Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Author: Shangyi

ရင်ပူရင်ဆာဖြစ်စေသော အစားအစာ (၁၀) မျိုး

(Unicode)

ရင်ပူရင်ဆာဖြစ်စေသော အစားအစာ (၁၀) မျိုး

===============================

လူတိုင်းနီးပါး ရင်ဘတ်ထဲမှာ တင်းကြပ်ပြီးပူနေတဲ့ လက္ခဏာကို ခံစားဖူးကြမှာပါ။ ဖြစ်ရတဲ့အကြောင်းကတော့ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်တွေ များလာတဲ့အခါ အစာရေမျိုဆီကို ရောက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကိုအစာခြေရည် အထက်ဆန်ခြင်း

(Gastroesophageal Reflux Disease) လို့ ခေါ်ပါတယ်။ အက်စစ်တွေ များလာပြီဆိုရင် အစားစားပေးဖို့ လိုအပ်လာပါပြီ။ ဒါပေမယ့် သင်စားလိုက်တဲ့အစာဟာ အက်စစ်ပိုထွက်စေပြီး ရင်ပိုပူစေမယ့် အစာမဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒီတစ်ပတ်ဆောင်းပါးလေးမှာ ရင်ပူရင်ဆာဖြစ်စေတဲ့ အစားအစာ(၁၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရက်

အားလုံးသိပြီးဖြစ်တဲ့အတိုင်း အရက်ဟာ ရင်ပူစေပါတယ်။ ဝိုင်နီ၊ ဘီယာစတာတွေဟာ အစာအိမ်ထဲက အက်စစ်ဓာတ်ကို မြင့်တက်စေတဲ့အပြင် အစာရေမျိုရဲ့ ညှစ်အားကို လျော့ကျစေတဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၂။ ဆီကြော် အစားအစာများ

ဒီအစားအစာမှာပါဝင်တဲ့ အဆီတွေဟာ အစာခြေဖို့အတွက် ခက်ခဲပါတယ်။ ဒါ့ကြောင့် အက်ဆစ်များများ ပိုထွက်ပေးရပါတယ်။ ဆီကြော်မုန့်တွေကို ရှောင်မယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်စေတဲ့အပြင် ရင်ပူစေခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၃။ အပူအစပ်များ

အပူအစပ်တွေကလည်း အက်စစ်ထွက်ခြင်းကို အားပေးပါတယ်။

၄။ ခရမ်းချဉ်သီး

လတ်ဆတ်တဲ့ခရမ်းချဉ်သီးဟာ ကျန်းမာရေးကိုကောင်းစေပါတယ်။ ဒါပေမယ့် သူ့မှာပါတဲ့ အချဉ်ဓာတ်ဟာ အက်ဆစ်ဓာတ်ဖြစ်တဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၅။ လိမ္မော်သီး

အစာမရှိချိန်မှာ နံနက်စာအဖြစ် လိမ္မော်ရည်ကို သောက်မယ်ဆိုရင် အချဉ်ဓာတ်(အက်ဆစ်) များတဲ့အတွက် ရင်ပူခြင်းကို ဆိုးစေပါတယ်။ အလားတူပဲ စပျစ်၊ ပန်းသီး၊ သစ်တော်သီး နှင့် ချဉ်တဲ့အသီးတွေကို မနက်စောစောမှာ မစားသင့်ပါဘူး။

၆။ ပူစီနံ

ပူစီနံမှာပါဝင်တဲ့ဓာတ်ဟာ အစာရေမျိုရဲ့ ညှစ်အားကို လျော့ကျစေပါတယ်။

၇။ အမဲသား

အမဲသားမှာပါဝင်တဲ့ အဆီဓာတ်ဟာ အစာခြေဖို့ ခက်ခဲတဲ့အတွက် အက်ဆစ်ကို ပိုမိုထွက်စေပါတယ်။

၈။ ကော်ဖီ

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ ရင်ပူခြင်းကို ဆိုးစေပါတယ်။ နေ့စဉ်သောက်ဖို့ မသင့်တော်ပါဘူး။

၉။ ချိစ်

ချိစ်မှာလည်း အစာခြေဖို့ခက်တဲ့ အဆီဓာတ်များပါဝင်တဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၁၀။ ဆိုဒါ

ဆိုဒါသောက်ခြင်းဟာ အက်ဆစ်ဓာတ်ကို မြင့်စေပါတယ်။ ဆိုဒါမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အစာအိမ်အတွက် ဆိုးကျိုးကို ဖြစ်စေပါတယ်။ သူ့မှာ ပါတဲ့ဂတ်စ်တွေဟာ အစာရေမျိုကို တက်လာတဲ့အခါ ရင်ပူစေပါတယ်။

(Zawgyi)

ရင္ပူရင္ဆာျဖစ္ေစေသာ အစားအစာ (၁၀) မ်ိဳး

===============================

လူတိုင္းနီးပါး ရင္ဘတ္ထဲမွာ တင္းၾကပ္ၿပီးပူေနတဲ့ လကၡဏာကို ခံစားဖူးၾကမွာပါ။ ျဖစ္ရတဲ့အေၾကာင္းကေတာ့ အစာအိမ္ထဲမွာရွိတဲ့ အက္ဆစ္ေတြ မ်ားလာတဲ့အခါ အစာေရမ်ိဳဆီကို ေရာက္လာတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒါကိုအစာေျခရည္ အထက္ဆန္ျခင္း

(Gastroesophageal Reflux Disease) လို႔ ေခၚပါတယ္။ အက္စစ္ေတြ မ်ားလာၿပီဆိုရင္ အစားစားေပးဖို႔ လိုအပ္လာပါၿပီ။ ဒါေပမယ့္ သင္စားလိုက္တဲ့အစာဟာ အက္စစ္ပိုထြက္ေစၿပီး ရင္ပိုပူေစမယ့္ အစာမျဖစ္ေစဖို႔ အေရးႀကီးပါတယ္။ ဒီတစ္ပတ္ေဆာင္းပါးေလးမွာ ရင္ပူရင္ဆာျဖစ္ေစတဲ့ အစားအစာ(၁၅) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အရက္

အားလုံးသိၿပီးျဖစ္တဲ့အတိုင္း အရက္ဟာ ရင္ပူေစပါတယ္။ ဝိုင္နီ၊ ဘီယာစတာေတြဟာ အစာအိမ္ထဲက အက္စစ္ဓာတ္ကို ျမင့္တက္ေစတဲ့အျပင္ အစာေရမ်ိဳရဲ႕ ညႇစ္အားကို ေလ်ာ့က်ေစတဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၂။ ဆီေၾကာ္ အစားအစာမ်ား

ဒီအစားအစာမွာပါဝင္တဲ့ အဆီေတြဟာ အစာေျခဖို႔အတြက္ ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ အက္ဆစ္မ်ားမ်ား ပိုထြက္ေပးရပါတယ္။ ဆီေၾကာ္မုန႔္ေတြကို ေရွာင္မယ္ဆိုရင္ က်န္းမာေရးနဲ႔ညီၫြတ္ေစတဲ့အျပင္ ရင္ပူေစျခင္းမွလည္း ကာကြယ္ေပးပါတယ္။

၃။ အပူအစပ္မ်ား

အပူအစပ္ေတြကလည္း အက္စစ္ထြက္ျခင္းကို အားေပးပါတယ္။

၄။ ခရမ္းခ်ဥ္သီး

လတ္ဆတ္တဲ့ခရမ္းခ်ဥ္သီးဟာ က်န္းမာေရးကိုေကာင္းေစပါတယ္။ ဒါေပမယ့္ သူ႔မွာပါတဲ့ အခ်ဥ္ဓာတ္ဟာ အက္ဆစ္ဓာတ္ျဖစ္တဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၅။ လိေမၼာ္သီး

အစာမရွိခ်ိန္မွာ နံနက္စာအျဖစ္ လိေမၼာ္ရည္ကို ေသာက္မယ္ဆိုရင္ အခ်ဥ္ဓာတ္(အက္ဆစ္) မ်ားတဲ့အတြက္ ရင္ပူျခင္းကို ဆိုးေစပါတယ္။ အလားတူပဲ စပ်စ္၊ ပန္းသီး၊ သစ္ေတာ္သီး ႏွင့္ ခ်ဥ္တဲ့အသီးေတြကို မနက္ေစာေစာမွာ မစားသင့္ပါဘူး။

၆။ ပူစီနံ

ပူစီနံမွာပါဝင္တဲ့ဓာတ္ဟာ အစာေရမ်ိဳရဲ႕ ညႇစ္အားကို ေလ်ာ့က်ေစပါတယ္။

၇။ အမဲသား

အမဲသားမွာပါဝင္တဲ့ အဆီဓာတ္ဟာ အစာေျခဖို႔ ခက္ခဲတဲ့အတြက္ အက္ဆစ္ကို ပိုမိုထြက္ေစပါတယ္။

၈။ ေကာ္ဖီ

ေကာ္ဖီမွာပါတဲ့ ကဖိန္းဓာတ္ဟာ ရင္ပူျခင္းကို ဆိုးေစပါတယ္။ ေန႔စဥ္ေသာက္ဖို႔ မသင့္ေတာ္ပါဘူး။

၉။ ခ်ိစ္

ခ်ိစ္မွာလည္း အစာေျခဖို႔ခက္တဲ့ အဆီဓာတ္မ်ားပါဝင္တဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၁၀။ ဆိုဒါ

ဆိုဒါေသာက္ျခင္းဟာ အက္ဆစ္ဓာတ္ကို ျမင့္ေစပါတယ္။ ဆိုဒါမွာပါတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဟာ အစာအိမ္အတြက္ ဆိုးက်ိဳးကို ျဖစ္ေစပါတယ္။ သူ႔မွာ ပါတဲ့ဂတ္စ္ေတြဟာ အစာေရမ်ိဳကို တက္လာတဲ့အခါ ရင္ပူေစပါတယ္။

Crd,က်န္းက်န္းမာမာ

ခံတက်ပင် အကြောင်း သိကောင်းစရာ

(Unicode)

ခံတက်ပင် အကြောင်း သိကောင်းစရာ

==============================

(အရွက်ကို အချဉ်တည်စားသော အပင်တမျိုး)

ခံတက်ပင်ကို ကုန်းခံတက်ပင်ဟူ၍လည်း ခေါ်ကြသည်။ မြန်မာနိုင်ငံတွင် ခံတက်ပင်များကို မြေပြင်အမြင့် ပေပေါင်း ၃၅ဝဝ မြင့်သည့်နေရာအထိ တွေ့ရှိနိုင်သည်။ ခံတက်ပင်သည် အမြင့်မှာ ပေ ၃ဝ ခန့်အထိ ရှိတတ်၍ ပင်စည်လုံးပတ်မှာ ၃ ပေမှ ၅ ပေအထိ ရှိတတ်သော ပင်လတ်မျိုးဖြစ်သည်။ ယင်းကို အများအားဖြင့် စိုက်ပျိုးယူတတ်ကြသည်။ ခံတက်ပင်သည် နွေ ရာသီတွင် အရွက်ကြွေ၍ ဆင်စွယ်ရောင်အပွင့်များ ပွင့်သည်။ အသီးမှာ ဝမ်းဘဲဥအကြီးစားခန့်ရှိ၍ အခွံတွင် အပြောက်အပိမ့် များ ရှိသည်။ ခံတက်ပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။

ပုံသဏ္ဌာန်

အပင် ရွက်ကြွေပင်လတ်မျိုးဖြစ်၍ ပေ ၃၀ ကျော်အထိ မြင့်၏။ အကိုင်းအညွန့်များပေါ်တွင် အဖြူစင်းများ ရှိ၍ အပင်စည် အခေါက် မီးခိုးရောင်ရှိသည်။ အတွင်း သားမာဆတ်ပြီး အဝါရောင်ရှိ၏။ ရင့်ကအညိုရောင် သို့ပြောင်းသွား၏။ အရွက် ၃ ရွက်မြွှာပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်ညှာ ရှည်သည်။ ရွက်မြွှာများ ၃-၆ လက်မအထိရှည်သည်။ ရွက်ပြား၏ ကျောဘက်တွင် ရွက်ကြောများထင်ရှား စွာရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်နားညီ၍ ရွက်ပြားချောသည်။ အပွင့် အချင်း ၂-၃ လက်မအထိရှိသည်။ အပွင့်ကြီးမား သည်။အဝါနုရောင်ရှိ၍ မြောက်မြားစွာပွင့်၏။ အသီး အဝါရောင်ရှိသည်။ အချင်း ၁-၂ လက်မရှိ၍ ဘဲဥပုံ သို့မဟုတ် လုံးဝိုင်းသည်။ အသားထူသည်။ အခွံမာ ၍ကြမ်းသည်။ ကျောက်ကပ်ပုံ အစေ့များစွာပါသည်။

အသုံးပြုခြင်း

ခံတက်သား၏အရောင်မှာ ဝါကြန့်ကြန့်ဖြစ်၍ အသင့် အတင့်မာကာ အသားညီသည်။ ထိုအသားကို အိမ်အသုံး အဆောင်များ၊ ဗုံများနှင့် ခေါင်းဖြီးရန်ဘီးများ ပြုလုပ်ကြသည်။ သေတ္တာများလည်း ပြုလုပ်နိုင်သည်။

ခံတက်ရွက်နုများကို အချဉ်တည်ကာ တို့စရာအဖြစ်၊ လက်သုတ်အဖြစ် စားလေ့ရှိကြသည်။ ခံတက်ပင်၏ ဆေးဖက်ဝင်ပုံကား၊ အခေါက်ကို အနာရောဂါ သက်သာစေသော ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အရွက်နှင့် အမြစ်၏အခေါက်တို့ကို အရေပေါ်၌ နဂိုရောင်ဖြစ်လာအောင် အုံပေးလိမ်းပေးသော ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အသုံးပြုနိုင်ပေသည်။ ရေခံတက်ပင်သည်လည်း ခံတက်မျိုးဝင် အပင် ဖြစ်သည်။ သို့သော် ရေခံတက်ပင်သည် ချုံယောင်၊ ပင်ယောင် အပင်ငယ်ဖြစ်၍၊ ယင်းတို့ကို မြန်မာနိုင်ငံအောက်ပိုင်းတွင် တွေ့ရလေသည်။

ဆေးဖက်ဝင် အသုံးပြုခြင်း

မြန်မာဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏၊ ပူသောဂုဏ်သတ္တိ ရှိ၏၊ ဝမ်းမီး ကိုတောက်စေ၏၊ ဝမ်းကိုအနည်းငယ် သက်စေ၏၊ လေနှင့်သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည်ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်စေ၏။

အခေါက်

သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏။

အရွက်

အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။

အမြစ်

အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏။ အမြစ်ကို အပြင်းဖျား ရောဂါကုဆေး၌လည်း ထည့်သွင်းအသုံးပြု၏။

(Zawgyi)

ခံတက္ပင္ အေၾကာင္း သိေကာင္းစရာ

==============================

(အ႐ြက္ကို အခ်ဥ္တည္စားေသာ အပင္တမ်ိဳး)

ခံတက္ပင္ကို ကုန္းခံတက္ပင္ဟူ၍လည္း ေခၚၾကသည္။ ျမန္မာႏိုင္ငံတြင္ ခံတက္ပင္မ်ားကို ေျမျပင္အျမင့္ ေပေပါင္း ၃၅ဝဝ ျမင့္သည့္ေနရာအထိ ေတြ႕ရွိႏိုင္သည္။ ခံတက္ပင္သည္ အျမင့္မွာ ေပ ၃ဝ ခန႔္အထိ ရွိတတ္၍ ပင္စည္လုံးပတ္မွာ ၃ ေပမွ ၅ ေပအထိ ရွိတတ္ေသာ ပင္လတ္မ်ိဳးျဖစ္သည္။ ယင္းကို အမ်ားအားျဖင့္ စိုက္ပ်ိဳးယူတတ္ၾကသည္။ ခံတက္ပင္သည္ ေႏြ ရာသီတြင္ အ႐ြက္ေႂကြ၍ ဆင္စြယ္ေရာင္အပြင့္မ်ား ပြင့္သည္။ အသီးမွာ ဝမ္းဘဲဥအႀကီးစားခန႔္ရွိ၍ အခြံတြင္ အေျပာက္အပိမ့္ မ်ား ရွိသည္။ ခံတက္ပင္သည္ သဘာဝအေလ်ာက္ ေပါက္ေရာက္ေသာ အပင္ျဖစ္သည္။

ပုံသဏၭာန္

အပင္ ႐ြက္ေႂကြပင္လတ္မ်ိဳးျဖစ္၍ ေပ ၃၀ ေက်ာ္အထိ ျမင့္၏။ အကိုင္းအၫြန႔္မ်ားေပၚတြင္ အျဖဴစင္းမ်ား ရွိ၍ အပင္စည္ အေခါက္ မီးခိုးေရာင္ရွိသည္။ အတြင္း သားမာဆတ္ၿပီး အဝါေရာင္ရွိ၏။ ရင့္ကအညိဳေရာင္ သို႔ေျပာင္းသြား၏။ အ႐ြက္ ၃ ႐ြက္ႁမႊာေပါင္းျဖစ္၍ ႐ြက္လႊဲထြက္သည္။ ႐ြက္ညႇာ ရွည္သည္။ ႐ြက္ႁမႊာမ်ား ၃-၆ လက္မအထိရွည္သည္။ ႐ြက္ျပား၏ ေက်ာဘက္တြင္ ႐ြက္ေၾကာမ်ားထင္ရွား စြာရွိသည္။ ႐ြက္ထိပ္ခြၽန္သည္။ ႐ြက္ရင္းသြယ္သည္။ ႐ြက္နားညီ၍ ႐ြက္ျပားေခ်ာသည္။ အပြင့္ အခ်င္း ၂-၃ လက္မအထိရွိသည္။ အပြင့္ႀကီးမား သည္။အဝါႏုေရာင္ရွိ၍ ေျမာက္ျမားစြာပြင့္၏။ အသီး အဝါေရာင္ရွိသည္။ အခ်င္း ၁-၂ လက္မရွိ၍ ဘဲဥပုံ သို႔မဟုတ္ လုံးဝိုင္းသည္။ အသားထူသည္။ အခြံမာ ၍ၾကမ္းသည္။ ေက်ာက္ကပ္ပုံ အေစ့မ်ားစြာပါသည္။

အသုံးျပဳျခင္း

ခံတက္သား၏အေရာင္မွာ ဝါၾကန႔္ၾကန႔္ျဖစ္၍ အသင့္ အတင့္မာကာ အသားညီသည္။ ထိုအသားကို အိမ္အသုံး အေဆာင္မ်ား၊ ဗုံမ်ားႏွင့္ ေခါင္းၿဖီးရန္ဘီးမ်ား ျပဳလုပ္ၾကသည္။ ေသတၱာမ်ားလည္း ျပဳလုပ္ႏိုင္သည္။

ခံတက္႐ြက္ႏုမ်ားကို အခ်ဥ္တည္ကာ တို႔စရာအျဖစ္၊ လက္သုတ္အျဖစ္ စားေလ့ရွိၾကသည္။ ခံတက္ပင္၏ ေဆးဖက္ဝင္ပုံကား၊ အေခါက္ကို အနာေရာဂါ သက္သာေစေသာ ေဆးအျဖစ္ျဖင့္လည္းေကာင္း၊ အ႐ြက္ႏွင့္ အျမစ္၏အေခါက္တို႔ကို အေရေပၚ၌ နဂိုေရာင္ျဖစ္လာေအာင္ အုံေပးလိမ္းေပးေသာ ေဆးအျဖစ္ျဖင့္လည္းေကာင္း၊ အသုံးျပဳႏိုင္ေပသည္။ ေရခံတက္ပင္သည္လည္း ခံတက္မ်ိဳးဝင္ အပင္ ျဖစ္သည္။ သို႔ေသာ္ ေရခံတက္ပင္သည္ ခ်ဳံေယာင္၊ ပင္ေယာင္ အပင္ငယ္ျဖစ္၍၊ ယင္းတို႔ကို ျမန္မာႏိုင္ငံေအာက္ပိုင္းတြင္ ေတြ႕ရေလသည္။

ေဆးဖက္ဝင္ အသုံးျပဳျခင္း

ျမန္မာေဆးက်မ္းမ်ား အလိုအရ ခံတက္သည္ ခါးသက္သက္ရွိ၏၊ ပူေသာဂုဏ္သတၱိ ရွိ၏၊ ဝမ္းမီး ကိုေတာက္ေစ၏၊ ဝမ္းကိုအနည္းငယ္ သက္ေစ၏၊ ေလႏွင့္သလိပ္ကို ေၾကေစ၍ ဆီးေအာင့္ေရာဂါ၊ ေက်ာက္တည္ေရာဂါႏွင့္ ေသြးေဖာက္ျပန္ျခင္းကို ေပ်ာက္ကင္းေစႏိုင္ေစ၏။

အေခါက္

သက္တန႔္ႏွင့္ အနာေပါက္နာတို႔၌ အေခါက္ကို ပရႏၷဝါ ျမစ္ႏွင့္ ေသြးေသာက္ေသာ္ လ်င္ျမန္စြာ ေပ်ာက္၏။

အ႐ြက္

အ႐ြက္ကိုႀကိတ္၍ ေရႏွင့္ေဖ်ာ္ၿပီး မီးျဖင့္ ေႏြးေအာင္ျပဳ၍ ကိုက္ခဲနာက်င္ရာ၌ လိမ္းေသာ္ အကိုက္အခဲမ်ား ေပ်ာက္၏။ ႐ြက္ႀကိတ္ညႇစ္ေရႏွင့္ ကြမ္း႐ြက္ႀကိတ္ညႇစ္ေရ ဆတူယူ၍ ေထာပတ္ႏွင့္ေရာေသာက္ေသာ္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏။ ခံတက္ခ်ဥ္ထည့္စားျခင္း ၊ သုပ္စားျခင္းျဖင့္ ေလထိုးေလေအာင့္ ေရာဂါေပ်ာက္၏။

အျမစ္

အျမစ္ေခါက္ကို ၄ ခြက္ တစ္ခြက္တင္ ျပဳတ္ေသာက္ေသာ္ ဆီးခ်ိဳ ၊ ေက်ာက္တည္ေရာဂါ ေပ်ာက္၏။ ယင္းျပဳတ္ရည္တြင္ ႀကံသကာ ေရာေသာက္ေသာ္ ဆီးအိမ္ေရာင္ေရာဂါႏွင့္ ေက်ာက္တည္ေရာဂါ ေပ်ာက္၏။ အျမစ္ကို အျပင္းဖ်ား ေရာဂါကုေဆး၌လည္း ထည့္သြင္းအသုံးျပဳ၏။

Crd,သုတဇုန္ ထြန္းလင္း

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးသော် ဒီနည်းလမ်းလေးတွေလုပ်ကြည့်ပါ

(Unicode)

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးသော် ဒီနည်းလမ်းလေးတွေလုပ်ကြည့်ပါ

===============================

ငါး အရိုး မျက်လျှင် အတော့်ကို ခံစားရ ခက်သည်မှာ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့် လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ် ရတဲ့ အထိ ဖြစ်တတ်ကြပါတယ်။ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်း ကုထုံးလေးများကို ရသမျှ စုစည်း၍ တင်ပေးလိုက်ပါတယ်။ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ် နိုင်ကြပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား ၍ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စား သွားပေ လိမ့်မည်။

(၂) ငှက်ပျောသီး စားပါ။ ဘာငှက် ပျောသီးဖြစ်ဖြစ် အဆင်ပြေ ပါသည်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့် အတူ ကျသွားမည်။

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံ ထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်းပျောက်ကင်းသွားလိမ့်မည်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။

(၇) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။

(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချ ပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါမည်။

(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။ သတိပြုရန် – ငါးရိုးမျက်နေစဉ် လည်ချောင်း အပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ် ပါနှင့်။ သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများ အတွက် ဒီ Post လေးကို Share ပေးနိုင်ကြ ပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်း နိုင်ကြပါစေ။

(Zawgyi)

မေတာ္တဆ လည္ေခ်ာင္းမွာ ငါးအ႐ိုးစူးေသာ္ ဒီနည္းလမ္းေလးေတြလုပ္ၾကည့္ပါ

===============================

ငါး အ႐ိုး မ်က္လွ်င္ အေတာ့္ကို ခံစားရ ခက္သည္မွာ အားလုံးလည္း သိၿပီး ျဖစ္မွာပါ။ တစ္ခါတရံ ခဏေလးနဲ႔ ေပ်ာက္သြားေပမယ့္ အခန႔္မသင့္ လွ်င္ ေဆး႐ုံတက္ၿပီး လည္ေခ်ာင္းကေန ခြဲထုတ္ ရတဲ့ အထိ ျဖစ္တတ္ၾကပါတယ္။ဒါ့ေၾကာင့္ ငါးအ႐ိုးမ်က္လွ်င္ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ အိမ္တြင္း ကုထုံးေလးမ်ားကို ရသမွ် စုစည္း၍ တင္ေပးလိုက္ပါတယ္။ကိုယ္နဲ႔ အဆင္ေျပရာနည္းကို ျပဳလုပ္ ႏိုင္ၾကပါတယ္။

(၁) သံပုရာသီးကို အခြံမာမ်ားခြါ၍ အလုံးကို သြားၾကားထိုးသံျဖင့္ အေပါက္ေလးမ်ား ထိုးဆြထား ၍ေခတၱမ် ငုံထားပါ။ အရည္ကို တေျဖးေျဖး မ်ိဳခ်ေပးပါ။ အခ်ဥ္ဓါတ္က ငါး႐ိုးမ်ားကို တိုက္စား သြားေပ လိမ့္မည္။

(၂) ငွက္ေပ်ာသီး စားပါ။ ဘာငွက္ ေပ်ာသီးျဖစ္ျဖစ္ အဆင္ေျပ ပါသည္။

(၃) ၾကက္ဥအကာကို ေသာက္ေပးပါ။ ငါး႐ိုးသည္ အခြၽဲမ်ားႏွင့္ အတူ က်သြားမည္။

(၄) သံပုရာသီး သို႔မဟုတ္ သံပုယိုသီးကို ၄ စိတ္ခြဲ၍ ပါးစပ္ဟကာ အာေခါင္ထဲကို တစ္စိတ္ခ်င္းစီ အရည္ည်စ္၍ သံပုရာရည္ကို ေခတၱငုံ ထားပါ။ ၿပီးမွ ေရေသာက္လိုက္ပါ။ ငါး႐ိုးမ်က္ျခင္းေပ်ာက္ကင္းသြားလိမ့္မည္။

(၅) ဇီးျဖဴသီးကို အလုံးလိုက္ ဝါးစားၿပီး အရည္ေရာ အဖတ္ပါ မ်ိဳခ်ပါ။ ငါး႐ိုးမ်ား အရည္ေပ်ာ္က်သြားပါလိမ့္မည္။

(၆) ေရမ်ားမ်ား ေသာက္ပါ။ ေသာက္ေရထဲကို ဆားအနည္းငယ္ ခတ္၍ ေသာက္ပါ။ ဆားဓါတ္က ငါး႐ိုးကို အျမတ္ေခ်ဖ်က္ေပးႏိုင္ပါသည္။

(၇) သံလြင္ဆီ အနည္းငယ္ခန႔္ကို ေသာက္ပါ။ ငါး႐ိုးမ်ား ဆီႏွင့္အတူ ေလွ်ာက်သြားမည္။ လည္ေခ်ာင္းနာလည္း ေပ်ာက္မည္။

(၈) လိေမၼာ္ရည္၊ သံပုရာရည္တို႔ကို ေဖ်ာ္ေသာက္ပါ။ ၎တို႔မွာ ပါဝင္သည့္ Citric Acid က ငါး႐ိုးမ်ားကို အျမန္ေက်သြားေစပါသည္။

(၉) ထမင္းပူပူေႏြးေႏြးကို အေနေတာ္ခန႔္ လက္ျဖင့္ဆုပ္လုံး၍ မ်ိဳခ် ပါ။ အာေခါင္တြင္ ကပ္ညႇိေနေသာ ငါးအ႐ိုးမ်ား ေအာက္ကို ထိုးက်သြားပါမည္။

(၁၀) ယခုေခတ္တြင္ ေပါမ်ားေနေသာ Coke, Pepsi စသည့္ ဂက္စ္ပါဝင္သည့္ အခ်ိဳရည္တို႔ကို ေသာက္ပါ။ ငါး႐ိုးကို အျမန္ေပ်ာ့သြားေစပါသည္။ သတိျပဳရန္ – ငါး႐ိုးမ်က္ေနစဥ္ လည္ေခ်ာင္း အျပင္ဘက္မွ ဖိျခင္း၊ ႏွိပ္နယ္ျခင္းမ်ား မျပဳလုပ္ ပါႏွင့္။ သင့္ပတ္ဝန္းက်င္မွာလည္း ငါး႐ိုးမ်က္၍ ဒုကၡေရာက္သူမ်ား အတြက္ ဒီ Post ေလးကို Share ေပးႏိုင္ၾက ပါတယ္။ အားလုံးပဲ ေဘးအႏၲရာယ္ ကင္းရွင္း ႏိုင္ၾကပါေစ။

credit – မူရင္း

နားကျပ်ဂွမ်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်

(Unicode)

နားကျပ်ဂွမ်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်

====================================

နားသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ရန်အသိဖြင့် နားကျပ်ဂွမ်းဖြင့် ထိုးသွင်းသန့်ရှင်းခြင်းကို ပြုလုပ်ကြသော ကြောင့် အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ် ကလေး ၃၄ ဦးထက်မနည်း အရေးပေါ်ဆေးကုသမှုခံယူ နေကြရကြောင်း အိုဟိုင်းယိုးပြည်နယ်ရှိ Ohio State University မှ သုတေသီများက သတိပေးချက် ထုတ်ပြန်ထားသည်။

နားကျပ်တဲ့ဂွမ်းတွေက ကြည့်လိုက်ရင် ထိခိုက်မှုမပြုနိုင်ဘူးလို့ထင်ရပါတယ်။ နောက်ပြီး နားသန့်ရှင်းရေး ကို မှန်မှန်လုပ်ရမယ်လို့ လူတွေက ထင်ကြပါတယ်။ တစ်ကယ်တော့ နားထဲကို အဲဒီနားကျပ်တဲ့ဂွမ်းနဲ့ မကြာခဏထိုးသွင်းနေကြတဲ့အတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါတယ်ဟု သုတေသီ ဒေါက် တာ Kris Jatana က ပြောပြသည်။

တစ်ကယ်တော့ နားမှာ သူ့အလိုအလျောက် သန့်ရှင်းတဲ့စနစ် ပါဝင်ပါတယ်။ နားဖာချေးက အမှိုက်တွေ ကို ဖမ်းယူပြီး နားရဲ့အပြင်ဘက်ကို တွန်းထုတ်ပေးပါတယ်။ နားအတွင်းပိုင်းကို စိုစွတ်ချောမွေ့စေပါတယ်။ မိုက်ခရိုဗက်တီးရီးယားတွေကိုလည်း သုတ်သင်နိုင်တဲ့အစွမ်း ရှိပါတယ်။

နားဖာချေးက နားအပြင်ဘက်ကို ရောက်လာမှ အဝတ်စအစိုလေးနဲ့ အသာအယာပွတ်ပြီး သန့်ရှင်းရေးလုပ်ပေးရမှာပါ။ နားထဲကို မည်သည့် အရာမှ ထိုးမထည့်တာ အကောင်းဆုံးဖြစ်ပါတယ် ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ နားကျပ်သောဂွမ်းကို ၁၉၂၃ ခုနှစ်က စတင်အသုံးပြုခဲ့ကြောင်း၊ သို့သော် ၁၉၇၀ နောက်ပိုင်းတွင် ၎င်းနား ကျပ်ဂွမ်းများ၏ အန္တရာယ်ကို ဆရာဝန်များက သတိပေးလာကြောင်း၊ ၎င်းဂွမ်းချောင်းများသည် နားဖာချေး ကို ပို၍နက်သောနေရာထဲသို့ တွန်းပို့ပေးနိုင်ကြောင်း၊ နားဖာချေးများ နားအတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် စုမိ၊ခဲမိသွားပြီး နားစည်ပျက်စီးမှုကို ဖြစ်စေနိုင်ကြောင်း သိရသည်။

ထို့အပြင် ထိုးသွင်းချိန်၌ အရှိန်လွန်ပြီး နားစည်ပေါက်သည့်ကလေးများလည်း အများအပြားရှိကြောင်း၊ လွန်ခဲ့သော ၂၁ နှစ်အတွင်း အသက် ၁၈ နှစ်အောက်အရွယ် လူပေါင်း ၂၆၃၀၀၀ ဦးထက်မနည်းသည် နားကျပ်ဂွမ်းကိုအသုံးပြုမိရာမှ နားထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူခဲ့ရ ကြောင်း၊ ၎င်းအရေအတွက်သည် တစ်လလျင် ၁၀၀၀ ဦး၊ တစ်ရက်လျင် ၃၄ ဦးနှင့် ညီမျှကြောင်း သိရ သည်။

(Zawgyi)

နားက်ပ္ဂြမ္းက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကို ပိုျဖစ္ေစႏိုင္

====================================

နားသန္႔ရွင္းေရးကို ပုံမွန္ျပဳလုပ္ရန္အသိျဖင့္ နားက်ပ္ဂြမ္းျဖင့္ ထိုးသြင္းသန္႔ရွင္းျခင္းကို ျပဳလုပ္ၾကေသာ ေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္ ေန႔စဥ္ ကေလး ၃၄ ဦးထက္မနည္း အေရးေပၚေဆးကုသမႈခံယူ ေနၾကရေၾကာင္း အိုဟိုင္းယိုးျပည္နယ္ရွိ Ohio State University မွ သုေတသီမ်ားက သတိေပးခ်က္ ထုတ္ျပန္ထားသည္။

နားက်ပ္တဲ့ဂြမ္းေတြက ၾကည့္လိုက္ရင္ ထိခိုက္မႈမျပဳႏိုင္ဘူးလို႔ထင္ရပါတယ္။ ေနာက္ၿပီး နားသန္႔ရွင္းေရး ကို မွန္မွန္လုပ္ရမယ္လို႔ လူေတြက ထင္ၾကပါတယ္။ တစ္ကယ္ေတာ့ နားထဲကို အဲဒီနားက်ပ္တဲ့ဂြမ္းနဲ႔ မၾကာခဏထိုးသြင္းေနၾကတဲ့အတြက္ ေကာင္းက်ိဳးထက္ဆိုးက်ိဳးကိုပိုျဖစ္ေစပါတယ္ဟု သုေတသီ ေဒါက္ တာ Kris Jatana က ေျပာျပသည္။

တစ္ကယ္ေတာ့ နားမွာ သူ႔အလိုအေလ်ာက္ သန္႔ရွင္းတဲ့စနစ္ ပါဝင္ပါတယ္။ နားဖာေခ်းက အမႈိက္ေတြ ကို ဖမ္းယူၿပီး နားရဲ႕အျပင္ဘက္ကို တြန္းထုတ္ေပးပါတယ္။ နားအတြင္းပိုင္းကို စိုစြတ္ေခ်ာေမြ႕ေစပါတယ္။ မိုက္ခ႐ိုဗက္တီးရီးယားေတြကိုလည္း သုတ္သင္ႏိုင္တဲ့အစြမ္း ရွိပါတယ္။

နားဖာေခ်းက နားအျပင္ဘက္ကို ေရာက္လာမွ အဝတ္စအစိုေလးနဲ႔ အသာအယာပြတ္ၿပီး သန္႔ရွင္းေရးလုပ္ေပးရမွာပါ။ နားထဲကို မည္သည့္ အရာမွ ထိုးမထည့္တာ အေကာင္းဆုံးျဖစ္ပါတယ္ ဟု ၎က ဆက္လက္ရွင္းျပသည္။ နားက်ပ္ေသာဂြမ္းကို ၁၉၂၃ ခုႏွစ္က စတင္အသုံးျပဳခဲ့ေၾကာင္း၊ သို႔ေသာ္ ၁၉၇၀ ေနာက္ပိုင္းတြင္ ၎နား က်ပ္ဂြမ္းမ်ား၏ အႏၲရာယ္ကို ဆရာဝန္မ်ားက သတိေပးလာေၾကာင္း၊ ၎ဂြမ္းေခ်ာင္းမ်ားသည္ နားဖာေခ်း ကို ပို၍နက္ေသာေနရာထဲသို႔ တြန္းပို႔ေပးႏိုင္ေၾကာင္း၊ နားဖာေခ်းမ်ား နားအတြင္းပိုင္း နက္ရႈိင္းေသာ ေနရာတြင္ စုမိ၊ခဲမိသြားၿပီး နားစည္ပ်က္စီးမႈကို ျဖစ္ေစႏိုင္ေၾကာင္း သိရသည္။

ထို႔အျပင္ ထိုးသြင္းခ်ိန္၌ အရွိန္လြန္ၿပီး နားစည္ေပါက္သည့္ကေလးမ်ားလည္း အမ်ားအျပားရွိေၾကာင္း၊ လြန္ခဲ့ေသာ ၂၁ ႏွစ္အတြင္း အသက္ ၁၈ ႏွစ္ေအာက္အ႐ြယ္ လူေပါင္း ၂၆၃၀၀၀ ဦးထက္မနည္းသည္ နားက်ပ္ဂြမ္းကိုအသုံးျပဳမိရာမွ နားထိခိုက္ဒဏ္ရာရၿပီး ေဆး႐ုံတက္ေရာက္ကာ ေဆးကုသမႈခံယူခဲ့ရ ေၾကာင္း၊ ၎အေရအတြက္သည္ တစ္လလ်င္ ၁၀၀၀ ဦး၊ တစ္ရက္လ်င္ ၃၄ ဦးႏွင့္ ညီမွ်ေၾကာင္း သိရ သည္။

Crd,က်န္းမာေရး

ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေနိုင်

(Unicode)

ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေနိုင်

=================================

အမျိုးသမီးတွေမှာ အဖြစ်အများဆုံးနဲ့ ကင်ဆာရောဂါတွေထဲမှာ ဒုတိယအဖြစ်အများဆုံးဖြစ်တဲ့ ရင်သားကင်ဆာရောဂါဟာ အသက်အရွယ် ရလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများတဲ့ ရောဂါတမျိုးပါ။

တခြားသော ကင်ဆာရောဂါတွေလိုပဲ ရင်သားကင်ဆာ ရောဂါဟာလည်း စားသောက် နေထိုင်မှုပုံစံ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ စတာတွေနဲ့ ဆက်စပ်နေပြီး အခုနောက်ဆုံး လေ့လာတွေ့ရှိမှုတွေအရ ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်အိတ်နဲ့ ပါဆယ်ထည့်ထားပြီး မကြာခဏ စားသုံးခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။

လေ့လာစစ်ဆေးမှု မှတ်တမ်းတွေအရ အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်ပွားမှု အများဆုံး အသက်အရွယ် အပိုင်းအခြားဟာ အသက် ၄၀ ဝန်းကျင် အသက်အရွယ်မှာဖြစ်ပြီး အသက် ၄၀ မကျော်ခင် အရွယ်အပိုင်းအခြားမှာလည်း ဖြစ်ပွားမှုနှုန်း များတယ်လို့ သိရပါတယ်။

အသက် ၄၀ မကျော်ခင် ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ စားသောက်မှုပုံစံ၊ မျိုးရိုးလိုက်တာတွေအပြင် နောက်ထပ် အကြောင်းရင်းတခုကတော့ ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်ဘူးတွေ၊ အိတ်တွေနဲ့ ထည့်ထားတဲ့ အစားအစာတွေ စားသောက်မှုနှုန်းများခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပလတ်စတစ်တွေဟာ ပူလွန်းတဲ့အစားအစာနဲ့ ထိတွေ့မိတဲ့အခါ Bisphenol A (BPA) ဆိုတဲ့ ဓာတ်တမျိုးထွက်ရှိလာပြီး အဲဒီ BPA ဓာတ်ဟာ အမျိုးသမီးဟော်မုန်းကို အားနည်းစေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထုပ်ပိုးသယ်ယူပြီး စားသောက်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချဖို့ ဆေးပညာရှင်တွေက အကြံပြုပြောဆိုထားပြီး မဖြစ်မနေ ထုပ်ပိုး သယ်ယူရမယ်ဆိုရင်တောင် အပူနဲ့ကြာကြာ မထိတွေ့စေဖို့၊ ပလတ်စတစ် မဟုတ်တဲ့ ကိုယ်ပိုင်ဘူးလို အရာမျိုးတွေကို သယ်ယူသွားဖို့ အကြံပြုထားပါတယ်။

(Zawgyi)

ပူလြန္းတဲ့ အစားအစာေတြကို ပလတ္စတစ္နဲ႔ ထည့္စားျခင္းဟာ ရင္သားကင္ဆာ ပိုျဖစ္ေစႏိုင္

=================================

အမ်ိဳးသမီးေတြမွာ အျဖစ္အမ်ားဆုံးနဲ႔ ကင္ဆာေရာဂါေတြထဲမွာ ဒုတိယအျဖစ္အမ်ားဆုံးျဖစ္တဲ့ ရင္သားကင္ဆာေရာဂါဟာ အသက္အ႐ြယ္ ရလာတာနဲ႔အမွ် ျဖစ္ႏိုင္ေျခ ပိုမ်ားတဲ့ ေရာဂါတမ်ိဳးပါ။

တျခားေသာ ကင္ဆာေရာဂါေတြလိုပဲ ရင္သားကင္ဆာ ေရာဂါဟာလည္း စားေသာက္ ေနထိုင္မႈပုံစံ၊ အဝလြန္တာ၊ ကိုယ္လက္လႈပ္ရွားမႈ နည္းပါးတာ စတာေတြနဲ႔ ဆက္စပ္ေနၿပီး အခုေနာက္ဆုံး ေလ့လာေတြ႕ရွိမႈေတြအရ ပူလြန္းတဲ့ အစားအစာေတြကို ပလတ္စတစ္အိတ္နဲ႔ ပါဆယ္ထည့္ထားၿပီး မၾကာခဏ စားသုံးျခင္းဟာ ရင္သားကင္ဆာျဖစ္ႏိုင္ေျခကို ျမင့္တက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

ေလ့လာစစ္ေဆးမႈ မွတ္တမ္းေတြအရ အမ်ိဳးသမီးေတြ ရင္သားကင္ဆာျဖစ္ပြားမႈ အမ်ားဆုံး အသက္အ႐ြယ္ အပိုင္းအျခားဟာ အသက္ ၄၀ ဝန္းက်င္ အသက္အ႐ြယ္မွာျဖစ္ၿပီး အသက္ ၄၀ မေက်ာ္ခင္ အ႐ြယ္အပိုင္းအျခားမွာလည္း ျဖစ္ပြားမႈႏႈန္း မ်ားတယ္လို႔ သိရပါတယ္။

အသက္ ၄၀ မေက်ာ္ခင္ ရင္သားကင္ဆာျဖစ္ပြားရတဲ့ အေၾကာင္းရင္းေတြထဲမွာ စားေသာက္မႈပုံစံ၊ မ်ိဳး႐ိုးလိုက္တာေတြအျပင္ ေနာက္ထပ္ အေၾကာင္းရင္းတခုကေတာ့ ပူလြန္းတဲ့ အစားအစာေတြကို ပလတ္စတစ္ဘူးေတြ၊ အိတ္ေတြနဲ႔ ထည့္ထားတဲ့ အစားအစာေတြ စားေသာက္မႈႏႈန္းမ်ားျခင္းေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ပလတ္စတစ္ေတြဟာ ပူလြန္းတဲ့အစားအစာနဲ႔ ထိေတြ႕မိတဲ့အခါ Bisphenol A (BPA) ဆိုတဲ့ ဓာတ္တမ်ိဳးထြက္ရွိလာၿပီး အဲဒီ BPA ဓာတ္ဟာ အမ်ိဳးသမီးေဟာ္မုန္းကို အားနည္းေစၿပီး ရင္သားကင္ဆာျဖစ္ႏိုင္ေျခကို ျမင့္တက္ေစတာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔လို႔လည္း ပူလြန္းတဲ့ အစားအစာေတြကို ပလတ္စတစ္နဲ႔ ထုပ္ပိုးသယ္ယူၿပီး စားေသာက္ျခင္းကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ဖို႔ ေဆးပညာရွင္ေတြက အႀကံျပဳေျပာဆိုထားၿပီး မျဖစ္မေန ထုပ္ပိုး သယ္ယူရမယ္ဆိုရင္ေတာင္ အပူနဲ႔ၾကာၾကာ မထိေတြ႕ေစဖို႔၊ ပလတ္စတစ္ မဟုတ္တဲ့ ကိုယ္ပိုင္ဘူးလို အရာမ်ိဳးေတြကို သယ္ယူသြားဖို႔ အႀကံျပဳထားပါတယ္။

Ref. mustsharenews
ဟယ္လ္သင္

ညောင်းကျရောဂါအတွက် ကနဖေါ့

(Unicode)

ညောင်းကျရောဂါအတွက် ကနဖေါ့

========================

ဦးနှောက်ပူ ခြင်း၊ဖောရောင်ခြင်း၊နာဗ် ကြောနှင့် အကြောရောဂါ အမျိုးမျိုးအတွက်

ကနဖော့ပင်

ကနဖော့ပင်သည် မြန်မာနိုင်ငံ နေရာအနှံ့အပြား ရွှံ့နွံများ၌ပေါက်ရောက်သည်။

ဆီးပူညောင်းကျကနဖော့ သတ္တုရည်ကို သကြားနှင့်စပ်သောက်ပါကဆီးပူညောင်းကျနာပျောက်၏။

ဦးနှောက်ပူခြင်း

ကနဖော့အရွက်များကြိတ်၍ဦးခေါင်းတွင်အုံပေးပါဦးနှောက်ပူခြင်းကိုအေးစေ၏။

ဖောရောင်ခြင်းအတွက် ကနဖော့၊ငါးကြင်း၊ မန်ကျည်းမှည့်နှင့် ချဉ်ဟင်းချက်စားပါ။

အစိမ်းဖော ကိုယ်ရောင် ကနဖော့ပြုတ်ရည်ဖြင့်ချိုးပါ။

နှာစေးပါက ကနဖော့ရွက်ကိုကြော်ချက်စားပါ။

ကိုယ်အရေပြားရောဂါ ကနဖော့ရွက်ကို ဆိတ်အချင်း၊သံပရာရည်ချဉ်ချဉ်နှင့်ချက်စားပါ။

အပူလောင်နာ ကနဖော့ရွက်ကို ကျွဲသားဖြင့်ချက်စားပါကအပူလောင်နာပျောက်သည်။

သည်းခြေပျက်ရောဂါ ကနဖော့ရွက်ကို ကြက်အသည်းအမြစ်နှင့်ချက်စားပါကသည်းခြေပျက်ရောဂါပျောက်ကင်းသည်။

သလိပ်

ကနဖော့ရွက်သတ္တုရည် ကို ချင်း၊ထန်းလျက်ပြုတ်ရည်နှင့်ရောစပ်သောက်ပါ။

အကြောတက်ရောဂါ

ကနဖော့ သတ္တုရည်ကို နွားနို့ ထန်းလျက်နှင့်ခပ်သောက်ပါ။ ဆိတ်နို့ထန်းလျက်နှင့်ကျိုသောက်လျင် အကြောပြေသည်။

နာဗ်ကြောအားကောင်းစေရန် ကနဖော့သတ္တုရည်ကို ပျားရည်နှင့်စပ်သောက်ပါ။

ကာမအားစွမ်းစေရန် ကနဖော့ကို ထောပတ်နှင့်ကြော်စားပါ။ကနဖော့သည် အကြောရောဂါအမျိုးမျိုးအတွက်ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါသည်။

အသားအရေကြည်လင်လှပစေရန်ကနဖော့ရွက်အစိမ်းနုပ်နုပ်စင်း၍သုပ်စားနိုင်ပါသည်။ကနဖော့ရွက်ကိုဘဲသားနှင့်ချက်စားပါကကိုယ်သားကိုယ်ရေအေးစေသည်။

(Zawgyi)

ေညာင္းက်ေရာဂါအတြက္ ကနေဖါ့

========================

ဦးေႏွာက္ပူ ျခင္း၊ေဖာေရာင္ျခင္း၊နာဗ္ ေၾကာႏွင့္ အေၾကာေရာဂါ အမ်ိဳးမ်ိဳးအတြက္

ကနေဖာ့ပင္

ကနေဖာ့ပင္သည္ ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပား ႐ႊံ႕ႏြံမ်ား၌ေပါက္ေရာက္သည္။

ဆီးပူေညာင္းက်ကနေဖာ့ သတၱဳရည္ကို သၾကားႏွင့္စပ္ေသာက္ပါကဆီးပူေညာင္းက်နာေပ်ာက္၏။

ဦးေႏွာက္ပူျခင္း

ကနေဖာ့အ႐ြက္မ်ားႀကိတ္၍ဦးေခါင္းတြင္အုံေပးပါဦးေႏွာက္ပူျခင္းကိုေအးေစ၏။

ေဖာေရာင္ျခင္းအတြက္ ကနေဖာ့၊ငါးၾကင္း၊ မန္က်ည္းမွည့္ႏွင့္ ခ်ဥ္ဟင္းခ်က္စားပါ။

အစိမ္းေဖာ ကိုယ္ေရာင္ ကနေဖာ့ျပဳတ္ရည္ျဖင့္ခ်ိဳးပါ။

ႏွာေစးပါက ကနေဖာ့႐ြက္ကိုေၾကာ္ခ်က္စားပါ။

ကိုယ္အေရျပားေရာဂါ ကနေဖာ့႐ြက္ကို ဆိတ္အခ်င္း၊သံပရာရည္ခ်ဥ္ခ်ဥ္ႏွင့္ခ်က္စားပါ။

အပူေလာင္နာ ကနေဖာ့႐ြက္ကို ကြၽဲသားျဖင့္ခ်က္စားပါကအပူေလာင္နာေပ်ာက္သည္။

သည္းေျခပ်က္ေရာဂါ ကနေဖာ့႐ြက္ကို ၾကက္အသည္းအျမစ္ႏွင့္ခ်က္စားပါကသည္းေျခပ်က္ေရာဂါေပ်ာက္ကင္းသည္။

သလိပ္

ကနေဖာ့႐ြက္သတၱဳရည္ ကို ခ်င္း၊ထန္းလ်က္ျပဳတ္ရည္ႏွင့္ေရာစပ္ေသာက္ပါ။

အေၾကာတက္ေရာဂါ

ကနေဖာ့ သတၱဳရည္ကို ႏြားႏို႔ ထန္းလ်က္ႏွင့္ခပ္ေသာက္ပါ။ ဆိတ္ႏို႔ထန္းလ်က္ႏွင့္က်ိဳေသာက္လ်င္ အေၾကာေျပသည္။

နာဗ္ေၾကာအားေကာင္းေစရန္ ကနေဖာ့သတၱဳရည္ကို ပ်ားရည္ႏွင့္စပ္ေသာက္ပါ။

ကာမအားစြမ္းေစရန္ ကနေဖာ့ကို ေထာပတ္ႏွင့္ေၾကာ္စားပါ။ကနေဖာ့သည္ အေၾကာေရာဂါအမ်ိဳးမ်ိဳးအတြက္ေဆးစြမ္းေကာင္းတစ္လက္ျဖစ္ပါသည္။

အသားအေရၾကည္လင္လွပေစရန္ကနေဖာ့႐ြက္အစိမ္းႏုပ္ႏုပ္စင္း၍သုပ္စားႏိုင္ပါသည္။ကနေဖာ့႐ြက္ကိုဘဲသားႏွင့္ခ်က္စားပါကကိုယ္သားကိုယ္ေရေအးေစသည္။

Crd,သမားေတာ္ႀကီး ဦးေသာင္းေ႐ႊ

မြေပဲကိုပြုတ်စားပေးပါက ဓာတ်မတည့်မှုအခြေအနေ သက်သာပျောက်ကင်းနိုင်

(Unicode)

မြေပဲကိုပြုတ်စားပေးပါက ဓာတ်မတည့်မှုအခြေအနေ သက်သာပျောက်ကင်းနိုင်

================================

ဗြိတိန်နိုင်ငံမှာဆိုရင် လူ ၁၀၀ မှာ တစ်ယောက်နှုန်းနဲ့ မြေပဲ ဓာတ်မတည့်မှုအခြေအနေရှိနေတာဖြစ်ပြီး မြေပဲပါတဲ့အစားအစာတွေစားသုံးမိလို့ အခန့်မသင့်ရင် ပြင်းထန်တဲ့လက္ခဏာတွေနဲ့ အသက်သေဆုံးတဲ့အထိ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အင်ပီရီး ယယ်ကောလိပ်လန်ဒန်မှ သုတေသနလေ့လာမှုအရ မြေပဲတွေ ကို မိနစ် ၂၀ ကနေ နာရီဝက်ကြာမျှ ရေနဲ့ထည့်ပြုတ်လိုက်မယ်ဆို ရင် ပြင်းထန်တဲ့ဓာတ်မတည့်တုံ့ပြန်မှုတွေဖြစ်စေနိုင်တဲ့ ပရိုတင်း ဓာတ်တချို့ကို စွန့်ထုတ်ဆေးကြောပစ်လိုက်သလိုဖြစ်သွား တယ်လို့ ဆိုပါတယ်။

ဆေးပညာဆိုင်ရာကြီးကြပ် စောင့်ရှောက် မှုအောက်မှာ မြေပဲဓာတ်မတည့်သူတွေကို ပြုတ်ပြီးသားမြေပဲ နည်းနည်းချင်းစီကို တစ်ပတ်ကို ခြောက်လုံးကနေ တစ်နှစ်ကျော် ကြာတဲ့အခါ တစ်ပတ်ရှစ်လုံးထိ တိုးကျွေးသွားကာ ဓာတ်မတည့် မှုတုံ့ပြန်တာကို နှိမ်နင်းနိုင်လာအောင် ကျင့်ပေးတဲ့နည်းနဲ့ မြေပဲ ဓာတ်မတည့်မှုသက်သာပျောက်ကင်းသွားစေနိုင်တယ်လို့ လေ့ လာမှုက ဆိုပါတယ်။

(Zawgyi)

ေျမပဲကိုျပဳတ္စားေပးပါက ဓာတ္မတည့္မႈအေျခအေန သက္သာေပ်ာက္ကင္းႏိုင္

================================

ၿဗိတိန္ႏိုင္ငံမွာဆိုရင္ လူ ၁၀၀ မွာ တစ္ေယာက္ႏႈန္းနဲ႔ ေျမပဲ ဓာတ္မတည့္မႈအေျခအေနရွိေနတာျဖစ္ၿပီး ေျမပဲပါတဲ့အစားအစာေတြစားသုံးမိလို႔ အခန႔္မသင့္ရင္ ျပင္းထန္တဲ့လကၡဏာေတြနဲ႔ အသက္ေသဆုံးတဲ့အထိ အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

အင္ပီရီး ယယ္ေကာလိပ္လန္ဒန္မွ သုေတသနေလ့လာမႈအရ ေျမပဲေတြ ကို မိနစ္ ၂၀ ကေန နာရီဝက္ၾကာမွ် ေရနဲ႔ထည့္ျပဳတ္လိုက္မယ္ဆို ရင္ ျပင္းထန္တဲ့ဓာတ္မတည့္တုံ႔ျပန္မႈေတြျဖစ္ေစႏိုင္တဲ့ ပ႐ိုတင္း ဓာတ္တခ်ိဳ႕ကို စြန႔္ထုတ္ေဆးေၾကာပစ္လိုက္သလိုျဖစ္သြား တယ္လို႔ ဆိုပါတယ္။

ေဆးပညာဆိုင္ရာႀကီးၾကပ္ ေစာင့္ေရွာက္ မႈေအာက္မွာ ေျမပဲဓာတ္မတည့္သူေတြကို ျပဳတ္ၿပီးသားေျမပဲ နည္းနည္းခ်င္းစီကို တစ္ပတ္ကို ေျခာက္လုံးကေန တစ္ႏွစ္ေက်ာ္ ၾကာတဲ့အခါ တစ္ပတ္ရွစ္လုံးထိ တိုးေကြၽးသြားကာ ဓာတ္မတည့္ မႈတုံ႔ျပန္တာကို ႏွိမ္နင္းႏိုင္လာေအာင္ က်င့္ေပးတဲ့နည္းနဲ႔ ေျမပဲ ဓာတ္မတည့္မႈသက္သာေပ်ာက္ကင္းသြားေစႏိုင္တယ္လို႔ ေလ့ လာမႈက ဆိုပါတယ္။

Crd,Good Health Journal

ထမင်းရည်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

(Unicode)

ထမင်းရည်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

==============================

1. ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
ထမင်းရည်မှာပါဝင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အမိုင်နိုအက်ဆစ်တွေကြောင့် ထမင်းရည်က ရောင်ရမ်းခြင်းကို သက်သာစေတဲ့ သဘာဝဆေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အချို့သောရောဂါတွေကနေ ကာကွယ်ပေးနိုင်စွမ်း ဖြစ်ပါတယ်။

2. အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။
ထမင်းရည်မှာ ကစီဓာတ်အပါအဝင် အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။

3. ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ထမင်းရည်မှာပါဝင်တဲ့ အကောင်းဆုံးသော အာဟာရဓာတ်တွေက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

4. ဝမ်းပျက်ဝမ်းလျှောကို သက်သာစေပါတယ်။
ထမင်းရည်က ဝမ်းပျက်ဝမ်းလျှောအပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြသနာတွေကို သက်သာစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ထမင်းရည် ပုံမှန်သောက်ပေးပါ။

5. ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။
ထမင်းရည်ရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ကိုယ်ပူခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပူနေချိန်မှာ ထမင်းရည်သောက်သုံးခြင်းဖြင့် ကိုယ်ပူမြန်မြန်ကျစေနိုင်ပါတယ်။

6. ကြွက်သားတွေကို သန်မာစေပါတယ်။
ကျန်းမာသန်စွမ်းတဲ့ကြွက်သားတွေကို ပိုင်ဆိုင်စေဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ထမင်းရည် မှန်မှန်သောက်ပေးပါ။

ထမင်းရည်အပါအဝင် အစားအစာတိုင်းမှာ ကောင်းမွန်တဲ့အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် ထမင်းရည်သောက်ပါ။

(Zawgyi)

ထမင္းရည္၏ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

==============================

  1. ေရာင္ရမ္းျခင္းကို သက္သာေစပါတယ္။
    ထမင္းရည္မွာပါဝင္တဲ့ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြနဲ႔ အမိုင္ႏိုအက္ဆစ္ေတြေၾကာင့္ ထမင္းရည္က ေရာင္ရမ္းျခင္းကို သက္သာေစတဲ့ သဘာဝေဆးလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္ကို အခ်ိဳ႕ေသာေရာဂါေတြကေန ကာကြယ္ေပးႏိုင္စြမ္း ျဖစ္ပါတယ္။
  2. အင္အားေတြကို ေပးစြမ္းႏိုင္ပါတယ္။
    ထမင္းရည္မွာ ကစီဓာတ္အပါအဝင္ အာဟာရဓာတ္ေတြ ပါဝင္တဲ့အတြက္ ခႏၶာကိုယ္အတြက္ အားအင္ေတြကို ေပးစြမ္းႏိုင္ပါတယ္။
  3. ဝမ္းခ်ဳပ္ျခင္းမွ ကာကြယ္ေပးပါတယ္။
    ထမင္းရည္မွာပါဝင္တဲ့ အေကာင္းဆုံးေသာ အာဟာရဓာတ္ေတြက ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးႏိုင္ၿပီး အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။
  4. ဝမ္းပ်က္ဝမ္းေလွ်ာကို သက္သာေစပါတယ္။
    ထမင္းရည္က ဝမ္းပ်က္ဝမ္းေလွ်ာအပါအဝင္ အစာအိမ္နဲ႔အူလမ္းေၾကာင္းဆိုင္ရာျပသနာေတြကို သက္သာေစႏိုင္တဲ့အတြက္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေနရင္ ထမင္းရည္ ပုံမွန္ေသာက္ေပးပါ။
  5. ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးပါတယ္။
    ထမင္းရည္ရဲ႕ ေနာက္ထပ္အက်ိဳးေက်းဇူးတစ္ခုကေတာ့ ကိုယ္ပူျခင္းကို သက္သာေစၿပီး ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးႏိုင္စြမ္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ပူေနခ်ိန္မွာ ထမင္းရည္ေသာက္သုံးျခင္းျဖင့္ ကိုယ္ပူျမန္ျမန္က်ေစႏိုင္ပါတယ္။
  6. ႂကြက္သားေတြကို သန္မာေစပါတယ္။
    က်န္းမာသန္စြမ္းတဲ့ႂကြက္သားေတြကို ပိုင္ဆိုင္ေစဖို႔အတြက္ ေလ့က်င့္ခန္းပုံမွန္လုပ္ၿပီး ထမင္းရည္ မွန္မွန္ေသာက္ေပးပါ။

ထမင္းရည္အပါအဝင္ အစားအစာတိုင္းမွာ ေကာင္းမြန္တဲ့အာဟာရဓာတ္ေတြ ပါဝင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ရရွိေစဖို႔အတြက္ ထမင္းရည္ေသာက္ပါ။

Dr. Mya Myo Myo Swe
DrMyanmar

ဝိတ်ချနည်းများ

(Unicode)

ဝိတ်ချနည်းများ

============

၁။ရေများများသောက်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့နည်းစေနိုင်သည့် နည်းလမ်းလေးသွယ်

ရေသည်ကိုယ်အလေးချိန်ကျစေနိုင်သည့် လျှို့ဝှက်လက်နက်ဖြစ်သည်။ထို့အပြင်ရေပိုမိုသောက်သုံးခြင်းသည်ကျန်းမာရေးအတွက်များစွာအကျိုးရှိသည်။အကယ်၍ သင်ဗိုက်ဆာနေလျှင်
တကယ့်အစားအစာငတ်မွတ်မှုလား၊ သို့တည်းမဟုတ် သရေစာစားခြင်းအလေ့အထ ဟုတ်မဟုတ်သိနိုင်ရန် ရေခွက်တစ်ခွက်သောက်ပါ။

သောက်သုံးရေသည်သင်၏ဇီဝဖြစ်စဉ်ဖြစ်စဉ်ကို
ကူညီပေးသည်။ ခန္ဓာကိုယ်ကို detox လုပ်ပေးခြင်း
နှင့်ဆာလောင်မှုကို ထိန်းချုပ်သူအဖြစ် အလုပ်လုပ်သည်။ထို့အပြင်သောက်သုံးရေသည် ကိုယ်ခန္ဓာကိုအစာခြေခြင်းလုပ်ငန်းကိုလှုံ့ဆော်ရန်ကူညီပေးသဖြင့် ဝိတ်လည်းကျစေနိုင်သည်။သင် ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်ဝနေပြီး အဆီဆုံးရှုံးမှုကိုနှိုးဆွရန် နေ့စဉ်ရေပိုမိုသောက်နေကြောင်းသေချာစေရန် အောက်ပါသောက်သုံးရေ သောက်နည်း လေးမျိုးအတိုင်းသောက်ပါ။

၁။ အစာ မစားမီရေကိုအမြဲတမ်းသောက်ပါ

ရေသောက်ခြင်းက ဆာလောင်မွတ်သိပ်မှုကို ထိန်းချုပ်နိုင်သည်။အစားအစာမစားမီ ရေသောက်ခြင်းက သင့်အား ဗိုက်ပိုမိုပြည့်ဝနေသည်ဟု ခံစားရစေသည့်အတွက် သင်စားသောအစားအစာပမာဏကိုလျော့နည်းစေသည်။ကျန်းမာရေး ၀ဘ်ဆိုဒ် WebMD တွင်ဖော်ပြထားသည်မှာအစာမစားခင် ရေသောက်သုံးခြင်းသည် အစာစားခြင်းမှ ရရှိနိုင်သည့် အဆီမှ ကယ်လိုရီ ၇၀ ကိုလျော့ကျစေသည်။

နေ့စဉ်အစားအစာတစ်ခု မစားမီ ရေသောက်သုံးခြင်းကသင့်အားနှစ်စဉ်အဆီမှ ရရှိသည့်ကယ်လိုရီ ၂၈၀၀၀ ကိုလျော့နည်းစေလိမ့်မည်။ဆိုလိုသည်မှာ အစာမစားမီ ရေသောက်ခြင်းကြောင့်နှစ်စဉ် ၈ ပေါင်ခန့်ကျလိမ့်မည်။သတိထားသင့်သည်မှာ ရေကောင်းရေသန့်ဖြစ်ဖို့တော့လိုအပ်ပေသည်။

၂။ ကယ်လိုရီအားဖြည့် အချိုရည်များ အစား
ရေဖြင့်အစားထိုးရန်ကြိုးစားပါ

ကိုယ်အလေးချိန်တက်မလာစေဖို့ သကြားပါ၊ဆိုဒါများနှင့်ဖျော်ရည်များကိုနှုတ်ဆက်ပြီးရေနှင့် အစားထိုးပါ။ရေချည်းသောက်ရတာ အရသာမရှိဘူးခံစားရရင် ရေထဲ သံပုရာရည်၊လီမွန်
ည် အနည်းငယ်ညှစ်ထည့်ကာ သောက်ပါ။သံပုရာပါသောသန့်စင်သောရေတစ်ခွက်သည်အလေးချိန်ဆုံးရှုံးမှုအတွက်ပုံသေနည်းဖြစ်ပြီး citrus ရှိ pectin သည်အစာစားချင်စိတ်ကိုလျော့နည်းစေသည်။ဒီနည်းလမ်းက အသုံးမဝင်ဘူးဟု သင်ထင်မြင်ယူဆလျှင် တစ်ပတ်ပဲစောင့်ကြည့်ပါ။ ဖျော်ရည်တွေအစား ရေနဲ့ သံပုရာရည်သောက်ခြင်းက သင့်ကို ဝိတ်ကျစေနိုင်သည်။ Lemon ဒါမှမဟုတ် သံပုရာသီးသည်ဗီတာမင်စီကြွယ်ဝကာ anti-oxidant များပါသောကြောင့် ခန္ဓာကိုယ်၏ဆဲလ်များကို free radicals များမှကာကွယ်ပေးသည်။

အက်စကောဘစ်အက်စစ် (သို့) ဗီတာမင်စီသည်နှလုံးသွေးကြောဆိုင်ရာရောဂါ၊ဦးနှောက်သွေးကြောပိတ်ခြင်းဖြစ်စဉ်နှင့်သွေးတိုးခြင်းကိုလျှော့ချနိုင်သည်။လေဖြတ်ခြင်းဆိုင်ရာလေ့လာမှုတစ်ခုအရ အက်စ်ကောဘစ်အက်ဆစ်ပမာဏနည်းသော၊ အထူးသဖြင့်သွေးတိုးရောဂါမြင့်မားသော အမျိုးသားများ၌ ဦး နှောက်တွင်းသွေးကြောဆိုင်ရာရောဂါ(လေဖြတ်ခြင်း)ဖြစ်နိုင်ခြေမြင့်မားကြောင်းဖော်ပြသည်။

၃။သောက်ရေအေးစက်(water cooler)မှ ရေကိုပိုသောက်ပါ

WebMD ၏အဆိုအရ ရေအေးအေးသောက်ခြင်းကသင်၏ဇီဝဖြစ်စဉ်နှုန်းကိုတိုးတက်စေနိုင်သည်။ရေသည်အဆီမှရသည့်ကယ်လိုရီများကိုပိုမိုလောင်ကျွမ်းစေပြီးကိုယ်အလေးချိန်လျှော့ချရန်ကူညီသည်။ထို့အပြင်ရေခဲရေသောက်ခြင်းသည်ပုံမှန်အခန်းအပူချိန်ရှိရေနှင့်နှိုင်းယှဉ်လျှင် ပို၍ လန်းဆန်းစေသည်။ရေခဲသေတ္တာထဲကရေကို အစာမစားခင်နဲ့စားပြီး ချက်ချင်းမသောက်ပါနဲ့။

၄။ရေကို လုံလောက်စွာသောက်ပါ

အကယ်၍ သင်သည်ကိုယ်အလေးချိန်ကိုရေဖြင့် ထိန်းသိမ်းလိုပါက အာဟာရကျွမ်းကျင်သူအများစုအကြံပြုသည့်“ 8 × 8” နည်းဥပဒေကိုလိုက်နာရန်လိုအပ်သည် ။ကိုယ်အလေးချိန်ကျစေပြီး အကောင်းဆုံးသောအလေးချိန်ကိုထိန်းနိုင်စေရန် နေ့စဉ်

၈ အောင်စရေခွက် ရှစ်ခွက်သောက်သင့်ကြောင်းဖော်ပြထားသည်။ ဒါကရေဂါလံဝက် (၂ လီတာခန့်) ပါ။သင်သည်များစွာသောလေ့ကျင့်ခန်းများပြုလုပ်လျှင် သို့မဟုတ်အလွန်အကျွံချွေးထွက်လျှင်ရေပိုမိုသောက်ရမည်။

၂။အန္တရာယ်ကင်းစွာကိုယ်အလေးချိန် အမြန်လျှော့ချရန်

နည်းလမ်း ၁၁ ချက်

အဝလွန်လာတဲ့အခါ လူတွေက ဝိတ်ချချင်ကြပါတယ်။ ဝိတ်ချတဲ့အခါမှာ အန္တရာယ်ကင်းဖို့လိုပါတယ်။ ဆိုးကျိုးမရှိတဲ့ အဆီချဆေးဆိုတာ မရှိသလောက်ပါပဲ။ တစ်ပတ်ကို ဘယ်နှစ်ပေါင်ထိ ချသင့်သလဲဆိုရင် ကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားတာက တစ်ပတ်ကို ၁ ပေါင်မှ ၂ ပေါင်အထိ ချတာသာ အန္တရာယ်ကင်းတဲ့ ကိုယ်အလေးချိန်ချနည်းလို့ဆိုပါတယ်။

၁။အသားများများနဲ့ မနက်စာစားပါ။
မနက်စာမှာ အသားများများစားတဲ့အခါ ဆာလောင်တာကို လျှော့ချပေးပြီး စားသုံးမှု ကတဆင့်ရမယ့် ကယ်လိုရီပမာဏပါ နည်းစေမှာပါ။

၂။ အချိုရည်တွေ မသောက်ပါနဲ့
၃။အစာမစားခင် ရေသောက်ပါ
၄။ဝိတ်ကျစေတဲ့ အစားအစာတွေပိုစားပါ
ဥပမာ အမဲသား၊အာလူးပြုတ်၊ဟင်းသီးဟင်းရွက်များ၊ပဲ အမျိုးမျိုး၊ အစေ့အဆန်များ၊တူနာငါး၊ဒိန်ချဉ်
၅။အမျှင်ဓာတ်များများစားပါ။အသီးအနှံအရွက်များ။
၆။ရေနွေးကြမ်း၊ကော်ဖီ နေ့စဉ်သောက်ပါ
၇။အစားအစာကို ဖြည်းဖြည်းဝါးစားပါ။
၈။အိပ်ရေးဝဝအိပ်ပါ
၉။သကြား၊ဆီကြော်ရှောင်၊ကစီဓာတ် လျှော့စားပါ။
၁၀။လေ့ကျင့်ခန်း တစ်နေ့နာရီဝက်လုပ်ပါ။
၁၁။ အိပ်ခါနီး ၂နာရီ အတွင်း ဘာမှ မစားပါနဲ့။

(Zawgyi)

ဝိတ္ခ်နည္းမ်ား

============

၁။ေရမ်ားမ်ားေသာက္ျခင္းျဖင့္ ကိုယ္အေလးခ်ိန္ေလ်ာ့နည္းေစႏိုင္သည့္ နည္းလမ္းေလးသြယ္

ေရသည္ကိုယ္အေလးခ်ိန္က်ေစႏိုင္သည့္ လွ်ိဳ႕ဝွက္လက္နက္ျဖစ္သည္။ထို႔အျပင္ေရပိုမိုေသာက္သုံးျခင္းသည္က်န္းမာေရးအတြက္မ်ားစြာအက်ိဳးရွိသည္။အကယ္၍ သင္ဗိုက္ဆာေနလွ်င္
တကယ့္အစားအစာငတ္မြတ္မႈလား၊ သို႔တည္းမဟုတ္ သေရစာစားျခင္းအေလ့အထ ဟုတ္မဟုတ္သိႏိုင္ရန္ ေရခြက္တစ္ခြက္ေသာက္ပါ။

ေသာက္သုံးေရသည္သင္၏ဇီဝျဖစ္စဥ္ျဖစ္စဥ္ကို
ကူညီေပးသည္။ ခႏၶာကိုယ္ကို detox လုပ္ေပးျခင္း
ႏွင့္ဆာေလာင္မႈကို ထိန္းခ်ဳပ္သူအျဖစ္ အလုပ္လုပ္သည္။ထို႔အျပင္ေသာက္သုံးေရသည္ ကိုယ္ခႏၶာကိုအစာေျချခင္းလုပ္ငန္းကိုလႈံ႕ေဆာ္ရန္ကူညီေပးသျဖင့္ ဝိတ္လည္းက်ေစႏိုင္သည္။သင္ ခႏၶာကိုယ္တြင္ ေရဓာတ္ျပည့္ဝေနၿပီး အဆီဆုံးရႈံးမႈကိုႏႈိးဆြရန္ ေန႔စဥ္ေရပိုမိုေသာက္ေနေၾကာင္းေသခ်ာေစရန္ ေအာက္ပါေသာက္သုံးေရ ေသာက္နည္း ေလးမ်ိဳးအတိုင္းေသာက္ပါ။

၁။ အစာ မစားမီေရကိုအၿမဲတမ္းေသာက္ပါ

ေရေသာက္ျခင္းက ဆာေလာင္မြတ္သိပ္မႈကို ထိန္းခ်ဳပ္ႏိုင္သည္။အစားအစာမစားမီ ေရေသာက္ျခင္းက သင့္အား ဗိုက္ပိုမိုျပည့္ဝေနသည္ဟု ခံစားရေစသည့္အတြက္ သင္စားေသာအစားအစာပမာဏကိုေလ်ာ့နည္းေစသည္။က်န္းမာေရး ၀ဘ္ဆိုဒ္ WebMD တြင္ေဖာ္ျပထားသည္မွာအစာမစားခင္ ေရေသာက္သုံးျခင္းသည္ အစာစားျခင္းမွ ရရွိႏိုင္သည့္ အဆီမွ ကယ္လိုရီ ၇၀ ကိုေလ်ာ့က်ေစသည္။

ေန႔စဥ္အစားအစာတစ္ခု မစားမီ ေရေသာက္သုံးျခင္းကသင့္အားႏွစ္စဥ္အဆီမွ ရရွိသည့္ကယ္လိုရီ ၂၈၀၀၀ ကိုေလ်ာ့နည္းေစလိမ့္မည္။ဆိုလိုသည္မွာ အစာမစားမီ ေရေသာက္ျခင္းေၾကာင့္ႏွစ္စဥ္ ၈ ေပါင္ခန႔္က်လိမ့္မည္။သတိထားသင့္သည္မွာ ေရေကာင္းေရသန႔္ျဖစ္ဖို႔ေတာ့လိုအပ္ေပသည္။

၂။ ကယ္လိုရီအားျဖည့္ အခ်ိဳရည္မ်ား အစား‌ေရျဖင့္အစားထိုးရန္ႀကိဳးစားပါ

ကိုယ္အေလးခ်ိန္တက္မလာေစဖို႔ သၾကားပါ၊ဆိုဒါမ်ားႏွင့္ေဖ်ာ္ရည္မ်ားကိုႏႈတ္ဆက္ၿပီးေရႏွင့္ အစားထိုးပါ။ေရခ်ည္းေသာက္ရတာ အရသာမရွိဘူးခံစားရရင္ ေရထဲ သံပုရာရည္၊လီမြန္
ည္ အနည္းငယ္ညႇစ္ထည့္ကာ ေသာက္ပါ။သံပုရာပါေသာသန႔္စင္ေသာေရတစ္ခြက္သည္အေလးခ်ိန္ဆုံးရႈံးမႈအတြက္ပုံေသနည္းျဖစ္ၿပီး citrus ရွိ pectin သည္အစာစားခ်င္စိတ္ကိုေလ်ာ့နည္းေစသည္။ဒီနည္းလမ္းက အသုံးမဝင္ဘူးဟု သင္ထင္ျမင္ယူဆလွ်င္ တစ္ပတ္ပဲေစာင့္ၾကည့္ပါ။ ေဖ်ာ္ရည္ေတြအစား ေရနဲ႔ သံပုရာရည္ေသာက္ျခင္းက သင့္ကို ဝိတ္က်ေစႏိုင္သည္။ Lemon ဒါမွမဟုတ္ သံပုရာသီးသည္ဗီတာမင္စီႂကြယ္ဝကာ anti-oxidant မ်ားပါေသာေၾကာင့္ ခႏၶာကိုယ္၏ဆဲလ္မ်ားကို free radicals မ်ားမွကာကြယ္ေပးသည္။

အက္စေကာဘစ္အက္စစ္ (သို႔) ဗီတာမင္စီသည္ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါ၊ဦးေႏွာက္ေသြးေၾကာပိတ္ျခင္းျဖစ္စဥ္ႏွင့္ေသြးတိုးျခင္းကိုေလွ်ာ့ခ်ႏိုင္သည္။ေလျဖတ္ျခင္းဆိုင္ရာေလ့လာမႈတစ္ခုအရ အက္စ္ေကာဘစ္အက္ဆစ္ပမာဏနည္းေသာ၊ အထူးသျဖင့္ေသြးတိုးေရာဂါျမင့္မားေသာ အမ်ိဳးသားမ်ား၌ ဦး ေႏွာက္တြင္းေသြးေၾကာဆိုင္ရာေရာဂါ(ေလျဖတ္ျခင္း)ျဖစ္ႏိုင္ေျချမင့္မားေၾကာင္းေဖာ္ျပသည္။

၃။ေသာက္ေရေအးစက္(water cooler)မွ ေရကိုပိုေသာက္ပါ

WebMD ၏အဆိုအရ ေရေအးေအးေသာက္ျခင္းကသင္၏ဇီဝျဖစ္စဥ္ႏႈန္းကိုတိုးတက္ေစႏိုင္သည္။ေရသည္အဆီမွရသည့္ကယ္လိုရီမ်ားကိုပိုမိုေလာင္ကြၽမ္းေစၿပီးကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရန္ကူညီသည္။ထို႔အျပင္ေရခဲေရေသာက္ျခင္းသည္ပုံမွန္အခန္းအပူခ်ိန္ရွိေရႏွင့္ႏႈိင္းယွဥ္လွ်င္ ပို၍ လန္းဆန္းေစသည္။ေရခဲေသတၱာထဲကေရကို အစာမစားခင္နဲ႔စားၿပီး ခ်က္ခ်င္းမေသာက္ပါနဲ႔။

၄။ေရကို လုံေလာက္စြာေသာက္ပါ

အကယ္၍ သင္သည္ကိုယ္အေလးခ်ိန္ကိုေရျဖင့္ ထိန္းသိမ္းလိုပါက အာဟာရကြၽမ္းက်င္သူအမ်ားစုအႀကံျပဳသည့္“ 8 × 8” နည္းဥပေဒကိုလိုက္နာရန္လိုအပ္သည္ ။ကိုယ္အေလးခ်ိန္က်ေစၿပီး အေကာင္းဆုံးေသာအေလးခ်ိန္ကိုထိန္းႏိုင္ေစရန္ ေန႔စဥ္

၈ ေအာင္စေရခြက္ ရွစ္ခြက္ေသာက္သင့္ေၾကာင္းေဖာ္ျပထားသည္။ ဒါကေရဂါလံဝက္ (၂ လီတာခန႔္) ပါ။သင္သည္မ်ားစြာေသာေလ့က်င့္ခန္းမ်ားျပဳလုပ္လွ်င္ သို႔မဟုတ္အလြန္အကြၽံေခြၽးထြက္လွ်င္ေရပိုမိုေသာက္ရမည္။

၂။အႏၲရာယ္ကင္းစြာကိုယ္အေလးခ်ိန္ အျမန္ေလွ်ာ့ခ်ရန္

နည္းလမ္း ၁၁ ခ်က္

အဝလြန္လာတဲ့အခါ လူေတြက ဝိတ္ခ်ခ်င္ၾကပါတယ္။ ဝိတ္ခ်တဲ့အခါမွာ အႏၲရာယ္ကင္းဖို႔လိုပါတယ္။ ဆိုးက်ိဳးမရွိတဲ့ အဆီခ်ေဆးဆိုတာ မရွိသေလာက္ပါပဲ။ တစ္ပတ္ကို ဘယ္ႏွစ္ေပါင္ထိ ခ်သင့္သလဲဆိုရင္ ကြၽမ္းက်င္ပညာရွင္ေတြ အႀကံျပဳထားတာက တစ္ပတ္ကို ၁ ေပါင္မွ ၂ ေပါင္အထိ ခ်တာသာ အႏၲရာယ္ကင္းတဲ့ ကိုယ္အေလးခ်ိန္ခ်နည္းလို႔ဆိုပါတယ္။

၁။အသားမ်ားမ်ားနဲ႔ မနက္စာစားပါ။
မနက္စာမွာ အသားမ်ားမ်ားစားတဲ့အခါ ဆာေလာင္တာကို ေလွ်ာ့ခ်ေပးၿပီး စားသုံးမႈ ကတဆင့္ရမယ့္ ကယ္လိုရီပမာဏပါ နည္းေစမွာပါ။

၂။ အခ်ိဳရည္ေတြ မေသာက္ပါနဲ႔
၃။အစာမစားခင္ ေရေသာက္ပါ
၄။ဝိတ္က်ေစတဲ့ အစားအစာေတြပိုစားပါ
ဥပမာ အမဲသား၊အာလူးျပဳတ္၊ဟင္းသီးဟင္း႐ြက္မ်ား၊ပဲ အမ်ိဳးမ်ိဳး၊ အေစ့အဆန္မ်ား၊တူနာငါး၊ဒိန္ခ်ဥ္
၅။အမွ်င္ဓာတ္မ်ားမ်ားစားပါ။အသီးအႏွံအ႐ြက္မ်ား။
၆။ေရေႏြးၾကမ္း၊ေကာ္ဖီ ေန႔စဥ္ေသာက္ပါ
၇။အစားအစာကို ျဖည္းျဖည္းဝါးစားပါ။
၈။အိပ္ေရးဝဝအိပ္ပါ
၉။သၾကား၊ဆီေၾကာ္ေရွာင္၊ကစီဓာတ္ ေလွ်ာ့စားပါ။
၁၀။ေလ့က်င့္ခန္း တစ္ေန႔နာရီဝက္လုပ္ပါ။
၁၁။ အိပ္ခါနီး ၂နာရီ အတြင္း ဘာမွ မစားပါနဲ႔။

Crd,ဟမ္စိုင္း(ေဆး-မန္း)

တရုတ်လူမျိုးတွေ သုံးစွဲကြတဲ့ ရိုးရာ ကျောက်ကပ်အားဆေး

(Unicode)

တရုတ်လူမျိုးတွေ သုံးစွဲကြတဲ့ ရိုးရာ ကျောက်ကပ်အားဆေး

====================================

မသိသူကျော်သွား သိသူဖော်စား

ဟိုးတစ်လောက မန္တလေးက မိတ်ဆွေတစ်ယောက်ကပြောပါတယ်။ မြန်မာပြည်မှာ ကျောက်ကပ်ပျက်စီးကြတဲ့သူတွေတစ်နေ့ထက်တစ်နေ့ ပိုပိုများလာပါတယ်တဲ့။ မန္တလေးတစ်မြို့ထဲမှာတင် ကျောက်ကပ်ပျက်စီးသူတွေ အများကြီးပါပဲတဲ့။ တစ်ချို့ဆိုရင် ကျောက်ကပ်က၁၀%လောက်ပဲ အလုပ်လုပ်တော့တဲ့အတွက် မကြာခဏကျောက်ကပ်ဆေးနေရလို့ ပိုက်ဆံအရမ်းကုန်ပါတယ်တဲ့။ ဒါကြောင့်သဘာဝနည်းနဲ့ ကျောက်ကပ်ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့ နည်းလမ်းကို အများပြည်သူအကျိုးအတွက် ရှာကြံပြီးဝေမျှပေးပါလို့ တောင်းဆိုလာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်ပြီး တရုတ်ဆရာဝန်မကြီးတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ သူဟာတရုတ်ပြည်မှာ နာမည်ကြီးစာရင်းဝင် ဆရာဝန်မကြီးတစ်ယောက်ပါ။ တရုတ်ဆရာဝန်တွေက အနောက်တိုင်းဆေးပညာကို တရုတ်ရိုးရာတိုင်းရင်းဆေးပညာနဲ့ ပေါင်းစပ်ပြီး တရုတ်ဘာသာစကားနဲ့ သင်ကြားခဲ့ရတဲ့အတွက်ဘက်စုံ နှံ့စပ်အောင် သိကြသူတွေဖြစ်ပါတယ်။ မျက်နှာကြည့်လိုက်ရင်သော်၄င်း၊ လက်ကောက်ဝတ်ကို စမ်းလိုက်ရင်သော်၄င်း ဘာဖြစ်နေတယ်ဆိုတာကို ဒက်ကနဲပြောနိုင်ပါတယ်။

တရုတ်ဆရာဝန်မကြီးကို ကျောက်ကပ်ပျက်စီးမှုအကြောင်းကို မေးမြန်းလိုက်ပါတယ်။ ကျောက်ကပ်ပျက်စီးနေကြရတာဟာ ကိုယ်တွင်းအဆိပ်တွေ မျိုးစုံကြောင့်ဖြစ်ရတာဖြစ်ကြောင်း၊ ဓာတုဗေဒဆေးတွေကို ရေရှည်သုံးစွဲသူတွေ ကျောက်ကပ်ပျက်စီးကြောင်း၊ သဘာဝမဟုတ်တဲ့ဆေးတွေကို သတိထားဖို့လိုကြောင်း၊ အဆိုးဆုံးကတော့Capsuleတွေကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားရင် အရမ်းကိုဥပဒ်ဖြစ်တတ်ကြောင်း၊ ဖြည့်စွက်ဆေးတွေကိုလည်း သဘာဝမဟုတ်ရင် မသုံးသင့်ကြောင်း၊ ဖြည့်စွက်ဆေးဆိုတိုင်းလည်း မိမိရဲ့ဇီဝကမ္မဖြစ်စဉ်နဲ့ သဟဇတဖြစ်ချင်မှဖြစ်တတ်ကြောင်း၊ လူတိုင်းနဲ့ တည့်မှာမဟုတ်ကြောင်းစသည်ဖြင့် အများကြီးပြောသွားပါတယ်။

ဒီတော့ ကျောက်ကပ်ပျက်စီးတဲ့သူတွေ သဘာဝအတိုင်းပြန်ကောင်းရအောင် ဘယ်လိုလုပ်ရမလဲ ဆရာမကြီးလို့ မေးလိုက်ပါတယ်။ ကျောက်ကပ်ပြန်ကောင်းဖို့အတွက် တရုတ်တွေ အားထားဆုံးကတော့Chinese Yam ပြဲဖစ်ပါတယ်တဲ့ Chinese Yamမှာပါတဲ့ အင်ဇိုင်းတွေက ကျောက်ကပ်ကို ပြန်လည်တည်ဆောက်ပေးနိုင်ကြောင်း များများစားစရာ မလိုဘဲ တစ်နေ့ကို ၁လက်မလောက်စားပေးတာနဲ့ ကျောက်ကပ်က တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ကြောင်း၊ ကျောက်ကပ်ပျက်စီးနေသူတွေရေ ကျောက်ကပ်ကို ကာကွယ်ထားလိုသူတွေရော စားသင့်ကြောင်း ဆရာမကြီးကပြောပြပါတယ်။ကျွန်တော်တို့ မြန်မာပြည်မှာမရှိဘူး ဆရာမကြီးလို့ဆိုတော့ တစ်ကမ္ဘာလုံးမှာ ရှိပါတယ်တဲ့။ ကျောက်ကပ်ပျက်စီးနေသူတွေဟာ ရှောင့်သင့်တာတွေကိုရှောင်ပြီး chinese yam ကို ပုံမှန်စားသွားစေချင်ပါတယ်တဲ့။

မြန်မာအမည်ကတော့ကဒက်ဥပါတဲ့။ ရခိုင်တွေကတော့ သင်းဖောဥလို့ခေါ်ကြပါတယ်၊ သင်းဒက်ဥလို့လည်း ခေါ်တယ်လို့ သိရပါတယ်။ အချို့ဒေသတွေမှာေ့တာ တောမျောက်ဥလို့လည်း ခေါ်ပါတယ်တဲ့။ တောက မိတ်ဆွေတွေကို မေးကြည့်တော့ တို့တောမှာ ပေါလွန်းလို့ကွာတဲ့။ ပိန်းဥလိုပဲ ဟင်းချိုလုပ်သောက်ကြတယ်၊ အာလူးလိုလည်း ကြော်စားကြတယ်။ တရုတ်လူမျိုးတွေကတော့ ဝက်နံရိုးနဲ့ စွပ်ပြုတ်လုပ်သောက်ကြကြောင်း သိရပါတယ်။ နဲနဲပြုတ်လိုက်တာနဲ့ စားလို့ရပါပြီ။

အဲ့လောက်နဲ့ ကျွန်တော်က မကျေနပ်သေးဘူးဗျ။ အင်တာနက်ကနေ အသေးစိပ်ထပ်လေ့လာပါတယ်။ အဲဒီမှာ ဘာသွားတွေ့Chinese Yam ဟာ ကျောက်ကပ်တစ်ခုတည်းသာမက အဆုတ်၊ အစာအိမ်၊ သရက်ရွက်တို့ကိုလည်း ပြန်ကောင်းစေနိုင်ကြောင်း ခမ်းခမ်းနားနား ဖော်ပြထားပါတယ်။ အဲဒီ ကလီစာ၄ခုအပြင် အခြားသော ကလီစာတွေကိုလည်းသူ့မှာပါတဲ့ အင်ဇိုင်းတွေ ဟိုမုန်းတွေနဲ့ ပံ့ပိုးသမှု ပြုပေးပါသေးတယ်။ ကဒက်ဥက တစ်ပင်လုံး တန်ဖိုးရှိတာဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း သေသေချာချာ ပြောထားပါတယ်။

(၁) Energy ကိုမြှင့်တင်ပေးခြင်း

(၂)ပင်ပန်းနွမ်းနယ်မှုကို ပျောက်စေခြင်း

(၃)ရင်ကျပ်ပန်းနာကို သက်သာစေခြင်း

(၄)ချောင်းခြောက်ဆိုးခြင်းကို ပျောက်စေခြင်း

(၅)သံကောင်တုတ်ကောင်များကို ဖယ်ရှားပေးခြင်း

(၆)ကိုယ်အလေးချိန်လျှော့ချပေးခြင်း

(၇)ဝမ်းတွင်းအပူအပုပ်များကို ဖယ်ရှားပေးခြင်း

(၈)ဆီးကောင်းစေခြင်း

(၉)အရိုးပွမှုကို ကာကွယ်ခြင်း

(၁၀)သိုင်းရွိုက်ဟိုမုန်းရေချိန်ညှိပေးခြင်း

(၁၁)သွေးတွင်းသကြားဓာတ်ကို ညှိပေးခြင်း

(၁၂)သည်းခြေရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ခြင်း

(၁၃)အူကျန်းမာရေးကို စောင့်ရှောက်ခြင်း

(၁၄)အတွင်းကြေမှုများကိုပြန်ကောင်းစေခြင်း

(၁၅)ကင်ဆာဆဲလ်များကို သတ်ပေးခြင်း

(၁၆)စိတ်ခံစားမှု ၊မငြိမ်သက်မှုများကိုကောင်းစေခြင်း

(၁၇)အစာကြေစေခြင်း

(၁၈)နာတာရှည်ဝမ်းလျောမှုကို ပျောက်စေခြင်
(၁၉)သွေးဆုံးကိုင်ခြင်းကို သက်သာစေခြင်း

(၂၀)အသရိုက်တစ်ကို သက်သာစေခြင်း

(၂၁)ဇီဝကမ္မဖြစ်စဉ်ကို ထိန်းပေးခြင်း

(၂၂)ဗိုက်ကြွက်သားလိပ်တက်ခြင်းကိုကာကွယ်ခြင်း

(၂၃)တစ်သျူးအသစ်များမွေးပေးခြင်း

(၂၄)အဆစ်အမျက်နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း

(၂၅)ကော်လက်စတြောရေချိန်ကို ညှိပေးခြင်း

(၂၆)အင်တီအောက်ဆိဒင့်ကြွယ်ဝခြင်း

(၂၇)အရွက်ရည်ကမြွေကင်းအဆိပ်ကိုပင် ဖြေပေးနိုင်ခြင်းစသည်ဖြင့်ကောင်းကျိုးများစွာရရှိနိုင်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

(Zawgyi)

တ႐ုတ္လူမ်ိဳးေတြ သုံးစြဲၾကတဲ့ ႐ိုးရာ ေက်ာက္ကပ္အားေဆး

====================================

မသိသူေက်ာ္သြား သိသူေဖာ္စား

ဟိုးတစ္ေလာက မႏၲေလးက မိတ္ေဆြတစ္ေယာက္ကေျပာပါတယ္။ ျမန္မာျပည္မွာ ေက်ာက္ကပ္ပ်က္စီးၾကတဲ့သူေတြတစ္ေန႔ထက္တစ္ေန႔ ပိုပိုမ်ားလာပါတယ္တဲ့။ မႏၲေလးတစ္ၿမိဳ႕ထဲမွာတင္ ေက်ာက္ကပ္ပ်က္စီးသူေတြ အမ်ားႀကီးပါပဲတဲ့။ တစ္ခ်ိဳ႕ဆိုရင္ ေက်ာက္ကပ္က၁၀%ေလာက္ပဲ အလုပ္လုပ္ေတာ့တဲ့အတြက္ မၾကာခဏေက်ာက္ကပ္ေဆးေနရလို႔ ပိုက္ဆံအရမ္းကုန္ပါတယ္တဲ့။ ဒါေၾကာင့္သဘာဝနည္းနဲ႔ ေက်ာက္ကပ္ျပန္လည္ေကာင္းမြန္လာေစႏိုင္တဲ့ နည္းလမ္းကို အမ်ားျပည္သူအက်ိဳးအတြက္ ရွာႀကံၿပီးေဝမွ်ေပးပါလို႔ ေတာင္းဆိုလာပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ပါပဲ၊ ကြၽန္ေတာ့္အမ်ိဳးသမီးနဲ႔ ပတ္သက္ၿပီး တ႐ုတ္ဆရာဝန္မႀကီးတစ္ေယာက္နဲ႔ အဆက္အသြယ္ရခဲ့ပါတယ္။ သူဟာတ႐ုတ္ျပည္မွာ နာမည္ႀကီးစာရင္းဝင္ ဆရာဝန္မႀကီးတစ္ေယာက္ပါ။ တ႐ုတ္ဆရာဝန္ေတြက အေနာက္တိုင္းေဆးပညာကို တ႐ုတ္႐ိုးရာတိုင္းရင္းေဆးပညာနဲ႔ ေပါင္းစပ္ၿပီး တ႐ုတ္ဘာသာစကားနဲ႔ သင္ၾကားခဲ့ရတဲ့အတြက္ဘက္စုံ ႏွံ႔စပ္ေအာင္ သိၾကသူေတြျဖစ္ပါတယ္။ မ်က္ႏွာၾကည့္လိုက္ရင္ေသာ္၄င္း၊ လက္ေကာက္ဝတ္ကို စမ္းလိုက္ရင္ေသာ္၄င္း ဘာျဖစ္ေနတယ္ဆိုတာကို ဒက္ကနဲေျပာႏိုင္ပါတယ္။

တ႐ုတ္ဆရာဝန္မႀကီးကို ေက်ာက္ကပ္ပ်က္စီးမႈအေၾကာင္းကို ေမးျမန္းလိုက္ပါတယ္။ ေက်ာက္ကပ္ပ်က္စီးေနၾကရတာဟာ ကိုယ္တြင္းအဆိပ္ေတြ မ်ိဳးစုံေၾကာင့္ျဖစ္ရတာျဖစ္ေၾကာင္း၊ ဓာတုေဗဒေဆးေတြကို ေရရွည္သုံးစြဲသူေတြ ေက်ာက္ကပ္ပ်က္စီးေၾကာင္း၊ သဘာဝမဟုတ္တဲ့ေဆးေတြကို သတိထားဖို႔လိုေၾကာင္း၊ အဆိုးဆုံးကေတာ့Capsuleေတြကို ပလပ္စတစ္ျဖင့္ ျပဳလုပ္ထားရင္ အရမ္းကိုဥပဒ္ျဖစ္တတ္ေၾကာင္း၊ ျဖည့္စြက္ေဆးေတြကိုလည္း သဘာဝမဟုတ္ရင္ မသုံးသင့္ေၾကာင္း၊ ျဖည့္စြက္ေဆးဆိုတိုင္းလည္း မိမိရဲ႕ဇီဝကမၼျဖစ္စဥ္နဲ႔ သဟဇတျဖစ္ခ်င္မွျဖစ္တတ္ေၾကာင္း၊ လူတိုင္းနဲ႔ တည့္မွာမဟုတ္ေၾကာင္းစသည္ျဖင့္ အမ်ားႀကီးေျပာသြားပါတယ္။

ဒီေတာ့ ေက်ာက္ကပ္ပ်က္စီးတဲ့သူေတြ သဘာဝအတိုင္းျပန္ေကာင္းရေအာင္ ဘယ္လိုလုပ္ရမလဲ ဆရာမႀကီးလို႔ ေမးလိုက္ပါတယ္။ ေက်ာက္ကပ္ျပန္ေကာင္းဖို႔အတြက္ တ႐ုတ္ေတြ အားထားဆုံးကေတာ့Chinese Yam ၿပဲဖစ္ပါတယ္တဲ့ Chinese Yamမွာပါတဲ့ အင္ဇိုင္းေတြက ေက်ာက္ကပ္ကို ျပန္လည္တည္ေဆာက္ေပးႏိုင္ေၾကာင္း မ်ားမ်ားစားစရာ မလိုဘဲ တစ္ေန႔ကို ၁လက္မေလာက္စားေပးတာနဲ႔ ေက်ာက္ကပ္က တျဖည္းျဖည္း ျပန္ေကာင္းလာႏိုင္ေၾကာင္း၊ ေက်ာက္ကပ္ပ်က္စီးေနသူေတြေရ ေက်ာက္ကပ္ကို ကာကြယ္ထားလိုသူေတြေရာ စားသင့္ေၾကာင္း ဆရာမႀကီးကေျပာျပပါတယ္။ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာမရွိဘူး ဆရာမႀကီးလို႔ဆိုေတာ့ တစ္ကမာၻလုံးမွာ ရွိပါတယ္တဲ့။ ေက်ာက္ကပ္ပ်က္စီးေနသူေတြဟာ ေရွာင့္သင့္တာေတြကိုေရွာင္ၿပီး chinese yam ကို ပုံမွန္စားသြားေစခ်င္ပါတယ္တဲ့။

ျမန္မာအမည္ကေတာ့ကဒက္ဥပါတဲ့။ ရခိုင္ေတြကေတာ့ သင္းေဖာဥလို႔ေခၚၾကပါတယ္၊ သင္းဒက္ဥလို႔လည္း ေခၚတယ္လို႔ သိရပါတယ္။ အခ်ိဳ႕ေဒသေတြမွာေ့တာ ေတာေမ်ာက္ဥလို႔လည္း ေခၚပါတယ္တဲ့။ ေတာက မိတ္ေဆြေတြကို ေမးၾကည့္ေတာ့ တို႔ေတာမွာ ေပါလြန္းလို႔ကြာတဲ့။ ပိန္းဥလိုပဲ ဟင္းခ်ိဳလုပ္ေသာက္ၾကတယ္၊ အာလူးလိုလည္း ေၾကာ္စားၾကတယ္။ တ႐ုတ္လူမ်ိဳးေတြကေတာ့ ဝက္နံ႐ိုးနဲ႔ စြပ္ျပဳတ္လုပ္ေသာက္ၾကေၾကာင္း သိရပါတယ္။ နဲနဲျပဳတ္လိုက္တာနဲ႔ စားလို႔ရပါၿပီ။

အဲ့ေလာက္နဲ႔ ကြၽန္ေတာ္က မေက်နပ္ေသးဘူးဗ်။ အင္တာနက္ကေန အေသးစိပ္ထပ္ေလ့လာပါတယ္။ အဲဒီမွာ ဘာသြားေတြ႕Chinese Yam ဟာ ေက်ာက္ကပ္တစ္ခုတည္းသာမက အဆုတ္၊ အစာအိမ္၊ သရက္႐ြက္တို႔ကိုလည္း ျပန္ေကာင္းေစႏိုင္ေၾကာင္း ခမ္းခမ္းနားနား ေဖာ္ျပထားပါတယ္။ အဲဒီ ကလီစာ၄ခုအျပင္ အျခားေသာ ကလီစာေတြကိုလည္းသူ႔မွာပါတဲ့ အင္ဇိုင္းေတြ ဟိုမုန္းေတြနဲ႔ ပံ့ပိုးသမႈ ျပဳေပးပါေသးတယ္။ ကဒက္ဥက တစ္ပင္လုံး တန္ဖိုးရွိတာျဖစ္ၿပီး ေအာက္ပါ အက်ိဳးေက်းဇူးမ်ားကို ရရွိမွာျဖစ္ေၾကာင္း ေသေသခ်ာခ်ာ ေျပာထားပါတယ္။

(၁) Energy ကိုျမႇင့္တင္ေပးျခင္း
(၂)ပင္ပန္းႏြမ္းနယ္မႈကို ေပ်ာက္ေစျခင္း (၃)ရင္က်ပ္ပန္းနာကို သက္သာေစျခင္း (၄)ေခ်ာင္းေျခာက္ဆိုးျခင္းကို ေပ်ာက္ေစျခင္း (၅)သံေကာင္တုတ္ေကာင္မ်ားကို ဖယ္ရွားေပးျခင္း
(၆)ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးျခင္း
(၇)ဝမ္းတြင္းအပူအပုပ္မ်ားကို ဖယ္ရွားေပးျခင္း (၈)ဆီးေကာင္းေစျခင္း
(၉)အ႐ိုးပြမႈကို ကာကြယ္ျခင္း
(၁၀)သိုင္း႐ြိဳက္ဟိုမုန္းေရခ်ိန္ညႇိေပးျခင္း (၁၁)ေသြးတြင္းသၾကားဓာတ္ကို ညႇိေပးျခင္း (၁၂)သည္းေျခေရာင္ရမ္းမႈမျဖစ္ေအာင္ ကာကြယ္ျခင္း
(၁၃)အူက်န္းမာေရးကို ေစာင့္ေရွာက္ျခင္း (၁၄)အတြင္းေၾကမႈမ်ားကိုျပန္ေကာင္းေစျခင္း (၁၅)ကင္ဆာဆဲလ္မ်ားကို သတ္ေပးျခင္း (၁၆)စိတ္ခံစားမႈ ၊မၿငိမ္သက္မႈမ်ားကိုေကာင္းေစျခင္း
(၁၇)အစာေၾကေစျခင္း
(၁၈)နာတာရွည္ဝမ္းေလ်ာမႈကို ေပ်ာက္ေစျခင္း (၁၉)ေသြးဆုံးကိုင္ျခင္းကို သက္သာေစျခင္း (၂၀)အသ႐ိုက္တစ္ကို သက္သာေစျခင္း
(၂၁)ဇီဝကမၼျဖစ္စဥ္ကို ထိန္းေပးျခင္း
(၂၂)ဗိုက္ႂကြက္သားလိပ္တက္ျခင္းကိုကာကြယ္ျခင္း
(၂၃)တစ္သ်ဴးအသစ္မ်ားေမြးေပးျခင္း (၂၄)အဆစ္အမ်က္နာက်င္ကိုက္ခဲမႈကို သက္သာေစျခင္း
(၂၅)ေကာ္လက္စေၾတာေရခ်ိန္ကို ညႇိေပးျခင္း (၂၆)အင္တီေအာက္ဆိဒင့္ႂကြယ္ဝျခင္း (၂၇)အ႐ြက္ရည္ကေႁမြကင္းအဆိပ္ကိုပင္ ေျဖေပးႏိုင္ျခင္းစသည္ျဖင့္ေကာင္းက်ိဳးမ်ားစြာရရွိႏိုင္ေၾကာင္း ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

Credit-ကိုမင္းေက်ာ္ဝင္း(Min Kyaw Win)