ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟို တစ်ပြိုင်တည်းမိန်းမနှစ်ဦးယူမည်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟို တစ်ပြိုင်တည်းမိန်းမနှစ်ဦးယူမည်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟို တစ်ပြိုင်တည်းမိန်းမနှစ်ဦးယူမည်

=======================
=======================

ဘရာဇီးဘောလုံး အကျော်အမော်ဟောင်း ရော် နယ်ဒင်ဟို (၃၈) နှစ်သည် သြဂုတ် ၌ ကျင်းပမည့် မင်္ဂလာဆောင် အခမ်းအနားတစ်ခုတွင် အမျိုး သမီးနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်ရန် စီစဉ်ထားကြောင်း ရီယိုဒီဂျနေးရိုး အခြေစိုက် O Dia သတင်းစာက ဖော်ပြသည်။

ဖီဖာတစ်နှစ်တာ အကောင်း ဆုံး ဘောလုံးသမားဆု နှစ်ကြိမ် နှင့် ရွှေဘောလုံးဆု တစ်ကြိမ်ရရှိ ဖူးသော ပီအက်စ်ဂျီ၊ ဘာစီလိုနာ နှင့် အေစီမီလန်ကစားသမား ဟောင်း ရော်နယ်ဒင်ဟိုသည်ပြီးခဲ့ သည့် ဇန်နဝါရီ ၁၆ ရက်က ဘောလုံးသမားဘဝမှ အနားယူ ကြောင်း ကြေညာခဲ့သည်။

သတို့သမီးလောင်းနှစ်ဦးဖြစ် သူ ပရစ်စီလာကိုးလ်ဟိုနှင့် ဘိထ ရစ်ဇ်ဆော်ဇာတို့သည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာကတည်းက ရီယိုဒီဂျ နေးရိုးမြို့ရှိ ရော်နယ်ဒင်ဟို၏ နေအိမ်တွင် အတူတူနေထိုင် ကြောင်း ဆိုသည်။

တစ်ပြိုင်တည်း မိန်းမအများ အပြား ယူသည့်ဓလေ့ကိုပိုင်နိုင် သည်ဟု ပြောကြားသူ ရော်နယ် ဒင်ဟိုသည် ၂၀၁၃ ကကိုးလ်ဟိုနှင့် ပထမတစ်ကြိမ်တွေ့ဆုံပြီး ၂၀၁၆ တွင် ဆော်ဇာနှင့်တွေ့ဆုံခဲ့သည်။

ဘရာဇီးနိုင်ငံတွင် တရားဝင် အိမ်ထောင်ရှိလျှင် နောက်ထပ် အိမ်ထောင်ပြုခြင်းသည် တရားမ ဝင်ဘဲ ထောင်ဒဏ်ခြောက်နှစ် အထိချမှတ်နိုင်သည်။

သို့သော် မင်္ဂလာဆောင်အ ခမ်းအနားတစ်ခု၌ အမျိုးသမီးနှစ် ဦးကို တစ်ပြိုင်တည်း လက်ထပ် ခြင်းသည် တရားဝင်ထိမ်းမြားမှု နှစ်ခုအဖြစ် ထည့်သွင်းရေတွက် မည်မဟုတ်ပေ။

ယင်းမင်္ဂလာပွဲအခမ်းအနား ကို ရော်နယ်ဒင်ဟို နေအိမ်၌ ကျင်းပမည်ဟု မျှော်လင့်ရသည်။

—Ref:USA TODAY Sports

==============

7Day News Journal

Leave a Reply

Close Menu