျက်နှာ အနှံ့လိုက် ပွတ်ပေးလိုက်ပါ ။ ထို့နောက် ရေအေးအေးလေးနှင့် ရေပြန်ဆေးချပေးရမှာပါ ။ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် နေ့စဉ် ပုံမှန် ပြုလုပ်ပေးနိုင်ပါတယ်နော်

၃။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ရှားစောင်းလက်ပတ် Scrub

ဝက်ခြံထွက်လွယ်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ တော်ရုံတန်ရုံ အလှကုန် ပစ္စည်းတွေကို သုံးစွဲဖို့အတွက် မလွယ်ကူပါဘူး ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ရှားစောင်းလက်ပတ် Scrub ကို ပြုလုပ်ပြီးတော့ အသုံးပြုနိုင်ပါတယ် ။ ဒီ Scrub ကို ပုံမှန်ပြုလုပ်ပေးမယ် ဆိုရင်တော့ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် ။ သကြားအနည်းငယ်ကို ရှားစောင်းလက်ပတ်နှင့် ရောစပ်ကာမွှေပေးပါ ။ ထို့နောက် မျက်နှာအနှံ့ကို ၂ မိနစ်ခန့်အထိ နူးညံ့ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ထို့နောက် ရေအေးအေးလေးနှင့် ပြန်လည်ပြီး မျက်နှာသစ်ပေးရမှာပါ ။ နှစ်ပတ်တစ်ကြိမ်ခန့်သာ အသုံးပြုသင့်ပြီး အသုံးပြုနေစဉ်ကာလအတွင်း မှာ အလွန်အကျွန် အဆီပြန်နေမယ်ဆိုရင်တော့ အသုံးပြုခြင်းကို ရပ်တန့်သင့်ပါတယ် ။

၄။ အမွှေးရိတ်ပြီးတဲ့အခါမှာ လိမ်းပေးနိုင်ပါတယ်
အမျိုးသမီးများရော အမျိုးသားများပါ မလိုအပ်တဲ့ အမွှေးများကို ဖယ်ရှားပြီးတဲ့အခါမှာ အရေပြားပေါ်မှာ အနာငယ်လေးများကျန်ရစ်ခဲ့ပြီးနီမြန်းနေခဲ့တတ်ပါတယ် ။ အမွှေးရိတ်ပြီးတဲ့အခါတွေမှာ ရှားစောင်းလက်ပတ်ဂျယ်ကို အရေပြားအနှံ့ လိုက်လံလိမ်းပေးမယ်ဆိုရင် ယောင်းယမ်းခြင်းကို လျှော့ချပေးနိုင်ပြီး အနာတွေကို ပျောက်ကင်းစေနိုင်ပါတယ် ။

၅။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်အပေါ်မှာ လိမ်းပေးနိုင်ပါတယ်။

ဝက်ခြံထွက်တဲ့အချိန်မှာ အရေပြားယောင်ယမ်းတာတွေ နာကျင်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုအချိန်မှာ ရှားစောင်းလက်ပတ်နှင့် အရေပြားအပေါ်ကို နူးညံ့စွာ ပွတ်ပေးနိုင်ပါတယ် ။ ဝက်ခြံထွက်ပြီးတဲ့နောက်ပိုင်းမှာ ကျန်ရစ်နေခဲ့တတ်တဲ့ အမာရွတ်တွေအပေါ်ကိုလည်း ရှားစောင်းလက်ပတ် လိမ်းပေးနိုင်ပါတယ်။

Credit-MyanmaPlatform

ခြင်ဆေးခွေကို အသုံးပြုရင် ရှောင်ကြဉ်ရမည့် အချက်များ

(Zawgyi)

ျခင္ေဆးေခြကို အသုံးျပဳရင္ ေရွာင္ၾကဥ္ရမည့္ အခ်က္မ်ား

ျခင္ေပါတဲ့ ျမန္မာႏိုင္ငံမွာ ျခင္ကိုက္ခံရတာကေန ကာကြယ္ဖို႔အတြက္ မ်ားေသာအားျဖင့္ ျခင္ေဆးေခြကို အလြယ္တကူ သုံးစြဲတက္ၾကပါတယ္။

ခုေခတ္မွာ ျခင္႐ိုက္တံ၊ ျခင္လိမ္းေဆးရည္စသျဖင့္ အမ်ားႀကီးေပၚေနေသာ္လည္း လူအေတာ္မ်ားမ်ားဟာ ျခင္ေဆးေခြကို သုံးေနၾကဆဲပါပဲ။

ျခင္ေဆးေခြကို ၁၈၉၅ ခုႏွစ္မွာ ဂ်ပန္ႏိုင္ငံက Eiichiro Ueyama ဆိုသူက စတင္တီထြင္ခဲ့ပါတယ္။ ဓါတုေဗဒနည္းပညာေတြဖြံ႕ၿဖိဳးလာၿပီးတဲ့ေနာက္မွာ ျခင္ေဆးေခြမွာပါတဲ့ပါဝင္ပစၥည္းေတြကလည္း ဓါတုပစၥည္းေတြ အမ်ားႀကီးပါဝင္လာပါတယ္။ သုေတသနပညာရွင္ေတြရဲ႕ ေတြ႕ရွိခ်က္အရ ျခင္ေဆးေခြအခ်ိဳ႕မွာ အျပင္းထန္ဆုံး ဓါတုပစၥည္းေတြျဖစ္တဲ့ ပိုးသတ္ေဆး S-2၊ ေဖာ္မယ္ဒီဟိုက္၊ ဘန္ဇင္း၊ မီဖာလူသရင္းစတဲ့ ဓါတုပစၥည္းေတြ ပါဝင္ေနတယ္လို႔ ေျပာထားပါတယ္။

ဘန္ဇင္းဓါတုပစၥည္းဟာ ကာစီႏိုဂ်င္(ကင္ဆာျဖစ္ေစမႈကိုအားေပးတဲ့ပစၥည္း) ျဖစ္ၿပီး အာ႐ုံေၾကာမွစကာ ႐ိုးတြင္းခ်ဥ္ဆီထိပါ အဆိပ္သင့္ႏိုင္ပါတယ္။ ျခင္ေဆးေခြတေခြက ထြက္လာတဲ့အဆိပ္ေငြ႕ဟာ ေဆးလိပ္အလိပ္၁၀၀ေက်ာ္မွထြက္တဲ့အဆိပ္ေငြ႕နဲ႔ညီတယ္လို႔လည္း တခ်ိဳ႕သုေတသနပညာရွင္ေတြက ေျပာၾကပါတယ္။

ဒါ့အျပင္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္တဲ့ ေလႁပြန္ေရာင္ေရာဂါ၊ ပန္းနာရင္ၾကပ္ေရာဂါနဲ႔ အဆုတ္ကင္ဆာအထိပါ ျဖစ္ေစႏိုင္ၿပီး အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေဝဒနာ ခံစားေနရသူေတြအေနနဲ႔ ပိုမိုဆိုး႐ြားလာႏိုင္ပါတယ္။ ဒါေၾကာင့္ ျခင္ေဆးေခြကို အသုံးျပဳမယ္ဆိုရင္ ေရွာင္ၾကဥ္ရမယ့္ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ကေလးငယ္ေလးေတြ ၊ေမြးကင္းစကေလးေတြ၊ နာတာရွည္အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါသည္ေတြရွိတဲ့ အိမ္ေတြမွာ ျခင္ေဆးေခြကို လုံးဝမသုံးသင့္ပါဘူး။ အလုံပိတ္ခန္း၊ ေလဝင္ေလထြက္နည္းတဲ့ ေနရာေတြမွာဆိုရင္လည္း ျခင္ေဆးေခြမထြန္းသင့္ပါ။ အခုေနာက္ပိုင္းမွာ ျခင္မကိုက္ေအာင္ လိမ္းေဆး၊ ျဖန္းေဆးေတြလည္း မ်ားစြာေပၚထြက္လာၿပီျဖစ္လို႔ ကေလးေရာလူႀကီးပါ လိမ္းႏိုင္သုံးႏိုင္မယ့္ အရည္ေသြးေကာင္းတဲ့ လိမ္းေဆး၊ ျဖန္းေဆးေတြကို ေ႐ြးခ်ယ္အသုံးျပဳရင္း ျခင္ေဆးေခြ အသုံးျပဳမႈကို ေလ်ာ့ခ်ႏိုင္ပါတယ္။

Credit-Health Products Directory

(Unicode)

ခြင်ဆေးခွေကို အသုံးပြုရင် ရှောင်ကြဉ်ရမည့် အချက်များ

ခြင်ပေါတဲ့ မြန်မာနိုင်ငံမှာ ခြင်ကိုက်ခံရတာကနေ ကာကွယ်ဖို့အတွက် များသောအားဖြင့် ခြင်ဆေးခွေကို အလွယ်တကူ သုံးစွဲတက်ကြပါတယ်။

ခုခေတ်မှာ ခြင်ရိုက်တံ၊ ခြင်လိမ်းဆေးရည်စသဖြင့် အများကြီးပေါ်နေသော်လည်း လူအတော်များများဟာ ခြင်ဆေးခွေကို သုံးနေကြဆဲပါပဲ။

ခြင်ဆေးခွေကို ၁၈၉၅ ခုနှစ်မှာ ဂျပန်နိုင်ငံက Eiichiro Ueyama ဆိုသူက စတင်တီထွင်ခဲ့ပါတယ်။ ဓါတုဗေဒနည်းပညာတွေဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ ခြင်ဆေးခွေမှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်း ဓါတုပစ္စည်းတွေ အများကြီးပါဝင်လာပါတယ်။ သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ခြင်ဆေးခွေအချို့မှာ အပြင်းထန်ဆုံး ဓါတုပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး S-2၊ ဖော်မယ်ဒီဟိုက်၊ ဘန်ဇင်း၊ မီဖာလူသရင်းစတဲ့ ဓါတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ပြောထားပါတယ်။

ဘန်ဇင်းဓါတုပစ္စည်းဟာ ကာစီနိုဂျင်(ကင်ဆာဖြစ်စေမှုကိုအားပေးတဲ့ပစ္စည်း) ဖြစ်ပြီး အာရုံကြောမှစကာ ရိုးတွင်းချဉ်ဆီထိပါ အဆိပ်သင့်နိုင်ပါတယ်။ ခြင်ဆေးခွေတခွေက ထွက်လာတဲ့အဆိပ်ငွေ့ဟာ ဆေးလိပ်အလိပ်၁၀၀ကျော်မှထွက်တဲ့အဆိပ်ငွေ့နဲ့ညီတယ်လို့လည်း တချို့သုတေသနပညာရှင်တွေက ပြောကြပါတယ်။

ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ လေပြွန်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါနဲ့ အဆုတ်ကင်ဆာအထိပါ ဖြစ်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့် ခြင်ဆေးခွေကို အသုံးပြုမယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်လေးတွေ ၊မွေးကင်းစကလေးတွေ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည်တွေရှိတဲ့ အိမ်တွေမှာ ခြင်ဆေးခွေကို လုံးဝမသုံးသင့်ပါဘူး။ အလုံပိတ်ခန်း၊ လေဝင်လေထွက်နည်းတဲ့ နေရာတွေမှာဆိုရင်လည်း ခြင်ဆေးခွေမထွန်းသင့်ပါ။ အခုနောက်ပိုင်းမှာ ခြင်မကိုက်အောင် လိမ်းဆေး၊ ဖြန်းဆေးတွေလည်း များစွာပေါ်ထွက်လာပြီဖြစ်လို့ ကလေးရောလူကြီးပါ လိမ်းနိုင်သုံးနိုင်မယ့် အရည်သွေးကောင်းတဲ့ လိမ်းဆေး၊ ဖြန်းဆေးတွေကို ရွေးချယ်အသုံးပြုရင်း ခြင်ဆေးခွေ အသုံးပြုမှုကို လျော့ချနိုင်ပါတယ်။

Credit-Health Products Directory

ပျားရည်နှင့်မတည့်သော အစားအစာများ

(Zawgyi)

ပ်ားရည္ႏွင့္မတည့္ေသာ အစားအစာမ်ား

ပ်ားရည္ဟာ ေဆးဖက္၀င္ပစၥည္း တစ္မ်ိဳးဆိုတာကေတာ့ မွန္ပါတယ္။ သုံးတတ္ရင္ ေဆးဖက္၀င္ေပမယ့္ သူနဲ႔ မတည့္သည့္အရာေတြကလည္း အနည္းငယ္ ရွိေနပါတယ္။ အဲဒါေတြနဲ႔ တြဲစားမိရင္ အခန္႔မသင့္ရင္ ေအာ့အန္တာ၊ ေခါင္းမူးတာေတြကို ျဖစ္ေစတတ္ပါတယ္။

သတိထားႏိုင္ၾကေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လက္ဖက္

(၂) အုန္းႏို႔

(၃) ၾသဇာသီး

(၄) ပိႏၷဲသီး

(၅) ဥသွ်စ္သီး

(၆) မယ္ဇလီ႐ြက္

(၇) တမာ႐ြက္

(၈) ဆူးပန္း႐ြက္

(၉) ပိတ္ခ်င္း႐ြက္

(၁၀) ၾကာေစ့

အရာရာတိုင္းမွာ သတိေလးကိုေဆာင္ၿပီး အႏၲရာယ္မ်ားကို ေရွာင္ႏိုင္ၾကပါေစ။

Credit-Original Uploader

(Unicode)

ပျားရည်နှင့်မတည့်သော အစားအစာများ

ပျားရည်ဟာ ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးဆိုတာကတော့ မှန်ပါတယ်။ သုံးတတ်ရင် ဆေးဖက်ဝင်ပေမယ့် သူနဲ့ မတည့်သည့်အရာတွေကလည်း အနည်းငယ် ရှိနေပါတယ်။

အဲဒါတွေနဲ့ တွဲစားမိရင် အခန့်မသင့်ရင် အော့အန်တာ၊ ခေါင်းမူးတာတွေကို ဖြစ်စေတတ်ပါတယ်။

သတိထားနိုင်ကြစေရန် ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်ဖက်

(၂) အုန်းနို့

(၃) သြဇာသီး

(၄) ပိန္နဲသီး

(၅) ဥသျှစ်သီး

(၆) မယ်ဇလီရွက်

(၇) တမာရွက်

(၈) ဆူးပန်းရွက်

(၉) ပိတ်ချင်းရွက်

(၁၀) ကြာစေ့

အရာရာတိုင်းမှာ သတိလေးကိုဆောင်ပြီး အန္တရာယ်များကို ရှောင်နိုင်ကြပါစေ။

Credit-Original Uploader

နှင်းဆီနီအရွက် လျှို့ဝှက်ချက်၊ ဝဲနှင်းခူအစိုနှင့် ပွေးအတွက်။ ႏွင္းဆီနီအ႐ြက္ လွ်ိဳ႕ဝွက္ခ်က္၊ ဝဲႏွင္းခူအစိုႏွင့္ ေပြးအတြက္။

(Zawgyi)

ႏွင္းဆီနီအ႐ြက္ လွ်ိဳ႕ဝွက္ခ်က္၊ ဝဲႏွင္းခူအစိုႏွင့္ ေပြးအတြက္

ႏွင္းဆီနီအ႐ြက္ လွ်ိဳ႕ဝွက္ခ်က္

ဝဲႏွင္းခူအစိုႏွင့္ ေပြးအတြက္ ေဆးနည္းစုံၿပီး မေပ်ာက္ကင္းလွ်င္ စမ္းၾကည့္ပါ။

ႏွင္းဆီအႏွီအ႐ြက္ကို ေနလွန္းပါ။ တျခာႏွင္းဆီထက္ ႏွင္းဆီအနီက ပိုစြမ္းသည္။

-ေနလွန္း၍ ေျခာက္ေသြ႕လွ်င္ ျပာခ်ပါ။

-ထိုျပာအား အုန္းခြံအဆီႏွင့္ေဖ်ာ္ပါ။ (အုန္းသီးအခြံကို မီးရႈိ႕၍ ထြက္လာသည့္အဆီ)

-ထိုသို႔ေဖ်ာ္ၿပီးလွ်င္ အနာကိုလိမ္းေပးပါ။ အလွ်င္အျမန္ ေပ်ာက္ေစသည့္ ေဆးစြမ္းပါ။

နကၡတၱေရာင္ျခည္

ျမန္မာ့ေဆးစြမ္းႏွင့္ အိမ္တြင္းေဆးၿမီးတိုမ်ား

Credit-Sai Min Thant

(Unicode)

နှင်းဆီနီအရွက် လျှို့ဝှက်ချက်၊ ဝဲနှင်းခူအစိုနှင့် ပွေးအတွက်

နှင်းဆီနီအရွက် လျှို့ဝှက်ချက်

ဝဲနှင်းခူအစိုနှင့် ပွေးအတွက် ဆေးနည်းစုံပြီး မပျောက်ကင်းလျှင် စမ်းကြည့်ပါ။

နှင်းဆီအနှီအရွက်ကို နေလှန်းပါ။ တခြာနှင်းဆီထက် နှင်းဆီအနီက ပိုစွမ်းသည်။

-နေလှန်း၍ ခြောက်သွေ့လျှင် ပြာချပါ။

-ထိုပြာအား အုန်းခွံအဆီနှင့်ဖျော်ပါ။ (အုန်းသီးအခွံကို မီးရှို့၍ ထွက်လာသည့်အဆီ)

-ထိုသို့ဖျော်ပြီးလျှင် အနာကိုလိမ်းပေးပါ။ အလျှင်အမြန် ပျောက်စေသည့် ဆေးစွမ်းပါ။

နက္ခတ္တရောင်ခြည်

မြန်မာ့ဆေးစွမ်းနှင့် အိမ်တွင်းဆေးမြီးတိုများ

Credit-Sai Min Thant

နှင်းဆီနီအရွက် လျှို့ဝှက်ချက်၊ ဝဲနှင်းခူအစိုနှင့် ပွေးအတွက်

နှင်းဆီနီအရွက် လျှို့ဝှက်ချက်

ဝဲနှင်းခူအစိုနှင့် ပွေးအတွက် ဆေးနည်းစုံပြီး မပျောက်ကင်းလျှင် စမ်းကြည့်ပါ။

နှင်းဆီအနှီအရွက်ကို နေလှန်းပါ။ တခြာနှင်းဆီထက် နှင်းဆီအနီက ပိုစွမ်းသည်။

-နေလှန်း၍ ခြောက်သွေ့လျှင် ပြာချပါ။

-ထိုပြာအား အုန်းခွံအဆီနှင့်ဖျော်ပါ။ (အုန်းသီးအခွံကို မီးရှို့၍ ထွက်လာသည့်အဆီ)

-ထိုသို့ဖျော်ပြီးလျှင် အနာကိုလိမ်းပေးပါ။ အလျှင်အမြန် ပျောက်စေသည့် ဆေးစွမ်းပါ။

နက္ခတ္တရောင်ခြည်

မြန်မာ့ဆေးစွမ်းနှင့် အိမ်တွင်းဆေးမြီးတိုများ

Credit-Sai Min Thant