အစာအိမ်ရောဂါ ဆန်ပြုတ်သောက်ပြီးကုပါ

(Unicode)

အစာအိမ်ရောဂါ ဆန်ပြုတ်သောက်ပြီးကုပါ

အစာအိမ်ရောဂါ သည် အလုပ်ရှုပ်သူနှင့် စိတ်တိုသူ များတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အစာအိမ်သည် စိတ်နှင့် ဆက်သွယ် နေသည်ဟု အဆိုရှိသည်။

အစာအိမ်ရောဂါ ဝေဒနာသည် တောလက်ကျေးရွာ များတွင် အဖြစ်နည်းပြီး မြို့ကြီးပြကြီး လူနေထူထပ်သည့် နေရာတွင် နေထိုင်ရသူ များ၌ ပို၍ အဖြစ်များသည်။ လူရှုပ် ၊ စိတ်ရှုပ် ၊ အစားမမှန် ၊ အအိပ်မမှန်သူ များတွင် ဖြစ်လေ့ ရှိသည်။ အစာအိမ်ရောဂါကို ပြိုင်ဆိုင်မှုရောဂါ ဟုလည်း ပြောကြာသည်။ လူတစ်ဖက်သား ကို အနိုင်ရလို၍ ပြိုင်ဆိုင်မှုမှ အစာအိမ်ရောဂါ ဖြစ်နိုင်သည်။ကမ္ဘာကြီးပေါ်တွင် ပြိုင်ဆိုင်မှု လွန်ကဲနေသည်။ နည်းပညာအရလည်း ပြိုင်သည်။ ငွေကြေး ဥစ္စာဓန အတွက်လည်း ပြိုင်သည်။ ပိုင်ဆိုင်မှု အတွက် ပြိုင်ဆိုင်မှုကြောင့် လူတစ်ဦးချင်း တိုက်ခိုက်မှုမှ အုပ်စုလိုက် ၊ ထို့နောက် နိုင်ငံလိုက် စစ်ပွဲများအထိ ဖြစ်လာကြသည်။

စိတ်မချမ်းရသော လူတစ်ဦးတွင် ပထမဦးဆုံး ၀င်လာသောရောဂါ မှ အစာမကြေရောဂါ ဖြစ်သည်။ မကြေသော အစာကြောင့် အစာအိမ်ရောင် စေသည်။ ဗိုက်နာခြင်း ၊ အော့အန်ခြင်း ၊ လေထိုး လေအောင့် ဖြစ်ခြင်း စသည်တို့ ခံစားရပြီးနောက် ၀မ်းချုပ်ခြင်း ၊ စမြင်းခံခြင်း သို့မဟုတ် အစာမကြေ ၀မ်းပျက်၀မ်းကိုက် ဖြစ်ခြင်းများ ဆက်တိုက်ဖြစ်လာ နိုင်သည်။ ၀မ်းမကောင်းသော သူတွင် ခေါင်းအုံ ၊ ခေါင်းကိုက်ခြင်း နှင့် နောက်ကျောတက်ခြင်း ၊ ဇက်ကြော ထိုးခြင်းများ ဖြစ်လာသည်။ ထို့နောက် စိတ်မကြည်လင်ခြင်း ဖြစ်မည်။ ဤဖြစ်ရပ်များ အားလုံး၏ အစသည် အစာအိမ်မှ ဖြစ်သည်။ တချို့က အစာအိမ်ရောဂါကို လေရောဂါဟု ပြောကြသည်။ မဟုတ်ပါ။ အစာမကြေ၍ လေဖြစ်လာရခြင်း ဖြစ်သည်။ လေထိုး၍ နာခြင်းမဟုတ် ၊ အစာအိမ်ရောင်၍ နာခြင်း ၊ အစာအိမ်တွင် အနာဖြစ်၍ နာခြင်း ဖြစ်သည်။

အစာအိမ် မကောင်းသူသည် ကောက်ညှင်း ၊ ဆန်စေး စသော ကြေခဲသော အစာများစားမိလျှင် အစာအိမ်တွင် မကြေနိုင်ဘဲ အချိန်ကြာမြင့်စွာ နေသည်။ နာရီ၀က်အတွင်း ကြေရမည့် အစာမှာ တစ်နာရီကျော် အထိ အစာအိမ်တွင် ရှိနေလျှင် အစာအိမ်နှင့် ၀မ်းဗိုက်အတွင်း ကြွက်သားများ တောင့်တင်းပြီး ဗိုက်နာလာ တတ်သည်။ ၀မ်းဗိုက်ကြွက်တက်ပြီး အန်လျှင် စားထားသော အစာများ ပြန်ထွက်လာ တတ်သည်။

အစာအိမ်နံရံမှ အနာငယ်လေး များမှာ ကျောက်ပေါက်မာ ခွက်ငယ်ကဲ့သို့ ချိုင့်ကလေးများ ရှိနေသည်။ ၄င်းချိုင့် ကလေးများသည် အသားနုမတက်မီ အနာကလေးများ နှင့်တူသည်။ အကြော်အလှော် အစလေးများ အနာတွင် ကပ်ငြိပြီး စူးသောအခါ ရင်ထဲမှပူပြီး ဗိုက်နာတော့သည်။ အစာခြေရည်တွင် အက်စစ်ဓာတ်များ လျှင်လည်း ၄င်းအနာလေး များတွင် လောင်ပြီး ဗိုက်ထိုးအောင့် တတ်လေသည်။ စိတ်တိုသူများတွင် အစာမရှိဘဲ အစာအိမ်တွင် အက်စစ်ထွက်ပြီး ပြန်လောင်ကာ ဗိုက်အောင့်တတ် လေသည်။

ရှေးက မြန်မာသမားတော် ကြီးများသည် အစာအိမ်ရောဂါ ကို ဆေးမပေးဘဲ ဓာတ်စာဖြင့်သာ ကုသလေ့ ရှိသည်။ အစာအိမ်ရောဂါ အတွက် ဆေးမရှိ ၊ ဓာတ်စာ (အစာ)ဖြင့်သာ ကုရမည်ဟု ဆိုသည်။ အစာလည်းဆေး ၊ ဆေးလည်း အစာ ဟု ဆိုကြသည်။ ဆရာကြီးများ ပေးသော အစာအိမ်အတွက် ဆေး(အစာ) မှာ ဆန်ပြုတ် အမျိုးမျိုးသာ ဖြစ်ကြောင်း တွေ့ရသည်။

ဆန်ပြုတ်နှင့်ပတ်သက်၍ ကိုယ်တွေ့ တင်ပြရလျှင် စာရေးသူ၏ ဖခင်သည် နယ်သတင်းထောက် တစ်ဦးဖြစ်သည်။ သတင်းနောက် လိုက်နေလျှင် စားချိန်မှန်းမသိ။ လက်ဖက်ရည် တစ်ခွက်နှင့် တစ်နေကုန် နေလေ့ရှိသည်။ ကင်မရာတစ်လုံး ပုခုံးလွယ်လျက် နံနက်စာ ၊ ညစာ ပေါင်းစားခဲ့သော ရက်များလာသော အခါ အစာအိမ်နာ ရောဂါ ဖြစ်တော့သည်။ အစာအိမ် နာလာလျှင် စားဆိုဒါ လက်တစ်ခုပ်ကို ရေတစ်မှုတ် နှင့် သောက်ပြီး သတင်းနေတာက် ဆက်လိုက်နှင့် ပေပေတေတေ နေခဲ့ရာ ဆေးရုံတက်ရမည့် အခြေအနေ သို့ ရောက်ခဲ့သည်။


စာရေးသူတို့ နေထိုင်ရာ ဥက္ကံမြို့လေး မှာ ဆေးရုံမရှိ ၊ ရန်ကုန်ဆေးရုံကြီး နှင့်လည်း မိုင် ၆၀ ကျော်ဝေးသဖြင့် တော်ရုံနှင့် သွားပြရန်မလွယ်။ ထို့ကြောင့်လည်း ဖခင်ကြီးသည် အရပ်သုံးဆေးမြီးတို ၊ စားဆိုဒါနှင့် ပေနေခြင်း ဖြစ်သည်။ စာရေးသူ၏ ဖခင်ကို မိခင်ကြီးက ထမင်း မကျွေးတော့ဘဲ နံနက် ၊ ည ဆန်ပြုတ် ပြောင်းတိုက်သည်။ ငါးကိုပြုတ် အသားထွင်ပြီး ဆန်ပြုတ်တွင် ထည့်ပြုတ်သည်။ ဆန်ပြုတ်ကိုလည်း ကြေနေအောင် ပြုတ်ရင်း ခြေပေးသည်။ ကြေညက်နေမှ တိုက်ကျွေးသည်။

တစ်ပတ် (ခုနစ်ရက်)ခန့် ဆန်ပြုတ် သောက်သောအခါ အစာအိမ်နာမှာ သက်သာလာသည်။ ထိုအခါမှ ငါးကြော် ၊ ကြက်သားကြော် အနည်းငယ် ကျွေးသည်။ တစ်လခန့် ကြာသည်အထိ ငရုတ်သီးပါသော ဟင်းအစပ်များကို မကျွေးခဲ့။ ဤသို့ဖြင့် အစာအိမ်နာ သက်သာ ပျောက်ကင်းခဲ့ လေသည်။ စာရေးသူ ကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀တွင် ရင်ညွန့်မှ ပူအောင့်ပြီး အစာမရှိလျှင်လည်း နာ၊ အစာစားပြီးလည်း နာနှင့် အစာအိမ် ရောဂါ ဖြစ်ခဲ့ဖူးသည်။ ဆရာ၀န်ကြီးများနှင့် ပြသသောအခါ အစာအိမ်မှ အထွက် အူသိမ်ဦးပိုင်းတွင် ဖြစ်သောအနာ DU (Duodenum Ulcer)ဖြစ်ကြောင်း သိရသည်။ အစာအိမ် ဆေးမျိုးစုံ သောက်ခဲ့ရပြီး နောက်ဆုံးတွင် ဖခင်ကြီးကဲ့သို့ ပင် ထမင်းဖြတ်ပြီး ဆန်ပြုပြောင်း သောက်မှ သက်သာခဲ့ရဖူးသည်။

ဆန်ပြုတ်သည် ကစီဓာတ်ဖြစ်ပြီး အစာအိမ် အရောင်ကျစေသည် သာမက စွဲစွဲမြဲမြဲ သောက်လျှင် အစာအိမ်မှ အနာငယ်များ ကိုလည်း အနာကျက်စေနိုင်သည်။ ထမင်းစားရ သကဲ့သို့ တင်းတိမ်မည် မဟုတ်သော်လည်း အားမပြတ်စေရန် ဆန်ပြုတ်ကို ကြေညက်အောင် ပြုတ်ပြီး တစ်နေ့လျှင် လေးကြိမ် ၊ ငါးကြိမ် သောက်ပေးသင့်သည်။ သက်ကြီးရွယ်အို များတွင် အစာခြေအား ၀မ်းမီးအား နည်းသွားသောအခါ နွားနို့နှင့် ဆန်ပြုတ်ရော၍ ယာဂုပြုလုပ်၍ နံနက်စောစော တိုက်ပေးလျှင် အားပြည့်ပြီးနောက် စားမည့် အစာများကို ကြေစေသည် ဟု ဆိုသည်။

တုပ်ကွေးဖျား ၊ နလန်ထ အစားပျက်နေသူ များကို အားပြည့်စေရန် ကြက်သားဆန်ပြုတ် ၊ ဘဲသားဆန်ပြုတ် ပူပူလေးတွင် ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး သောက်စေလျှင် အမြန်နလန်ထ စေသည်။ ၀မ်းပျက် ၀မ်းလျှော၊ ၀မ်းကိုက်သူများ အတွက်ဆိုလျှင် ဆန်ပြုတ်ကို ရေခန်းအောင် ကော်ကဲ့သို့ ခပ်ပျစ်ပျစ်ကလေး ကျိုပြီး ထန်းလျက်ရည် ဆမ်း၍ ဆားအနည်းငယ် ထည့်၍တိုက်လျှင် သက်သာပြီး အားဖြစ်စေသည်။ အစာစားပြီးတိုင်း အော့အန်သူ များကို ဆန်မှုန့်ထောင်း၍ ခပ်ပျစ်ပျစ် ကျိုသည့်အထဲတွင် နို့မှုန့်နှင့် သကြား အနည်းငယ် ထည့်တိုက်လျှင် အစာကြေပြီး အအန် သက်သာစေသည်။

လေချဉ်တက်သူ ၊ လေအန်သူ များကို ဆန်ကွဲလက်တစ်ဆုပ် အိုးငယ်တွင် လှော်ပြီး နှမ်းဆီ တစ်ပေါက်ထည့် ရေမတ်ခွက် နှစ်ခွက်ထည့် ၊ ကြက်သွန်နီ အနေတော် နှစ်ဥ အခွံနွှာထည့်ပြီး ရောပြုတ်ပါ။ ဆားအနည်းငယ် ထည့် ၊ ရေတစ်မတ်ခွက် ကျန်သည်အထိ ပြုတ်လွှင် ကြက်သွန်နီ ဥလည်း နူးပြီးဖြစ်သည်။ ကြက်သွန်မှ ထွက်သော အရည်ကြောင့် ဆန်ပြုတ်မှာ အဝါရောက်သန်း နေမည်။ ၄င်းဆန်ပြုတ်ကို ညနေစောင်း အချိန်တိုင်း ခုနစ်ရက်ခန့် တိုက်ပေးလျှင် လေနာအမြစ်ပြတ် သည်ဟုဆိုသည်။

အိပ်ယာထဲလဲနေသူ ၊ အစာမ၀င်သူ ၊ လေဖြတ်ထားသူ ဆေးရုံပေါ်တွင် အစာကို ပိုက်မှ သွင်းရသူများ အတွက် အားဖြစ်စေသော ဆန်ပြုတ်မှာ ဆန်ကြမ်း လက်တစ်ဆုပ်တွင် ပဲရာဇာ (ပဲနီလေး) လက်တစ်ဆုပ် ရောပြုတ်ပါ။ ပဲရာဇာ သည် အလွန် ကြေညက်လွယ် သည်။ အကြောအခြင် များကို အားရှိစေပြီး လေဖြတ် ဝေဒနာသည် များနှင့် သင့်လျော်သည်။ အကြောပျော့သော ကလေးငယ်များ ကိုလည်း ပဲရာဇာ ဆန်ပြုတ် တိုက်ပေးသင့်သည်။

မှိုဆန်ပြုတ်ကို ဥရောပ အစားအသောက် ဆိုင်ကြီးများ နှင့် အဆင့်မြင့် စားဖိုမှူးကြီးများ ရှိသော ဟိုတယ်များတွင် တွေ့ရသည်။ ဟိုတယ် မီနူးများတွင် Mushroom Soup ဟု ရေးသားထားသည် ကို တွေ့ရသည်။ မှို အမျိုးမျိုးတို့သည် ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ မှုဆန်ပြုတ် သောက်လျှင် ကိုယ်ခံအားကို တိုးစေနိုင်သည်။အစာမစားမီ ဗိုက်ဆာစေရန် ၊ အစာအိမ်မှ လေရှင်းရန် ကြိုတင် သောက်ပေးခြင်းဖြင့် အစာစားချင်စိတ် ဖြစ်ပေါ်စေသည် ဟု ဆိုသည်။ အစာမကြေ ရောဂါရှိသူများ မှာ ဆန်ပြုတ်ကို အစာစားပြီးးမှ သောက်သင့်သည်။

ငါးရံ့ဆန်ပြုတ်ဟင်း သည် မြန်မာတို့အကြိုက် ဟင်းလျာဖြစ်သည်။ ငါးရံ့ဟင်းကို ဆန်လှော် ၊ စပါးလင် ၊ ချင်း တို့ဖြင့် မွှေးကြိုင်အောင် ပြုတ်ပေးသဖြင့် ခံတွင်းတွေ့ပြီး နှုတ်ကို မြိန်စေသည်။ စပါးလင် နှင့် ချင်းသည် ၀မ်းမီးကို တောက်စေသည်။ အစာကို ကြေစေနိုင်သည်။ အဆီချလိုသူ ၊ ဝိတ်ချလိုသူ များမှာ ညစာမစားဘဲ ညအိပ်ရာ၀င်ချိန်တွင် ဆန်ပြုတ် တစ်ခွက် သောက်သင့်သည်။ ညစာ လုံးဝရှောင်လျှင် လေပွပြီး ညအိပ်မပျော် ဖြစ်နိုင်သဖြင့် ဆန်ပြုတ် သောက်ပေးခြင်းဖြင့် အိပ်ပျော် စေနိုင်သည်။

ဆန်ပြုတ်သည် ဆေးတစ်ပါး ဖြစ်သည်။ အစာအိမ် ရောဂါ ၊ လေနာရောဂါ ရှိသူများ အတွက် ထမင်းဟင်း ရှောင်ပြီး ၁၀ ရက်ခန့် ဆန်ပြုတ်သောက် သင့်သည်။ ဆရာ၀န်ကြီးများ အဆိုအရ အစာအိမ် အူသိမ်ဦးပိုင်း အနာ DU (Duodenum Ulcer) ရှိသူများပင် အဆီ ၊ အသားများ ရှောင်ပြီး ဆန်ပြုတ်သောက်လျှင် ရင်ပူအောင့်နာ ပျောက်ကင်း စေနိုင်သည်။ သက်ကြီးရွယ်အို အစာကြေညက်မှု နားနည်းသည့် အရွယ်တွင် နံနက်စောစော အစာကို ဆန်ပြုတ်စား ပေးသင့်သည်။ ဆန်ပြုတ်ကို တစ်ခါတစ်ရံတွင်လည်း အားဖြည့်အစာအဖြစ် နို့ ၊ သကြားတို့နှင့် ရေကျိုပြီး ယာဂုအဖြစ်လည်း သုံးဆောင်နိုင်ကြောင်း ရေးသားလိုက်ရ ပါသည်။

(Zawgyi)

အစာအိမ္ေရာဂါ ဆန္ျပဳတ္ေသာက္ၿပီးကုပါ

အစာအိမ္ေရာဂါ သည္ အလုပ္ရႈပ္သူႏွင့္ စိတ္တိုသူ မ်ားတြင္ အျဖစ္မ်ားေသာ ေရာဂါျဖစ္သည္။ အစာအိမ္သည္ စိတ္ႏွင့္ ဆက္သြယ္ ေနသည္ဟု အဆိုရွိသည္။

အစာအိမ္ေရာဂါ ေဝဒနာသည္ ေတာလက္ေက်း႐ြာ မ်ားတြင္ အျဖစ္နည္းၿပီး ၿမိဳ႕ႀကီးျပႀကီး လူေနထူထပ္သည့္ ေနရာတြင္ ေနထိုင္ရသူ မ်ား၌ ပို၍ အျဖစ္မ်ားသည္။ လူရႈပ္ ၊ စိတ္ရႈပ္ ၊ အစားမမွန္ ၊ အအိပ္မမွန္သူ မ်ားတြင္ ျဖစ္ေလ့ ရွိသည္။ အစာအိမ္ေရာဂါကို ၿပိဳင္ဆိုင္မႈေရာဂါ ဟုလည္း ေျပာၾကာသည္။ လူတစ္ဖက္သား ကို အႏိုင္ရလို၍ ၿပိဳင္ဆိုင္မႈမွ အစာအိမ္ေရာဂါ ျဖစ္ႏိုင္သည္။ကမာၻႀကီးေပၚတြင္ ၿပိဳင္ဆိုင္မႈ လြန္ကဲေနသည္။ နည္းပညာအရလည္း ၿပိဳင္သည္။ ေငြေၾကး ဥစၥာဓန အတြက္လည္း ၿပိဳင္သည္။ ပိုင္ဆိုင္မႈ အတြက္ ၿပိဳင္ဆိုင္မႈေၾကာင့္ လူတစ္ဦးခ်င္း တိုက္ခိုက္မႈမွ အုပ္စုလိုက္ ၊ ထို႔ေနာက္ ႏိုင္ငံလိုက္ စစ္ပြဲမ်ားအထိ ျဖစ္လာၾကသည္။

စိတ္မခ်မ္းရေသာ လူတစ္ဦးတြင္ ပထမဦးဆုံး ၀င္လာေသာေရာဂါ မွ အစာမေၾကေရာဂါ ျဖစ္သည္။ မေၾကေသာ အစာေၾကာင့္ အစာအိမ္ေရာင္ ေစသည္။ ဗိုက္နာျခင္း ၊ ေအာ့အန္ျခင္း ၊ ေလထိုး ေလေအာင့္ ျဖစ္ျခင္း စသည္တို႔ ခံစားရၿပီးေနာက္ ၀မ္းခ်ဳပ္ျခင္း ၊ စျမင္းခံျခင္း သို႔မဟုတ္ အစာမေၾက ၀မ္းပ်က္၀မ္းကိုက္ ျဖစ္ျခင္းမ်ား ဆက္တိုက္ျဖစ္လာ ႏိုင္သည္။ ၀မ္းမေကာင္းေသာ သူတြင္ ေခါင္းအုံ ၊ ေခါင္းကိုက္ျခင္း ႏွင့္ ေနာက္ေက်ာတက္ျခင္း ၊ ဇက္ေၾကာ ထိုးျခင္းမ်ား ျဖစ္လာသည္။ ထို႔ေနာက္ စိတ္မၾကည္လင္ျခင္း ျဖစ္မည္။ ဤျဖစ္ရပ္မ်ား အားလုံး၏ အစသည္ အစာအိမ္မွ ျဖစ္သည္။ တခ်ိဳ႕က အစာအိမ္ေရာဂါကို ေလေရာဂါဟု ေျပာၾကသည္။ မဟုတ္ပါ။ အစာမေၾက၍ ေလျဖစ္လာရျခင္း ျဖစ္သည္။ ေလထိုး၍ နာျခင္းမဟုတ္ ၊ အစာအိမ္ေရာင္၍ နာျခင္း ၊ အစာအိမ္တြင္ အနာျဖစ္၍ နာျခင္း ျဖစ္သည္။

အစာအိမ္ မေကာင္းသူသည္ ေကာက္ညႇင္း ၊ ဆန္ေစး စေသာ ေၾကခဲေသာ အစာမ်ားစားမိလွ်င္ အစာအိမ္တြင္ မေၾကႏိုင္ဘဲ အခ်ိန္ၾကာျမင့္စြာ ေနသည္။ နာရီ၀က္အတြင္း ေၾကရမည့္ အစာမွာ တစ္နာရီေက်ာ္ အထိ အစာအိမ္တြင္ ရွိေနလွ်င္ အစာအိမ္ႏွင့္ ၀မ္းဗိုက္အတြင္း ႂကြက္သားမ်ား ေတာင့္တင္းၿပီး ဗိုက္နာလာ တတ္သည္။ ၀မ္းဗိုက္ႂကြက္တက္ၿပီး အန္လွ်င္ စားထားေသာ အစာမ်ား ျပန္ထြက္လာ တတ္သည္။

အစာအိမ္နံရံမွ အနာငယ္ေလး မ်ားမွာ ေက်ာက္ေပါက္မာ ခြက္ငယ္ကဲ့သို႔ ခ်ိဳင့္ကေလးမ်ား ရွိေနသည္။ ၄င္းခ်ိဳင့္ ကေလးမ်ားသည္ အသားႏုမတက္မီ အနာကေလးမ်ား ႏွင့္တူသည္။ အေၾကာ္အေလွာ္ အစေလးမ်ား အနာတြင္ ကပ္ၿငိၿပီး စူးေသာအခါ ရင္ထဲမွပူၿပီး ဗိုက္နာေတာ့သည္။ အစာေျခရည္တြင္ အက္စစ္ဓာတ္မ်ား လွ်င္လည္း ၄င္းအနာေလး မ်ားတြင္ ေလာင္ၿပီး ဗိုက္ထိုးေအာင့္ တတ္ေလသည္။ စိတ္တိုသူမ်ားတြင္ အစာမရွိဘဲ အစာအိမ္တြင္ အက္စစ္ထြက္ၿပီး ျပန္ေလာင္ကာ ဗိုက္ေအာင့္တတ္ ေလသည္။

ေရွးက ျမန္မာသမားေတာ္ ႀကီးမ်ားသည္ အစာအိမ္ေရာဂါ ကို ေဆးမေပးဘဲ ဓာတ္စာျဖင့္သာ ကုသေလ့ ရွိသည္။ အစာအိမ္ေရာဂါ အတြက္ ေဆးမရွိ ၊ ဓာတ္စာ (အစာ)ျဖင့္သာ ကုရမည္ဟု ဆိုသည္။ အစာလည္းေဆး ၊ ေဆးလည္း အစာ ဟု ဆိုၾကသည္။ ဆရာႀကီးမ်ား ေပးေသာ အစာအိမ္အတြက္ ေဆး(အစာ) မွာ ဆန္ျပဳတ္ အမ်ိဳးမ်ိဳးသာ ျဖစ္ေၾကာင္း ေတြ႕ရသည္။

ဆန္ျပဳတ္ႏွင့္ပတ္သက္၍ ကိုယ္ေတြ႕ တင္ျပရလွ်င္ စာေရးသူ၏ ဖခင္သည္ နယ္သတင္းေထာက္ တစ္ဦးျဖစ္သည္။ သတင္းေနာက္ လိုက္ေနလွ်င္ စားခ်ိန္မွန္းမသိ။ လက္ဖက္ရည္ တစ္ခြက္ႏွင့္ တစ္ေနကုန္ ေနေလ့ရွိသည္။ ကင္မရာတစ္လုံး ပုခုံးလြယ္လ်က္ နံနက္စာ ၊ ညစာ ေပါင္းစားခဲ့ေသာ ရက္မ်ားလာေသာ အခါ အစာအိမ္နာ ေရာဂါ ျဖစ္ေတာ့သည္။ အစာအိမ္ နာလာလွ်င္ စားဆိုဒါ လက္တစ္ခုပ္ကို ေရတစ္မႈတ္ ႏွင့္ ေသာက္ၿပီး သတင္းေနတာက္ ဆက္လိုက္ႏွင့္ ေပေပေတေတ ေနခဲ့ရာ ေဆး႐ုံတက္ရမည့္ အေျခအေန သို႔ ေရာက္ခဲ့သည္။

စာေရးသူတို႔ ေနထိုင္ရာ ဥကၠံၿမိဳ႕ေလး မွာ ေဆး႐ုံမရွိ ၊ ရန္ကုန္ေဆး႐ုံႀကီး ႏွင့္လည္း မိုင္ ၆၀ ေက်ာ္ေဝးသျဖင့္ ေတာ္႐ုံႏွင့္ သြားျပရန္မလြယ္။ ထို႔ေၾကာင့္လည္း ဖခင္ႀကီးသည္ အရပ္သုံးေဆးၿမီးတို ၊ စားဆိုဒါႏွင့္ ေပေနျခင္း ျဖစ္သည္။ စာေရးသူ၏ ဖခင္ကို မိခင္ႀကီးက ထမင္း မေကြၽးေတာ့ဘဲ နံနက္ ၊ ည ဆန္ျပဳတ္ ေျပာင္းတိုက္သည္။ ငါးကိုျပဳတ္ အသားထြင္ၿပီး ဆန္ျပဳတ္တြင္ ထည့္ျပဳတ္သည္။ ဆန္ျပဳတ္ကိုလည္း ေၾကေနေအာင္ ျပဳတ္ရင္း ေျခေပးသည္။ ေၾကညက္ေနမွ တိုက္ေကြၽးသည္။

တစ္ပတ္ (ခုနစ္ရက္)ခန္႔ ဆန္ျပဳတ္ ေသာက္ေသာအခါ အစာအိမ္နာမွာ သက္သာလာသည္။ ထိုအခါမွ ငါးေၾကာ္ ၊ ၾကက္သားေၾကာ္ အနည္းငယ္ ေကြၽးသည္။ တစ္လခန္႔ ၾကာသည္အထိ င႐ုတ္သီးပါေသာ ဟင္းအစပ္မ်ားကို မေကြၽးခဲ့။ ဤသို႔ျဖင့္ အစာအိမ္နာ သက္သာ ေပ်ာက္ကင္းခဲ့ ေလသည္။ စာေရးသူ ကိုယ္တိုင္လည္း ရန္ကုန္တကၠသိုလ္ ေက်ာင္းသားဘ၀တြင္ ရင္ၫြန္႔မွ ပူေအာင့္ၿပီး အစာမရွိလွ်င္လည္း နာ၊ အစာစားၿပီးလည္း နာႏွင့္ အစာအိမ္ ေရာဂါ ျဖစ္ခဲ့ဖူးသည္။ ဆရာ၀န္ႀကီးမ်ားႏွင့္ ျပသေသာအခါ အစာအိမ္မွ အထြက္ အူသိမ္ဦးပိုင္းတြင္ ျဖစ္ေသာအနာ DU (Duodenum Ulcer)ျဖစ္ေၾကာင္း သိရသည္။ အစာအိမ္ ေဆးမ်ိဳးစုံ ေသာက္ခဲ့ရၿပီး ေနာက္ဆုံးတြင္ ဖခင္ႀကီးကဲ့သို႔ ပင္ ထမင္းျဖတ္ၿပီး ဆန္ျပဳေျပာင္း ေသာက္မွ သက္သာခဲ့ရဖူးသည္။

ဆန္ျပဳတ္သည္ ကစီဓာတ္ျဖစ္ၿပီး အစာအိမ္ အေရာင္က်ေစသည္ သာမက စြဲစြဲၿမဲၿမဲ ေသာက္လွ်င္ အစာအိမ္မွ အနာငယ္မ်ား ကိုလည္း အနာက်က္ေစႏိုင္သည္။ ထမင္းစားရ သကဲ့သို႔ တင္းတိမ္မည္ မဟုတ္ေသာ္လည္း အားမျပတ္ေစရန္ ဆန္ျပဳတ္ကို ေၾကညက္ေအာင္ ျပဳတ္ၿပီး တစ္ေန႔လွ်င္ ေလးႀကိမ္ ၊ ငါးႀကိမ္ ေသာက္ေပးသင့္သည္။ သက္ႀကီး႐ြယ္အို မ်ားတြင္ အစာေျခအား ၀မ္းမီးအား နည္းသြားေသာအခါ ႏြားႏို႔ႏွင့္ ဆန္ျပဳတ္ေရာ၍ ယာဂုျပဳလုပ္၍ နံနက္ေစာေစာ တိုက္ေပးလွ်င္ အားျပည့္ၿပီးေနာက္ စားမည့္ အစာမ်ားကို ေၾကေစသည္ ဟု ဆိုသည္။

တုပ္ေကြးဖ်ား ၊ နလန္ထ အစားပ်က္ေနသူ မ်ားကို အားျပည့္ေစရန္ ၾကက္သားဆန္ျပဳတ္ ၊ ဘဲသားဆန္ျပဳတ္ ပူပူေလးတြင္ င႐ုတ္ေကာင္းမႈန္႔ အနည္းငယ္ျဖဴးၿပီး ေသာက္ေစလွ်င္ အျမန္နလန္ထ ေစသည္။ ၀မ္းပ်က္ ၀မ္းေလွ်ာ၊ ၀မ္းကိုက္သူမ်ား အတြက္ဆိုလွ်င္ ဆန္ျပဳတ္ကို ေရခန္းေအာင္ ေကာ္ကဲ့သို႔ ခပ္ပ်စ္ပ်စ္ကေလး က်ိဳၿပီး ထန္းလ်က္ရည္ ဆမ္း၍ ဆားအနည္းငယ္ ထည့္၍တိုက္လွ်င္ သက္သာၿပီး အားျဖစ္ေစသည္။ အစာစားၿပီးတိုင္း ေအာ့အန္သူ မ်ားကို ဆန္မႈန္႔ေထာင္း၍ ခပ္ပ်စ္ပ်စ္ က်ိဳသည့္အထဲတြင္ ႏို႔မႈန္႔ႏွင့္ သၾကား အနည္းငယ္ ထည့္တိုက္လွ်င္ အစာေၾကၿပီး အအန္ သက္သာေစသည္။

ေလခ်ဥ္တက္သူ ၊ ေလအန္သူ မ်ားကို ဆန္ကြဲလက္တစ္ဆုပ္ အိုးငယ္တြင္ ေလွာ္ၿပီး ႏွမ္းဆီ တစ္ေပါက္ထည့္ ေရမတ္ခြက္ ႏွစ္ခြက္ထည့္ ၊ ၾကက္သြန္နီ အေနေတာ္ ႏွစ္ဥ အခြံႏႊာထည့္ၿပီး ေရာျပဳတ္ပါ။ ဆားအနည္းငယ္ ထည့္ ၊ ေရတစ္မတ္ခြက္ က်န္သည္အထိ ျပဳတ္လႊင္ ၾကက္သြန္နီ ဥလည္း ႏူးၿပီးျဖစ္သည္။ ၾကက္သြန္မွ ထြက္ေသာ အရည္ေၾကာင့္ ဆန္ျပဳတ္မွာ အဝါေရာက္သန္း ေနမည္။ ၄င္းဆန္ျပဳတ္ကို ညေနေစာင္း အခ်ိန္တိုင္း ခုနစ္ရက္ခန္႔ တိုက္ေပးလွ်င္ ေလနာအျမစ္ျပတ္ သည္ဟုဆိုသည္။

အိပ္ယာထဲလဲေနသူ ၊ အစာမ၀င္သူ ၊ ေလျဖတ္ထားသူ ေဆး႐ုံေပၚတြင္ အစာကို ပိုက္မွ သြင္းရသူမ်ား အတြက္ အားျဖစ္ေစေသာ ဆန္ျပဳတ္မွာ ဆန္ၾကမ္း လက္တစ္ဆုပ္တြင္ ပဲရာဇာ (ပဲနီေလး) လက္တစ္ဆုပ္ ေရာျပဳတ္ပါ။ ပဲရာဇာ သည္ အလြန္ ေၾကညက္လြယ္ သည္။ အေၾကာအျခင္ မ်ားကို အားရွိေစၿပီး ေလျဖတ္ ေဝဒနာသည္ မ်ားႏွင့္ သင့္ေလ်ာ္သည္။ အေၾကာေပ်ာ့ေသာ ကေလးငယ္မ်ား ကိုလည္း ပဲရာဇာ ဆန္ျပဳတ္ တိုက္ေပးသင့္သည္။

မႈိဆန္ျပဳတ္ကို ဥေရာပ အစားအေသာက္ ဆိုင္ႀကီးမ်ား ႏွင့္ အဆင့္ျမင့္ စားဖိုမႉးႀကီးမ်ား ရွိေသာ ဟိုတယ္မ်ားတြင္ ေတြ႕ရသည္။ ဟိုတယ္ မီႏူးမ်ားတြင္ Mushroom Soup ဟု ေရးသားထားသည္ ကို ေတြ႕ရသည္။ မႈိ အမ်ိဳးမ်ိဳးတို႔သည္ ကိုယ္ခံအားကို ျမႇင့္တင္ေပးသည္။ မႈဆန္ျပဳတ္ ေသာက္လွ်င္ ကိုယ္ခံအားကို တိုးေစႏိုင္သည္။အစာမစားမီ ဗိုက္ဆာေစရန္ ၊ အစာအိမ္မွ ေလရွင္းရန္ ႀကိဳတင္ ေသာက္ေပးျခင္းျဖင့္ အစာစားခ်င္စိတ္ ျဖစ္ေပၚေစသည္ ဟု ဆိုသည္။ အစာမေၾက ေရာဂါရွိသူမ်ား မွာ ဆန္ျပဳတ္ကို အစာစားၿပီးးမွ ေသာက္သင့္သည္။

ငါးရံ႕ဆန္ျပဳတ္ဟင္း သည္ ျမန္မာတို႔အႀကိဳက္ ဟင္းလ်ာျဖစ္သည္။ ငါးရံ႕ဟင္းကို ဆန္ေလွာ္ ၊ စပါးလင္ ၊ ခ်င္း တို႔ျဖင့္ ေမႊးႀကိဳင္ေအာင္ ျပဳတ္ေပးသျဖင့္ ခံတြင္းေတြ႕ၿပီး ႏႈတ္ကို ၿမိန္ေစသည္။ စပါးလင္ ႏွင့္ ခ်င္းသည္ ၀မ္းမီးကို ေတာက္ေစသည္။ အစာကို ေၾကေစႏိုင္သည္။ အဆီခ်လိုသူ ၊ ဝိတ္ခ်လိုသူ မ်ားမွာ ညစာမစားဘဲ ညအိပ္ရာ၀င္ခ်ိန္တြင္ ဆန္ျပဳတ္ တစ္ခြက္ ေသာက္သင့္သည္။ ညစာ လုံးဝေရွာင္လွ်င္ ေလပြၿပီး ညအိပ္မေပ်ာ္ ျဖစ္ႏိုင္သျဖင့္ ဆန္ျပဳတ္ ေသာက္ေပးျခင္းျဖင့္ အိပ္ေပ်ာ္ ေစႏိုင္သည္။

ဆန္ျပဳတ္သည္ ေဆးတစ္ပါး ျဖစ္သည္။ အစာအိမ္ ေရာဂါ ၊ ေလနာေရာဂါ ရွိသူမ်ား အတြက္ ထမင္းဟင္း ေရွာင္ၿပီး ၁၀ ရက္ခန္႔ ဆန္ျပဳတ္ေသာက္ သင့္သည္။ ဆရာ၀န္ႀကီးမ်ား အဆိုအရ အစာအိမ္ အူသိမ္ဦးပိုင္း အနာ DU (Duodenum Ulcer) ရွိသူမ်ားပင္ အဆီ ၊ အသားမ်ား ေရွာင္ၿပီး ဆန္ျပဳတ္ေသာက္လွ်င္ ရင္ပူေအာင့္နာ ေပ်ာက္ကင္း ေစႏိုင္သည္။ သက္ႀကီး႐ြယ္အို အစာေၾကညက္မႈ နားနည္းသည့္ အ႐ြယ္တြင္ နံနက္ေစာေစာ အစာကို ဆန္ျပဳတ္စား ေပးသင့္သည္။ ဆန္ျပဳတ္ကို တစ္ခါတစ္ရံတြင္လည္း အားျဖည့္အစာအျဖစ္ ႏို႔ ၊ သၾကားတို႔ႏွင့္ ေရက်ိဳၿပီး ယာဂုအျဖစ္လည္း သုံးေဆာင္ႏိုင္ေၾကာင္း ေရးသားလိုက္ရ ပါသည္။

ၾကည္လြင္ျမင့္ (မုျဒာ)
photo – credit


Leave a Reply

Your email address will not be published. Required fields are marked *

*