ပရိသတ်တွေနဲ့ စုပေါင်းကာ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာအတွက် အလှူငွေများ လှူဒါန်းခဲ့တဲ့ နွေးနွေးချစ်ဖွယ်သာဓု သာဓု သာဓု

အသံပါဝါ အားကောင်းကောင်းနဲ့ တေးသီချင်းတွေကို သီဆိုသူကတော့ အဆိုတော် နွေးနွေးချစ်ဖွယ်ပဲ ဖြစ်ပါတယ်။ သူမက သရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပြီး ဂီတလောကမှာ အောင်မြင်မှုတွေရရှိအောင် ကြိုးစားလျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ သီချင်ဟောင်းလေးတွေကလည်း ပရိသတ်တွေကြားမှာ ယနေ့ထိတိုင်အောင် ကြားနေရဆဲပဲ ဖြစ်ပါတယ်။ နွေးနွေးက ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းလွန်းသူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို ချစ်ခင်ရတဲ့ မိတ်ဆွေများနဲ့အတူ အဓိဌာန်ဝင်ရောက်လေ့ရှိတာလည်း တွေ့ရပါတယ်။

အခုလည်း မိတ်ဆွေတွေ ၊ ပရိသတ်တွေနဲ့ စုပေါင်းကာ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာအတွက် အလှူငွေများ လှူဒါန်းခဲ့ပါတယ်။ သူကိုယ်တိုင် မအားတဲ့ ကြားက သွားရောက် လှူဒါန်းဖြစ်ခဲ့ပုံကိုလည်း ” ပီတိပြုံး လေးပါရှင့်😃 မအားတဲ့ကြား က ကိုယ် တိုင် ကိုယ်ကျရောက်အောင်သွားခဲ့တယ် ၇နေ့ ၈နံ ရက်သားသမီးတွေရဲ့ကျေးဇူးရှင် ပရိတ်ကြီးရဲ့ အလှူလေးပါ ” ရေးသားထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Channel

Photo – Nway Nway Chit Phwal

(Zawgyi)

သာဓု သာဓု သာဓု 🙏




Yuan – Cele Channel



Leave a Reply

Your email address will not be published. Required fields are marked *

*