Shangyimm

- လူမှုမီဒီယာများနှင့် အင်တာနက်ပေါ်ရှိ စိတ်ဝင်စားစရာ အကြောင်းအရာများကို လူအများ ဖတ်ရှုနိုင်ရန် တဆင့်ပြန်လည် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ပါ၍ ကူးယူဖော်ပြခံရသော မီဒီယာများနှင့် စာရေးသူများကို လေးစားစွာဖြင့် Credit ပေးပါသည်။ မူရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့ Content များကို shangyimm.com တွင် ကူးယူဖော်ပြခြင်းအား ကန့် ကွက်လိုပါက shangyimm2017@gmail.com သို့ပေးပို့ ကန့် ကွက်နိုင်ပါတယ် ခင်ဗျာ။ လေးစားစွာဖြင့်…

Author: admin

တင်းတင်းရင်းရင်းနဲ့ပိုပြီး လှပလာတဲ့ သရုပ်ဆောင်ယွန်းရွှေရည်

ဇာတ်ပို့သရုပ်ဆောင်ယွန်းရွှေရည်ကတော့ ကျရာဇာတ်ကားတွေမှာ ပီ​ပြင်လှတဲ့သရုပ်ဆောင်ချက်များနဲ့အတူ ကျရာဇာတ်ကောင်၊ ဇာတ်ရိုက်မှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။ ဇာတ်ပို့သရုပ်ဆောင်ယွန်းရွှေရည်ကတော့ ယခုအချိန်ကာလတွေမှာဆိုရင် ကြော်ငြာများရိုက်ကူးရင်း၊


အလှဓာတ်ပုံများရိုက်ကူးရင်း နဲ့ ဘဝကို အေးအေးချမ်းချမ်း သာသာယာယာ ဖြတ်သန်းနေပါတယ်နော်။ အခုတစ်ခါမှာဆိုရင်ဇာတ်ပို့သရုပ်ဆောင်ယွန်းရွှေရည်က အရင်ကနဲ့မတူဘဲ တင်းတင်းရင်းရင်းနဲ့ လှပနေတဲ့ သူမရဲ့ပုံရိပ်တွေကို အခုလိုတင်ဆက်လာပါတယ်။

စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit

ကျော်သူ နာရေးကူညီမှုအသင်းကြီး မတိုင်ခင်က နာရေးကားအငှားလုပ်ငန်းတွေ အကြောင်းနှင့် ကြံတောသင်္ချိုင်းကြီး သမိုင်း

အင်္ဂလိပ်ကိုလိုနီခေတ်ထဲက အသုံးပြုခဲ့တဲ့ ကြံတောသင်းချိုင်းဟာ ဧက ၅၀ ကျယ်ဝှန်းပြီး မြန်မာနိုင်ငံကျက်သရေဆောင် ရန်ကုန်တက္ကသိုလ်နဲ့ မိုင်ဝက်ပဲဝေးတယ်။ ကြံတောသင်းချိုင်းမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ ဟိန္ဒူ၊ မူဆလင်ဘာသာဝင်အသီးသီးအတွက် သင်းချိုင်းမြေနေရာများ သတ်မှတ်ပေးထားခဲ့တယ်။

ကြံတောသင်းချိုင်းမှာဟိန္ဒူသင်းချိုင်းမြေနေရာကြီးပဲ ၄ ဧကရှိတယ်။ ခရစ်ယန်သင်းချိုင်းမြေက နာနတ်တောလမ်းဘက်ကျလို့ နာနတ်တောခရစ်ယန်သင်းချိုင်းခေါ်ခဲ့ကြတယ်။ ‘ ၁၉၉၁ မှာဗဟန်းအဝိုင်းနဲ့ တိရိစ္ဆန်ရုံအနားကခရစ်ယန်သင်းချိုင်း (St.John Cantonment အင်္ဂလိပ်စစ်သင်းချိုင်း)နဲ့ ၁၉၉၄ မှာတာမွေသင်းချိုင်းကိုကြံတောသင်းချိုင်းဆီရွှေ့ပြောင်းခဲ့ကြတယ်။ ကြံတောသင်းချိုင်း ၁၉၉၆ – ၉၇ မဖျက်သိမ်းခင်အထိရန်ကုန်မြို့မှာအကြီးဆုံးသင်းချိုင်းဖြစ်တယ်။ ကြံတောသင်းချိုင်းမှာမြုတ်နှံထားတဲ့ရုပ်ကြွင်းပိုင်ရှင်မိသားစုကိုရန်ကုန်မြို့စွန်ရေဝေးသင်းချိုင်းနဲ့ထိန်ပင်သင်းချိုင်းဆီရွှေ့ပြောင်းနိုင်ဖို့မြို့တော်စည်ပင်ကတလကြိုတင်နို့တစ်ပေးပြီးသင်းချိုင်းသစ်ဆီရွှေ့ပြောင်းခဲ့ကြတယ်။

ကိုးမိုင်တရုတ်သင်းချိုင်းဖျက်သိမ်းတော့ကျွန်တော်သူငယ်ချင်းတယောက်ကိုးမိုင်တရုတ်သင်းချိုင်းမှာမြုတ်ထားတာ တလမပြည့်သေးတဲ့ သူ့အဖေအလောင်းပြန်ဖေါ်ပြီးလှိုင်သာယာထိန်ပင်သုဿန်ကို ဟိုင်းလက်စ်အမိုးဖြုတ်ကားနဲ့သယ်ပြီးပြန်မြုတ်ဖူးတယ်။ ဘုရင့်နောင်တံတားမှာကားတန်းစီးနေတုံးဟိုင်းလက်စ်နောက်မှာသေချာပတ်ပြီးသယ်လာတဲ့သူ့အဖေရုပ်အလောင်းကိုဘေးဘတ်စ်ကားပေါ်ကခရီးသည်တွေမြင်ပြီးထိတ်လန့်တကြားဝိုင်းအော်ကြတယ်သူငယ်ချင်းပြောပြဖူးတယ်။

သူနဲ့အတူပါလာတဲ့မိန်းကလေးအုပ်စုဘယ်သူမှသူတို့အဖိုးအလောင်းနားမကပ်ရဲကြဖူးတဲ့။ထိန်ပင်မှာအလောင်းပြန်မြုတ်တာသစ်ပင်အကွယ်ခပ်လှမ်းလှမ်းကဝိုင်းကြည့်နေကြတယ်တဲ့။ ကြံတောသင်းချိုင်းမဖျက်ခင်သင်းချိုင်းနဲ့မျက်နှာခြင်းဆိုင်ဟံသာဝတီလမ်းမပေါ်မှာအခေါင်းအမျိုးမျိုးအရောင်းဆိုင်ရှိတယ်။ နာရေးနဲ့သက်ဆိုင်တဲပစ္စည်းအရောင်းဆိုင်များရှိတယ်။နာရေးယပ်တောင်အမျိုးမျိုးအော်ဒါလက်ခံတဲ့ဆိုင်များရှိခဲ့တယ်။ နာရေးကားအမျိုးမျိုးရှိပြီး “ ဦးပန်ချာ” နဲ့ “ ဦးအေးမောင် ” နာရေးကားအငှားလုပ်ငန်းတရန်ကုန်လုံးမသိသူမရှိဘူး။ အင်္ဂလန်လုပ်အမေရိကန်လုပ်ဇိမ်ခံကားကြီးပေါ်မှာအလောင်းထည့်မှန်ခန်းကိုကျွန်းသစ်အကောင်းစားနဲ့တည်ဆောက်ထားပြီးမြန်မာ့ရိုးရာပန်းပွတ်ပန်းခက်ပန်းနွယ်အမျိုးမျိုးနဲ့နာရေးအသုဘကားကိုမွန်းမံပြင်ဆင်ထားတယ်။

နာရေးကားအကောင်းစားအများစုကအဲ့ဒီခေတ်သံရုံးလေလံကားများဖြစ်တယ်။ နာရေးကားအငှားပိုင်ရှင် “ ဦးပန်ချာ” သားနဲ့သူငယ်ချင်းများဟာညပိုင်းမှာနာရေးကားအလောင်းထည့်မှန်ခန်းနဲ့သစ်သားပန်းခက်ပန်းနွယ်များကိုဖြုတ်ချပြီးဇိမ်ခံကားအကောင်းစားကြီးနဲ့ညကလပ်များသွားလည်လေ့ရှိတယ်ရန်ကုန်မြို့မှာကောလဟလအတော်ပြန့်ခဲ့သေးတယ်။

ဦးပန်ချာနာရေးကားနဲ့ကုလားအသုဘချတာရန်ကင်းကံဘဲ့မှာမြင်ဖူးတယ်။ကုလားသူဋ္ဌေးအသုဘ၊တမေးလ်လား ဟိန္ဒူလားမသိဘူး။မှန်ခန်းထဲအခေါင်းမပါပဲအသုဘရုပ်အလောင်းကြီးဒီအတိုင်းထည့်ထားတာ။ ရုပ်အလောင်းပေါ်ပန်းတွေအုပ်ထားပြီးမျက်နာပဲပေါ်နေတယ်။ကုလားအသုဘချတာတီးဝိုင်းပါတယ်။ ထရန်းပက်စွဲစွဲငင်ငင်မှုတ်ပြီးဗုံတိုသံစည်းချက်ကျကျတီးမှုတ်ပြီးအသုဘချတာ။တီးဝိုင်းကနာရေးအသုဘကားအနောက်တန်းစီးလမ်းလျှောက်လိုက်တာ။ ဆေးရုံကြီးအရေးပေါ်မှာဆုံးတဲ့ပိုင်ရှင်မဲ့အလောင်းကိုအနားကရေခဲတိုက်ကိုပို့တာမြင်ဖူးတယ်။ နာရေးကားမှန်ခန်းထဲမှာအလောင်း ၄ – ၅ လောင်းကိုထပ်ပြီးပို့တာ။အလောင်းကိုညီညီညာညာမှန်ခန်းထဲစီထည့်ထားတာမဟုတ်ဘူး။ ဒီအတိုင်းပစ်ထည့်ထားတော့အလောင်းတွေကမှန်ခန်းထဲပိုးလိုးပက်လက်။ ဆေးရုံကြီးအရေးပေါ်ဘေးပေါက်ကနာရေးကားမှန်ခန်းထဲလှမ်းမြင်ပြီးလူအတော်အော်ဂလီဆန်သွားတယ်။

၂၀၀၁ ဇန်နဝါရီမှာ အခမဲ့နာရေးကူညီမှုအသင်းကြီးကို စာရေးဆရာဒါရိုက်တာ ဦးသုခဦးဆောင်ပြီး ဒေါ်သန်းမြင့်အောင် ရုပ်ရှင်မင်းသားကျော်သူလိုလူသိထင်ရှားပရဟိသမားများနဲ့တည်ထောင်ဖွဲ့စည်းခဲ့တယ်။ လူမျိုးဘာသာမရွေးနာရေးကိစ္စကို အဖိုးအခတစုံတရာကုန်ကျစရာမလိုပဲ အသင်းကြီးမှကူညီဆောင်ရွက်ပေးနေတယ်။အသင်းတည်ထောင်ပြီးချိန်မှနာရေးနှစ်သိန်းကျော်ကူညီပေးခဲပြီးဖြစ်တယ်။ ၂၀၂၁ မတ်လမှစပြီးလူမှုဝန်ထမ်းဦးစီးဋ္ဌာနမှအခမဲ့နာရေးကူညီမှုအသင်းကြီး၏နာရေးကူညီမှုများကိုဆက်လက်တာဝန်ယူထားပါတယ်။ အသုဘအခမ်းအနားကိုလွန်ခဲ့တဲ့နှစ်ပေါင်းငါးသောင်းခန့်ကပြုလုပ်ခဲ့ကြတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းတသောင်းခန့်ကသင်းချိုင်းကိုအစ္စရေးနိုင်ငံ Qafzeh ဒေသမှာရှာဖွေတွေ့ရှိခဲ့တယ်။

ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာကမ္ဘာ့ရှေးအကျဆုံးသင်းချိုင်းမြေကိုနယ်သာလန်နိုင်ငံမှာလည်းရှာတွေ့ခဲ့တယ်။သေဆုံးသူအသက်ရှိစဉ်သုံးစွဲခဲ့တဲ့ပစ္စည်းကရိယာများကိုတိရိစ္ဆန်အရိုးနဲ့အတူမြေမြုတ်သင်္ဂြလ်ခဲ့တာပါ။ (လွင်ဦး(ရန်ကင်း)

မြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ကျန်ရှိတော့သော နှစ်ပေါင်း၁၂၀ သက်တမ်းရှိ ကြမ်းခင်းပန်းချီနှင့် အနုလက်ရာမြောက် ရှေးဟောင်းသိမ်တော်

မြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ကျန်ရှိတော့သော နှစ်ပေါင်း၁၂၀ သက်တမ်းရှိ ကြမ်းခင်းပန်းချီ နှင့် အနုလက်ရာမြောက် ရှေးဟောင်းသိမ်တော်

(ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သံတံခါးကျေးရွာမှာ တည်ရှိပါတယ်) ”အုန်းနှဲမှာ အိမ်၊ သံတံခါးမှာ သိမ်၊ မိုးခိုင်မှာ လောင်း၊ နိဗ္ဗာန်မှာ ကျောင်း” ဆိုသည့် စာချိုးအရ နာမည်ကျော် ရှေးဟောင်း သံတံခါးသိမ်တော်ကြီးဆီသို့ တစ်ခါတစ်ခေါက် ရောက်ရှိခဲ့ပါတယ်။

အခုခေတ်အထိတိုင် ကုန်းလမ်းရေလမ်း လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်း၊ မိုးအခါ ရေကြီး၊ နွေအခါ ရေမရှိ၊ ဖုန်းလိုင်းမမိသည့် အရပ်ဒေသမို့ လွန်ခဲ့သော နှစ်ပေါင်း၁၂၀ခန့်က ဒီထက်မက ပိုမိုခေါင်ခိုက်နေလိမ့်ဦးမည်ဟု တွေးဆမိပါတယ်။ ဒီလိုခေါင်ခိုက်နေတဲ့ အရပ်ဒေသမှာ သဒ္ဒါတရားထက်သန်လှသည့် အလှူရှင်မိသားစုတစ်စုက ”သံတံခါးမှာ သိမ်” ဟု ဒေသခံတို့အတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျော်ကြားလာစေမည့် သိမ်တော်ကြီးတစ်ဆောင်ကို အနုပညာလက်ရာမြောက်စွာ အမွေထားရစ်ခဲ့ပါတယ်။

သံတံခါးသိမ်တော်ကြီးကို သံတံခါးရွာမှ မိခင်ကြီးဒေါ်ရွှေကြုကို အမှူးထား၍ မြေပိုင်ရှင် ကိုပိုခါး+ဇနီးမရင်၊ သား မောင်ရွှေဘ၊ သမီး မသိန်းရင် မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ၁၂၆၃ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၂၆၆ခုနှစ်တွင် အပြီးသတ်ခဲ့ခြင်းကြောင့် ၃နှစ်တာတည်ဆောက်ခဲ့ရသည့် သိမ်တော်ကြီးဖြစ်ပါတယ်။

သိမ်တော်ကြီး၏ အတွင်းအပြင်အနုလက်ရာများကို မန္တလေးမှ ပညာရှင်များကို ခေါ်ယူ၍ တန်ဆာဆင် တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။သိမ်တော်ကြီးကို ကျွန်းတိုင်လုံးများနှင့် တည်ဆောက်ထားပြီး မှန်စီရွှေချပညာရပ်အစွမ်းကို အပြည့်အဝအသုံးချထားသည့်နေရာဟု ဆိုနိုင်ပါတယ်။မှန်စီရွှေချအတွက် နိုင်ငံခြားဖြစ် ဖန်ရွဲလုံးများကို မှာယူအသုံးပြုခဲ့ခြင်းကြောင့် အရောင်အသွေးစုံလင်စွာနဲ့ အမြင်ဆန်းစေခဲ့ပါတယ်။

မန္တလေးမှပညာရှင်များက ဖန်ရွဲသီးများကို လိုအပ်သလို ဖြတ်တောက်ပြီး သူ့နေရာနှင့်သူ အချိုးအစားကျနစွာ အသုံးပြုထားပါတယ်။ဖန်ပြင်ညီများကို အကွေးအညွှတ်အခတ် အခုံးအချိုင့်အခွက်များ ပြုလုပ်ရာမှာ အပူအတွက် ဖယောင်းမီးတိုင်ကို အသုံးပြုပြီး ညအခါမှအလုပ်လုပ်ကြတယ်လို့ သိရတယ်။

သိမ်၏ နံရံ၊ မျက်နှာကျက်၊ ကျွန်းတိုင်လုံးများတွင် မှန်စီရွှေချများကို အပြည့်တန်ဆာဆင်ထားပြီး ကိုလိုနီခေတ်ဦးလက်ရာများဖြစ်သည့် စပျစ်နွယ်၊ မုဒရက်ပန်းနွယ်၊ သုံးပွင့်ဖတ်၊ ငါးပွင့်ဖတ်များနှင့် လူပျံတော်အရုပ်လေးများကို ထည့်သွင်းတန်ဆာဆင်ထားပါတယ်။မြန်မာ့ရိုးရာအရုပ်များအနေနဲ့ ဘီလူးခေါင်း၊ ခြူးရုပ်၊ ပဉ္စရူပ၊ နယားရုပ်၊ မျောက်ဘီလူးရုပ်၊ ဘီလူးခါးပြတ်၊ ဟသာ်ရုပ် အစရှိသည်တို့ကို သူ့နေရာနှင့်သူ အချိုးအစားကျနစွာ နေရာချထားထည့်သွင်းထားပါတယ်။သိမ်တော်ကို စတင်တည်ဆောက်စဥ်အခါက ကြမ်းခင်းပန်းချီများမှာ ကြမ်းခင်းအပြည့် ခင်းထားပါသော်လည်း အခုအခါ ပျက်ဆီးယိုယွင်းမှုများကြောင့် လစ်လပ်သွားသောနေရာတွင် ခေတ်သစ်အလှူရှင်များ၏ အခင်းကြွေပြားများ အစားထိုးခြင်းကို ခံနေရပြီး သိမ်တော်အတွင်းရှိ ဘုရားအရှေ့မှာသာ အနည်းငယ်ခန့် ကျန်ပါတော့သည်။ မြန်မာနိုင်ငံတွင် တစ်ခုတည်းသာ ကျန်တော့သည့် နောက်ဆုံးကြမ်းခင်းပန်းချီလက်ရာဖြစ်တာမို့ ပညာရှင်များ အချိန်မှီထိန်းသိမ်းသင့်လှပါသည်။

၁၂၆၆ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော သံတံခါးသိမ်တော်ကြီးသည် နှစ်ပေါင်း၁၂၀ပြည့်ရန်အတွက် ၂နှစ်သာလိုပါတော့သည်။ အနုပညာလက်ရာမြောက် မှန်စီရွှေချလက်ရာများ၊ မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရစ်သော တစ်ခုတည်းသော ကြမ်းခင်းပန်းချီလက်ရာများဖြင့် သမိုင်းတန်ဖိုးကြီးမားလှစွာသော သံတံခါးသိမ်တော်ကြီးကို ဝိုင်းဝန်းထိန်းသိမ်းပြုပြင်ပေးကြဖို့အတွက် မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါသည်။ ခက်ခဲကြမ်းတမ်း လမ်းကြမ်းကြမ်းကို မရောက်ရောက်အောင် ဆိုင်ကယ်တစ်စီးနဲ့ လိုက်လံပို့ဆောင်ပေးတဲ့ ကို Phoe Chun ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

မူရင်း ကို NwayOoMaung အားလေးစားစွာဖြင့် ခရက်ဒစ် / နော်ဂဲလယ်ထူး ထံမှ ပြန်လည်မျှဝေပါသည်။

မြန်မာစကားတွေဖြစ်တဲ့ “ကြာကြည့်ကြည့်တယ်”၊ “ကြာခိုတယ်”၊ “ကြာကူလီ” စတဲ့ စကားတွေ ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ

မင်းတုန်းမင်းကြီး ခမျာ မိဖုရား ၊ မောင်းမ၊ မိဿံ ကိုယ်လုပ်တော်တွေက ၁၉၆ ယောက်။ တစ်နှစ်ကို ၃၆၅ ရက်။ တစ်နှစ်နေလို့ မိဖုရားတစ်ပါးဆီ နှစ်ကြိမ် ဆောင်တော်ကူး နိုင်ဖို့တောင် မလွယ်။ “ဆောင်တော်ကူး” ဆိုတဲ့စကားကလည်း အဲ့သည်မှာ အစပြုခဲ့တာ။ ယောက်ျားများ မိန်းမရှုပ်ပြီဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောချင်တဲ့အခါ “ဆောင်တော်ကူး” နေပြီလို့ ပြောကြတယ်။ တစ်ချို့ မောင်းမငယ်၊ ကိုယ်လုပ်တော်ငယ်တွေများ ဘုရင့်အနားမှာ တော်ကောက်ခံရ ၊ လာဘ်ထိုးခံရ၊ ဆက်သခံရလို့သာ ရောက်လာကြတာ…ဘာမှ,ကို နားလည်သေးတာ မဟုတ်။ ဒီတော့လည်း …လူပျိုတော်သား တချို့နဲ့ ငြိစွန်းကြတာပေါ့။ မင်းတုန်းမင်းကြီး သိတော့ အမိန့်ထုတ်လိုက်တယ်

“အနောက်ဆောင်သို့ ကူးသော ယောက်ျား ဟူသမျှ သတ်စေ”….ဆိုပြီး တစ်ချက်လွှတ် အမိန်တော် ထုတ်ပြန်လိုက်တယ်။ အဲ့ဒိနောက် …လူပျိုတော်သားတွေကလည်း ဘာရမလဲ မိန်းမလို ဝတ်ပြီး အနောက်ဆောင်ကို ဝင်ကြ ထွက်ကြသပေါ့။ မင်းတုန်းမင်းကြီး သိသွားပြန်တော့ အမိန့်ထပ်,ထုတ်လိုက်တယ်။ အနောက်ဆောင် အဝင်မှာ သစ်သားဘောင်ကို တန်းထိုးစေပြီး “အနောက်ဆောင် အဝင် ၊ အထွက်ပြု သူဟူသမျှ ထို ဘောင်တန်းမှ ကျော်ခွ၍ ဝင်စေထွက်စေ”…ဆိုပြီး အမိန့်ထုတ်လိုက်ပြန်တယ်။

ဘောင်တန်းအား …သင်းကွပ် ( ဟိုအစေ့ အထုတ်ခံထားရသောမင်းမှုထမ်း) ဓားထမ်း နှစ်ဦးမှ နေ့ ညဉ့်မပြတ် ခစား ထမ်းရွက်စေပါတယ်။ ရှေးတုန်းက အမျိုးသမီးတွေ ဝတ်တဲ့ ထဘီ ဆိုတဲ့ဟာကလည်း ဗြန့်ထဘီ(အကွင်းမဟုတ်)သိတော်မူတဲ့ အတိုင်းပဲ။ ဘောင်တန်းကို ခွကျော်လိုက်တာနဲ့ ဒူးအထက် ပေါင်တွင်းသားကို လှစ်ကနဲ မြင်ရသတဲ့။ ရှေးခေတ် ယောက်ျား ဆိုတာကလည်း ထိုးကွင်းမင်ကြောင်က ဒူးအထက် ပေါင်တံတစ်လျှောက်အပြည့်ထိုးထားရတာဆိုတော့ကား ဘောင်တန်းကို ခွကျော်လို့ ပေါင်တွင်းသားကို လှစ်ကနဲ မြင်ရတဲ့ချိန် ထိုးကွင်း မင်ကြောင် မြင်တာနဲ့ သင်းကွပ် အစောင့်များက ဖမ်းသတ်လိုက်ရော။

အဲ့သည်က အစပြုလို့…အချင်းချင်းပြဿနာ တစ်စုံတစ်ရာတက်ကြရင်…”ဟေ့ကောင်….မင်း စကားပြောတာ ကြည့်ပြော” “ဘောင်ကျော် မလာနဲ့…တန်းကျော် မလာနဲ့” “မင်း စကားတွေက ဘောင်ကျော်နေပြီ။ သေသွားမယ်။ ငါ့ ဘာမှတ်နေလဲ” ဆိုတဲ့ စကားပေါ်လာပြန်ရော။ အချစ်ဆိုတာကလည်း ခက်တယ် ခိုးစားရတဲ့ အသီးက ပိုချို တယ်ဆိုတဲ့ စကားအခံက ရှိနေလေတော့ လူပျိုတော်သားအချို့ဟာ အတော် ဒုက္ခများကုန်တယ်။ မိန်းမလို ဝတ်ပြီးတော့ အနောက်ဆောင်ကို ၀င်လို့ကလည်း မရတော့ဘူးလေ။ ဒါပေမဲ့…လူဆိုတာ ကြံရင်း သေရတယ်မို့လား မောင်းမ ကိုယ်လုပ်တော်တွေ ရေချိုးတော့ နန်းတော်ဆောင်ရဲ့ မြောက်ဘက်မှာ မြောက်ဥယျာဉ်တော်ကန်တောင်ဘက်မှာ ဘုတ်တလုတ်ကန် ရှိတယ်။

အဲသည်ကန်တွေက အခုသာ ဘာမှ မရှိတာရယ် ဘုရင်ခေတ်တုန်းက ပန်းမန်ဥယျာဉ်တွေနဲ့ အတော်လေးသာယာဆိုပဲဗျ။ ကန်ထဲမှာကလည်း ကြာမျိုးစုံပန်း တွေနဲ့ ဝေဆာလှပပြီးနေတာပေါ့။ အခုပြောချင်တာက သည်မှာ စတာပဲ။ မောင်းမ ကိုယ်လုပ်တော်တွေ ရေချိုးဆင်းချိန် နီးရင် လူပျိုတော်သားတွေက ရေကန်ထဲက ကြာရွက်တွေ အောက်မှာ ပုန်းရင်း စောင့်နေကြရတယ်။ မောင်းမ ကိုယ်လုပ်တော်တွေက ကြာရွက်အောက်က စောင့်နေဖို့ပြောလို့မလွယ်လို့ မျက်စောင်းကလေးထိုးပြီး မျက်နှာရိပ် မျက်နှာကဲနဲ့ အချက်ပြတာကို “ကြာကြည့် ကြည့်တယ်”လို့ပြောကြတယ်။ မောင်းမတွေ ရေထဲဆင်းပြီ ဆိုတော့မှ…ဆိုင်ရာ ဆိုင်ရာ ကြာရွက်အောက်မှာ ခိုပြီး ချိန်းတွေ့ကြရသပေါ့လေ။ အဲသလို…အဲသလို ကြာရွက်အောက်မှာ ခိုပြီး ချိန်းတွေ့ကြရာကနေပြီးကြာခို တယ် ဆိုတဲ့ စကားလုံး ပေါ်လာရတယ်။ အဲသလို ကြာရွက်လေးအောက် ခိုရင်း မောင်းမတွေနဲ့ ကူလီကူမာ စကားတွေ ဆိုကြရာက..”ကြာကူလီ” ဆိုတဲ့ စကားလုံး ပေါ်လာခဲ့ပါကြောင်းခင်မျာ..

သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမယ့် ရေစကြိုမြို့နယ်ကရှေးဟောင်း ရွှေဆင်းတုဘုရား

သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမဲ့ ရှေးဟောင်းရွှေဆင်းတုဘုရားမကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်)ရဲ့ အမွေအနှစ်တွေထဲကတစ်ခု။

သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့်ရမယ်။ ဘုရားကို ဖူးမြော်ဖို့ဆိုရင် ဂေါပက ၅ယောက်ဆုံပြီး သော့ငါးချောင်းနဲ့ပထမတဆင့်ကိုဖွင့်ပြီးမှ ဒုတိယတံခါးက သော့သုံးချောင်း ကိုထပ်ဖွင့် အဲ့လိုဖွင့်ပြီးမှ ဘုရားရှင် စံမြန်းတဲ့ မီးခံသေတ္တာဆီရောက်ပါတယ်။

အကြိုက်ဆုံးကတော့ ပထမဆုံးပုံမှာ ပြထားတဲ့ မီး‌ခံသေတ္တာတံခါး။ ရှေးတံခါး သော့ငါးချောင်းလုံး ထည့်ပြီးမှ lock တွေ တစ်ခုခြင်းလိုက်လှည့်ပြီး အားလုံးစုံမှပွင့်တာ။

နှစ်ပေါင်းများစွာကြာပြီ ခုထိမပျက်မစီးကျန်ပါတယ်။သုံးလို့လဲရတယ်။ တကယ့်စက်မှုအမွေအနှစ်တစ်ခုပဲဖြစ်ပါတယ်။ ကျနော်တို့ဖူးနိုင်ဖို့ အတွက် ငါးယောက်လုံးစုံအောင် စုဝေးရင်း အလုပ်ရှုပ်သွားခဲ့ရတဲ့ ဂေါပကလူကြီးမင်းများကို ကျေးဇူးအထူးတင်ပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်)ရောက်ခဲ့ရင် ဓမ္မမိတ်ဆွေများ ရှေးဟောင်း အမွေအနှစ်တွေထဲကတစ်ခု ​ဖြစ်သော ရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့်ရနိုင်ကြပါစေ ခင်ဗျာ…

ခရက်ဒစ်… လောကပါလ

Sai Min Thant ထံမှ ထပ်ဆင် ပြန်လည်မျှဝေပါသည်

ရန်ကုန်ရဲ့ အမှတ်တရတွေ များစွာရှိခဲ့တဲ့ ယခင်နေရာတွေဟာ အခု ဘယ်နေရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီလဲ

ရန်ကုန်ရဲ့ အမှတ်တရတွေ များစွာရှိခဲ့တဲ့ ယခင်နေရာတွေဟာ အခု ဘယ်နေရာတွေ အဖြစ် ပြောင်းလဲသွားခဲ့ပြီလဲ

တံတားလေး စိတ္တဇဆေးရုံက Kabaraye Vila တဲ့။ ကြံတောသုသာန်က Time City တဲ့၊ Juntion Square တဲ့။ မအူကုန်းအမှိုက်ပုံက Yuzana Plaza တဲ့။ ဝိဇယရုပ်ရှင်ရုံက CB bank တဲ့။ ကုန်တိုက် (၁) က Ruby Martတဲ့။ ဗန္ဓုလလမ်းနဲ့သိမ်ဖြူလမ်းထောင့်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်က UFC တဲ့။ အလုံအမှိုက်ပုံက ALONE TOWER တဲ့ ။ ကိုးမိုင်တရုပ်သချို င်္င်းက 9 mile Ocean တဲ့ ဝိတိုရိယဆေးရုံတဲ့။ သာကေတ ဝက်စုရေကန် အမှိုက်ပုံက Fortune Plaza တဲ့။ သုဝဏ္ဍပေါ်ဆန်းမွှေးလမ်းက လူသုံးကုန်ပစ္စည်းစက်ရုံက ONE Entertainment တဲ့။

တာမွေမွတ်စလင်သချို င်္င်းက Tamwe Ocean တဲ့။ ဗန္ဓုလလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့်က မိလ္လာကန်က Bo Myat Htun Condo တဲ့။ ဗိုလ်ချုပ်စျေးသစ်က juntion city တဲ့။ အင်းယာလမ်းက ကတ္တရာစေးတိုင်ကီတွေထားတဲ့ စည်ပင်ဝင်းက Sakura Residence တဲ့။ ကျိုက္ကဆံ ကပရ ကားကွင်းကြီးက Super One တဲ့။ မော်တင်စျေးက Junction Mawtin တဲ့။ စိန်ဂျွန်းစျေးက City Mall တဲ့။ စက်မှု(၁)ဝန်ကြီးဌာနဝင်းက Myanmar Plaza တဲ့ Melia Hotel တဲ့။

ပြည်လမ်းက စက်မှုလယ်ယာက NOVOTALတဲ့။ ဆင်ဖြူရှင်ရိပ်သာက Lottel Hotel တဲ့။ ဆေးဝါးသုတေသနက The CENTRAL တဲ့။ ဆောက်လုပ်ရေးရုံးချုပ်က Prime Hill Business Square တဲ့။ ၆ ထပ်ရုံးက Strand Square တဲ့။ အင်းစိန်လမ်းမပေါ်က ဆင်ချေးတုံးဆပ်ပြာစက်ရုံက Gem Condo တဲ့။ ဘားလမ်းထိပ်က လဝကရုံးက ဧရာဝတီဘဏ်။ နန်းသီတာဆိပ်ကမ်းက Junior Duck တဲ့။ နား နှာခေါင်း လည်ချောင်းဆေးရုံက MAX Office တဲ့။ ပြည်သူ့မုန့်တိုက် ပပဝင်းရုံ ဂုဏ်ရုံ လက်ရွေးစင်ကဖီး

ဆူးလေပန်းခြံ က Sule Shangrila တဲ့ Sule Square။ ရှမ်းခေါက်ဆွဲဆိုင် ဝင်းဆံသ ပဉ္စသိင်္ခတေးသံသွင်း ဂိုးရှိုးစတိုးတွေရှိတဲ့ လှည်းတန်းအဝိုင်းက Hledan Centre တဲ့။ရဲရင့်ရုံက Sakura Tower တဲ့။ River View Condo တဲ့။ တပင်ရွှေထီးရုပ်ရှင်ရုံက Dagon Center 2 တဲ့။ မြေနီကုန်းစျေးက Dagon Center 1 တဲ့။ ဆင်မလိုက်အဝေးပြေးဂိတ်က ဂရင်းဟံသာဆေးရုံကြီးတဲ့။ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ်က သီရိမင်္ဂလာစျေးက Happy World တဲ့။ ၈မိုင်လမ်းဆုံက ရန်ကုန်တိုင်းစစ်ဌာနချုပ်က Yangon City Hotel တဲ့။ သုဝဏ္ဍလမ်းဆုံနားက ကော်ဇောစက်ရုံက သုဝဏ္ဍဘူမိတဲ့။

မြန်မာ့အသံက MRTV4 တဲ့။ ဝင်းသူဇာ အရောင်းဆိုင်က Pyay Garden တဲ့။ ဟာမစ်တစ် ပျားဂေဟာကပုလဲကြန္ဒိုမီနီယမ္တဲ့။ ရဲမော်တော်ယာဉ်ဌာနက ဆီဒိုးနာဟိုတယ်တဲ့။ဘောင်ဒရီလမ်းက စစ်ကြောရေးနဲ့တည်းခိုရေးက မားကက်ပလေ့စ် တဲ့။ ရွှေတိဂုံဘုရား နောက်ဘက်မုဒ်လမ်းတစ်ဖက်ခြမ်းက ဂေါက်ကွင်းပတ်ဝန်းကျင်က ပြည်သူ့ဥယျာဉ် တဲ့။ဗိုလ်ရှုသဘင်က လွှတ်တော်အဆောက်အအုံ (ယခု ရန်ကုန်တိုင်းဒေသကြီးရုံး)တဲ့။ သိမ်ဖြူတင်းနစ်ကွင်းက ပထမတော့ ကားမောင်းသင်ကွင်းတဲ့ အခုကျပြန်တော့ ကန်သာယာကွန်ဒို နဲ့ Shopping Mall တဲ့ Wyndham Grand hotel တဲ့ ။ သတ္တုတွင်းဝန်ကြီးဌာနက ရန်ကင်းကလေးဆေးရုံတဲ့။ စမ်းချောင်းလမ်းမပေါ်က ရေခဲစက်ကစမ်းချောင်းကွန်ဒိုတဲ့။ ဦးဝိစာရလမ်းမပေါ်က ဒဂုံရဲစခန်းက စစ်ဆေးရုံတဲ့။ ပါရမီလမ်းထောင့် ကပရဌာန(၃)ခု တစ်ဆက်တည်းRTCဝင်းကြီးက ရွှေမန်းသူကားဂိတ်တဲ့INNO CITY တဲ့။

ပန်းဆိုးတန်းလမ်း ကုန်သွယ်လယ်ယာက Shwe Bank တဲ့။ ထီးကိုးလက်ဘေးက စိုက်ခင်းတွေက MICT Park တဲ့။ ဒဂုံ(၁)ရှေ့က စစ်ရုံးက ယုဇနဟိုတယ် တဲ့။ ယောက်လမ်းထောင့်က Auto Car က Park Royal Hotel တဲ့။ သမတဟိုတယ်က G Hotel တဲ့။ ဗိုလ်ချုပ်လမ်းပေါ်က ကုန်းလမ်းပို့ဆောင်ရေးရုံးကKFC တဲ့။ ဒဂုံမြို့နယ်တရားရုံးက အမျိုးသမီးစွမ်းဆောင်ရှင်အသင်း အဆောက်အအုံတဲ့ ။ သဂီ င်္ရွှေရည်ဓါတ်ပုံတိုက်တဲ့။ ရေကူးထပ်ဆင့်အသံလွှင့်ရုံက forever group တဲ့။ မယ်လမုဘုရားတစ်ဖက်ကမ်းက လယ်ကွင်းတွေက မြောက်ဒဂုံမြို့သစ်တဲ့။ ပေါက်တောသခ်ျိုင်းက မုဒိတာအိမ်ယာ အမှတ် ၂ တဲ့။ ကြည့်မြင်တိုင်ဗားကရာသဲကွင်းက Asia World ဆိပ်ကမ်းတဲ့။ ပြည်လမ်းပေါ်က ရဲရိပ်သာက Taw win Center တဲ့။ သင်္ဃန်းကျွန်းစျေးက AKK Shoping Mall တဲ့။ ရန်ကင်း CMAရုံးက Golden City တဲ့။

ကန်ဘဲ့သခ်ျိုင်းက စည်ပင်အဆင့်မြင့်အိမ်ယာတဲ့။ တာမွေသခ်ျိုင်းက ရွှေထွတ်တင် Sky Star, ILBC , Polo Club, Morning Star ,ကားပွဲစားတန်း တဲ့။ ဗညားဒလလမ်းနဲ့ဗျိုင်းရေအိုးစင်လမ်းထောင့်က တရုတ်သင်္ချိုင်းက နားနှာခေါင်းလည်ချောင်းဆေးရုံ တဲ့။ တာမွေထိပ်က မရိုးဆန်းရုပ်ရှင်ရုံက Moon Bakeryတဲ့။ တာမွေအခွန်လွတ်စျေးက အာယုဆေးရုံတဲ့။ တာမွေစျေးဟောင်းက တာမွေပလာဇာတဲ့။ ရွှေဗဟိုရ်ရုပ်ရှင်ရုံက MEGA ACE တဲ့ ။ မြန်မာ့ဂုဏ်ရည်လမ်းနဲ့ဗိုလ်မင်းရောင်လမ်းကြား စည်ပင်ဝင်းကြီးက ဂမုန်းပွင့် တဲ့။ မင်္ဂလာတောင်ညွန့်မြယာကုန်းလမ်း တရုတ်သချိုင်္င်းက ရွှေမြယာအိမ်ရာတဲ့။ စက်ရုံလမ်းထိပ်ကသချိုင်္င်းကများမီးလောင်သွားတဲ့ မင်္ဂလာစျေးတဲ့။ ဘာပဲဖြစ်ဖြစ် တခါက ရန်ကုန်ကို ပြန်ငဲ့ကြည့်မိတာပါ။ မီသူ သိသူတွေအတွက် အမှတ်ရစရာလေးတွေပေါ့။

တခြားကျန်ခဲ့တဲ့ဟာလေးတွေ ရှိရင်လည်း ထပ်ဖြည့်ပေးပါဦး။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် / နော်ဂဲလယ်ထူး (စာပေပရဟိတ) ထံမှ ပြန်လည်မျှဝေပါသည်။

ထိုင်းတွေရဲ့ ကုမာန်ထောင်(သို့)အသက်သွင်းထားသော ကလေးအရုပ်လေးများ

ထိုင်းတွေရဲ့ ကုမာန်ထောင် (သို့) အသက်သွင်းထားသော ကလေးအရုပ်လေးများ

မူရင်း Tharr Oo’s Days On Earth ရေးသားသည်။

စာရှည်ရှည်မရေးဖြစ်တာကြာပြီဆိုတော့ဒီရက်ပိုင်းလူတွေတော်တော်စိတ်ဝင်စားနေတဲ့ထိုင်းကလာတဲ့ကလေးအရုပ်ကလေးတွေအကြောင်းသေချာသိချင်နေသူတွေအတွက် ကျွန်တော်ကြားမိဖတ်မိသိသလောက်လးရေးလိုက်ပါတယ်။ ယိုးဒယားခနခနရောက်ဖူးတဲ့သူတွေဆို သူတို့ဆီက စားသောက်ဆိုင်တွေ ဈေးဆိုင်တွေ ကုန်စုံဆိုင်တွေ ရွှေဆိုင်တွေ ရဲ့ကောင်တာမှာ တကယ့်ကလေးနဲ့တူတဲ့အရုပ်လှလှလေးတွေကိုရွှေတွေငွေတွေဆင်ပေးထားပြီးတင်ထားတာတွေ့ဖူးတဲ့သူရှိမှာပါ။

ကျွန်တော်ကိုယ်တိုင်လဲ tour လိုက်ရင်း ညဈေးတန်းက ဆိုင်တစ်ဆိုင်မှာ တွေ့ဖူးလို့အသေအချာလေ့လာကြည့်ခဲ့ဖူးတယ်။ ဒီအရုပ်လေးတွေကို အလှသပ်သပ်ထားကြတာမဟုတ်ပါဖူး။အိမ်ကကလေးတွေဆော့တဲ့သာမန်အရုပ်တွေလဲမဟုတ်ပါဖူး။ တကယ့်ကလေးငယ်အရွယ်အတိုင်း လှပကြတဲ့ဒီကောင်လေး ကောင်မလေး အရုပ်လေးတွေထဲမှာ တကယ့်ကလေးဝိညာဉ်တွေကို ချုပ်နောင်ပြီး ထည့်ထားကြတဲ့ ထိုင်းလို ကုမာန်ထောင်ကလေးနတ်အဆောင်အရုပ်တွေပါ။ ထိုင်းတွေကနတ်ကိုးကွယ်တဲ့နေရာမှာသိပ်ကိုကြောက်စရာကောင်းအောင်အယူသည်းကြပါတယ်။ အောက်လမ်းစီရိလိုက်စားမှုကိုလဲသူများနဲ့လုံးဝမတူပဲတဖက်ကမ်းခတ်ထူးချွန်တဲ့သူတွေပါ။

ဒီကုမာန်ထောင်တွေကိုထိုင်းကနာမည်ကြီးအောက်လမ်းဆရာကြီးတွေ လောကီအစီအရီကျွမ်းကျင်သူတွေက အဓိကလုပ်ကြပါတယ်။ထိုင်းတွေရဲ့အယူအဆတစ်မျိုးကကိုယ်ဝန်ဆောင်သည်သေဆုံးရင်အင်အားအကြီးဆုံးအရက်စက်ဆုံးငိုကြွေးမုန်တီးနေတတ်တဲ့သရဲဖြစ်ကြတယ်ဆိုတာပါပဲ။ဒါကြောင့် ကုမာန်ထောင်တွေကို ပျက်ကျသွားတဲ့သန္ဓေသား ဒါမှမဟုတ် မွေးကာစကလေးတွေကိုစတေးပြီးလုပ်ခဲ့ကြပါတယ်။အရုပ်ကိုယ်မှာ အင်းထိုးပြီး ကလေးဝိညာဉ်လေးတွေကိုချုပ်ထားကြပါတယ်။ရှေးတုန်းကကုမာန်ထောင်စီရင်နည်းကတော့ကြောက်စရာကြီးဗျာ။

စီရင်မဲ့သူ အရမ်းအဆင့်မြင့်တဲ့အောက်လမ်းဆရာလိုတယ်။ဒီဆရာက ညသန်းခေါင်မှာ ကိုယ်ဝန်ဆောင်မိန်းမကိုမြှုပ်ထားတဲ့နေရာဆီသွားပြီးတယောက်ထဲအလောင်းကိုဖော်ရတယ် ပြီးတော့ ဗိုက်ခွဲပြီး သန္ဓေသားကို ယူတယ်။ပြီးတာနဲ့ ကလေးအမေ သရဲမရှာလို့မတွေ့မဲ့လုံခြုံတဲ့နေရာကိုသွားပြီး တညလုံး ဒီသန္ဓေအလောင်းကို ခြောက်ပီးကြုံ့သွားတဲ့အထိ မီးမြိုက်ရင်း ဂါထာတွေရွက်ပီးစီရင်ရတယ်တဲ့။ တွေးကြည့်တာနဲ့တောင် အတော်ကြက်သီးထစရာကောင်းနေပြီဗျာ။ ဆိုတော့ ဒါကလွန်ခဲ့တဲ့ အယုဒယမပေါ်ခင်နှစ် 500 ထဲက ရှိခဲ့တာပေါ့။

အခုခေတ်တော့ ဘယ်လိုစီရင်လဲမသိပေမဲ့ အရင်ကလိုတော့မလုပ်ကြတော့ဖူးပြောကြတယ်။ကျွန်တော်ကိုယ်တိုင်တွေ့တုန်းကတော့ ထိုင်းကဆိုင်ပိုင်ရှင်ကအရုပ်ကလေးကို သူ့ကလေးလေးအတိုင်းခေါင်းလေးပွတ်လိုက် နမ်းလိုက်နဲ့စီးပွားတက်တဲ့အကြောင်းတွေတောင်ပြောပြနေသေးတယ်။ဒီအရုပ်လေးတွေရဲ့ထူးခြားချက်က မျက်လုံးတွေပါ။အရမ်းအသက်ဝင်ပါတယ်။တချို့ဆိုအရုပ်ကဆံပင်တွေကိုတောင် လူအစစ်ရဲ့ဆံပင်နဲ့လုပ်ထားတယ်ကြားဖူးတယ်။ဒီအရုပ်ကလေးတွေကို တကယ့်ကိုယ့်ကလေးလို ချစ်ခင်မယ်ကြင်နာမယ်စောင့်ရှောက်မယ်ဆို အိမ်လုံခြုံတာစီးပွားတက်တာ ထီဆုကြီးပေါက်တာ အပြင်အကြားအမြင်အတိတ်နမိတ်နဲ့ အနာဂတ်ကိုလဲကြိုပြောပြတယ်လို့ဆိုကြတယ်။

ဒီကလေးအရုပ်လေးတွေကို ကလေးအတိုင်းဆင်ပေးရတယ် မုန့်ကြွေးရတယ်တဲ့။ပွေ့ဖက် နမ်းရှုပ်ချော့မြူပေးရင် အရမ်းသဘောကျကြတယ်ဆိုပါတယ်။ အရုပ်ဈေးတွေကမပေါ့ဖူးဗျ ထိုင်းဘတ်ငွေကို သိန်းချီကျော်တယ်။ ကလေးကနေနတ်ဖြစ်လို့ အန္တရာယ်မရှိဖူး ဒုက္ခမပေးနိုင်ဖူးဆိုပေမဲ့ ကျွန်တော့်ကတော့ အရုပ်ကိုမြင်တာနဲ့တကယ်ကျောချမ်းစရာကြီးပါ။ ထူးဆန်းထွေလာ clip တခုမှာဆို အနောက်တိုင်းကစုံတွဲ တတွဲက ထိုင်းကနေချစ်လို့ဝယ်သွားတဲ့ကုမာန်ထောင် အရုပ်မလေးက ညဆိုရင် လမ်းထ လျှောက်တာတွေ နောက်ဖေးက မုန့်တွေခနခနပျောက်ပြီး အရုပ်နားရောက်နေတာတွေ cctv မှာတွေ့ရတဲ့အရုပ်ကိုယ်တိုင်နေရာရွေ့တာတွေကြောက်လို့တနေရာရာမှာ သွားပစ်တဲ့အခါ နောက်နေ့အိမ်ပြန်ရောက်နေတာတွေအကြောင်း ပြောပြတာကြည့်ဖူးပါတယ်။ ထိုင်းမှာဆို ဒီကုမာန်ထောင်ကြောင့် ကိုယ်ဝန်ဆောင်တွေသေဆုံးမှုသတ်ဖြတ်မှု မွေးကင်းစကလေးခိုးမှု ပျက်ကျကလေးအလောင်းရောင်းစားမှုတွေကို နှစ်တိုင်းတော်တော်ဖမ်းဆီးမိတယ်လို့ဖတ်ရတယ်။

မြန်မာတွေမှာလဲမနှဲလေးကိုကြက်ဥဆက်တယ်ဘာညာဆိုပေမယ့် ထိုင်းတွေကတော့တကယ့်ကိုသည်းသည်းလှုပ်အတည်ကြီးတွေလို့မြင်တယ်။ မည်သို့ပင်ဆိုစေ ဘဝကူးမဲ့ ဝိညာဉ်ကိုဖမ်းချုပ်ပီးအရုပ်ထဲထည့်ထားပြီး ကိုယ်ကျိုးအတွက်အသုံးချတယ်ဆိုထဲက မကောင်းဖူးလို့ကျွန်တော်ကတော့သတ်မှတ်တယ်ဗျာ။

Credit – သားဦး

ထိုင်းလူမျိုးတွေ ထိုးလေ့ရှိတဲ့ ထိုင်းရိုးရာ တက်တူးများ

ထိုင်းရိုး ရာတက်တူးကို Sak Yant လို့ခေါ်ပြီးစွမ်းအားနဲ့ ကာကွယ်မှု ရဖို့၊ကံကောင်းစေဖို့ အတွက် ခန္ဓာကိုယ်မှာတက်တူးကိုထိုးကြပါတယ်။ Sak Yant တက်တူးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက တရုတ်အနောက်တောင်ပိုင်းနဲ့ ဗီယက်နမ် အနောက်မြောက်ပိုင်းက Tai လူမျိုးစုတွေမှာ စထိုးခဲ့ကြတာဖြစ်ပါတယ်။

Sak ဟာ ထိုင်းလို တက်တူး ဖြစ်ပြီး Yant ဟာ Sanskrit စကားလုံး Yantra ရဲ့ ထိုင်း အသံထွက် ဖြစ်ပါတယ်။ Yantra ဟာ တရားထိုင်ရာမှာ သုံးတဲ့ ဘာသာရေး ရုပ်ပုံ ဖြစ်ပါတယ်။ Sak Yant တက်တူးကို ထိုင်း ရိုးရာ တက်တူး သို့မဟုတ် ဝါး တက်တူးလို့လည်း ခေါ်ကြပါတယ်။ တက်တူးမှာ ဂျီဩမေတြီ ၊ တိရိစ္ဆာန်နဲ့ နတ်ဘုရားတွေနဲ့အတူ စွမ်းအားတွေ ရရှိစေတဲ့ ပါဌိစာသားတွေ ပါပါတယ်။ Sak Yant ကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာလည်း ထိုးကြပေမယ့် လက်ရှိမှာ ထိုင်းမှာပဲ အဓိက ထိုးလာကြပါတယ်။ အိမ်နီးချင်းတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့မှာလည်း အနည်းငယ် ထိုးကြပါတယ်။

Sak Yant စတိုင် တက်တူးတွေရဲ့ အခြေခံ Sak Yant တက်တူး ဒီဇိုင်းများစွာ ရှိပြီးတော့

-Round Yant : ဗုဒ္ဓရဲ့ မျက်နှာကို ကိုယ်စားပြုပါတယ်။

-Triangular Yant : ဘုရား၊ တရား ၊ သံဃာကို ကိုယ်စားပြုပါတယ်။

-4-sided Yant : ကမ္ဘာ၊ ရေ၊ လေနဲ့ မီး တို့ကို ကိုယ်စားပြုပါတယ်။

-Pictorial Yant (Animalistic) : လူ၊ နတ်သမီးနဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေ ပါဝင်ပါတယ်။

-Onk Pra : ဗုဒ္ဓဘုရားကို ကိုယ်စားပြုပါတယ်။

-Sun Symbol (The Small Circle) : ဒါကို Yant ဒီဇိုင်းများစွာမှာ တွေ့ရပါတယ်။

နေ့ဘက်မှာ နေမင်းဟာ အလင်းရောင် စွမ်းအားပေးသလို လူတွေမှာလည်း အလားတူ စွမ်းအားတွေ ရရှိစေတဲ့ အဓိပ္ပါတယ် ဖြစ်ပါတယ်။ ဒါတွေဟာ Sak Yant တက်တူးရဲ့ အခြေခံတွေ ဖြစ်ပြီး တက်တူး ဒီဇိုင်းနဲ့ အဓိပ္ပါယ်များစွာ ရှိပါတယ်။

-မူရင်း ဘန်ကောက်လမ်းညွန်ကိုစိုင်း ရေးသားထားသည်ကို ပြန်လည်မျှဝေပါသည်။

ကိုလေးဖြူတို့ အင်းထဲက “နက္ခတ် များနှင့် အင်းသားရိုးရာ တက်တူး”

သူ့နာမည်က ဦးကျော်စိုး၊ အသက်အားဖြင့်၆၅နှစ်ရှိတဲ့ အင်းသားရိုးရာတက်တူးသမားကြီး။ သူ့ရဲ့အဖေလက်သမား ဆရာကြီးဦးမောင်ဆီကနေ အင်းသားရိုးရာတက်တူးပညာကို ညီအကို နှစ်ယောက်ကပညာအမွေရခဲ့တာပါ။ ရှေးခေတ်ကဆို ဒီပညာရပ်နဲ့ ဖန်တီးတဲ့ဆေးမင်ကြောင်ဆိုတာ တကယ့်ကိုအစွမ်းထက်တဲ့လက်နက်အဖြစ် ကိုယ့်ကိုယ်ကိုကာကွယ်မူ့အနေနဲ့ ကိုးကွယ်ယုံကြည်ထိုးခဲ့ကြတာဖြစ်တယ်။ ယောကျာ်းပီသခြင်းရဲ့ရုပ်သွင်တစ်ခုအဖြစ်လည်းဂုဏ်ယူဝင့်ကြွားကြတာမဟုတ်လား။

ပီယဆေးအဖြစ်ထိုးချင်သူတွေကလည်း အဝင်နက္ခတ်ကြုံတဲ့နေ့နေကိုကြည့်ပီးအစီအရင်နဲ့ ထိုးခဲ့တာတဲ့။ ကာယအတွက်ကတော့ အထွက်နက္ခတ်ကောင်းအကြုံကို စောင့်ထိုးရတယ်လို့ ဆရာ့ဆီက သိခွင့်ရခဲ့ပါတယ်။တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံအချိန်ကတော့ နက္ခတ်အစုံဆုံးအချိန်ပါတဲ့။ ယခုဦးကျော်စိုးလက်ထက်မှာတော့ အဖေရဲ့ အင်းသားရိုးရာတက်တူးပညာရပ်ကို (၄၇နှစ်) တိုင်အောင်ဆက်လက်ထိန်းသိမ်းထားရှိရင်း ရေးထိုးပေးနေဆဲပါ။ နိုင်ငံရပ်ခြားက နိုင်ငံခြားသားများပါ မြန်မာပြည်က အင်းသားလူမျိုးတက်တူးဆရာကြီးရဲ့လက်ရာတွေကို အမြတ်တနိုးလာရောက်အားပေးကြရတဲ့ လက်မူ့အနုပညာရှင်ကြီးအကြောင်းကို ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါတယ်ဗျား။

ဆရာကျော်စိုး / ကန်သာရပ် ( ၅ကွက်) / ညောင်ရွှေမြို့ / 09250862414

Credit- ညောင်ရွှေမှတ်စုပေချ့်

မန္တလေးမှာသာ ကြားရလေ့ရှိပြီး မန်းသူ မန်းသားတွေသာ သုံးတက်တဲ့ ထူးခြားတဲ့ အသုံးအနှုန်း (10)ခွန်း

ဒီနေ့မှာတော့ မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း(10)မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့ အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ် ထင်ပါတယ်နော်။

(၁) မုန့်တီ

မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်း မမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစား အများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလားဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ် အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။ မန္တလေးမုန့်တီ စားမယ်ဆိုရင် နန်းသေး= 0.1 – 0.2 cm၊ နန်းလတ်=0.4 – 0.5 cm၊ နန်းကြီး = 0.7 – 0.8 cm ဆိုပြီး ဆိုဒ်အရွယ်အစား (3) မျိုး ရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့ခိုတောင်နန်းလို့ ခေါ်တဲ့ 0.3 – 0.4 cm ဆိုဒ်ကို အများဆုံး အသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ် စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီ အမျိုးအစားနဲ့ နန်း အမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။

(၂) မုန့်ဟင်းခါး သောက်မယ်

မန္တလေးမှာ မုန့်ဟင်းခါး သုံးဆောင်တာကို “မုန့်ဟင်းခါး စားတယ်” လို့ မသုံးနှုန်းဘဲ “ မုန့်ဟင်းခါး သောက်တယ် ” လို့ သုံးကြပါတယ်။ မန္တလေးရဲ့ မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည် မပျစ်၊ ငါးအဖတ် မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ် နည်းနည်းနဲ့ ချက်ကြတာမို့ “သောက်တယ်”လို့ သုံးကြတာ ဖြစ်ပါတယ်။

(၃) မန္တလေး ထမင်းပေါင်း

မန္တလေးမှာ ထမင်းပေါင်း တစ်ပွဲပေးပါလို့ မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့ နယ်ထားပြီး မြေပဲဆံ ဖြူးထားတဲ့ အသားကြော်၊ အသားကင် များများပါတဲ့ ထမင်းတစ်ပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက် ကြော်ထားတာမျိုး တွေ့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မန္တလေးမှာ ထမင်းပေါင်း မှာစားရင် မန္တလေးထမင်းပေါင်းလားရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့ လိုပါလိမ့်မယ်နော်။

(၄) တိုရ / ပဲပင်ပေါက်

မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက “တိုရ ထည့်မလား” လို့ ပြန်မေးတတ်ကြပါတယ်။ “တိုရ”ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။ ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့ အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုးပါ။ မြီးရှည်ဆိုတဲ့စကားလုံးကိုကတရုတ်လို 米線(Mǐxiàn) “မီရှန့်”ကနေ ဆင်းသက် လာတာပါ။ ဒါကြောင့် မြီးရှည်ထဲ ထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá) ”တို့ရာ” ကနေ ဆင်းသက်လာပြီး မြန်မာလို “တိုရ” ဖြစ်သွားပါတယ်။

(၅) ခါကျက်ဥ

ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေက ရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာ တာပါပဲ။ ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေ အမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာ ဖြစ်ပါတယ်။(Gaajar Root)= ခါကျက်ဥ၊ (Aloo)= အာလူး၊ (Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပေါ့

(၆) ဒူးမလိုင်

မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှ မပါတဲ့ မလိုင်စစ်စစ် တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ ဒူးရင်းသီးမပါတာလဲ မေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။ ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး…Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကိုအလွယ်တကူ ခေါ်တဲ့ စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့ လိုပါတယ်နော်။

(၇) Co Co / ခေါခေါ

မန္တလေးမြို့အနှံမှာ တွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများ ကို မန္တလေးသူ မန္တလေးသားများက “ခေါခေါ” လို့သာ ခေါ်ကြပါတယ်။တခြားမြို့က လာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ ခေါ်ရသလဲဆိုတာကလည်းသမိုင်းကြောင်း ရှိပါတယ်။Co Co ဟာ မူလက “ခေါခေါ” ဆိုတဲ့ နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀) ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ဒီဆိုင်ကို ခေါခေါ လို့သာ လူသိ များခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့ နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့ အတိုင်း ခေါခေါလို့သာ ဆက်လက် ခေါ်ဆိုနေကြခြင်း ဖြစ်ပါတယ်။

(၈) တပြ၊ နှစ်ပြ

နေရာ တစ်ခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင်ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ “ပြ” ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ မင်းတုန်းမင်း လက်ထက်ကတည်းက မြနန်းစံကျော် ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအို းတစ်ခုစီတိုင်းနဲ့ တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။ လေးထောင့် မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂) ခု အတိအကျ ခွဲထားတာမို့ ပြအိုးတစ်ခုနဲ့ တစ်ခုဟာ တာ(၅၀) ကွာဝေး ပါတယ်။ အခုခေတ် အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀) ဝန်းကျင်ပါ။ဒါကြောင့် ပြအိုး တခုခြားတိုင်း လမ်းတခု ရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက် ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကို အနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ် – ညာ မသုံးဘဲ အရှေ့၊အနောက်၊ တောင်၊ မြောက်ကို ရည်ညွှန်း ပြောတတ်ကြပါတယ်။

(၉) ဘူတာကြီး

မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို “ကြီး” ထည့်ပြီး ဘာလို့ ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩ ဖြစ်တတ် ကြပါတယ်။တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစ ကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုး ရှိခဲ့လို့ပါပဲ။ မနှင်းဆီ ရထားဟာ ဈေးချို – မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေ အဓိကသယ်ဆောင်ပါတယ်။ ဘူတာလေးဟာယခုမန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ 1920 ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့ မရှိတော့ပါဘူး။ လမ်း(30) -(78) လမ်းဆုံမှာ တည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားကြီးများ ဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။ ဘူတာ နှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ဘူတာလေးလို့ ခွဲခြား ခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို “ဘူတာကြီး”လို့ပဲ ဆက်လက် ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

(၁၀) ကျွန်တော်

မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် “ ကျွန်တော်/ ကျနော်” ဆိုတဲ့ နာမ်စား သုံးလေ့ ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် “ကျွန်တော်…ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ” ဆိုပြီး ထည့်သွင်း ဖွဲ့ဆိုခဲ့ပါတယ်။ နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီး ခင်သန်းနု(ထား)က မန္တလေးဆန်တဲ့ “ကျွန်တော်” ဆိုတဲ့ နာမ်စား ထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည် ဖြုတ်ချ ခဲ့ဖူးပါတယ်။ ကျွန်တော်ဆိုတဲ့ နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာ ယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော အမျိုးသမီးရော အသုံးပြုတဲ့ နာမ်စား ဖြစ်ပါတယ်။ မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံး စိုးစံခဲ့တဲ့ မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကို နှိမ့်ချ သုံးနှုန်းတာပါ။ ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ် မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့ စကားကို ဒီနေ့ထိ အမျိုးသားရော အမျိုးသမီးပါ ဆက်လက် သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။

Credit-Original Poster