Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Author: Shangyi

Cheesecakeအကြောင်းသိကောင်းစရာ

(Unicode)

Cheesecakeအကြောင်းသိကောင်းစရာ

=============================

ကိတ်မုန့် အမျိုးအစားပေါင်း မြောက်များစွာရှိသည့် အနက် Cheese cake ထဲတွင် vitamin A နှင့် Protein ဓါတ် များစွာပါဝင်နေပါသည်။ ဖြစ်နိုင်လျင် သင်​၏ ကျန်းမာသော ကိုယ်အလေးချိန်ကိုထိမ်းသိမ်း ရန်နှင့် အခြားသော ရောဂါအန္တရယ်များကို လျော့ချလိုပါက Cheese cake ကို အသင့်အတင့်စားသုံးပေးပါ။

Cheese cake တစ်စိတ် တွင် ကယ်လိုရီ ၄၀၀ ခန့်နှင့် protein ၇ ဂရမ် ပါဝင်ပါသည်။ ကျန်းမာရေးလေ့လာချက်များအရ protein လိုအပ်ချက်မှာ အမျိုးသမီးများသည် တစ်ရက်လျင် ၄၆ ဂရမ် နှင့် အမျိုးသားများသည် အနည်းဆုံး ၅၆ ဂရမ် စားသုံးသင့်ပါသည်။

ထို့ကြောင့် သင်​၏ အစားအစာတွင် proteinတိုးမြင့်လိုပါက Cheese cake သည် ရွေးချယ်နိုင်သော အစားအစာ တစ်မျိုး ဖြစ်ပါသည်။

(Zawgyi)

Cheesecakeအေၾကာင္းသိေကာင္းစရာ

=============================

ကိတ္မုန႔္ အမ်ိဳးအစားေပါင္း ေျမာက္မ်ားစြာရွိသည့္ အနက္ Cheese cake ထဲတြင္ vitamin A ႏွင့္ Protein ဓါတ္ မ်ားစြာပါဝင္ေနပါသည္။ ျဖစ္ႏိုင္လ်င္ သင္​၏ က်န္းမာေသာ ကိုယ္အေလးခ်ိန္ကိုထိမ္းသိမ္း ရန္ႏွင့္ အျခားေသာ ေရာဂါအႏၲရယ္မ်ားကို ေလ်ာ့ခ်လိုပါက Cheese cake ကို အသင့္အတင့္စားသုံးေပးပါ။

Cheese cake တစ္စိတ္ တြင္ ကယ္လိုရီ ၄၀၀ ခန႔္ႏွင့္ protein ၇ ဂရမ္ ပါဝင္ပါသည္။ က်န္းမာေရးေလ့လာခ်က္မ်ားအရ protein လိုအပ္ခ်က္မွာ အမ်ိဳးသမီးမ်ားသည္ တစ္ရက္လ်င္ ၄၆ ဂရမ္ ႏွင့္ အမ်ိဳးသားမ်ားသည္ အနည္းဆုံး ၅၆ ဂရမ္ စားသုံးသင့္ပါသည္။

ထို႔ေၾကာင့္ သင္​၏ အစားအစာတြင္ proteinတိုးျမင့္လိုပါက Cheese cake သည္ ေ႐ြးခ်ယ္ႏိုင္ေသာ အစားအစာ တစ္မ်ိဳး ျဖစ္ပါသည္။

Reference
Nutrition and fitness websites.

မြင်းခွာရွက်

(Unicode)

မြင်းခွာရွက်

=========

မြင်းခွာပင်သည် မြေကြီးပေါ်တွင် တွားသွားသော ပင်စည်ပျော့မျိုး ဖြစ်သည်။ ကွန်ဗောဗျူလေးစီအီး မျိုးရင်းတွင် ပါဝင်၍၊ ရုက္ခဗေဒ အမည်မှာ မာရီမီးယား အီမာဂျီနေတာ ဖြစ်သည်။ မြင်းခွာပင်သည် အခြားအပင်များကဲ့သို့ အထက်သို့ တည့်တည့်မတ်မတ်မပေါက်နိုင်ဘဲ မြေကြီးတစ်လျှောက်သာ လျှောက်၍ ပေါက်တတ်သည်။ မြင်းခွာ ပုံသဏ္ဌာန် ရှိသောကြောင့် မြင်းခွာရွက်ဟု ခေါ်သည်။

အဆစ်များမှ အမြစ်မျှင်များ ထွက်လာပြီးလျှင် မြေကြီးကိုကုတ်ထားသောကြောင့် ရေနှင့်ဓာတ်ဆားရည်များကို လိုသလောက်ရနိုင်လေသည်။ ထိုကြောင့် မြေဩဇာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နေရာမရွေးပေါက်နိုင်သဖြင့် အခြားအပင်များထက် မျိုးဆက် ပိုမိုပြန့်ပွားလေသည်။ ပင်မသည် အမြစ်မှ ပြတ်သွားစေကာမူ သေမသွားဘဲ အပင်သစ်တစ်ပင် ဖြစ်ထွန်းလာနိုင်သည်။ မြင်းခွာပင်သည် တစ်နှစ်ခံပင်၊ သို့မဟုတ် နှစ်ကြာခံပင်မျိုး ဖြစ်၍ ယင်းကို မြန်မာနိုင်ငံ နေရာတိုင်း၌ လိုပင် အများအပြား တွေ့ရှိနိုင်သည်။

မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏။

မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။
မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။

မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏၊ ဝမ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။
အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။

သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏။
မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏။

မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏။

မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အဝတ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏။ဖြင့် လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း နေ့စဉ် မှီဝဲ သုံးဆောင်နိုင်ကြသဖြင့် ကျန်းမာ၍ အသက်ရှည်လိုသူတိုင်း မှီဝဲသုံးဆောင်နိုင်ကြပေသည်။

(Zawgyi)

ျမင္းခြာ႐ြက္

=========

ျမင္းခြာပင္သည္ ေျမႀကီးေပၚတြင္ တြားသြားေသာ ပင္စည္ေပ်ာ့မ်ိဳး ျဖစ္သည္။ ကြန္ေဗာဗ်ဴေလးစီအီး မ်ိဳးရင္းတြင္ ပါဝင္၍၊ ႐ုကၡေဗဒ အမည္မွာ မာရီမီးယား အီမာဂ်ီေနတာ ျဖစ္သည္။ ျမင္းခြာပင္သည္ အျခားအပင္မ်ားကဲ့သို႔ အထက္သို႔ တည့္တည့္မတ္မတ္မေပါက္ႏိုင္ဘဲ ေျမႀကီးတစ္ေလွ်ာက္သာ ေလွ်ာက္၍ ေပါက္တတ္သည္။ ျမင္းခြာ ပုံသဏၭာန္ ရွိေသာေၾကာင့္ ျမင္းခြာ႐ြက္ဟု ေခၚသည္။

အဆစ္မ်ားမွ အျမစ္မွ်င္မ်ား ထြက္လာၿပီးလွ်င္ ေျမႀကီးကိုကုတ္ထားေသာေၾကာင့္ ေရႏွင့္ဓာတ္ဆားရည္မ်ားကို လိုသေလာက္ရႏိုင္ေလသည္။ ထိုေၾကာင့္ ေျမဩဇာေကာင္းသည္ျဖစ္ေစ၊ မေကာင္းသည္ျဖစ္ေစ ေနရာမေ႐ြးေပါက္ႏိုင္သျဖင့္ အျခားအပင္မ်ားထက္ မ်ိဳးဆက္ ပိုမိုျပန႔္ပြားေလသည္။ ပင္မသည္ အျမစ္မွ ျပတ္သြားေစကာမူ ေသမသြားဘဲ အပင္သစ္တစ္ပင္ ျဖစ္ထြန္းလာႏိုင္သည္။ ျမင္းခြာပင္သည္ တစ္ႏွစ္ခံပင္၊ သို႔မဟုတ္ ႏွစ္ၾကာခံပင္မ်ိဳး ျဖစ္၍ ယင္းကို ျမန္မာႏိုင္ငံ ေနရာတိုင္း၌ လိုပင္ အမ်ားအျပား ေတြ႕ရွိႏိုင္သည္။

ျမင္းခြာ႐ြက္ ကို အရည္ညႇစ္ ၍ သၾကား ၊ ပ်ားရည္တို႔ ႏွင့္ ေရာစပ္ၿပီး ေန႔စဥ္ ေသာက္ခဲ့ေသာ္ ခြန္အား တိုးတက္ ေစ၏။

ျမင္းခြာ႐ြက္ အမႈန႔္ ကို အနည္းငယ္ ပူေအာင္ ျပဳ၍ ရင္ဘတ္၌ လိမ္းက်ံ ေပးေသာ္ ကေလးမ်ား ေခ်ာင္းဆိုး ေရာဂါ ၊ အဆုတ္နာ ေရာဂါ ေပ်ာက္၏။
ျမင္းခြာ႐ြက္ ကို အရည္ညႇစ္ ၍ ေရနံဆီ ျဖင့္ ဆတူ ေရာစပ္ၿပီး ႏွိပ္နယ္ လိမ္းက်ံေပး ျခင္းျဖင့္ အဆစ္အဆက္ တို႔၌ ျဖစ္ေသာ ေလ အဖု အက်ိတ္မ်ား ေပ်ာက္၏။

ျမင္းခြာ႐ြက္ ကို အရည္ညႇစ္ ၍ လက္ဖက္ ဇြန္းငယ္ တစ္ဇြန္း ခန႔္ တိုက္ပါက ကေလးငယ္ မ်ား အေအးမိျခင္း ၊ ေလႁပြန္ ေခ်ာင္းပူ ျခင္း ေပ်ာက္၏၊ ဝမ္းသက္ ၍ သလိပ္ ကို လည္း ေပ်ာက္၏။
အေရျပား ေရာဂါမ်ား အတြက္ ၎၏ အ႐ြက္ ညႇစ္ရည္ ျဖင့္ လိမ္းက်ံ ျခင္း စားေသာက္ ျခင္းျဖင့္ ေပ်ာက္ကင္း ေစႏိုင္၏။

ကိုယ္တြင္ ႐ုတ္တရက္ ထိခိုက္ ရွနာ ဒဏ္ျဖစ္ၿပီး ေရာင္ရမ္း ျခင္း ၌ ၎၏ အ႐ြက္ကို ႀကိတ္၍ ရေသာ အရည္ျဖင့္ လိမ္းက်ံ ေပးက ေပ်ာက္ကင္း၏။

ေသြးဝမ္း သြားျခင္း ၊ ဆီးခ်ဳပ္ျခင္း ၊ နာက်င္ကိုက္ ခဲျခင္း၊ ဆီး၌ ေသြးပါျခင္း တို႔ အတြက္ ျမင္းခြာ ႐ြက္ ေဖ်ာ္ရည္ ျပဳလုပ္ ေသာက္က ေပ်ာက္၏။
ျမင္းခြာ႐ြက္ ကို င႐ုတ္ေကာင္း ၊ ပ်ားရည္တို႔ ႏွင့္ စပ္၍ သုံးေဆာင္ က အသက္ရွည္ ၏ ။ အနာေရာဂါ ကင္း၏။

ျမင္းခြာ႐ြက္ ကို အားတိုးေဆး ၊ အဆိပ္ေျပေဆး ၊ အနာေပါက္ ကုေဆး ၊ မ်က္စိနာ ေပ်ာက္ေဆး အျဖစ္လည္း ေဖာ္စပ္ သုံးႏိုင္၏။
ျမင္းခြာ႐ြက္ ကို အေျခာက္ ျပဳလုပ္၍ လက္ဖက္ရည္ ခါး သဖြယ္ ေသာက္သုံး ျခင္း ျဖင့္ ေသြးတိုး ေရာဂါ ကို သက္သာ ေစ၏။

ျမင္းခြာ ႐ြက္ အစိမ္းကို ႀကိတ္၍ အဝတ္ပါးပါး တြင္ ထည့္ၿပီး မ်က္စိေပၚ တြင္ အုံေပးျခင္း ၊ သို႔မဟုတ္ အရည္ညႇစ္ ၍ မ်က္စိ တြင္ ခတ္ေပး ျခင္းျဖင့္ ျပင္းထန္စြာ မ်က္စိနာ ျခင္း ၊ မ်က္စိက်ိန္း ျခင္း မ်ားကို ေပ်ာက္ကင္း ေစ၏။ျဖင့္ လည္းေကာင္း၊ ေဖ်ာ္ရည္အျဖစ္လည္းေကာင္း ေန႔စဥ္ မွီဝဲ သုံးေဆာင္ႏိုင္ၾကသျဖင့္ က်န္းမာ၍ အသက္ရွည္လိုသူတိုင္း မွီဝဲသုံးေဆာင္ႏိုင္ၾကေပသည္။

Crd,က်န္းမာေရး

နှုတ်ခမ်းသားကို နူးညံ့ပြီးပန်းရောင်သန်းနေစေမယ့် သံပုယိုသီး

(Unicode)

 

နှုတ်ခမ်းသားကို နူးညံ့ပြီးပန်းရောင်သန်းနေစေမယ့် သံပုယိုသီး

===============================

အမျိုးသားရော အမျိုးသမီးတွေပါ ကလေးငယ်တွေကို နူးညံ့ပြီး ပန်းသွေးရောင်သန်းတဲ့ နုတ်ခမ်းသားကို ပိုင်ဆိုင်ချင်ကြပါတယ်။

နှုတ်ခမ်းသားကို ပန်းသွေးရောင်ဖြစ်စေမဲ့နည်းလမ်းကိုမပြောခင် နှုတ်ခမ်းသားညိုရခြင်းရဲ့ အကြောင်းအရင်းကို အရင်ဆုံးပြောပြချင်ပါတယ်။

ဆေးလိပ်သောက်တာ၊ ကော်ဖီသောက်တာ၊ နေရောင်ခြည်ထိတွေ့မှုများတာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အရည်သွေးညံ့တဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုတာကလည်း နှုတ်ခမ်းသားကို ညိုမဲပျက်စီးစေပါတယ်။

စျေးကြီးတဲ့ အလှကုန်ပစ္စည်းတွေမသုံးဘဲ သဘာ၀အတိုင်း နှုတ်ခမ်းသားကို ထိန်းသိမ်းလိုက်ရအောင်ပါ။

ပါ၀င်ပစ္စည်း

သံပုယိုရည် တစ်ခွက်

သကြား

ပြုလုပ်နည်း

သံပုယိုရည်တစ်ခွက်ထဲကို သကြားထည့်လိုက်ပါ။ သကြားပျော်တဲ့ထိမထားဘဲ နှုတ်ခမ်းသားပေါ်မှာ ညင်သာစွာပွတ်လမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချနိုင်ပါတယ်။

နောက်တစ်နည်းကတော့ သံပုရာရည်ကိုပဲ အိပ်ယာမ၀င်ခင် လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားကာ ရေဆေးချပါ။

အခုလို ပုံမှန်လုပ်ပေးတာဟာ နှုတ်ခမ်းသားနူးညံ့ပြီး ပန်းနုရောင်သန်းစေမှာဖြစ်ပါတယ်။

(Zawgyi)

ႏႈတ္ခမ္းသားကို ႏူးညံ့ၿပီးပန္းေရာင္သန္းေနေစမယ့္ သံပုယိုသီး

===============================

အမ်ိဳးသားေရာ အမ်ိဳးသမီးေတြပါ ကေလးငယ္ေတြကို ႏူးညံ့ၿပီး ပန္းေသြးေရာင္သန္းတဲ့ ႏုတ္ခမ္းသားကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။

ႏႈတ္ခမ္းသားကို ပန္းေသြးေရာင္ျဖစ္ေစမဲ့နည္းလမ္းကိုမေျပာခင္ ႏႈတ္ခမ္းသားညိဳရျခင္းရဲ႕ အေၾကာင္းအရင္းကို အရင္ဆုံးေျပာျပခ်င္ပါတယ္။

ေဆးလိပ္ေသာက္တာ၊ ေကာ္ဖီေသာက္တာ၊ ေနေရာင္ျခည္ထိေတြ႕မႈမ်ားတာစတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ အရည္ေသြးညံ့တဲ့ ကုန္ပစၥည္းေတြကို အသုံးျပဳတာကလည္း ႏႈတ္ခမ္းသားကို ညိဳမဲပ်က္စီးေစပါတယ္။

ေစ်းႀကီးတဲ့ အလွကုန္ပစၥည္းေတြမသုံးဘဲ သဘာ၀အတိုင္း ႏႈတ္ခမ္းသားကို ထိန္းသိမ္းလိုက္ရေအာင္ပါ။

ပါ၀င္ပစၥည္း

သံပုယိုရည္ တစ္ခြက္

သၾကား

ျပဳလုပ္နည္း

သံပုယိုရည္တစ္ခြက္ထဲကို သၾကားထည့္လိုက္ပါ။ သၾကားေပ်ာ္တဲ့ထိမထားဘဲ ႏႈတ္ခမ္းသားေပၚမွာ ညင္သာစြာပြတ္လမ္းေပးပါ။ ၁၀ မိနစ္ေလာက္ထားၿပီး ေရေဆးခ်ႏိုင္ပါတယ္။

ေနာက္တစ္နည္းကေတာ့ သံပုရာရည္ကိုပဲ အိပ္ယာမ၀င္ခင္ လိမ္းေပးၿပီး ၁၀ မိနစ္ေလာက္ထားကာ ေရေဆးခ်ပါ။

အခုလို ပုံမွန္လုပ္ေပးတာဟာ ႏႈတ္ခမ္းသားႏူးညံ့ၿပီး ပန္းႏုေရာင္သန္းေစမွာျဖစ္ပါတယ္။

Credit, Copying

ကြက်ရိုးပြုတ်ရည်၏ ကျန်းမာရေးကောင်းကျိုးများ

(Unicode)

ကြက်ရိုးပြုတ်ရည်၏ ကျန်းမာရေးကောင်းကျိုးများ

=================================

ကြက်ရိုးပြုတ်ရည်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့

အမိုင်နိုအက်စစ် မမျှမတဖြစ်တာကို ပြုပြင်ပေးပါတယ်။

ကိုယ်ခံအားစနစ်ကို သန်စွမ်းကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

စိတ်ဖိစီးမှု လျော့ပါးသက်သာစေပါတယ်။

အစာမကြေဝေဒနာ သက်သာစေပါတယ်။

အရိုးနဲ့သွား ကျန်းမာစေပါတယ်။

အရေပြားဆွဲဆန့်နိုင်စွမ်း ကောင်းစေပါတယ်။

အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

အသက်ရှူလမ်းကြောင်းစနစ် ရောင်ရမ်းတဲ့ဝေဒနာ သက်သာစေပါတယ်။

အရေပြား၊ တစ်သျှူးနဲ့ အဆစ်တွေကို ပြန်လည်ပြုပြင်ဖို့ ကော်လာဂျင်ထောက်ပံ့ပေးပါတယ်။

အိပ်မပျော်တဲ့ဝေဒနာကို တွန်းလှန်ပေးပါတယ်။

အအေးမိဝေဒနာနဲ့ တုပ်ကွေးရောဂါကို သက်သာစေပါတယ်။

အစာအိမ်အက်စစ်ကို ဓာတ်ပြယ်စေပါတယ်။

(Zawgyi)

ၾကက္႐ိုးျပဳတ္ရည္၏ က်န္းမာေရးေကာင္းက်ိဳးမ်ား

=================================

ၾကက္႐ိုးျပဳတ္ရည္ရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြကေတာ့

အမိုင္ႏိုအက္စစ္ မမွ်မတျဖစ္တာကို ျပဳျပင္ေပးပါတယ္။

ကိုယ္ခံအားစနစ္ကို သန္စြမ္းေကာင္းမြန္ေစပါတယ္။

ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစပါတယ္။

စိတ္ဖိစီးမႈ ေလ်ာ့ပါးသက္သာေစပါတယ္။

အစာမေၾကေဝဒနာ သက္သာေစပါတယ္။

အ႐ိုးနဲ႔သြား က်န္းမာေစပါတယ္။

အေရျပားဆြဲဆန္႔ႏိုင္စြမ္း ေကာင္းေစပါတယ္။

အိပ္ေရးဝ၀ အိပ္ေမာက်ေစပါတယ္။

အသက္ရႉလမ္းေၾကာင္းစနစ္ ေရာင္ရမ္းတဲ့ေဝဒနာ သက္သာေစပါတယ္။

အေရျပား၊ တစ္သွ်ဴးနဲ႔ အဆစ္ေတြကို ျပန္လည္ျပဳျပင္ဖို႔ ေကာ္လာဂ်င္ေထာက္ပံ့ေပးပါတယ္။

အိပ္မေပ်ာ္တဲ့ေဝဒနာကို တြန္းလွန္ေပးပါတယ္။

အေအးမိေဝဒနာနဲ႔ တုပ္ေကြးေရာဂါကို သက္သာေစပါတယ္။

အစာအိမ္အက္စစ္ကို ဓာတ္ျပယ္ေစပါတယ္။

Credit,Copy

ကြိုးခုန်ခြင်း၏ အကျိုးကျေးဇူးများ

(Unicode)

ကြိုးခုန်ခြင်း၏ အကျိုးကျေးဇူးများ

==========================

၁။ အကောင်းဆုံး အပြင်းစား လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်

၂။ တစ်နာရီမှာ ကယ်လိုရီ ၁၃၀၀ လောင်ကျွမ်းစေနိုင်ပါတယ်

အကောင်းဆုံး အဆီဖျော်ချနိုင်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်

၃။ ပြေးခြင်းထက် အဆီကို ပိုလောင်ကျွမ်းစေနိုင်ပါတယ်

အိမ်ပြင်ထွက်စရာမလို ၊ နေရာမရွေး လုပ်နိုင်ပါတယ်

၄။ အကုန်အကျ စားရိတ်စက သက်သာပါတယ်

၅။ ဝိတ်ထိန်းဖို့ အခြေခံကျတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်

၆။ ခြေထောက်လှုပ်ရှားမှု ၊ ကိုယ်ခန္ဓာ ထိန်းညှိမှုတွဲစပ်မှုတွေ တိုးတက်စေပါတယ်

အပြေးသမား ၊ အားကစားသမားတွေရဲ့ အခြေခံလေ့ကျင့်ခန်း ဖြစ်ပါတယ်

၇။ ဒဏ်ခံနိုင်စွမ်း တိုးစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်

၈။ ပေါင် ၊ ခြေသလုံး ၊ ဝမ်းဗိုက် ၊ လက်မောင်း ကြွက်သားတွေအားလုံးကို
တပြိုက်နက်ထဲ ကျစ်လစ်သန်မာစေပါတယ်

၉ ။ တင်ပါးဆုံကြွက်သားများကိုပါ ထိရောက်ပါတယ်

၁၀။ ပြေးခြင်းထက် အဆစ်များအပေါ် ဖိနှိပ်အား သက်ကြောက်မှု လျော့နည်းပါတယ်

၁၁။ နှလုံခုန်ခြင်း ၊ နှလုံးသွေးကြော နဲ့ သွေးတိုးခြင်းများအပေါ် ကောင်းတဲ့
အကျိုးပြုမှု ရှိပါတယ်

၁၂။ မည်သူမဆို လုပ်နိုင်ပါတယ်

၁၃။ အရိုးများကိုလည်း ကျစ်လစ်သန်မာစေပါတယ်

၁၄။ ကြိုးတစ်ချောင်းသာ လိုအပ်တာမို့ ၊ သွားလေရာ သယ်သွားနိုင်ပြီး
ကွင်းလပ်ရှိရင် ကယ်လိုရီ လေျာ့ချနိုင်ပါတယ်

(Zawgyi)

ပြည်တွင်းမှာ ထိုင်းထီနှင့် စင်ကာပူထီများ ရောင်းချပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့ သတိပေး

(Unicode)

ပြည်တွင်းမှာ ထိုင်းထီနှင့် စင်ကာပူထီများ ရောင်းချပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့ သတိပေး

=======================================

ပြည်တွင်းမှာ ထိုင်းထီနှင့် စင်ကာပူထီများ ရောင်းချပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတိပေး ထုတ်ပြန် လိုက်ပါတယ်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာက ရောင်းချသည့် အောင်ဘာလေထီများသည်သာ တရားဝင် ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့်ရှိပြီး အခြားနိုင်ငံမှ ထီလက်မှတ်များကို မြန်မာနိုင်ငံအတွင်း ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့် မရှိဘူးလို့ဆိုပါတယ်။

ယင်းကြောင့် လောင်းကစားဥပဒေပါ ပြဌာန်းချက်များအရ ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံ မှထီများကို မြန်မာနိုင်ငံအတွင်း ရောင်းချခြင်း၊ ဝယ်ယူထီထိုးခြင်း ပြုလုပ်ခွင့်မရှိပါကြောင်းနှင့် ပြလုပ်ပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်တယ်လို့ဆိုပါတယ်။

ထိုင်းထီ၊ စင်္ကာပူထီ ရောင်းချသူသည် ပုဒ်မ-၁၁(က) အရ ထီ (သို့မဟုတ်)ထီကဲ့သို့သော အခြားကံစမ်း ကစားနည်းတစ်ခုခုကို စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း ဆိုသည့် တားမြစ်ချက်များကို ကျူးလွန်ရာရောက်ပြီး ထိုသို့ဖောက်ဖျက်ကျူးလွန်လျှင် လောင်ကစားစားဥပဒေပုဒ်မ-၁၈(က)အရ အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံ ပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်တယ်လို့ဆိုပါတယ်။

(Zawgyi)

ျပည္တြင္းမွာ ထိုင္းထီႏွင့္ စင္ကာပူထီမ်ား ေရာင္းခ်ပါက ေလာင္းကစားဥပေဒႏွင့္ ညိစြန္းေနၿပီး အေရးယူဖမ္းဆီးခံရႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕ သတိေပး

=======================================

ျပည္တြင္းမွာ ထိုင္းထီႏွင့္ စင္ကာပူထီမ်ား ေရာင္းခ်ပါက ေလာင္းကစားဥပေဒႏွင့္ ညိစြန္းေနၿပီး အေရးယူဖမ္းဆီးခံရႏိုင္တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတိေပး ထုတ္ျပန္ လိုက္ပါတယ္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာက ေရာင္းခ်သည့္ ေအာင္ဘာေလထီမ်ားသည္သာ တရားဝင္ ေရာင္း၊ ဝယ္ၿပီး ထီထိုးကံစမ္းခြင့္ရွိၿပီး အျခားႏိုင္ငံမွ ထီလက္မွတ္မ်ားကို ျမန္မာႏိုင္ငံအတြင္း ေရာင္း၊ ဝယ္ၿပီး ထီထိုးကံစမ္းခြင့္ မရွိဘူးလို႔ဆိုပါတယ္။

ယင္းေၾကာင့္ ေလာင္းကစားဥပေဒပါ ျပဌာန္းခ်က္မ်ားအရ ထိုင္းထီ၊ စကၤာပူထီ အစရွိသည့္ အျခားႏိုင္ငံ မွထီမ်ားကို ျမန္မာႏိုင္ငံအတြင္း ေရာင္းခ်ျခင္း၊ ဝယ္ယူထီထိုးျခင္း ျပဳလုပ္ခြင့္မရွိပါေၾကာင္းႏွင့္ ျပလုပ္ပါက ေလာင္းကစားဥပေဒႏွင့္ ညိစြန္းေနၿပီး အေရးယူဖမ္းဆီးခံရႏိုင္တယ္လို႔ဆိုပါတယ္။

ထိုင္းထီ၊ စကၤာပူထီ ေရာင္းခ်သူသည္ ပုဒ္မ-၁၁(က) အရ ထီ (သို႔မဟုတ္)ထီကဲ့သို႔ေသာ အျခားကံစမ္း ကစားနည္းတစ္ခုခုကို စီမံခန္႔ခြဲျခင္း၊ ေလာင္းေၾကးလက္ခံျခင္း၊ ေငြေၾကးအက်ိဳးအျမတ္ရယူျခင္း ဆိုသည့္ တားျမစ္ခ်က္မ်ားကို က်ဴးလြန္ရာေရာက္ၿပီး ထိုသို႔ေဖာက္ဖ်က္က်ဴးလြန္လွ်င္ ေလာင္ကစားစားဥပေဒပုဒ္မ-၁၈(က)အရ အနည္းဆုံးတစ္ႏွစ္မွ အမ်ားဆုံးသုံးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ အနည္းဆုံး က်ပ္ တစ္သိန္းမွ အမ်ားဆုံး က်ပ္ငါးသိန္းအထိ ေငြဒဏ္လည္းခ်မွတ္ႏိုင္သည္။ ထို႔ျပင္ ျပစ္မႈႏွင့္အက်ဳံးဝင္ေသာ သက္ေသခံ ပစၥည္းႏွင့္ေငြကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းခံရမည္ျဖစ္တယ္လို႔ဆိုပါတယ္။

Credit,TNO

ဆီးနှင့် ကျောက်ကပ်အတွက် ရေဝါးရွက်

(Unicode)

ဆီးနှင့် ကျောက်ကပ်အတွက် ရေဝါးရွက်

=============================

ရေဝါးရွက်အကြောင်းဆေးနည်းများကိုအတော်များများဖျန့်ဝေခဲ့ကြတာတွေ့ရပါတယ်အင်မတန်လည်းအကျိုးရှိပါတယ်

သို့သော်လည်း တချို့မသိသေးသောသူများလည်းရှိပါတယ် ထို့ကြောင့်မသိသေးသောသူများရောသိပြီးသားသူများအတွက်ပါ ကြိုးစားပြီးရေဝါးပင်၏ဆေးအစွမ်းများကိုစုစည်းတင်ပြထားပါသည်။

ဆေးနည်းနှင့်စာများအပြင်ပုံများပါလေ့လာပေးပါလို့တိုက်တွန်းလိုက်ပါတယ် ။

ကျွန်မရဲ့ ကျောက်ကပ်မှာ ကျောက်တွေမရှိတော့ဘူးတဲ့ လှိုက်ခနဲဝမ်းသာသွားမိတယ် ။

၄ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာ အထူးကုဆေးခန်းများစွာပြခဲ့ပီး သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန်တွေ ကိုကုန်လွန်ခဲ့ရင်းက ဟိုစာအုပ်ဖတ်ဆေးနည်းလေးတွေတွေ့လိုက်လုပ် ကြည့် ကြားဖူးနားဝပြောပြတဲ့ဆေးတွေလိုက်သောက်ကြည့် ဆေးမှန်သမျှ အကုန်သောက်ကြည့်ခဲ့ပါတယ် ။

ကျွန်မရဲ့ဘယ်ဘက်ကျောက အမြဲအောင့်နေခဲ့တာရင်းနှီးသူတွေတောင်သိကြပါတယ် အဲ့လိုသောက်နေရင်းက ကျွန်မသံမနိုင်ကျောက်မနိုင်ဆေးပြားကို အညွှန်းအတိုင်းမှန်မှန်သောက်ခဲ့ပါတယ် ကျောအောင့်တာသက်သာလာတယ် ။

မေမေက ငါးပြေမနဲ့ဇောင်းခါးသီး ခဏခဏချက်ကျွေးတယ် ကျောက်ကျတယ်ဆိုလို့ ကျွန်မဖြစ်နေတဲ့ကျောက်က အနည်ဆိုတော့ရေများများသောက်ပီးအိုးနဲ့ ဆီးကိုကြည့်ရတာ သူများလိုဒေါက်ခနဲကျမှန်းသိတဲ့အနေအထားတော့မဟုတ်ပါဘူး ငါးပြေမကိုတခါမှမစားဘူး အရိုးများလို့ ရောဂါကြောင့် ကြိတ်ပီး စားခဲ့ပါတယ် ။

ကျောက်ကွဲရွက်ကိုကြိုသောက်တယ် သိပ်ခါးတာပေါ့ ခါးတူးနေတာ ဒါပေမဲ့ ရေဆာတိုင်းသောက်တယ် ။

နောက်ဆုံးတခုက တော့ ရေဝါးပင်ပါ ကျောက်ကပ်ဆေးနေရတဲ့သူတောင် ပကတိပြန်ကောင်းတယ် ဆိုလို့ ကျိုပြီး နေ့စဉ်သောက်တာခုထိပါပဲ ။

မြန်မာ့ဆေးနည်းတွေကို ကျွန်မသိပ်ယုံကြည်သွားပါပီ ယနေ့ကျွန်မရဲ့ ကျောက်ကပ်ထဲမှာ ရှိနေတဲ့ ကျောက်တွေမရှိတော့ဘူး လက်တွေ့လေ ကျွန်မလိုပဲ ဆီးရောဂါ ကျောက်တည်တဲ့ရောဂါရှိတဲ့ ဝေဒနာရှင်များလည်းအထက်ပါဆေးနည်းများကို သုံးစွဲမှီဝဲကြည့်ကြစေလိုပါတယ် ယုံယုံကြည်ကြည်နဲ့သောက်ပီး ပျောက်ကင်းနိုင်ကြပါစေ

ကျောက်ကပ် အသက်ကယ်ဆေး ရေဝါးပင်

အခေါ်အဝေါ် နဲ့ ကုသပုံ ပြောလိုပါတယ် တရုတ် အခေါ် ရွှေကြူ ဆောင်။မြန်မာပြန် တော့ ရေဝါး ။မြန်မာအခေါ် မြက်ကြွတ်ပြာပင် (မြက်ကြွပ်ပင်ကသီးခြားရှိ) ခေါ်ပါတယ်။

ခေါ်လို့လွယ်တာနဲ့ ရေဝါးလို့ခေါ်တာပါ။ ဝါး အမျိုး အစား မဟုတ်ပါဘူး။

မျိုးကွဲ များရှိတယ်လို့သိရပေမဲ့ အိမ်မှာတော့ မြန်မာစိမ်း။ မြန်မာကျား။ နိုင်ငံခြား စိမ်း(အရွက်နဲနဲသေး)သုံးမျိုး ရှိပါတယ်။

အရွက် နောက်ကျောက ခရမ်းရောင် ဖြစ်ပါတယ်။မြေပေါ်မှာ ကပ်သွားပင်မျိုးဖြစ်လို့ အဆစ်တိုင်းမှာ အမြစ်ထွက်ပါတယ်။

ကျောက်ကပ်ဝေဒနာကို ကုသပုံ

ကျောက်ကပ်ရောဂါ ဖြစ်နေရင် မျက်နှာအမ်း။လက် ခြေ ရောင်။ ဝမ်းဗိုက်ကယ် ထမင်းမစားနိုင်။ ဆီး မသွားနိုင် ဖြစ်ပါတယ်။အဲဒီ အခြေအနေကို ရောဂါ ပြင်းတယ်လို့ သတ်မှတ်ပါတယ်။

ရေဝါးပင် တပင်လုံး ၁၅ ကျပ်သား ကိုမြေအိုးနဲ ရေ သုံးခွက်တခွက် တင်အောင်ကြိုပြီး သောက်ရပါ့မယ်။တရက်စာပါ။

ဒုတိယနေ့ လဲ ဒီလိုဘဲ ကြိုသောက်ပြီးတာနဲ့ အရောင်စလျော့လာမယ်။ထမင်းစား လာပါမယ်။ တတိယနေ့ ကြသာက်ပြီး တာနဲ့ သက်သာ လာတော့တာပါဘဲ။ တဦး နဲ့ တဦး မတူတာလဲ ရှိပါတယ်။

တပတ် လောက် သောက်ပြီးတာနဲ့ လူကောင်းနီးပါးဖြစ်လာပါတယ်။ နောက်တပတ်လောက် ဆက်သောက်ပြီး ဆေးပြန်စစ်ကြည့်ပါ။ထူးခြားမှု တွေ့ရမှာပါ။

ဆေးကြိုသောက်တာကလဲ ရောဂါ သက် သာမှု ကိုကြည့်ပြီး ချဲ သောက်ပါ။ သဘောက၃၀ကျပ်သား နှစ်ရက်အစား သုံး ရက် ပေါ့။

လူနာ တယောက် အတွက် ရေဝါးပင် က၂ ပိသာကနေ ၄ပိသာ အထိ ကုန်ပါတယ်။၁/၂ ကြိမ် သောက်ရုံ နဲ့ အဆင်မပြေပါဘူး။

ဆေးပင်ကို ကြိုတဲ့အခါ သာမန်မတ်ခွက် အသေးနဲ့တောင် တနာရီခွဲလောက် ကြာလို့မီးသွေး မီးဖိုမှ အဆင်ပြေပါတယ်။

ကြုံလို့ ဆက်ပြောပါ့မယ်။ ရေဝါးပင်ကို ထောင်းပြီးအရည်ဟာ အဆိပ်ပြေလို့ အဆိပ် မိတဲ့ ခွေးတိုကြောင်တို့ ကိုတိုက်ပါက မိနစ်ပိုင်း အတွင်းပျောက်တယ်။

အပူလောင်ရင်လဲ အရည် လိမ်း။ ကင်း/ပျား အကိုက်ခံရ လဲ အရည်လိမ်းပါ။ခဏလေးနဲ့ ပျောက်ပါတယ်။လက်တွေ့ပါ။

Credit-Original Uploader

(Zawgyi)

ဆီးႏွင့္ ေက်ာက္ကပ္အတြက္ ေရဝါး႐ြက္

=============================

ေရဝါး႐ြက္အေၾကာင္းေဆးနည္းမ်ားကိုအေတာ္မ်ားမ်ားဖ်န႔္ေဝခဲ့ၾကတာေတြ႕ရပါတယ္အင္မတန္လည္းအက်ိဳးရွိပါတယ္

သို႔ေသာ္လည္း တခ်ိဳ႕မသိေသးေသာသူမ်ားလည္းရွိပါတယ္ ထို႔ေၾကာင့္မသိေသးေသာသူမ်ားေရာသိၿပီးသားသူမ်ားအတြက္ပါ ႀကိဳးစားၿပီးေရဝါးပင္၏ေဆးအစြမ္းမ်ားကိုစုစည္းတင္ျပထားပါသည္။

ေဆးနည္းႏွင့္စာမ်ားအျပင္ပုံမ်ားပါေလ့လာေပးပါလို႔တိုက္တြန္းလိုက္ပါတယ္ ။

ကြၽန္မရဲ႕ ေက်ာက္ကပ္မွာ ေက်ာက္ေတြမရွိေတာ့ဘူးတဲ့ လႈိက္ခနဲဝမ္းသာသြားမိတယ္ ။

၄ ႏွစ္နီးပါးခံစားခဲ့ရတဲ့ေက်ာက္တည္တဲ့ေဝဒနာ အထူးကုေဆးခန္းမ်ားစြာျပခဲ့ပီး သက္သာလိုက္ျပန္ျဖစ္လိုက္နဲ႔ အခ်ိန္ေတြ ကိုကုန္လြန္ခဲ့ရင္းက ဟိုစာအုပ္ဖတ္ေဆးနည္းေလးေတြေတြ႕လိုက္လုပ္ ၾကည့္ ၾကားဖူးနားဝေျပာျပတဲ့ေဆးေတြလိုက္ေသာက္ၾကည့္ ေဆးမွန္သမွ် အကုန္ေသာက္ၾကည့္ခဲ့ပါတယ္ ။

ကြၽန္မရဲ႕ဘယ္ဘက္ေက်ာက အၿမဲေအာင့္ေနခဲ့တာရင္းႏွီးသူေတြေတာင္သိၾကပါတယ္ အဲ့လိုေသာက္ေနရင္းက ကြၽန္မသံမႏိုင္ေက်ာက္မႏိုင္ေဆးျပားကို အၫႊန္းအတိုင္းမွန္မွန္ေသာက္ခဲ့ပါတယ္ ေက်ာေအာင့္တာသက္သာလာတယ္ ။

ေမေမက ငါးေျပမနဲ႔ေဇာင္းခါးသီး ခဏခဏခ်က္ေကြၽးတယ္ ေက်ာက္က်တယ္ဆိုလို႔ ကြၽန္မျဖစ္ေနတဲ့ေက်ာက္က အနည္ဆိုေတာ့ေရမ်ားမ်ားေသာက္ပီးအိုးနဲ႔ ဆီးကိုၾကည့္ရတာ သူမ်ားလိုေဒါက္ခနဲက်မွန္းသိတဲ့အေနအထားေတာ့မဟုတ္ပါဘူး ငါးေျပမကိုတခါမွမစားဘူး အ႐ိုးမ်ားလို႔ ေရာဂါေၾကာင့္ ႀကိတ္ပီး စားခဲ့ပါတယ္ ။

ေက်ာက္ကြဲ႐ြက္ကိုႀကိဳေသာက္တယ္ သိပ္ခါးတာေပါ့ ခါးတူးေနတာ ဒါေပမဲ့ ေရဆာတိုင္းေသာက္တယ္ ။

ေနာက္ဆုံးတခုက ေတာ့ ေရဝါးပင္ပါ ေက်ာက္ကပ္ေဆးေနရတဲ့သူေတာင္ ပကတိျပန္ေကာင္းတယ္ ဆိုလို႔ က်ိဳၿပီး ေန႔စဥ္ေသာက္တာခုထိပါပဲ ။

ျမန္မာ့ေဆးနည္းေတြကို ကြၽန္မသိပ္ယုံၾကည္သြားပါပီ ယေန႔ကြၽန္မရဲ႕ ေက်ာက္ကပ္ထဲမွာ ရွိေနတဲ့ ေက်ာက္ေတြမရွိေတာ့ဘူး လက္ေတြ႕ေလ ကြၽန္မလိုပဲ ဆီးေရာဂါ ေက်ာက္တည္တဲ့ေရာဂါရွိတဲ့ ေဝဒနာရွင္မ်ားလည္းအထက္ပါေဆးနည္းမ်ားကို သုံးစြဲမွီဝဲၾကည့္ၾကေစလိုပါတယ္ ယုံယုံၾကည္ၾကည္နဲ႔ေသာက္ပီး ေပ်ာက္ကင္းႏိုင္ၾကပါေစ

ေက်ာက္ကပ္ အသက္ကယ္ေဆး ေရဝါးပင္

အေခၚအေဝၚ နဲ႔ ကုသပုံ ေျပာလိုပါတယ္ တ႐ုတ္ အေခၚ ေ႐ႊၾကဴ ေဆာင္။ျမန္မာျပန္ ေတာ့ ေရဝါး ။ျမန္မာအေခၚ ျမက္ႂကြတ္ျပာပင္ (ျမက္ႂကြပ္ပင္ကသီးျခားရွိ) ေခၚပါတယ္။

ေခၚလို႔လြယ္တာနဲ႔ ေရဝါးလို႔ေခၚတာပါ။ ဝါး အမ်ိဳး အစား မဟုတ္ပါဘူး။

မ်ိဳးကြဲ မ်ားရွိတယ္လို႔သိရေပမဲ့ အိမ္မွာေတာ့ ျမန္မာစိမ္း။ ျမန္မာက်ား။ ႏိုင္ငံျခား စိမ္း(အ႐ြက္နဲနဲေသး)သုံးမ်ိဳး ရွိပါတယ္။

အ႐ြက္ ေနာက္ေက်ာက ခရမ္းေရာင္ ျဖစ္ပါတယ္။ေျမေပၚမွာ ကပ္သြားပင္မ်ိဳးျဖစ္လို႔ အဆစ္တိုင္းမွာ အျမစ္ထြက္ပါတယ္။

ေက်ာက္ကပ္ေဝဒနာကို ကုသပုံ

ေက်ာက္ကပ္ေရာဂါ ျဖစ္ေနရင္ မ်က္ႏွာအမ္း။လက္ ေျခ ေရာင္။ ဝမ္းဗိုက္ကယ္ ထမင္းမစားႏိုင္။ ဆီး မသြားႏိုင္ ျဖစ္ပါတယ္။အဲဒီ အေျခအေနကို ေရာဂါ ျပင္းတယ္လို႔ သတ္မွတ္ပါတယ္။

ေရဝါးပင္ တပင္လုံး ၁၅ က်ပ္သား ကိုေျမအိုးနဲ ေရ သုံးခြက္တခြက္ တင္ေအာင္ႀကိဳၿပီး ေသာက္ရပါ့မယ္။တရက္စာပါ။

ဒုတိယေန႔ လဲ ဒီလိုဘဲ ႀကိဳေသာက္ၿပီးတာနဲ႔ အေရာင္စေလ်ာ့လာမယ္။ထမင္းစား လာပါမယ္။ တတိယေန႔ ၾကသာက္ၿပီး တာနဲ႔ သက္သာ လာေတာ့တာပါဘဲ။ တဦး နဲ႔ တဦး မတူတာလဲ ရွိပါတယ္။

တပတ္ ေလာက္ ေသာက္ၿပီးတာနဲ႔ လူေကာင္းနီးပါးျဖစ္လာပါတယ္။ ေနာက္တပတ္ေလာက္ ဆက္ေသာက္ၿပီး ေဆးျပန္စစ္ၾကည့္ပါ။ထူးျခားမႈ ေတြ႕ရမွာပါ။

ေဆးႀကိဳေသာက္တာကလဲ ေရာဂါ သက္ သာမႈ ကိုၾကည့္ၿပီး ခ်ဲ ေသာက္ပါ။ သေဘာက၃၀က်ပ္သား ႏွစ္ရက္အစား သုံး ရက္ ေပါ့။

လူနာ တေယာက္ အတြက္ ေရဝါးပင္ က၂ ပိသာကေန ၄ပိသာ အထိ ကုန္ပါတယ္။၁/၂ ႀကိမ္ ေသာက္႐ုံ နဲ႔ အဆင္မေျပပါဘူး။

ေဆးပင္ကို ႀကိဳတဲ့အခါ သာမန္မတ္ခြက္ အေသးနဲ႔ေတာင္ တနာရီခြဲေလာက္ ၾကာလို႔မီးေသြး မီးဖိုမွ အဆင္ေျပပါတယ္။

ႀကဳံလို႔ ဆက္ေျပာပါ့မယ္။ ေရဝါးပင္ကို ေထာင္းၿပီးအရည္ဟာ အဆိပ္ေျပလို႔ အဆိပ္ မိတဲ့ ေခြးတိုေၾကာင္တို႔ ကိုတိုက္ပါက မိနစ္ပိုင္း အတြင္းေပ်ာက္တယ္။

အပူေလာင္ရင္လဲ အရည္ လိမ္း။ ကင္း/ပ်ား အကိုက္ခံရ လဲ အရည္လိမ္းပါ။ခဏေလးနဲ႔ ေပ်ာက္ပါတယ္။လက္ေတြ႕ပါ။

Credit-Original Uploader

လက်တွေ မကြာခဏ တုန်ယင်နေရတဲ့ အကြောင်းအရင်းများ

(Unicode)

လက်တွေ မကြာခဏ တုန်ယင်နေရတဲ့ အကြောင်းအရင်းများ

===================================

လက်တွေ တုန်ယင်နေတာမျိုးဟာ ဂရုမစိုက်ဘဲ ထားသင့်တဲ့အရာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာပါ ထိခိုက်နိုင်ချေတွေ ရှိနေတာဖြစ်လို့ တခြားအရာတွေလိုပဲ အရေးကြီးပါတယ်။

လက်မှာရှိတဲ့ အာရုံကြောတွေကို ဦးနှောက်က ထိန်းချုပ်ထားတာဖြစ်လို့ လက်တွေ တုန်နေတာဟာ ကျန်းမာရေး ထိခိုက်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်တွေ မကြာခဏ တုန်နေရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကော်ဖီ အသောက်များခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ တနေ့ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုပြီး မသောက်သုံးသင့်ဘူးလို့ သိရပါတယ်။ ဒါဟာ ကော်ဖီ ၅ ခွက်စာ ပမာဏခန့်ရှိပြီး ဒီထက်များသွားရင် ကတုန်ကယင်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိုးရိမ်ကြီးခြင်းနဲ့ နှလုံး အရမ်းခုန်ခြင်းတွေ ဖြစ်တတ်ပါတယ်။

(၂) ဆေး အသောက်များခြင်း

နေမကောင်းတဲ့ အချိန်တွေမှာ သောက်ရတဲ့ အချို့ဆေးတွေဟာ အားပြင်းလွန်းပါတယ်။ ဒီလို အားပြင်းတဲ့ ဆေးတွေကိုနဲ့ မတည့်တဲ့အခါမျိုးတွေမှာ လက်တွေ တုန်လာတတ်ပါတယ်။ တကယ်လို့ သင်က ဆေးအသစ်တခုကို စပြီး သောက်တဲ့အခါ လက်တွေ တုန်လာတယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းပြန်ပြောဖို့ လိုအပ်ပါတယ်။

(၃) အရက် အသောက်များခြင်း

အရက်ကို နေ့စဉ်ရက်ဆက် သောက်ပြီး ရုတ်တရက် မသောက်ဘဲ နေလိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အရက်အသောက်များတဲ့ပြီးနောက် အရက်နာကျနေတဲ့ ရက်တွေအတွင်းမှာ လက်တွေက သိသိသာသာကို ကတုန်ကယင် ဖြစ်နေတတ်ပါတယ်။

(၄) အိပ်ရေး မဝခြင်း

အိပ်ရေး မဝခြင်းကလည်း လက်တွေကို တုန်စေပါတယ်။ အိပ်ချိန် သတ်မှတ်ချက်ဟာ လူတယောက်နဲ့ တယောက် မတူညီနိုင်တဲ့ အတွက် သင့်ရဲ့ အိပ်ချိန်လိုအပ်ချက်ကို သေသေချာချာ သိဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝတာကြောင့် လက်တုန်လာတယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းနဲ့ တရားထိုင်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

(Zawgyi)

လက္ေတြ မၾကာခဏ တုန္ယင္ေနရတဲ့ အေၾကာင္းအရင္းမ်ား

===================================

လက္ေတြ တုန္ယင္ေနတာမ်ိဳးဟာ ဂ႐ုမစိုက္ဘဲ ထားသင့္တဲ့အရာ မဟုတ္ပါဘူး။ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးမွာပါ ထိခိုက္ႏိုင္ေခ်ေတြ ရွိေနတာျဖစ္လို႔ တျခားအရာေတြလိုပဲ အေရးႀကီးပါတယ္။

လက္မွာရွိတဲ့ အာ႐ုံေၾကာေတြကို ဦးေႏွာက္က ထိန္းခ်ဳပ္ထားတာျဖစ္လို႔ လက္ေတြ တုန္ေနတာဟာ က်န္းမာေရး ထိခိုက္ေနတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ေတြ မၾကာခဏ တုန္ေနရတဲ့ အေၾကာင္းအရင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေကာ္ဖီ အေသာက္မ်ားျခင္း

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းရဲ႕ သတ္မွတ္ခ်က္အရ တေန႔ကို ကဖင္းဓာတ္ ၄၀၀ မီလီဂရမ္ထက္ ပိုၿပီး မေသာက္သုံးသင့္ဘူးလို႔ သိရပါတယ္။ ဒါဟာ ေကာ္ဖီ ၅ ခြက္စာ ပမာဏခန႔္ရွိၿပီး ဒီထက္မ်ားသြားရင္ ကတုန္ကယင္ျဖစ္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ စိုးရိမ္ႀကီးျခင္းနဲ႔ ႏွလုံး အရမ္းခုန္ျခင္းေတြ ျဖစ္တတ္ပါတယ္။

(၂) ေဆး အေသာက္မ်ားျခင္း

ေနမေကာင္းတဲ့ အခ်ိန္ေတြမွာ ေသာက္ရတဲ့ အခ်ိဳ႕ေဆးေတြဟာ အားျပင္းလြန္းပါတယ္။ ဒီလို အားျပင္းတဲ့ ေဆးေတြကိုနဲ႔ မတည့္တဲ့အခါမ်ိဳးေတြမွာ လက္ေတြ တုန္လာတတ္ပါတယ္။ တကယ္လို႔ သင္က ေဆးအသစ္တခုကို စၿပီး ေသာက္တဲ့အခါ လက္ေတြ တုန္လာတယ္ဆိုရင္ ဆရာဝန္ကို ခ်က္ခ်င္းျပန္ေျပာဖို႔ လိုအပ္ပါတယ္။

(၃) အရက္ အေသာက္မ်ားျခင္း

အရက္ကို ေန႔စဥ္ရက္ဆက္ ေသာက္ၿပီး ႐ုတ္တရက္ မေသာက္ဘဲ ေနလိုက္တဲ့အခါမ်ိဳးေတြမွာ ျဖစ္တတ္ပါတယ္။ အရက္အေသာက္မ်ားတဲ့ၿပီးေနာက္ အရက္နာက်ေနတဲ့ ရက္ေတြအတြင္းမွာ လက္ေတြက သိသိသာသာကို ကတုန္ကယင္ ျဖစ္ေနတတ္ပါတယ္။

(၄) အိပ္ေရး မဝျခင္း

အိပ္ေရး မဝျခင္းကလည္း လက္ေတြကို တုန္ေစပါတယ္။ အိပ္ခ်ိန္ သတ္မွတ္ခ်က္ဟာ လူတေယာက္နဲ႔ တေယာက္ မတူညီႏိုင္တဲ့ အတြက္ သင့္ရဲ႕ အိပ္ခ်ိန္လိုအပ္ခ်က္ကို ေသေသခ်ာခ်ာ သိဖို႔ လိုအပ္ပါတယ္။ အိပ္ေရးမဝတာေၾကာင့္ လက္တုန္လာတယ္ဆိုရင္ေတာ့ ေလ့က်င့္ခန္းလုပ္ျခင္း၊ ေဆးေသာက္ျခင္းနဲ႔ တရားထိုင္ျခင္းေတြကို ျပဳလုပ္ႏိုင္ပါတယ္။

Credit,ေရဗန္

သက်ကြီးဖြစ်စဉ်နှင့် ဆေးဝါးများ

(Unicode)

သက်ကြီးဖြစ်စဉ်နှင့် ဆေးဝါးများ

========================

အသက်ကြီးလာတဲ့အခါ ဘာရောဂါမှ မရှိဘဲ ဒေါင်ဒေါင်မြည်ကျန်းမာတဲ့သူတွေရှိသလို နာတာ ရှည်ရောဂါတစ်ခုမဟုတ်တစ်ခုရှိတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ သက်ကြီးဖြစ်စဉ်ကို လူတိုင်းရင်ဆိုင်ရမှာဖြစ်ပြီး ဒီဖြစ်စဉ်က ဆေးဝါးတွေကို ခန္ဓာကိုယ်က စုပ်ယူမှု၊ ပျံ့နှံ့မှု၊ ချေဖျက်မှု၊ စွန့်ထုတ်မှုတွေအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။ ဆေးအချင်းချင်းဓာတ်ပြု ပြီးတော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေရလာနိုင် ခြေက အသက်ကြီးတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုမြင့် ပါတယ်။

အသက်ကြီးတဲ့သူတွေ ဆေးဝါးတွေ သောက် တဲ့အခါ ဆေးအချင်းချင်းဓာတ်ပြုနိုင်ခြေ၊ ဆေးနဲ့စား စရာဓာတ်ပြုနိုင်ခြေတွေရှိတာကို ပိုပြီး သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် အယ်လ်ကိုဟောပါတဲ့ အရည်တွေသောက်တဲ့အခါ ခန္ဓာကိုယ်က အရက်ကို ချေဖျက်နိုင်စွမ်း နှေးသွားပြီဖြစ်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်တွင်းမှာအယ်လ်ကိုဟောဓာတ်တွေ အချိန် ကြာမြင့်စွာကျန်နေတတ်တာကြောင့် အယ်လ်ကို ဟောနဲ့ သောက်တဲ့ဆေးဝါးတွေ ဓာတ်ပြုနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လူကြီးတချို့မှာ စိတ်တိုစိတ် ဆတ်ဖြစ်တာ၊ မှတ်Óဏ်လျော့နည်းလာတာ၊ ဒယီး ဒယိုင်ဖြစ်တာတွေဟာ ဆေးဝါးတွေနဲ့ အယ်လ်ကို ဟော အချင်းချင်းဓာတ်ပြုတာကြောင့် ဖြစ်နိုင်တာကို သတိပြုရပါမယ်။

ကျန်းမာရေးပညာရှင်တွေရဲ့အကူအညီရယူပါ
သောက်နေတဲ့ဆေးတွေအကုန်လုံးကို ပြောပြပါ
ကျန်းမာရေးစစ်ဆေးမှုတစ်ခါလုပ်တိုင်း၊ ဆေး ရုံ၊ ဆေးခန်းသွားပြတိုင်းမှာ ကိုယ်သောက်နေတဲ့ ဆေးဝါးတွေ (အကိုက်အခဲပျောက်ဆေး၊ အအေးမိ အဖျားကျဆေး၊ အစာအိမ်ဆေး၊ ဝမ်းပျော့ဆေး၊ မျက်စဉ်းဆေးရည်၊ ဖြည့်စွက်အားဆေး၊ လိမ်းဆေးပါ မကျန်) အကုန်လုံးကိုပြောပြပါ။ သင်နဲ့ ဓာတ်မတည့် တဲ့ဆေးတွေရှိရင်လည်း ပြောပြပါ။

အဆက်အသွယ်မပြတ်ပါစေနဲ့

ကိုယ့်ကို စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာ ရေးပညာရှင်တွေနဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့။ ဆိုလိုတာက သင့်ကို ဆေးတစ်ခု သောက်ဖို့ပေး လိုက်ပြီဆိုရင် ဘယ်နှရက်၊ ဘယ်နှလသောက်ရမှာ လဲဆိုတာကို သေချာလိုက်နာပါ။ ပြီးရင် ဆေးခန်း ပြန်ပြပါ၊ ကိုယ့်သဘောနဲ့ကိုယ် ဆေးကို ရပ်လိုက် တာ၊ သောက်ရမယ့် ကာလကို ကျော်လွန်ပြီး သောက်တာတွေ မပြုလုပ်ပါနဲ့။

ရောဂါအခံရှိရင်ပြောပြပါ

အရင်ကဖြစ်ဖူးတဲ့ ရောဂါလက္ခဏာ၊ ဝေဒနာ တွေ ပြောပြပါ၊ ဆေးခန်း၊ ဆေးရုံက ပေးလိုက်တဲ့ Medical Record တွေကိုသိမ်းထားပါ။ ဒါတွေကို ဆေးရုံ၊ ဆေးခန်းသွားတိုင်း ယူသွားပြလို့ရပါတယ်။ အရင်ကဖြစ်နေကျ ရောဂါလား၊ အသစ်ဖြစ်တာလား စသဖြင့် သုံးသပ်နိုင်ရင် ကုသမှုမှာ ပိုထိရောက်စေ ပါတယ်။

စားသောက်မှုပုံစံကို ပြောပြပါ

သင်ဟာ အထူးပြုထားတဲ့ Diet Plan နဲ့ စား နေတဲ့သူလား၊ ကော်ဖီ၊ လက်ဖက်ရည် ပုံမှန် သောက်တတ်လား၊ အရက်မကြာခဏသောက်လေ့ ရှိလား စတာတွေကိုလည်း ပြောပြထားဖို့လိုပါတယ်။

ဆေးသောက်ချိန်ကို အတိအကျလိုက်နာပါ

ဆေးသောက်ဖို့ မမေ့အောင်ဆိုရင် အချိန် ဇယားဆွဲထားပါ။ တစ်နေ့တာမှာ သောက်ရတဲ့ ဆေးတွေရဲ့နာမည်နဲ့ သောက်ရမယ့်အချိန်ကို ရေးမှတ်ထားပါ။ ပြီးရင် သောက်ပြီးတိုင်း အမှန် ခြစ်သွားလိုက်ပါ။

ဆေးဝါးပညာရှင်အကူအညီရယူပါ

ဆေးဝါးပညာရှင် Pharmacist တွေက ဆေး တွေကို ဘယ်လိုသောက်ရမလဲ၊ ဘယ်အချိန် သောက်ရမလဲ၊ ဆေးရဲ့ဆိုးကျိုးတွေက ဘာတွေ ရှိလဲ၊ ဘယ်ဆေးတွေဆိုရင် အတူတွဲမသောက်ရ ဘူးလဲဆိုတာကို ပြောပြပေးနိုင်ပါတယ်။ ဆေးပု လင်းမှာ သောက်ရမယ့် အညွှန်းကို စာလုံးကြီးကြီးနဲ့ ရေးပေးဖို့ တောင်းဆိုနိုင်သလို သင်သောက်ရမယ့် ဆေးတွေရဲ့ ဘူးခွံမှာပါတဲ့ အညွှန်းစာကိုလည်း ရှင်းပြပေးနိုင်ပါတယ်။

(Zawgyi)

သက္ႀကီးျဖစ္စဥ္ႏွင့္ ေဆးဝါးမ်ား

========================

အသက္ႀကီးလာတဲ့အခါ ဘာေရာဂါမွ မရွိဘဲ ေဒါင္ေဒါင္ျမည္က်န္းမာတဲ့သူေတြရွိသလို နာတာ ရွည္ေရာဂါတစ္ခုမဟုတ္တစ္ခုရွိတဲ့သူေတြလည္း ရွိပါတယ္။ ဒါေပမဲ့ အသက္ႀကီးလာတာနဲ႔အမွ် သက္ႀကီးျဖစ္စဥ္ကို လူတိုင္းရင္ဆိုင္ရမွာျဖစ္ၿပီး ဒီျဖစ္စဥ္က ေဆးဝါးေတြကို ခႏၶာကိုယ္က စုပ္ယူမႈ၊ ပ်ံ႕ႏွံ႔မႈ၊ ေခ်ဖ်က္မႈ၊ စြန္႔ထုတ္မႈေတြအေပၚ အမ်ားႀကီး သက္ေရာက္ႏိုင္ပါတယ္။ ေဆးအခ်င္းခ်င္းဓာတ္ျပဳ ၿပီးေတာ့ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြရလာႏိုင္ ေျခက အသက္ႀကီးတဲ့သူေတြမွာ ျဖစ္ႏိုင္ေျခပိုျမင့္ ပါတယ္။

အသက္ႀကီးတဲ့သူေတြ ေဆးဝါးေတြ ေသာက္ တဲ့အခါ ေဆးအခ်င္းခ်င္းဓာတ္ျပဳႏိုင္ေျခ၊ ေဆးနဲ႔စား စရာဓာတ္ျပဳႏိုင္ေျခေတြရွိတာကို ပိုၿပီး သတိထားဖို႔ လိုပါတယ္။ အထူးသျဖင့္ အယ္လ္ကိုေဟာပါတဲ့ အရည္ေတြေသာက္တဲ့အခါ ခႏၶာကိုယ္က အရက္ကို ေခ်ဖ်က္ႏိုင္စြမ္း ေႏွးသြားၿပီျဖစ္ပါတယ္၊ ဒါေၾကာင့္ ခႏၶာကိုယ္တြင္းမွာအယ္လ္ကိုေဟာဓာတ္ေတြ အခ်ိန္ ၾကာျမင့္စြာက်န္ေနတတ္တာေၾကာင့္ အယ္လ္ကို ေဟာနဲ႔ ေသာက္တဲ့ေဆးဝါးေတြ ဓာတ္ျပဳႏိုင္ေျခ ရွိပါတယ္။ ဒါေၾကာင့္ လူႀကီးတခ်ိဳ႕မွာ စိတ္တိုစိတ္ ဆတ္ျဖစ္တာ၊ မွတ္Óဏ္ေလ်ာ့နည္းလာတာ၊ ဒယီး ဒယိုင္ျဖစ္တာေတြဟာ ေဆးဝါးေတြနဲ႔ အယ္လ္ကို ေဟာ အခ်င္းခ်င္းဓာတ္ျပဳတာေၾကာင့္ ျဖစ္ႏိုင္တာကို သတိျပဳရပါမယ္။

က်န္းမာေရးပညာရွင္ေတြရဲ႕အကူအညီရယူပါ
ေသာက္ေနတဲ့ေဆးေတြအကုန္လုံးကို ေျပာျပပါ
က်န္းမာေရးစစ္ေဆးမႈတစ္ခါလုပ္တိုင္း၊ ေဆး ႐ုံ၊ ေဆးခန္းသြားျပတိုင္းမွာ ကိုယ္ေသာက္ေနတဲ့ ေဆးဝါးေတြ (အကိုက္အခဲေပ်ာက္ေဆး၊ အေအးမိ အဖ်ားက်ေဆး၊ အစာအိမ္ေဆး၊ ဝမ္းေပ်ာ့ေဆး၊ မ်က္စဥ္းေဆးရည္၊ ျဖည့္စြက္အားေဆး၊ လိမ္းေဆးပါ မက်န္) အကုန္လုံးကိုေျပာျပပါ။ သင္နဲ႔ ဓာတ္မတည့္ တဲ့ေဆးေတြရွိရင္လည္း ေျပာျပပါ။

အဆက္အသြယ္မျပတ္ပါေစနဲ႔

ကိုယ့္ကို ေစာင့္ေရွာက္မႈေပးေနတဲ့ က်န္းမာ ေရးပညာရွင္ေတြနဲ႔ အဆက္အသြယ္မျပတ္ပါေစနဲ႔။ ဆိုလိုတာက သင့္ကို ေဆးတစ္ခု ေသာက္ဖို႔ေပး လိုက္ၿပီဆိုရင္ ဘယ္ႏွရက္၊ ဘယ္ႏွလေသာက္ရမွာ လဲဆိုတာကို ေသခ်ာလိုက္နာပါ။ ၿပီးရင္ ေဆးခန္း ျပန္ျပပါ၊ ကိုယ့္သေဘာနဲ႔ကိုယ္ ေဆးကို ရပ္လိုက္ တာ၊ ေသာက္ရမယ့္ ကာလကို ေက်ာ္လြန္ၿပီး ေသာက္တာေတြ မျပဳလုပ္ပါနဲ႔။

ေရာဂါအခံရွိရင္ေျပာျပပါ

အရင္ကျဖစ္ဖူးတဲ့ ေရာဂါလကၡဏာ၊ ေဝဒနာ ေတြ ေျပာျပပါ၊ ေဆးခန္း၊ ေဆး႐ုံက ေပးလိုက္တဲ့ Medical Record ေတြကိုသိမ္းထားပါ။ ဒါေတြကို ေဆး႐ုံ၊ ေဆးခန္းသြားတိုင္း ယူသြားျပလို႔ရပါတယ္။ အရင္ကျဖစ္ေနက် ေရာဂါလား၊ အသစ္ျဖစ္တာလား စသျဖင့္ သုံးသပ္ႏိုင္ရင္ ကုသမႈမွာ ပိုထိေရာက္ေစ ပါတယ္။

စားေသာက္မႈပုံစံကို ေျပာျပပါ

သင္ဟာ အထူးျပဳထားတဲ့ Diet Plan နဲ႔ စား ေနတဲ့သူလား၊ ေကာ္ဖီ၊ လက္ဖက္ရည္ ပုံမွန္ ေသာက္တတ္လား၊ အရက္မၾကာခဏေသာက္ေလ့ ရွိလား စတာေတြကိုလည္း ေျပာျပထားဖို႔လိုပါတယ္။

ေဆးေသာက္ခ်ိန္ကို အတိအက်လိုက္နာပါ

ေဆးေသာက္ဖို႔ မေမ့ေအာင္ဆိုရင္ အခ်ိန္ ဇယားဆြဲထားပါ။ တစ္ေန႔တာမွာ ေသာက္ရတဲ့ ေဆးေတြရဲ႕နာမည္နဲ႔ ေသာက္ရမယ့္အခ်ိန္ကို ေရးမွတ္ထားပါ။ ၿပီးရင္ ေသာက္ၿပီးတိုင္း အမွန္ ျခစ္သြားလိုက္ပါ။

ေဆးဝါးပညာရွင္အကူအညီရယူပါ

ေဆးဝါးပညာရွင္ Pharmacist ေတြက ေဆး ေတြကို ဘယ္လိုေသာက္ရမလဲ၊ ဘယ္အခ်ိန္ ေသာက္ရမလဲ၊ ေဆးရဲ႕ဆိုးက်ိဳးေတြက ဘာေတြ ရွိလဲ၊ ဘယ္ေဆးေတြဆိုရင္ အတူတြဲမေသာက္ရ ဘူးလဲဆိုတာကို ေျပာျပေပးႏိုင္ပါတယ္။ ေဆးပု လင္းမွာ ေသာက္ရမယ့္ အၫႊန္းကို စာလုံးႀကီးႀကီးနဲ႔ ေရးေပးဖို႔ ေတာင္းဆိုႏိုင္သလို သင္ေသာက္ရမယ့္ ေဆးေတြရဲ႕ ဘူးခြံမွာပါတဲ့ အၫႊန္းစာကိုလည္း ရွင္းျပေပးႏိုင္ပါတယ္။

Crd, ထူးဒါလီကိုကို (MPharm)

ပန်းချီလက်ရာက သပ်ရပ်လွန်းလို့မိဘတွေဆီက အဆူအဆဲမခံရတဲ့အပြင် ချီးမွမ်းစကားကိုသာရခဲ့တဲ့ ကလေးငယ်

(Unicode)

ပန်းချီလက်ရာက သပ်ရပ်လွန်းလို့မိဘတွေဆီက အဆူအဆဲမခံရတဲ့အပြင် ချီးမွမ်းစကားကိုသာရခဲ့တဲ့ ကလေးငယ်

===============================

ကလေးတွေအတော်များများက လက်ထဲမှာ ဘောပင် ဒါမှမဟုတ် ခဲတံတွေကိုင်ထားခဲ့ရင် လက်ကအငြိမ်မနေတဲ့ တွေ့တဲ့နေရာတွေမှာရေးခြစ်ပစ်ချင်နေကြတာပါ ။

ဒီတစ်ခေါက်မှာလည်း ပန်းချီဝါသနာပါပြီး လက်ရာသပ်ရပ်လွန်းတဲ့ကလေးငယ်က သူ့ရဲ့မိဘကားပေါ်ကို ရုပ်ပုံတွေရေးဆွဲနေခဲ့ပါတယ် ။

ဒါပေမဲ့ ကလေးရဲ့ပန်းချီလက်ရာက သပ်ရပ်လွန်းနေတော့ ကားပေါ်မှာ စတစ်ကာတွေကပ်ထားသလို ကြည့်လို့ကောင်းနေခဲ့ပါတယ် ။ ကားပေါ်ရေးခြစ်ခဲ့တဲ့ကလေးကို မဆူမဆဲခဲ့တဲ့အပြင် မိဘဖြစ်သူတွေက သားလေးကို အားပေးချီးမွမ်းကြကာ သူ့ရဲ့ပန်းချီပုံတွေကို social media ပေါ်မှာတောင် ဝေမျှပေးခဲ့ပါသေးတယ် ။

ပါရမီအခံပါပြီးသား သားသမီးအပေါ် ယုံကြည်မှုအပြည့်နဲ့ support ပေးနေကြတဲ့ မိဘတွေလို့ ပြောရမှာပါပဲ ။

(Zawgyi)

ပန္းခ်ီလက္ရာက သပ္ရပ္လြန္းလို႔မိဘေတြဆီက အဆူအဆဲမခံရတဲ့အျပင္ ခ်ီးမြမ္းစကားကိုသာရခဲ့တဲ့ ကေလးငယ္

===============================

ကေလးေတြအေတာ္မ်ားမ်ားက လက္ထဲမွာ ေဘာပင္ ဒါမွမဟုတ္ ခဲတံေတြကိုင္ထားခဲ့ရင္ လက္ကအၿငိမ္မေနတဲ့ ေတြ႕တဲ့ေနရာေတြမွာေရးျခစ္ပစ္ခ်င္ေနၾကတာပါ ။

ဒီတစ္ေခါက္မွာလည္း ပန္းခ်ီဝါသနာပါၿပီး လက္ရာသပ္ရပ္လြန္းတဲ့ကေလးငယ္က သူ႔ရဲ႕မိဘကားေပၚကို ႐ုပ္ပုံေတြေရးဆြဲေနခဲ့ပါတယ္ ။

ဒါေပမဲ့ ကေလးရဲ႕ပန္းခ်ီလက္ရာက သပ္ရပ္လြန္းေနေတာ့ ကားေပၚမွာ စတစ္ကာေတြကပ္ထားသလို ၾကည့္လို႔ေကာင္းေနခဲ့ပါတယ္ ။ ကားေပၚေရးျခစ္ခဲ့တဲ့ကေလးကို မဆူမဆဲခဲ့တဲ့အျပင္ မိဘျဖစ္သူေတြက သားေလးကို အားေပးခ်ီးမြမ္းၾကကာ သူ႔ရဲ႕ပန္းခ်ီပုံေတြကို social media ေပၚမွာေတာင္ ေဝမွ်ေပးခဲ့ပါေသးတယ္ ။

ပါရမီအခံပါၿပီးသား သားသမီးအေပၚ ယုံၾကည္မႈအျပည့္နဲ႔ support ေပးေနၾကတဲ့ မိဘေတြလို႔ ေျပာရမွာပါပဲ ။

Mia (Mckzone Daily)
Source : 小回忆 Little Memories