Shangyimm

- လူမှုမီဒီယာများနှင့် အင်တာနက်ပေါ်ရှိ စိတ်ဝင်စားစရာ အကြောင်းအရာများကို လူအများ ဖတ်ရှုနိုင်ရန် တဆင့်ပြန်လည် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ပါ၍ ကူးယူဖော်ပြခံရသော မီဒီယာများနှင့် စာရေးသူများကို လေးစားစွာဖြင့် Credit ပေးပါသည်။ မူရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့ Content များကို shangyimm.com တွင် ကူးယူဖော်ပြခြင်းအား ကန့် ကွက်လိုပါက shangyimm2017@gmail.com သို့ပေးပို့ ကန့် ကွက်နိုင်ပါတယ် ခင်ဗျာ။ လေးစားစွာဖြင့်…

Author: Shangyi

ကွကျဥ Egg

ကြက်ဥတွင်ပါဝင်သော ကိုလင်းဓာတ်သည် ဉာဏ်ပညာဖွံ့ဖြိုးရေး၊ ဦးနှောက်နှင့် အာရုံကြော ထူးချွန်ထက်မြက်ရေးကို များစွာအထောက်အကူပြုသောကြောင့် ကြက်ဥကို ငယ်ရွယ်စဉ်ကပင် စတင်စားသုံးသင့်ပါသည်။

အထူးသဖြင့် ဖျားနာနေသောကလေးများအတွက် အကောင်းဆုံးအာဟာရဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသောကလေးများကို ကြက်ဥများများ ကျွေးသင့်ပါသည်။

အသက်အရွယ်ကြီးသူများသည် ကြက်ဥကို ပုံမှန်စားသုံးလျှင် မျက်စိမှုန်ခြင်း၊ အရိုးပါး၊ အရိုးပွနှင့် သွားများပဲ့ခြင်း၊ ကျိုးခြင်းတို့မှ ကာကွယ်ပေးပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များသည် ကြက်ဥကို တစ်နေ့တစ်လုံး နေ့စဉ် ပုံမှန်စားသုံးပေးပါဟု တိုက်တွန်းလိုပါသည်။

ကြက်ဥမှတစ်ဆင့် ရောဂါပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက်လည်း ကြက်ဥကို ကိုင်တွယ်ပြီးတိုင်း မပျက်မကွက် လက်ဆေးခြင်းဖြင့် အန္တရာယ်ကင်းကင်း စားသုံးနိုင်ပါသည်။

Cry – Dr. Khin Maung Lwin – FAME

Photo – Credit

ကဲ ဒီတစ်ခါတော့ မြေအိုးထမင်းအကြောင်းပေါ့နော့်

မြေအိုးထမင်း

ကဲ ဒီတစ်ခါတော့ မြေအိုးထမင်းအကြောင်းပေါ့နော့်။

တကယ် မြေအိုးထမင်းဆိုတာက ကျေးလက်တောရွာမှာ နေသူတွေအတွက် မဆန်းကြယ်တဲ့ ချက်ပြုတ်နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ရှေးယခင်တည်းက မြေအိုးနဲ့ပဲ ထမင်းဟင်းတွေ ချက်ပြုတ်လာခဲ့ကြပါတယ်။ နောက်ပြီး မြေအိုးနဲ့ချက်ပြုတ်တဲ့ ထမင်းဟင်းက ပိုပြီးအရသာရှိတယ်လို့လဲ ဆိုကြပါတယ်။ အထူးသဖြင့် မီးခိုးနံ့သင်းသင်းလေးနဲ့ ထမင်းဟင်းဟာ စားသောက်တဲ့လူကို နှုတ်မြိန်စေပါတယ်တဲ့။

တရုတ်မှာတော့ မြေအိုးထမင်းကို ထမင်းသက်သက်၊ ဟင်းသက်သက် မဟုတ်ပဲ တပါတည်းရောပြီး ချက်ပြုတ်လေ့ရှိပါတယ်။ တရုတ်ပြည်ဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်း စားသောက်ပုံချင်းက အခြေခံအားဖြင့် မတူကြပါဘူး။ မြောက်ပိုင်းက ဂျုံကို အဓိကစားသုံးကြပြီး တောင်ပိုင်းက ဆန်ကို အဓိက စားသုံးကြပါတယ်။ ဒါ့ကြောင့် မြေအိုးထမင်း 煲仔飯 bāo zǎi fàn ဟာ တရုတ်ပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ ဖူကျန့်၊ ကွမ်တုံးတွေရဲ့ ရိုးရာချက်ပြုတ်နည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ မြေအိုးထမင်း ဖြစ်ပေါ်လာပုံကတော့ ရှေးတုန်းက လယ်သမားတွေဟာ တစ်နေကုန် လယ်ထဲမှာပဲ အလုပ်လုပ်ရတဲ့အတွက် ထမင်းနဲ့ ဟင်းကို တကူးတက မချက်ပြုတ်နိုင်ကြပါဘူး။ အဲ့ဒီအတွက် ထမင်းစားချိန်အသင့်ဖြစ်အောင် ဆန်ကိုတစ်ခါတည်း ရေဆေး၊ ဟင်းရွက်၊ အသား၊ ဝက်အူချောင်းတွေကို တခါတည်း လှီးထားကြပါတယ်။ ထမင်းစားချိန်ရောက်တော့မှ မီးမွှေးပြီး မြေအိုးအသေးလေးထဲမှာ ဆန်ထည့်ပြီး ချက်၊ ထမင်းကျက်ခါနီးကျမှ အသီးအရွက်၊ အသားစိမ်း၊ ဝက်အူချောင်းတို့ကို ထည့်ပြီး ရေခမ်းတဲ့အထိ နှပ်ထားလိုက်ပါတယ်။ ပြီးမှ ပဲငံပြာရည်၊ ဆီ၊ ဆားထည့်ပြီး စားသုံးကြပါတယ်။ ဒီကနေ့မှာ လယ်တောစားစရာလေးဟာ ဆိုင်ကြီးတွေမှာပါ တင်ရောင်းရတဲ့ ဟင်းလျာတစ်ခု ဖြစ်လာခဲ့ပါပြီ။

ဒါဆို ကျွန်တော်တို့အိမ်မှာရော အလွယ်တကူ ချက်မစားနိုင်ဖူးလားဆို စားနိုင်ပါတယ်လို့ပဲ ဖြေပါရစေ​။ မခက်ခဲတဲ့အပြင် အလုပ်မအားလပ်တဲ့လူတွေအနေနဲ့ ထမင်းဟင်းကို တကူးတက ချက်ပြုတ်စရာမလိုပဲ စားသောက်နိုင်ပါတယ်။ မြေအိုးထမင်းဟာ အချိန် ၁၅ မိနစ်ကနေ ၃၀ မိနစ်အတွင်း အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ရိုးရာနည်းအရတော့ မီးသွေးနဲ့ ချက်ပြုတ်တာက ပိုကောင်းတယ်ဆိုပေမယ့် Gas မီးဖို၊ Oven ထဲထည့်လို့ရတဲ့ အိုးနဲ့ပါ ချက်ပြုတ်နိုင်ပါတယ်တဲ့​။ တရုတ်ဟင်းလျာတွေထဲမှာ အလျင်အမြန်ချက်ပြုတ်နိုင်တဲ့ ဟင်းလျာတွေ၊ နည်းလမ်းတွေ ရှိပါတယ်။ ဒါလေးတွေကို အချိန်ရရင် ရသလိုတင်ပေးသွားပါမယ်။ ကဲ ဒါဆို မြေအိုးထမင်းချက်ပြုတ်နည်းကို ပြောပြပေးပါမယ်။

ချက်ပြုတ်နည်း

မချက်ပြုတ်မှီ ဆန်ကိုရေဆေးပြီး မိနစ် ၃၀ ခန့် စိမ်ထားပါ။

ထို့နောက် ကြက်သား/ ဝက်သားကို အနေတော် အတုံးလေးတွေ တုံးထားပေးပါ။ ဝက်သားနဲ့ ချတ်ပြုတ်မယ်ဆိုရင်တော့ အချိန်ပိုပေးရတာမို့ ထမင်းရေဆူတာနဲ့ ဝက်သားကို ထည့်ရပါလိမ့်မယ်။ အခုတော့ ကြက်သားနဲ့ ချက်တာကိုပဲ အဓိကပြောပြသွားပါ့မယ်။ ကြက်သားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည် ၂ ဇွန်း၊ ခရုဆီ ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှယ်ထားပေးပါ။ ထို့နောက် ကြက်သားထဲ အရသာဝင်စေရန် ၁၀ မိနစ်ခန့် စိမ်ထားပါတယ်။

ထို့နောက် ပုဇွန်ခြောက်၊ ဝက်အူချောင်း၊ မှို၊ ကြက်သွန်နီဥ၊ ရေနှင့် နှမ်းဆီတို့ကို အသင့်ပြင်ထားပါ။

အရင်ဦးစွာ မြေအိုးကို အိုးကင်းပူတိုက်ပြီး အတော်အသင့် ပူလာပြီဆိုမှ ရေကို သင့်တော်သလို လောင်းထည့်ပါ။ ဆန်နဲ့ ရေကို ချိန်ညှိပြီး ထည့်ပါ။ ထို့နောက် ရေဆူလာပြီဆိုပါက ပုဇွန်ခြောက်၊ မှို၊ ကြက်သွန်နီဥတို့ကို ထည့်ပါ။

အကယ်၍ အိမ်တွင် မြေအိုးမရှိပါက ထမင်းပေါင်းအိုးဖြင့်လဲ ချက်ပြုတ်နိုင်ပါတယ်။ ကိုယ်က အခုမှ ချက်ပြုတ်တာဆိုရင်တော့ ထမင်းပေါင်းအိုးနဲ့ ချက်ပြုတ်ဖို့ပဲ အကြံပြုပါတယ်။

ရေဆူလာပါက ဆန်ကို ထည့်ပါ။ အသားမကျက်မှာစိုးရင်တော့ ဆန်ထည့်ပြီး ပွက်ပွက်ဆူလာသည်နှင့် ကြက်သားကို ထည့်လိုက်ပါ။

တရုတ်စားသောက်ဆိုင်များတွင်တော့ ရေခမ်းခါနီးမှ ကြက်သားနှင့် ဟင်းအနှစ်များကို ထည့်လေ့ရှိပါတယ်။ ထိုသို့ ချက်ပြုတ်လိုပါက ဆန်ကို ရေနွေးပွက်ပွက်ဆူထဲတွင် အဖုံးဖုံးပြီး ၈ မိနစ် ပြုတ်ထားပါ။

၈ မိနစ်ကြာသည့်အခါမှ စောနက ကြက်သားတုံးများကို ထည့်ပြီး မီးအရှိန်ကို အနည်းငယ်လျော့ကာ အဖုံးပြန်ဖုံးထားပါ။

၁၀ မိနစ်၊ ၁၅ မိနစ် ဝန်းကျင်တွင် ထမင်းနှင့် ကြက်သား ကျက်သွားပါလိမ့်မယ်။ ကြက်ဥအနှစ်လေးနဲ့ နှယ်စားရတာကို ကြိုက်ရင်တော့ အိုးပေါ်က မချခင်လေးမှာ ကြက်ဥတစ်လုံးကို ထည့်လိုက်ပါ။ ကြက်ဥအကျက်စားချင်ရင်တော့ ကြက်သားထည့်ပြီးတာနဲ့ ကြက်ဥဖောက်ထည့်လိုက်ပါ။

ကြက်သားကျက်သွားပါက မြေအိုးကို မီးပူပေါ်ကချပြီး ကြက်သွန်မြိတ်၊ ကြာညို့ (ပဲငံပြာရည်အနှစ်) ၂ ဇွန်း၊ နှမ်းဆီ ၁ ဇွန်းထည့်ပြီး ထမင်းနှင့် ဟင်းအနှစ်ကို သမအောင်မွှေလိုက်ပါက အရသာရှိတဲ့ မြေအိုးထမင်းကို ရပါပြီ။ နံနံပင်ကြိုက်တဲ့လူတွေအတွက် နံနံပင်လဲ ထည့်စားလို့ရပါတယ်။

ကဲ ဒါဆိုရင်တော့ မိမိလက်ရာနဲ့ ကိုက်ညီတဲ့ မြေအိုးထမင်းတစ်ပွဲကို ရရှိလာပါလိမ့်မယ်။ အခုနောက်ပိုင်းမှာတော့ မြေအိုးမြီးရှည်၊ မြေအိုးကြက်ပေါင်း/ကင် စတဲ့ မြေအိုးနဲ့ ဟင်းလျာချက်ပြုတ်နည်းတွေ ပြန်ခေတ်စားလာပါတယ်။ မင်မင်ကတော့ လယ်ကွင်းပြင်လေးထဲမှာ မြေအိုးထမင်းလေး စားရတာကို တော်တော်ကြိုက်တယ်။ ရှမ်းပြည်နယ် ညောင်ရွှေကနေ အင်းထဲကို သွားရတဲ့ လမ်းတစ်လျှောက်မှာ ဒီလိုဆိုင်လေးတွေ တော်တော်များများရှိတယ်။ အခုတော့ အဲ့ဒီဆိုင်လေးတွေကော ဖွင့်သေးရဲ့လားမသိပေမယ့် လွမ်းတော့ လွမ်းမိပါတယ်။ Ex ပါ အပါအဝင်ပေါ့နော့် 

 

Crd,「天下第一」

အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့” ဟုဘာလို့ဆိုတာလဲ

အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့” ဟုဘာလို့ဆိုတာလည်း

အိမ့်တောင်လူမိုက် ဘူးမစိုက်နဲ့သည် စကားပုံလေးငယ်စဉ်ကပင် ကြားဖူးခဲ့ပါ၏။

သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင်အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လားလူလိမ္မာမှ စိုက်ရမည်လားစသဖြင့် အမှတ်မထင် ဆရာကြီး(စစ်ကိုင်းဦးဖိုးသင်း)၏ ဆောင်းပါးကိုဖတ်မိ၍ ဆိုလိုရင်းအမှန်ကို သိရတော့သည်။

ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါစိုက်ပျိုးတတ်သည်။ ဆောင်းအခါတော့ကိုင်းဘူးပေါ့။ မိုးတွင်း လေတိုက်ခတ်ရာအရပ်မှာ တောင်လေ၊ အနောက်တောင်လေများ တိုက်ခတ်ပါသည်။

ဘူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကိုထုတ်ပါသည်။ ညအခါတွင်မတော့ အောက်စီဂျင်ကိုရှူသွင်းပြီးကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပါသတဲ့။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်။

ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင်စိုက်မိလျှင် ညအခါ ဘူးပင်မှလာသော လေသည် (လေဆိုး )အဆိပ်ဓါတ်ပါပဲ။ ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံဝင်နိုင်ပါသတဲ့ ။

သည်အကြောင်းကြောင့်ပင် မိမိအိမ်တွင်ဘူးပင်စိုက်ပျိုးပါက အိမ်၏တောင်ဘက်အရပ်တွင် ဘူးပင်မစိုက်ပျိုးသင့်ကြောင်းကို “အိမ်တောင်လူမိုက်ဘူးမစိုက်နှင့်”ဟူသောစာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း

မေတ္တာဖြင့်မျှဝေပါသည်

မူရင်းရေးသားသူအားcreditပေးပါသည်။

ရေချိုးရာမှာ ရေနွေးနဲ့ချိုးတာနဲ့ ရေအေးနဲ့ချိုးတာ ဘယ်ဟာက ကျန်းမာရေးကို ပိုကောင်းစေပါသလဲ

ချိုးတဲ့လူရဲ့ အခြေအနေပေါ်မူတည်ပြီး အနည်းငယ်စီ ကွာခြားမှုရှိပေမဲ့ သာမန်လူတစ်ဦးအနေနဲ့ ပြောရရင်တော့ ရေနွေးနဲ့ချိုးတာဟာ အများကြီးပိုကောင်းပါတယ်။ ဘာလို့လဲဆိုတာ ဆက်ရှင်းပြပါမယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ 37°C ရှိပါတယ်။ 37°C အပူချိန်ရှိတဲ့ ရေနွေးနဲ့ ချိုးခဲ့ရင် သန့်ရှင်းစင်ကြယ်မှုနဲ့ စိတ်ကိုရွှင်လန်းစေတာကလွဲလို့ ခန္ဓာကိုယ်တွင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုရှိမှာ မဟုတ်ပါဘူး။

37°C ထက်ပိုပြီး ပူတဲ့ရေနွေးနဲ့ချိုးရင် ခုနက အာနိသင်နှစ်ခုအပြင် ခန္ဓာကိုယ်တွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါမယ်။ ပထမဆုံးအနေနဲ့ အရေပြားကို စတင်ပူစေပါတယ်။ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေကို ပူစေတဲ့အတွက် အဲ့ဒီသွေးကြောလေးတွေ ကျယ်လာပါမယ်။ ဒါကြောင့် အရေပြားတစ်လျှောက် သွေးလည်ပတ်မှုတွေ ကောင်းလာပါမယ်။ ပြီးရင် ကြွက်သားတွေ ပူနွေးလာတဲ့အတွက် ကြွက်သားတွေကြားမှာ သွေးလည့်ပတ်မှု ကောင်းလာပါမယ်။ ဒီလိုသွေးလည့်ပတ်မှု ကောင်းလာတဲ့အတွက် သွေးဖိအား (Blood Pressure) အနည်းငယ် ကျသွားပါတယ်။ နှလုံးခုန်နှုန်း အနည်းငယ်မြန်လာပါမယ်။ သွေးကြောထဲ လှည့်လည်နေတဲ့ သွေးပမာဏ (Circulating blood volume) များလာပါမယ်။ ကျောက်ကပ်ကို သွေးသွားတာ နည်းသွားတဲ့အတွက် ဆီးသွားတာလည်း လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ရေနွေးနဲ့မချိုးခင်မှာ ရေအဝသောက်ပြီးမှ ချိုးသင့်ပါတယ်။

ဒီလို ရေအဝသောက်ပြီးမှချိုးရင် ကြွက်သားတွေထဲကို အောက်ဆီဂျင် ပိုမိုပေးပို့ နိုင်ပြီး ကြွက်သားထဲမှာရှိတဲ့ ဇီဝစွန့်ပစ်ပစ္စည်း (Metabolic waste) တွေဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ လက်တစ်အက်ဆစ် (Lactic acid) တွေဟာ သွေးကနေတစ်ဆင့် ကျောက်ကပ်ကိုရောက်မယ်။ ပြီးရင် ဆီးကနေ အမြန်ဆုံးစွန့်ထုတ်ပေးနိုင်ပါတယ်။ ကြွက်သားတွေ ညောင်းညာ နာကျင်ကိုက်ခဲခြင်းတွေဟာ ဒီလက်တစ်အက်ဆစ်တွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကြွက်သားတွေကို အညောင်းပြေစေပြီး နာကျင်မှုဝေဒနာတွေကနေ သက်သာစေမှာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ သွေးထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စွန့်ထုတ်ဖို့အတွက် အသက်ရှူနှုန်းတွေလည်း မြန်လာတတ်ပါတယ်။ ခန္ဓာကိုယ်ကနေ အင်တီဘော်ဒီ (Antibody) တွေကို ပိုထွက်စေပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုကောင်းစေပါတယ်။ အထူးသဖြင့် အဆိပ်အတောက်တွေ ဖယ်ရှားမှု (Detoxification) ကိုလည်း များစွာကောင်းမွန်စေပါတယ်။ အာရုံကြောတွေကို နိုးကြားကောင်းမွန်စေပြီး စိတ်ပြေပျောက်မှု၊ တည်ငြိမ်အေးချမ်းမှု (Relaxation) ကို ရစေနိုင်ပါတယ်။

ဒါဆို ရေနွေးနဲ့ လူတိုင်းချိုးသင့်ပါသလား??

အများအတွက်မှန်ပေမဲ့ ရေနွေးနဲ့မချိုးသင့်တဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။ ဥပမာအားဖြင့်

1. အဖျားသိပ်ကြီးနေရင်
2. အတက်ရောဂါဖြစ်နေသူတွေ
3. သွေးကျဲရောဂါရှိသူတွေနဲ့ သွေးမခဲစေတဲ့ဆေးအချို့ သောက်နေရသူတွေ (Patients under anticoagulant therapy)
4. လောလောဆယ် ဒဏ်ရာရထားသူတွေ၊ သွေးထွက်နေတဲ့ အခြေအနေမျိုးတွေ (ဥပမာ-နှာခေါင်းသွေးယိုတာတို့၊ သွေးကြောတွေ ပေါက်ထွက်တတ်သူတွေ၊ ဗီတာမင်စီ ချို့တဲ့ရောဂါ (Scurvy) ရှိသူတွေ)
5. အရေပြားမှာ အယားအဖုအပိမ့် (Allergic rash) တွေ ထွက်နေသူတွေ
6. လောလောဆယ် အရေပြားမှာ ရောဂါပိုးတွေရှိနေသူတွေ ဥပမာ-အရေပြား တီဘီလိုရောဂါမျိုး (ရောဂါပိုးတွေ ပြန့်ပွားနိုင်လို့ဖြစ်ပါတယ်)
7. အချို့ကင်ဆာရောဂါသည်တွေ (သွေးကင်ဆာ)
8. ကိုယ်ဝန်ဆောင်တွေ (သန္ဓေသားဆီကို သွေးအရောက်နည်းမှာစိုး၍)
9. မွေးကာစ ကလေးငယ်လေးတွေ
10. သွေးပေါင်ကျတတ်သူတွေနဲ့ နှလုံးရောဂါရှိသူတွေ ဖြစ်ပါတယ်။

Credit, ဒေါက်တာခင်မောင်လွင် (FAME)

စက်ရေတွင်း မတူးမှီ ရေတိမ်-ရေနက်၊ ကျောက်ဆောင်ရှိ မရှိ ခန့်မှန်းနည်း

စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ မရှိ ခန့်မှန်းနည်း

 

လိုအပ်တဲ့ သူတွေ အသေအချာမှတ်သားထားကြပါနော်။ စေတနာနဲ့ပါ။ စက်ရေတွင်းတူးက မှတ်ထားကြ။

စက်ရေတွင်းတူရာ၌ ရေ ရှိ-မရှိ၊ ရေနည်း-ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။

ရေရှိ / မရှိ

၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းဆန်း ရှိနေပါ

ကထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေမရှိဟု ခန့်မှန်း သိနိုင်ပါသည်။

ရေချို / ရေငန်

၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေတိမ် / ရေနက်

၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်ချင်း တူပါလျက် အဆစ်တိုနေသည်ကို တွေ့ရပါက ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။

ကျောက်ဆောင် ရှိ / မရှိ

၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,ကွေ့ကောက်နေပါက အောက်၌ ကျောက်ဆောင်ရှိကြောင်း ခန့်မှန်းသိရှိနိုင်ပါသည်။

သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေချို/ရေငန်

၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းက ချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။

(တနည်စမ်းသပ်ပုံမှာ) ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ။

နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည် ရေနူး၍ ကွာကျနေလျင် ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင် ရေဝေး-ရေနက်သည်ဟု ခန့်မှန်းသိနိုင်ပါသည်။

ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင် ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

Credit, Copying

 

ရိုဟင်ဂျာလူမျိုးမရှိဘူး သတ္တိရှိရှိပြောဖို့ စစ်ကောင်စီက ဝန်ထမ်းတွေကို ညွှန်ကြား

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ ရဲရဲဝံ့ဝံ့ထုတ်ပြောကြဖို့ စစ်ကောင်စီက သူ့လက်အောက်ကဝန်ထမ်းတွေကို သြဂုတ်လအတွင်း လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်။

RFA က ရရှိထားတဲ့ အဲဒီညွှန်ကြားချက်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ရိုဟင်ဂျာလူမျိုးမရှိဘဲ သူတို့ဟာ ဘင်္ဂါလီတွေသာဖြစ်တယ်လို့ သတ္တိရှိရှိထုတ်ဖော်ပြောဆိုကြဖို့၊ လက်နက်ကိုင်ဆောင်ပစ်ခတ်မှုတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို ထိထိရောက်ရောက်တားဆီးဖို့၊ ရပ်ကွက်အတွင်း လူစိမ်းအဝင်အထွက်ရှိ မရှိနဲ့ ဧည့်စာရင်းစစ်ဆေးဖို့၊ CDM လုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်သူတွေဟာ Non CDM တွေကို ခြိမ်းခြောက်ဖိနှိပ်တာတွေလုပ်နေလို့ ဖော်ထုတ်အရေးယူဖို့၊ ကိုယ်တိုင် CDM မလုပ်ပေမယ့် CDM ကိုလက်ခံပြီး လက်အောက်ငယ်သားတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ဖော်ထုတ်ဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၁၃ ချက်ပါဝင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဇွန်လ ၈ ရက်မှာ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာမရှိပါဘူး။

အစည်းအဝေးအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်တွေကို သြဂုတ်လ ၂၀ ရက်မှာ နယ်လုံဝန်ကြီးတွေကနေတဆင့် ဝန်ထမ်းတွေဆီ လျှို့ဝှက်ပေးပို့ခဲ့တာဖြစ်ပါတယ်။

အပင်တွေအတွက်အရမ်းအသုံးဝင်တဲ့ငှက်ပျောသီးခွံ အပင်အားဆေး

ငှက်ပျောသီးခွံကို နောက်ဆိုမလွှင့်ပစ်ပါနဲ့

ကျွန်တော်တို့ ငှက်ပျောသီးကို စားသုံးတဲ့ အခါမှာ ငှက်ပျောခွံ(Banana peel)ကို စွန့်ပစ်လေ့ ရှိတယ်။

လေ့လာတွေ့ရှိချက်အရ စွန့်ပစ် ငှက်ပျောခွံမှာ
အပင်များအတွက် မရှိမဖြစ် လိုအပ်သော
အာဟာရဓာတ်တွေ များပါဝင်နေပါတယ်။

ငှက်ပျောခွံကို ရေထဲ၌(၃)ရက်ခန့်ကြာသည့်တိုင်အောင် စိမ်ထားပြီး ၎င်းရေကို အပင်တွေအတွက် လောင်းပေးနိုင်သလို၊ငှက်ပျောခွံကို အပင်ခြေ၌ အုံပေးထားရုံဖြင့် အပင် ကျန်းမာရေးအတွက် မရှိမဖြစ် ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ် နှင့် မဂ္ဂနီဆီယမ် အဟာရဓာတ်တွေ
ရရှိမှာ ဖြစ်ပါတယ်။

နောက်ထပ် ပြောပြချက်တာက အပင်တွေမှာဖြုတ်ပိုး၊ပျပိုး(Aphid)လို့ခေါ်တဲ့ အပင်ကိုဖျက်ဆီးတတ်တဲ့ ပိုးတွေကျရောက်နေပါက ငှက်ပျောခွံကို အပင်၌ ချိတ်ဆွဲထားပါက ကင်းစင် သွားပါလိမ့်မယ်။

သစ်ခွ နဲ့ နှင်းဆီပင် တွေအတွက် အရမ်းအသုံးဝင်ပါတယ်။

Vis….SSS စိုက်ပျိုးရေး

ကျန်းမာရေးဆပ်ပြာ Carbolic အကြောင်း တစ်စေ့တစ်စောင်း

ကိုဗစ် (၁၉) ရောဂါသည် မြန်မာနိုင်ငံအတွင်းသို့ စိမ့်ဝင်လာခဲ့သည် ပြည်သူတို့၏ စိုးရိမ်မှုသည်လည်း ပိုမိုမြင့်တက်လာခဲ့သည်။

ပြည်သူတို့၏ စိုးရိမ်မှု မြင့်မားလာသည်နှင့်အမျှ “လက်ကို ဆပ်ပြာဖြင့် ဆေးခြင်းသည် ကိုဗစ် (၁၉) ရောဂါပိုး ကူးစက်ခံရခြင်းမှ လျော့နည်းစေသည်” ဟူသေကျန်းမာရေးအသိကြောင့် လကဆေးဆပ်ပြာနှင့် Hand Gel များသည် ရောင်းအား မြင့်တက်လာခဲ့သည်။ ထို့အတူ ဈေးနှုန်းသည်လည်း မြင့်တက်လာသည်။

သို့ရာတွင် အစွမ်ထက်၍ ဈေးမတက်သော ပြည်တွင်းဖြစ် “ကာဘော်လစ်” ဆပ်ပြာကိုမူမေ့
လျော့နေကြသည်။

ကာဘော်လစ်ဆပ်ပြာကို ဖီနော (Phenols) ဟုခေါ်သော ကာဘောလစ် အက်ဆစ် (Carbolic Acid) မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ကာဘော်လစ်အက်ဆစ်ကို ၁၈၃၄ ခုနှစ်
၌ ဂျာမနီနိုင်ငံသား ဓာတုဗေဒပညာရှင် Friedrich Wöhler က ကျောက်မီးသွေး ကတ္တရာမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည်။ ကာဘော်လစ်အက်ဆစ်ကိုရရန် ကျောက်မီးသွေး ကတ္တရာများကို အဆင့်ဆင့် ပေါင်းခံသည်။

ကာဘော်လစ်အက်ဆစ် အရိုင်းသည် ညိုပုပ်သော အရောင်ရှိသည့် ဆီတစ်မျိုး ဖြစ်သည်။ ထိုဆီအရိုင်းအတွင်းမှ အညစ်အကြေးများကို သန့်စင်လိုက်သည့်အခါ ပုံဆောင်ခဲများကို ရရှိသည်။ ယင်းပုံဆောင်ခဲများသည် အပူချိန် ၄၂.၅°C မှ ၄၃°C တွင် အရည်စပျော်၍ ၁၈၁.၃°C ၌ ဆူသည်။ ကာဘော်လစ်အက်ဆစ်တွင် ထူးခြားသော အနံ့ရှိသည်။

ဓာတုဗေဒ တွေ့ရှိချက်များအရ ရေတစ်ရာဆတွင် ကာဘော်လစ်အက်ဆစ် သုံးဆဖျော်၍ ရရှိသော အရည်သည် ဒဏ်ရာအနာများကို သန့်စင်ဆေးကြောနိုင်ကြောင်း သိရှိရသည်။

ထို့ပြင် ကာဘော်လစ်အက်ဆစ်အဆီကိုပိုးသတ်ဆေးဗိုင်းရပ်စ်သတ်ဆေးအပုပ်နိုင်ဆေးများတွင်ထည့်သွင်းအသုံးပြုကြသည်။

ထို့ပြင် ဆပ်ပြာထုတ်လုပ်ရာတွင်လည်း အသုံးပြုကြသည်။ ကာဘော်လစ်အက်ဆစ်မှ ထုတ်သော ကာဘော်လစ်ဆပ်ပြာသည် အနီပုပ်ရောင်ရှိ၍ ရနံ့စူးသည်။ ယနေ့ခေတ်ကဲ့သို့ တံဆိပ်အမျိုးမျိုးပါသော ဆပ်ပြာများ မပေါ်မီခေတ်တွင် ကာဘော်လစ်ဆပ်ပြာသည် ကျန်းမာရေးဆပ်ပြာဟုပင် သတ်မှတ်ခြင်း ခံရသည်။

အဘိုးတို့၊ အဘွားတို့ ခေတ်များတွင် ကာဘော်လစ်ဆပ်ပြာသည်ဖုန်မှုန့်များအတွင်းကိန်း
အောင်းနေသောရောဂါပိုးများကိုသုတ်သင်ပစ်နိုင်
သည်

အိမ်တွင်မကျန်းမမာဖြစ်ပြီးသောအခါတိုင်းအဝတ်အထည်ကြမ်းများနှင့်ပရိဘောဂများကိုကာဘော်လစ်နှင့်ဆေးကြောပစ်ပါ”ဟူ၍ အသုံးတွင်ကျယ်ခဲ့သည်။

ကာဘော်လစ်ဆပ်ပြာသည်ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်ပိုးမွှားများကိုအမှန်တကယ်သေစေသည်

ထို့ပြင်မျက်နှာပေါ်ရှိမှိုနှင့်ဝက်ခြံများကိုပင်သက်သာပျောက်ကင်းစေသည်။

ကာဘော်လစ်၏ အစွမ်းထက်မှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့များတွင် ကာဘော်လစ်အဆီနှင့် ကာဘော်လစ်ဆပ်ပြာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်သည်။

‎လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်(၁၉)ရောဂါသည် အရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့် ကိုင်တွယ်ထိတွေ့ရာမှ ကူးစက်နိုင်သည်။ ထို့ကြောင့် လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောသင့်သည်။

ထိုသို့ ဆေးကြောရာ၌ တန်ဖိုးကြီး လက်ဆေးဆပ်ပြာနှင့် Hand Gel တို့ကြောင့် ငွေကြေးကုန်ကျမှုများသက်သာစေရန် တန်ဖိုးနည်း ပြည်တွင်းဖြစ် ကျန်းမာရေးဆပ်ပြာ ကာဘော်လစ်ကိုလည်း သတိတရ အသုံးပြုနိုင်ပါသည်ဟု ရေးသားလိုက်ရပါသည်။

ရေးသားသူ မှော်ဝန်းသီဟ

ကိုးကား –
၁။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁)၊ အပိုင်း (က)
၂။ Google

စစ်ကောင်စီက ဆုကြေးတိုးထားသော်လည်း ရောင်းအားမကောင်းသဖြင့် အောင်ဘာလေထီ ကုန်သည်များ အရှုံးပေါ်

စစ်ကောင်စီက အောင်ဘာလေထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားကောင်းမလာဘဲ ထီကုန်သည်တွေ အရှုံးပေါ်နေပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ အောင်ဘာလေထီစာအုပ်ပေါင်း ၁၂၄,၀၀၀ ကျော်ပဲ ရောင်းချခဲ့ရပြီး အရင်လတွေထက် ရောင်းအားပိုကျလာပါတယ်။

စစ်ကောင်စီက ထီလက်မှတ်ရောင်းရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတွေပေးမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။

အရင်လတွေတုန်းက ထီစာအုပ်ပေါင်း ၁၄၀,၀၀၀ ဝန်းကျင်ရောင်းကုန်ခဲ့ပြီး ရှေ့ဆက်အလားအလာမကောင်းဘူးလို့ ထီကုန်သည်တချို့က ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုအဖြစ် ငွေကျပ်သိန်း ၅ ထောင်ဆုကိုပဲ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အရှုံးပေါ်နေတဲ့အတွက် ဇူလိုင်လကတည်းက အရောင်းအဝယ်တွေ နားထားတယ်လို့ ထီကုန်သည်တစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီပေါ်ပေါက်လာတာ၊ အောင်ဘာလေထီကို ပြည်သူတွေက သပိတ်မှောက်ထားတာ၊ ကိုဗစ်ကြောင့် ရုံးတွေ အလုပ်တွေ ရပ်နားထားရတာကြောင့် အောင်ဘာလေထီရောင်းအား ဆက်လက်ကျဆင်းနေတာလို့ ထီကုန်သည်တစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီက ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေးမယ်လို့ ပြောထားပေမယ့် ရောင်းအားအတက်အကျအခြေအနေကို စက်တင်ဘာလကုန်မှ သိနိုင်မယ်လို့ ထီကုန်သည်တစ်ဦး က ပြောပါတယ်။

နယ်မြို့တွေမှာ ခေါက်ပြန်ကြေးနဲ့ အောင်ဘာလေထီအရောင်းအဝယ်လုပ်သူတချို့ကတော့ ရောင်းမကောင်းတဲ့အတွက် အကြွေးတင်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းခင်က အောင်ဘာလေသိန်းဆုဌာနက အမြင့်ဆုံးဆုကြေးအဖြစ် ငွေကျပ်သိန်း တစ်သောင်းခွဲအထိ ပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လစဉ်ပုံမှန်ထီမဖွင့်နိုင်တော့ဘဲ ဖွင့်ခဲ့တဲ့ အကြိမ်တွေမှာလည်း သိန်း ၅ ထောင်ဆုပဲ အမြင့်ဆုံးပေးနိုင်ပါတော့တယ်။

crd, copy

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ

ကျောက်ကပ်ရဲ့ အဓိကတာဝန်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ အရည်များနဲ့ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးရခြင်း ဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ သွေးကိုသန့်စင်နိုင်တဲ့ ပမာဏဟာ လီတာ ၁၀၀ ကျော်ပြီး ဆီးအနေနဲ့ ၁-၂ လီတာအကြား စွန့်ထုတ်ပါတယ်။ ဒီနည်းနဲ့ ကိုယ်ခန္ဓာထဲမှာ အညစ်အကြေးတွေ စုဝေးမနေရအောင် ကာကွယ်ပေးပါတယ်။ ဆိုဒီယမ်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ် စတဲ့ဓာတ်ဆားများကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

ကျောက်ကပ်ရောဂါဖြစ်လာရင်တော့ သွေးသန့်စင်ခြင်း၊ ဓာတ်ဆားများထိန်းညှိခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို မထိန်းနိုင်ရင် သွေးထဲမှာ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားအထိ မြင့်တက်လာနိုင်ပါတယ်။ ကျောက်ကပ်အတွက် သောက်နေရတဲ့ ဆေးအချို့ဟာလည်း ပိုတက်ဆီယမ်ကို မြင့်တက်စေတာကြောင့် ပြဿနာကို ပိုဆိုးစေပါတယ်။

ပိုတက်ဆီယမ်များနေရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ပိုတက်ဆီယမ်မြင့်တက်တဲ့ အခြေအနေမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူသင့်ပါတယ်။

ပိုတက်ဆီယမ်မြင့်တက်လာခြင်းမဖြစ်အောင် ဘယ်လိုရှောင်ရှားမလဲ

ထိရောက်တဲ့နည်းလမ်းကတော့ အစားအသောက်ကို ထိန်းသိမ်းဖို့ပါပဲ။ ပိုတက်ဆီယမ်မြင့်တဲ့ အစားအသောက်များကို ရှောင်ကြဉ်ရပါမယ်။ ကျောက်ကပ်အတွက် အဆင်ပြေတဲ့ အစားအသောက်များကို ရေးချယ်စားသောက်ရပါမယ်။

ပိုတက်ဆီယမ်နည်းတဲ့ အစားအစာတွေကတော့

ဘယ်ရီသီး (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ)

ပန်းသီး

ဂရိတ်ဖရု

နာနတ်သီး

ပန်းဂေါ်ဖီ

ပန်းပွင့်စိမ်း

ဆန်အဖြူ၊ ပေါင်မုန့်အဖြူ

ခရမ်းသီး

ပဲသီး

ကြက်ဥအကာ စတာတွေ ဖြစ်ပါတယ်။

ပိုတက်ဆီယမ် ပါဝင်မှုမြင့်မားပြီး ကျောက်ကပ်ရောဂါရှိချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ငှက်ပျောသီး

ထောပတ်သီး

စပျစ်သီးခြောက်

ဆီးသီးခြောက်၊ ဆီးဖျော်ရည်

လိမ္မော်သီး၊ လိမ္မော်ရည်

ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးဖျော်ရည်

ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ

ဟင်းနုနွယ်

အာလူး၊ ကန်စွန်းဥ

ရွှေဖရုံသီး

အမဲသား၊ ကြက်သား စတာတွေ ဖြစ်ပါတယ်။

ဘေးကင်းစိတ်ချရတဲ့ပမာဏ

အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတွေ တနေ့တာ စားသုံးသင့်တဲ့ ပိုတက်ဆီယမ်ပမာဏကတော့ အမျိုးသားများအတွက် ၃၄၀၀ မီလီဂရမ်နဲ့ အမျိုးသမီးများအတွက် ၂၆၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာရှိသူတွေအနေနဲ့တော့ တစ်ရက်မှာ ၂၀၀၀ မီလီဂရမ်အောက်ပဲ လိုအပ်ပါတယ်။ ကျောက်ကပ်ပြဿနာဖြစ်ပွားနေရင်တော့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ပိုတက်ဆီယမ်ပမာဏကို စစ်ဆေးနေဖို့ လိုအပ်ပါတယ်။

သွေးတွင်းပိုတက်ဆီယမ် စစ်ဆေးမှုရလာဒ်တွေနဲ့ အခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘေးကင်းစိတ်ချရတဲ့ပမာဏ။ 3.5 မှ 5.0 mmol/L

သတိထားရမည့်ပမာဏ။ 5.1 မှ 6.0 mmol/L

အန္တရာယ်ရှိသောပမာဏ။ 6.0 mmol/L နှင့်အထက်

ဘယ်အခြေအနေမှာ ဆရာဝန်နဲ့ ပြသသင့်သလဲ

မိမိမှာ ကျောက်ကပ်ပိုင်းဆိုင်ရာ ပြဿနာရှိနေရင် ဆရာဝန်နဲ ပုံမှန်ပြသစစ်ဆေးနေဖို့ လိုပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို စစ်ဆေးကြည့်နေဖို့ လိုပါတယ်။ ပိုတက်ဆီယမ်များတဲ့ လက္ခဏာတွေဖြစ်တဲ့

မောပန်းနွမ်းနယ်ခြင်း

အားနည်းခြင်း

ထုံ/ကျဉ်ခြင်း

ပျို့အန်ခြင်း

ရင်ဘတ်အောင့်ခြင်း

နှလုံးခုန်မမှန်ခြင်း စတဲ့လက္ခဏာတွေဖြစ်ပေါ်ရင် ဆေးဝါးကုသမှု လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn|

ရေးသားသူ Dr.Thant Zin