[Zawgyi Version]
ကမာၻေက်ာ္ အႏုပညာရွင္ေတြရဲ႕ ထူးထူးဆန္းဆန္း တက္တူးမ်ား
တက္တူးထိုးသူေတြဟာ တက္တူးကို ခံယူခ်က္အမ်ိဳးမ်ိဳးနဲ႔ ထိုးၾကတာပါ။ အႏုပညာရွင္ေတြ၊ ကမာၻေက်ာ္ ပုဂၢိဳလ္ေတြမွာလည္း တက္တူးကို သူတို႔ခံယူခ်က္ေတြ ကိုယ္စီနဲ႔ ထိုးေလ့ရွိၾကပါတယ္။ ဒီတခါမွာ ကမာၻေက်ာ္ အႏုပညာရွင္ေတြရဲ႕ သူတို႔ ထိုးထားတဲ့ ထူးထူးဆန္းဆန္း တက္တူးေတြ အေၾကာင္း ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) Brooklyn Beckham
နာမည္ေက်ာ္ ေဘာလုံးသမား ေဒးဗစ္ဘက္ခမ္းနဲ႔ ဗစ္တိုးရီးယား ဘက္ခမ္းတို႔ရဲ႕ အႀကီးဆုံးသားျဖစ္သူ ဘ႐ြတ္ကလင္း ဘက္ခမ္းကေတာ့ စက္တင္ဘာလ ၁၁ ရက္ေန႔က ရင္ဘတ္မွာ နတ္သားေတြပုံကို ထပ္မံ ထိုးခဲ့ၿပီး သူ႔ Instagram အေကာင့္မွာ တက္တူးဆရာကို Tag လုပ္ၿပီး တင္ထားတာကို ေတြ႕ရပါတယ္။
(၂) Zyan Malik
One Direction အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ေဟာင္းတဦးျဖစ္တဲ့ Zyan Malik ကေတာ့ ၂၀၁၈ ခုႏွစ္၊ မတ္လက သူ႔ရဲ႕ ဦးေခါင္းမွာ တက္တူးအသစ္ ထိုးထားတာ ပရိသတ္ကို ျပသခဲ့ပါတယ္။ ဒီတက္တူးကိုေတာ့ သူ႔ရဲ႕ ခ်စ္သူ ေမာ္ဒယ္လ္ Gigi Hadid နဲ႔ လမ္းခြဲၿပီး တပတ္အၾကာမွာ ထိုးခဲ့တာျဖစ္ၿပီး အခုေတာ့ သူတို႔ ခ်စ္သူႏွစ္ဦးက ျပန္လည္တြဲေနၾကၿပီ ျဖစ္ပါတယ္။
(၃) Ben Affleck
လက္ရွိမွာ Batman အျဖစ္ သ႐ုပ္ေဆာင္ေနတဲ့ မင္းသား Ben Affleck ကေတာ့ ၂၀၁၈ ခုႏွစ္၊ မတ္လအတြင္းက ဟာဝိုင္အီ ကမ္းေျခမွာ ေရကူးေနတဲ့ ပုံထြက္ေပၚလာၿပီးေနာက္မွာ သူ႔ေက်ာေပၚက တက္တူးကို ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရပါတယ္။
(၄) Miley Cyrus
ကမာၻေက်ာ္ အဆိုေတာ္ Miley Cyrus ကေတာ့ ၂၀၁၃ ခုႏွစ္၊ စက္တင္ဘာလမွာ Rolling Stone မဂၢဇင္းနဲ႔ အင္တာဗ်ဴးအၿပီးမွာ ေျခဖဝါးမွာ “Rolling Stone” ဆိုတဲ့ စာသားကို တက္တူးထိုးခဲ့ပါတယ္။
(၅) Steve O
Jackass ဟာသ ဇာတ္ကားေတြကို ဦးေဆာင္႐ိုက္ကူးသူ စတန႔္သမားတဦးျဖစ္တဲ့ Steve O ကေတာ့ သူ႔ေက်ာကုန္းမွာ သူ႔မ်က္ႏွာပုံကို ထိုးထားပါတယ္။
(၆) Ke$ha
အဆိုေတာ္ Ke$ha ကေတာ့ “Suck It” ဆိုတဲ့ စာသားကို ႏႈတ္ခမ္း အတြင္းသားထဲမွာ ထိုးထားပါတယ္။ ဒီတက္တူးကိုေတာ့ သူမဟာ ၂၀၁၂ ခုႏွစ္ ဇြန္လမွာ ထိုးခဲ့တာ ျဖစ္ပါတယ္။
Credit – ေရဗန္ (ဧရာဝတီ), The Irrawaddy – Burmese Edition
[Unicode version]
ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ ထူးထူးဆန်းဆန်း တက်တူးများ
တက်တူးထိုးသူတွေဟာ တက်တူးကို ခံယူချက်အမျိုးမျိုးနဲ့ ထိုးကြတာပါ။ အနုပညာရှင်တွေ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေမှာလည်း တက်တူးကို သူတို့ခံယူချက်တွေ ကိုယ်စီနဲ့ ထိုးလေ့ရှိကြပါတယ်။ ဒီတခါမှာ ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ သူတို့ ထိုးထားတဲ့ ထူးထူးဆန်းဆန်း တက်တူးတွေ အကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) Brooklyn Beckham
နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့ရဲ့ အကြီးဆုံးသားဖြစ်သူ ဘရွတ်ကလင်း ဘက်ခမ်းကတော့ စက်တင်ဘာလ ၁၁ ရက်နေ့က ရင်ဘတ်မှာ နတ်သားတွေပုံကို ထပ်မံ ထိုးခဲ့ပြီး သူ့ Instagram အကောင့်မှာ တက်တူးဆရာကို Tag လုပ်ပြီး တင်ထားတာကို တွေ့ရပါတယ်။
(၂) Zyan Malik
One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ Zyan Malik ကတော့ ၂၀၁၈ ခုနှစ်၊ မတ်လက သူ့ရဲ့ ဦးခေါင်းမှာ တက်တူးအသစ် ထိုးထားတာ ပရိသတ်ကို ပြသခဲ့ပါတယ်။ ဒီတက်တူးကိုတော့ သူ့ရဲ့ ချစ်သူ မော်ဒယ်လ် Gigi Hadid နဲ့ လမ်းခွဲပြီး တပတ်အကြာမှာ ထိုးခဲ့တာဖြစ်ပြီး အခုတော့ သူတို့ ချစ်သူနှစ်ဦးက ပြန်လည်တွဲနေကြပြီ ဖြစ်ပါတယ်။
(၃) Ben Affleck
လက်ရှိမှာ Batman အဖြစ် သရုပ်ဆောင်နေတဲ့ မင်းသား Ben Affleck ကတော့ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ဟာဝိုင်အီ ကမ်းခြေမှာ ရေကူးနေတဲ့ ပုံထွက်ပေါ်လာပြီးနောက်မှာ သူ့ကျောပေါ်က တက်တူးကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
(၄) Miley Cyrus
ကမ္ဘာကျော် အဆိုတော် Miley Cyrus ကတော့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးအပြီးမှာ ခြေဖဝါးမှာ “Rolling Stone” ဆိုတဲ့ စာသားကို တက်တူးထိုးခဲ့ပါတယ်။
(၅) Steve O
Jackass ဟာသ ဇာတ်ကားတွေကို ဦးဆောင်ရိုက်ကူးသူ စတန့်သမားတဦးဖြစ်တဲ့ Steve O ကတော့ သူ့ကျောကုန်းမှာ သူ့မျက်နှာပုံကို ထိုးထားပါတယ်။
(၆) Ke$ha
အဆိုတော် Ke$ha ကတော့ “Suck It” ဆိုတဲ့ စာသားကို နှုတ်ခမ်း အတွင်းသားထဲမှာ ထိုးထားပါတယ်။ ဒီတက်တူးကိုတော့ သူမဟာ ၂၀၁၂ ခုနှစ် ဇွန်လမှာ ထိုးခဲ့တာ ဖြစ်ပါတယ်။
Credit – ရေဗန် (ဧရာဝတီ), The Irrawaddy – Burmese Edition