မျှစ်၏အကျိုးကျေးဇူးများ

(Unicode)

မျှစ်၏အကျိုးကျေးဇူးများ

(၁) မျှစ်သည် အစာအိမ်၏ အစာချေဖျက်သည့် လုပ်ငန်းဆောင်တာ များကို ကောင်းမွန်စေသည်။ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါကိုလည်း သက်သာစေသည်။

(၂) မျှစ်တွင် ဖီနောလစ်အက်စစ် များစွာပါဝင်မှုကြောင့် ရောင်ရမ်းမှုလျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိသည်။ ထို့ကြောင့် နှလုံးရောဂါအပါအဝင် နာတာရှည် ရောဂါများကို လျော့ကျစေသည်။ မျှစ်တွင် ပါဝင်သည့် ပိုတက်စီယမ် မှာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။

(၃) မျှစ်တွင် ဖိုင်ကိုကမ်မီကယ် များစွာပါဝင်သည့်အတွက် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်သည့် အာနိသင်နှင့် ကင်ဆာတား အာနိသင်တို့ ရှိသည်။

(၄)မျှစ်တွင် ပိုက်တက်စီယမ် ပါဝင်လည်း များသည့်အတွက် သွေးတိုးကို ကျစေ သည်။ မျှစ်တစ်ခွက်တွင် တစ်နေ့တာ လိုအပ်သည့် ပိုတက်စီယမ် ပမာဏ ၏ ငါးပုံတစ်ပုံ ပါဝင်နေသည်ဟု သိရသည်။

(၅) မျှစ်သည် မကောင်းသည့် ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေ ပြီး ကယ်လိုရီပါဝင်မှု လျော့နည်းခြင်းကြောင့် အဝလွန်သူများနှင့် သင့်တော် သည့်အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းနိုင် သည့်အတွက် ကိုယ်အလေးချိန် ထိန်းနေသူများ စားသုံးရန် အထူးသင့်တော် သည်။

(၆) မျှစ်ရည်သည် အူလမ်းကြောင်းရှိ သန်ကောင်များကို လျော့ကျစေသည်။

(၇) မျှစ်တွင် အမျှင်ဓာတ်များစွာ ပါဝင်ခြင်းကြောင့် အူလှုပ်ရှားမှု ကောင်း မွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ မျှစ်တစ်ခွက် စားပေးရင် တစ်နေ့တာ လိုအပ်သည့် အမျှင်ဓာတ် ပမာဏကို ရရှိစေသည်။

(၈)မျှစ်စားသုံးခြင်းဖြင့် ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေသည်။

(၉)မျှစ်ကို သည်းခြေအိတ်ဝေဒနာများ လျော့ကျစေရန် အိမ်သုံးဆေး တစ်လက် အနေဖြင့် ယခင်က အသိပြု ခဲ့ကြပါတယ်။

(၁၀)မျှစ်ရည်ဟာ ဒဏ်ရာငယ်များကို သန့်စင်စေသည်။ သန့်ရှင်းသည့် မျှစ်ရည် အား ဒဏ်ရာအပေါ် လိမ်းပေးပါက အနာကျက်မြန်စေသည်ဟု တချို့က ယုံကြည်ကြသည်။

(၁၁)လိပ်ခေါင်းက သွေးထွက်နေခြင်း၊ ဂနိုဆီးပူညောင်းကျရောဂါဖြစ်ခြင်းများ အတွက် မျှစ်ကို စားပေးပါက သက်သာစေသည်ဟု တချို့က ဆိုသည်။

(Zawgyi)

မွ်စ္၏အက်ိဳးေက်းဇူးမ်ား

(၁) မွ်စ္သည္ အစာအိမ္၏ အစာေခ်ဖ်က္သည့္ လုပ္ငန္းေဆာင္တာ မ်ားကို ေကာင္းမြန္ေစသည္။ အစာအိမ္ ေဝဒနာကို သက္သာေစၿပီး ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါကိုလည္း သက္သာေစသည္။

(၂) မွ်စ္တြင္ ဖီေနာလစ္အက္စစ္ မ်ားစြာပါဝင္မႈေၾကာင့္ ေရာင္ရမ္းမႈေလ်ာ့က်ၿပီး အင္တီေအာက္ဆီးဒင့္ အစြမ္း ရွိသည္။ ထို႔ေၾကာင့္ ႏွလုံးေရာဂါအပါအဝင္ နာတာရွည္ ေရာဂါမ်ားကို ေလ်ာ့က်ေစသည္။ မွ်စ္တြင္ ပါဝင္သည့္ ပိုတက္စီယမ္ မွာ ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစသည္။

(၃) မွ်စ္တြင္ ဖိုင္ကိုကမ္မီကယ္ မ်ားစြာပါဝင္သည့္အတြက္ ဖန္းဂတ္စ္မႈိတား အာနိသင္၊ ဘက္တီးရီးယား ဆန္႔က်င္သည့္ အာနိသင္ႏွင့္ ကင္ဆာတား အာနိသင္တို႔ ရွိသည္။

(၄)မွ်စ္တြင္ ပိုက္တက္စီယမ္ ပါဝင္လည္း မ်ားသည့္အတြက္ ေသြးတိုးကို က်ေစ သည္။ မွ်စ္တစ္ခြက္တြင္ တစ္ေန႔တာ လိုအပ္သည့္ ပိုတက္စီယမ္ ပမာဏ ၏ ငါးပုံတစ္ပုံ ပါဝင္ေနသည္ဟု သိရသည္။

(၅) မွ်စ္သည္ မေကာင္းသည့္ ကိုလက္စထေရာ အဆီ (LDL) ကို ေလ်ာ့က်ေစ ၿပီး ကယ္လိုရီပါဝင္မႈ ေလ်ာ့နည္းျခင္းေၾကာင့္ အဝလြန္သူမ်ားႏွင့္ သင့္ေတာ္ သည့္အျပင္ အမွ်င္ဓာတ္ ပါဝင္မႈမ်ားၿပီး မၾကာခဏ ဆာေလာင္မႈ ေလ်ာ့နည္းႏိုင္ သည့္အတြက္ ကိုယ္အေလးခ်ိန္ ထိန္းေနသူမ်ား စားသုံးရန္ အထူးသင့္ေတာ္ သည္။

(၆) မွ်စ္ရည္သည္ အူလမ္းေၾကာင္းရွိ သန္ေကာင္မ်ားကို ေလ်ာ့က်ေစသည္။

(၇) မွ်စ္တြင္ အမွ်င္ဓာတ္မ်ားစြာ ပါဝင္ျခင္းေၾကာင့္ အူလႈပ္ရွားမႈ ေကာင္း မြန္ေစၿပီး နာတာရွည္ ဝမ္းခ်ဳပ္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္သည္။ မွ်စ္တစ္ခြက္ စားေပးရင္ တစ္ေန႔တာ လိုအပ္သည့္ အမွ်င္ဓာတ္ ပမာဏကို ရရွိေစသည္။

(၈)မွ်စ္စားသုံးျခင္းျဖင့္ ရာသီစက္ဝန္းကို လႈံ႕ေဆာ္ေပးၿပီး ရာသီမွန္မွန္ လာေစသည္။

(၉)မွ်စ္ကို သည္းေျခအိတ္ေဝဒနာမ်ား ေလ်ာ့က်ေစရန္ အိမ္သုံးေဆး တစ္လက္ အေနျဖင့္ ယခင္က အသိျပဳ ခဲ့ၾကပါတယ္။

(၁၀)မွ်စ္ရည္ဟာ ဒဏ္ရာငယ္မ်ားကို သန္႔စင္ေစသည္။ သန္႔ရွင္းသည့္ မွ်စ္ရည္ အား ဒဏ္ရာအေပၚ လိမ္းေပးပါက အနာက်က္ျမန္ေစသည္ဟု တခ်ိဳ႕က ယုံၾကည္ၾကသည္။

(၁၁)လိပ္ေခါင္းက ေသြးထြက္ေနျခင္း၊ ဂႏိုဆီးပူေညာင္းက်ေရာဂါျဖစ္ျခင္းမ်ား အတြက္ မွ်စ္ကို စားေပးပါက သက္သာေစသည္ဟု တခ်ိဳ႕က ဆိုသည္။

credit – က်န္းမာေရးအတြက္ေဆးတစ္ခြက္


Leave a Reply

Your email address will not be published. Required fields are marked *

*