ဖီဖာ ကမ္ဘာ့ဖလား နယူးယောက်မြို့တွင် ပြသ

ဖီဖာ ကမ္ဘာ့ဖလား နယူးယောက်မြို့တွင် ပြသ

=======================
=======================

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ချန်ပီယံဆုဖလားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပြသလိုက်ပါတယ်။

လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားရဲ့ ခရီးစဉ်ကို ကိုကာကိုလာကုမ္ပဏီက တာဝန်ယူ လုပ်ဆောင်ပေးတာပါ။

ဆုဖလားကို ရုရှား ကမ္ဘာ့ဖလားမတိုင်ခင် ကမ္ဘာတဝှမ်း မြို့ကြီး ၉၁ မြို့ကို လှည့်လည်ပြသဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ဇွန် ၁၄ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ အုပ်စု ၈ ခု ပါဝင်ပြီး အသင်းပေါင်း ၃၂ သင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

==============

DVB TV News


Leave a Reply

Your email address will not be published. Required fields are marked *

*