Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Author: Tin Mg Shwe

ကဆစ်သီး၏ အံ့ဖွယ်အစွမ်းများ

(Unicode)

ကဆစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

က ဆစ်သီး – ကဆစ်ပင်သည် ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာအသီးတွင် အခါးမျိုးနှင့် အချဉ်မျိုးဟုနှစ်မျိုးတွေ့ရပြီး၊ လေပွခြင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောင်အသားဝါ၊ သွေးအား နည်းရောဂါ၊ ဆီးဆေးနှင့် အကိုက်အခဲပျောက် ဆေးများဖော်စပ်ရာတွင် သုံးသည်ဟုဆိုကြပါသည်။ အိန္ဒိယနိုင်ငံ ဒေသတချို့တွင် ကဆစ်သီးကို နံနက်စာတွင် ထည့်စားခြင်းဖြင့် အစာချေဖျက်အား ကောင်းစေပြီး၊ အဆာခံကာ အလုပ်ကိုပိုမိုလုပ်နိုင်သည်ဟု ယုံကြည်ကြသည်။

အညာမှာတော့ ယာခင်းထွက် ကဆစ်သီးကို အမျိုးမျိုးပြုလုပ် စားသုံးကြပါတယ်။ ကဆစ်သီး အမှည့်ကို စားလို့ရပါတယ်။ သခွားမွှေးသီးနဲ့ အရသာဆင်ပါတယ်။ကဆစ်သီးကိုတော့ မီးဖုတ်ပြီး ထောင်းစားကြသလို၊ ကဆစ်သီး ငပိချက်ဟာလည်း လူကြိုက်များပါတယ်။ကဆစ်သီးကို ချဉ်ပေါင်ရွက်နဲ့အတူ ချဉ်ရည်ဟင်းချက်စားကြသလို၊ အမဲ၊ ဝက်၊ ကြက်စတဲ့ အသားများနဲ့လည်း ရောချက် စားကြပါတယ်။ကိုယ်တိုင် စားဘူးသူများမှ သွေးတိုး နှလုံး ဆီးချို ကျောက်ကပ် ရောဂါများအတွက် အထူးကောင်းသည်ဟု ပြောပါသည်။

Credit – ဦးမြကြိုင်

(Zawgyi)

ကဆစ္သီး၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

က ဆစ္သီး – ကဆစ္ပင္သည္ ေဆးဘက္ဝင္အပင္မ်ိဳးျဖစ္ကာအသီးတြင္ အခါးမ်ိဳးႏွင့္ အခ်ဥ္မ်ိဳးဟုႏွစ္မ်ိဳးေတြ႕ရၿပီး၊ ေလပြျခင္း၊ လည္ေခ်ာင္းနာျခင္း၊ အသည္းေရာင္အသားဝါ၊ ေသြးအား နည္းေရာဂါ၊ ဆီးေဆးႏွင့္ အကိုက္အခဲေပ်ာက္ ေဆးမ်ားေဖာ္စပ္ရာတြင္ သုံးသည္ဟုဆိုၾကပါသည္။ အိႏၵိယႏိုင္ငံ ေဒသတခ်ိဳ႕တြင္ ကဆစ္သီးကို နံနက္စာတြင္ ထည့္စားျခင္းျဖင့္ အစာေခ်ဖ်က္အား ေကာင္းေစၿပီး၊ အဆာခံကာ အလုပ္ကိုပိုမိုလုပ္ႏိုင္သည္ဟု ယုံၾကည္ၾကသည္။

အညာမွာေတာ့ ယာခင္းထြက္ ကဆစ္သီးကို အမ်ိဳးမ်ိဳးျပဳလုပ္ စားသုံးၾကပါတယ္။ ကဆစ္သီး အမွည့္ကို စားလို႔ရပါတယ္။ သခြားေမႊးသီးနဲ႔ အရသာဆင္ပါတယ္။ကဆစ္သီးကိုေတာ့ မီးဖုတ္ၿပီး ေထာင္းစားၾကသလို၊ ကဆစ္သီး ငပိခ်က္ဟာလည္း လူႀကိဳက္မ်ားပါတယ္။ကဆစ္သီးကို ခ်ဥ္ေပါင္႐ြက္နဲ႔အတူ ခ်ဥ္ရည္ဟင္းခ်က္စားၾကသလို၊ အမဲ၊ ဝက္၊ ၾကက္စတဲ့ အသားမ်ားနဲ႔လည္း ေရာခ်က္ စားၾကပါတယ္။ကိုယ္တိုင္ စားဘူးသူမ်ားမွ ေသြးတိုး ႏွလုံး ဆီးခ်ိဳ ေက်ာက္ကပ္ ေရာဂါမ်ားအတြက္ အထူးေကာင္းသည္ဟု ေျပာပါသည္။

Credit – ဦးျမႀကိဳင္

အဆုတ်ကို ပိုကျန်းမာမည့် နည်းလမ်းကောင်းများ

(Unicode)

သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် နည်းလမ်းကောင်းများ

လေ့ကျင့်ခန်း လုပ်ပါ-

ကိုယ်လက်လှုပ်ရှားမှု လုပ်တာဟာ နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာလာလေ သွေးတွင်းကို အောက်ဆီဂျင်ရောက်တာများလေ ဖြစ်လာပါတယ်။

ဆေးလိပ်သောက်ရင် ဖြတ်ပါ-

ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါကနေ အစ ရင်ကြပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်တာ၊ တခြားကင်ဆာတွေ၊ အရိုးပွတာတို့လည်း ဖြစ်နိုင်သေးပါတယ်။ ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောဂါ နဂိုရောဂါအခံ ရှိရင်လည်းဆေးလိပ် သောက်တာက ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရှိသမျှ ကိုယ်တွင်းအင်္ဂါတိုင်းကို ဆေးလိပ်ငွေ့က ဒုက္ခပေးပါတယ်။

ဆေးလိပ်အစားထိုးဆိုပြီး vape သုံးတာမျိုးလည်း မလုပ်ပါနဲ့-

နောက်ပိုင်းမှာ စာတမ်းတွေ၊ သုတေသနတွေ၊ လက်တွေ့ တွေ့ရှိချက်တွေအရ vape သုံးတာကလည်း အဆုတ်ကို ပျက်စီးစေတာကို တွေ့လာရပါတယ်။

လေထုညစ်ညမ်းတာကို ရှောင်ပါ-

ကားမီးခိုးငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဖုန်မှုန့် စတာတွေက အဆုတ်ကို ထိခိုက်စေပါတယ်။ ကားအသွားအလာများတဲ့ လမ်းတွေဘေးမှာ လမ်းလျှောက်တာ၊ ပြေးတာ ရှောင်ပါ။ အပြင်ထွက်ရင် လေထုညစ်ညမ်းမှု ပမာဏကိုကြည့်ပြီး အရမ်းများတဲ့အချိန် အပြင်မထွက်ပါနဲ့။ အလုပ်မှာ လေထုညစ်ညမ်းမှုတွေရှိရင် mask တပ်ပါ။ အိမ်မှာ ဓာတုပစ္စည်း သုံးတာကို လျှော့ချပြီး ဖုန်များကို သန့်ရှင်းပါ။ အိမ်ကို လေဝင်လေထွက်ကောင်းအောင် ထားပါ၊ ပြတင်းပေါက်တွေ ဖွင့်ထားပါ။အမှိုက်မီးရှို့တာ၊ တောမီးလောင်တာတွေရှိရင် မရှုမိအောင် နေပါ။ အိမ်မှာ အနံ့ပါတဲ့ ဖယောင်းတိုင် ထွန်းတာတွေ ရှောင်ပါ။

ပိုးမဝင်အောင် ဂရုစိုက်ပါ-

တစ်ခါတလေ အရမ်းဆိုးရွားတဲ့ အဆုတ်ပိုးဝင်တာတွေက သာမန်အအေးမိတာလောက်ကနေ စတာပါ။ နမိုးနီးယားဆိုရင်လည်း အဆုတ်ကို ပိုးဝင်ပြီး ဖြစ်ပွားတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ ပုံမှန်ဆေးပြီး ရောဂါပိုးမွှားတွေ မကူးစက်အောင် ကာကွယ်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ-

အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆံ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားစတာတွေက အဆုတ်အတွက် လိုအပ်တဲ့ အားအင်ကို ပေးလို့ အလုပ်ကောင်းကောင်း လုပ်စေနိုင်ပါတယ်။

အဖြစ်အများဆုံး အဆုတ်ရောဂါ အမျိုးအစားတွေကတော့ –

နာတာရှည် အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်ရောဂါ၊ အဆုတ်ကင်ဆာ၊ နမိုးနီးယား စတာတွေ ဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း ပြသရပါမယ်။

မောနေတာ၊ တရွှီရွှီမြည်တာ၊ ရင်ဘတ်ထဲမှာ ကြပ်နေတာ၊ အချိန်အကြာကြီး ချောင်းဆိုးနေတာ၊ ချောင်းဆိုးရင် ချွဲ၊ သွေးတွေ ပါတာ၊ ခဏခဏ အဆုတ်ကို ပိုးဝင်တာ၊ ကိုယ်အလေးချိန်ကျသွားတာ စတာတွေရှိရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ဘယ်သူတွေက ပိုသတိထားရမလဲ?

ဆေးလိပ်သောက်တဲ့လူ၊ ဖုန်တွေ၊ ဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေနေသူတွေ၊ မိသားစုထဲမှာ အဆုတ်ရောဂါ ရှိတဲ့သူတွေမှာ အဆုတ်ရောဂါကို ပိုသတိထားဖို့ လိုပါတယ်။

Credit-Dr. Htar (www.drmyanmar.com)

(Zawgyi)

သင့္ရဲ႕အဆုတ္ကို က်န္းမာေအာင္ နည္းလမ္းေကာင္းမ်ား

ေလ့က်င့္ခန္း လုပ္ပါ-

ကိုယ္လက္လႈပ္ရွားမႈ လုပ္တာဟာ ႏွလုံးနဲ႔ အဆုတ္က်န္းမာေရးအတြက္ အေကာင္းဆုံး ျဖစ္ပါတယ္။ ကိုယ္ခႏၶာ က်န္းမာလာေလ ေသြးတြင္းကို ေအာက္ဆီဂ်င္ေရာက္တာမ်ားေလ ျဖစ္လာပါတယ္။

ေဆးလိပ္ေသာက္ရင္ ျဖတ္ပါ-

ေဆးလိပ္ေသာက္ရင္ အဆုတ္ကင္ဆာ၊ နာတာရွည္ အဆုတ္ေရာဂါကေန အစ ရင္ၾကပ္ေရာဂါအထိ ျဖစ္ႏိုင္ပါတယ္။ ႏွလုံးေရာဂါ၊ ေလျဖတ္တာ၊ တျခားကင္ဆာေတြ၊ အ႐ိုးပြတာတို႔လည္း ျဖစ္ႏိုင္ေသးပါတယ္။ ပန္းနာရင္ၾကပ္နဲ႔ နာတာရွည္ အဆုတ္ေရာဂါ နဂိုေရာဂါအခံ ရွိရင္လည္းေဆးလိပ္ ေသာက္တာက ပိုဆိုးေစပါတယ္။ ခႏၶာကိုယ္မွာ ရွိသမွ် ကိုယ္တြင္းအဂၤါတိုင္းကို ေဆးလိပ္ေငြ႕က ဒုကၡေပးပါတယ္။

ေဆးလိပ္အစားထိုးဆိုၿပီး vape သုံးတာမ်ိဳးလည္း မလုပ္ပါနဲ႔-

ေနာက္ပိုင္းမွာ စာတမ္းေတြ၊ သုေတသနေတြ၊ လက္ေတြ႕ ေတြ႕ရွိခ်က္ေတြအရ vape သုံးတာကလည္း အဆုတ္ကို ပ်က္စီးေစတာကို ေတြ႕လာရပါတယ္။

ေလထုညစ္ညမ္းတာကို ေရွာင္ပါ-

ကားမီးခိုးေငြ႕၊ ဓာတ္ဆီ၊ ဒီဇယ္ဆီ၊ ဖုန္မႈန႔္ စတာေတြက အဆုတ္ကို ထိခိုက္ေစပါတယ္။ ကားအသြားအလာမ်ားတဲ့ လမ္းေတြေဘးမွာ လမ္းေလွ်ာက္တာ၊ ေျပးတာ ေရွာင္ပါ။ အျပင္ထြက္ရင္ ေလထုညစ္ညမ္းမႈ ပမာဏကိုၾကည့္ၿပီး အရမ္းမ်ားတဲ့အခ်ိန္ အျပင္မထြက္ပါနဲ႔။ အလုပ္မွာ ေလထုညစ္ညမ္းမႈေတြရွိရင္ mask တပ္ပါ။ အိမ္မွာ ဓာတုပစၥည္း သုံးတာကို ေလွ်ာ့ခ်ၿပီး ဖုန္မ်ားကို သန႔္ရွင္းပါ။ အိမ္ကို ေလဝင္ေလထြက္ေကာင္းေအာင္ ထားပါ၊ ျပတင္းေပါက္ေတြ ဖြင့္ထားပါ။အမႈိက္မီးရႈိ႕တာ၊ ေတာမီးေလာင္တာေတြရွိရင္ မရႈမိေအာင္ ေနပါ။ အိမ္မွာ အနံ႔ပါတဲ့ ဖေယာင္းတိုင္ ထြန္းတာေတြ ေရွာင္ပါ။

ပိုးမဝင္ေအာင္ ဂ႐ုစိုက္ပါ-

တစ္ခါတေလ အရမ္းဆိုး႐ြားတဲ့ အဆုတ္ပိုးဝင္တာေတြက သာမန္အေအးမိတာေလာက္ကေန စတာပါ။ နမိုးနီးယားဆိုရင္လည္း အဆုတ္ကို ပိုးဝင္ၿပီး ျဖစ္ပြားတဲ့ေရာဂါတစ္ခု ျဖစ္ပါတယ္။ လက္ကို ဆပ္ျပာနဲ႔ ေရနဲ႔ ပုံမွန္ေဆးၿပီး ေရာဂါပိုးမႊားေတြ မကူးစက္ေအာင္ ကာကြယ္ပါ။

က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားပါ-

အသီးအႏွံ၊ အသီးအ႐ြက္၊ အေစ့အဆံ၊ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း၊ အသားစတာေတြက အဆုတ္အတြက္ လိုအပ္တဲ့ အားအင္ကို ေပးလို႔ အလုပ္ေကာင္းေကာင္း လုပ္ေစႏိုင္ပါတယ္။

အျဖစ္အမ်ားဆုံး အဆုတ္ေရာဂါ အမ်ိဳးအစားေတြကေတာ့ –

နာတာရွည္ အဆုတ္ေရာဂါ၊ ပန္းနာရင္ၾကပ္၊ ေလႁပြန္ေရာင္ေရာဂါ၊ အဆုတ္ကင္ဆာ၊ နမိုးနီးယား စတာေတြ ျဖစ္ပါတယ္။

ဒီလိုလကၡဏာေတြရွိခဲ့ရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္း ျပသရပါမယ္။

ေမာေနတာ၊ တ႐ႊီ႐ႊီျမည္တာ၊ ရင္ဘတ္ထဲမွာ ၾကပ္ေနတာ၊ အခ်ိန္အၾကာႀကီး ေခ်ာင္းဆိုးေနတာ၊ ေခ်ာင္းဆိုးရင္ ခြၽဲ၊ ေသြးေတြ ပါတာ၊ ခဏခဏ အဆုတ္ကို ပိုးဝင္တာ၊ ကိုယ္အေလးခ်ိန္က်သြားတာ စတာေတြရွိရင္ ဆရာဝန္နဲ႔ ျပသဖို႔ လိုပါတယ္။

ဘယ္သူေတြက ပိုသတိထားရမလဲ?

ေဆးလိပ္ေသာက္တဲ့လူ၊ ဖုန္ေတြ၊ ဓာတ္ေငြ႕ေတြ၊ ဓာတုပစၥည္း ေတြနဲ႔ ထိေတြေနသူေတြ၊ မိသားစုထဲမွာ အဆုတ္ေရာဂါ ရွိတဲ့သူေတြမွာ အဆုတ္ေရာဂါကို ပိုသတိထားဖို႔ လိုပါတယ္။

Credit-Dr. Htar (www.drmyanmar.com)

ဒူးနာခြင်း၊ ‌ခြေကျင်းဝတ်နာနှင့် ရိုးတွင်းချဉ်ဆီအတွက် သဘာဝဆေးနည်း

(Unicode)

ဒူးနာခြင်း၊ ‌ခြေကျင်းဝတ်နာနှင့် ရိုးတွင်းချဉ်ဆီ အားမကောင်းတော့ရင် ရိုးတွင်းချဉ်ဆီအတွက် သဘာဝဆေးနည်း

ဒူးနာခြင်း ‌ခြေကျင်းဝတ်‌ နာကျင်‌ကိုက်‌ခဲခြင်းအတွက်

ဒူးနာခြင်း ခြေကျင်းဝတ် နာကျင်ကိုက်ခဲခြင်းတို့သည် အသက်‌အရွယ်‌မ‌ရွေး ဖြစ်‌တတ်‌‌ပါသည်။အသက်‌၄၀‌ကျော်‌ပြီး အမျိုးသားများ အမျိုးသမီးများတွင်‌ ရိုးတွင်းချဉ်‌ဆီ ခမ်း‌ခြောက်‌လာခြင်း‌ ကြောင့် ပိုပြီးတော့ အဖြစ်‌များတတ်‌သည်‌။ ထိုသို့ဖြစ်‌လာလျှင် ကိုယ်တွေ့ဆေးနည်းလေးကို ပြောပြပါရစေ။

ဆေးနည်း

၁။ရှား‌စောင်းလက်‌ပတ်‌ပင်‌ အထဲမှအနှစ်‌ကို ခြစ်‌ယူပါ။ ( ရေ‌နွေး‌သောက် ပန်းကန်‌တစ်လုံးစာ )

၂။နွားနို့အစိမ်း ပန်းကန်‌ ( ၃ )လုံးစာနှင့်‌ရောပါ ( အစိမ်းမကြိုက်ရင် ကျိုပြီးထည့်ပါ)

၃။ဆားနဲ့သကြား အနည်‌း‌ရော၍ သမ‌အောင်‌‌ မွှေပြီး‌လျင် သောက်ပေးပါ။

ဖျော်ရည်‌စက်‌နဲ့ ‌ဖျော်‌ပြီးလည်း‌ သောက်လို့ရပါတယ်‌။ ၁ လကိုအနည်းဆုံး ( ၃ )ကြိမ်‌‌သောက်‌ပေးလဲရပါတယ်‌။ ( ၇ )လအကြာတွင်‌ (၂၁) ကြိမ်‌‌သောက်သုံးပြီးပါက လုံးဝ‌ပျောက်‌ကင်း‌ကြောင်း လက်‌‌တွေ့သိရပါမည်‌။

အနာနဲ့ဆေး တွေ့ပြီး ဝေဒနာ သက်သာကြပါစေ။

မေတ္တာဖြင့် Kyaw Yi mon ( HTD)

Credit – Kyaw Yi mon ( HTD)

(Zawgyi)

ဒူးနာျခင္း၊ ‌ေျခက်င္းဝတ္နာႏွင့္ ႐ိုးတြင္းခ်ဥ္ဆီအတြက္ သဘာဝေဆးနည္း

ဒူးနာျခင္း၊ ‌ေျခက်င္းဝတ္နာႏွင့္ ႐ိုးတြင္းခ်ဥ္ဆီ အားမေကာင္းေတာ့ရင္ ႐ိုးတြင္းခ်ဥ္ဆီအတြက္ သဘာဝေဆးနည္း

ဒူးနာျခင္း ‌ေျခက်င္းဝတ္‌ နာက်င္‌ကိုက္‌ခဲျခင္းအတြက္

ဒူးနာျခင္း ေျခက်င္းဝတ္ နာက်င္ကိုက္ခဲျခင္းတို႔သည္ အသက္‌အ႐ြယ္‌မ‌ေ႐ြး ျဖစ္‌တတ္‌‌ပါသည္။အသက္‌၄၀‌ေက်ာ္‌ၿပီး အမ်ိဳးသားမ်ား အမ်ိဳးသမီးမ်ားတြင္‌ ႐ိုးတြင္းခ်ဥ္‌ဆီ ခမ္း‌ေျခာက္‌လာျခင္း‌ ေၾကာင့္ ပိုၿပီးေတာ့ အျဖစ္‌မ်ားတတ္‌သည္‌။ ထိုသို႔ျဖစ္‌လာလွ်င္ ကိုယ္ေတြ႕ေဆးနည္းေလးကို ေျပာျပပါရေစ။

ေဆးနည္း

၁။ရွား‌ေစာင္းလက္‌ပတ္‌ပင္‌ အထဲမွအႏွစ္‌ကို ျခစ္‌ယူပါ။ ( ေရ‌ေႏြး‌ေသာက္ ပန္းကန္‌တစ္လုံးစာ )

၂။ႏြားႏို႔အစိမ္း ပန္းကန္‌ ( ၃ )လုံးစာႏွင့္‌ေရာပါ ( အစိမ္းမႀကိဳက္ရင္ က်ိဳၿပီးထည့္ပါ)

၃။ဆားနဲ႔သၾကား အနည္‌း‌ေရာ၍ သမ‌ေအာင္‌‌ ေမႊၿပီး‌လ်င္ ေသာက္ေပးပါ။

ေဖ်ာ္ရည္‌စက္‌နဲ႔ ‌ေဖ်ာ္‌ၿပီးလည္း‌ ေသာက္လို႔ရပါတယ္‌။ ၁ လကိုအနည္းဆုံး ( ၃ )ႀကိမ္‌‌ေသာက္‌ေပးလဲရပါတယ္‌။ ( ၇ )လအၾကာတြင္‌ (၂၁) ႀကိမ္‌‌ေသာက္သုံးၿပီးပါက လုံးဝ‌ေပ်ာက္‌ကင္း‌ေၾကာင္း လက္‌‌ေတြ႕သိရပါမည္‌။

အနာနဲ႔ေဆး ေတြ႕ၿပီး ေဝဒနာ သက္သာၾကပါေစ။

ေမတၱာျဖင့္ Kyaw Yi mon ( HTD)

Credit – Kyaw Yi mon ( HTD)

ဘီပိုးကို ငွေမကုန်ပဲ ရှင်းလင်းမယ်

(Unicode)

ဘီပိုးကို ငွေမကုန်ပဲ ရှင်းလင်းမယ်

၁ပတ်အတွင်းBပိုး လုံးဝပျောက်စေမယ့် နည်းလမ်းကောင်း

တကယ်ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည်မျှဝေပေးလိုက် ရပါတယ်။ ငွေကြေးအမြောင်အများ မကုန်သည့်အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

ရောဂါကုထုံးလေး

(၁) စပါးလင် လိုအပ်ပါတယ်။

(၂) ၎င်းကိုရေစင်အောင် ဆေးကြောပါ။

(၃) ပြုတ်လိုက်ပါ။

(၄) ၎င်းပြုတ်ရည်ကို တစ်နေ့ကို သုံးကြိမ်သောက်ပေးလိုက်ပါ။

(၅) သောက်ရမည့် ခွက်ကတော့ လက်ဖက်ရည် သောက်ခွက် ဖြစ်ပါတယ်။

တစ်ပတ်ကြာသည့် အခါတွင် B ပိုးပျောက်ကင်း သွားမည် ဖြစ်ပါတယ်။

မှတ်ချက် ။ ။ စပါးလင်နှင့် ရေပမာဏကို မိမိ အဆင်ပြေသလို ထည့်ပြီး ပြုတ်နိုင်ပါတယ်။

Credit-ကျော်လင်းနိုင် (ရိုးရာလေး)

(Zawgyi)

ဘီပိုးကို ေငြမကုန္ပဲ ရွင္းလင္းမယ္

၁ပတ္အတြင္းBပိုး လုံးဝေပ်ာက္ေစမယ့္ နည္းလမ္းေကာင္း

တကယ္ေကာင္းမြန္ၿပီး ထိေရာက္တဲ့ နည္းလမ္းေလး ျဖစ္လို႔ ျပန္လည္မွ်ေဝေပးလိုက္ ရပါတယ္။ ေငြေၾကးအေျမာင္အမ်ား မကုန္သည့္အတြက္ အဆင္ေျပမွာ ျဖစ္ပါတယ္။

ေရာဂါကုထုံးေလး

(၁) စပါးလင္ လိုအပ္ပါတယ္။

(၂) ၎ကိုေရစင္ေအာင္ ေဆးေၾကာပါ။

(၃) ျပဳတ္လိုက္ပါ။

(၄) ၎ျပဳတ္ရည္ကို တစ္ေန႔ကို သုံးႀကိမ္ေသာက္ေပးလိုက္ပါ။

(၅) ေသာက္ရမည့္ ခြက္ကေတာ့ လက္ဖက္ရည္ ေသာက္ခြက္ ျဖစ္ပါတယ္။

တစ္ပတ္ၾကာသည့္ အခါတြင္ B ပိုးေပ်ာက္ကင္း သြားမည္ ျဖစ္ပါတယ္။

မွတ္ခ်က္ ။ ။ စပါးလင္ႏွင့္ ေရပမာဏကို မိမိ အဆင္ေျပသလို ထည့္ၿပီး ျပဳတ္ႏိုင္ပါတယ္။

Credit-ေက်ာ္လင္းႏိုင္ (႐ိုးရာေလး)

ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေတဲ့ ကြက်ဟင်းခါးသီး

(Unicode)

ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေတဲ့ ကြက်ဟင်းခါးသီး

ကက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။

ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့ ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက် အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့ လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။

ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်လမ်းကြောင်းနှစ်ခုရဲ့ ဆောင်ရွက်ချက်ကို ၉၀% ရာခိုင်နှုန်းလျော့ချပေးပြီး တခြားလမ်းကြောင်းနှစ်ခုကိုလည်း မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ ဖျက်ဆီးပေးပါတယ်။ ဒီကုသနည်းက ထိန်းချုပ်ရခက်တဲ့ ကင်ဆာဆဲလ်တွေကို ဖြေရှင်းပေးတဲ့ သဘာဝနည်းလမ်းပဲဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အချက်က ကြက်ဟင်းခါးသီးက

ကင်ဆာဆဲလ်တွေရဲ့ ကလိုးကို့စ် အစာချေဖျက်မှုစနစ်ကို ရပ်တန့်စေတဲ့ လမ်းကြောင်းတွေကိုလည်း ပြန်လည်အလုပ်လုပ်စေပါတယ်။ နောက်တနည်းပြောရမယ်ဆိုရင် ဆဲလ်တွေအတွက် ဆက်လက်အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ သိကြားဓာတ်ရရှိမှုကို ရပ်တန့်ပေးလိုက်ပါတယ်။

ဒီအကျိုးသက်ရောက်မှု အတိုင်းအတာဟာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကင်ဆာရောဂါ ကုသတဲ့ တခြားဓာတုဆေးများထက် များစွာထိရောက်မှုရှိပါတယ်။

Credit-Original Uploader

(Zawgyi)

ကင္ဆာဆဲလ္ ၉၈% ရာခိုင္ႏႈန္းေက်ာ္ ေသေစတဲ့ ၾကက္ဟင္းခါးသီး

ကက္ဟင္းခါးသီးပင္ေလးဟာ အာရွတိုက္မွာဆိုရင္ သာမန္အပင္ေလး တစ္ပင္ေလာက္ပါပဲ။ ဂ်ပန္ႏိုင္ငံ ဝစ္ကီနာဝါက ႏွစ္ေပါင္းၾကာရွည္အသက္ရွင္တဲ့ လူဦးေရေတြၾကား အေတာ္ေလး လူသိမ်ားပါတယ္။

ေရပါဝင္မႈ ပမာဏ (၅%) ရာခိုင္ႏႈန္းသာရွိတဲ့ ၾကက္ဟင္းခါးသီးရည္က အစာေၾကမႈအတြက္ အေႏွာက္အယွက္ေပးတဲ့ ကင္ဆာဆဲလ္ေတြရဲ႕ လမ္းေၾကာင္းေလးခုကို ဖ်က္ဆီးေပးပါတယ္။

ၾကက္ဟင္းခါးသီးက ကင္ဆာဆဲလ္လမ္းေၾကာင္းႏွစ္ခုရဲ႕ ေဆာင္႐ြက္ခ်က္ကို ၉၀% ရာခိုင္ႏႈန္းေလ်ာ့ခ်ေပးၿပီး တျခားလမ္းေၾကာင္းႏွစ္ခုကိုလည္း မယုံၾကည္ႏိုင္ေလာက္ေအာင္ ၉၈%ရာခိုင္ႏႈန္းအထိ ဖ်က္ဆီးေပးပါတယ္။ ဒီကုသနည္းက ထိန္းခ်ဳပ္ရခက္တဲ့ ကင္ဆာဆဲလ္ေတြကို ေျဖရွင္းေပးတဲ့ သဘာဝနည္းလမ္းပဲျဖစ္ပါတယ္။ ပိုၿပီးေကာင္းမြန္တဲ့ အခ်က္က ၾကက္ဟင္းခါးသီးက

ကင္ဆာဆဲလ္ေတြရဲ႕ ကလိုးကို႔စ္ အစာေခ်ဖ်က္မႈစနစ္ကို ရပ္တန႔္ေစတဲ့ လမ္းေၾကာင္းေတြကိုလည္း ျပန္လည္အလုပ္လုပ္ေစပါတယ္။ ေနာက္တနည္းေျပာရမယ္ဆိုရင္ ဆဲလ္ေတြအတြက္ ဆက္လက္အသက္ရွင္ႏိုင္ဖို႔ လိုအပ္တဲ့ သိၾကားဓာတ္ရရွိမႈကို ရပ္တန႔္ေပးလိုက္ပါတယ္။

ဒီအက်ိဳးသက္ေရာက္မႈ အတိုင္းအတာဟာ အသက္အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ကင္ဆာေရာဂါ ကုသတဲ့ တျခားဓာတုေဆးမ်ားထက္ မ်ားစြာထိေရာက္မႈရွိပါတယ္။

Credit-Original Uploader

ပဲတောင့်ရှည် ရေရှည်စားပေးရုံနဲ့ ရလာမဲ့ အကျိုးကျေးဇူးများ

(Unicode)

ပဲတောင့်ရှည် ရေရှည်စားပေးရုံနဲ့ ရလာမဲ့ အကျိုးကျေးဇူးများ

(၁) ကယ်လိုရီနဲသော အစိမ်းရောင် ဟင်းသီးဟင်းရွက်ဖြစ်သောကြောင့် ပဲသီး ကို မှန်မှန်စားသုံးပေး ခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ချနိုင်ပါသည်။

(၂) ဗီတာမင် မြောက်များစွာ ပါရှိသည့်အပြင်၊ ဆန့်ကျင်ဓာတ်တိုးပစ္စည်းလဲ ကြွယ်ဝစွာ ပါရှိသဖြင့် ကင်ဆာ ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါသည်။ ပြင်ပရောဂါများ အလွယ်တကူ မကူးစက်နိုင်အောင်လဲ တားဆီးကာကွယ်ပေးပါသည်။

(၃) အိုမင်းရင့်ရော်မှုကိုလဲ နှောင့်နှေးစေပြီး၊ အရွယ်တင်နုပျိုစေပါသည်။

(၄) နှလုံး၊ နှလုံးသွေးကြောနှင့် သက်ဆိုင်သော ရောဂါများကိုလဲ ကာကွယ်ပေးပါသည်။

(၅) သွေးကျစေပါသည်။

(၆) အဆစ်ရောင်ဝေဒနာများကိုလဲ သက်သာစေပါသည်။

(၇) ပန်းနာရင်ကျပ်ရောဂါကိုလဲ သက်သာကောင်းမွန်စေပါသည်။

(၈) လေသင်တုန်းဖြတ်ခြင်းကိုလဲ ကောင်းမွန်သက်သာစေပါသည်။

(၉) ဆီးချိုရောဂါ ကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါသည်။

ဒါကြောင့် တစ်နှစ်ပတ်လုံး လွယ်လင့်တကူ ရရှိနိုင်ကာ၊ ဈေးနှုန်းချိုသာပြီး၊ အာဟာရလဲ ဖြစ်စေသည့် ပဲသီး (ခေါ်) ပဲတောင့်ရှည်သီး ကို စားသောက်ပေးကြဖို့ အကြံပြုလိုက်ပါတယ်နော်။

Credit-Original Uploader

(Zawgyi)

ပဲေတာင့္ရွည္ ေရရွည္စားေပး႐ုံနဲ႔ ရလာမဲ့ အက်ိဳးေက်းဇူးမ်ား

(၁) ကယ္လိုရီနဲေသာ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္ျဖစ္ေသာေၾကာင့္ ပဲသီး ကို မွန္မွန္စားသုံးေပး ျခင္းအားျဖင့္ ခႏၶာကိုယ္ အေလးခ်ိန္ကို ေလ်ာ့ခ်ႏိုင္ပါသည္။

(၂) ဗီတာမင္ ေျမာက္မ်ားစြာ ပါရွိသည့္အျပင္၊ ဆန႔္က်င္ဓာတ္တိုးပစၥည္းလဲ ႂကြယ္ဝစြာ ပါရွိသျဖင့္ ကင္ဆာ ေရာဂါ အမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏိုင္ပါသည္။ ျပင္ပေရာဂါမ်ား အလြယ္တကူ မကူးစက္ႏိုင္ေအာင္လဲ တားဆီးကာကြယ္ေပးပါသည္။

(၃) အိုမင္းရင့္ေရာ္မႈကိုလဲ ေႏွာင့္ေႏွးေစၿပီး၊ အ႐ြယ္တင္ႏုပ်ိဳေစပါသည္။

(၄) ႏွလုံး၊ ႏွလုံးေသြးေၾကာႏွင့္ သက္ဆိုင္ေသာ ေရာဂါမ်ားကိုလဲ ကာကြယ္ေပးပါသည္။

(၅) ေသြးက်ေစပါသည္။

(၆) အဆစ္ေရာင္ေဝဒနာမ်ားကိုလဲ သက္သာေစပါသည္။

(၇) ပန္းနာရင္က်ပ္ေရာဂါကိုလဲ သက္သာေကာင္းမြန္ေစပါသည္။

(၈) ေလသင္တုန္းျဖတ္ျခင္းကိုလဲ ေကာင္းမြန္သက္သာေစပါသည္။

(၉) ဆီးခ်ိဳေရာဂါ ကိုလည္း ကာကြယ္တားဆီးေပးႏိုင္ပါသည္။

ဒါေၾကာင့္ တစ္ႏွစ္ပတ္လုံး လြယ္လင့္တကူ ရရွိႏိုင္ကာ၊ ေဈးႏႈန္းခ်ိဳသာၿပီး၊ အာဟာရလဲ ျဖစ္ေစသည့္ ပဲသီး (ေခၚ) ပဲေတာင့္ရွည္သီး ကို စားေသာက္ေပးၾကဖို႔ အႀကံျပဳလိုက္ပါတယ္ေနာ္။

Credit-Original Uploader

အကြောင်းမရှိပဲ ခန္ဓာကိုယ်ယားယံ ခြင်းနဲ့ နောက်ဆက်တွဲ ရောဂါများ

(Unicode)

အကြောင်းမရှိပဲ ခန္ဓာကိုယ်ယားယံ ခြင်းနဲ့ နောက်ဆက်တွဲ ရောဂါများ

တစ်ခါတလေမှာ အကြောင်းမရှိပဲ ကုတ်မနိုင်လောက်အောင် ယားယံနေတတ်ပါသလား။ ဒါ ဆိုရင်တော့ လုံးဝမပေါ့ဆ သင့်ပါတော့ဘူးနော်။အရေ ပြားယားယံ ခြင်း နောက်ကွယ် မှာ ကြောက် မက်ဖွယ်ရာကျန်းမာရေး ပြသနာတွေရှိ နေတာမို့ လုံးဝမ ပေါ့ဆပဲဆရာဝန် အမြန် ပြသင့်နေပါ ပြီ နော်။ ဓာတ်မတည့်မှု – အစားအသောက်၊ ဆေးဝါးတစ် ခုခု နဲ့ ဓာတ် မတည့် ရင်လည်း ဒီလိုမျိုး ယားယံ လာတတ် ပါ တယ်။ ဒါ ကြောင့် ဖြစ်ဖြစ် ချင်း ဆေးခန်း အ မြန် ပြ ပြီး ဘာ နဲ့ ဓာတ် မတည့်တာလဲ ဆိုတာကို မေးကာ နောက်ဆိုရင် အမြဲ ရှောင်ပါ။ ကင်ဆာ – သား ငံ ရည် ကင်ဆာ နဲ့ရင်သား ကင်ဆာ တွေ ဟာ လည်း ခန္ဓာ ကိုယ်ယားယံ ခြင်းကို ဖြစ် စေ နိုင်တာ ကြောင့်လုံးဝ မ ပေါ့ ဆသင့်ပါ ဘူး။

သိုင်းရွိုက် – သိုင်း ရွိုက် ရောဂါ တွေ ဟာ အသား အ ရေကို ခြောက် သွေ့ စေ နိုင် ပါတယ်။ ခြောက် သွေ့ တဲ့ အသားအ ရေဟာယားယံမှု ကို ဖြစ်ပေါ်စေတာ ကြောင့် သိုင်းရွိုက်ကိုလည်း စစ် ဖို့လို ပါတယ်။ ကျောက်ကပ် – ခန္ဓာကိုယ်ယားယံတာဟာ ကျောက်ကပ်ကြောင့်လည်း ဖြစ် နေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာအဆိပ်အတောက်တွေများပြီး ကျောက်ကပ်က ဖယ်ရှားမ ပေး တော့တဲ့အခါ ဒီလိုဖြစ်တတ်ပါတယ်။ အသည်း – ခန္ဓာကိုယ်ယားယံတာဟာ အသည်း ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသည်းဟာ အဆိပ်အတောက်တွေကို ဖယ်ရှားချေဖျက်ပေးတဲ့ အဓိက အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသည်းက ကောင်းမွန်စွာ အလုပ် မလုပ်တော့တဲ့အခါ အကျိုးဆက် အနေနဲ့ ဒီလို ယားယံလာတာ ဖြစ်ပါတယ်။

Credit – Original Uploader

(Zawgyi)

အေၾကာင္းမရွိပဲ ခႏၶာကိုယ္ယားယံ ျခင္းနဲ႔ ေနာက္ဆက္တြဲ ေရာဂါမ်ား

တစ္ခါတေလမွာ အေၾကာင္းမရွိပဲ ကုတ္မႏိုင္ေလာက္ေအာင္ ယားယံေနတတ္ပါသလား။ ဒါ ဆိုရင္ေတာ့ လုံးဝမေပါ့ဆ သင့္ပါေတာ့ဘူးေနာ္။အေရ ျပားယားယံ ျခင္း ေနာက္ကြယ္ မွာ ေၾကာက္ မက္ဖြယ္ရာက်န္းမာေရး ျပသနာေတြရွိ ေနတာမို႔ လုံးဝမ ေပါ့ဆပဲဆရာဝန္ အျမန္ ျပသင့္ေနပါ ၿပီ ေနာ္။ ဓာတ္မတည့္မႈ – အစားအေသာက္၊ ေဆးဝါးတစ္ ခုခု နဲ႔ ဓာတ္ မတည့္ ရင္လည္း ဒီလိုမ်ိဳး ယားယံ လာတတ္ ပါ တယ္။ ဒါ ေၾကာင့္ ျဖစ္ျဖစ္ ခ်င္း ေဆးခန္း အ ျမန္ ျပ ၿပီး ဘာ နဲ႔ ဓာတ္ မတည့္တာလဲ ဆိုတာကို ေမးကာ ေနာက္ဆိုရင္ အၿမဲ ေရွာင္ပါ။ ကင္ဆာ – သား ငံ ရည္ ကင္ဆာ နဲ႔ရင္သား ကင္ဆာ ေတြ ဟာ လည္း ခႏၶာ ကိုယ္ယားယံ ျခင္းကို ျဖစ္ ေစ ႏိုင္တာ ေၾကာင့္လုံးဝ မ ေပါ့ ဆသင့္ပါ ဘူး။

သိုင္း႐ြိဳက္ – သိုင္း ႐ြိဳက္ ေရာဂါ ေတြ ဟာ အသား အ ေရကို ေျခာက္ ေသြ႕ ေစ ႏိုင္ ပါတယ္။ ေျခာက္ ေသြ႕ တဲ့ အသားအ ေရဟာယားယံမႈ ကို ျဖစ္ေပၚေစတာ ေၾကာင့္ သိုင္း႐ြိဳက္ကိုလည္း စစ္ ဖို႔လို ပါတယ္။ ေက်ာက္ကပ္ – ခႏၶာကိုယ္ယားယံတာဟာ ေက်ာက္ကပ္ေၾကာင့္လည္း ျဖစ္ ေနႏိုင္ပါတယ္။ ခႏၶာကိုယ္မွာအဆိပ္အေတာက္ေတြမ်ားၿပီး ေက်ာက္ကပ္က ဖယ္ရွားမ ေပး ေတာ့တဲ့အခါ ဒီလိုျဖစ္တတ္ပါတယ္။ အသည္း – ခႏၶာကိုယ္ယားယံတာဟာ အသည္း ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အသည္းဟာ အဆိပ္အေတာက္ေတြကို ဖယ္ရွားေခ်ဖ်က္ေပးတဲ့ အဓိက အစိတ္အပိုင္းပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အသည္းက ေကာင္းမြန္စြာ အလုပ္ မလုပ္ေတာ့တဲ့အခါ အက်ိဳးဆက္ အေနနဲ႔ ဒီလို ယားယံလာတာ ျဖစ္ပါတယ္။

Credit – Original Uploader

၀မ်းပျက်ဝမ်းကိုက် လေပွခြင်း၊ ကျောဗိုက်အောင့်၊ ဖောယောင်၊ ဆီးသွားရ ခက်ခြင်းများတွက် ကွမ်းသီးလည်း ဆေးဖက်ဝင်ပါ၏

(Unicode)

၀မ်းပျက်ဝမ်းကိုက် လေပွခြင်း၊ ကျောဗိုက်အောင့်၊ ဖောယောင်၊ ဆီးသွားရ ခက်ခြင်းများတွက် ကွမ်းသီးလည်း ဆေးဖက်ဝင်ပါ၏

အနာပေါက် ရောဂါများ၌ သွေး၍ လိမ်းနိုင်သည်။ အပူလောင် ပြည်ဖုများ၌ ကွမ်းသီး ကြက်ချေးကို သွေးလိမ်း လျှင် ပျောက်ကင်း စေနိုင်သည်။ ရှားစေးနှင့် တောင်ငူ ကွမ်းသီး ဆတူ ရော၍ တိုက်ကျွေးလျှင် မီးယပ် သွေး လွန်ခြင်းကို ပျောက်ကင်း စေနိုင်ပါသည် ။ လေပွခြင်း၊ အစာမကြေ၊ ကျောဗိုက်အောင့်၊ ဝမ်းပျက်ခြင်း၊ ဝမ်းရစ်နာခြင်း၊ အဖောရောဂါ၊ ဆီးသွားရ ခက်ခြင်း၊ ကိုယ်ဝန် ဆောင်စဉ် ခဏခဏ အန်ခြင်း အတွက် ပြုတ်ရည်ကို တစ်နေ့ ၆ ပဲမှ ၁၂ ပဲသား တိုက်ကျွေး နိုင်သည်။

ဝမ်းပျက် ဝမ်းကိုက် ရောဂါ၌ တစ်နေ့လျှင် ပဲဝက်မှ ၄ ပဲသားအထိ တိုက်ကျွေး နိုင်သည်။ ကွမ်းသီးတွင် ပါဝင်သော Arecoline ဓာတ်သည် သူငယ်အိမ် ညှစ်အားကို ကောင်းစေပြီး မျက်လုံးအိမ် တင်းအားကို လျော့ကျစေသည်။ ဘရင်ဂျီနာ ဖြူးလိမ်းဆေး အဖြစ် ပြောင်းချေး ၁ ပဲ၊ မန်ကျည်းစေ့ခွန် ၁ ပဲ၊ ဒုတ္တာ ၁ ပဲ၊ ကွမ်းသီးကြက်ချေး ၁ ပဲ၊ ၎င်း ဆေးတို့ကို မီးသင်း၍ ညက်အောင်ကြိတ်၊ အနာမှာ ထည့်ပါ။ ပျောက်ကင်းပါသည်။

Credit – Kyaw Yimon ( HTD)

(Zawgyi)

၀မ္းပ်က္ဝမ္းကိုက္ ေလပြျခင္း၊ ေက်ာဗိုက္ေအာင့္၊ ေဖာေယာင္၊ ဆီးသြားရ ခက္ျခင္းမ်ားတြက္ ကြမ္းသီးလည္း ေဆးဖက္ဝင္ပါ၏

အနာေပါက္ ေရာဂါမ်ား၌ ေသြး၍ လိမ္းႏိုင္သည္။ အပူေလာင္ ျပည္ဖုမ်ား၌ ကြမ္းသီး ၾကက္ေခ်းကို ေသြးလိမ္း လွ်င္ ေပ်ာက္ကင္း ေစႏိုင္သည္။ ရွားေစးႏွင့္ ေတာင္ငူ ကြမ္းသီး ဆတူ ေရာ၍ တိုက္ေကြၽးလွ်င္ မီးယပ္ ေသြး လြန္ျခင္းကို ေပ်ာက္ကင္း ေစႏိုင္ပါသည္ ။ ေလပြျခင္း၊ အစာမေၾက၊ ေက်ာဗိုက္ေအာင့္၊ ဝမ္းပ်က္ျခင္း၊ ဝမ္းရစ္နာျခင္း၊ အေဖာေရာဂါ၊ ဆီးသြားရ ခက္ျခင္း၊ ကိုယ္ဝန္ ေဆာင္စဥ္ ခဏခဏ အန္ျခင္း အတြက္ ျပဳတ္ရည္ကို တစ္ေန႔ ၆ ပဲမွ ၁၂ ပဲသား တိုက္ေကြၽး ႏိုင္သည္။

ဝမ္းပ်က္ ဝမ္းကိုက္ ေရာဂါ၌ တစ္ေန႔လွ်င္ ပဲဝက္မွ ၄ ပဲသားအထိ တိုက္ေကြၽး ႏိုင္သည္။ ကြမ္းသီးတြင္ ပါဝင္ေသာ Arecoline ဓာတ္သည္ သူငယ္အိမ္ ညႇစ္အားကို ေကာင္းေစၿပီး မ်က္လုံးအိမ္ တင္းအားကို ေလ်ာ့က်ေစသည္။ ဘရင္ဂ်ီနာ ျဖဴးလိမ္းေဆး အျဖစ္ ေျပာင္းေခ်း ၁ ပဲ၊ မန္က်ည္းေစ့ခြန္ ၁ ပဲ၊ ဒုတၱာ ၁ ပဲ၊ ကြမ္းသီးၾကက္ေခ်း ၁ ပဲ၊ ၎ ေဆးတို႔ကို မီးသင္း၍ ညက္ေအာင္ႀကိတ္၊ အနာမွာ ထည့္ပါ။ ေပ်ာက္ကင္းပါသည္။

Credit – Kyaw Yimon ( HTD)

နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း

(Unicode)

နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း

ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥသျှစ်သီးက မှည့်သွားတဲ့အခါဆေးဖက်ဝင် တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။ အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန် သွားစေပါတယ်။ ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်း ကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။ အကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်းလျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ်တာ ကင်းဝေးပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

ဝမ်းကိုက်တာကို သက်သာစေပါတယ်။ မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်းကိုက်တဲ့ ဝေဒနာတွေအတွက်သုံးရင် သက်သာတယ်လို့ တချို့ကဆိုပါတယ်။ အကောင်းဆုံးရလဒ်ကို ရရှိစေဖို့ ဥသျှစ်သီးခြောက် ဒါမှမဟုတ် ဥသျှစ်သီးအမှုန့် ကိုသုံးသင့်ပါတယ်။ အစာအိမ်အနာကို သက်သာစေပါတယ်။ ဥသျှစ်ရွက်ကို အစာအိမ်အနာကု သဆေးအဖြစ် သုံးကြပါတယ်။ အကြောင်း ကတော့ ဥသျှစ်ရွက်တွေမှာ တန်နင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ ကျစေပြီး အစာအိမ်အနာကျက်အောင် ကူညီပေးလို့ပါ။

နားရောဂါဝေဒနာတွေကို သက်သာ စေပါတယ်။ ဥသျှစ်ပင်ရဲ့အမြစ်ကို နားရောဂါ ဝေဒနာတွေ ကုသရေးအတွက် အိမ်သုံးဆေး တစ်လက်အဖြစ် အသုံးပြုကြပါတယ်။ အထူးသဖြင့် ဥသျှစ်ပင်ရဲ့အမြစ်နဲ့ တမာရွက်ဟာ နားပိုးဝင်တာ၊ နားရောင်ရမ်းတာနဲ့ နား ပြည်ယိုတာစတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ ပိုးသတ်အာနိသင်ရှိပြီး ဥသျှစ် ပင်အမြစ်ပိုင်းမှာ သွေးတိတ်စေတဲ့ အစွမ်း ရှိလို့ပါ။

အသက်ရှူလမ်းကြောင်း ရောဂါဝေဒနာ တွေကို သက်သာစေပါတယ် ။ဥသျှစ်ရွက်ကရလာတဲ့ အဆီကို ရှူ ပေးရင် မကြာခဏ အအေးမိတာ၊ အ သက်ရှူလမ်းကြောင်း ဝေဒနာတွေကို ယာယီသက်သာစေပါတယ်။ဥသျှစ်ရွက် အဆီကို နှမ်းဆီနဲ့ ဆတူရောပြီး နားထင်မှာ လိမ်းပြီး နှိပ်နယ်ပေးရင် ခေါင်းကိုက်တာကို သက်သာစေသလို အအေးမိ ဝေဒနာကိုလည်း လျော့ပါးစေပါတယ်။ဥသျှစ်ရွက်ပြုတ်ရည်ထဲ ငရုတ်ကောင်း နည်းနည်းထည့်သောက်ရင် ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်းဝေဒနာတွေကို သက်သာစေပါတယ်။ အစာမကြေတာနဲ့ အူမကြီး ပိုးဝင်မှု ကို သက်သာစေပါတယ်။ ဥသျှစ်သီးဟာ အစာအိမ်နဲ့ အူမကြီး ပြဿနာတွေကို သက်သာစေတဲ့ အလွန် အစွမ်းထက် အိမ်သုံးဆေးတစ်လက် ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြတာနဲ့ အူမကြီး ပိုးဝင်တာတွေလို ဝေဒနာတွေကို ကုသရာမှာ သုံးကြပါတယ်။

Credit-Original Uploader

(Zawgyi)

နားေရာဂါေဝဒနာနဲ႔ အူလမ္းေၾကာင္းကို သန႔္စင္ေပးႏိုင္တဲ့ ဥသွ်စ္သီး၊ ဥသွ်စ္႐ြက္၏ က်န္းမာေရး အစြမ္း

ေရွးကတည္းက ေဆးဝါးအျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ ဥသွ်စ္သီးက မွည့္သြားတဲ့အခါေဆးဖက္ဝင္ တန္ဖိုးက အလြန္ျမင့္တက္သြားပါတယ္။ဥသွ်စ္သီးက အနံ႔ေမႊးၿပီး ေအးျမကာ ဝမ္းေပ်ာ့ေပ်ာ့သြားေစတဲ့ အာနိသင္ရွိပါတယ္။ ဒါ့အျပင္ ဗီတာမင္စီခ်ိဳ႕တဲ့လို႔ ျဖစ္တဲ့ေရာဂါ (Scurvy) မျဖစ္ေအာင္ ကာကြယ္ကုသရာမွာလည္း အသုံးဝင္ပါတယ္။ အစာအိမ္ကို သန္စြမ္းေစသလို အစာအိမ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကိုလည္း ေကာင္းမြန္ေစပါတယ္။ ဝမ္းမွန္မွန္ သြားေစပါတယ္။ ဥသွ်စ္သီးမွည့္ဟာ အူလမ္းေၾကာင္း ကို သန႔္စင္ေပးတာေၾကာင့္ အေကာင္းဆုံး ဝမ္းေပ်ာ့ေဆးလို႔ ေခၚၾကပါတယ္။ အေကာင္းဆုံးက ဥသွ်စ္သီးအမွည့္ကို ထန္းလ်က္နဲ႔ ေရာေမႊၿပီး စားေပးရင္ ဝမ္းခ်ဳပ္တာ ကင္းေဝးၿပီး ဝမ္းမွန္မွန္သြားေစပါတယ္။

ဝမ္းကိုက္တာကို သက္သာေစပါတယ္။ မမွည့္ေသးတဲ့ ဥသွ်စ္သီးကို ဝမ္းကိုက္တဲ့ ေဝဒနာေတြအတြက္သုံးရင္ သက္သာတယ္လို႔ တခ်ိဳ႕ကဆိုပါတယ္။ အေကာင္းဆုံးရလဒ္ကို ရရွိေစဖို႔ ဥသွ်စ္သီးေျခာက္ ဒါမွမဟုတ္ ဥသွ်စ္သီးအမႈန႔္ ကိုသုံးသင့္ပါတယ္။ အစာအိမ္အနာကို သက္သာေစပါတယ္။ ဥသွ်စ္႐ြက္ကို အစာအိမ္အနာကု သေဆးအျဖစ္ သုံးၾကပါတယ္။ အေၾကာင္း ကေတာ့ ဥသွ်စ္႐ြက္ေတြမွာ တန္နင္ဓာတ္ ပါဝင္တာေၾကာင့္ ေရာင္ရမ္းမႈကို ေလ်ာ့ က်ေစၿပီး အစာအိမ္အနာက်က္ေအာင္ ကူညီေပးလို႔ပါ။

နားေရာဂါေဝဒနာေတြကို သက္သာ ေစပါတယ္။ ဥသွ်စ္ပင္ရဲ႕အျမစ္ကို နားေရာဂါ ေဝဒနာေတြ ကုသေရးအတြက္ အိမ္သုံးေဆး တစ္လက္အျဖစ္ အသုံးျပဳၾကပါတယ္။ အထူးသျဖင့္ ဥသွ်စ္ပင္ရဲ႕အျမစ္နဲ႔ တမာ႐ြက္ဟာ နားပိုးဝင္တာ၊ နားေရာင္ရမ္းတာနဲ႔ နား ျပည္ယိုတာစတဲ့ ေဝဒနာေတြကို သက္သာေစပါတယ္။ အေၾကာင္းကေတာ့ တမာ႐ြက္မွာ ပိုးသတ္အာနိသင္ရွိၿပီး ဥသွ်စ္ ပင္အျမစ္ပိုင္းမွာ ေသြးတိတ္ေစတဲ့ အစြမ္း ရွိလို႔ပါ။

အသက္ရႉလမ္းေၾကာင္း ေရာဂါေဝဒနာ ေတြကို သက္သာေစပါတယ္ ။ဥသွ်စ္႐ြက္ကရလာတဲ့ အဆီကို ရႉ ေပးရင္ မၾကာခဏ အေအးမိတာ၊ အ သက္ရႉလမ္းေၾကာင္း ေဝဒနာေတြကို ယာယီသက္သာေစပါတယ္။ဥသွ်စ္႐ြက္ အဆီကို ႏွမ္းဆီနဲ႔ ဆတူေရာၿပီး နားထင္မွာ လိမ္းၿပီး ႏွိပ္နယ္ေပးရင္ ေခါင္းကိုက္တာကို သက္သာေစသလို အေအးမိ ေဝဒနာကိုလည္း ေလ်ာ့ပါးေစပါတယ္။ဥသွ်စ္႐ြက္ျပဳတ္ရည္ထဲ င႐ုတ္ေကာင္း နည္းနည္းထည့္ေသာက္ရင္ ေခ်ာင္းဆိုးတာနဲ႔ အသက္ရႉလမ္းေၾကာင္းေဝဒနာေတြကို သက္သာေစပါတယ္။ အစာမေၾကတာနဲ႔ အူမႀကီး ပိုးဝင္မႈ ကို သက္သာေစပါတယ္။ ဥသွ်စ္သီးဟာ အစာအိမ္နဲ႔ အူမႀကီး ျပႆနာေတြကို သက္သာေစတဲ့ အလြန္ အစြမ္းထက္ အိမ္သုံးေဆးတစ္လက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အစာမၾကတာနဲ႔ အူမႀကီး ပိုးဝင္တာေတြလို ေဝဒနာေတြကို ကုသရာမွာ သုံးၾကပါတယ္။

Credit-Original Uploader

ဆန်ပုန်းရည် ပြုလုပ်နည်း၊ အကောင်းဆုံး ဆေးဖက်ဝင်ပုံနှင့် သုံးစွဲနည်း (၁၁) မျိုး

(Unicode)

ဆန်ပုန်းရည် ပြုလုပ်နည်း ဆေးဖက်ဝင်ပုံနှင့် သုံးစွဲနည်း (၁၁) မျိုး

ဆန်ပုန်းရည်မှာ လူကို အကျိုးပြုစေသည့် Probiotic များစွာ ပါဝင်တဲ့ ကျန်းမာရေး အတွက် အရာရောက်သော အရည်တစ်မျိုးဖြစ်ပါတယ်။ ရှမ်း၊ မွန်လူမျိုးများမှာ ဆန်ပုန်းရည်အိုး တည်ပြီး အသုံးပြုတာ တွေ့ရပါတယ်။

ဆန်ပုန်းရည် ပြုလုပ်နည်း –

ထမင်းချက်လျှင် ဒုတိယဆန်ဆေး ရည်နင့် တတိယ ဆန်ဆေးရည်တို့ကိုယူပြီး အိုးသစ် ၁ လုံးတွင် ထည့်ပါ။ အိုးသစ် သုံးရခြင်းမှာ ဆန်ပုန်းရည် မပုပ်စေရန်နှင့် အနံ့ဆိုများ ကင်းစေရန်ဖြစ်တယ်) ဆားသင့်ရုံ သန့်ရှင်းသော ထမင်းကြ မ်း အနည်းငယ်ထည့်ပြီး အိုးလုံအောင်ဖုံး ထားပါ ၃ ရက်ကျော်လျှင် ချဉ်လာပါမည်။ အချဉ် ရလာပါက မနက်ပိုင်း ဆားနဲ့ ထမင်းကြမ်း ထည့်ပါက ညနေပိုင်းဆန်ပုံးရည် ဖြစ်ပါတယ်။

အသုံးဝင်ပုံ –

၁။ကန်စွန်းရွက် မုန်လာရွက် အသား. ငါး. ပုဇွန်. နှင့် ချဉ်ဟင်းချက်ရာတွင် မန် ကျည်းသီး အစား ဆန်ပုန်းရည်ဖြင့် ချက်နိုင်ပါတယ်။ အတို့ အမြုပ်များ ပြုတ်ရာမှာလည်း အစာကြေပြီး အလွန် ခံတွင်းလိုက်ပါတယ်

၂။သားငါး ခုတ်ထစ်ပြီး ဆေးလျှင်လည်း အညှိ အကျိ. အချွဲများ ပျောက်ပါတယ်။ ရေအစား ဆန်ပုန်းရည် ထည့်ချက်ပါက နူးလွယ်ပါတယ်။ ငါးပိသိပ်ရာမှာလည်း သုံးပါက နူးနပ် မွှေးကြိုင်လှပါတယ်။

၃။ဆန်ပုံးရည် ၁ ပိသာမှာ ရှောက်သီးအကြီး ၁ လုံးထည့် ရေခမ်းအောင် ပြုတ်ပါ။ ရှောက်သီးမှ အစေ့များထုတ်ပြီး ဆားအနည်းငယ်ထည့် မနက်. ည. ကွမ်းသီးလုံးခန့် စားပေးပါက လေထိုး. လေအောင့်. ရင်ဘတ်နာ. ရောဂါများ ပျောက်စေတယ်လို့ဆိုပါတယ်။

၄။သွေးဆုံးမီးယပ် ပျောက်စေပြီး မီးဖွားရ လွယ်ကူ သက်သာစေတယ်။ အချို့က အစာမကြေလေနာအတွက် ဆန်ပုံးရည်အိုးတွင် ရှောက် သံပုရာခွံများ ထည်ကာ မှီဝဲသုံးစွဲကြသည်။

၅။ဆန်ပုံးရည် ၁ ပိသာမှာ စမုန်မျိုး ၅ ပါး ၅ ပဲသား ကို အဝတ်ဖြင့် ထုပ်ပါ ၃ ရက် ကျော်လျှင် အကြမ်းပုဂံ ၁ လုံးတွင် သကြား အနည်းငယ် စပါးလင် အနည်းငယ် ထုထောင်း ပြီး သောက်ပါက အမျိးသမီးများ အဖြူဆင်းရောဂါ ပျောက်စေပါတယ်။

၆။ဆန်ပုံးရည်အိုးထဲက ထမင်းချဉ်ကို ဆယ်ပြီး ရေစစ်ကာ သားငါး ပုဇွန်. ပဲ နှင့် ထမင်းကြော်စားပါက အလွန် အရသာ ရှိပါတယ်။ ရေနွေးကြမ်းနဲ့ အလွန်လိုက်လှပါတယ်။ ထိုထမင်းချဉ်ကို ငရုတ်. ကြက်သွန်ဆီ. ဆားနဲ့ သုပ်စားတာလည်း အလွန်ကောင်းပါတယ်။

၇။ဆန်ပုံးရည်ကို မနက်စာ မစားမီ အဝသောက်ပါက ဆီး လေကောင်းစေပါတယ်။ အပူဒါဏ်အအေးဒါဏ် ခံနိုင်ရည်ရှိစေပါတယ်။ ပန်းလန်းပြီး ဒူလာကောင်း တယ်လို့ ဆိုပါတယ်။

၈။ကြောင်ပန်းရွက်ကို ဆန်ဆေးရည်နဲ့ ပြုတ်ပြီး ကြက်သွန်. ဆီ.ဆား. ငါး ကျည်း ခြောက်နှင့် သုပ်စားပါက သူငယ်နာ ဝမ်းပျက်. မီးယပ်ဝမ်းပျက် ပျောက်စေတဲ့အပြင် သကျည်းကိုက်ခြင်း ရောဂါများကို ပျောက်စေပါတယ်။

၉။လူကြီး သူမများက အိမ်နောက်ဖေး ဆန်ပုန်းရည်တည်ပြီး အိမ်ရှေ့ စပါးလင်မွှေး စိုက်ပါက တစ္ဆေ သရဲ ပရောဂများ ကင်းစေတယ်လို့ ဆိုပါတယ်။

၁၀။ဆံသားတွေကောင်းပြီး မဲနက်တောက်ပြောင်စေဖို့ ဆန်ပုန်းရည်ကို ခေါင်း မလျှော်မီ နာရီဝက်ကြိုပြီး ဦးရေ ဆံရင်းထိအောင်လိမ်းပြီး စိမ့်ဝင်စေရန် ၂၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးမှ ရိုးရိုးရေနဲ့ဆေးပြီး တရော် ကင်ပွန်း ခေါင်းလျော်ရေနဲ့ လျော်ပါ။

၁၁။ဆန်ပုန်းရည်က ချွေးပေါက်များကို ကင်းစေပြီး အသားအရေ လှပဝင်းလက်စေလို့ မျက်နှာသန့်ဆေးရည် အရေပြားလှဆေးရည်အဖြစ် မနက်ပိုင်းနဲ့ ညနေပိုင်း ဆေးပေး လိမ်ပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ဒီလို လက်စွဲသုံးလာကြတဲ့ ဆန်ပုံးရည်ရဲ့ ကောင်းကျိုးတွေကို မှတ်သားထားပြီး အလေ အလွင့်မဖြစ်စေပဲ ဆေးအဖြစ် သုံးနိုင်စေရန် ရေးသားမျှဝေလိုက်ပါတယ်။

Credit – ဆရာရဲ ( မင်္ဂလာတိုင်းရင်းဆေး)

(Zawgyi)

ဆန္ပုန္းရည္ ျပဳလုပ္နည္း ေဆးဖက္ဝင္ပုံႏွင့္ သုံးစြဲနည္း (၁၁) မ်ိဳး

ဆန္ပုန္းရည္မွာ လူကို အက်ိဳးျပဳေစသည့္ Probiotic မ်ားစြာ ပါဝင္တဲ့ က်န္းမာေရး အတြက္ အရာေရာက္ေသာ အရည္တစ္မ်ိဳးျဖစ္ပါတယ္။ ရွမ္း၊ မြန္လူမ်ိဳးမ်ားမွာ ဆန္ပုန္းရည္အိုး တည္ၿပီး အသုံးျပဳတာ ေတြ႕ရပါတယ္။

ဆန္ပုန္းရည္ ျပဳလုပ္နည္း –

ထမင္းခ်က္လွ်င္ ဒုတိယဆန္ေဆး ရည္နင့္ တတိယ ဆန္ေဆးရည္တို႔ကိုယူၿပီး အိုးသစ္ ၁ လုံးတြင္ ထည့္ပါ။ အိုးသစ္ သုံးရျခင္းမွာ ဆန္ပုန္းရည္ မပုပ္ေစရန္ႏွင့္ အနံ႔ဆိုမ်ား ကင္းေစရန္ျဖစ္တယ္) ဆားသင့္႐ုံ သန႔္ရွင္းေသာ ထမင္းၾက မ္း အနည္းငယ္ထည့္ၿပီး အိုးလုံေအာင္ဖုံး ထားပါ ၃ ရက္ေက်ာ္လွ်င္ ခ်ဥ္လာပါမည္။ အခ်ဥ္ ရလာပါက မနက္ပိုင္း ဆားနဲ႔ ထမင္းၾကမ္း ထည့္ပါက ညေနပိုင္းဆန္ပုံးရည္ ျဖစ္ပါတယ္။

အသုံးဝင္ပုံ –

၁။ကန္စြန္း႐ြက္ မုန္လာ႐ြက္ အသား. ငါး. ပုဇြန္. ႏွင့္ ခ်ဥ္ဟင္းခ်က္ရာတြင္ မန္ က်ည္းသီး အစား ဆန္ပုန္းရည္ျဖင့္ ခ်က္ႏိုင္ပါတယ္။ အတို႔ အျမဳပ္မ်ား ျပဳတ္ရာမွာလည္း အစာေၾကၿပီး အလြန္ ခံတြင္းလိုက္ပါတယ္

၂။သားငါး ခုတ္ထစ္ၿပီး ေဆးလွ်င္လည္း အညႇိ အက်ိ. အခြၽဲမ်ား ေပ်ာက္ပါတယ္။ ေရအစား ဆန္ပုန္းရည္ ထည့္ခ်က္ပါက ႏူးလြယ္ပါတယ္။ ငါးပိသိပ္ရာမွာလည္း သုံးပါက ႏူးနပ္ ေမႊးႀကိဳင္လွပါတယ္။

၃။ဆန္ပုံးရည္ ၁ ပိသာမွာ ေရွာက္သီးအႀကီး ၁ လုံးထည့္ ေရခမ္းေအာင္ ျပဳတ္ပါ။ ေရွာက္သီးမွ အေစ့မ်ားထုတ္ၿပီး ဆားအနည္းငယ္ထည့္ မနက္. ည. ကြမ္းသီးလုံးခန႔္ စားေပးပါက ေလထိုး. ေလေအာင့္. ရင္ဘတ္နာ. ေရာဂါမ်ား ေပ်ာက္ေစတယ္လို႔ဆိုပါတယ္။

၄။ေသြးဆုံးမီးယပ္ ေပ်ာက္ေစၿပီး မီးဖြားရ လြယ္ကူ သက္သာေစတယ္။ အခ်ိဳ႕က အစာမေၾကေလနာအတြက္ ဆန္ပုံးရည္အိုးတြင္ ေရွာက္ သံပုရာခြံမ်ား ထည္ကာ မွီဝဲသုံးစြဲၾကသည္။

၅။ဆန္ပုံးရည္ ၁ ပိသာမွာ စမုန္မ်ိဳး ၅ ပါး ၅ ပဲသား ကို အဝတ္ျဖင့္ ထုပ္ပါ ၃ ရက္ ေက်ာ္လွ်င္ အၾကမ္းပုဂံ ၁ လုံးတြင္ သၾကား အနည္းငယ္ စပါးလင္ အနည္းငယ္ ထုေထာင္း ၿပီး ေသာက္ပါက အမ်ိးသမီးမ်ား အျဖဴဆင္းေရာဂါ ေပ်ာက္ေစပါတယ္။

၆။ဆန္ပုံးရည္အိုးထဲက ထမင္းခ်ဥ္ကို ဆယ္ၿပီး ေရစစ္ကာ သားငါး ပုဇြန္. ပဲ ႏွင့္ ထမင္းေၾကာ္စားပါက အလြန္ အရသာ ရွိပါတယ္။ ေရေႏြးၾကမ္းနဲ႔ အလြန္လိုက္လွပါတယ္။ ထိုထမင္းခ်ဥ္ကို င႐ုတ္. ၾကက္သြန္ဆီ. ဆားနဲ႔ သုပ္စားတာလည္း အလြန္ေကာင္းပါတယ္။

၇။ဆန္ပုံးရည္ကို မနက္စာ မစားမီ အဝေသာက္ပါက ဆီး ေလေကာင္းေစပါတယ္။ အပူဒါဏ္အေအးဒါဏ္ ခံႏိုင္ရည္ရွိေစပါတယ္။ ပန္းလန္းၿပီး ဒူလာေကာင္း တယ္လို႔ ဆိုပါတယ္။

၈။ေၾကာင္ပန္း႐ြက္ကို ဆန္ေဆးရည္နဲ႔ ျပဳတ္ၿပီး ၾကက္သြန္. ဆီ.ဆား. ငါး က်ည္း ေျခာက္ႏွင့္ သုပ္စားပါက သူငယ္နာ ဝမ္းပ်က္. မီးယပ္ဝမ္းပ်က္ ေပ်ာက္ေစတဲ့အျပင္ သက်ည္းကိုက္ျခင္း ေရာဂါမ်ားကို ေပ်ာက္ေစပါတယ္။

၉။လူႀကီး သူမမ်ားက အိမ္ေနာက္ေဖး ဆန္ပုန္းရည္တည္ၿပီး အိမ္ေရွ႕ စပါးလင္ေမႊး စိုက္ပါက တေစၦ သရဲ ပေရာဂမ်ား ကင္းေစတယ္လို႔ ဆိုပါတယ္။

၁၀။ဆံသားေတြေကာင္းၿပီး မဲနက္ေတာက္ေျပာင္ေစဖို႔ ဆန္ပုန္းရည္ကို ေခါင္း မေလွ်ာ္မီ နာရီဝက္ႀကိဳၿပီး ဦးေရ ဆံရင္းထိေအာင္လိမ္းၿပီး စိမ့္ဝင္ေစရန္ ၂၀ မိနစ္ခန႔္ ႏွပ္ထားပါ။ ၿပီးမွ ႐ိုး႐ိုးေရနဲ႔ေဆးၿပီး တေရာ္ ကင္ပြန္း ေခါင္းေလ်ာ္ေရနဲ႔ ေလ်ာ္ပါ။

၁၁။ဆန္ပုန္းရည္က ေခြၽးေပါက္မ်ားကို ကင္းေစၿပီး အသားအေရ လွပဝင္းလက္ေစလို႔ မ်က္ႏွာသန႔္ေဆးရည္ အေရျပားလွေဆးရည္အျဖစ္ မနက္ပိုင္းနဲ႔ ညေနပိုင္း ေဆးေပး လိမ္ေပးျခင္းျဖင့္ အသုံးျပဳႏိုင္ပါတယ္။ ဒီလို လက္စြဲသုံးလာၾကတဲ့ ဆန္ပုံးရည္ရဲ႕ ေကာင္းက်ိဳးေတြကို မွတ္သားထားၿပီး အေလ အလြင့္မျဖစ္ေစပဲ ေဆးအျဖစ္ သုံးႏိုင္ေစရန္ ေရးသားမွ်ေဝလိုက္ပါတယ္။

Credit – ဆရာရဲ ( မဂၤလာတိုင္းရင္းေဆး)