မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေ သိထားပြီးပြီလား

(Unicode)

မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေ သိထားပြီးပြီလား

မက်မန်းသီးဆိုရင် မက်မန်းပေါင်းထုပ်တွေကိုပဲပြေးမမြင်ကြနဲ့ဦး။ အခုဆိုရင် အချဉ်ပေါင်းတင်မကဘူး၊ မှည့်လေချိုလေ မက်မန်းချိုသီးတွေ ခေတ်စားနေပြီ။ လတ်လတ်ဆတ်ဆတ် ချိုအိနေတာ အရသာကောင်းမှကောင်း။

ဘယ်အမျိုးအစားပဲဖြစ်ဖြစ်ပါ မက်မန်းသီးက ကျန်းမာရေးမှာ ဘာတွေအကျိုးပြုနေသလဲ ကြည့်လိုက်ရအောင်။

အဆီကျစေခြင်း

မက်မန်းသီးမှာ အဆီဆဲလ်တွေအပါအဝင် အဝလွန်ခြင်းနဲ့ရောင်ရမ်းမှုကိုတားဆီးပေးတဲ့ အာနိသင်ရှိ bioactive compounds တွေ၊ flavonoids တွေပါဝင်ပါတယ်။ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုနဲ့နှလုံးသွေးကြောကျဉ်းရောဂါတွေလိုမျိုး အဝလွန်ခြင်းနဲ့ဆက်နွှယ်တဲံပြဿနာတွေ မဖြစ်အောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ဆီးချိုသွေးချိုထိန်းပေးခြင်း

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါအတွက်အထောက်အကူပြု နိုင်ပါတယ်။ မက်မန်းမှာပါတဲ့ flavonoids တွေကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို ကာကွယ်ပေးပါတယ်။

အရိုးပွရောဂါကာကွယ်ပေးခြင်း

မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။ caffeic acid နဲ့ rutin တို့လို flavonoids တွေကြောင့် အရိုးတစ်ရှူးတွေမှာယိုယွင်း ပျက်စီးခြင်းကိုတားဆီးပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးပါတယ်။ မက်မန်းသီးခြောက်မှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ Polyphenols က အရိုးထုထည်ကိုအားဖြည့်ပေးပါတယ်။

အစာခြေစနစ်ကို ကောင်းစေခြင်း

အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် sorbitol နဲ့ isatin တို့ကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ မက်မန်းသီးက ဝမ်းချုပ်ခြင်းလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကုစားရာမှာထိရောက်မှုရှိပါတယ်။

ဦးနှောက်ဉာဏ်ရည်တိုးတက်စေခြင်း

မက်မန်းသီးဖျော်ရည်သောက်ရင် အသက်အရွယ်ကြောင့် မှတ်ဉာဏ်ယိုယွင်းမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေကတွေ့ရှိခဲ့ပါတယ်။ အကျိုးပြု phytonutrients တွေကြောင့် လေ့လာသင်ယူနိုင်စွမ်းနဲ့မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ ပုံမှန်စားပေးရင်ပဲ အယ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတို့လို မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေကိုကာကွယ်နိုင်ပါတယ်။

တခြားအကျိုးကျေးဇူးတွေဆက်ပြောရရင်

အာရုံကြောစနစ်အတွက်ကောင်းခြင်း
နှလုံးကျန်းမာစေခြင်း
ကိုယ်ခံအားကောင်းစေခြင်း
ကိုလက်စထရောကျစေခြင်း
သွေးအားကောင်းစေခြင်း
စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေခြင်း
တုပ်ကွေးကို ကုသနိုင်ခြင်း
ကင်ဆာကာကွယ်နိုင်ခြင်း
အသားအရေလှခြင်း
မျက်စိမှုန်ခြင်းကို ကာကွယ်ပေးခြင်း စတာတွေ ရှိပါသေးတယ်။
ဒါ့အပြင် မက်မန်းသီးဟာ ရာသီသွေးမမှန်ခြင်းကိုကုသရာမှာ ထိရောက်တဲ့အာနိသင်ရှိတယ်လို့ဆိုကြသလို အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေဖယ်ရှားသန့်စင်နိုင်တယ်လို့လည်း သိရပါတယ်။

(Zawgyi)

မက္မန္းသီးရဲ႕ အစြမ္းအာနိသင္ေတြ သိထားၿပီးၿပီလား

မက္မန္းသီးဆိုရင္ မက္မန္းေပါင္းထုပ္ေတြကိုပဲေျပးမျမင္ၾကနဲ႔ဦး။ အခုဆိုရင္ အခ်ဥ္ေပါင္းတင္မကဘူး၊ မွည့္ေလခ်ိဳေလ မက္မန္းခ်ိဳသီးေတြ ေခတ္စားေနၿပီ။ လတ္လတ္ဆတ္ဆတ္ ခ်ိဳအိေနတာ အရသာေကာင္းမွေကာင္း။

ဘယ္အမ်ိဳးအစားပဲျဖစ္ျဖစ္ပါ မက္မန္းသီးက က်န္းမာေရးမွာ ဘာေတြအက်ိဳးျပဳေနသလဲ ၾကည့္လိုက္ရေအာင္။

အဆီက်ေစျခင္း

မက္မန္းသီးမွာ အဆီဆဲလ္ေတြအပါအဝင္ အဝလြန္ျခင္းနဲ႔ေရာင္ရမ္းမႈကိုတားဆီးေပးတဲ့ အာနိသင္ရွိ bioactive compounds ေတြ၊ flavonoids ေတြပါဝင္ပါတယ္။ ကိုလက္စထေရာမ်ားျခင္း၊ ဆီးခ်ိဳေသြးခ်ိဳနဲ႔ႏွလုံးေသြးေၾကာက်ဥ္းေရာဂါေတြလိုမ်ိဳး အဝလြန္ျခင္းနဲ႔ဆက္ႏႊယ္တဲံျပႆနာေတြ မျဖစ္ေအာင္ကာကြယ္တားဆီးေပးႏိုင္ပါတယ္။

ဆီးခ်ိဳေသြးခ်ိဳထိန္းေပးျခင္း

ေသြးတြင္းသၾကားဓာတ္ကိုထိန္းညႇိေပးတဲ့အာနိသင္ေၾကာင့္ ဆီးခ်ိဳေရာဂါအတြက္အေထာက္အကူျပဳ ႏိုင္ပါတယ္။ မက္မန္းမွာပါတဲ့ flavonoids ေတြေၾကာင့္ ဆီးခ်ိဳေဝဒနာရွင္ေတြမွာ အျဖစ္မ်ားတဲ့ အင္ဆူလင္မတုံ႔ျပန္ႏိုင္ျခင္းျပႆနာကို ကာကြယ္ေပးပါတယ္။

အ႐ိုးပြေရာဂါကာကြယ္ေပးျခင္း

မက္မန္းသီးေျခာက္ကိုစားသုံးျခင္းျဖင့္ အ႐ိုးက်န္းမာေရးအတြက္လည္း အေထာက္အကူျပဳတယ္လို႔ သိရပါတယ္။ caffeic acid နဲ႔ rutin တို႔လို flavonoids ေတြေၾကာင့္ အ႐ိုးတစ္ရႉးေတြမွာယိုယြင္း ပ်က္စီးျခင္းကိုတားဆီးေပးၿပီး အ႐ိုးပြေရာဂါကိုကာကြယ္ေပးပါတယ္။ မက္မန္းသီးေျခာက္မွာပါဝင္တဲ့ ပိုတက္ဆီယမ္နဲ႔ Polyphenols က အ႐ိုးထုထည္ကိုအားျဖည့္ေပးပါတယ္။

အစာေျခစနစ္ကို ေကာင္းေစျခင္း

အမွ်င္ဓာတ္ႂကြယ္ဝတဲ့အျပင္ sorbitol နဲ႔ isatin တို႔ေၾကာင့္ အစာေျခစနစ္ကိုေကာင္းမြန္ေစပါတယ္။ မက္မန္းသီးက ဝမ္းခ်ဳပ္ျခင္းလိုမ်ိဳး အစာေျခစနစ္ျပႆနာေတြကို ကုစားရာမွာထိေရာက္မႈရွိပါတယ္။

ဦးေႏွာက္ဉာဏ္ရည္တိုးတက္ေစျခင္း

မက္မန္းသီးေဖ်ာ္ရည္ေသာက္ရင္ အသက္အ႐ြယ္ေၾကာင့္ မွတ္ဉာဏ္ယိုယြင္းမႈေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ သုေတသနေတြကေတြ႕ရွိခဲ့ပါတယ္။ အက်ိဳးျပဳ phytonutrients ေတြေၾကာင့္ ေလ့လာသင္ယူႏိုင္စြမ္းနဲ႔မွတ္ဉာဏ္ကိုတိုးတက္ေစပါတယ္။ ပုံမွန္စားေပးရင္ပဲ အယ္ဇိုင္းမားနဲ႔ ပါကင္ဆန္ေရာဂါတို႔လို မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈေရာဂါေတြကိုကာကြယ္ႏိုင္ပါတယ္။

တျခားအက်ိဳးေက်းဇူးေတြဆက္ေျပာရရင္

အာ႐ုံေၾကာစနစ္အတြက္ေကာင္းျခင္း
ႏွလုံးက်န္းမာေစျခင္း
ကိုယ္ခံအားေကာင္းေစျခင္း
ကိုလက္စထေရာက်ေစျခင္း
ေသြးအားေကာင္းေစျခင္း
စိတ္ဖိစီးမႈကိုေလ်ာ့ပါးသက္သာေစျခင္း
တုပ္ေကြးကို ကုသႏိုင္ျခင္း
ကင္ဆာကာကြယ္ႏိုင္ျခင္း
အသားအေရလွျခင္း
မ်က္စိမႈန္ျခင္းကို ကာကြယ္ေပးျခင္း စတာေတြ ရွိပါေသးတယ္။
ဒါ့အျပင္ မက္မန္းသီးဟာ ရာသီေသြးမမွန္ျခင္းကိုကုသရာမွာ ထိေရာက္တဲ့အာနိသင္ရွိတယ္လို႔ဆိုၾကသလို အူလမ္းေၾကာင္းထဲက အဆိပ္အေတာက္ေတြဖယ္ရွားသန္႔စင္ႏိုင္တယ္လို႔လည္း သိရပါတယ္။

Credit,Hellosayarwon


Leave a Reply

Your email address will not be published. Required fields are marked *

*