ဒူရင်းသီးအပုပ်နံ့ကြောင့် လူရာချီ မဲလ်ဘုန်းစာကြည့်တိုက်မှ ဘေးကင်းရာ ရွှေ့ပြောင်း

ဒူရင်းသီးအပုပ်နံ့ကြောင့် လူရာချီ မဲလ်ဘုန်းစာကြည့်တိုက်မှ ဘေးကင်းရာ ရွှေ့ပြောင်း

ဒူရင်းသီးအပုပ်နံ့ကြောင့် လူရာချီ မဲလ်ဘုန်းစာကြည့်တိုက်မှ ဘေးကင်းရာ ရွှေ့ပြောင်း

=======================
=======================

ဒူရင်းသီးအပုပ်တလုံးက ထွက်လာတဲ့ အနံ့ကို ဓာတ်ငွေ့တွေ ယိုစိမ့်ထွက်လာတယ်အထင်နဲ့ ကြောက်လန့်ပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ် စာကြည့်တိုက်ကနေ လူရာပေါင်းများစွာကို ဧပြီ ၂၈ ရက်နေ့က ဘေးကင်းရာဆီ ရွှေ့ပြောင်းလိုက်ရတယ်လို့ သိရပါတယ်။

စာကြည့်တိုက်ထဲကနေ ဓာတ်ငွေ့အနံ့တွေ ထွက်လာပြီး ညနေ ၃ နာရီ နောက်ပိုင်းမှာ တော်ဝင်မဲလ်ဘုန်း အင်စတီကျု နည်းပညာ တက္ကသိုလ်က မီးသတ်သမားတွေကို ခေါ်လိုက်တာလို့ မြို့တော်မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်က ပြောလိုက်ပါတယ်။

အနံ့ရရာ အဆောက်အအုံကလည်း အန္တရာယ်ရှိနိုင်တဲ့ ဓာတုပစ္စည်းတွေ သိုမှီးထားလို့ ဒါဇင်ခန့် မီးသတ်သမားတွေက အနံ့ဘယ်ကလာလည်း ရှာဖွေနေချိန်မှာ ဆရာနဲ့ ကျောင်းသား ၅၀၀ လောက်ကို ရဲတွေက ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

နောက်ဆုံး မီးသတ်သမားတွေက ဘီဒိုထဲ ထည့်ထားတဲ့ ဒူးရင်းသီးရဲ့ ဆိုးရွားလှတဲ့ အနံ့ကို ခြေရောခံမိသွားပါတယ်။

“မီးသတ်သမားတွေ သေချာရှာပြီးချိန်မှာ ဒါက ဓာတုအငွေ့အနံ့မဟုတ်ပဲ ဒူးရင်းသီးအပုပ်က ထွက်လာတဲ့ အနံ့တွေပါ။ အရမ်းကို အနံ့ပြင်းတဲ့အသီး၊ ဘီဒိုထဲမှာ ပုပ်နေတာ” လို့ မက်ထရိုပိုလီတန် မီးသတ်ဌာနက ပြောပါတယ်။

ဒီအနံ့က လေအေးပေးစက်ရှိတဲ့ အဆောက်အအုံထဲမှာ စိမ့်ဝင်နေတာလို့လည်း ပြောပါတယ်။ အနံ့ကို ရှာအတွေ့အပြီးမှာ မီးသတ်သမားတွေက အဆောက်အအုံကို ရှင်းလင်းပြီး ညနေ ၆ နာရီမှာ ပြန်ဖွင့်တယ်လို့ သိရပါတယ်။

မြို့တော်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အာဏာပိုင်တွေက ဒူးရင်းသီးအပုပ်ကို ဖယ်ရှားခဲ့ကြတယ်လို့ ချန်နယ်နယူးစ်အေးရှားသတင်းမှာ ဖော်ပြထားပါတယ်။

==============

DVB TV Burmese

Leave a Reply

Close Menu