ဗိုက်ဆာဆာနဲ့ အိပ်စက်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် ၄ ခု

(Unicode)

ဗိုက်ဆာဆာနဲ့ အိပ်စက်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် ၄ ခု

တစ်ခါတစ်လေ ညဘက်တွေမှာ ဗိုက်ဆာဆာနဲ့အိပ်လိုက်မိတဲ့ နေ့မျိုးတွေဆိုတာ ရှိတတ်ကြမှာပါ။ တကယ်တော့ ဗိုက်အဆာခံပြီး အိပ်စက်ခြင်းက ဆိုးဝါးတဲ့အကျိုးဆက်တွေ ရှိလို့နေပါတယ်။ သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်တွေအရ ဗိုက်ဆာဆာနဲ့အိပ်စက်ခြင်းက အလုပ်နဲ့ သင်ယူခြင်းတွေမှာ အခက်အခဲဖြစ်လာနိုင်ပြီး စိတ်ဓာတ်ကျမှုတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။

သင့်ရဲ့ကြွက်သားတွေ ဆုံးရှုံးလာနိုင်တယ်

ခန္ဓာကိုယ်မှာ ကြွက်သားတွေတက်လာအောင် ကြိုးစားနေသူတွေအနေနဲ့ ဗိုက်ဆာဆာနဲ့ အိပ်စက်တာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ ဝိတ်တက်မှာစိုးလို့ ညစာမစားရင်တောင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဟာရတွေတော့ ရှိဖို့လိုပါတယ်။ ညဘက်မှာ ဗိုက်ဆာပေမယ့် ဘာမှမစားပဲ အိပ်စက်လိုက်တာက ကြွက်သားထုတွေကို ဆုံးရှုံးရတတ်ပါတယ်။

ဝိတ်ပိုတက်လာမယ်

အရမ်းဗိုက်ဆာနေတဲ့အချိန်မှာ ဘာမှမစားပဲနေခြင်းက ဆန့်ကျင်ဖက်ရလဒ်အနေနဲ့ ဝိတ်ကိုပိုတက်လာစေပါတယ်။ ညဘက်မှဘာမှမစားထားတာကြောင့် တစ်ခြားအချိန်တွေမှာ သင်ဟာသာမာန်ထက်ပို အစားအသာက်တွေကို အလွန်အကျွံစားသောက်လာတတ်တာပါ။ အကျိုးဆက်ကတော့ ဝိတ်ပိုတက်လာစေတာပါပဲ။

အိပ်စက်ခြင်းကို ဆိုးဝါးစေတယ်

ဗိုက်အရမ်းဆာတဲ့အခါ အိပ်ပျော်ဖို့ခက်ခဲတတ်ပြီး အိပ်ရေးပျက်စေတတ်ပါတယ်။ အိပ်ရေးပျက်ခြင်းက အတော်လေးဆိုးဝါးတာကြောင့် ညဘက်ဗိုက်ဆာတဲ့အခါ ဘာမှမစားပဲ အိပ်တာမျိုး မလုပ်သင့်ပါဘူးနော်။ ညသန်းခေါင်း ဗိုက်ဆာလာရင် ရေအနည်းငယ်နဲ့ ပေါင်မုန့်လေးဖြစ်ဖြစ် စားပေးတာက ပိုအဆင်ပြေစေမှာပါ။

အားအင်ကို ဆုံးရှုံးစေတယ်

အစားမစားရင် ခန္ဓာကိုယ်က လောင်စာမရရှိတဲ့အတွက် အားအင်မပြည့်ဝနိုင်ပါဘူး။ ညဘက်မှာ ဗိုက်ဆာဆာနဲ့ အိပ်စက်လိုက်တဲ့အခါ အိပ်ရာကနိုးတဲ့အချိန် အင်အားပြည့်ဝပြီး လန်းဆန်းတက်ကြွစွာ မနိုးထလာနိုင်ပါဘူးနော်။ ခန္ဓာကိုယ်မှာ အားအင်ဆုံးရှုံးနေတဲ့အခါ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ မလုပ်နိုင်တဲ့အတွက် ကိုယ့်အတွက်ခက်ခဲမှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

(Zawgyi)

ဗိုက္ဆာဆာနဲ႔ အိပ္စက္ျခင္းေၾကာင့္ ျဖစ္ေပၚလာမယ့္ အက်ိဳးဆက္ ၄ ခု

တစ္ခါတစ္ေလ ညဘက္ေတြမွာ ဗိုက္ဆာဆာနဲ႔အိပ္လိုက္မိတဲ့ ေန႔မ်ိဳးေတြဆိုတာ ရွိတတ္ၾကမွာပါ။ တကယ္ေတာ့ ဗိုက္အဆာခံၿပီး အိပ္စက္ျခင္းက ဆိုးဝါးတဲ့အက်ိဳးဆက္ေတြ ရွိလို႔ေနပါတယ္။ သုေတသနပညာရွင္ေတြရဲ႕ ေျပာၾကားခ်က္ေတြအရ ဗိုက္ဆာဆာနဲ႔အိပ္စက္ျခင္းက အလုပ္နဲ႔ သင္ယူျခင္းေတြမွာ အခက္အခဲျဖစ္လာႏိုင္ၿပီး စိတ္ဓာတ္က်မႈေတြအထိ ျဖစ္ေပၚလာႏိုင္ပါတယ္။

သင့္ရဲ႕ႂကြက္သားေတြ ဆုံးရႈံးလာႏိုင္တယ္

ခႏၶာကိုယ္မွာ ႂကြက္သားေတြတက္လာေအာင္ ႀကိဳးစားေနသူေတြအေနနဲ႔ ဗိုက္ဆာဆာနဲ႔ အိပ္စက္တာမ်ိဳးကို လုံးဝမလုပ္သင့္ပါဘူး။ ဝိတ္တက္မွာစိုးလို႔ ညစာမစားရင္ေတာင္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့အဟာရေတြေတာ့ ရွိဖို႔လိုပါတယ္။ ညဘက္မွာ ဗိုက္ဆာေပမယ့္ ဘာမွမစားပဲ အိပ္စက္လိုက္တာက ႂကြက္သားထုေတြကို ဆုံးရႈံးရတတ္ပါတယ္။

ဝိတ္ပိုတက္လာမယ္

အရမ္းဗိုက္ဆာေနတဲ့အခ်ိန္မွာ ဘာမွမစားပဲေနျခင္းက ဆန္႔က်င္ဖက္ရလဒ္အေနနဲ႔ ဝိတ္ကိုပိုတက္လာေစပါတယ္။ ညဘက္မွဘာမွမစားထားတာေၾကာင့္ တစ္ျခားအခ်ိန္ေတြမွာ သင္ဟာသာမာန္ထက္ပို အစားအသာက္ေတြကို အလြန္အကြၽံစားေသာက္လာတတ္တာပါ။ အက်ိဳးဆက္ကေတာ့ ဝိတ္ပိုတက္လာေစတာပါပဲ။

အိပ္စက္ျခင္းကို ဆိုးဝါးေစတယ္

ဗိုက္အရမ္းဆာတဲ့အခါ အိပ္ေပ်ာ္ဖို႔ခက္ခဲတတ္ၿပီး အိပ္ေရးပ်က္ေစတတ္ပါတယ္။ အိပ္ေရးပ်က္ျခင္းက အေတာ္ေလးဆိုးဝါးတာေၾကာင့္ ညဘက္ဗိုက္ဆာတဲ့အခါ ဘာမွမစားပဲ အိပ္တာမ်ိဳး မလုပ္သင့္ပါဘူးေနာ္။ ညသန္းေခါင္း ဗိုက္ဆာလာရင္ ေရအနည္းငယ္နဲ႔ ေပါင္မုန္႔ေလးျဖစ္ျဖစ္ စားေပးတာက ပိုအဆင္ေျပေစမွာပါ။

အားအင္ကို ဆုံးရႈံးေစတယ္

အစားမစားရင္ ခႏၶာကိုယ္က ေလာင္စာမရရွိတဲ့အတြက္ အားအင္မျပည့္ဝႏိုင္ပါဘူး။ ညဘက္မွာ ဗိုက္ဆာဆာနဲ႔ အိပ္စက္လိုက္တဲ့အခါ အိပ္ရာကႏိုးတဲ့အခ်ိန္ အင္အားျပည့္ဝၿပီး လန္းဆန္းတက္ႂကြစြာ မႏိုးထလာႏိုင္ပါဘူးေနာ္။ ခႏၶာကိုယ္မွာ အားအင္ဆုံးရႈံးေနတဲ့အခါ တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္စြာ မလုပ္ႏိုင္တဲ့အတြက္ ကိုယ့္အတြက္ခက္ခဲမႈေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။

Crd,copy


Leave a Reply

Your email address will not be published. Required fields are marked *

*