ဆေးရောင်စုံခြယ်သထားပြီး လှပနေပြီဖြစ်တဲ့ မွမ်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်များ

ဆေးရောင်စုံခြယ်သထားပြီး လှပနေပြီဖြစ်တဲ့ မွမ်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်များ

ဆေးရောင်စုံခြယ်သထားပြီး လှပနေပြီဖြစ်တဲ့ မွမ်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်များ

==================
==================

ယခင်က ညစ်ပတ်ပေရေနေခဲ့တဲ့ မွမ်ဘိုင်းမြို့က ဆင်းရဲသား ရပ်ကွက်တွေကတော့ ယခုအခါမှာ ကာလာစုံ ဆေးခြယ်ထားတဲ့ အသွင်အပြင်တွေနဲ့အတူ အများအမြင်မှာ လှပသစ်ဆန်းတောက်ပနေပြီ ဖြစ်ပါတယ်။

ဒါဟာ အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော်မှာ ရှိတဲ့ ဆင်းရဲချို့ငဲ့တဲ့ ဧရိယာတွေအပေါ်မှာထားတဲ့ အများပြည်သူရဲ့ အမြင်ကို ပြောင်းလဲပစ်နိုင်ဖို့ရည်ရွယ်ပြီး စေတနာရှင် အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ဆောင်ပေးခဲ့မှုကနေ ထွက်ပေါ်လာတဲ့ အကျိုးရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။

မြို့တွင်း လူသန်း ၂၀ လောက် နေထိုင်ကြတဲ့ ဧရိယာလေးခုက နေအိမ်ပေါင်း ၁၂,၀၀၀ လောက်ကို စေတနာ့ဝန်ထမ်းတွေက တောက်ပတဲ့ ရောင်စုံမြင်ကွင်းမျိုး ဖြစ်အောင် ဆေးရောင်ခြယ် ပြောင်းလဲပေးခဲ့ကြပါတယ်။

အကျိုးအမြတ်မယူတဲ့ အဖွဲ့ Chal Rang De ရဲ့ ရည်မှန်းချက် အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် အနုပညာရှင်တွေကလည်း ယင်း ရပ်ကွက်တွေကို ဆေးရေးပန်းချီတွေကို ဖန်တီးခြယ်မှုန်းခဲ့ကြပါတယ်။

” ကျွန်တော်တို့ကတော့ မွမ်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်တွေအပေါ် လူအများရဲ့ အမြင်ကို ပြောင်းလဲပေးချင်ခဲ့တာပါ” ဆိုပြီး Chal Rang De ပူးတွဲတည်ထောင်သူ Dedeepya Reddy က ပြောပါတယ်။

” ရှင်တို့ကတော့ ရှင်တို့ ထင်တဲ့ ဆင်းရဲသားရပ်ကွက်မျိုး ဆိုတာက ညစ်ပတ်ပေရေနေတဲ့ အဆင်အပြင်တွေဖြစ်မယ်လို့ပဲတွေးမိပါလိမ့်မယ်၊ ဒီမှာတော့ ခု အဲလိုပုံစံမျိုးတွေ မဟုတ်တော့ပါဘူး၊ ခုဆိုရင် ဒီလိုမျိုး ဆေးရောင်စုံခြယ်လှပနေတဲ့ ရပ်ကွက်တွေက လူတွေကလည်း တကယ့်ကို အံ့သြစရာ လူတွေဖြစ်ကုန်ကြပါပြီ၊ သူတို့ တအားကို ပျော်ရွှင်နေကြပါပြီ” လို့ သူမက ထပ်လောင်းဖြည့်စွက်ပြောကြားသွားပါတယ်။

ခန့်မှန်းချက်တွေအရ မွမ်ဘိုင်းမြို့ လူဦးရေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ၀န်းကျင်က ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

===========

Mizzima – News in Burmese

Leave a Reply

Close Menu