ကမ္ဘာ့ရေနံစိမ်းဈေးပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေး မကျသေး

ကမ္ဘာ့ရေနံစိမ်းဈေးပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေး မကျသေး

==================
==================

ကမ္ဘာ့ရေနံစိမ်းဈေးပြန် ကျလာသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းသည် ပြန်လည် ကျဆင်းခြင်း မရှိသေး ကြောင်း ယာဉ်မောင်းအချို့နှင့် စက်သုံးဆီဈေးကွက်စောင့်ကြည့် သူများက ပြောသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် မေလ ၂၆ ရက်တွင် တစ်စည်လျှင် ၇၆ ဒသမ ၄၄ ဒေါ်လာရှိပြီး လွန်ခဲ့ သည့်လေးရက်ကထက် တစ်စည် လျှင် သုံးဒေါ်လာခန့် ပြန်လည်ကျ ဆင်းလာသည်။

ပြည်တွင်း စက်သုံးဆီဈေး ကွက်တွင် မေလ ၂၆ ရက်၌ အောက်တိန်း-92 တစ်လီတာ လျှင် ၈၇၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၉၂၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၉၀၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၉၂၀ ကျပ်ခန့်ဖြင့် ရောင်းချနေ သည်။ လက်ရှိ ရောင်းချနေသော ပြည်တွင်း စက်သုံးဆီဈေးသည် ကမ္ဘာ့ရေနံစိမ်းဈေးတစ်စည်လျှင် ၇၉ ဒသမ ၈၀ ဒေါ်လာခန့်ဖြစ်ပေါ် ခဲ့သည့် ရက်က နှုန်းထားအတိုင်း ဖြစ်ပြီး ပြန်လည်လျှော့ချရောင်း ချခြင်းမရှိသေးသည်ကို တွေ့ရ ကြောင်း စက်သုံးဆီဈေးနှုန်းစောင့် ကြည့်လေ့လာသူတစ်ဦးက ပြော ကြားသည်။

‘‘ဈေးကတော့ ပြန်ကျမှာပါ။ စက်သုံးဆီကုမ္ပဏီတွေကလည်း ဈေးနှုန်းပြန်ချိန်နေတယ်လို့ ထင် တယ်။ ကမ္ဘာ့ဈေးပြန်ကျနေချိန် မှာ လိုက်မချလို့မှ မရတာ။ ဘယ် လောက်ကြာကြာ ပြည်တွင်းဈေး ငြိမ်နေဦးမယ်ဆိုတာတော့ ကြည့် ရမယ်’’ဟု ၎င်းက ပြောသည်။

ထိုသို့ ကမ္ဘာ့ရေနံစိမ်းဈေး ပြန်လည်ကျဆင်းလာချိန်တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းကို အချိန်မဆွဲဘဲ ပြန်လည်လျှော့ချရောင်းချသင့်ကြောင်း ယာဉ် မောင်းအချို့က ဆိုသည်။

‘‘ဒီမှာက ဈေးတက်ရင်သာ မြန်တာ ပြန်ချဖို့တော့ ကြာလေ့ရှိ တယ်လေ’’ဟု အငှားယာဉ်မောင်း ဦးအောင်မြင့်က ပြောသည်။

မေလ ၂၅ ရက်တွင် ပြုလုပ် သော ရေနံထုတ်လုပ်သည့် အိုပက်နိုင်ငံများ အစည်းအဝေး၌ ရေနံ တိုးထုတ်ရန် သဘောတူညီမှုရရှိခဲ့ ပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ပြန်လည် ကျဆင်းလာသည်ဟု နိုင်ငံတကာသတင်းများတွင် ဖော် ပြသည်။

===========

7Day News Journal


Leave a Reply

Your email address will not be published. Required fields are marked *

*