Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Category: က်န္းမာေရးဗဟုသုတ

တရားထိုင်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်

(Zawgyi)

တရားထိုင္ျခင္းျဖင့္ ႏွလုံးေရာဂါကို ကာကြယ္ႏိုင္

အေမရိကန္ ႏွလုံးအဖြဲ႕အစည္းကေန ပထမဦးဆုံး အႀကိမ္အျဖစ္ တရားထိုင္ျခင္း (Meditation) ျပဳလုပ္ျခင္း ေၾကာင့္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ားကို မၾကာေသး မီက တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။

ထိုအဖြဲ႕အစည္း၏ ေဆးပညာကြၽမ္းက်င္ပညာရွင္မ်ားက တရားထိုင္ျခင္းနည္း လမ္း အမ်ိဳးမ်ိဳးႏွင့္ ယင္းတို႔၏ ႏွလုံးက်န္းမာေရးအေပၚ သက္ေရာက္မႈ၊ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားသာမက စိတ္ဖိစီးမႈေၾကာင့္ ႏွလုံးတိုက္ခိုက္ခံရႏိုင္ေျခတို႔အေၾကာင္း ေလ့လာထားတဲ့ သုေတသနမ်ား၏ ေတြ႕ရွိခ်က္ရလဒ္မ်ား ကို ျပန္လည္သုံးသပ္ခဲ့ၾကပါတယ္။

ထိုသုေတသနမ်ားအရ တရားထိုင္ျခင္း၏ ႏွလုံးက်န္းမာေရးအေပၚ အက်ိဳး ေက်းဇူးမ်ား အတိအက်ကို မေျပာဆိုႏိုင္ေသာ္လည္း ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းကဲ့သို႔ ႏွလုံးက်န္းမာေရး ျပႆနာမ်ားအတြက္ ကုထုံးမ်ားထဲမွ တစ္ခု အျဖစ္ ထည့္သြင္းစဥ္းစားႏိုင္ေၾကာင္း သိရပါ တယ္။ ႏွလုံးက်န္းမာေရးထိန္းသိမ္းဖို႔ နည္းဗ်ဴဟာ မ်ားထဲတြင္တရားထိုင္ျခင္းကိုထည့္သြင္းႏိုင္တယ္ လို႔ ပညာရွင္မ်ားက ဆိုပါတယ္။

ဆက္လက္ၿပီး သုေတသနေလ့လာမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေန ေသာ္လည္း သိရွိထားၿပီးတဲ့ အခ်က္အလက္မ်ား ဟာ တရားထိုင္ျခင္းေၾကာင့္ ႏွလုံးက်န္းမာေရး အက်ိဳးေက်းဇူးရေစေၾကာင္း အေထာက္အထား ခိုင္လုံမႈရွိေစတယ္လို႔ ပညာရွင္မ်ားက သေဘာတူထားခဲ့ၾကပါတယ္။

Credit-Original Uploader

(Unicode)

တရားထိုင်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်

အမေရိကန် နှလုံးအဖွဲ့အစည်းကနေ ပထမဦးဆုံး အကြိမ်အဖြစ် တရားထိုင်ခြင်း (Meditation) ပြုလုပ်ခြင်း ကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို မကြာသေး မီက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ထိုအဖွဲ့အစည်း၏ ဆေးပညာကျွမ်းကျင်ပညာရှင်များက တရားထိုင်ခြင်းနည်း လမ်း အမျိုးမျိုးနှင့် ယင်းတို့၏ နှလုံးကျန်းမာရေးအပေါ် သက်ရောက်မှု၊ ကျန်းမာရေး အကျိုးကျေးဇူးများသာမက စိတ်ဖိစီးမှုကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ခြေတို့အကြောင်း လေ့လာထားတဲ့ သုတေသနများ၏ တွေ့ရှိချက်ရလဒ်များ ကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။

ထိုသုတေသနများအရ တရားထိုင်ခြင်း၏ နှလုံးကျန်းမာရေးအပေါ် အကျိုး ကျေးဇူးများ အတိအကျကို မပြောဆိုနိုင်သော်လည်း ကိုယ်အလေးချိန်လျှော့ချခြင်းကဲ့သို့ နှလုံးကျန်းမာရေး ပြဿနာများအတွက် ကုထုံးများထဲမှ တစ်ခု အဖြစ် ထည့်သွင်းစဉ်းစားနိုင်ကြောင်း သိရပါ တယ်။ နှလုံးကျန်းမာရေးထိန်းသိမ်းဖို့ နည်းဗျူဟာ များထဲတွင်တရားထိုင်ခြင်းကိုထည့်သွင်းနိုင်တယ် လို့ ပညာရှင်များက ဆိုပါတယ်။

ဆက်လက်ပြီး သုတေသနလေ့လာမှုများ ပြုလုပ်ရန် လိုအပ်နေ သော်လည်း သိရှိထားပြီးတဲ့ အချက်အလက်များ ဟာ တရားထိုင်ခြင်းကြောင့် နှလုံးကျန်းမာရေး အကျိုးကျေးဇူးရစေကြောင်း အထောက်အထား ခိုင်လုံမှုရှိစေတယ်လို့ ပညာရှင်များက သဘောတူ ထားခဲ့ကြပါတယ်။

Credit-Original Uploader

အဆစ်အမြစ် နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ကြစို့

(Zawgyi)

အဆစ္အျမစ္ နာက်င္ကိုက္ခဲတာေတြ သက္သာေစဖို႔ ေရထဲမွာ ေလ့က်င့္ခန္းလုပ္ၾကစို႔

==================================

ေရထဲမွာအားကစားျပဳလုပ္တာဟာ သန္မာမႈ၊ ႏွလုံးက်န္းမာေရး၊ ခႏၶာကိုယ္ေပ်ာ့ေျပာင္းမႈ၊ အ႐ိုးအေၾကာျပန္လည္သန္စြမ္းေရး အစရွိတာေတြကို အမ်ားႀကီး အေထာက္အကူျပဳတဲ့ အျပင္ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းတဲ့ေနရာမွာပါ တစ္ဖက္တစ္လမ္းက အက်ိဳးျပဳႏိုင္ ပါတယ္။

အဆစ္အျမစ္ နာက်င္ကိုက္ခဲတာေတြ သက္သာေစဖို႔ ေရထဲမွာ ေလ့က်င့္ခန္းလုပ္ၾကစို႔

ယေန႔ေခတ္က်န္းမာေရးလိုက္စားတဲ့လူေတြအေနနဲ႔ ေရထဲမွာအားကစားလုပ္ျခင္းရဲ႕ အက်ိဴးေက်းဇူးေတြကို ပိုၿပီးသိရွိလာၾကပါၿပီ။

ပုံမွန္အားကစားလုပ္တာလိုပဲ ေရထဲမွာအားကစားျပဳလုပ္တာဟာ သန္မာမႈ၊ ႏွလုံးက်န္းမာေရး၊ ခႏၶာကိုယ္ေပ်ာ့ေျပာင္းမႈ၊ အ႐ိုးအေၾကာျပန္လည္သန္စြမ္းေရး အစရွိတာေတြကို အမ်ားႀကီး အေထာက္အကူျပဳတဲ့ အျပင္ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းတဲ့ေနရာမွာပါ တစ္ဖက္တစ္လမ္းက အက်ိဳးျပဳႏိုင္ပါတယ္။

ေရထဲမွာ ေလ့က်င့္ခန္း လုပ္တဲ့အခါ တြဲလုပ္စရာ ပစၥည္းေတြ ေ႐ြးခ်ယ္စရာ အလြန္မ်ားျပားလာတာေၾကာင့္ အားကစားပစၥည္းထုတ္လုပ္သူေတြအေနနဲ႔ ေရကန္ထဲမွာ သုံးလို႔ရမဲ့ အေလးျပားေတြ၊ ရာဘာတုတ္ေတြအျပင္ ေရကန္ထဲစီးလို႔ရတဲ့စက္ဘီးေတြ၊ အေျပးေလ့က်င့္စက္ေတြ အထိပါထုတ္လုပ္လာၾကပါတယ္။

ဘယ္သူေတြအတြက္ အက်ိဳးရွိေစသလဲ

ဒဏ္ရာရ အားကစားသမားေတြ ျပန္လည္သန္စြမ္းေရးလုပ္ဖို႔အတြက္ ဒီေလ့က်င့္ခန္းေတြကို အသုံးျပဳႏိုင္သလို အဆစ္အျမစ္နာက်င္တဲ့ေဝဒနာရွိၿပီး ကုန္းေပၚမွာ အားကစားလုပ္ဖို႔ အဆင္မေျပတဲ့သူေတြအေနနဲ႔လည္း နာက်င္မႈကို သက္သာေအာင္ ျပဳလုပ္ႏိုင္တယ္လို႔ သိရပါတယ္။

အသက္အ႐ြယ္ႀကီးတာ၊ ငယ္တာ၊ ၀တာ၊ ပိန္တာေတြက ေရထဲေရာက္ရင္ ျပႆနာမဟုတ္ေတာ့ပါဘူး။

ကေလးေတြလည္း ေဆာ့ကစားႏိုင္သလို ဘီးတပ္ ကုလားထိုင္နဲ႔ေနရတဲ့ လူႀကီးေတြဆိုလည္း ေရရဲ႕ေဖာ့အား၊ ေရေပၚေပၚေစတဲ့ခါးပတ္ေတြ သုံးၿပီး အဆစ္အျမစ္ နာက်င္မႈကို ေလ်ာ့ခ်ဖို႔ အားကစား လုပ္ႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္ေတြလုပ္ရင္လည္း စိတ္ဖိစီးမႈကို အတိုင္းအတာတစ္ခုထိ ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

ေရမကူးတတ္လည္း ကိစၥ မရွိပါဘူး။ ေရထဲမွာ လုပ္ရတဲ့ ေလ့က်င့္ခန္းအမ်ားစုက မတ္တတ္ရပ္ အေနအထားနဲ႔ ျပဳလုပ္ရတာျဖစ္လို႔ပါ။

ပုံမွန္ကုန္းေပၚမွာလုပ္ရင္ နာက်င္ႏိုင္တဲ့ အဆစ္အျမစ္ေတြဟာ ေရထဲမွာဆိုရင္ ေရရဲ႕ေဖာ့ဂုဏ္ေၾကာင့္ နာက်င္မႈကို ေလ်ာ့သြားေစပါတယ္။

ဘာေတြ သိထားသင့္လဲ

တကယ္လို႔ ေရထဲမွာ ခါးအထိနစ္ေအာင္ေနမယ္ဆိုရင္ ကိုယ္အေလးခ်ိန္ရဲ႕ တစ္၀က္ကိုပဲ ထိန္းထားရမွာျဖစ္ၿပီး ရင္ဘတ္အထိ ေရာက္လာမယ္ဆို ၂၅-၃၅ ရာခိုင္ႏႈန္းပဲ ထိန္းထားစရာလိုပါတယ္။

ဒါ့အျပင္ ကိုယ္အေလးခ်ိန္ေပါ့လာတာနဲ႔အမွ် ႏွလုံးဆီ ေသြးစီးဆင္းမႈကို ပိုအားေကာင္းလာေစပါတယ္။

ေရထဲ ေလ့က်င့္ခန္းလုပ္တာက အဆစ္အျမစ္နာတာကိုသက္သာေစသလို ေရထဲမွာ ေျပးတာ၊ ေယာဂက်င့္သလိုေလ့က်င့္ခန္းေတြကလည္း အက်ိဳးရွိေစပါတယ္။

ဒါေၾကာင့္ ကြၽမ္းက်င္သူေတြက ေရထဲမွာ အားကစားလုပ္မယ္ဆိုရင္ ဖိနပ္စီးခိုင္းတာ ျဖစ္ပါတယ္။

စစခ်င္းဆို ဘယ္ဖိနပ္ပ ဲစီးစီး သိပ္မသိသာေပမဲ့ အခ်ိန္ၾကာတာနဲ႔အမွ် ကိုယ္အသားက်လာၿပီဆိုရင္ ပိုေကာင္းတဲ့ အားကစားဖိနပ္မ်ိဳးကို ၀တ္သင့္ပါတယ္။

ေရက သင့္ခႏၶာကိုယ္ အေလးခ်ိန္ကို ထိန္းေပးႏိုင္ပါတယ္။

ႂကြက္သားနာက်င္မႈေတြ မျဖစ္ေအာင္ ေရထဲမွာ ေလ့က်င့္ခန္းမလုပ္ခင္ ကုန္းေပၚမွာလိုပဲ အေၾကာေလ်ာ့ ေလ့က်င့္ခန္း လုပ္သင့္ပါတယ္။

ကုန္းေပၚမွာ ေလ့က်င့္ခန္းလုပ္သလို ေရထဲမွာလည္း လႈပ္ရွားမႈေၾကာင့္ ေခြၽးထြက္မွာပါ၊ ဒါေၾကာင့္ ေရဓာတ္ပုံမွန္ ျပန္ျဖည့္ေပးဖို႔ လိုအပ္ပါတယ္။

ေရထဲမွာအားကစားလုပ္ရင္ ဝိတ္က်မွာလား

ေရထဲမွာေလ့က်င့္ခန္းလုပ္တာက ကိုယ္အေလးခ်ိန္ ထိန္းညိမႈ အေပၚကိုေတာ့ သက္ေရာက္မႈေတြရွိေနပါတယ္။

ေရပိုနက္လာေလေလ ကယ္လိုရီ ေလာင္ကြၽမ္းမႈ ပိုမ်ားေလပါပဲ။

ဘယ္လို ေလ့က်င့္ခန္းေတြလုပ္မလဲ

အသုံးမ်ားတဲ့ ေရထဲမွာလုပ္လို႔ရတဲ့ေလ့က်င့္ခန္းေတြကို ေဖာ္ျပလိုက္ပါတယ္

ေအ႐ိုးဗစ္

ေရထဲမွာ ေအ႐ိုးဗစ္ ေလ့က်င့္ခန္းလုပ္ျခင္းက ကုန္းေပၚမွာလိုပဲ ကတာ၊ လမ္းေလွ်ာက္တာ၊ ေျပးတာ၊ ခုန္တာ၊ကန္တာေတြ ပါ၀င္ပါတယ္။ ေလ့က်င့္ခန္း စလုပ္လုပ္ျခင္းဆို ေရတိမ္ထဲမွာ လမ္းျဖည္းျဖည္း ေလွ်ာက္တာမ်ိဳး စလုပ္ပါ။ ေနာက္ပိုင္းဆို ပိုနက္တဲ့ ေရထဲဆင္းၿပီး လႈပ္ရွားမႈေတြလည္း ပိုလုပ္ေပးပါ။ ေလ့က်င့္ခန္းမစခင္ ေသြးပူေလ့က်င့္ခန္း ငါးမိနစ္ခန္႔လုပ္ဖို႔ မေမ့ပါနဲ႔။

ေရထဲမွာ ေလ့က်င့္ခန္းလုပ္ျခင္း

ေရနက္ထဲမွာ ေလ့က်င့္ခန္းလုပ္တာက အ႐ိုးအေၾကာျပန္လည္ သန္စြမ္းေရးကုသမႈမွာ သုံးလာတာၾကာခဲ့ပါၿပီ။ ဒါေပမဲ့ ဒီေလ့က်င့္ခန္းကို အားကစားသမားေတြလည္း စိတ္ခ်လက္ခ် အသုံးျပဳႏိုင္ပါတယ္။ ဆိုင္းထိန္းခါးပတ္ေတြ သုံးၿပီး ႐ြ႐ြေလးေျပးတာျဖစ္ျဖစ္၊ ႐ိုး႐ိုးေျပးတာျဖစ္ျဖစ္၊ ထိုင္ထေလ့က်င့္ခန္းျဖစ္ျဖစ္ လုပ္ႏိုင္ပါတယ္။

အႀကိမ္ေရ တိုးၿပီး ေရကူးပါ

လူအမ်ားစုက ေရကူးတာကို ပ်င္းစရာလို႔ထင္ၾကတယ္။ ဒါေပမဲ့ ပိုၿပီးထူးျခားသြားေအာင္ ပုံစံေျပာင္းကူးတာ၊ ဒိုင္ဗင္ထိုးတာ စတာေတြလုပ္ၾကည့္လိုရပါတယ္။ ထုံးစံအတိုင္း ေလ့က်င့္ခန္း မလုပ္ခင္ ေသြးပူေလ့က်င့္ခန္း လုပ္တဲ့အေနနဲ႔ ေပါ့ေပါ့ပါးပါး ေရကူးေပးပါ။

စည္းခ်က္ညီညီလႈပ္ရွားပါ

ကိုယ္ေလ့က်င့္ေနက် ေယာဂ၊ ထိုက္ခ်ီ စတဲ့ေလ့က်င့္ခန္းေတြကို ေရထဲမွာလည္း လုပ္လို႔ရပါတယ္။ ဒီေလ့က်င့္ခန္းေတြက ခႏၶာကိုယ္သာမက စိတ္ကိုပါလန္းဆန္းေစၿပီး အက်ိဳးအျမတ္ အမ်ားႀကီး ရွိပါတယ္။ စိတ္ကိုေပါ့ပါးေစၿပီး အဆစ္အျမစ္ နာက်င္မႈေတြကို သက္သာေစတာေၾကာင့္ ကိုယ္၀န္ေဆာင္မိခင္ေတြ လုပ္ရင္ေတာင္ အက်ိဳးထူးပါတယ္။

ေရထဲမွာအားကစားလုပ္မယ္

ဒဏ္ရာရထားတဲ့ အားကစားသမားေတြ၊ အျပင္မွာ ရာသီဥတုမေကာင္းတဲ့အခါမ်ိဳးေတြ ဆိုရင္လည္း ေရထဲမွာ ကိုယ့္သက္ဆိုင္ရာ အားကစားကို ေလ့က်င့္ႏိုင္ပါတယ္။ ေဂါက္သီး႐ိုက္သမားေတြ၊ တင္းနစ္သမားေတြ၊ ေဘ့စ္ေဘာသမားေတြ ဆိုရင္ သူတို႔အျပင္မွာ ကစားတဲ့ပုံစံအတိုင္းေရထဲမွာ ရင္ဘတ္ေလာက္နစ္တဲ့ေရထဲမွာရပ္ၿပီး ကစားတာ ေလ့က်င့္ႏိုင္ပါတယ္။

ၫႊန္ၾကားခ်က္အတိုင္းေဆာ့မယ္

လြန္ခဲ့တဲ့ ၂၅ ႏွစ္ေလာက္ကအထိ ေရထဲမွာအားကစားလုပ္တယ္ဆိုတာ အဆစ္အျမစ္နာေနတဲ့သူေတြအတြက္ပဲဆိုၿပီး သိထားခဲ့ၾကတယ္။ လူအမ်ားစု မသိေသးတာက တျခား က်န္းမာေရးကိစၥေတြအတြက္လည္း ဒီေလ့က်င့္ခန္းက အက်ိဳးရွိေစတယ္ဆိုတာပါပဲ။ ဥပမာ နာတာရွည္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပႆနာရွိသူေတြ၊ အ၀လြန္သူေတြ၊ ကိုယ္၀န္ေဆာင္ေတြ၊ ေက်ာနာသူေတြ အစရွိသူေတြမွာလည္း အသုံးျပဳႏိုင္ပါတယ္။ ေလ့က်င့္ခန္းစမလုပ္ခင္ သက္ဆိုင္ရာဆရာ၀န္နဲ႔ ေသခ်ာေဆြးေႏြးတိုင္ပင္ဖို႔ေတာ့လိုအပ္ပါတယ္။

အခုေခတ္မွာေတာ့ အားကစားခန္းမအမ်ားစုကလည္း ေရထဲမွာေလ့က်င့္ခန္းလုပ္ဖို႔ အစီအစဥ္သစ္ေတြထည့္လာၾကပါတယ္။ ေရထဲမွာေလ့က်င့္ခန္းလုပ္ဖို႔ ဒီလို အားကစား ခန္းမေတြဆီသြားမွ လုပ္လို႔့ရမယ္မဟုတ္ပါဘူး။ ကိုယ့္ဖာသာ စာအုပ္ေတြ၊ ဗီဒီယိုေတြက တစ္ဆင့္သင္ယူၿပီး ေလ့က်င့္ႏိုင္ေနပါၿပီ။

က်န္းမာႀကံခိုင္လွပတဲ့ ခႏၶာကိုယ္ေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ။

စာေရးသူ- ေဒါက္တာထူးတင့္ကိုကို

(Unicode)

အဆစ်အမြစ် နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ကြစို့

==================================

ရေထဲမှာအားကစားပြုလုပ်တာဟာ သန်မာမှု၊ နှလုံးကျန်းမာရေး၊ ခန္ဓာကိုယ်ပျော့ပြောင်းမှု၊ အရိုးအကြောပြန်လည်သန်စွမ်းရေး အစရှိတာတွေကို အများကြီး အထောက်အကူပြုတဲ့ အပြင် ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့နေရာမှာပါ တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင် ပါတယ်။

အဆစ်အမြစ် နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ကြစို့

ယနေ့ခေတ်ကျန်းမာရေးလိုက်စားတဲ့လူတွေအနေနဲ့ ရေထဲမှာအားကစားလုပ်ခြင်းရဲ့ အကျိူးကျေးဇူးတွေကို ပိုပြီးသိရှိလာကြပါပြီ။

ပုံမှန်အားကစားလုပ်တာလိုပဲ ရေထဲမှာအားကစားပြုလုပ်တာဟာ သန်မာမှု၊ နှလုံးကျန်းမာရေး၊ ခန္ဓာကိုယ်ပျော့ပြောင်းမှု၊ အရိုးအကြောပြန်လည်သန်စွမ်းရေး အစရှိတာတွေကို အများကြီး အထောက်အကူပြုတဲ့ အပြင် ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့နေရာမှာပါ တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်ပါတယ်။

ရေထဲမှာ လေ့ကျင့်ခန်း လုပ်တဲ့အခါ တွဲလုပ်စရာ ပစ္စည်းတွေ ရွေးချယ်စရာ အလွန်များပြားလာတာကြောင့် အားကစားပစ္စည်းထုတ်လုပ်သူတွေအနေနဲ့ ရေကန်ထဲမှာ သုံးလို့ရမဲ့ အလေးပြားတွေ၊ ရာဘာတုတ်တွေအပြင် ရေကန်ထဲစီးလို့ရတဲ့စက်ဘီးတွေ၊ အပြေးလေ့ကျင့်စက်တွေ အထိပါထုတ်လုပ်လာကြပါတယ်။

ဘယ်သူတွေအတွက် အကျိုးရှိစေသလဲ

ဒဏ်ရာရ အားကစားသမားတွေ ပြန်လည်သန်စွမ်းရေးလုပ်ဖို့အတွက် ဒီလေ့ကျင့်ခန်းတွေကို အသုံးပြုနိုင်သလို အဆစ်အမြစ်နာကျင်တဲ့ဝေဒနာရှိပြီး ကုန်းပေါ်မှာ အားကစားလုပ်ဖို့ အဆင်မပြေတဲ့သူတွေအနေနဲ့လည်း နာကျင်မှုကို သက်သာအောင် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

အသက်အရွယ်ကြီးတာ၊ ငယ်တာ၊ ဝတာ၊ ပိန်တာတွေက ရေထဲရောက်ရင် ပြဿနာမဟုတ်တော့ပါဘူး။

ကလေးတွေလည်း ဆော့ကစားနိုင်သလို ဘီးတပ် ကုလားထိုင်နဲ့နေရတဲ့ လူကြီးတွေဆိုလည်း ရေရဲ့ဖော့အား၊ ရေပေါ်ပေါ်စေတဲ့ခါးပတ်တွေ သုံးပြီး အဆစ်အမြစ် နာကျင်မှုကို လျော့ချဖို့ အားကစား လုပ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေလုပ်ရင်လည်း စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုထိ လျော့ချပေးနိုင်ပါတယ်။

ရေမကူးတတ်လည်း ကိစ္စ မရှိပါဘူး။ ရေထဲမှာ လုပ်ရတဲ့ လေ့ကျင့်ခန်းအများစုက မတ်တတ်ရပ် အနေအထားနဲ့ ပြုလုပ်ရတာဖြစ်လို့ပါ။

ပုံမှန်ကုန်းပေါ်မှာလုပ်ရင် နာကျင်နိုင်တဲ့ အဆစ်အမြစ်တွေဟာ ရေထဲမှာဆိုရင် ရေရဲ့ဖော့ဂုဏ်ကြောင့် နာကျင်မှုကို လျော့သွားစေပါတယ်။

ဘာတွေ သိထားသင့်လဲ

တကယ်လို့ ရေထဲမှာ ခါးအထိနစ်အောင်နေမယ်ဆိုရင် ကိုယ်အလေးချိန်ရဲ့ တစ်ဝက်ကိုပဲ ထိန်းထားရမှာဖြစ်ပြီး ရင်ဘတ်အထိ ရောက်လာမယ်ဆို ၂၅-၃၅ ရာခိုင်နှုန်းပဲ ထိန်းထားစရာလိုပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန်ပေါ့လာတာနဲ့အမျှ နှလုံးဆီ သွေးစီးဆင်းမှုကို ပိုအားကောင်းလာစေပါတယ်။

ရေထဲ လေ့ကျင့်ခန်းလုပ်တာက အဆစ်အမြစ်နာတာကိုသက်သာစေသလို ရေထဲမှာ ပြေးတာ၊ ယောဂကျင့်သလိုလေ့ကျင့်ခန်းတွေကလည်း အကျိုးရှိစေပါတယ်။

ဒါကြောင့် ကျွမ်းကျင်သူတွေက ရေထဲမှာ အားကစားလုပ်မယ်ဆိုရင် ဖိနပ်စီးခိုင်းတာ ဖြစ်ပါတယ်။

စစချင်းဆို ဘယ်ဖိနပ်ပ ဲစီးစီး သိပ်မသိသာပေမဲ့ အချိန်ကြာတာနဲ့အမျှ ကိုယ်အသားကျလာပြီဆိုရင် ပိုကောင်းတဲ့ အားကစားဖိနပ်မျိုးကို ဝတ်သင့်ပါတယ်။

ရေက သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။

ကြွက်သားနာကျင်မှုတွေ မဖြစ်အောင် ရေထဲမှာ လေ့ကျင့်ခန်းမလုပ်ခင် ကုန်းပေါ်မှာလိုပဲ အကြောလျော့ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

ကုန်းပေါ်မှာ လေ့ကျင့်ခန်းလုပ်သလို ရေထဲမှာလည်း လှုပ်ရှားမှုကြောင့် ချွေးထွက်မှာပါ၊ ဒါကြောင့် ရေဓာတ်ပုံမှန် ပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။

ရေထဲမှာအားကစားလုပ်ရင် ဝိတ်ကျမှာလား

ရေထဲမှာလေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန် ထိန်းညိမှု အပေါ်ကိုတော့ သက်ရောက်မှုတွေရှိနေပါတယ်။

ရေပိုနက်လာလေလေ ကယ်လိုရီ လောင်ကျွမ်းမှု ပိုများလေပါပဲ။

ဘယ်လို လေ့ကျင့်ခန်းတွေလုပ်မလဲ

အသုံးများတဲ့ ရေထဲမှာလုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်

အေရိုးဗစ်

ရေထဲမှာ အေရိုးဗစ် လေ့ကျင့်ခန်းလုပ်ခြင်းက ကုန်းပေါ်မှာလိုပဲ ကတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ ခုန်တာ၊ကန်တာတွေ ပါဝင်ပါတယ်။ လေ့ကျင့်ခန်း စလုပ်လုပ်ခြင်းဆို ရေတိမ်ထဲမှာ လမ်းဖြည်းဖြည်း လျှောက်တာမျိုး စလုပ်ပါ။ နောက်ပိုင်းဆို ပိုနက်တဲ့ ရေထဲဆင်းပြီး လှုပ်ရှားမှုတွေလည်း ပိုလုပ်ပေးပါ။ လေ့ကျင့်ခန်းမစခင် သွေးပူလေ့ကျင့်ခန်း ငါးမိနစ်ခန့်လုပ်ဖို့ မမေ့ပါနဲ့။

ရေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်း

ရေနက်ထဲမှာ လေ့ကျင့်ခန်းလုပ်တာက အရိုးအကြောပြန်လည် သန်စွမ်းရေးကုသမှုမှာ သုံးလာတာကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလေ့ကျင့်ခန်းကို အားကစားသမားတွေလည်း စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ ဆိုင်းထိန်းခါးပတ်တွေ သုံးပြီး ရွရွလေးပြေးတာဖြစ်ဖြစ်၊ ရိုးရိုးပြေးတာဖြစ်ဖြစ်၊ ထိုင်ထလေ့ကျင့်ခန်းဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

အကြိမ်ရေ တိုးပြီး ရေကူးပါ

လူအများစုက ရေကူးတာကို ပျင်းစရာလို့ထင်ကြတယ်။ ဒါပေမဲ့ ပိုပြီးထူးခြားသွားအောင် ပုံစံပြောင်းကူးတာ၊ ဒိုင်ဗင်ထိုးတာ စတာတွေလုပ်ကြည့်လိုရပါတယ်။ ထုံးစံအတိုင်း လေ့ကျင့်ခန်း မလုပ်ခင် သွေးပူလေ့ကျင့်ခန်း လုပ်တဲ့အနေနဲ့ ပေါ့ပေါ့ပါးပါး ရေကူးပေးပါ။

စည်းချက်ညီညီလှုပ်ရှားပါ

ကိုယ်လေ့ကျင့်နေကျ ယောဂ၊ ထိုက်ချီ စတဲ့လေ့ကျင့်ခန်းတွေကို ရေထဲမှာလည်း လုပ်လို့ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်သာမက စိတ်ကိုပါလန်းဆန်းစေပြီး အကျိုးအမြတ် အများကြီး ရှိပါတယ်။ စိတ်ကိုပေါ့ပါးစေပြီး အဆစ်အမြစ် နာကျင်မှုတွေကို သက်သာစေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ လုပ်ရင်တောင် အကျိုးထူးပါတယ်။

ရေထဲမှာအားကစားလုပ်မယ်

ဒဏ်ရာရထားတဲ့ အားကစားသမားတွေ၊ အပြင်မှာ ရာသီဥတုမကောင်းတဲ့အခါမျိုးတွေ ဆိုရင်လည်း ရေထဲမှာ ကိုယ့်သက်ဆိုင်ရာ အားကစားကို လေ့ကျင့်နိုင်ပါတယ်။ ဂေါက်သီးရိုက်သမားတွေ၊ တင်းနစ်သမားတွေ၊ ဘေ့စ်ဘောသမားတွေ ဆိုရင် သူတို့အပြင်မှာ ကစားတဲ့ပုံစံအတိုင်းရေထဲမှာ ရင်ဘတ်လောက်နစ်တဲ့ရေထဲမှာရပ်ပြီး ကစားတာ လေ့ကျင့်နိုင်ပါတယ်။

ညွှန်ကြားချက်အတိုင်းဆော့မယ်

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကအထိ ရေထဲမှာအားကစားလုပ်တယ်ဆိုတာ အဆစ်အမြစ်နာနေတဲ့သူတွေအတွက်ပဲဆိုပြီး သိထားခဲ့ကြတယ်။ လူအများစု မသိသေးတာက တခြား ကျန်းမာရေးကိစ္စတွေအတွက်လည်း ဒီလေ့ကျင့်ခန်းက အကျိုးရှိစေတယ်ဆိုတာပါပဲ။ ဥပမာ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေ၊ အဝလွန်သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျောနာသူတွေ အစရှိသူတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ လေ့ကျင့်ခန်းစမလုပ်ခင် သက်ဆိုင်ရာဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့တော့လိုအပ်ပါတယ်။

အခုခေတ်မှာတော့ အားကစားခန်းမအများစုကလည်း ရေထဲမှာလေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ်သစ်တွေထည့်လာကြပါတယ်။ ရေထဲမှာလေ့ကျင့်ခန်းလုပ်ဖို့ ဒီလို အားကစား ခန်းမတွေဆီသွားမှ လုပ်လို့ရမယ်မဟုတ်ပါဘူး။ ကိုယ့်ဖာသာ စာအုပ်တွေ၊ ဗီဒီယိုတွေက တစ်ဆင့်သင်ယူပြီး လေ့ကျင့်နိုင်နေပါပြီ။

ကျန်းမာကြံခိုင်လှပတဲ့ ခန္ဓာကိုယ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။

စာရေးသူ- ဒေါက်တာထူးတင့်ကိုကို

ခြေဖဝါးအသားကြေပြီး နာကျင်ခြင်းအတွက် မြန်မာဆေးနည်း။ ေျခဖဝါးအသားေၾကၿပီး နာက်င္ျခင္းအတြက္ ျမန္မာေဆးနည္း။

(Zawgyi)

ေျခဖဝါးအသားေၾကၿပီး နာက်င္ျခင္းအတြက္

ေျခဖဝါးအသားေၾကၿပီး နာက်င္ျခင္းအတြက္ ကိုယ္ေတြ႕ေဆးနည္းေလးေျပာပါရေစ။

သရက္ပင္ အေခါက္ လက္ငါးလုံးခန႔္ ခုတ္လိုက္ပါ။

အိမ္သုံးဆား ဟင္းခပ္ဇြန္း ႏွစ္ဇြန္းသုံးဇြန္းခန႔္ ဓါးမ (သို႔) သံျပားေပၚတင္ၿပီး မီးဖုတ္ပါ။

ၿပီးရင္ ခုတ္ထားတဲ့ သရက္ေခါက္အတြင္းသားအေပၚ ဆားမီးဖုတ္ အပူတင္ပါ။ ( အပူခ်ိန္ခံႏိုင္သေလာက္ေႏြးေႏြးအေပၚ ) ေျခဖေနာင့္နဲ႔ဖိဖိေပးပါ။

မွတ္ခ်က္ ။ ။ သရက္ေခါက္လတ္ဆတ္ရပါမယ္။ အသားေၾကတဲ့ေရာဂါဆို တရက္တခါေလာက္ နင္းေပးတာနဲ႔ သုံးခါေလာက္ဆို သက္သာေပ်ာက္ကင္းေစပါတယ္။

အမ်ိဳးသမီးမ်ား ေဒါက္ဖိနပ္မစီးပါနဲ႔။

တိုင္းရင္းေဆးဆရာႀကီး ဦးတင္ေထြး ေဆးနည္းေလးပါ။

Credit-Sai Min Thant

(Unicode)

ခြေဖဝါးအသားကြေပြီး နာကျင်ခြင်းအတွက်

ခြေဖဝါးအသားကြေပြီး နာကျင်ခြင်းအတွက် ကိုယ်တွေ့ဆေးနည်းလေးပြောပါရစေ။

သရက်ပင် အခေါက် လက်ငါးလုံးခန့် ခုတ်လိုက်ပါ။

အိမ်သုံးဆား ဟင်းခပ်ဇွန်း နှစ်ဇွန်းသုံးဇွန်းခန့် ဓါးမ (သို့) သံပြားပေါ်တင်ပြီး မီးဖုတ်ပါ။

ပြီးရင် ခုတ်ထားတဲ့ သရက်ခေါက်အတွင်းသားအပေါ် ဆားမီးဖုတ် အပူတင်ပါ။ ( အပူချိန်ခံနိုင်သလောက်နွေးနွေးအပေါ် ) ခြေဖနောင့်နဲ့ဖိဖိပေးပါ။

မှတ်ချက် ။ ။ သရက်ခေါက်လတ်ဆတ်ရပါမယ်။ အသားကြေတဲ့ရောဂါဆို တရက်တခါလောက် နင်းပေးတာနဲ့ သုံးခါလောက်ဆို သက်သာပျောက်ကင်းစေပါတယ်။

အမျိုးသမီးများ ဒေါက်ဖိနပ်မစီးပါနဲ့။

တိုင်းရင်းဆေးဆရာကြီး ဦးတင်ထွေး ဆေးနည်းလေးပါ။

Credit-Sai Min Thant

ခြေဖဝါးအသားကြေပြီး နာကျင်ခြင်းအတွက် မြန်မာဆေးနည်း။

ခြေဖဝါးအသားကြေပြီး နာကျင်ခြင်းအတွက် ကိုယ်တွေ့ဆေးနည်းလေးပြောပါရစေ။

သရက်ပင် အခေါက် လက်ငါးလုံးခန့် ခုတ်လိုက်ပါ။

အိမ်သုံးဆား ဟင်းခပ်ဇွန်း နှစ်ဇွန်းသုံးဇွန်းခန့် ဓါးမ (သို့) သံပြားပေါ်တင်ပြီး မီးဖုတ်ပါ။

ပြီးရင် ခုတ်ထားတဲ့ သရက်ခေါက်အတွင်းသားအပေါ် ဆားမီးဖုတ် အပူတင်ပါ။ ( အပူချိန်ခံနိုင်သလောက်နွေးနွေးအပေါ် ) ခြေဖနောင့်နဲ့ဖိဖိပေးပါ။

မှတ်ချက် ။ ။ သရက်ခေါက်လတ်ဆတ်ရပါမယ်။ အသားကြေတဲ့ရောဂါဆို တရက်တခါလောက် နင်းပေးတာနဲ့ သုံးခါလောက်ဆို သက်သာပျောက်ကင်းစေပါတယ်။

အမျိုးသမီးများ ဒေါက်ဖိနပ်မစီးပါနဲ့။

တိုင်းရင်းဆေးဆရာကြီး ဦးတင်ထွေး ဆေးနည်းလေးပါ။

Credit-Sai Min Thant

ရုပ်ပျိုကိုယ်နုစေမည့် ရှီးပဒီးပင်။ ႐ုပ္ပ်ိဳကိုယ္ႏုေစမည့္ ရွီးပဒီးပင္။

(Zawgyi)

႐ုပ္ပ်ိဳကိုယ္ႏုေစမည့္ ရွီးပဒီးပင္

ပုံမွာျမင္ရတဲ့ ေဆးျမစ္ကို ေဆာင္းပိုးေႏြျမက္ပင္၊ ပိုးေဆးႏြယ္ရွင္ပင္၊ ရွီးပဒီးပင္ စသျဖင့္ ေခၚဆိုၾကပါတယ္။ အဂၤလိပ္လို Cordyceps လို႔ေခၚပါတယ္။ Google မွာ ႐ိုက္ၾကည့္လိုက္ရင္ အဲဒီေဆးပုံနဲ႔ ေဆးအေၾကာင္းကို စုံလင္စြာ ဖတ္ရႈႏိုင္ၾကပါတယ္။

ျမန္မာလို ေဆာင္းပိုးေႏြျမက္၊ ကခ်င္လို ရွီးပဒီးဆိုတဲ့ ဒီအပင္ဟာ ျမန္မာျပည္ေျမာက္ဖ်ား ကခ်င္ျပည္နယ္၊ ပူတာအိုေဒသမွ ေပေပါင္း တစ္ေသာင္းေက်ာ္ျမင့္မား၍ ဆီးႏွင္းမ်ား၊ ေရခဲမ်ားဖုံးလြမ္းေနသည့္ ခါကာဘိုရာဇီေတာင္ထိပ္၊ ဂမ္လန္ရာဇီေတာင္ထိပ္၊ တိဘက္-ျမန္မာေတာင္ထိပ္ႏွင့္ နီေပါႏိုင္ငံ ဧ၀ရတ္ေတာင္ထိပ္တို႔မွာ ေပါက္ဖြားၾကပါတယ္။ ရွီးပဒီးပင္ဟာ ေဆာင္းပိုင္း ၆ လမွာ အသက္ရွိတဲ့ပိုးေကာင္အျဖစ္ ရွင္သန္ေနၿပီး လူတို႔၏ က်န္းမာေရးကို မ်ားစြာအေထာက္အကူေပးေသာ မဂ်စ္ဥ၊ ခမ္းေတာက္ျမစ္တို႔ကိုစားသုံးကာ ေႏြပိုင္း ၆ လတြင္ ျမက္ပင္အျဖစ္ ေျပာင္းလဲသြားၾကပါတယ္။ ဒါ့ေၾကာင့္ ေဆာင္းပိုးေႏြျမက္လို႔ ေခၚတြင္ၾကပါတယ္။

ရွီးပဒီးျမစ္ကိုစားသုံးလွ်င္ ႐ုပ္ပ်ိဳကိုယ္ႏုေစတယ္လို႔ ေဆးပညာရွင္မ်ားက လက္ခံလာၾကၿပီး ကမာၻအနံ႔တြင္ ရွီးပဒီးျဖင့္ထုတ္လုပ္ထားေသာ ကာမအားတိုးေဆးမ်ား၊ ႏွလုံးအားတိုးေဆးမ်ား၊ အေၾကာအားေဆးမ်ား စသျဖင့္ ေဆးမ်ိဳးစုံကို ထုတ္လုပ္ေနၾကတဲ့အတြက္ ေစ်းကြက္တြင္ အလြန္ေရာင္းအားေကာင္း၍ ရွားပါးေဆးဖက္၀င္အပင္သို႔ ေရာက္လာေနပါၿပီ။ ပူတာအိုေဒသခံအခ်ိဳ႕ ရွီးပဒီးဥကိုလိုက္ရွာၿပီး ေရာင္းၾကရာမွာ ယခုအခါမွာ တစ္ဥကို က်ပ္ေငြ တစ္ေသာင္းခြဲသို႔ေရာက္ေနၿပီး တစ္ပိႆာကို အေမရိကန္ေဒၚလာ US 30000 အထိရွိတယ္လို႔ သိရပါတယ္။

ကိုရီးယား၊ ဂ်ပန္၊ တ႐ုတ္၊ ထိုင္း၊ အိႏၵိယ၊ ေဟာင္ေကာင္၊ ထိုင္၀မ္တို႔မွလည္း ရွီးပဒီးဥျဖင့္ အားတိုးေဆးမ်ိဳးစုံကို ထုတ္လုပ္ေနၾကတဲ့အတြက္ ေစ်းကြက္တြင္ ေရာင္းအားျမင့္တက္ေနေၾကာင္းလည္း ၾကားသိရပါတယ္။ နီေပါ၊ တိဘက၊ တ႐ုတ္တို႔မွထြက္ရွိတဲ့ ရွီးပဒီးထက္ ျမန္မာျပည္ေျမာက္ပိုင္းမွ ထြက္ရွိတဲ့ ရွီးပဒီးဥမ်ားက ေဆးစြမ္းပိုမိုထက္ျမက္သည့္အတြက္ ေစ်းႏႈန္းမွာလည္း အျမင့္ဆုံးလို႔ သိရပါတယ္။

ကခ်င္ျပည္မွ ဆို႐ိုးစကားတစ္ခုမွာ “ ႏြယ္ျမက္သစ္ပင္ ေဆးဖက္၀င္၊ မသိသူေက်ာ္လႊား သိသူေဖၚစား၊ ႐ုပ္ကေလးရယ္ပ်ိဳေစလို မေနာေျမကိုခို ” လို႔ ဆိုထားပါတယ္။

ေဆးသုံးစြဲပုံ –

၄င္းရွီးပဒီးဥသည္ အလြန္ခါးသက္တဲ့ အရသာရွိတဲ့အတြက္ အရက္ထဲစိမ္ထားၿပီး ေသာက္ရပါတယ္။ အခ်ိဳ႕ကေတာ့ အမႈန္႔ျပဳလုပ္၍ ၄င္းေဆးမႈန္႔ကို အနည္းငယ္စီ စားသုံးေပးၾကပါတယ္။

သဘာ၀ကေပးတဲ့ ေဆးဖက္၀င္အပင္မ်ားျဖင့္ က်န္းမာစြာ အသက္ရွည္ႏိုင္ၾကပါေစေၾကာင္း ေရးသားမွ်ေဝေပးလိုက္ပါတယ္။

Credit-စောနွဲ့နေဆိုင် (ပူတာအို)

ကိုးကား-Cordyceps For Your Long Life

(Unicode)

ရုပ်ပျိုကိုယ်နုစေမည့် ရှီးပဒီးပင်

ပုံမှာမြင်ရတဲ့ ဆေးမြစ်ကို ဆောင်းပိုးနွေမြက်ပင်၊ ပိုးဆေးနွယ်ရှင်ပင်၊ ရှီးပဒီးပင် စသဖြင့် ခေါ်ဆိုကြပါတယ်။ အင်္ဂလိပ်လို Cordyceps လို့ခေါ်ပါတယ်။ Google မှာ ရိုက်ကြည့်လိုက်ရင် အဲဒီဆေးပုံနဲ့ ဆေးအကြောင်းကို စုံလင်စွာ ဖတ်ရှုနိုင်ကြပါတယ်။

မြန်မာလို ဆောင်းပိုးနွေမြက်၊ ကချင်လို ရှီးပဒီးဆိုတဲ့ ဒီအပင်ဟာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ ပေပေါင်း တစ်သောင်းကျော်မြင့်မား၍ ဆီးနှင်းများ၊ ရေခဲများဖုံးလွမ်းနေသည့် ခါကာဘိုရာဇီတောင်ထိပ်၊ ဂမ်လန်ရာဇီတောင်ထိပ်၊ တိဘက်-မြန်မာတောင်ထိပ်နှင့် နီပေါနိုင်ငံ ဧဝရတ်တောင်ထိပ်တို့မှာ ပေါက်ဖွားကြပါတယ်။ ရှီးပဒီးပင်ဟာ ဆောင်းပိုင်း ၆ လမှာ အသက်ရှိတဲ့ပိုးကောင်အဖြစ် ရှင်သန်နေပြီး လူတို့၏ ကျန်းမာရေးကို များစွာအထောက်အကူပေးသော မဂျစ်ဥ၊ ခမ်းတောက်မြစ်တို့ကိုစားသုံးကာ နွေပိုင်း ၆ လတွင် မြက်ပင်အဖြစ် ပြောင်းလဲသွားကြပါတယ်။ ဒါ့ကြောင့် ဆောင်းပိုးနွေမြက်လို့ ခေါ်တွင်ကြပါတယ်။

ရှီးပဒီးမြစ်ကိုစားသုံးလျှင် ရုပ်ပျိုကိုယ်နုစေတယ်လို့ ဆေးပညာရှင်များက လက်ခံလာကြပြီး ကမ္ဘာအနံ့တွင် ရှီးပဒီးဖြင့်ထုတ်လုပ်ထားသော ကာမအားတိုးဆေးများ၊ နှလုံးအားတိုးဆေးများ၊ အကြောအားဆေးများ စသဖြင့် ဆေးမျိုးစုံကို ထုတ်လုပ်နေကြတဲ့အတွက် ဈေးကွက်တွင် အလွန်ရောင်းအားကောင်း၍ ရှားပါးဆေးဖက်ဝင်အပင်သို့ ရောက်လာနေပါပြီ။ ပူတာအိုဒေသခံအချို့ ရှီးပဒီးဥကိုလိုက်ရှာပြီး ရောင်းကြရာမှာ ယခုအခါမှာ တစ်ဥကို ကျပ်ငွေ တစ်သောင်းခွဲသို့ရောက်နေပြီး တစ်ပိဿာကို အမေရိကန်ဒေါ်လာ US 30000 အထိရှိတယ်လို့ သိရပါတယ်။

ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှလည်း ရှီးပဒီးဥဖြင့် အားတိုးဆေးမျိုးစုံကို ထုတ်လုပ်နေကြတဲ့အတွက် ဈေးကွက်တွင် ရောင်းအားမြင့်တက်နေကြောင်းလည်း ကြားသိရပါတယ်။ နီပေါ၊ တိဘက၊ တရုတ်တို့မှထွက်ရှိတဲ့ ရှီးပဒီးထက် မြန်မာပြည်မြောက်ပိုင်းမှထွက်ရှိတဲ့ ရှီးပဒီးဥများက ဆေးစွမ်းပိုမိုထက်မြက်သည့်အတွက် ဈေးနှုန်းမှာလည်း အမြင့်ဆုံးလို့ သိရပါတယ်။

ကချင်ပြည်မှ ဆိုးရိုးစရားတစ်ခုမှာ “ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၊ မသိသူကျော်လွှား သိသူဖေါ်စား၊ ရုပ်ကလေးရယ်ပျိုစေလို မနောမြေကိုခို ” လို့ ဆိုထားပါတယ်။

ဆေးသုံးစွဲပုံ –

၎င်းရှီးပဒီးဥသည် အလွန်ခါးသက်တဲ့အရသာရှိတဲ့အတွက် အရက်ထဲစိမ်ထားပြီး သောက်ရပါတယ်။ အချို့ကတော့ အမှုန့်ပြုလုပ်၍ ၎င်းဆေးမှုန့်ကို အနည်းငယ်စီ စားသုံးပေးကြပါတယ်။

သဘာဝကပေးတဲ့ ဆေးဖက်ဝင်အပင်များဖြင့် ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေကြောင်း ရေးသားမျှဝေပေးလိုက်ပါတယ်။

Credit-စောနွဲ့နေဆိုင် (ပူတာအို)

ကိုးကား – Cordyceps For Your Long Life

ငုံးဥ အစွမ်း။ ငုံးဥ အစြမ္း။

(Zawgyi)

ငုံးဥ အစြမ္း

ငုံးဥတြင္ ကိုယ္ခႏၶာအတြက္ လိုအပ္ေသာ အဟာရဓာတ္ မ်ားစြာပါဝင္ပါသည္။ အျမင္အာ႐ုံ မႈံဝါးျခင္းကို ကာကြယ္ေပးႏိုင္သည့္ ျဒပ္တစ္မ်ိဳးပါဝင္သည္။

ဗိုက္တာမင္ ဒီ ေလွ်ာ့နည္းျခင္းေၾကာင့္ ျဖစ္ေပၚတတ္ေသာ ေနာက္ဆက္တြဲ ခံစားတတ္သည့္ ကိုယ္ခံအား က်ဆင္းျခင္း၊ ဦးေႏွာက္ႏွင့္ ပက္သက္ေသာ ကစဥ့္ကလ်ား ျဖစ္ျခင္းမ်ားႏွင့္ အေရျပား အစြန္း အကြက္မ်ား ျဖစ္ျခင္းတို႔ကို သက္သာေစပါသည္။

ထို႔ျပင္ အစာေျခအဂၤါ မ်ားႏွင့္ ပက္သက္သည့္ မအီမသာ ခံစားရျခင္းမ်ားကို ငုံးဥ ေန႔စဥ္ပုံမွန္ စားေပးျခင္းျဖင့္ သက္သာေစႏိုင္သည္။ ထိုသို႔ ပုံမွန္ စားေပးျခင္းျဖင့္ HIV / AIDS ေရာဂါတို႔တြင္ CD4 ဆဲလ္မ်ားကို တိုးတက္ေစသည္။

အ႐ြယ္အစား က ၾကက္ဥထက္ ေသးငယ္ေသာ္လဲ အဟာရဓာတ္ ပါဝင္မႈမွာ ၾကက္ဥထက္ ၄ဆ ၅ဆခန္႔ ပိုမိုသည္။ ကိုယ္ခႏၶာအတြက္ ေကာင္းမြန္ေသာ ကိုလက္စေရာ မ်ားသာပါဝင္သည္။

ကိုယ္ဝန္ေဆာင္ မိခင္မ်ား စားသုံးေပးရင္ မေမြးေသးေသာ ကေလးငယ္အတြက္ ႐ုပ္ပိုင္း၊စိတ္ပိုင္း ကို ေကာင္းမြန္တိုးတက္ေစရန္ ေထာက္ပံ့ေပးၿပီး ႏို႔တိုက္မိခင္မ်ား စားသုံးရင္ေတာ့ မိခင္ႏို႔ အရည္အေသြးကို ျမႇင့္တင္ေပးကာ ကေလးငယ္၏ စိတ္ပိုင္းဆိုင္ရာႏွင့္ ကိုယ္ခံအားကို ေကာင္းမြန္ေစသည္။

ငုံး မ်ား၏ ကိုယ္အပူခ်ိန္ဟာ ၾကက္ေတြထက္ ပိုမိုတဲ့အတြက္ အစာအဆိပ္သင့္ ေစေသာ ပိုးမႊားမ်ား မရွင္သန္ႏိုင္ပါဖူး။ ဒါေၾကာင့္ ငုံးဥ စားသုံးလို႔ ဓာတ္မတည့္ေသာ ေဝဒနာမ်ား မရရွိႏိုင္ပါ။

ျပဳတ္ျခင္း၊ မက်က္တက်က္ ျပဳတ္ျခင္း၊ ေၾကာ္ျခင္း ႏွင့္ အစိမ္းစားျခင္းတို႔ကို မိမိ ႏွစ္သက္ ဆႏၵရွိသလို စားေသာက္ႏိုင္ပါတယ္။ လူတစ္ဦးလွ်င္ ၃လုံးမွ ၅လုံးအထိ စားသုံးႏိုင္သည္။ အေကာင္းဆုံး အက်ိဳးသက္ေရာက္မႈ ရႏိုင္တာကေတာ့ အစိမ္း ေသာက္ျခင္းျဖစ္ပါတယ္။

အစိမ္းေသာက္ႏိုင္သူေတြကေတာ့ ဇကာတခုခုထဲမွာ ငုံးဥကို ထဲ့ထားၿပီး ေရေႏြးေလာင္းခ်ၿပီး ေဆးေၾကာပါ။ ၿပီးရင္ေတာ့ အစာအိမ္ထဲ အစာမရွိခ်ိန္ ေသာက္ႏိုင္ရင္ ပိုေကာင္းမြန္ပါတယ္။

အစိမ္းမေသာက္ ႏိုင္သူေတြကေတာ့ ငုံးဥကို ခြက္တခုခုထဲမွာ ထဲၿပီး ေရေႏြးဆူဆူကို ေလာင္းပါ။ ၁၀ မိနစ္ခန္႔ထားၿပီး အခြံခြာကာ ဆားအနည္းငယ္ ျဖဴးၿပီး စားသုံးႏိုင္ပါတယ္။ အခြံကိုလဲ စားသုံးႏိုင္ပါတယ္။

အခြံေလးမ်ားကို သီးသန္႔စုထားၿပီး ႀကိတ္စက္ျဖင့္ အမႈန္႔ျဖစ္ေအာင္ ျပဳလုပ္ကာ ခ်က္ျပဳတ္စားေသာက္သည့္ မည္သည့္ ဟင္းလွ်ာႏွင့္ မဆို ေရာစပ္စားသုံးျခင္းျဖင့္ အ႐ိုးပြ ေရာဂါအတြက္ ကာကြယ္ သက္သာ ေစႏိုင္သည္။

အမ်ိဳးသမီးမ်ားအတြက္ကေတာ့ အစာအိမ္တြင္း အစာမရွိခ်ိန္မွာ ငုံးဥ အစိမ္းကို တစ္လတိတိ ေသာက္သုံးေပးရင္ မီးယပ္၊ ရာသီေသြး အခ်ိန္မွန္ျခင္းႏွင့္ ယင္းႏွင့္ ပက္သက္ေသာ ေဝဒနာမ်ားကို သက္သာေစပါတယ္။

Credit-ဝင္းလႈိင္ဦး (၁၀-၅-၁၆)

ဖတ္မိသမွ် က်န္းမာေရး ဗဟုသုတ

(Unicode)

ငုံးဥ အစွမ်း

ငုံးဥတွင် ကိုယ်ခန္ဓာအတွက် လိုအပ်သော အဟာရဓာတ် များစွာပါဝင်ပါသည်။ အမြင်အာရုံ မှုံဝါးခြင်းကို ကာကွယ်ပေးနိုင်သည့် ဒြပ်တစ်မျိုးပါဝင်သည်။

ဗိုက်တာမင် ဒီ လျှော့နည်းခြင်းကြောင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ခံစားတတ်သည့် ကိုယ်ခံအား ကျဆင်းခြင်း၊ ဦးနှောက်နှင့် ပက်သက်သော ကစဉ့်ကလျား ဖြစ်ခြင်းများနှင့် အရေပြား အစွန်း အကွက်များ ဖြစ်ခြင်းတို့ကို သက်သာစေပါသည်။

ထို့ပြင် အစာခြေအင်္ဂါ များနှင့် ပက်သက်သည့် မအီမသာ ခံစားရခြင်းများကို ငုံးဥ နေ့စဉ်ပုံမှန် စားပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ထိုသို့ ပုံမှန် စားပေးခြင်းဖြင့် HIV / AIDS ရောဂါတို့တွင် CD4 ဆဲလ်များကို တိုးတက်စေသည်။

အရွယ်အစား က ကြက်ဥထက် သေးငယ်သော်လဲ အဟာရဓာတ် ပါဝင်မှုမှာ ကြက်ဥထက် ၄ဆ ၅ဆခန့် ပိုမိုသည်။ ကိုယ်ခန္ဓာအတွက် ကောင်းမွန်သော ကိုလက်စရော များသာပါဝင်သည်။

ကိုယ်ဝန်ဆောင် မိခင်များ စားသုံးပေးရင် မမွေးသေးသော ကလေးငယ်အတွက် ရုပ်ပိုင်း၊စိတ်ပိုင်း ကို ကောင်းမွန်တိုးတက်စေရန် ထောက်ပံ့ပေးပြီး နို့တိုက်မိခင်များ စားသုံးရင်တော့ မိခင်နို့ အရည်အသွေးကို မြှင့်တင်ပေးကာ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံအားကို ကောင်းမွန်စေသည်။

ငုံး များ၏ ကိုယ်အပူချိန်ဟာ ကြက်တွေထက် ပိုမိုတဲ့အတွက် အစာအဆိပ်သင့် စေသော ပိုးမွှားများ မရှင်သန်နိုင်ပါဖူး။ ဒါကြောင့် ငုံးဥ စားသုံးလို့ ဓာတ်မတည့်သော ဝေဒနာများ မရရှိနိုင်ပါ။

ပြုတ်ခြင်း၊ မကျက်တကျက် ပြုတ်ခြင်း၊ ကြော်ခြင်း နှင့် အစိမ်းစားခြင်းတို့ကို မိမိ နှစ်သက် ဆန္ဒရှိသလို စားသောက်နိုင်ပါတယ်။ လူတစ်ဦးလျှင် ၃လုံးမှ ၅လုံးအထိ စားသုံးနိုင်သည်။ အကောင်းဆုံး အကျိုးသက်ရောက်မှု ရနိုင်တာကတော့ အစိမ်း သောက်ခြင်းဖြစ်ပါတယ်။

အစိမ်းသောက်နိုင်သူတွေကတော့ ဇကာတခုခုထဲမှာ ငုံးဥကို ထဲ့ထားပြီး ရေနွေးလောင်းချပြီး ဆေးကြောပါ။ ပြီးရင်တော့ အစာအိမ်ထဲ အစာမရှိချိန် သောက်နိုင်ရင် ပိုကောင်းမွန်ပါတယ်။

အစိမ်းမသောက် နိုင်သူတွေကတော့ ငုံးဥကို ခွက်တခုခုထဲမှာ ထဲပြီး ရေနွေးဆူဆူကို လောင်းပါ။ ၁၀ မိနစ်ခန့်ထားပြီး အခွံခွာကာ ဆားအနည်းငယ် ဖြူးပြီး စားသုံးနိုင်ပါတယ်။ အခွံကိုလဲ စားသုံးနိုင်ပါတယ်။

အခွံလေးများကို သီးသန့်စုထားပြီး ကြိတ်စက်ဖြင့် အမှုန့်ဖြစ်အောင် ပြုလုပ်ကာ ချက်ပြုတ်စားသောက်သည့် မည်သည့် ဟင်းလျှာနှင့် မဆို ရောစပ်စားသုံးခြင်းဖြင့် အရိုးပွ ရောဂါအတွက် ကာကွယ် သက်သာ စေနိုင်သည်။

အမျိုးသမီးများအတွက်ကတော့ အစာအိမ်တွင်း အစာမရှိချိန်မှာ ငုံးဥ အစိမ်းကို တစ်လတိတိ သောက်သုံးပေးရင် မီးယပ်၊ ရာသီသွေး အချိန်မှန်ခြင်းနှင့် ယင်းနှင့် ပက်သက်သော ဝေဒနာများကို သက်သာစေပါတယ်။

Credit-ဝင်းလှိုင်ဦး (၁၀-၅-၁၆)

ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ

အိပ်ရာဝင်တွင် မြန်မာ့ရိုးရာနည်းအတိုင်း စနစ်တကျ ခြေဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ။

(Zawgyi)

(ျမန္မာ့႐ိုးရာနည္း) အိပ္ရာဝင္ စနစ္တက် ေျခေဆးျခင္းျဖင့္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား

တစ္ေနကုန္ သြားလာ လႈပ္ရွားရင္း ခႏၶာကိုယ္တြင္း ေရာက္ရွိလာေသာ အပူအခိုးအေငြမ်ားသည္ ညအိပ္ခ်ိန္တြင္ အထက္သို႔ တက္ၾကသည္။ အိပ္ေပ်ာ္ေနရင္း ေခါင္းေခြၽးမ်ား ထြက္ျခင္း၊ သြားရည္က်ျခင္း၊ အစာမစားဘဲ ပါးစပ္မွဝါးျခင္း၊ သြားႀကိတ္ျခင္း၊ကေယာင္ကတမ္း ေျပာျခင္းမ်ားသည္ ေလပူ အထက္သို႔ တက္ျခင္းေၾကာင့္ ျဖစ္ရသည္။

ေရေလာင္းသည့္အခါတြင္လည္း အေတာ္အသင့္ မဟုတ္ဘဲ ခုနစ္ခြက္မွ ၁ဝ ခြက္အထိ အခိုးအကင္းမ်ား ကုန္စင္ေအာင္ ေလာင္းေဆးျခင္းသည္ က်န္းမာေရးအတြက္ အက်ိဳးရွိေစသည္။ ေျခေထာက္ ေရေဆးျခင္းေၾကာင့္ ည တစ္ေရးႏိုးခ်ိန္ အာေျခာက္ ေရငတ္ျခင္းႏွင့္ ဆီးခ်ိဳေၾကာင့္ မ်က္စိကြယ္ျခင္းကိုပါ ကာကြယ္ႏိုင္သည္။ ေရရွည္ လုပ္ေဆာင္မွလည္း အက်ိဳးရွိမည္ကို သတိျပဳဖို႔ လိုသည္။

သိမ္ျဖဴ ဆရာေတာ္ အရွင္နာဂေသနာဘိဝံသ၏ အာယုေဗၺဒ ေဆးသိပၸံ၊ အေျခခံက်န္းမာေရး သင္ခန္းစာ စာအုပ္တြင္ ေဖာ္ျပထားေသာ က်န္းမာေသာ ေရခ်ိဳးနည္းမွာေရခ်ိဳးေသာအခါ ေအာက္ပိုင္းေျခကို စတင္ေလာင္း၍ ဒူး၊ ေပါင္ စသည္ျဖင့္ တေ႐ြ႕ေ႐ြ႕အထက္သို႔ ေလာင္းၿပီး တစ္ကိုယ္လုံး ခ်ိဳးပါ။ ေရခ်ိဳးစဥ္ ပထမတြင္ ကိုယ္စို႐ုံမွ်ေရေလာင္း၍ အတြင္းအခိုးမ်ား ထြက္လာေစရန္၊ ထြက္ခြင့္ရသည့္ အခိုးမ်ား ထြက္ခြင့္ ရေစရန္ အတန္ငယ္ ရပ္နားၿပီးေနာက္ လိုသလို ခ်ိဳးရ၏။ အထူးအားျဖင့္ ေခါင္းပိုင္း၌ ေရာဂါရွိသူမ်ား ေခါင္းကို ေရေလာင္းၿပီး မခ်ိဳးရ။ ေရမေလာင္းမီ ေရွးဦးစြာ ေရကို ပါးစပ္တြင္ ငုံ၍ ထားပါ။ သို႔မွသာ ခႏၶာကိုယ္ အတြင္းရွိ အပူအပုပ္ခိုးမ်ား ရန္မွ ကာကြယ္ၿပီး ျဖစ္ကုန္၏။ ယင္းသို႔ ျပဳလုပ္ေပးလွ်င္ သြားႏွင့္ဆိုင္ေသာ ေရာဂါမ်ား ကင္းရွင္းႏိုင္၏။

၁။တစ္ေနကုန္ေအာင္းေနေသာ အပူမ်ားေအာက္သို႔လွည့္ၿပီး ေျခဖဝါးမွထြက္သြားႏိုင္သည္။

၂။ညအိပ္ေပ်ာ္ေနခ်ိန္ ေဟာက္ျခင္း၊ သြားႀကိတ္ျခင္း၊ လွ်ာဝါးျခင္း၊ သြားရည္က်ျခင္းမ်ား သက္သာ ေစသည္။

၃။ရင္ၫႊန႔္သို႔တက္ေသာေလ၊ ဘဝင္သို႔တက္ေသာေလ၊ ႏွလုံးသို႔တက္ေသာ ေလပူတို႔ကို သက္သာေစသည္။

၄။ေျခေထာက္ကို သန႔္စင္စြာေဆးၿပီး အိပ္ျခင္းေၾကာင့္ မေကာင္းေသာအိပ္မက္ဆိုးမ်ားမက္ျခင္းမွ သက္သာေစႏိုင္သည္။

၅။ေျခသလုံးႏွစ္ဖက္ ႂကြက္တက္ျခင္းမွ သက္သာေစသည္။

၆။နံနက္အိပ္ရာထတြင္ မ်က္ဝတ္မ်ားထြက္ျခင္း၊ မ်က္စိဖြင့္မေကာင္းျခင္းမွ သက္သာေစသည္။

၇။ခႏၶာကိုယ္အပူအေအးမွ်တၿပီး ဦးေခါင္းသို႔ အပူတက္ျခင္းကို သက္သာေစသည္။

၈။အပူေၾကာင့္ သြားဖုံးႂကြျခင္း၊ သြားနာသြားကိုက္ျခင္းမ်ားမွ သက္သာေစသည္။

၉။ဆံပင္ကြၽတ္ျခင္း၊ ငယ္ထိပ္ေျပာင္ျခင္းမွ သက္သာေစသည္။

၁၀။ဆံပင္ျဖဴျခင္းကို သက္သာေစသည္။

၁၁။ကြၽတ္ေသာဆံပင္ကို ျပန္ေပါက္ေစႏိုင္သည္။

၁၂။မ်က္တြင္းက်ျခင္း၊ မ်က္ကြင္းညိဳျခင္းမွ သက္သာေစႏိုင္သည္။

ညအိပ္ရာဝင္ခ်ိန္ ေျခေထာက္ေရေဆးျခင္းျဖင့္ ေရာဂါအမ်ိဳးမ်ိဳးကို သက္သာေစႏိုင္သည္။ ႂကြက္တက္ ေရာဂါ၊ အဆစ္ေရာင္ အဆစ္ကိုက္ေရာဂါ၊ ေလးဘက္နာေရာဂါ၊ သြားႏွင့္ သြားဖုံးေရာင္၊ သြားဖုံးႂကြေရာ ဂါ၊ မ်က္စိတိမ္ေရာဂါႏွင့္ မ်က္မွန္ဒီဂရီတိုးျခင္း၊ အစာအိမ္ေလပူထျခင္း၊ ေလပူအထက္တက္၍ မူးေမာ ရင္တုန္၊ ႏွလုံးေလ႐ိုက္ေရာဂါမ်ားပင္ သက္သာသည္ဟုဆိုသည္။

ေျခေဆးလွ်င္လုံခ်ည္၊ ထဘီကို ေပါက္လယ္ထိေအာင္မတင္ၿပီး ေရေအးျဖင့္ ခုႏွစ္ခြက္ခန႔္ ေလာင္းေဆးသင့္သည္။ ေျခေဆးၿပီးေနာက္ ေခတၱအပူထြက္ေအာင္ ေစာင့္ၿပီးမွသာ အဝတ္ေျခာက္ျဖင့္ သုတ္သင့္သည္။ ေန႔စဥ္မွန္မွန္ျပဳလုပ္မွသာ အက်ိဳးရွိမည့္နည္းျဖစ္ပါသည္။

Credit-ၾကည္လြင္ျမင့္(မုျဒာ)

(Unicode)

(မြန်မာ့ရိုးရာနည်း) အိပ်ရာဝင် စနစ်တကျ ခြေဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

တစ်နေကုန် သွားလာ လှုပ်ရှားရင်း ခန္ဓာကိုယ်တွင်း ရောက်ရှိလာသော အပူအခိုးအငွေများသည် ညအိပ်ချိန်တွင် အထက်သို့ တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်းချွေးများ ထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကြိတ်ခြင်း၊ကယောင်ကတမ်း ပြောခြင်းများသည် လေပူ အထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။

ရေလောင်းသည့်အခါတွင်လည်း အတော်အသင့် မဟုတ်ဘဲ ခုနစ်ခွက်မှ ၁ဝ ခွက်အထိအခိုးအကင်းများ ကုန်စင်အောင် လောင်းဆေးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေသည်။ ခြေထောက် ရေဆေးခြင်းကြောင့် ည တစ်ရေးနိုးချိန် အာခြောက် ရေငတ်ခြင်းနှင့် ဆီးချိုကြောင့် မျက်စိကွယ်ခြင်းကိုပါ ကာကွယ်နိုင်သည်။ ရေရှည် လုပ်ဆောင်မှလည်း အကျိုးရှိမည်ကို သတိပြုဖို့ လိုသည်။

သိမ်ဖြူ ဆရာတော် အရှင်နာဂသေနာဘိဝံသ၏ အာယုဗ္ဗေဒ ဆေးသိပ္ပံ၊ အခြေခံကျန်းမာရေး သင်ခန်းစာ စာအုပ်တွင် ဖော်ပြထားသော ကျန်းမာသော ရေချိုးနည်းမှာရေချိုးသောအခါ အောက်ပိုင်းခြေကို စတင်လောင်း၍ ဒူး၊ ပေါင် စသည်ဖြင့် တရွေ့ရွေ့အထက်သို့ လောင်းပြီး တစ်ကိုယ်လုံး ချိုးပါ။ ရေချိုးစဉ် ပထမတွင် ကိုယ်စိုရုံမျှရေလောင်း၍ အတွင်းအခိုးများ ထွက်လာစေရန်၊ ထွက်ခွင့်ရသည့် အခိုးများ ထွက်ခွင့် ရစေရန် အတန်ငယ် ရပ်နားပြီးနောက် လိုသလို ချိုးရ၏။ အထူးအားဖြင့် ခေါင်းပိုင်း၌ ရောဂါရှိသူများ ခေါင်းကို ရေလောင်းပြီး မချိုးရ။ ရေမလောင်းမီ ရှေးဦးစွာ ရေကို ပါးစပ်တွင် ငုံ၍ ထားပါ။ သို့မှသာ ခန္ဓာကိုယ် အတွင်းရှိ အပူအပုပ်ခိုးများ ရန်မှ ကာကွယ်ပြီး ဖြစ်ကုန်၏။ ယင်းသို့ ပြုလုပ်ပေးလျှင် သွားနှင့်ဆိုင်သော ရောဂါများ ကင်းရှင်းနိုင်၏။

၁။တစ်နေကုန်အောင်းနေသော အပူများအောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ရင်ညွှန့်သို့တက်သောလေ၊ ဘဝင်သို့တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။

၄။ခြေထောက်ကို သန့်စင်စွာဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသောအိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။

၆။နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း၊ မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၇။ခန္ဓာကိုယ်အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်။

၁၀။ဆံပင်ဖြူခြင်းကို သက်သာစေသည်။

၁၁။ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၁၂။မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာစေနိုင်သည်။

ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။ ကြွက်တက် ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ၊ သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရော ဂါ၊ မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်း၊ အစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍ မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင် သက်သာသည်ဟုဆိုသည်။

ခြေဆေးလျှင်လုံချည်၊ ထဘီကို ပေါက်လယ်ထိအောင် မတင်ပြီး ရေအေးဖြင့် ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။ ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။ နေ့စဉ်မှန်မှန် ပြုလုပ်မှသာ အကျိုးရှိမည့်နည်း ဖြစ်ပါသည်။

Credit-ကြည်လွင်မြင့်(မုဒြာ)

ကမ်းခြေ‌‌ရောက်ရင် စားဖြစ်အောင် စားကြည့်သင့်တဲ့ သံပခြုပ်၏ အစွမ်းများ။

(Zawgyi)

ကမ္းေျခသြားရင္ သံပျခဳပ္ေတြ လာလာေရာင္းတာ ေတြ႕ဖူးမွာေပါ့။ ဓါးေလးနဲ႔ခြဲ၊ အတြင္းကအႏွစ္ေတြကို ဖန္ခြက္အေသးေလးထဲ ျခစ္ထည့္ၿပီး သံပရာရည္ညႇစ္ ေသာက္ၾကတာပါ။ အရမ္းအားရွိတယ္လို႔ေတာ့ ေျပာတာပဲ။ ဘာေၾကာင့္အားရွိတယ္ေျပာတာလဲ သူ႔ရဲ႕က်န္းမာေရး အက်ိဳးေက်းဇူးေတြကို ၾကည့္လိုက္ပါဦး။

အသား၊ ငါးေတြလိုပဲ ပ႐ိုတင္းႂကြယ္ဝတယ္

သံပျခဳပ္ေတြက ပ႐ိုတင္းဓါတ္ ႂကြယ္ဝပါတယ္။ အသား၊ ငါးနဲ႔ ပဲေတြလိုပဲ အသားဓါတ္ရမယ့္ အရင္းအျမစ္တစ္ခုအျဖစ္ စားသုံးလို႔ရတယ္။ ဒါ့ေၾကာင့္ သံပျခဳပ္အႏွစ္ ဂ်ပန္ထမင္းလိပ္ကို တျခားႏိုင္ငံေတြမွာ လူႀကိဳက္မ်ားၾကပါတယ္။ သံပျခဳပ္အႏွစ္ဆူရွီတစ္တုံးမွာ ပ႐ိုတင္း ၃.၂ ဂရမ္ပါဝင္တာပါ။

အုတ္ဂ်ဳံနဲ႔ ဂ်ဳံၾကမ္းတို႔လို အမွ်င္ဓါတ္ရေစႏိုင္တယ္

သံပျခဳပ္ကိုစားရင္ အုတ္ဂ်ဳံနဲ႔ ဂ်ဳံၾကမ္းေတြလိုပဲ အမွ်င္ဓါတ္ မ်ားမ်ားရႏိုင္တာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ၿပီး အစာေျခလမ္းေၾကာင္းကို က်န္းမာေစပါတယ္။ သူ႔ကိုဆက္တိုက္စားေပးရင္ အမွ်င္ဓါတ္လိုအပ္မႈကို အေတာ္ျဖည့္ဆည္းႏိုင္ပါလိမ့္မယ္။

ဗီတာမင္ စီ ပါဝင္တယ္

သံပျခဳပ္မွာ ဗီတာမင္ C ပါဝင္တာေၾကာင့္ ခႏၶါကိုယ္က်န္းမာႀကံ့ခိုင္မႈအတြက္ အားျဖည့္ေပးႏိုင္ၿပီး ေရာဂါေတြကို ခုခံႏိုင္စြမ္း ေကာင္းမြန္ေစႏိုင္ပါတယ္။ သရက္သီး၊ လိေမၼာ္သီး၊ အစိမ္းေရာင္အသီးအ႐ြက္ေတြနဲ႔ အားေဆးေတြ မစားခ်င္ဘူးဆိုရင္ သူ႔ကိုစားလို႔ရပါတယ္။

ခြန္အားတိုးေစတယ္

သံပျခဳပ္ကို က်ားခြန္အားတိုးေစတဲ့ အာဟာရအျဖစ္ ဂ်ပန္မွာ လူသိမ်ားတဲ့အျပင္သံပျခဳပ္ ဆူရွီကိုလည္း လူႀကိဳက္မ်ားပါတယ္။ သံပျခဳပ္က ေသြးလည္ပတ္မႈကို ေကာင္းေစတယ္၊ လိင္စိတ္ျဖစ္ေပၚမႈကို အားေပးပါတယ္။

ဗီတာမင္ ‌ေအ ပါဝင္တယ္

ဗီတာမင္ A ႂကြယ္ဝတဲ့ အစားအစာကို ရွာခ်င္တယ္ဆို သံပျခဳပ္ကို လက္ညႇိဳးၫြန္ရမွာပဲ။ မုန္လာဥနီ၊ ကိုက္လန္၊ ဟင္းႏုႏြယ္၊ သခြားေမႊးတို႔မွာပဲ အဓိကေတြ႕ရတတ္တဲ့ ဗီတာမင္ A ကို လုံေလာက္တဲ့ ပမာဏအထိ သံပျခဳပ္ကေန ရႏိုင္ပါတယ္။ ဘီတာကယ္႐ိုတင္းက ကိုယ္ခံအားစနစ္အတြက္ အားျဖည့္ေပးပါလိမ့္မယ္။

ကယ္လိုရီရႏိုင္တယ္

ခႏၶါကိုယ္ႀကီး လႈပ္ရွားႏိုင္ဖို႔က ပါဝါဘဏ္ေတြလို ခြန္အားပုံမွန္ ျဖည့္ေပးဖို႔လိုပါတယ္။ ဒီအတြက္ သံပျခဳပ္က ကူညီေပးႏိုင္ပါတယ္။ အရမ္းပင္ပန္းထားတာ၊ အားကုန္ေနတာဆိုရင္ ကယ္လိုရီႂကြယ္ဝတဲ့ သံပျခဳပ္စားလိုက္ျခင္းအားျဖင့္ အျမန္အားျပန္ျပည့္ေစႏိုင္ပါတယ္။ ကိုယ္တြင္းကလီစာေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မွန္ကန္သြားေစၿပီး ႏွလုံးက်န္းမာေစပါတယ္။

ဒီလို က်န္းမာေရးအက်ိဳးေက်းဇူးမ်ားတဲ့ သံပျခဳပ္ကို ေနရာတိုင္းမွာ အလြယ္တကဝယ္ယူလို႔ မရႏိုင္ေပမယ့္ ကိုယ္ကကမ္းေျခ ေရာက္ေနၿပီဆိုရင္ေတာ့ စားျဖစ္ေအာင္စားၾကည့္လိုက္ပါ။

ေရးသားသူ Yun Sandi Nan Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Credit-Hello ဆရာဝန္

(Unicode)

ကမ်းခြေသွားရင် သံပခြုပ်တွေ လာလာရောင်းတာ တွေ့ဖူးမှာပေါ့။ ဓါးလေးနဲ့ခွဲ၊ အတွင်းကအနှစ်တွေကို ဖန်ခွက်အသေးလေးထဲ ခြစ်ထည့်ပြီး သံပရာရည်ညှစ် သောက်ကြတာပါ။ အရမ်းအားရှိတယ်လို့တော့ ပြောတာပဲ။ ဘာကြောင့်အားရှိတယ်ပြောတာလဲ သူ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကို ကြည့်လိုက်ပါဦး။

အသား၊ ငါးတွေလိုပဲ ပရိုတင်းကြွယ်ဝတယ်

သံပခြုပ်တွေက ပရိုတင်းဓါတ် ကြွယ်ဝပါတယ်။ အသား၊ ငါးနဲ့ ပဲတွေလိုပဲ အသားဓါတ်ရမယ့် အရင်းအမြစ်တစ်ခုအဖြစ် စားသုံးလို့ရတယ်။ ဒါ့ကြောင့် သံပခြုပ်အနှစ် ဂျပန်ထမင်းလိပ်ကို တခြားနိုင်ငံတွေမှာ လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးမှာ ပရိုတင်း ၃.၂ ဂရမ်ပါဝင်တာပါ။

အုတ်ဂျုံနဲ့ ဂျုံကြမ်းတို့လို အမျှင်ဓါတ်ရစေနိုင်တယ်

သံပခြုပ်ကိုစားရင် အုတ်ဂျုံနဲ့ ဂျုံကြမ်းတွေလိုပဲ အမျှင်ဓါတ် များများရနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါတယ်။ သူ့ကိုဆက်တိုက်စားပေးရင် အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။

ဗီတာမင် စီ ပါဝင်တယ်

သံပခြုပ်မှာ ဗီတာမင် C ပါဝင်တာကြောင့် ခန္ဓါကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီး ရောဂါတွေကို ခုခံနိုင်စွမ်း ကောင်းမွန်စေနိုင်ပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်တွေနဲ့ အားဆေးတွေ မစားချင်ဘူးဆိုရင် သူ့ကိုစားလို့ရပါတယ်။

ခွန်အားတိုးစေတယ်

သံပခြုပ်ကို ကျားခွန်အားတိုးစေတဲ့ အာဟာရအဖြစ် ဂျပန်မှာ လူသိများတဲ့အပြင်သံပခြုပ် ဆူရှီကိုလည်း လူကြိုက်များပါတယ်။ သံပခြုပ်က သွေးလည်ပတ်မှုကို ကောင်းစေတယ်၊ လိင်စိတ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။

ဗီတာမင် ‌အေ ပါဝင်တယ်

ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာကို ရှာချင်တယ်ဆို သံပခြုပ်ကို လက်ညှိုးညွန်ရမှာပဲ။ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့မှာပဲ အဓိကတွေ့ရတတ်တဲ့ ဗီတာမင် A ကို လုံလောက်တဲ့ ပမာဏအထိ သံပခြုပ်ကနေ ရနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်အတွက် အားဖြည့်ပေးပါလိမ့်မယ်။

ကယ်လိုရီရနိုင်တယ်

ခန္ဓါကိုယ်ကြီး လှုပ်ရှားနိုင်ဖို့က ပါဝါဘဏ်တွေလို ခွန်အားပုံမှန် ဖြည့်ပေးဖို့လိုပါတယ်။ ဒီအတွက် သံပခြုပ်က ကူညီပေးနိုင်ပါတယ်။ အရမ်းပင်ပန်းထားတာ၊ အားကုန်နေတာဆိုရင် ကယ်လိုရီကြွယ်ဝတဲ့ သံပခြုပ်စားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါတယ်။ ကိုယ်တွင်းကလီစာတွေရဲ့ လုပ်ဆောင်ချက်တွေကို မှန်ကန်သွားစေပြီး နှလုံးကျန်းမာစေပါတယ်။

ဒီလို ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သံပခြုပ်ကို နေရာတိုင်းမှာ အလွယ်တကဝယ်ယူလို့ မရနိုင်ပေမယ့် ကိုယ်ကကမ်းခြေ ရောက်နေပြီဆိုရင်တော့ စားဖြစ်အောင်စားကြည့်လိုက်ပါ။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Credit-Hello ဆရာဝန်

အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ။အ႐ိုးအဆစ္ ကိုက္ခဲျခင္းကို သက္သာေစမယ့္ အရည္မ်ား။

(Zawgyi)

အ႐ိုးအဆစ္ ကိုက္ခဲျခင္းကို သက္သာေစမယ့္ အရည္မ်ား

အ႐ိုးအဆစ္ေတြ နာက်င္ကိုက္ခဲတာ အထူးသျဖင့္ ဒူးေခါင္း နာက်င္တာက အခုလို ရာသီ အကူးအေျပာင္းမွာ ပိုၿပီး ျဖစ္လြယ္ပါတယ္။ ထိခိုက္မိလို႔ နာက်င္တာပဲ ျဖစ္ျဖစ္၊ ေရာဂါေၾကာင့္ နာက်င္တာပဲျဖစ္ျဖစ္ အ႐ိုးအဆစ္ေတြ ကိုက္ခဲၿပီဆိုရင္ ေနရတာ မသက္သာလွပါဘူး။ အကိုက္အခဲ ေပ်ာက္ေဆးနဲ႔ ဆရာဝန္ၫႊန္ၾကားတဲ့ ေဆးေတြက သက္သာေစတယ္ ဆိုေပမယ့္ ကိုယ့္အားကိုယ္ကိုးၿပီး ကုလို႔ရတဲ့ နည္းလမ္းေတြလည္း ရွိပါေသးတယ္။ ဒါေၾကာင့္ အ႐ိုးအဆစ္ေတြ ကိုက္ခဲျခင္းကို သက္သာေစမယ့္ အရည္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ဝိုင္

ဝိုင္အနီဟာ အကိုက္အခဲကို သက္သာေစပါတယ္။ အရက္ပါဝင္တာေၾကာင့္ သက္သာတာျဖစ္တယ္လို႔ ေစာဒကတက္ႏိုင္ေပမယ့္ ဝိုင္နီမွာ ေရာင္ရမ္းျခင္းကို သက္သာေစမယ့္ ျဒပ္ေပါင္းေတြ ပါရွိပါတယ္။ တရက္ကို ဝိုင္နီ ၂ ခြက္ ပုံမွန္ေသာက္သုံးေပးျခင္းဟာ အ႐ိုးဆစ္နဲ႔ သက္ဆိုင္တဲ့ ေရာဂါျဖစ္ပြားႏိုင္ေခ်ကို ေလ်ာ့ခ်ေပးပါတယ္။

(၂) ခ်ယ္ရီသီး ေဖ်ာ္ရည္

ခ်ယ္ရီသီးဟာ အမွ်င္ဓာတ္ႂကြယ္ဝတာေၾကာင့္ အ႐ိုးအဆစ္ ကိုက္ခဲသူေတြအတြက္ အထူးေကာင္းမြန္ပါတယ္။ ခ်ယ္ရီသီးမွာ သၾကားလည္း အလုံအေလာက္ ပါဝင္တာေၾကာင့္ ေျခေထာက္ေတြ ေရာင္ရမ္းျခင္းကို ေလ်ာ့ခ်ေပးႏိုင္ၿပီး ေဖ်ာ္ရည္လုပ္ မေသာက္ခ်င္ရင္ေတာင္ အသီးကိုေတာ့ ပုံမွန္စားေပးသင့္ပါတယ္။

(၃) ေကာ္ဖီ

ေကာ္ဖီဟာ ဆိုးက်ိဳးေတြ ရွိေပမယ့္ ေကာင္းက်ိဳးေတြလည္း ရွိေနပါတယ္။ ေသြးထဲမွာ Uric Acid ပါဝင္မႈေၾကာင့္ ျဖစ္ရတဲ့ အ႐ိုးအဆစ္ကိုက္ခဲျခင္းေတြကို သက္သာေစၿပီး ေရာင္ရမ္းျခင္းေတြကို ေလ်ာ့ခ်ေပးႏိုင္စြမ္းရွိပါတယ္။ တကယ္လို႔ သင္က ေကာ္ဖီေသာက္ေနက်ဆိုရင္ေတာ့ ဆက္ၿပီး ေသာက္ပါ။ တန္ေဆး လြန္ေဘး ျဖစ္တတ္တာေၾကာင့္ တရက္အတြင္းမွာ ေကာ္ဖီ ၄ ခြက္ထက္ပိုၿပီး မေသာက္ဖို႔ေတာ့ တိုက္တြန္းခ်င္ပါတယ္။

(၄) ဂ်င္းျပဳတ္ရည္

ဂ်င္းဟာ ေရာင္ရမ္းျခင္းကို သက္သာေစတယ္ဆိုတာ အားလုံးသိၿပီး ျဖစ္မွာပါ။ ဂ်င္းျပဳတ္ရည္ကို ေသာက္ျခင္းေၾကာင့္ အ႐ိုးအဆစ္ကိုက္ခဲျခင္းကို သက္သာေစတဲ့အျပင္ ေသြးအတြင္းမွာရွိတဲ့ ေရာင္ရမ္းေစတဲ့ ဆဲလ္ေတြကိုပါ ေသေစပါတယ္။ ဒါေပမယ့္ တခုသတိထားရမွာက အသင့္ေရာင္းေနတဲ့ ဂ်င္းျပဳတ္ရည္ေတြက ဓာတုပစၥည္းေတြ ပါဝင္တာေၾကာင့္ ေရွာင္ရွားဖို႔ပါပဲ။ ကိုယ္တိုင္ အိမ္မွာ ျပဳတ္ၿပီးေသာက္တာက အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။

Ref; organicwelcome.com

Credit-ေရဗန္(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ

အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ အထူးသဖြင့် ဒူးခေါင်း နာကျင်တာက အခုလို ရာသီ အကူးအပြောင်းမှာ ပိုပြီး ဖြစ်လွယ်ပါတယ်။ ထိခိုက်မိလို့ နာကျင်တာပဲ ဖြစ်ဖြစ်၊ ရောဂါကြောင့် နာကျင်တာပဲဖြစ်ဖြစ် အရိုးအဆစ်တွေ ကိုက်ခဲပြီဆိုရင် နေရတာ မသက်သာလှပါဘူး။ အကိုက်အခဲ ပျောက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေက သက်သာစေတယ် ဆိုပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး ကုလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် အရိုးအဆစ်တွေ ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဝိုင်

ဝိုင်အနီဟာ အကိုက်အခဲကို သက်သာစေပါတယ်။ အရက်ပါဝင်တာကြောင့် သက်သာတာဖြစ်တယ်လို့ စောဒကတက်နိုင်ပေမယ့် ဝိုင်နီမှာ ရောင်ရမ်းခြင်းကို သက်သာစေမယ့် ဒြပ်ပေါင်းတွေ ပါရှိပါတယ်။ တရက်ကို ဝိုင်နီ ၂ ခွက် ပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးဆစ်နဲ့ သက်ဆိုင်တဲ့ ရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

(၂) ချယ်ရီသီး ဖျော်ရည်

ချယ်ရီသီးဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အရိုးအဆစ် ကိုက်ခဲသူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ချယ်ရီသီးမှာ သကြားလည်း အလုံအလောက် ပါဝင်တာကြောင့် ခြေထောက်တွေ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပြီး ဖျော်ရည်လုပ် မသောက်ချင်ရင်တောင် အသီးကိုတော့ ပုံမှန်စားပေးသင့်ပါတယ်။

(၃) ကော်ဖီ

ကော်ဖီဟာ ဆိုးကျိုးတွေ ရှိပေမယ့် ကောင်းကျိုးတွေလည်း ရှိနေပါတယ်။ သွေးထဲမှာ Uric Acid ပါဝင်မှုကြောင့် ဖြစ်ရတဲ့ အရိုးအဆစ်ကိုက်ခဲခြင်းတွေကို သက်သာစေပြီး ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။ တကယ်လို့ သင်က ကော်ဖီသောက်နေကျဆိုရင်တော့ ဆက်ပြီး သောက်ပါ။ တန်ဆေး လွန်ဘေး ဖြစ်တတ်တာကြောင့် တရက်အတွင်းမှာ ကော်ဖီ ၄ ခွက်ထက်ပိုပြီး မသောက်ဖို့တော့ တိုက်တွန်းချင်ပါတယ်။

(၄) ဂျင်းပြုတ်ရည်

ဂျင်းဟာ ရောင်ရမ်းခြင်းကို သက်သာစေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဂျင်းပြုတ်ရည်ကို သောက်ခြင်းကြောင့် အရိုးအဆစ်ကိုက်ခဲခြင်းကို သက်သာစေတဲ့အပြင် သွေးအတွင်းမှာရှိတဲ့ ရောင်ရမ်းစေတဲ့ ဆဲလ်တွေကိုပါ သေစေပါတယ်။ ဒါပေမယ့် တခုသတိထားရမှာက အသင့်ရောင်းနေတဲ့ ဂျင်းပြုတ်ရည်တွေက ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ရှောင်ရှားဖို့ပါပဲ။ ကိုယ်တိုင် အိမ်မှာ ပြုတ်ပြီးသောက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Ref; organicwelcome.com

Credit-ရေဗန်(ဧရာဝတီ), The Irrawaddy – Burmese Edition

ဆီးချိုရောဂါသည်တွေ စားသုံးပေးသင့်တဲ့ ရွှေပဲသီးရဲ့ သတ္တိများ။ ဆီးခ်ိဳေရာဂါသည္ေတြ စားသုံးေပးသင့္တဲ့ ေ႐ႊပဲသီးရဲ႕ သတိၱမ်ား။

(Zawgyi)

ဆီးခ်ိဳေရာဂါ ေဝဒနာရွင္ေတြ စားသုံးေပးသင့္တဲ့ ေ႐ႊပဲသီးရဲ႕ က်န္းမာေရး ေကာင္းက်ိဳးမ်ား

ဆီးခ်ိဳေရာဂါ ေဝဒနာရွင္ေတြဟာ ေ႐ြးခ်ယ္စားသုံးဖို႔ အစားအစာ အမ်ိဳးအစား နည္းပါးလွၿပီး ဆီးခ်ိဳေရာဂါစတင္ ျဖစ္ပြားခ်ိန္ကေနစလို႔ ေရွာင္ၾကဥ္ရတဲ့ အစားအစာေတြဟာ အမ်ားအျပားပဲ ျဖစ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ ဆီးခ်ိဳေဝဒနာရွင္ေတြနဲ႔ သင့္ေတာ္တဲ့ အစားအစာေတြထဲကမွ ဆီးခ်ိဳကို ထိန္းခ်ဳပ္ေပးႏိုင္တဲ့အျပင္ တျခားေသာ က်န္းမာေရး ေကာင္းက်ိဳးမ်ားစြာရွိတဲ့ ေ႐ႊပဲသီးအေၾကာင္းပဲ ျဖစ္ပါတယ္။

(၁) ကယ္လိုရီပါဝင္မႈ နည္းပါးတယ္

ေ႐ႊပဲသီးဟာ ကယ္လိုရီပါဝင္မႈ နည္းပါးတဲ့ ဟင္းသီးဟင္း႐ြက္တမ်ိဳး ျဖစ္တာေၾကာင့္ Diet Plan ေတြမွာ အမ်ားဆုံး ထည့္သြင္းစားသုံးေလ့ ရွိၾကပါတယ္။ ေ႐ႊပဲသီး ပန္းကန္လုံး ခပ္ႀကီးႀကီးတလုံးစာမွာ ကယ္လိုရီ ၃၀ ခန႔္သာ ပါဝင္ၿပီး အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ ဆီးခ်ိဳကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။

(၂) ပ႐ိုတင္းဓာတ္ ႂကြယ္ဝတယ္

အသားစားသုံးမႈ နည္းပါးတဲ့ သူေတြကို အာဟာရပညာရွင္ေတြ အႀကံျပဳစားသုံးေစတဲ့ အစားအစာေတြထဲမွာ ေ႐ႊပဲသီးဟာ တခု အပါအဝင္ပါ။ ပ႐ိုတင္းဓာတ္ဟာ ဆီးခ်ိဳေဝဒနာရွင္ေတြ အတြက္ေရာ သာမန္လူေတြအတြက္ပါ အေရးႀကီးတဲ့ အာဟာရဓာတ္တမ်ိဳး ျဖစ္ပါတယ္။

(၃) ဗီတာမင္စီ ပါဝင္မႈႏႈန္း မ်ားျပားတယ္

ဗီတာမင္စီဟာ အစားအစာေတြကေန သံဓာတ္စုပ္ယူမႈကို အေထာက္အကူ ျဖစ္ေစတဲ့အျပင္ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။ ေ႐ႊပဲသီးမွာ ဗီတာမင္စီ ပါဝင္မႈႏႈန္း မ်ားျပားတာေၾကာင့္ အနာက်က္ျမန္ေစတဲ့အျပင္ ေသြးအားနည္းေရာဂါကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။

(၄) ပိုတက္ဆီယမ္ဓာတ္ ျမင့္မားစြာ ပါဝင္တယ္

ေ႐ႊပဲသီးမွာ ပိုတက္ဆီယမ္ဓာတ္ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္တဲ့အျပင္ ေသြးဖိအားျမင့္တက္ျခင္းကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္တာေၾကာင့္ ေသြးတိုးေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။

Credit-ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

ဆီးချိုရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ရွှေပဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

ဆီးချိုရောဂါ ဝေဒနာရှင်တွေဟာ ရွေးချယ်စားသုံးဖို့ အစားအစာ အမျိုးအစား နည်းပါးလှပြီး ဆီးချိုရောဂါစတင် ဖြစ်ပွားချိန်ကနေစလို့ ရှောင်ကြဉ်ရတဲ့ အစားအစာတွေဟာ အများအပြားပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဆီးချိုဝေဒနာရှင်တွေနဲ့ သင့်တော်တဲ့ အစားအစာတွေထဲကမှ ဆီးချိုကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် တခြားသော ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ရွှေပဲသီးအကြောင်းပဲ ဖြစ်ပါတယ်။

(၁) ကယ်လိုရီပါဝင်မှု နည်းပါးတယ်

ရွှေပဲသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်တာကြောင့် Diet Plan တွေမှာ အများဆုံး ထည့်သွင်းစားသုံးလေ့ ရှိကြပါတယ်။ ရွှေပဲသီး ပန်းကန်လုံး ခပ်ကြီးကြီးတလုံးစာမှာ ကယ်လိုရီ ၃၀ ခန့်သာ ပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၂) ပရိုတင်းဓာတ် ကြွယ်ဝတယ်

အသားစားသုံးမှု နည်းပါးတဲ့ သူတွေကို အာဟာရပညာရှင်တွေ အကြံပြုစားသုံးစေတဲ့ အစားအစာတွေထဲမှာ ရွှေပဲသီးဟာ တခု အပါအဝင်ပါ။ ပရိုတင်းဓာတ်ဟာ ဆီးချိုဝေဒနာရှင်တွေ အတွက်ရော သာမန်လူတွေအတွက်ပါ အရေးကြီးတဲ့ အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။

(၃) ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတယ်

ဗီတာမင်စီဟာ အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေပဲသီးမှာ ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတာကြောင့် အနာကျက်မြန်စေတဲ့အပြင် သွေးအားနည်းရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

(၄) ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်တယ်

ရွှေပဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် သွေးဖိအားမြင့်တက်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

Credit-ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition

တွဲဖက်မစားသင့်တဲ့ အသီးများ။ တြဲဖက္မစားသင့္တဲ့ အသီးမ်ား။

(Zawgyi)

တြဲဖက္မစားသင့္တဲ့ အသီးမ်ား

အသီးအႏွံေတြက အရမ္းေကာင္းပါတယ္။ သူတို႔မွာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အာဟာရေတြ အမ်ားႀကီး ပါဝင္ေနေပမယ့္ တခ်ိဳ႕ အသီးေတြကေတာ့ တြဲၿပီးစားမိရင္ က်န္းမာေရးကို ထိခိုက္ေစပါတယ္။

ငွက္ေပ်ာသီးနဲ႔ ပူတင္း

ငွက္ေပ်ာသီးနဲ႔ ပူတင္းက တြဲလ်က္စားဖို႔ မေကာင္းပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အစာေခ်ရ ခက္ခဲလို႔ပါ။ ဒီလို တြဲလ်က္ စားသုံးတာက ဦးေႏွာက္ကိုလည္း ေလးလံေစပါတယ္။ ေမြးကင္းစ ကေလးေတြမွာဆိုရင္ အရမ္း အႏၲရာယ္ရွိပါတယ္။ဒါေၾကာင့္ ဒီ၂မ်ိဳးကို တတ္ႏိုင္သမွ် တြဲလ်က္မစားသုံးပါနဲ႔။

မုန္လာဥနီနဲ႔ လိေမၼာ္သီး

မုန္လာဥနီနဲ႔ လိေမၼာ္သီး ေဖ်ာ္ရည္က က်န္းမာေရးအတြက္ ေကာင္းမြန္တယ္လို႔ နာမည္ႀကီးတာေၾကာင့္ လူတိုင္း ေန႔စဥ္ ေသာက္သုံးၾကပါတယ္။ မုန္လာဥနီ တစ္မ်ိဳးတည္း ေန႔စဥ္ေသာက္သုံးတာက အဆင္ေျပေပမယ့္ လိေမၼာ္သီးနဲ႔ တြဲလ်က္ စားသုံးမယ္ဆိုရင္ေတာ့ အစာမေခ် ဗိုက္ေအာင့္တာေတြ ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕ျပင္းထန္တဲ့ အခ်ိန္ေတြမွာဆိုရင္ေက်ာက္ကပ္ ပ်က္စီးေစတတ္တာေၾကာင့္ ေန႔တိုင္းနီးပါးေတာ့ တြဲလ်က္ မေသာက္သုံးသင့္ပါဘူး။

ႏြားႏို႔နဲ႔ နာနတ္သီး

နာနတ္သီးမွာ Bromelain အင္ဇိုင္း (နာနတ္သီးစားရင္ လွ်ာမွာ ရွတတျဖစ္ေန) ပါဝင္တာေၾကာင့္ ဒီ အင္ဇိုင္းက ႏြားႏို႔နဲ႔ မတည့္ပါဘူး။အကယ္၍ ေရာေႏွာၿပီး စားေသာက္မိရင္ ေခါင္းကိုက္၊ အစာအိမ္နာ၊ ပ်ိဳ႕အန္၊ ဝမ္းေလွ်ာစတာေတြ ျဖစ္တတ္ၿပီး ကေလးေတြမွာဆိုရင္ ပိုဆိုးတတ္ပါတယ္။

သံပုယိုသီးနဲ႔ သေဘၤာသီး

သံပုယိုသီးနဲ႔ သေဘၤာသီး ေရာေႏွာ စားေသာက္တာမ်ားလာရင္ ေသြးနီဥ နည္းပါးတဲ့ ေရာဂါမ်ိဳး ေတြျဖစ္လာတတ္ပါတယ္။ ေန႔တိုင္းနီးပါးေတာ့ မေသာက္သုံးသင့္ပါဘူး။

ငွက္ေပ်ာသီးနဲ႔ မာလကာသီး

ငွက္ေပ်ာသီးနဲ႔ မာလကာသီးတို႔ကိုေတာ့ တြဲစားေလ့ရွိမွာ မဟုတ္ပါဘူး။ တြဲစားရင္လည္း အစာအိမ္ထဲမွာ အက္ဆစ္ဓာတ္ေတြ ထြက္တာမ်ားလို႔ ပ်ိဳ႕အန္တာ၊ ေခါင္းမူးတာေတြ ျဖစ္တတ္ပါတယ္။

Credit–MyFoodMyanmar

(Unicode)

တွဲဖက်မစားသင့်တဲ့ အသီးများ

အသီးအနှံတွေက အရမ်းကောင်းပါတယ်။ သူတို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေ အများကြီး ပါဝင်နေပေမယ့် တချို့ အသီးတွေကတော့ တွဲပြီးစားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ငှက်ပျောသီးနဲ့ ပူတင်း

ငှက်ပျောသီးနဲ့ ပူတင်းက တွဲလျက်စားဖို့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာချေရ ခက်ခဲလို့ပါ။ ဒီလို တွဲလျက် စားသုံးတာက ဦးနှောက်ကိုလည်း လေးလံစေပါတယ်။ မွေးကင်းစ ကလေးတွေမှာဆိုရင် အရမ်း အန္တရာယ်ရှိပါတယ်။ဒါကြောင့် ဒီ၂မျိုးကို တတ်နိုင်သမျှ တွဲလျက်မစားသုံးပါနဲ့။

မုန်လာဥနီနဲ့ လိမ္မော်သီး

မုန်လာဥနီနဲ့ လိမ္မော်သီး ဖျော်ရည်က ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ နာမည်ကြီးတာကြောင့် လူတိုင်း နေ့စဉ် သောက်သုံးကြပါတယ်။ မုန်လာဥနီ တစ်မျိုးတည်း နေ့စဉ်သောက်သုံးတာက အဆင်ပြေပေမယ့် လိမ္မော်သီးနဲ့ တွဲလျက် စားသုံးမယ်ဆိုရင်တော့ အစာမချေ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။ တချို့ပြင်းထန်တဲ့ အချိန်တွေမှာဆိုရင်ကျောက်ကပ် ပျက်စီးစေတတ်တာကြောင့် နေ့တိုင်းနီးပါးတော့ တွဲလျက် မသောက်သုံးသင့်ပါဘူး။

နွားနို့နဲ့ နာနတ်သီး

နာနတ်သီးမှာ Bromelain အင်ဇိုင်း (နာနတ်သီးစားရင် လျှာမှာ ရှတတဖြစ်နေ) ပါဝင်တာကြောင့် ဒီ အင်ဇိုင်းက နွားနို့နဲ့ မတည့်ပါဘူး။အကယ်၍ ရောနှောပြီး စားသောက်မိရင် ခေါင်းကိုက်၊ အစာအိမ်နာ၊ ပျို့အန်၊ ဝမ်းလျှောစတာတွေ ဖြစ်တတ်ပြီး ကလေးတွေမှာဆိုရင် ပိုဆိုးတတ်ပါတယ်။

သံပုယိုသီးနဲ့ သင်္ဘောသီး

သံပုယိုသီးနဲ့ သင်္ဘောသီး ရောနှော စားသောက်တာများလာရင် သွေးနီဥ နည်းပါးတဲ့ ရောဂါမျိုး တွေဖြစ်လာတတ်ပါတယ်။ နေ့တိုင်းနီးပါးတော့ မသောက်သုံးသင့်ပါဘူး။

ငှက်ပျောသီးနဲ့ မာလကာသီး

ငှက်ပျောသီးနဲ့ မာလကာသီးတို့ကိုတော့ တွဲစားလေ့ရှိမှာ မဟုတ်ပါဘူး။ တွဲစားရင်လည်း အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ ထွက်တာများလို့ ပျို့အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

Credit–MyFoodMyanmar