လာမယ့် ၂၀၂၀ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီး The Rock …

လာမယ့် ၂၀၂၀ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီး The Rock …

လာမယ့် ၂၀၂၀ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ ရှိနေတဲ့ နပန်းသမားကြီး The Rock …

Posted By: Zack
မတ် ၂၅

နာမည်ရင်း Dwyane Johnson ဖြစ်ပေမယ့် ကြိုးဝိုင်းတွင်းမှာ The Rock ဆိုတဲ့ နာမည်နဲ့ လူသိများတယ်၊ ၂၀၀၀ပြည့်နှစ် ၀န်းကျင်အတွင်းက အအောင်မြင်ဆုံး နပန်းသမား ဘ၀ကို ဖြတ်သန်းနေတယ်၊ အဲဒီနောက် ရုပ်ရှင်လောကထဲ ၀င်လာတယ်၊ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်အတွင်းမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသားပေါင်း များစွာကို ကျော်တက်ပြီး တစ်နှစ်တာ ၀င်ငွေ အကောင်းဆုံး မင်းသား ဖြစ်လာတဲ့ သူက အခုတော့ နောက်ထပ် ခြေလှမ်းအနေနဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်လာဖို့ ရှိနေပါပြီ။

၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲဝင်ဖို့ လှုံ့ဆော်ရေး အဖွဲ့ကိုလည်းတရားဝင် ဖွဲ့စည်းလိုက်တာ တွေ့ရသလို Run the Rock 2020 ခေါင်းစဉ်နဲ့ ဒီအဖွဲ့ကနေ လာမယ့် အိမ်ဖြူတော်မှာ သမ္မတနေရာရ ရရှိရေးအတွက် လုပ်ဆောင်သွားတော့မယ်လို့ ဆိုပါတယ်။

အခုလို ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်ခြင်းနဲ့ လက်ရှိ ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်မှုကိုတော့ The Rock ကိုယ်တိုင် လုပ်ဆောင်နေတာ မဟုတ်ပဲ Kenton Tilford အမည်ရှိ ကိုယ်စားလှယ်နဲ့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အတွင်းကလည်း The Rock က နည်းဥပဒေတွေ အတိုင်း လိုက်နာ ဆောင်ရွက်ကြိုးစားသွားမှာပါလို့ အခုအကြောင်းနဲ့ ပတ်သတ်ပြီး အရိပ်အမြွတ်ဖြေကြားခဲ့တာလည်း တွေ့ရပါတယ်။

လက်ရှိ သမ္မတ ထရမ့်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းမှုမှာလည်း ကျွန်တော်သာ သမ္မတစ်ယောက်ဆိုရင် အလွန်ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်၊ အရေးကြီးတာတွေကို လုံးဝမမှားယွင်းစေရအောင် လုပ်ဆောင်မယ်၊ ခေါင်းဆောင်ဟာ နိုင်ငံတနိုင်ငံအတွက် အရေးအပါဆုံးပါ၊ အားလုံး အတွက် တာဝန်ခံနိုင်စွမ်းရှိရမယ်လို့ ယူဆမိပါတယ်လို့ ဖြေသွားပါတယ်။

ဒါပေမယ့် ခေါင်းဆောင်ဟာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အားလုံးကို တာဝန်ယူရမယ် ဆိုတာကို လူတိုင်းကတော့ လက်ခံချင်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လက်မခံ ချင်သူတွေကို လက်ခံအောင် ကျွန်တော် လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်လည်း ပြည်သူ တစ်ယောက်ဖြစ်လို့ပါပဲ၊ ကျွန်တော်တို့ လုပ်ဆောင်သမျှရဲ့ အကျိုးဆက်ကို ကျွန်တော်တို ခံစားရမယ်၊ သဘောထားတွေ ကွဲလွဲမှုတွေ ရှိချင် ရှိမယ်၊ ဒါပေမယ့် ကိုယ့်ကို လက်မခံသူတွေကို လိုက်ပြီး တောင်းဆိုနေဖို့ မလိုအပ်ဘူး၊ ဒါပေမယ့် သူတို့ အတွက်ပါ အကောင်းဆုံး လုပ်ဆောင် ပေးသွားဖို့ပဲ လိုအပ်တာပါလို့ သူက ဆက်ပြောသွားတာလည်း တွေ့ရပါတယ်။

ဒီလို The Rock ရွေးကောက်ပွဲ ၀င်မယ့် သတင်းထွက်လာပြီး မကြာခင်မှာပဲ သူဟာ Saturday Night အစီအစဉ်ရဲ့ ရုပ်သံ ရိုက်ကူးမှုကို လက်ခံခဲ့ပြီး အစီအစဉ် ရိုက်ကူးခဲ့ပေမယ့် အဆိုပါ အစီအစဉ်မှာတော့ ရွေးကောက်ပွဲ ၀င်မယ့် အကြောင်းနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ဒုတိယ သမ္မတနေရာကိုပါ ထားရှိ ဆောင်ရွက်စေမယ့် နောက်ထပ် နာမည်ကျော် တစ်ဦးနဲ့ တွဲဖက် တက်ရောက်ခဲ့တာပါ။
ဒီအစီအစဉ်မှာ ….
ကဲ အစီအစဉ်လေး စလိုက်ရအောင်ဗျာ၊ အခု ကျွန်တော် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွက် အစီအစဉ်လေးတွေ လုပ်နေပါတယ်၊ ပြီးတော့ ကျွန်တော့်မှာ အကောင်းဆုံး အထောက်အပံ့ပေးမယ့် တွဲဖက်လည်း ရှိနေပါပြီ၊ သူကလည်း ကျွန်တော့်လို လူတိုင်းသိတဲ့ သူပါပဲ၊ အရမ်းလည်းတော်တယ်၊ တစ်ကမ္ဘာလုံးက သိတဲ့ သဘောကျတဲ့ သူပါ ဆိုပြီး The Rock က အစီအစဉ်ထဲကို နောက်ထပ် ၀ါရင့်မားသားကြီး Hansky (Tom Hanks) ကို ခေါ်ထုတ်လိုက်ပါတယ်။

Hansky က Dwyane ရေ ကျွန်တော်ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူးလို့ စကားစပါတယ်။ ကျွန်တော် ပါမယ်ဗျာ၊ ဆက်ကြိုးစားရအောင်လို့် ဆက်ပြောပါတယ်။

ဒါဆိုရင်တော့ The Rock ဟာ ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Tom Hanks နဲ့ တွဲဖက် မြင်လာရဖို့ ရှိနေပြီး အခြား ဟောလီးဝုဒ် မင်းသား တစ်လက် ဖြစ်တဲ့ Kanye West ကလည်း ရွေးကောက်ပွဲ ၀င်ဖို့ ရှိမယ်လို့ သတင်းထွက်နေတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းဦးမှာ အမှန်ဖြစ်နေပါပြီနော်။

By – KKS / MUNA

Ref; firsttoknow.com

Leave a Reply

Close Menu