Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Author: SHANGYI

ပဲပင်ပေါက် အလွှာလိုက် ဖောက်နည်း။

(Unicode)

ပဲပင်ပေါက် အလွှာလိုက် ဖောက်နည်း

ယခု ပဲပင်ပေါက် ဖောက်နည်းမှာ အိမ်တွင်း စိုက်ပျိုးရုံသာမက စီးပွားဖြစ် စိုက်ပျိုးလိုသူများအတွက်ပါ စိုက်ပျိုးနိုင်ပါသည်။ ရိုးရှင်းပြီး လွယ်လွယ်ကူကူ ပြုနိုင်သဖြင့် ကိုယ်တိုင်ပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အောက်ဖော်ပြပါ အဆင့်များကို တစ်ဆင့်ချင်း သေချာဖတ်ပြီး လုပ်ဆောင်စေလိုပါတယ်။

၁။ မျိုးရွေးချယ်ခြင်း

ပဲအမျိုးအစား အားလုံးနီးပါးက အပင်ဖောက်လို့ရပါတယ်။ ဒါပေမယ့် အစေ့သေးတဲ့ ပဲအမျိုးအစားကတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ အစေ့ကြီးတဲ့ မျိုးတွေမှာ ဆိုရင်တော့ စိုစွတ်မှု အချိန်ကြာလာတာနဲ့ အမျှ မှိုတက်ဖို့ အလားအလာများပါတယ်။ အသုံးပြုမည့် ပဲကို ရေ(၈) နာရီခန့် ကြိုတင် စိမ်ထားဖို့ လိုအပ်ပါတယ်။

-ပဲတီစိမ်းက အညှောင့်ဖောက်ဖို့အတွက် အသုံးအများဆုံး ပဲမျိုးဖြစ်ပါတယ်။ -အခြား အစေ့သေးတဲ့ ပဲမျိုးတွေလည်း အသုံးပြုနိုင်ပါတယ်။

၂။ အသုံးပြုမည့် ပုံး

မိသားစု တစ်နိုင်တစ်ပိုင် မှ စီးပွားဖြစ်စိုက်ပျိုးသည်အထိ လုပ်ဆောင်နိုင်သည့်အတွက် အသုံးပြုမည့် ပုံးအရွယ်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ကော်ပုံး၊ ခြင်းတောင်း၊ ကွန်ကရစ်ခွေ စသဖြင့် အသုံးပြုနိုင်ပါတယ်။ အသုံးပြုမည့် ပုံးက အလင်းရောင် အဖောက်ဖို့ လိုအပ်ပါတယ်။ ပုံးက အလင်းရောင်ဖောက်(အကြည်ပုံး) ဖြစ်နေရင်တော့ ပဲစေ့ထည့်ပြီး အလင်းရောင်မဖောက်နိုင်တဲ့ ပုံးကြီး အဝတ်တို့နဲ့ အုပ်ထားဖို့ လိုအပ်တယ်။ ပုံးတွေရဲ့ အောက်ခြေမှာ ရေစစ်ကျနိုင်ဖို့ ပေါက်လေးတွေ ဖောက်ထားဖို့ လိုအပ်ပါတယ်။

၃။ လိုအပ်သော ပစ္စည်းများ-

ပဲတီစိမ်း၊ ကော်ဇကာ(ပုံတွင် ပြထား)၊ ဂုံနီအိတ်၊ ကျောက်စရစ်ခဲ

ပုံတွင် ဖောက်ထားသော ပိုက်ဇကာကို အိမ်ဆောက်ပစ္စည်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ မရှိပါက ဝါးဇကာ အသုံးပြုနိုင်ပါတယ်။ အပေါက်အရွယ်အစားမှာ ပဲတီစိမ်း အစေ့များ အောက်ကို မကျနိုင်တဲ့ အရွယ်ဖြစ်ဖို့ လိုပါတယ်။

၃။ ပြုလုပ်နည်း အဆင့်ဆင့်

(က) ပုံးရဲ့ အောက်ခြေကို ရေသေချာဆေးထားတဲ့ ကျောက်စရစ်ခဲလေးတွေကို ခင်းပေးပါ။ ဒါမှ ပုံးထဲမှာ ရေအိုင်မနေဘဲ အလွယ်တကူ ထွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကွန်ကရစ်ခွေ အသုံးပြုပါက အောက်ခြေတွင် စက်ဘီးတာယာ ခင်းပြီး အပေါ်ကနေ သံဇကာကွက်စိပ်ကို ပုံမှာ ပြထားသလို ခင်းပြီး အသုံးပြုနိုင်ပါတယ်။

(ခ) ပြီးနောက် ဂုံနီအိတ်ကို အသုံးပြုမည့် ပုံး၊ တောင်း၊ ကွန်ကရစ်ခွေ အဝိုင်းအတိုင်း ဖြစ်ထားပါ။ လေးထောင့်ပုံးများဖြစ်ပါက ဂုံနီအိတ်ကိုလည်း ပုံးအတိုင်း လေးထောင့် ဖြတ်ဖို့ လိုအပ်ပါတယ်။ ဖြတ်ထားသော ဂုံနီအိတ်အစ(၂) စကို ကျောက်စရစ်ခဲရဲ့ ပေါ်မှာ ခင်းပါ။ အစ(၂) စ အသုံးပြုရခြင်းမှာ အောက်ခံ မျက်နှာပြင် တောင့်တင်းစေရန်နှင့် ရေအစိုဓာတ်ကို ထိန်းထားနိုင်ရန် ဖြစ်ပါတယ်။

(ဂ) ကော်ဇကာကိုလည်း ဂုံနီအိတ် အရွယ်အတိုင်း ဖတ်ထားပါ။ ကော်ဇကာ ကို ဂုံနီအိတ် ပေါ်မှာ(၁)ထပ် ထပ်တင်ပါ။

(ဃ) ကော်ဇကာပေါ်မှာ ရေ(၈) နာရီစိမ်ထားသော ပဲတီစိမ်းကို ပါးပါးလေး ထည့်ပေးပါ။ ထူထူထည့်လိုက်ပါက အပင်ပေါက်များ ကျပ်လာရုံသာမက မှိုများ အလွယ်တကူ ကျရောက်နိုင်ပါတယ်။

(င) အခုဆို အလွှာတစ်လွှာအတွက် လိုအပ်တဲ့ အဆင့်တွေ ပြီးသွားပါပြီ။ နောက်တစ်လွှာအတွက် ဖြတ်ထားသော ဂုံနီအိတ် အစ(၂) စ ကို ပဲတီစိမ်းအစေ့တွေရဲ့ အပေါ်မှာ ထပ်ခင်းပါ။

(စ) ဂုံနီအိတ်ပေါ်မှာ ကော်ဇကာ ထည့်ပြီးနောက် ပဲတီစိမ်း ကို ပါးပါးထည့်ပေးပါ။ ဤနည်းဖြင့် အလွှာ(၄) လွှာအထိ ပြုလုပ်နိုပါတယ်။

(ဆ) ၄ လွှာ ပြီးထည့်ပြီးနောက် အပေါ်ဆုံးကနေ ဂုံနီအိတ်(၂) စ ထပ်တင်ထားပေးပါ။ ပြီးနောက် ရေကို စိုရွဲသွားအောင် များများ လောင်းထည့်ပေးပါ။ ပြီးနောက် အပေါ်ကနေ ငှက်ပျောက်ရွက် သို့မဟုတ် တစ်ခုခု ဖြင့် ဖုံးအပ်ထားပေးပါ။

(၄) ပြုစုနည်း

(က) ပြုလုပ်သည့် နေရာဒေသနှင့် ရာသီဥတုပေါ် မူတည်၍ ရေကို သုံးနာရီခြား တစ်ခါ လောက် လောင်းပေးဖို့ လိုအပ်ပါတယ်။ လောင်းတိုင်းမှာ ရေကောင်းစွာ စိုစွတ်နေစေရန် များများ လောင်းပေးဖို့ လိုအပ်ပါတယ်။ ည မအိပ်ခင်မှာလည်း နောက်ဆုံး တစ်ကြိမ်လောက် လောင်းပြီးမှ အိပ်ပါ။ ဒီနည်းအတိုင်း ပဲပင်ပေါက် ရလာသည့်အထိ ရေလောင်းပါ။

(ခ) ၃၆ နာရီလောက် ကြာရင်တော့ ပဲပင်ပေါက်များ ရရှိလာပါပြီ

(ဂ) ပဲပင်ပေါက်များကို ဆွဲထုတ်လိုက်ပါက အလွှာလိုက် ထွက်လာမှာ ဖြစ်ပါတယ်။ ထိုအလွှာကို ကြည့်လိုက်ပါက အပေါ်မှာ ပဲစေ့ အခွံလေးတွေ ကပ်နေမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ခါချဖို့ ရေဇလုံထဲမှာ ပဲပင်ပေါက်အလွှာကို မှောက်လျက်ထားပြီး ရေဆေးလိုက်ပါက အစေ့ခွံများ ကျသွားမည် ဖြစ်ပါ။

(ဃ) ပဲပင်ပေါက်ရဲ့ အမြစ်တွေကို ကော်ဇကာကို ဖောက်ပြီး ဂုံနီအိတ်ထဲမှာ ဝင်ရောက်နေတဲ့အတွက် ဇကာနားကို ကပ်ပြီး ဓားနဲ့ ခြစ်ခလိုက်ပါက အမြစ်မပါတဲ့ ပဲပင်ပေါက်များ ရရှိမည် ဖြစ်ပါတယ်။

အထက်ဖော်ပြပါနည်းမှာ ရိုးရှင်းလွယ်ကူပြီး လိုက်လုပ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီနည်းလေးအတိုင်း လိုက်လုပ်၍ မိမိအိမ်မှာ သန့်ရှင်းလတ်ဆက်တဲ့ ပဲပင်ပေါက်များကို ကိုယ်တိုင် လုပ်ဆောင်နိုင်ပါပြီ။ ဗဟုသုတအနေဖြင့် ပဲတီစိမ်း တစ်ပိဿာ ဖောက်ပါက ပဲပင်ပေါက်(၄) ပိဿာ ရရှိမည် ဖြစ်ပါတယ်။

Credit-greenwaymyanmar

(Zawgyi)

ပဲပင္ေပါက္ အလႊာလိုက္ ေဖာက္နည္း

ယခု ပဲပင္ေပါက္ ေဖာက္နည္းမွာ အိမ္တြင္း စိုက္ပ်ိဳး႐ုံသာမက စီးပြားျဖစ္ စိုက္ပ်ိဳးလိုသူမ်ားအတြက္ပါ စိုက္ပ်ိဳးႏိုင္ပါသည္။ ႐ိုးရွင္းၿပီး လြယ္လြယ္ကူကူ ျပဳႏိုင္သျဖင့္ ကိုယ္တိုင္ျပဳႏိုင္လိမ့္မည္ဟု ယုံၾကည္ပါသည္။ ေအာက္ေဖာ္ျပပါ အဆင့္မ်ားကို တစ္ဆင့္ခ်င္း ေသခ်ာဖတ္ၿပီး လုပ္ေဆာင္ေစလိုပါတယ္။

၁။ မ်ိဳးေ႐ြးခ်ယ္ျခင္း

ပဲအမ်ိဳးအစား အားလုံးနီးပါးက အပင္ေဖာက္လို႔ရပါတယ္။ ဒါေပမယ့္ အေစ့ေသးတဲ့ ပဲအမ်ိဳးအစားကေတာ့ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ ေ႐ြးခ်ယ္မႈတစ္ခုပါပဲ။ အေစ့ႀကီးတဲ့ မ်ိဳးေတြမွာ ဆိုရင္ေတာ့ စိုစြတ္မႈ အခ်ိန္ၾကာလာတာနဲ႔ အမွ် မႈိတက္ဖို႔ အလားအလာမ်ားပါတယ္။ အသုံးျပဳမည့္ ပဲကို ေရ(၈) နာရီခန႔္ ႀကိဳတင္ စိမ္ထားဖို႔ လိုအပ္ပါတယ္။

-ပဲတီစိမ္းက အေညႇာင့္ေဖာက္ဖို႔အတြက္ အသုံးအမ်ားဆုံး ပဲမ်ိဳးျဖစ္ပါတယ္။ -အျခား အေစ့ေသးတဲ့ ပဲမ်ိဳးေတြလည္း အသုံးျပဳႏိုင္ပါတယ္။

၂။ အသုံးျပဳမည့္ ပုံး

မိသားစု တစ္ႏိုင္တစ္ပိုင္ မွ စီးပြားျဖစ္စိုက္ပ်ိဳးသည္အထိ လုပ္ေဆာင္ႏိုင္သည့္အတြက္ အသုံးျပဳမည့္ ပုံးအ႐ြယ္ကို ေ႐ြးခ်ယ္ဖို႔ လိုအပ္ပါတယ္။ ေကာ္ပုံး၊ ျခင္းေတာင္း၊ ကြန္ကရစ္ေခြ စသျဖင့္ အသုံးျပဳႏိုင္ပါတယ္။ အသုံးျပဳမည့္ ပုံးက အလင္းေရာင္ အေဖာက္ဖို႔ လိုအပ္ပါတယ္။ ပုံးက အလင္းေရာင္ေဖာက္(အၾကည္ပုံး) ျဖစ္ေနရင္ေတာ့ ပဲေစ့ထည့္ၿပီး အလင္းေရာင္မေဖာက္ႏိုင္တဲ့ ပုံးႀကီး အဝတ္တို႔နဲ႔ အုပ္ထားဖို႔ လိုအပ္တယ္။ ပုံးေတြရဲ႕ ေအာက္ေျခမွာ ေရစစ္က်ႏိုင္ဖို႔ ေပါက္ေလးေတြ ေဖာက္ထားဖို႔ လိုအပ္ပါတယ္။

၃။ လိုအပ္ေသာ ပစၥည္းမ်ား-

ပဲတီစိမ္း၊ ေကာ္ဇကာ(ပုံတြင္ ျပထား)၊ ဂုံနီအိတ္၊ ေက်ာက္စရစ္ခဲ

ပုံတြင္ ေဖာက္ထားေသာ ပိုက္ဇကာကို အိမ္ေဆာက္ပစၥည္းဆိုင္မ်ားတြင္ အလြယ္တကူ ဝယ္ယူႏိုင္ပါတယ္။ မရွိပါက ဝါးဇကာ အသုံးျပဳႏိုင္ပါတယ္။ အေပါက္အ႐ြယ္အစားမွာ ပဲတီစိမ္း အေစ့မ်ား ေအာက္ကို မက်ႏိုင္တဲ့ အ႐ြယ္ျဖစ္ဖို႔ လိုပါတယ္။

၃။ ျပဳလုပ္နည္း အဆင့္ဆင့္

(က) ပုံးရဲ႕ ေအာက္ေျခကို ေရေသခ်ာေဆးထားတဲ့ ေက်ာက္စရစ္ခဲေလးေတြကို ခင္းေပးပါ။ ဒါမွ ပုံးထဲမွာ ေရအိုင္မေနဘဲ အလြယ္တကူ ထြက္သြားႏိုင္မွာ ျဖစ္ပါတယ္။ ကြန္ကရစ္ေခြ အသုံးျပဳပါက ေအာက္ေျခတြင္ စက္ဘီးတာယာ ခင္းၿပီး အေပၚကေန သံဇကာကြက္စိပ္ကို ပုံမွာ ျပထားသလို ခင္းၿပီး အသုံးျပဳႏိုင္ပါတယ္။

(ခ) ၿပီးေနာက္ ဂုံနီအိတ္ကို အသုံးျပဳမည့္ ပုံး၊ ေတာင္း၊ ကြန္ကရစ္ေခြ အဝိုင္းအတိုင္း ျဖစ္ထားပါ။ ေလးေထာင့္ပုံးမ်ားျဖစ္ပါက ဂုံနီအိတ္ကိုလည္း ပုံးအတိုင္း ေလးေထာင့္ ျဖတ္ဖို႔ လိုအပ္ပါတယ္။ ျဖတ္ထားေသာ ဂုံနီအိတ္အစ(၂) စကို ေက်ာက္စရစ္ခဲရဲ႕ ေပၚမွာ ခင္းပါ။ အစ(၂) စ အသုံးျပဳရျခင္းမွာ ေအာက္ခံ မ်က္ႏွာျပင္ ေတာင့္တင္းေစရန္ႏွင့္ ေရအစိုဓာတ္ကို ထိန္းထားႏိုင္ရန္ ျဖစ္ပါတယ္။

(ဂ) ေကာ္ဇကာကိုလည္း ဂုံနီအိတ္ အ႐ြယ္အတိုင္း ဖတ္ထားပါ။ ေကာ္ဇကာ ကို ဂုံနီအိတ္ ေပၚမွာ(၁)ထပ္ ထပ္တင္ပါ။

(ဃ) ေကာ္ဇကာေပၚမွာ ေရ(၈) နာရီစိမ္ထားေသာ ပဲတီစိမ္းကို ပါးပါးေလး ထည့္ေပးပါ။ ထူထူထည့္လိုက္ပါက အပင္ေပါက္မ်ား က်ပ္လာ႐ုံသာမက မႈိမ်ား အလြယ္တကူ က်ေရာက္ႏိုင္ပါတယ္။

(င) အခုဆို အလႊာတစ္လႊာအတြက္ လိုအပ္တဲ့ အဆင့္ေတြ ၿပီးသြားပါၿပီ။ ေနာက္တစ္လႊာအတြက္ ျဖတ္ထားေသာ ဂုံနီအိတ္ အစ(၂) စ ကို ပဲတီစိမ္းအေစ့ေတြရဲ႕ အေပၚမွာ ထပ္ခင္းပါ။

(စ) ဂုံနီအိတ္ေပၚမွာ ေကာ္ဇကာ ထည့္ၿပီးေနာက္ ပဲတီစိမ္း ကို ပါးပါးထည့္ေပးပါ။ ဤနည္းျဖင့္ အလႊာ(၄) လႊာအထိ ျပဳလုပ္ႏိုပါတယ္။

(ဆ) ၄ လႊာ ၿပီးထည့္ၿပီးေနာက္ အေပၚဆုံးကေန ဂုံနီအိတ္(၂) စ ထပ္တင္ထားေပးပါ။ ၿပီးေနာက္ ေရကို စို႐ြဲသြားေအာင္ မ်ားမ်ား ေလာင္းထည့္ေပးပါ။ ၿပီးေနာက္ အေပၚကေန ငွက္ေပ်ာက္႐ြက္ သို႔မဟုတ္ တစ္ခုခု ျဖင့္ ဖုံးအပ္ထားေပးပါ။

(၄) ျပဳစုနည္း

(က) ျပဳလုပ္သည့္ ေနရာေဒသႏွင့္ ရာသီဥတုေပၚ မူတည္၍ ေရကို သုံးနာရီျခား တစ္ခါ ေလာက္ ေလာင္းေပးဖို႔ လိုအပ္ပါတယ္။ ေလာင္းတိုင္းမွာ ေရေကာင္းစြာ စိုစြတ္ေနေစရန္ မ်ားမ်ား ေလာင္းေပးဖို႔ လိုအပ္ပါတယ္။ ည မအိပ္ခင္မွာလည္း ေနာက္ဆုံး တစ္ႀကိမ္ေလာက္ ေလာင္းၿပီးမွ အိပ္ပါ။ ဒီနည္းအတိုင္း ပဲပင္ေပါက္ ရလာသည့္အထိ ေရေလာင္းပါ။

(ခ) ၃၆ နာရီေလာက္ ၾကာရင္ေတာ့ ပဲပင္ေပါက္မ်ား ရရွိလာပါၿပီ

(ဂ) ပဲပင္ေပါက္မ်ားကို ဆြဲထုတ္လိုက္ပါက အလႊာလိုက္ ထြက္လာမွာ ျဖစ္ပါတယ္။ ထိုအလႊာကို ၾကည့္လိုက္ပါက အေပၚမွာ ပဲေစ့ အခြံေလးေတြ ကပ္ေနမွာ ျဖစ္ပါတယ္။ အဲဒါေတြကို ခါခ်ဖို႔ ေရဇလုံထဲမွာ ပဲပင္ေပါက္အလႊာကို ေမွာက္လ်က္ထားၿပီး ေရေဆးလိုက္ပါက အေစ့ခြံမ်ား က်သြားမည္ ျဖစ္ပါ။

(ဃ) ပဲပင္ေပါက္ရဲ႕ အျမစ္ေတြကို ေကာ္ဇကာကို ေဖာက္ၿပီး ဂုံနီအိတ္ထဲမွာ ဝင္ေရာက္ေနတဲ့အတြက္ ဇကာနားကို ကပ္ၿပီး ဓားနဲ႔ ျခစ္ခလိုက္ပါက အျမစ္မပါတဲ့ ပဲပင္ေပါက္မ်ား ရရွိမည္ ျဖစ္ပါတယ္။

အထက္ေဖာ္ျပပါနည္းမွာ ႐ိုးရွင္းလြယ္ကူၿပီး လိုက္လုပ္ႏိုင္မည္ဟု အျပည့္အဝ ယုံၾကည္ပါတယ္။ ဒါေၾကာင့္ ဒီနည္းေလးအတိုင္း လိုက္လုပ္၍ မိမိအိမ္မွာ သန႔္ရွင္းလတ္ဆက္တဲ့ ပဲပင္ေပါက္မ်ားကို ကိုယ္တိုင္ လုပ္ေဆာင္ႏိုင္ပါၿပီ။ ဗဟုသုတအေနျဖင့္ ပဲတီစိမ္း တစ္ပိႆာ ေဖာက္ပါက ပဲပင္ေပါက္(၄) ပိႆာ ရရွိမည္ ျဖစ္ပါတယ္။

Credit-greenwaymyanmar

အစာအိမ်အောင့်၊ အစာအိမ်နာ၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ ပျောက်စေတဲ့ ဗန်ဒါရွက်အစွမ်း။

(Unicode)

ဒီနေ့မိသားစုတို့ကို ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ။

ဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့ လွယ်လွယ်အရိပ်ရလို့၊ တချို့ကမိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ်။ နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။ သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့ သိသူနည်းပါးပါတယ်။

ဗန်ဒါရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင်ကျိူ ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ပျောက်တဲ့ဆေးပါ။ ဆန်ပြုတ်ကျိူ သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲ၊ အထက်လေဆန်ဖြစ်နေရင် ကျိူသောက် ပျောက်တဲ့ဆေးလည်းဖြစ်တယ်။

တချို့က ဗန်ဒါရွက်ကို နေရိပ်မှာလှန်းပီး အမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။ အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ်။ ကျနော် အရင်က အစာအိမ်ရောဂါဝေဒနာကိုအလူးအလိမ့် ခံစားခဲ့ရတယ်။ ဆန်ပြုတ်ကို လချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ်။ ဆေးရုံမှာ ၁လကျော်၂လနီးပါး တက်ရောက်ကုသဖူးတယ်။စိတ်ဓာတ်တွေလည်း ကျခဲ့တယ်။ ငါ ဒီရောဂါနဲ့ သေရတော့မယ်ဆိုတဲ့ အသိနဲ့ပါ။ သေမယ့်သေရင်တောင် ကိုယ်စားချင်တာစားပီး သေချင်တယ်။ ကံကောင်းစွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကို မြည်းစမ်းခွင့်ရခဲ့တယ်။ ချက်ချင်းပဲ လိုက်ရှာခူးတယ်။ အပင်ကမဝေးပါဘူး။ ကိုယ့်အနီးအးနာမှာပဲ အဆင်သင့်ရှိနေခဲ့တယ်။ ၁၀ရွက်လောက် ကျိူသောက်လိုက်တယ်ဆိုရင်ပဲ နာကျင်ကိုက်ခဲနေတာတွေ တဖြည်းဖြည်းသက်သာလာတယ်။ အချိန် ၁၀မိနစ်ပါပဲ။ သောက်ပီးမကြာဘူးဗိုက်ဆာလာတယ်။ ကြာဇံဟင်းခါး ၂ပွဲဆက်တိုက် သောက်လိုက်တယ်။ ဗန်ဒါရွက်ပြုတ် ထပ်သောက်တယ်။ ထမင်းစားတယ်။ ယူပစ်လိုက်သလိုပဲ လုံးဝကောင်းသွားတယ်။ ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ ရသွားပီ။ အခုလည်းအိမ်ကသမီး

ကျောက်ကပ်ရောင်လို့ ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲ တိုက်လိုက်တယ်။ ဒီနေ့၃ရက်မြောက်နေ့မှာပဲ ဗိုက်ကြီးဖောင်းကားနေတာ လုံးဝလျော့သွားလို့ သမီးလည်း သက်တောင့်သက်သာဖြစ်ပီး အရမ်းပျော်နေပါတယ်။ ဒူးနာခါးနာတွေအတွက် အရွက်မနုမရင့်ကို မီးနဲနဲပြပီး စည်းထား၊ ကြပ်ထုတ်ထိုးထားပေးရင်လည်း သက်သာပျောက်ကင်းပါတယ်။ ဗန်ဒါစေ့ကတော့ နှလုံး၊ ဆီးချိူ၊ သွေးချိူရောဂါသည်တွေအတွက် အထူးကောင်းလို့ စားပေးသင့်ပါတယ်။ ဗန်ဒါစေ့ကို အနောက်နိုင်ငံတွေမှာ ဧည့်ခံပွဲတွေမှာ အထူးဟင်းလျာအဖြစ် တည်ခင်းပါတယ်။ ချောကလက်ထဲမှာ ထည့်သွင်းရောင်းချတယ်။ ၁ ဂရန်ကို ၁၀၀ဒေါ်လာနဲ့ ရောင်းချနေကြတယ်။

သိတဲ့သူက ဗန်ဒါစေ့ကို ထုခွဲစားရင်လည်း အမေးအမြန်းမရှိ တန်းပီးကဲ့ရဲ့ အပြစ်တင်တာတွေရှိတယ်။ ကျနော်တို့မြန်မာပြည်မှာတော့ ပေါပေါရလို့ ရောင်းချသူမပြောနဲ့ စားသုံးသူတောင်မရှိဘူး။ ဟုတ်ကဲ့ပါ စာလည်းရှည်သွားပြီ၊ အပိုတွေလည်းပြောမိသွားပြီ။ စာကိုဆုံးအောင်ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

Credit–ဆီ မီး ခွက်

(Zawgyi)

ဒီေန႔မိသားစုတို႔ကို ေျပာျပခ်င္တဲ့ေဆးနည္းက ဗန္ဒါ႐ြက္ အစြမ္းထက္ပုံအေၾကာင္းပါ။

ဗန္ဒါ(ဗာဒံ)႐ြက္ ဗာဒံသီးဟာ ေျမျပန႔္ေဒသ ပူအိုက္တဲ့ရာသီဥတုအတြက္ေတာ့ ျမန္ျမန္နဲ႔ လြယ္လြယ္အရိပ္ရလို႔၊ တခ်ိဳ႕ကမိမိအိမ္ၿခံဝင္းမွာ အရိပ္ရေအာင္ စိုက္ၾကတယ္။ ေနရာတိုင္းမွာလည္း အေလ့က် ေပါက္ပါတယ္။ သို႔ေသာ္ ဗန္ဒါပင္ရဲ႕အစြမ္းကိုေတာ့ သိသူနည္းပါးပါတယ္။

ဗန္ဒါ႐ြက္(ယခုပုံ)မွာျပထားတဲ့အတိုင္း ဗန္ဒါ႐ြက္အရင့္ကို ၃ခြက္၁ခြက္တင္က်ိဴ ပီးေသာက္ေပးျခင္းျဖင့္ အစာအိမ္ေလနာ၊အစာအိမ္ေအာင့္၊ အစာအဆိပ္သင့္၊ ဝမ္းေဖာဝမ္းေရာင္၊ ကိုက္ခဲနာက်င္တာေတြ လက္ေတြ႕ေပ်ာက္တဲ့ေဆးပါ။ ဆန္ျပဳတ္က်ိဴ ေသာက္ေနရသူ အစာအိမ္သမားေတြအတြက္ သဘာဝကေပးတဲ့ ေဆးျဖစ္တယ္။ ဆီးဝမ္းေသြးေလ မကြဲ၊ အထက္ေလဆန္ျဖစ္ေနရင္ က်ိဴေသာက္ ေပ်ာက္တဲ့ေဆးလည္းျဖစ္တယ္။

တခ်ိဳ႕က ဗန္ဒါ႐ြက္ကို ေနရိပ္မွာလွန္းပီး အမႈန႔္လုပ္ပီး လ်က္ဆားလ်က္သလို စားၾကပါတယ္။ အမႈန႔္လုပ္ေသာက္ႏိူင္ရင္ပိုေကာင္းတယ္။ က်ေနာ္ အရင္က အစာအိမ္ေရာဂါေဝဒနာကိုအလူးအလိမ့္ ခံစားခဲ့ရတယ္။ ဆန္ျပဳတ္ကို လခ်ီေသာက္ရတယ္။ ဆန္ျပဳတ္ေသာက္တိုင္း မ်က္ရည္က်ခဲ့ရတယ္။ ေဆး႐ုံမွာ ၁လေက်ာ္၂လနီးပါး တက္ေရာက္ကုသဖူးတယ္။စိတ္ဓာတ္ေတြလည္း က်ခဲ့တယ္။ ငါ ဒီေရာဂါနဲ႔ ေသရေတာ့မယ္ဆိုတဲ့ အသိနဲ႔ပါ။ ေသမယ့္ေသရင္ေတာင္ ကိုယ္စားခ်င္တာစားပီး ေသခ်င္တယ္။ ကံေကာင္းစြာနဲ႔ ဗန္ဒါ႐ြက္ရဲ႕အစြမ္းသတၱိကို ျမည္းစမ္းခြင့္ရခဲ့တယ္။ ခ်က္ခ်င္းပဲ လိုက္ရွာခူးတယ္။ အပင္ကမေဝးပါဘူး။ ကိုယ့္အနီးအးနာမွာပဲ အဆင္သင့္ရွိေနခဲ့တယ္။ ၁၀႐ြက္ေလာက္ က်ိဴေသာက္လိုက္တယ္ဆိုရင္ပဲ နာက်င္ကိုက္ခဲေနတာေတြ တျဖည္းျဖည္းသက္သာလာတယ္။ အခ်ိန္ ၁၀မိနစ္ပါပဲ။ ေသာက္ပီးမၾကာဘူးဗိုက္ဆာလာတယ္။ ၾကာဇံဟင္းခါး ၂ပြဲဆက္တိုက္ ေသာက္လိုက္တယ္။ ဗန္ဒါ႐ြက္ျပဳတ္ ထပ္ေသာက္တယ္။ ထမင္းစားတယ္။ ယူပစ္လိုက္သလိုပဲ လုံးဝေကာင္းသြားတယ္။ ဘာမွစားလို႔မရတဲ့လူက စားခ်င္တာစားလို႔ ရသြားပီ။ အခုလည္းအိမ္ကသမီး

ေက်ာက္ကပ္ေရာင္လို႔ ဗိုက္ႀကီးေဖာင္းကားေနတာ ဗန္ဒါ ႐ြက္၂ရက္ တေန႔၂ခြက္ပဲ တိုက္လိုက္တယ္။ ဒီေန႔၃ရက္ေျမာက္ေန႔မွာပဲ ဗိုက္ႀကီးေဖာင္းကားေနတာ လုံးဝေလ်ာ့သြားလို႔ သမီးလည္း သက္ေတာင့္သက္သာျဖစ္ပီး အရမ္းေပ်ာ္ေနပါတယ္။ ဒူးနာခါးနာေတြအတြက္ အ႐ြက္မႏုမရင့္ကို မီးနဲနဲျပပီး စည္းထား၊ ၾကပ္ထုတ္ထိုးထားေပးရင္လည္း သက္သာေပ်ာက္ကင္းပါတယ္။ ဗန္ဒါေစ့ကေတာ့ ႏွလုံး၊ ဆီးခ်ိဴ၊ ေသြးခ်ိဴေရာဂါသည္ေတြအတြက္ အထူးေကာင္းလို႔ စားေပးသင့္ပါတယ္။ ဗန္ဒါေစ့ကို အေနာက္ႏိုင္ငံေတြမွာ ဧည့္ခံပြဲေတြမွာ အထူးဟင္းလ်ာအျဖစ္ တည္ခင္းပါတယ္။ ေခ်ာကလက္ထဲမွာ ထည့္သြင္းေရာင္းခ်တယ္။ ၁ ဂရန္ကို ၁၀၀ေဒၚလာနဲ႔ ေရာင္းခ်ေနၾကတယ္။

သိတဲ့သူက ဗန္ဒါေစ့ကို ထုခြဲစားရင္လည္း အေမးအျမန္းမရွိ တန္းပီးကဲ့ရဲ႕ အျပစ္တင္တာေတြရွိတယ္။ က်ေနာ္တို႔ျမန္မာျပည္မွာေတာ့ ေပါေပါရလို႔ ေရာင္းခ်သူမေျပာနဲ႔ စားသုံးသူေတာင္မရွိဘူး။ ဟုတ္ကဲ့ပါ စာလည္းရွည္သြားၿပီ၊ အပိုေတြလည္းေျပာမိသြားၿပီ။ စာကိုဆုံးေအာင္ဖတ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်။

Credit–ဆီ မီး ခြက္

လိပ်ခေါင်း၊ ဝမ်းကိုက်၊ သွေးတိုးနဲ့ ခန္ဓာကိုယ်ကိုက်ခဲနာကျင်ခြင်းအတွက် ပုဏ္ဏရိတ်ရွက် ပြုတ်ရည်။

(Unicode)

ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ်

ခြံစည်းရိုးပင်အနေနဲ့ အစိုက်များကြတဲ့ ပန်းသေးသေးလေးတွေ ပွင့်ကြတဲ့ ပုဏ္ဏရိတ်ကို ငယ်ငယ်ကတည်းက မြင်ဖူးကြမှာပါ။ အလှစိုက်ထားလေ့ရှိတဲ့ ပုဏ္ဏရိတ်ပန်းလေးတွေက အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ပေးစွမ်းနိုင်ပါတယ်။

တီဘီရောဂါအတွက် အသုံးပြုနိုင်ပါတယ်-

တီဘီရောဂါဆိုတာက ကိုယ်တွင်းမှာဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ချောင်းဆိုးလိုက်တဲ့အခါ သွေးပါတာမျိုး တွေ့ရနိုင်ပါတယ်။ တီဘီရောဂါဖြစ်ပြီဆိုရင် ချက်ချင်းကုသမှု ခံယူဖို့ လိုပါတယ်နော်။တီဘီရောဂါက မကုသဘဲ ထားမယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ တီဘီရောဂါက လေထဲကနေတဆင့် ကူးစက်တာပါ။ တီဘီရောဂါကို ဆေးဝါးတွေနဲ့ ကုသတာက အထိရောက်ဆုံးပါ။ ဒါပေမယ့် သဘာဝဆေးအနေနဲ့ကတော့ ပုဏ္ဏရိတ်ပင်ကို သုံးလို့ရပါတယ်နော်။

သွေးတိုး သက်သာစေနိုင်တယ်-

အသက်အရွယ်ရလာတဲ့ လူတော်တော်များများမှ ာတွေ့ရတဲ့ရောဂါ တစ်ခုပေါ့။ သွေးတိုးတာကြောင့် ခေါင်းကိုက်တာ ဖြစ်နိုင်သလို တစ်နေ့တာ အလုပ်တွေကို မလုပ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သွေးတိုးက ရေရှည်မှာ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိသူတွေအနေနဲ့ ပုဏ္ဏရိတ်ရွက်ကို သုံးလို့ရပါတယ်နော်။

အနာကျက်စေနိုင်တယ်-

ပုဏ္ဏရိတ်အရွက်မှာ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ပုဏ္ဏရိတ်ပင်ရဲ့ သဘဝဓါတ်ပေါင်းတွေက အနာကို မြန်မြန်ကျက်စေဖို့ လှုံ့ဆော်ပေးပါတယ်။ အနာအတွက် ပုဏ္ဏရိတ်ရွက်ကို သုံးမယ်ဆိုရင်တော့ ရေနဲ့ သန့်စင်အောင် ဆေးဖို့ပြောပါရစေနော်။ မလိုအပ်ဘဲ အနာပိုးဝင်တာမျိုး မဖြစ်စေဖို့ပါ။

ခန္ဓာကိုယ်နာကျင်တာကို သက်သာစေနိုင်ပါတယ်-

ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့ ဆေးမသောက်ချင်ဘူး ဆိုသူတွေအတွက် သဘာဝနည်းလမ်းကောင်းတစ်ခု ရှိပါတယ်။ ဒါကတော့ ပုဏ္ဏရိတ်ရွက်ပြုတ်ရည်ကို နာကျင်ကိုက်ခဲမှုတွေအတွက် အသုံးပြုလို့ ရတယ်ဆိုတာပါ။ ဆေးတွေကိုကြောက်တဲ့သူတွေအတွက် အသုံးတည့်မှာပါ။

လိပ်ခေါင်းသက်သာစေနိုင်တယ်-

လိပ်ခေါင်းဖြစ်တာက ထိုင်ရထရခက်တဲ့ ဝေဒနာတစ်ခုပါ။ ထိုင်နေစဉ်မှာ မသက်မသာ ခံစားရသလို ဝမ်းသွားတဲ့အခါမှာလည်း တော်တော်နေရခက်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးမှာ သွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့ အနေအထားမျိုးမှာ ခွဲစိတ်ကုသတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် သဘာဝဆေးဖက်ဝင်အပင်တစ်ခုကတော့ ပုဏ္ဏရိတ်ပန်းပါ။ အရမ်းမပြင်းထန်သေးတဲ့ လိပ်ခေါင်းပြဿနာကို ပုဏ္ဏရိတ်ပန်းက ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ပါတယ်။

ဝမ်းကိုက်သက်သာစေနိုင်တယ်-

ဝမ်းကိုက်သက်သာစေဖို့အတွက်လည်း ပုဏ္ဏရိတ်ပန်းကို အသုံးပြုလို့ရပါတယ်။ ပုဏ္ဏရိတ်ပင်မှာ ရောဂါတွေကို သက်သာစေနိုင်တဲ့ သဘာဝဓါတ်ပေါင်းတွေ ပါဝင်နေတာကြောင့် ဝမ်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ရာသီသွေးမှန်စေနိုင်တယ်

လေဒီလေးတွေ ကျန်းမာဖို့အတွက်က ရာသီသွေးမှန်ဖို့လည်း လိုအပ်ပါတယ်။ ရာသီသွေးပုံမှန်ဆင်းမှာ အသားအရေကစလို့ တစ်ကိုယ်လုံး ကျန်းမာမှာပါ။ ဘေဘီလေးလိုချင်တဲ့ လေဒီတို့အတွက်လည်း အဆင်ပြေစေမှာပါ။ ဒါကြောင့် လေဒီတိုင်းအတွက်အရေးပါတဲ့ ရာသီသွေးမှန်စေဖို့ဆိုရင် ပုဏ္ဏရိတ်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။

ခြေသလုံးတွေ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်-

အကိုက်အခဲပျောက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲနေတာကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

Credit-Helloဆရာဝန်

(Zawgyi)

ေဆးဖက္ဝင္တဲ့ ပုဏၰရိတ္

ၿခံစည္း႐ိုးပင္အေနနဲ႔ အစိုက္မ်ားၾကတဲ့ ပန္းေသးေသးေလးေတြ ပြင့္ၾကတဲ့ ပုဏၰရိတ္ကို ငယ္ငယ္ကတည္းက ျမင္ဖူးၾကမွာပါ။ အလွစိုက္ထားေလ့ရွိတဲ့ ပုဏၰရိတ္ပန္းေလးေတြက အခုလို က်န္းမာေရးအက်ိဳးေက်းဇူးေလးေတြ ေပးစြမ္းႏိုင္ပါတယ္။

တီဘီေရာဂါအတြက္ အသုံးျပဳႏိုင္ပါတယ္-

တီဘီေရာဂါဆိုတာက ကိုယ္တြင္းမွာျဖစ္တဲ့ ေရာဂါတစ္မ်ိဳးပါ။ ေခ်ာင္းဆိုးလိုက္တဲ့အခါ ေသြးပါတာမ်ိဳး ေတြ႕ရႏိုင္ပါတယ္။ တီဘီေရာဂါျဖစ္ၿပီဆိုရင္ ခ်က္ခ်င္းကုသမႈ ခံယူဖို႔ လိုပါတယ္ေနာ္။တီဘီေရာဂါက မကုသဘဲ ထားမယ္ဆိုရင္ အသက္အႏၲရာယ္ ထိခိုက္ေစႏိုင္ပါတယ္။ တီဘီေရာဂါက ေလထဲကေနတဆင့္ ကူးစက္တာပါ။ တီဘီေရာဂါကို ေဆးဝါးေတြနဲ႔ ကုသတာက အထိေရာက္ဆုံးပါ။ ဒါေပမယ့္ သဘာဝေဆးအေနနဲ႔ကေတာ့ ပုဏၰရိတ္ပင္ကို သုံးလို႔ရပါတယ္ေနာ္။

ေသြးတိုး သက္သာေစႏိုင္တယ္-

အသက္အ႐ြယ္ရလာတဲ့ လူေတာ္ေတာ္မ်ားမ်ားမွ ာေတြ႕ရတဲ့ေရာဂါ တစ္ခုေပါ့။ ေသြးတိုးတာေၾကာင့္ ေခါင္းကိုက္တာ ျဖစ္ႏိုင္သလို တစ္ေန႔တာ အလုပ္ေတြကို မလုပ္ႏိုင္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ေသြးတိုးက ေရရွည္မွာ ႏွလုံးကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေသြးတိုးရွိသူေတြအေနနဲ႔ ပုဏၰရိတ္႐ြက္ကို သုံးလို႔ရပါတယ္ေနာ္။

အနာက်က္ေစႏိုင္တယ္-

ပုဏၰရိတ္အ႐ြက္မွာ အနာက်က္ေစႏိုင္တဲ့ အစြမ္းသတၱိရွိပါတယ္။ ပုဏၰရိတ္ပင္ရဲ႕ သဘဝဓါတ္ေပါင္းေတြက အနာကို ျမန္ျမန္က်က္ေစဖို႔ လႈံ႕ေဆာ္ေပးပါတယ္။ အနာအတြက္ ပုဏၰရိတ္႐ြက္ကို သုံးမယ္ဆိုရင္ေတာ့ ေရနဲ႔ သန႔္စင္ေအာင္ ေဆးဖို႔ေျပာပါရေစေနာ္။ မလိုအပ္ဘဲ အနာပိုးဝင္တာမ်ိဳး မျဖစ္ေစဖို႔ပါ။

ခႏၶာကိုယ္နာက်င္တာကို သက္သာေစႏိုင္ပါတယ္-

ခႏၶာကိုယ္မွာ နာက်င္ကိုက္ခဲတာေတြကို သက္သာေစဖို႔ ေဆးမေသာက္ခ်င္ဘူး ဆိုသူေတြအတြက္ သဘာဝနည္းလမ္းေကာင္းတစ္ခု ရွိပါတယ္။ ဒါကေတာ့ ပုဏၰရိတ္႐ြက္ျပဳတ္ရည္ကို နာက်င္ကိုက္ခဲမႈေတြအတြက္ အသုံးျပဳလို႔ ရတယ္ဆိုတာပါ။ ေဆးေတြကိုေၾကာက္တဲ့သူေတြအတြက္ အသုံးတည့္မွာပါ။

လိပ္ေခါင္းသက္သာေစႏိုင္တယ္-

လိပ္ေခါင္းျဖစ္တာက ထိုင္ရထရခက္တဲ့ ေဝဒနာတစ္ခုပါ။ ထိုင္ေနစဥ္မွာ မသက္မသာ ခံစားရသလို ဝမ္းသြားတဲ့အခါမွာလည္း ေတာ္ေတာ္ေနရခက္ပါတယ္။ ျပင္းထန္တဲ့ အေျခအေနမ်ိဳးမွာ ေသြးထြက္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အရမ္းျပင္းထန္တဲ့ အေနအထားမ်ိဳးမွာ ခြဲစိတ္ကုသတာမ်ိဳးအထိ ျဖစ္ႏိုင္ပါတယ္။ ဒီျပႆနာကို ေျဖရွင္းေပးႏိုင္မယ့္ သဘာဝေဆးဖက္ဝင္အပင္တစ္ခုကေတာ့ ပုဏၰရိတ္ပန္းပါ။ အရမ္းမျပင္းထန္ေသးတဲ့ လိပ္ေခါင္းျပႆနာကို ပုဏၰရိတ္ပန္းက ထိထိေရာက္ေရာက္ ေျဖရွင္းေပးႏိုင္ပါတယ္။

ဝမ္းကိုက္သက္သာေစႏိုင္တယ္-

ဝမ္းကိုက္သက္သာေစဖို႔အတြက္လည္း ပုဏၰရိတ္ပန္းကို အသုံးျပဳလို႔ရပါတယ္။ ပုဏၰရိတ္ပင္မွာ ေရာဂါေတြကို သက္သာေစႏိုင္တဲ့ သဘာဝဓါတ္ေပါင္းေတြ ပါဝင္ေနတာေၾကာင့္ ဝမ္းကိုက္တာကိုလည္း သက္သာေစႏိုင္ပါတယ္။

ရာသီေသြးမွန္ေစႏိုင္တယ္

ေလဒီေလးေတြ က်န္းမာဖို႔အတြက္က ရာသီေသြးမွန္ဖို႔လည္း လိုအပ္ပါတယ္။ ရာသီေသြးပုံမွန္ဆင္းမွာ အသားအေရကစလို႔ တစ္ကိုယ္လုံး က်န္းမာမွာပါ။ ေဘဘီေလးလိုခ်င္တဲ့ ေလဒီတို႔အတြက္လည္း အဆင္ေျပေစမွာပါ။ ဒါေၾကာင့္ ေလဒီတိုင္းအတြက္အေရးပါတဲ့ ရာသီေသြးမွန္ေစဖို႔ဆိုရင္ ပုဏၰရိတ္ပန္းကို အသုံးျပဳေပးလို႔ ရပါတယ္။

ေျခသလုံးေတြ ကိုက္ခဲတာကို သက္သာေစႏိုင္ပါတယ္-

အကိုက္အခဲေပ်ာက္ေစႏိုင္တဲ့ အာနိသင္ရွိပါတယ္။ ေျခသလုံးႂကြက္သားေတြ နာက်င္ကိုက္ခဲေနတာကို အျမန္ဆုံးနဲ႔ အထိေရာက္ဆုံး သက္သာေစႏိုင္မွာပါ။ ႂကြက္သားေတြကို ေျပေလ်ာ့ေစၿပီး နာက်င္ကိုက္ခဲမႈကို သက္သာေစမွာပါ။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ေရးသားသူ Aye Thi Mon

Credit-Helloဆရာဝန္

လူကြီး၊ ကလေးတိုင်း ကျန်းမာရေးအတွက်ကောင်းတဲ့ ပဲနို့ရည် အိမ်မှာလုပ်နည်း။

(Unicode)

ပဲနို့ရည်

လတ်လတ် ဆတ်ဆတ် အိမ်လုပ်ပဲနို့ရည် ပူပူနွေးနွေးလေး လုပ်ကြည့်၇အောင်နော်။ ပဲနို့ရည်လုပ်နည်းက အရမ်းကိုလွယ်ပြီး တချို့ဆိုင်တွေကလို အနံ့ မနံပဲ သောက်လို့ကောင်းပါတယ်။လူကြီး ကလေးမရွေး သောက်လို့ရပြီး ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်။

ပါဝင်သောပစ္စည်းများ

၁။ ပဲပိစပ်ပဲ -၂ ခွက် (သို့) ၂၅ ကျပ်သား (သို့) ၁ ပေါင်

၂။ ရေ – ၇ ခွက်

ပြုလုပ်နည်း-

၁။ ပဲကို ဇလုံတခုထဲထည့်၍ ရေကို ပဲမျက်နှာပြင်အပေါ် လက်သုံးလုံး ခန့်အထိ ထည့်ပါ။အနည်းဆုံး ၈ နာရီ (သို့) တည ရေစိမ်ထားပါ။ (ပဲပိစပ်ပဲများသည် ရေမစိမ်ခင်က အလုံးပုံစံပါ။ရေစိမ်ပြီးသွားလျှင် ပုံမှာပြထားသလို ရှည်ရှည်လေးတွေ ဖြစ်သွားပါတယ်။)

၂။ ရေစိမ်ထားသော ပဲများကို ရေဖြင့် ၃ ခါဆေးပါ။ (ရေမဆေးလျှင် ပဲပုပ်စော် နံတတ်ပါတယ်။) ပြီးလျှင် ရေစစ်ထားပါ။

၃။ ရေစစ်ထားသော ပဲများကို ဖျော်ရည်ဖျော်တဲ့စက် (blender) ထဲကို သုံးခါ ခွဲထည့်ပါ။ တခါထည့်လျှင် ပဲ သုံးပုံတပုံ နှင့် ရေ ၂ ခွက်ကို ထည့်၍ ပဲများ ကြေညက်သွားသည်အထိ စက်ကို လှည့်ပါ။

၄။ ကြိတ်ပြီးသား ပဲရည်များကို အဝတ်ပါးတခုခံ၍ စစ်ပါ။ (အိစံကတော့ ရေစစ်ကို အသုံးပြုပါတယ်။) ပဲရည်များ ကုန်သည်အထိ ညှစ်ချပါ။

၅။ အထက်ပါနည်းဖြင့် သုံးခါ စက်ထဲလှည့်။ ပဲရည်ညှစ်ချပြီးလျှင် နောက်ဆုံးမှ ပဲရည်ထဲကို ရေ၁ ခွက် ထက်ရော၍ သမအောင်လုပ်ပါ။

၆။ ရလာတဲ့ပဲနို့ရည်ကို မီးဖိုပေါ်တွင် မီးအေးအေးဖြင့် တည်ပါ။ တည်နေတုံးတွင် အဆက်မပျက် မွှေပေးပါ။ (ပဲနို့ရည်များ အိုးမှာကပ်သွားမှာ စိုးလို့ပါ။)

၇။ ပဲနို့ရည်များ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်လောက်ထား၍ မီးဖိုပေါ်မှချပါ။

၈။ ပူပူနွေးနွေး ပဲနို့ရည်ကို သုံးဆောင်နိုင်ပါပြီ။

Credit-Ei San’s Homemade Inspiration

(Zawgyi)

ပဲႏို႔ရည္

လတ္လတ္ ဆတ္ဆတ္ အိမ္လုပ္ပဲႏို႔ရည္ ပူပူေႏြးေႏြးေလး လုပ္ၾကည့္၇ေအာင္ေနာ္။ ပဲႏို႔ရည္လုပ္နည္းက အရမ္းကိုလြယ္ၿပီး တခ်ိဳ႕ဆိုင္ေတြကလို အနံ႔ မနံပဲ ေသာက္လို႔ေကာင္းပါတယ္။လူႀကီး ကေလးမေ႐ြး ေသာက္လို႔ရၿပီး က်န္းမာေရးနဲ႔လဲ ညီၫြတ္ပါတယ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ပဲပိစပ္ပဲ -၂ ခြက္ (သို႔) ၂၅ က်ပ္သား (သို႔) ၁ ေပါင္

၂။ ေရ – ၇ ခြက္

ျပဳလုပ္နည္း-

၁။ ပဲကို ဇလုံတခုထဲထည့္၍ ေရကို ပဲမ်က္ႏွာျပင္အေပၚ လက္သုံးလုံး ခန႔္အထိ ထည့္ပါ။အနည္းဆုံး ၈ နာရီ (သို႔) တည ေရစိမ္ထားပါ။ (ပဲပိစပ္ပဲမ်ားသည္ ေရမစိမ္ခင္က အလုံးပုံစံပါ။ေရစိမ္ၿပီးသြားလွ်င္ ပုံမွာျပထားသလို ရွည္ရွည္ေလးေတြ ျဖစ္သြားပါတယ္။)

၂။ ေရစိမ္ထားေသာ ပဲမ်ားကို ေရျဖင့္ ၃ ခါေဆးပါ။ (ေရမေဆးလွ်င္ ပဲပုပ္ေစာ္ နံတတ္ပါတယ္။) ၿပီးလွ်င္ ေရစစ္ထားပါ။

၃။ ေရစစ္ထားေသာ ပဲမ်ားကို ေဖ်ာ္ရည္ေဖ်ာ္တဲ့စက္ (blender) ထဲကို သုံးခါ ခြဲထည့္ပါ။ တခါထည့္လွ်င္ ပဲ သုံးပုံတပုံ ႏွင့္ ေရ ၂ ခြက္ကို ထည့္၍ ပဲမ်ား ေၾကညက္သြားသည္အထိ စက္ကို လွည့္ပါ။

၄။ ႀကိတ္ၿပီးသား ပဲရည္မ်ားကို အဝတ္ပါးတခုခံ၍ စစ္ပါ။ (အိစံကေတာ့ ေရစစ္ကို အသုံးျပဳပါတယ္။) ပဲရည္မ်ား ကုန္သည္အထိ ညႇစ္ခ်ပါ။

၅။ အထက္ပါနည္းျဖင့္ သုံးခါ စက္ထဲလွည့္။ ပဲရည္ညႇစ္ခ်ၿပီးလွ်င္ ေနာက္ဆုံးမွ ပဲရည္ထဲကို ေရ၁ ခြက္ ထက္ေရာ၍ သမေအာင္လုပ္ပါ။

၆။ ရလာတဲ့ပဲႏို႔ရည္ကို မီးဖိုေပၚတြင္ မီးေအးေအးျဖင့္ တည္ပါ။ တည္ေနတုံးတြင္ အဆက္မပ်က္ ေမႊေပးပါ။ (ပဲႏို႔ရည္မ်ား အိုးမွာကပ္သြားမွာ စိုးလို႔ပါ။)

၇။ ပဲႏို႔ရည္မ်ား ပြက္လာလွ်င္ ေနာက္ထပ္ ၅ မိနစ္ေလာက္ထား၍ မီးဖိုေပၚမွခ်ပါ။

၈။ ပူပူေႏြးေႏြး ပဲႏို႔ရည္ကို သုံးေဆာင္ႏိုင္ပါၿပီ။

Credit-Ei San’s Homemade Inspiration

ရှောက်ပင်တစ်ပင်လုံး ဆေးအသုံး၊ မှတ်ထားစရာများ။

(Unicode)

ရှောက်သီးဟာ နှလုံးကို ကြည်လင်စေပါတယ်။ ခန္ဓာကိုယ်ကို ပေါ့ပါးစေနိုင်ပါတယ်။ မူးမောခြင်း၊ ချောင်းဆိုခြင်း၊ ခံတွင်းမမြိန်ခြင်း တို့ကို ရှောက်သီးဖြင့် ကုသနိုင်ပါတယ်။ ဒါ့အပြင်မြင်းသရိုက်နာ၊ ဝမ်းချုပ်နာ၊ ကြို့ထိုးနာ၊ ထုံကျဉ်နာ၊ အော့အန်နာတို့ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ရှောက်သီးကို ဖျော်သောက်ပေးရင်တော့ ဆီးကို ရွှင်စေပါတယ်။ အစာကြေပြီး ဝမ်းကိုပါ မှန်စေနိုင်ပါတယ်။

ရှောက်ဖူးနဲ့ ရှောက်ပွင့်

ရှောက်ဖူးနဲ့ ရှောက်ပွင့်တို့ဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအားကို ဖြစ်စေပါတယ်။ အစားစာချင်စိတ် မရှိသူများအတွက် ဆာလောင်ပြီး စားချင်လိုစိတ် ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်ပါတယ်။အော့အန်ခြင်းကို တားမြစ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဖုအပိန့် အထုံးအဖွဲ့များကို ပျောက်ကင်းစေနိုင်ပြီး၊ ပန်းနာ၊ ရင်ကျပ်၊ ကြက်ညှာချောင်းဆိုး၊ မူးဝေခြင်းတို့ကိုပါပျောက်ကင်းစေနိုင်ပါတယ်။

ရှောက်သီးမှည့်

ရှောက်သီးမှည့်ဟာ ချိုသက်သက်နှင့် ဖန်တဲ့အရသာရှိပါတယ်။ လည်ချောင်းကို သန့်ရှင်းပေးနိုင်ပါတယ်။ ဝမ်းမီးကို တောက်စေပြီး နှုတ်ကို မြိန်စေပါတယ်။ ရေငတ်ခြင်း၊ ကြို့ထိုးခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် ခွန်အားကို ဖြစ်စေပါတယ်။ နာကျင်ကိုက်ခဲခြင်း၊ အစာမကြေ လေပွခြင်း၊ လေနာ ရင်နာဖြစ်ခြင်း၊ သလိပ်ကျပ် ပန်းနာ၊ ကြက်ညှာ ချောင်းဆိုး၊ ဖောရောင်ခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ လည်ချောင်းအတွင်းတွင် ဖြစ်တတ်သော ရောဂါများနှင့် နူနာရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ရှောက်သီး အမြွာ

ရှောက်သီး အမြွာသည် ဝမ်းမီးတောက်၏။ နှုတ်ကို မြိန်စေ၏။ ရင်နာ၊ ဂူလုံးနာ၊ ပန်းနာချောင်းဆိုး၊ ကြို့ထိုးခြင်း၊ ရူးသွပ်ခြင်း၊ ဖောရောင်ခြင်း၊ အန်ခြင်း၊ မြင်းသရိုက် ရောဂါများကို ပျောက်ကင်းစေနိုင်ပါတယ်။

ရှောက်သီး အခွံ

ရှောက်သီး အခွံဟာ ခါးတဲ့ အရသာရှိပါတယ်။ ပိုးနာ၊ လေနာ၊ သလိပ်နာတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ ရှောက်အခွံအတွင်းသားဟာ ပွရောင်းရောင်း ရှိပါတယ်။ ထိုးအောင့်နာကျင်ခြင်း၊ ခါးတွင် လေရှိခြင်း၊ ကိုက်ခဲခြင်း၊ သည်းခြေနာနဲ့ နှုတ်မမြိန်သောရောဂါတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။

ရှောက်သီး အစေ့

ခါးတဲ့ အရသာရှိပါတယ်။ ရှောက်သီးစေ့ဟာ သလိပ်နာ၊ မြင်းသရိုက်နာ၊ ရောင်ရမ်းခြင်း၊ လေနာ၊ သည်းခြေနာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

Credit-pissaya. info

(Zawgyi)

ေရွာက္သီးဟာ ႏွလုံးကို ၾကည္လင္ေစပါတယ္။ ခႏၶာကိုယ္ကို ေပါ့ပါးေစႏိုင္ပါတယ္။ မူးေမာျခင္း၊ ေခ်ာင္းဆိုျခင္း၊ ခံတြင္းမၿမိန္ျခင္း တို႔ကို ေရွာက္သီးျဖင့္ ကုသႏိုင္ပါတယ္။ ဒါ့အျပင္ျမင္းသ႐ိုက္နာ၊ ဝမ္းခ်ဳပ္နာ၊ ႀကိဳ႕ထိုးနာ၊ ထုံက်ဥ္နာ၊ ေအာ့အန္နာတို႔ကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ေရွာက္သီးကို ေဖ်ာ္ေသာက္ေပးရင္ေတာ့ ဆီးကို ႐ႊင္ေစပါတယ္။ အစာေၾကၿပီး ဝမ္းကိုပါ မွန္ေစႏိုင္ပါတယ္။

ေရွာက္ဖူးနဲ႔ ေရွာက္ပြင့္

ေရွာက္ဖူးနဲ႔ ေရွာက္ပြင့္တို႔ဟာ ခႏၶာကိုယ္ရဲ႕ စြမ္းအားကို ျဖစ္ေစပါတယ္။ အစားစာခ်င္စိတ္ မရွိသူမ်ားအတြက္ ဆာေလာင္ၿပီး စားခ်င္လိုစိတ္ ျဖစ္ေပၚလာေအာင္ ကူညီေပးႏိုင္ပါတယ္။ေအာ့အန္ျခင္းကို တားျမစ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အဖုအပိန႔္ အထုံးအဖြဲ႕မ်ားကို ေပ်ာက္ကင္းေစႏိုင္ၿပီး၊ ပန္းနာ၊ ရင္က်ပ္၊ ၾကက္ညႇာေခ်ာင္းဆိုး၊ မူးေဝျခင္းတို႔ကိုပါေပ်ာက္ကင္းေစႏိုင္ပါတယ္။

ေရွာက္သီးမွည့္

ေရွာက္သီးမွည့္ဟာ ခ်ိဳသက္သက္ႏွင့္ ဖန္တဲ့အရသာရွိပါတယ္။ လည္ေခ်ာင္းကို သန႔္ရွင္းေပးႏိုင္ပါတယ္။ ဝမ္းမီးကို ေတာက္ေစၿပီး ႏႈတ္ကို ၿမိန္ေစပါတယ္။ ေရငတ္ျခင္း၊ ႀကိဳ႕ထိုးျခင္းတို႔ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါ့အျပင္ ခြန္အားကို ျဖစ္ေစပါတယ္။ နာက်င္ကိုက္ခဲျခင္း၊ အစာမေၾက ေလပြျခင္း၊ ေလနာ ရင္နာျဖစ္ျခင္း၊ သလိပ္က်ပ္ ပန္းနာ၊ ၾကက္ညႇာ ေခ်ာင္းဆိုး၊ ေဖာေရာင္ျခင္းတို႔ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ လည္ေခ်ာင္းအတြင္းတြင္ ျဖစ္တတ္ေသာ ေရာဂါမ်ားႏွင့္ ႏူနာေရာဂါကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။

ေရွာက္သီး အႁမြာ

ေရွာက္သီး အႁမြာသည္ ဝမ္းမီးေတာက္၏။ ႏႈတ္ကို ၿမိန္ေစ၏။ ရင္နာ၊ ဂူလုံးနာ၊ ပန္းနာေခ်ာင္းဆိုး၊ ႀကိဳ႕ထိုးျခင္း၊ ႐ူးသြပ္ျခင္း၊ ေဖာေရာင္ျခင္း၊ အန္ျခင္း၊ ျမင္းသ႐ိုက္ ေရာဂါမ်ားကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ေရွာက္သီး အခြံ

ေရွာက္သီး အခြံဟာ ခါးတဲ့ အရသာရွိပါတယ္။ ပိုးနာ၊ ေလနာ၊ သလိပ္နာတို႔ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ေရွာက္အခြံအတြင္းသားဟာ ပြေရာင္းေရာင္း ရွိပါတယ္။ ထိုးေအာင့္နာက်င္ျခင္း၊ ခါးတြင္ ေလရွိျခင္း၊ ကိုက္ခဲျခင္း၊ သည္းေျခနာနဲ႔ ႏႈတ္မၿမိန္ေသာေရာဂါတို႔ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ေရွာက္သီး အေစ့

ခါးတဲ့ အရသာရွိပါတယ္။ ေရွာက္သီးေစ့ဟာ သလိပ္နာ၊ ျမင္းသ႐ိုက္နာ၊ ေရာင္ရမ္းျခင္း၊ ေလနာ၊ သည္းေျခနာတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။

Credit-pissaya. info

စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ။

(Unicode)

စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ

စာချုပ်များ ချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ် ပါရှိရမည့် ကိစ္စရပ် ဖြစ်ပါသည်။ကတိပြုသူ၊ ကတိရသူများအပြင် အသိသက်သေများပါ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးကြရပါသည်။ အဆိုပါ အသိ သက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏ ကတိပြုချက်၊သဘောတူချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှတ်တကယ် သိရှိထားဖို့ လိုအပ်ပါသည်။

“အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုကြပါသည် “ ဟူ၍ စာချုပ်များပေါ်တွင် ဖော်ပြပါရှိလေ့ရှိပြီး နှစ်ဘက်လက်မှတ် ရေးထိုးကာ အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်ဖြစ်သော်လည်း ပြဿနာပေါ်ပေါက်၍ အသိသက်သေများကို စစ် ဆေးမေးမြန်းသောအခါတွင်မူ သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါ အချက်များကို ပြန်လည် ပြောပြနိုင်သည့် အသိသက်သေမျိုးမှာ အတော်ပင် ရှားပါးတတ်ပါသည်။

အချို့က မိမိရေးထိုးခဲ့သည့် လက်မှတ်ကို ပြန်ကြည့်ကာ မိမိလက်မှတ် ဟုတ် မဟုတ် မိမိရေးထိုးခဲ့ခြင်း ဟုတ် မဟုတ် ဇဝေဇဝါ ဖြစ်နေတတ်ကြပါသည်။ အချို့ကလည်း သက်သေအဖြစ် မိမိလက်မှတ်ရေးထိုးခဲ့သည် မှန်သော်လည်း စာချုပ်ပါ အချက်များကို မသိကြောင်း ပြောပါသည်။

သက်သေအဖြစ် လက်မှတ်ထိုးဆို၍ ရေးထိုးပေးခဲ့ခြင်းသာ ဖြစ်ပါသည်ဟု အချို့ကလည်း ဆိုပါသည်။ အချို့ကမူ စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည် မှန်သော်လည်း စာချုပ်ကို မိမိ မဖတ်ကြည့်ကြောင်း သက်သေအဖြစ် အကူအညီပေးသည့်အနေဖြင့် ရေးထိုးပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုပါသည်။ မိမိကိစ္စ မဟုတ်၍ မမှတ်မိဟု ပြောသူကလည်း ပြောပါသည်။

စာချုပ်နှင့် ပတ်သက်၍ မသေချာ မရေရာသော ထွက်ဆိုချက်များကိုသာ ပြောဆိုပြီး စာချုပ်ပါ အချက်များနှင့် ပတ်သက်၍ တိတိကျကျ မပြောနိုင်၊ မဖြေနိုင်သည်ကို ဆင်ခြေအမျိုးမျိုးပေး ဖြေရှင်းတတ်ကြပါ သည်။ ၎င်းတို့အား အပြစ်မဆိုသာဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် လူမှုရေးအရ အကူအညီပေးသည့် သဘောဖြင့် ပါဝင်လာခဲ့ခြင်းကြောင့် ဖြစ်သောကြောင့် ဖြစ်ပါသည်။

စာချုပ်ချုပ်ရာတွင် အမှန်တကယ် ကြပ်မတ်ဆောင်ရွက်ရမည့်သူမှာ စာချုပ်ချုပ်ဆိုပေးသူ အကျိုးဆောင် သို့မဟုတ် ကာယကံရှင်များ ဖြစ်သည်ဟု ဆိုရပါမည်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ သက်သေများကို တကူးတကန့် အကူအညီတောင်းဖို့ လိုအပ်ပါသည်။ စာချုပ်ရသည့် ကိစ္စရပ်များကို စာမချုပ်မီ ရှင်းလင်းပြောပြဖို့ လိုအပ်ပါသည်။ စာချုပ်တွင် လက်မှတ်မရေးထိုးမီ စာချုပ်ကို အရင်ဖတ်စေခြင်း သို့မဟုတ် ဖတ်ပြခြင်းများ ရှိသင့်သည်ဟု ဆိုရပါမည်။

ကာယံရှင်များ သဘောတူ ချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင် ပါဝင် လက်မှတ်ရေးထိုးစေသင့်ပါသည်။ ထို့ပြင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးပေးသူအား ထိုက်သင့်သော ချီးမြှင့်မှုကိုလည်း ပြုရန် ဝန်မလေးသင့်ဟု အကြံပြုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသော အခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာ တန်ဖိုးနည်းပါးသောကြောင့် ဖြစ်ပါသည်။

သို့ဖြစ်ရာ စာချုပ် ချုပ်ပြီဆိုမှဖြင့် ချုပ်ရကျိုးနပ်စေရန်နှင့် တိတိကျကျ ထိထိမိမိ အဖြေရှိနိုင်ရန် ဖြစ်သလို ကြုံသလို မလုပ်မိကြဖို့၊ မချုပ်မိကြဖို့ တိုက်တွန်းရပေသည်။

( အညွှန်း- ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၁၁ ) ။

Credit-DVBLawLab

(Zawgyi)

စာခ်ဳပ္ ခ်ဳပ္မည္ဆိုလွ်င္ စာခ်ဳပ္ပါ သက္ေသကိစၥ

စာခ်ဳပ္မ်ား ခ်ဳပ္ဆိုၾကရာတြင္ အသိသက္ေသသည္ မပါမျဖစ္ ပါရွိရမည့္ ကိစၥရပ္ ျဖစ္ပါသည္။ကတိျပဳသူ၊ ကတိရသူမ်ားအျပင္ အသိသက္ေသမ်ားပါ စာခ်ဳပ္တြင္ ပါဝင္ လက္မွတ္ေရးထိုးၾကရပါသည္။ အဆိုပါ အသိ သက္ေသမ်ားသည္ ကတိျပဳသူ၊ ကတိရသူတို႔၏ ကတိျပဳခ်က္၊သေဘာတူခ်က္၊ အာမခံခ်က္၊ စည္းကမ္းခ်က္ စသည္တို႔ကို အမွတ္တကယ္ သိရွိထားဖို႔ လိုအပ္ပါသည္။

“ေအာက္ပါ အသိသက္ေသမ်ား ေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုးခ်ဳပ္ဆိုၾကပါသည္ “ ဟူ၍ စာခ်ဳပ္မ်ားေပၚတြင္ ေဖာ္ျပပါရွိေလ့ရွိၿပီး ႏွစ္ဘက္လက္မွတ္ ေရးထိုးကာ အသိသက္ေသမ်ား ပါဝင္ လက္မွတ္ေရးထိုးခဲ့ၾကသည္ျဖစ္ေသာ္လည္း ျပႆနာေပၚေပါက္၍ အသိသက္ေသမ်ားကို စစ္ ေဆးေမးျမန္းေသာအခါတြင္မူ သက္ေသအျဖစ္ ေရးထိုးခဲ့ေသာ စာခ်ဳပ္ပါ အခ်က္မ်ားကို ျပန္လည္ ေျပာျပႏိုင္သည့္ အသိသက္ေသမ်ိဳးမွာ အေတာ္ပင္ ရွားပါးတတ္ပါသည္။

အခ်ိဳ႕က မိမိေရးထိုးခဲ့သည့္ လက္မွတ္ကို ျပန္ၾကည့္ကာ မိမိလက္မွတ္ ဟုတ္ မဟုတ္ မိမိေရးထိုးခဲ့ျခင္း ဟုတ္ မဟုတ္ ဇေဝဇဝါ ျဖစ္ေနတတ္ၾကပါသည္။ အခ်ိဳ႕ကလည္း သက္ေသအျဖစ္ မိမိလက္မွတ္ေရးထိုးခဲ့သည္ မွန္ေသာ္လည္း စာခ်ဳပ္ပါ အခ်က္မ်ားကို မသိေၾကာင္း ေျပာပါသည္။

သက္ေသအျဖစ္ လက္မွတ္ထိုးဆို၍ ေရးထိုးေပးခဲ့ျခင္းသာ ျဖစ္ပါသည္ဟု အခ်ိဳ႕ကလည္း ဆိုပါသည္။ အခ်ိဳ႕ကမူ စာခ်ဳပ္တြင္ အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးေပးခဲ့သည္ မွန္ေသာ္လည္း စာခ်ဳပ္ကို မိမိ မဖတ္ၾကည့္ေၾကာင္း သက္ေသအျဖစ္ အကူအညီေပးသည့္အေနျဖင့္ ေရးထိုးေပးခဲ့ျခင္းသာျဖစ္ေၾကာင္း ေျပာဆိုပါသည္။ မိမိကိစၥ မဟုတ္၍ မမွတ္မိဟု ေျပာသူကလည္း ေျပာပါသည္။

စာခ်ဳပ္ႏွင့္ ပတ္သက္၍ မေသခ်ာ မေရရာေသာ ထြက္ဆိုခ်က္မ်ားကိုသာ ေျပာဆိုၿပီး စာခ်ဳပ္ပါ အခ်က္မ်ားႏွင့္ ပတ္သက္၍ တိတိက်က် မေျပာႏိုင္၊ မေျဖႏိုင္သည္ကို ဆင္ေျခအမ်ိဳးမ်ိဳးေပး ေျဖရွင္းတတ္ၾကပါ သည္။ ၎တို႔အား အျပစ္မဆိုသာဟု ဆိုရပါမည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၎တို႔အေနျဖင့္ လူမႈေရးအရ အကူအညီေပးသည့္ သေဘာျဖင့္ ပါဝင္လာခဲ့ျခင္းေၾကာင့္ ျဖစ္ေသာေၾကာင့္ ျဖစ္ပါသည္။

စာခ်ဳပ္ခ်ဳပ္ရာတြင္ အမွန္တကယ္ ၾကပ္မတ္ေဆာင္႐ြက္ရမည့္သူမွာ စာခ်ဳပ္ခ်ဳပ္ဆိုေပးသူ အက်ိဳးေဆာင္ သို႔မဟုတ္ ကာယကံရွင္မ်ား ျဖစ္သည္ဟု ဆိုရပါမည္။ ဥစၥာရင္လို ဥစၥာရင္ခဲ သက္ေသမ်ားကို တကူးတကန႔္ အကူအညီေတာင္းဖို႔ လိုအပ္ပါသည္။ စာခ်ဳပ္ရသည့္ ကိစၥရပ္မ်ားကို စာမခ်ဳပ္မီ ရွင္းလင္းေျပာျပဖို႔ လိုအပ္ပါသည္။ စာခ်ဳပ္တြင္ လက္မွတ္မေရးထိုးမီ စာခ်ဳပ္ကို အရင္ဖတ္ေစျခင္း သို႔မဟုတ္ ဖတ္ျပျခင္းမ်ား ရွိသင့္သည္ဟု ဆိုရပါမည္။

ကာယံရွင္မ်ား သေဘာတူ ခ်ဳပ္ဆိုသည့္ အခ်က္မ်ားကို သိရွိသေဘာေပါက္ၿပီးေနာက္ လက္ခံေသာအခါတြင္မွ အသိသက္ေသေနရာတြင္ ပါဝင္ လက္မွတ္ေရးထိုးေစသင့္ပါသည္။ ထို႔ျပင္ အသိသက္ေသအျဖစ္ ပါဝင္လက္မွတ္ေရးထိုးေပးသူအား ထိုက္သင့္ေသာ ခ်ီးျမႇင့္မႈကိုလည္း ျပဳရန္ ဝန္မေလးသင့္ဟု အႀကံျပဳလိုပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ တစ္စုံတစ္ရာ ျပႆနာေပၚေပါက္လာေသာ အခါ ႀကဳံႀကိဳက္သက္ေသတစ္ဦး၏ ထြက္ဆိုခ်က္သည္ လြန္စြာ တန္ဖိုးနည္းပါးေသာေၾကာင့္ ျဖစ္ပါသည္။

သို႔ျဖစ္ရာ စာခ်ဳပ္ ခ်ဳပ္ၿပီဆိုမွျဖင့္ ခ်ဳပ္ရက်ိဳးနပ္ေစရန္ႏွင့္ တိတိက်က် ထိထိမိမိ အေျဖရွိႏိုင္ရန္ ျဖစ္သလို ႀကဳံသလို မလုပ္မိၾကဖို႔၊ မခ်ဳပ္မိၾကဖို႔ တိုက္တြန္းရေပသည္။

( အၫႊန္း- ဦးေက်ာ္ေဇယ် ၊ စာခ်ဳပ္ခ်ဳပ္မည္ဆိုလွ်င္ ေဆာင္ရန္ႏွင့္ေရွာင္ရန္မ်ား ၊ စာ ၁၁ ) ။

Credit-DVBLawLab

ကျောက်ကပ်ကျန်းမာရေးအတွက်အကောင်းဆုံး မုန်လာဥဖြူ ဖျော်ရည်လုပ်နည်း။

(Unicode)

အစာလည်းဆေး…ဆေးလည်းအစာ။ မုန်လာဥဖြူ တစ်လုံးနဲ့ ကျောက်ကပ်အလွယ်ဆေးကြမယ်။ ကျောက်ကပ်ရောင်သည်ဖြစ်စေ ကျောက်ကပ် ကျောက်တည်သည်ဖြစ်စေ ကျောက်ကပ်ကြောင့် ခါးနာ ခါးကိုက်ခြင်း နှူံးချိ အော့အန်ခြင်းများ အတွက် မုန်လာဥဖြူ တစ်လုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များ စစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။

၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့် ခါးနာခါးကိုက် ယူပစ်သလို ပျောက်ကင်းသက်သာသွားမည်။ မုန်လာဥဖြူကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် တစ်ပါတ်တစ်ခါ ကြိုတင်ကာကွယ်သောအားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးခြင်းဖြင့် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။

မုန်လာဥ အစိမ်းကို သံပုရာသီးနှင့်နှပ်ပြီး အစိမ်းသုပ် သုပ်စားပါက ပို၍ဆေးဘက်ဝင်ပါတယ်။မုန်လာဥဖြူ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက ကင်ဆာရောဂါ မဖြစ်စေရန် ကာကွယ်ပေးတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်။ ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။ ဝမ်းမှန်စေတယ်။ ကိုယ်အလေးချိန် ကျစေတယ်။အသားအရည် စိုပြေလှပစေတယ်။ အရွယ်တင် နုပျိုစေတယ်။ အသုံးမပြုမီ ပိုးသတ်ဆေး ကင်းစင်အောင် သေချာ ဆေးကြောသန့်စင်ပေးရန် အထူးသတိပြုပါ။

Credit-Original Uploader

(Zawgyi)

အစာလည္းေဆး…ေဆးလည္းအစာ။ မုန္လာဥျဖဴ တစ္လုံးနဲ႔ ေက်ာက္ကပ္အလြယ္ေဆးၾကမယ္။ ေက်ာက္ကပ္ေရာင္သည္ျဖစ္ေစ ေက်ာက္ကပ္ ေက်ာက္တည္သည္ျဖစ္ေစ ေက်ာက္ကပ္ေၾကာင့္ ခါးနာ ခါးကိုက္ျခင္း ႏႉံးခ်ိ ေအာ့အန္ျခင္းမ်ား အတြက္ မုန္လာဥျဖဴ တစ္လုံးကို သန႔္စင္စြာေဆးေၾကာၿပီး ေရအနည္းထည့္၍ ႀကိတ္ေခ်ပါ၊ အဖတ္မ်ားစစ္ထုတ္ၿပီး အရည္ကိုေသာက္လိုက္ပါ။

၎ႀကိတ္ရည္ ဝမ္းထဲဝင္သြားသည္ႏွင့္ ခါးနာခါးကိုက္ ယူပစ္သလိုေပ်ာက္ကင္းသက္သာသြားမည္။ မုန္လာဥျဖဴႀကိတ္ရည္ဟာ ေက်ာက္ကပ္ကို ခ်က္ခ်င္းေဆးေၾကာေပးပါတယ္။ အူက်ေဝဒနာရွင္မ်ားလည္း အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ တစ္ပါတ္တစ္ခါ ႀကိဳတင္ကာကြယ္ေသာအားျဖင့္ လူတိုင္းမုန္လာဥျဖဴကို ဟင္းလ်ာအျဖစ္ ခ်က္ျပဳတ္စားသုံးျခင္းျဖင့္ ေက်ာက္ကပ္ကို ေဆးေၾကာထိန္းသိမ္းသင့္ပါတယ္။

မုန္လာဥ အစိမ္းကို သံပုရာသီးႏွင့္ႏွပ္ၿပီး အစိမ္းသုပ္ သုပ္စားပါက ပို၍ေဆးဘက္ဝင္ပါတယ္။မုန္လာဥျဖဴ စားသုံးျခင္းျဖင့္ရရွိႏိုင္တဲ့ အက်ိဳးေက်းဇူးေတြက ကင္ဆာေရာဂါ မျဖစ္ေစရန္ ကာကြယ္ေပးတယ္။ေသြးတြင္းသၾကားဓာတ္ကိုထိန္းညႇိေပးတယ္။ ေက်ာက္ကပ္ က်န္းမာေစတယ္။ ေသြးေပါင္ခ်ိန္ကို မွန္ေစတယ္။ ဝမ္းမွန္ေစတယ္။ ကိုယ္အေလးခ်ိန္ က်ေစတယ္။အသားအရည္ စိုေျပလွပေစတယ္။ အ႐ြယ္တင္ ႏုပ်ိဳေစတယ္။ အသုံးမျပဳမီ ပိုးသတ္ေဆး ကင္းစင္ေအာင္ ေသခ်ာ ေဆးေၾကာသန႔္စင္ေပးရန္ အထူးသတိျပဳပါ။

Credit-Original Uploader

ဆီးချိုအတွက် အလွန်သင့်တော်ပြီး သွေးတိုး၊ သည်းခြေကျောက်တည်အတွက် သရက်ရွက်။

(Unicode)

သရက်ပင်ရဲ့အရွက်က အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ သရက်ရွက်မှာ တန်နင် ခေါ်တဲ့ အန်သိုဆိုင်ရာနင်တွေ ပါဝင်တဲ့အတွက် ဆီးချိုရောဂါနဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ သွေးကြောရောဂါတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။

သရက်ရွက်က ဗိုင်းရပ်စ်နဲ့ ကပ်ပါးကောင်တွေကိုလည်း တွန်းလှန်နိုင်တဲ့အပြင် ပိုးသတ်ဆေး၊ချောင်းဆိုးပျောက်ဆေး၊ ချွဲကြေဆေး၊ ရင်ကျပ်ပန်းနာပျောက်ဆေး၊ သွေးတိုးကျဆေး၊ ဝမ်းပျော့ဆေးနဲ့ နှလုံးအားကောင်းတဲ့ဆေး အဖြစ်လည်း အသုံးဝင်ပါတယ်။ ပိုးမွှားကောင်ကိုက်ရာမှာ ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ သရက်ရွက်ကို အောက်ပါရောဂါတွေကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ဆီးချိုရောဂါကို ကုသနိုင်ခြင်း-

သရက်ရွက်ကို အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ထားပါ။ လက်ဖက်ရည်ဇွန်း တစ်ဝက်စာသရက်မှုန့်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် မှီဝဲပေးပါက ဆီးချိုရောဂါ ဖြစ်ခါစအခြေအနေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သရက်ရွက်မှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက မုန့်ချိုအိတ်ပတ်ဝန်းကျင်က သွေးကြောတွေကို ကျန်းမာရေး ကောင်းမွန်စေတာကြောင့်ပါ။ ဒ့ါအပြင် သွေးတွင်းသကြားဓာတ် ဂလူးကို့စ်လျော့ကျစေနိုင်တာ၊ သွေးကြောတွေ ကျန်းမာ သန်စွမ်းစေနိုင်တာနဲ့ သွေးဖိအားကျဆင်းစေနိုင်တာကြောင့် ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ဝေဒနာနဲ့ သွေးတိုးရောဂါကို ကုသရာမှာ အလွန်အသုံးဝင်ပါတယ်။

သရက်ရွက်မှာ vitamins, enzymes, antioxidants တွေအများအပြားပါဝင်တာကြောင့် သူ့ကိုကျန်းမာရေးအတွက် ကောင်းစွာအသုံးပြုနိုင်ပါတယ်။ နည်းလမ်းကတော့ သရက်ရွက်နုနုလေး ၁ဝရွက်ကနေ ၁၅ရွက်အထိခူးပြီး ရေတစ်ဖန်ခွက်စာပမာဏနဲ့ ပြုတ်ပါ။ ပြီးရင် ထိုအတိုင်း တစ်ညတာထားပါ။ နောက်တစ်နေ့ မနက်ရောက်တဲ့အခါ ဘာမှမစားရသေးခင် ပြုတ်ထားတဲ့ အရည်ကို သောက်ပါ။ ဒီအတိုင်း နှစ်လကနေ သုံးလ ဆက်တိုက်သာ လုပ်ပေးမယ်ဆို သင့်ရဲ့ ဆီးချိုရောဂါ ပျောက်ကင်းတဲ့အပြင် ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုကို သိသိသာသာခံစားရမှာဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ နေရောင်မကျတဲ့နေရာမှာ သရက်ရွက်တွေကို အခြောက်ခံထားပါ။ပြီးရင် ခြောက်နေတဲ့ အရွက်တွေကို အမှုန့်ဖြစ်အောင်လုပ်ပြီး တစ်နေ့ကို လက်ဖက်ရည်ဇွန်းနဲ့နှစ်ဇွန်း သောက်သုံးပေးပါ။ ကျန်းမာရေး သိသိသာသာ ကောင်းမွန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

သွေးတိုးကျစေတယ်-

သရက်ရွက်မှာ Hypotensive သတ္တိတွေပါဝင်တာကြောင့် သွေးတိုးကို ကျစေပါတယ်။

အပန်းပြေစေခြင်း-

စိတ်တွေရှုပ်ထွေး ဒေါသတွေထွက် စတဲ့စိတ်လှုပ်ရှားမှုတွေ ဖြစ်နေသလား… သရက်ရွက် ၃ ရွက်လောက်ကို ရေချိုးတဲ့ ရေနွေးလေးထဲ ထည့်စိမ်ပေးပါ။ ပြီးရင်အဲ့ဒီ့ရေနဲ့ စိမ်ပေးပါ။ ဒါဆိုစိတ်ကို တည်ငြိမ်စေပြီး အပန်းပြေစေပါတယ်။

အသက်ရှုလမ်းကြောင်းရောဂါကို သက်သာစေ-

သရက်ရွက်က အအေးမိ လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကြပ်အစရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့်သရက်ရွက်ကို ပြုတ်ပြီးပျားရည်အနည်းငယ် ခပ်သောက်ပေးပါ။ အသံဝင်တာတွေအတွက်လည်း ကောင်းပါတယ်။

သည်းခြေ၊ ကျောက်ကပ် ကျောက်တည်တာတွေအတွက်လည်း ကောင်းမွန်-

သရက်ရွက်က ကျောက်ကပ်များ ကျောက်တည်တာအတွက်လည်း ကောင်းပါတယ်။သရက်ရွက်တွေကို အခြောက်လှမ်းပြီး အမှုန့်ထောင်းကာ ရေထဲ တစ်ညစိမ်ပြီး သောက်ရင်လည်း ကျောက်ကပ်ကျောက်တွေ ကျစေနိုင်ပါတယ်။

Credit-Myawady Health

(Zawgyi)

သရက္ပင္ရဲ႕အ႐ြက္က အက်ိဳးေက်းဇူးေတြ မ်ားစြာရွိပါတယ္။ သရက္႐ြက္မွာ တန္နင္ ေခၚတဲ့ အန္သိုဆိုင္ရာနင္ေတြ ပါဝင္တဲ့အတြက္ ဆီးခ်ိဳေရာဂါနဲ႔ ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့ ေသြးေၾကာေရာဂါေတြကို ကုသရာမွာ အသုံးဝင္ပါတယ္။

သရက္႐ြက္က ဗိုင္းရပ္စ္နဲ႔ ကပ္ပါးေကာင္ေတြကိုလည္း တြန္းလွန္ႏိုင္တဲ့အျပင္ ပိုးသတ္ေဆး၊ေခ်ာင္းဆိုးေပ်ာက္ေဆး၊ ခြၽဲေၾကေဆး၊ ရင္က်ပ္ပန္းနာေပ်ာက္ေဆး၊ ေသြးတိုးက်ေဆး၊ ဝမ္းေပ်ာ့ေဆးနဲ႔ ႏွလုံးအားေကာင္းတဲ့ေဆး အျဖစ္လည္း အသုံးဝင္ပါတယ္။ ပိုးမႊားေကာင္ကိုက္ရာမွာ ျဖစ္ေပၚလာတဲ့ ေရာင္ရမ္းမႈေတြကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။ သရက္႐ြက္ကို ေအာက္ပါေရာဂါေတြကုသဖို႔အတြက္ အသုံးျပဳႏိုင္ပါတယ္။

ဆီးခ်ိဳေရာဂါကို ကုသႏိုင္ျခင္း-

သရက္႐ြက္ကို အေျခာက္လွန္းၿပီး အမႈန႔္ျပဳလုပ္ထားပါ။ လက္ဖက္ရည္ဇြန္း တစ္ဝက္စာသရက္မႈန႔္ကို မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ပုံမွန္ မွီဝဲေပးပါက ဆီးခ်ိဳေရာဂါ ျဖစ္ခါစအေျခအေနကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ သရက္႐ြက္မွာပါဝင္တဲ့ ျဒပ္ေပါင္းေတြက မုန႔္ခ်ိဳအိတ္ပတ္ဝန္းက်င္က ေသြးေၾကာေတြကို က်န္းမာေရး ေကာင္းမြန္ေစတာေၾကာင့္ပါ။ ဒ့ါအျပင္ ေသြးတြင္းသၾကားဓာတ္ ဂလူးကို႔စ္ေလ်ာ့က်ေစႏိုင္တာ၊ ေသြးေၾကာေတြ က်န္းမာ သန္စြမ္းေစႏိုင္တာနဲ႔ ေသြးဖိအားက်ဆင္းေစႏိုင္တာေၾကာင့္ ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့ ေက်ာက္ကပ္ေဝဒနာနဲ႔ ေသြးတိုးေရာဂါကို ကုသရာမွာ အလြန္အသုံးဝင္ပါတယ္။

သရက္႐ြက္မွာ vitamins, enzymes, antioxidants ေတြအမ်ားအျပားပါဝင္တာေၾကာင့္ သူ႔ကိုက်န္းမာေရးအတြက္ ေကာင္းစြာအသုံးျပဳႏိုင္ပါတယ္။ နည္းလမ္းကေတာ့ သရက္႐ြက္ႏုႏုေလး ၁ဝ႐ြက္ကေန ၁၅႐ြက္အထိခူးၿပီး ေရတစ္ဖန္ခြက္စာပမာဏနဲ႔ ျပဳတ္ပါ။ ၿပီးရင္ ထိုအတိုင္း တစ္ညတာထားပါ။ ေနာက္တစ္ေန႔ မနက္ေရာက္တဲ့အခါ ဘာမွမစားရေသးခင္ ျပဳတ္ထားတဲ့ အရည္ကို ေသာက္ပါ။ ဒီအတိုင္း ႏွစ္လကေန သုံးလ ဆက္တိုက္သာ လုပ္ေပးမယ္ဆို သင့္ရဲ႕ ဆီးခ်ိဳေရာဂါ ေပ်ာက္ကင္းတဲ့အျပင္ ခႏၶာကိုယ္အတြင္း ေျပာင္းလဲမႈကို သိသိသာသာခံစားရမွာျဖစ္ပါတယ္။

ေနာက္တစ္နည္းကေတာ့ ေနေရာင္မက်တဲ့ေနရာမွာ သရက္႐ြက္ေတြကို အေျခာက္ခံထားပါ။ၿပီးရင္ ေျခာက္ေနတဲ့ အ႐ြက္ေတြကို အမႈန႔္ျဖစ္ေအာင္လုပ္ၿပီး တစ္ေန႔ကို လက္ဖက္ရည္ဇြန္းနဲ႔ႏွစ္ဇြန္း ေသာက္သုံးေပးပါ။ က်န္းမာေရး သိသိသာသာ ေကာင္းမြန္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။

ေသြးတိုးက်ေစတယ္-

သရက္႐ြက္မွာ Hypotensive သတၱိေတြပါဝင္တာေၾကာင့္ ေသြးတိုးကို က်ေစပါတယ္။

အပန္းေျပေစျခင္း-

စိတ္ေတြရႈပ္ေထြး ေဒါသေတြထြက္ စတဲ့စိတ္လႈပ္ရွားမႈေတြ ျဖစ္ေနသလား… သရက္႐ြက္ ၃ ႐ြက္ေလာက္ကို ေရခ်ိဳးတဲ့ ေရေႏြးေလးထဲ ထည့္စိမ္ေပးပါ။ ၿပီးရင္အဲ့ဒီ့ေရနဲ႔ စိမ္ေပးပါ။ ဒါဆိုစိတ္ကို တည္ၿငိမ္ေစၿပီး အပန္းေျပေစပါတယ္။

အသက္ရႈလမ္းေၾကာင္းေရာဂါကို သက္သာေစ-

သရက္႐ြက္က အေအးမိ ေလႁပြန္ေရာင္တာနဲ႔ ပန္းနာရင္ၾကပ္အစရွိတဲ့ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို သက္သာေစပါတယ္။ ဒါ့ေၾကာင့္သရက္႐ြက္ကို ျပဳတ္ၿပီးပ်ားရည္အနည္းငယ္ ခပ္ေသာက္ေပးပါ။ အသံဝင္တာေတြအတြက္လည္း ေကာင္းပါတယ္။

သည္းေျခ၊ ေက်ာက္ကပ္ ေက်ာက္တည္တာေတြအတြက္လည္း ေကာင္းမြန္-

သရက္႐ြက္က ေက်ာက္ကပ္မ်ား ေက်ာက္တည္တာအတြက္လည္း ေကာင္းပါတယ္။သရက္႐ြက္ေတြကို အေျခာက္လွမ္းၿပီး အမႈန႔္ေထာင္းကာ ေရထဲ တစ္ညစိမ္ၿပီး ေသာက္ရင္လည္း ေက်ာက္ကပ္ေက်ာက္ေတြ က်ေစႏိုင္ပါတယ္။

Credit-Myawady Health

ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း။

(Unicode)

ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း

ခေါက်ဆွဲချစ်သူတွေရော ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူတွေပါ ခံတွင်းတွေ့စေမယ့် ပဲခေါက်ဆွဲပြုလုပ်နည်း ဝေမျှပေးသွားချင်ပါတယ်။

ပါဝင်ပစ္စည်းများ –

ခေါက်ဆွဲ ပန်းကန်လုံးတစ်လုံးစာ၊ ဝက်သား သုံးထပ်သား ဝ.၅ ပေါင်၊ မုန်လာဥဖြူ တစ်ဝက်၊ အာလူး ၃ လုံး (အခွံခွာထားပြီး လက်မဝက်ကုဗတုံး တုံးထားပါ)၊ ကြက်သွန်နီ အကြီး ၁ ဥ၊ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်း၊

အာလူးမှုန့်အရည် (Potato Starch စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှောထားလိုက်ပါ)၊ နှမ်းဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သခွားသီး တစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)။

ပြုလုပ်နည်း အဆင့်ဆင့် –

၁။ ဝက်သား၊ မုန်လာဥဖြူ၊ အာလူးနှင့် မုန်လာဥနီတို့ကို အရွယ်အစားတူအောင် လက်မဝက်ကုဗတုံးပုံသဏ္ဍာန်ဖြင့် လှီးဖြတ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ဝက်သားများထည့်ပြီး ၄ မိနစ်၊  မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ဝက်သားများ ရွှေညိုရောင် ပြောင်းသွားပါက ဝက်သားတုံးများကို ဝက်သားအဆီများကို ပန်းကန်ထဲတွင် သပ်သပ်ဖယ်ထည့်ထားလိုက်ပါ။

၃။ မုန်လာဥဖြူထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အာလူးနှင့် ကြက်သွန်နီတို့ထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ကာ တစ်မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရေ ၅၀၀ မီလီလီတာထည့်ကာ အိုးအဖုံးအုပ်ထားပြီးနောက် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ဆယ်မိနစ်ပြည့်ပါက အာလူးနှင့် မုန်လာဥတို့ကို အနည်းငယ်ယူပြီး အရသာမြည်းစမ်းကြည့်လိုက်ပါ။ အာလူးနှင့် မုန်လာဥများ ကျက်သွားပါက အာလူးမှုန့်အရည်များ နည်းနည်းချင်းစီ လောင်းထည့်ပြီး သမအောင် မွှေပေးရပါမယ်။

၆။ အာလူးမှုန့်အရည်များ ပျစ်သွားသည်အထိ မွှေပြီးတဲ့နောက်မှာတော့ နှမ်းဆီ ထည့်ကာ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ရရှိလာတဲ့ အာလူး ပဲပိစပ်အနှစ်များကို ခေါက်ဆွဲပေါ် ဆမ်းထည့်လိုက်ပါ။ သခွားသီး အနည်းငယ် ထည့်ပြီးတဲ့နောက်မှာတော့ သမအောင် မွှေပေးလိုက်ပါ။

ခေါက်ဆွဲနဲ့ တွဲမစားချင်ဘူးဆိုရင်တော့ ထမင်းနဲ့ ရောနယ်ပြီး ပဲထမင်းအဖြစ် စားသုံးနိုင်ပါသေးတယ်။

Source: maangchi. com

Credit-MyFood Myanmar

(Zawgyi)

ကိုရီးယားအစားအစာ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ပဲေခါက္ဆြဲျပဳလုပ္နည္း

ေခါက္ဆြဲခ်စ္သူေတြေရာ ကိုရီးယားအစားအစာ ႀကိဳက္ႏွစ္သက္သူေတြပါ ခံတြင္းေတြ႕ေစမယ့္ ပဲေခါက္ဆြဲျပဳလုပ္နည္း ေဝမွ်ေပးသြားခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား –

ေခါက္ဆြဲ ပန္းကန္လုံးတစ္လုံးစာ၊ ဝက္သား သုံးထပ္သား ဝ.၅ ေပါင္၊ မုန္လာဥျဖဴ တစ္ဝက္၊ အာလူး ၃ လုံး (အခြံခြာထားၿပီး လက္မဝက္ကုဗတုံး တုံးထားပါ)၊ ၾကက္သြန္နီ အႀကီး ၁ ဥ၊ ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၃ ဇြန္း၊ ပဲပိစပ္အႏွစ္ စားပြဲတင္ဇြန္း ၅ ဇြန္း၊

အာလူးမႈန႔္အရည္ (Potato Starch စားပြဲတင္ဇြန္း ၂ ဇြန္းကို ေရ စားပြဲတင္ဇြန္း ၄ ဇြန္း၊ သၾကားလက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔ျဖင့္ သမေအာင္ ေရာေႏွာထားလိုက္ပါ)၊ ႏွမ္းဆီလက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ သခြားသီး တစ္ဝက္ (အေခ်ာင္းလိုက္ ပါးပါးလွီးထားပါ)။

ျပဳလုပ္နည္း အဆင့္ဆင့္ –

၁။ ဝက္သား၊ မုန္လာဥျဖဴ၊ အာလူးႏွင့္ မုန္လာဥနီတို႔ကို အ႐ြယ္အစားတူေအာင္ လက္မဝက္ကုဗတုံးပုံသ႑ာန္ျဖင့္ လွီးျဖတ္ထားလိုက္ပါ။

၂။ ဒယ္အိုးကို အပူေပးၿပီး ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ပါ။ ထို႔ေနာက္ ဝက္သားမ်ားထည့္ၿပီး ၄ မိနစ္၊  မိနစ္ခန႔္ ေမႊေၾကာ္ေပးလိုက္ပါ။ ဝက္သားမ်ား ေ႐ႊညိဳေရာင္ ေျပာင္းသြားပါက ဝက္သားတုံးမ်ားကို ဝက္သားအဆီမ်ားကို ပန္းကန္ထဲတြင္ သပ္သပ္ဖယ္ထည့္ထားလိုက္ပါ။

၃။ မုန္လာဥျဖဴထည့္ၿပီး ၁ မိနစ္ခန႔္ေၾကာ္ပါ။ ထို႔ေနာက္ အာလူးႏွင့္ ၾကက္သြန္နီတို႔ထည့္ၿပီး ၃ မိနစ္ခန႔္ ေမႊေၾကာ္ေပးလိုက္ပါ။

၄။ ထို႔ေနာက္ ဒယ္အိုးထဲသို႔ ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ၿပီးေနာက္ ပဲပိစပ္အႏွစ္ စားပြဲတင္ဇြန္း ၅ ဇြန္းထည့္ကာ တစ္မိနစ္ခန႔္ သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေရ ၅၀၀ မီလီလီတာထည့္ကာ အိုးအဖုံးအုပ္ထားၿပီးေနာက္ ၁၀ မိနစ္ခန႔္ တည္ထားလိုက္ပါ။

၅။ ဆယ္မိနစ္ျပည့္ပါက အာလူးႏွင့္ မုန္လာဥတို႔ကို အနည္းငယ္ယူၿပီး အရသာျမည္းစမ္းၾကည့္လိုက္ပါ။ အာလူးႏွင့္ မုန္လာဥမ်ား က်က္သြားပါက အာလူးမႈန႔္အရည္မ်ား နည္းနည္းခ်င္းစီ ေလာင္းထည့္ၿပီး သမေအာင္ ေမႊေပးရပါမယ္။

၆။ အာလူးမႈန႔္အရည္မ်ား ပ်စ္သြားသည္အထိ ေမႊၿပီးတဲ့ေနာက္မွာေတာ့ ႏွမ္းဆီ ထည့္ကာ မီးဖိုေပၚကခ်လိုက္လို႔ရပါၿပီ။ ရရွိလာတဲ့ အာလူး ပဲပိစပ္အႏွစ္မ်ားကို ေခါက္ဆြဲေပၚ ဆမ္းထည့္လိုက္ပါ။ သခြားသီး အနည္းငယ္ ထည့္ၿပီးတဲ့ေနာက္မွာေတာ့ သမေအာင္ ေမႊေပးလိုက္ပါ။

ေခါက္ဆြဲနဲ႔ တြဲမစားခ်င္ဘူးဆိုရင္ေတာ့ ထမင္းနဲ႔ ေရာနယ္ၿပီး ပဲထမင္းအျဖစ္ စားသုံးႏိုင္ပါေသးတယ္။

Source: maangchi. com

Credit-MyFood Myanmar

မျက်စိရောဂါအမျိုးမျိုးနှင့် အပူအားကြီးသူများအတွက် အထူးသင့်လျော်သော ဗမာဆေးနည်း။

(Unicode)

မျက်စိိရောဂါ အားလုံးနှင့် အပူရောဂါအတွက််

ဒီနှစ် အပူချိန်အလွန်များတယ်။ ဆီးရောဂါအဖြစ်များတယ် ။ မိုးဦးကာလ. မျက်စိိရောဂါ မျက်စိခိိုက်ရောဂါတွေ ကျိန်းသေဖြစ်လာကြလိိမ့်မယ်။

မျက်စိမှုန် ၊မျက်စိသီ၊ မျက်ဝတ်များ၊ မျက်ရိုးကိိုက်ရောဂါများ မဖြစ်ဖို့ ဂရုစိုက်ရပါမယ်။ကြိုတင်ကာကွယ်ဖိို့ ဒီဆေးလေးသောက်ထားကြပါ။ အလွယ်ကူဆုံးနဲ့ ထိရောက်မှုရှိသော ဆေးဖြစ်ပါတယ်။

၁။ ထန်းလျက်် ၃၀ သား

၂။ ရှားစောင်းလက်ပတ်် အနှစ် ၃၀ သား

၃။ မကျည်းမှည့် အနှစ်် ၂၀သါး

အားလုံးတေ၍ နေပူမှာ ၃ရက်လှန််း။ ညစဉ်် ကွမ်းသီးတစ်ခြမ်းခန့်စား။ မျက်စိရောဂါအမျိုးမျိုး နှင့်် အပူအားကြီးသူများအတွက် အထူးသင့်လျော််ပါသည်။

Credit-ဆရာကျော်လင်းအောင်-ဟင်္သာတမြို့၊09777903111

(Zawgyi)

မ်က္စိိေရာဂါ အားလုံးႏွင့္ အပူေရာဂါအတြက္္

ဒီႏွစ္ အပူခ်ိန္အလြန္မ်ားတယ္။ ဆီးေရာဂါအျဖစ္မ်ားတယ္ ။ မိုးဦးကာလ. မ်က္စိိေရာဂါ မ်က္စိခိိုက္ေရာဂါေတြ က်ိန္းေသျဖစ္လာၾကလိိမ့္မယ္။

မ်က္စိမႈန္ ၊မ်က္စိသီ၊ မ်က္ဝတ္မ်ား၊ မ်က္႐ိုးကိိုက္ေရာဂါမ်ား မျဖစ္ဖို႔ ဂ႐ုစိုက္ရပါမယ္။ႀကိဳတင္ကာကြယ္ဖိို႔ ဒီေဆးေလးေသာက္ထားၾကပါ။ အလြယ္ကူဆုံးနဲ႔ ထိေရာက္မႈရွိေသာ ေဆးျဖစ္ပါတယ္။

၁။ ထန္းလ်က္္ ၃၀ သား

၂။ ရွားေစာင္းလက္ပတ္္ အႏွစ္ ၃၀ သား

၃။ မက်ည္းမွည့္ အႏွစ္္ ၂၀သါး

အားလုံးေတ၍ ေနပူမွာ ၃ရက္လွန္္း။ ညစဥ္္ ကြမ္းသီးတစ္ျခမ္းခန႔္စား။ မ်က္စိေရာဂါအမ်ိဳးမ်ိဳး ႏွင့္္ အပူအားႀကီးသူမ်ားအတြက္ အထူးသင့္ေလ်ာ္္ပါသည္။

Credit-ဆရာေက်ာ္လင္းေအာင္-ဟသၤာတၿမိဳ႕၊09777903111

မျက်စိိရောဂါ အားလုံးနှင့် အပူရောဂါအတွက််

ဒီနှစ် အပူချိန်အလွန်များတယ်။ ဆီးရောဂါအဖြစ်များတယ် ။ မိုးဦးကာလ. မျက်စိိရောဂါ မျက်စိခိိုက်ရောဂါတွေ ကျိန်းသေဖြစ်လာကြလိိမ့်မယ်။

မျက်စိမှုန် ၊မျက်စိသီ၊ မျက်ဝတ်များ၊ မျက်ရိုးကိိုက်ရောဂါများ မဖြစ်ဖို့ ဂရုစိုက်ရပါမယ်။ကြိုတင်ကာကွယ်ဖိို့ ဒီဆေးလေးသောက်ထားကြပါ။ အလွယ်ကူဆုံးနဲ့ ထိရောက်မှုရှိသော ဆေးဖြစ်ပါတယ်။

၁။ ထန်းလျက်် ၃၀ သား

၂။ ရှားစောင်းလက်ပတ်် အနှစ် ၃၀ သား

၃။ မကျည်းမှည့် အနှစ်် ၂၀သါး

အားလုံးတေ၍ နေပူမှာ ၃ရက်လှန််း။ ညစဉ်် ကွမ်းသီးတစ်ခြမ်းခန့်စား။ မျက်စိရောဂါအမျိုးမျိုး နှင့်် အပူအားကြီးသူများအတွက် အထူးသင့်လျော််ပါသည်။

Credit-ဆရာကျော်လင်းအောင်-ဟင်္သာတမြို့၊09777903111