လည်ချောင်းနာပြီး အသံဝင်တာကိုသက်သာစေနိုင်ဖို့ နည်းလမ်းများ

လည်ချောင်းနာပြီး အသံဝင်တာကိုသက်သာစေနိုင်ဖို့ နည်းလမ်းများ

ဆား

အရိုးစင်းဆုံး အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရောင်ရမ်းတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆားလက်ဖက်ရည်ဇွန်းတဝက်စာကို ရေနွေးနွေး တစ်ခွက်နဲ့ရောစပ်လို့ ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၅ ကြိမ်လောက်အထိလုပ်ပေးပါ။

ပန်းသီးရှာလကာရည်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို မှိုပိုးတွေကိုလည်း အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ရောဂါပိုးတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာတာကို အမြန်ဆုံးသက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစကို ရေနွေးနွေးတစ်ခွက်နဲ့ရောပြီး တစ်နေ့ကို နှစ်ကြိမ် ပလုတ်ကျင်းပေးပါ။

ချင်း (ဂျင်း)

ချင်း (ဂျင်း) ကနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကိုကောင်းစေနိုင်ပါတယ်။ လည်ချောင်းနာတနဲ့ အသံဝင်တာကကို အထိရောက်ဆုံးသက်သာစေနိုင်မယ့် မီးဖိုချောင်ဆေးဝါးတစ်မျိုးပါ။ ချင်း (ဂျင်း) ကို ပါးပါးလေးတွေလှီးပြီး ဝါးစားလို့ရသလို ရေနွေးဆူဆူထဲကို ချင်း (ဂျင်း) ထည့်ပြုတ်ပြီး ချင်း (ဂျင်း) ပြုတ်ရည်သောက်ပေးလို့လည်းရပါတယ်။

ပျားရည်

ပျားရည်က သက်ရှိတွေအတွက် သဘာဝကပေးတဲ့ ကျန်းမာရေးလက်ဆောင်တစ်ခုပါ။ ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ပျားရည်နှစ်ဆ သံပရာရည်တစ်ဆရောပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိသောက်ပေးလို့ရပါတယ်။ ရေနွေးထဲမှာထည့်ပြီး သောက်လို့လည်းရပါတယ်။

ကြက်သွန်ဖြူ

ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပြီး ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ အစိမ်းတို့စားလို့ရသလို ဟင်းခါးထဲထည့်ချက်စားလို့လည်းရပါတယ်။ အရည်ညှစ်ပြီး ရေနွေးနဲ့ရောစပ်သောက်သုံးပေးရင်လည်း အသံဝင်တာကို မြန်မြန်သက်သာစေနိုင်မှာပါ။

နနွင်း

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး လည်ချောင်းနာတာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ နနွင်း လက်ဖက်ရည်ဇွန်းတဝက်စာကို နွားနို့တစ်ခွက်နဲ့ရောစပ်ပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိသောက်လို့ ရပါတယ်။

အသံဝင်ပြီး လည်ချောင်းနာလို့ စိတ်မညစ်ပါနဲ့။ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကိုသုံးပြီး အသံဝင်ပြီး လည်ချောင်းနာ တာကို မောင်းထုတ်ကြရအောင်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ:Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

Credit HelloSayarwon

(Zawgyi)

လည္ေခ်ာင္းနာၿပီး အသံဝင္တာကိုသက္သာေစႏိုင္ဖို႔ နည္းလမ္းမ်ား

ဆား

အ႐ိုးစင္းဆုံး အိမ္တြင္းကုထုံးတစ္ရပ္ပါ။ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။ ေရာင္ရမ္းတာကို သက္သာေစႏိုင္သလို လည္ေခ်ာင္းနာတာကိုလည္း သက္သာေစႏိုင္ပါတယ္။ ဆားလက္ဖက္ရည္ဇြန္းတဝက္စာကို ေရေႏြးေႏြး တစ္ခြက္နဲ႔ေရာစပ္လို႔ ပလုတ္က်င္းေပးပါ။ တစ္ေန႔ကို ၃ ႀကိမ္ကေန ၅ ႀကိမ္ေလာက္အထိလုပ္ေပးပါ။

ပန္းသီးရွာလကာရည္

ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္သလို မႈိပိုးေတြကိုလည္း အေကာင္းဆုံးဖယ္ရွားေပးႏိုင္ပါတယ္။ ေရာဂါပိုးေတြေၾကာင့္ အသံဝင္ၿပီး လည္ေခ်ာင္းနာတာကို အျမန္ဆုံးသက္သာေစဖို႔ အေကာင္းဆုံး အေထာက္အပံ့ ေပးႏိုင္ပါတယ္။ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစကို ေရေႏြးေႏြးတစ္ခြက္နဲ႔ေရာၿပီး တစ္ေန႔ကို ႏွစ္ႀကိမ္ ပလုတ္က်င္းေပးပါ။

ခ်င္း (ဂ်င္း)

ခ်င္း (ဂ်င္း) ကနာက်င္ေရာင္ရမ္းမႈကို သက္သာေစႏိုင္သလို ဓာတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတာေၾကာင့္ ကိုယ္ခံအား ကိုေကာင္းေစႏိုင္ပါတယ္။ လည္ေခ်ာင္းနာတနဲ႔ အသံဝင္တာကကို အထိေရာက္ဆုံးသက္သာေစႏိုင္မယ့္ မီးဖိုေခ်ာင္ေဆးဝါးတစ္မ်ိဳးပါ။ ခ်င္း (ဂ်င္း) ကို ပါးပါးေလးေတြလွီးၿပီး ဝါးစားလို႔ရသလို ေရေႏြးဆူဆူထဲကို ခ်င္း (ဂ်င္း) ထည့္ျပဳတ္ၿပီး ခ်င္း (ဂ်င္း) ျပဳတ္ရည္ေသာက္ေပးလို႔လည္းရပါတယ္။

ပ်ားရည္

ပ်ားရည္က သက္ရွိေတြအတြက္ သဘာဝကေပးတဲ့ က်န္းမာေရးလက္ေဆာင္တစ္ခုပါ။ ေရာင္ရမ္းမႈကို သက္သာေစႏိုင္သလို ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္စြမ္းလည္းရွိပါတယ္။ ပ်ားရည္ႏွစ္ဆ သံပရာရည္တစ္ဆေရာၿပီး တစ္ေန႔ကို ၂ ႀကိမ္ကေန ၃ ႀကိမ္အထိေသာက္ေပးလို႔ရပါတယ္။ ေရေႏြးထဲမွာထည့္ၿပီး ေသာက္လို႔လည္းရပါတယ္။

ၾကက္သြန္ျဖဴ

ဘက္တီးရီးယားေတြ၊ မႈိပိုးေတြကို အေကာင္းဆုံးတိုက္ဖ်က္ေပးႏိုင္ၿပီး ကိုယ္ခံအားေကာင္းေစႏိုင္ပါတယ္။ အစိမ္းတို႔စားလို႔ရသလို ဟင္းခါးထဲထည့္ခ်က္စားလို႔လည္းရပါတယ္။ အရည္ညႇစ္ၿပီး ေရေႏြးနဲ႔ေရာစပ္ေသာက္သုံးေပးရင္လည္း အသံဝင္တာကို ျမန္ျမန္သက္သာေစႏိုင္မွာပါ။

နႏြင္း

နာက်င္ေရာင္ရမ္းမႈကို သက္သာေစႏိုင္ၿပီး လည္ေခ်ာင္းနာတာကို အထိေရာက္ဆုံးသက္သာေစႏိုင္မွာပါ။ နႏြင္း လက္ဖက္ရည္ဇြန္းတဝက္စာကို ႏြားႏို႔တစ္ခြက္နဲ႔ေရာစပ္ၿပီး တစ္ေန႔ကို ၂ ႀကိမ္ကေန ၃ ႀကိမ္ေလာက္အထိေသာက္လို႔ ရပါတယ္။

အသံဝင္ၿပီး လည္ေခ်ာင္းနာလို႔ စိတ္မညစ္ပါနဲ႔။ အခုေျပာခဲ့တဲ့ နည္းလမ္းေလးေတြကိုသုံးၿပီး အသံဝင္ၿပီး လည္ေခ်ာင္းနာ တာကို ေမာင္းထုတ္ၾကရေအာင္လား

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ:Dr. Thurein Hlaing Win

ေရးသားသူ Aye Thi Mon

Credit HelloSayarwon


Leave a Reply

Your email address will not be published. Required fields are marked *

*