ဖျားနာနေမကောင်းဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ

(Unicode)

ဖျားနာနေမကောင်းဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ

ရာသီတုပ်ကွေးတွေနဲ့ တစ်ခြားသော

ကူးစက်ရောဂါတွေကြောင့် ခုလိုအချိန်မျိုးမှာ လူတော်တော်များများ နေမကောင်းဖြစ်တတ်ကြပါတယ်။ ဒါဆိုရင် နေမကောင်းဖြစ်ရုံနဲ့တော့ အရမ်းကြီးစိုးရိမ်စရာ မလိုပါဘူး။ တကယ်လို့့ ဖျားနာနေမကောင်းတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ဒီနည်းလမ်းလေးတွေနဲ့ ဂရုစိုက်ပေးလို့ရပါတယ်။

လိုအပ်တဲ့ ကုသမှုတွေခံယူပါ

အဖျားအရမ်းကြီးနေရင်တော့ ဆေးရုံ၊ ဆေးခန်းတွေသွားတာမျိုး လုပ်သင့်ပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တကယ်လို့ အဖျားလည်းအရမ်းမကြီးဘူး အိမ်မှာပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်မယ်ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ သောက်တာ၊ ငှက်သိုက်၊ ဓာတ်ဆားရည်တွေ များများသောက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

အာဟာရပြည့်ဝအောင် စားပါ

ကိုယ်ခံအားမကောင်းရင် အလွယ်တကူ ဖျားနာနိုင်ပြီး ခန္ဓာကိုယ်မှာ အားနည်းနေရင်တော့ အဖျားဒဏ်ကိုပိုခံရတတ်ပါတယ်။ ဒီတော့ ဖျားနေလို့ ဘာမှစားချင်စိတ်မရှိရင်တောင် အားတင်းပြီး အစားစားပေးဖို့ လိုပါတယ်။ စွပ်ပြုတ်ပူပူလေးသောက်တာ၊ အသီးတွေစားပေးတာ၊ ကိုယ့်အတွက် အားဖြစ်မယ့် အစားအစာတွေ စားပေးတာမျိုးက ဖျားနာနေရင်တောင် သင့်ကိုထူထူထောင်ထောင် ဖြစ်နေစေမှာပါ။

တစ်ခြားသူတွေ မကူးစက်အောင်နေပါ

နေမကောင်းဖြစ်တယ်ဆိုတာနဲ့ တစ်ခြားကိုယ့်မိသားစုဝင်တွေ မကူးစက်စေဖို့ သီးသန့်နေသင့်ပါတယ်။ တုပ်ကွေးအဖျားတွေကလည်း ကူးစက်လွယ်တတ်တာကြောင့် ဖြစ်နိုင်ရင် ဖျားနာနေတဲ့အချိန်မှာ အခန်းထဲမှာပဲ သီးသန့်နေပေးတာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို ခွဲသုံးတာမျိုး လုပ်ဆောင်သင့်ပါတယ်။

အရမ်းကြီး မစိုးရိမ်ပါနဲ့

ကိုယ့်ရဲ့စိတ်က ဒီအချိန်မှာ အရမ်းကိုအရေးကြီးပါတယ်။ ဖျားနာနေမကောင်းဖြစ်တိုင်း ရောဂါဆိုးတွေ မဖြစ်နိုင်သလို၊ တကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်တောင် အရမ်းကြီးမစိုးရိမ်ပါနဲ့။ သေချာကုသမယ်ဆိုရင် ဘယ်ရောဂါမဆို ပျောက်ကင်းနိုင်ပါတယ်။ အဓိကက ကိုယ်ခံအားကောင်းအောင်နေမယ်၊ အိပ်ရေးဝဝအိပ်မယ်၊ အဟာရမျှတစွာစားမယ်ဆိုရင်ပဲ အတော်လေးကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးတွေသောက်ပါ

တစ်ချို့ ရောဂါအခံရှိသူတွေအနေနဲ့ ဆရာဝန်နဲ့အရင်ဆုံး တိုင်ပင်ပြီးမှ လိုအပ်တဲ့ဆေးဝါးတွေ သောက်ပေးသင့်ပါတယ်။ ဒီလိုလုပ်တာက ပိုသေချာပြီး မတည့်တဲ့ဆေးဝါးတွေ၊ ကိုယ့်ရောဂါအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေမယ့် ဆေးဝါးတွေကိုသိထားဖို့ လိုအပ်တာကြောင့်ပါ။ ဒီအချက်တွေက ကိုယ့်ကိုယ်ကို ဂရုစိုက်လို့ရတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

(Zawgyi)

ဖ်ားနာေနမေကာင္းျဖစ္ခဲ့ရင္ ကိုယ့္ကိုယ္ကို ဘယ္လိုဂ႐ုစိုက္ရမလဲ

ရာသီတုပ္ေကြးေတြနဲ႔ တစ္ျခားေသာ

ကူးစက္ေရာဂါေတြေၾကာင့္ ခုလိုအခ်ိန္မ်ိဳးမွာ လူေတာ္ေတာ္မ်ားမ်ား ေနမေကာင္းျဖစ္တတ္ၾကပါတယ္။ ဒါဆိုရင္ ေနမေကာင္းျဖစ္႐ုံနဲ႔ေတာ့ အရမ္းႀကီးစိုးရိမ္စရာ မလိုပါဘူး။ တကယ္လို႔့ ဖ်ားနာေနမေကာင္းတာမ်ိဳး ျဖစ္ခဲ့မယ္ဆိုရင္ ကိုယ့္ကိုယ္ကို ဒီနည္းလမ္းေလးေတြနဲ႔ ဂ႐ုစိုက္ေပးလို႔ရပါတယ္။

လိုအပ္တဲ့ ကုသမႈေတြခံယူပါ

အဖ်ားအရမ္းႀကီးေနရင္ေတာ့ ေဆး႐ုံ၊ ေဆးခန္းေတြသြားတာမ်ိဳး လုပ္သင့္ၿပီး ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ တကယ္လို႔ အဖ်ားလည္းအရမ္းမႀကီးဘူး အိမ္မွာပဲ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္မယ္ဆိုရင္ လိုအပ္တဲ့ ေဆးဝါးေတြ ေသာက္တာ၊ ငွက္သိုက္၊ ဓာတ္ဆားရည္ေတြ မ်ားမ်ားေသာက္ေပးတာမ်ိဳး လုပ္ေပးသင့္ပါတယ္။

အာဟာရျပည့္ဝေအာင္ စားပါ

ကိုယ္ခံအားမေကာင္းရင္ အလြယ္တကူ ဖ်ားနာႏိုင္ၿပီး ခႏၶာကိုယ္မွာ အားနည္းေနရင္ေတာ့ အဖ်ားဒဏ္ကိုပိုခံရတတ္ပါတယ္။ ဒီေတာ့ ဖ်ားေနလို႔ ဘာမွစားခ်င္စိတ္မရွိရင္ေတာင္ အားတင္းၿပီး အစားစားေပးဖို႔ လိုပါတယ္။ စြပ္ျပဳတ္ပူပူေလးေသာက္တာ၊ အသီးေတြစားေပးတာ၊ ကိုယ့္အတြက္ အားျဖစ္မယ့္ အစားအစာေတြ စားေပးတာမ်ိဳးက ဖ်ားနာေနရင္ေတာင္ သင့္ကိုထူထူေထာင္ေထာင္ ျဖစ္ေနေစမွာပါ။

တစ္ျခားသူေတြ မကူးစက္ေအာင္ေနပါ

ေနမေကာင္းျဖစ္တယ္ဆိုတာနဲ႔ တစ္ျခားကိုယ့္မိသားစုဝင္ေတြ မကူးစက္ေစဖို႔ သီးသန္႔ေနသင့္ပါတယ္။ တုပ္ေကြးအဖ်ားေတြကလည္း ကူးစက္လြယ္တတ္တာေၾကာင့္ ျဖစ္ႏိုင္ရင္ ဖ်ားနာေနတဲ့အခ်ိန္မွာ အခန္းထဲမွာပဲ သီးသန္႔ေနေပးတာ၊ တစ္ကိုယ္ရည္သုံးပစၥည္းေတြကို ခြဲသုံးတာမ်ိဳး လုပ္ေဆာင္သင့္ပါတယ္။

အရမ္းႀကီး မစိုးရိမ္ပါနဲ႔

ကိုယ့္ရဲ႕စိတ္က ဒီအခ်ိန္မွာ အရမ္းကိုအေရးႀကီးပါတယ္။ ဖ်ားနာေနမေကာင္းျဖစ္တိုင္း ေရာဂါဆိုးေတြ မျဖစ္ႏိုင္သလို၊ တကယ္လို႔ျဖစ္ခဲ့မယ္ဆိုရင္ေတာင္ အရမ္းႀကီးမစိုးရိမ္ပါနဲ႔။ ေသခ်ာကုသမယ္ဆိုရင္ ဘယ္ေရာဂါမဆို ေပ်ာက္ကင္းႏိုင္ပါတယ္။ အဓိကက ကိုယ္ခံအားေကာင္းေအာင္ေနမယ္၊ အိပ္ေရးဝဝအိပ္မယ္၊ အဟာရမွ်တစြာစားမယ္ဆိုရင္ပဲ အေတာ္ေလးေကာင္းမြန္လာမွာ ျဖစ္ပါတယ္။

ဆရာဝန္ ၫႊန္ၾကားထားတဲ့ ေဆးေတြေသာက္ပါ

တစ္ခ်ိဳ႕ ေရာဂါအခံရွိသူေတြအေနနဲ႔ ဆရာဝန္နဲ႔အရင္ဆုံး တိုင္ပင္ၿပီးမွ လိုအပ္တဲ့ေဆးဝါးေတြ ေသာက္ေပးသင့္ပါတယ္။ ဒီလိုလုပ္တာက ပိုေသခ်ာၿပီး မတည့္တဲ့ေဆးဝါးေတြ၊ ကိုယ့္ေရာဂါအတြက္ ေဘးထြက္ဆိုးက်ိဳးျဖစ္ေစမယ့္ ေဆးဝါးေတြကိုသိထားဖို႔ လိုအပ္တာေၾကာင့္ပါ။ ဒီအခ်က္ေတြက ကိုယ့္ကိုယ္ကို ဂ႐ုစိုက္လို႔ရတဲ့ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။

Credit, original upload


Leave a Reply

Your email address will not be published. Required fields are marked *

*