သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ

(Unicode)

သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ

သစ်ပင်စိုက်ခြင်းက ပတ်၀န်းကျင်အတွက် ဘယ်လောက်အကျိုးကျေးဇူးများတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။ ဒီနေ့ခေတ်လို့ အရမ်းတိုးတက်လာတဲ့ခေတ်မှာ ပတ်၀န်းကျင်ထိခိုက်မှုတွေ၊ ညစ်ညမ်းမှုတွေ ပိုလို့တောင်ဖြစ်လာပါသေးတယ်။ အဲဒါကြောင့် အပင်တွေပိုပြီး စိုက်ပျိုးသင့်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေအမျိုးမျိုးဖြစ်လာရခြင်းကလည်း အပင်တွေဆုံးရှုံးခြင်းကြောင့်ပါ။ အပင်စိုက်ခြင်းအကျိုးကို သေချာလေးသိရအောင် ရေးပေးလိုက်ပါတယ်။

( ၁ ) အပင်တွေက ရာသီဥတုကို ပြောင်းလဲခြင်းကို
အံတုနိုင်ပါတယ်

ကျွန်တော်တို့ရဲ့ ကမ္ဘာ့လေထုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေများပြားလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုတွေဖြစ်လာရပါတယ်။ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားပြီး ပတ်၀န်းကျင်မှဖယ်ရှားပေးနိုင်ပါတယ်။ ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သိုလှောင်ထားပြီး အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့သစ်ပင်တွေက သင့်ရဲ့ကားမိုင်ပေါင်း ၂၆၀၀၀ မိုင်မောင်းနှင်ပြီးထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏတွေကို စုပ်ယူနိုင်ပါတယ်။

( ၂ ) အပင်တွေက လေထုကို သန့်ရှင်းစေနိုင်ပါတယ်

မကောင်းတဲ့ဓာတ်ငွေ့တွေကို သူတို့ရဲ့အရွက်တွေနဲ့ ပင်စည်က စုပ်ယူနိုင်ပါတယ်။ အထူးသဖြင့် အမိုးနီးယား၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အိုဇုန်း စသည့်ဓာတ်ငွေ့တွေကို စုပ်ယူတဲ့အတွက် လေထုကို သန့်ရှင်းသွားစေနိုင်ပြီး သန့်စင်သွားအောင်လည်း စစ်ထုတ်ပေးနိုင်ပါတယ်။

( ၃ ) အပင်တွေက အောက်ဆီဂျင်ဓာတ်ကိုပေးပါတယ်

တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့အပင်တွေကနေ လူပေါင်း၁၈ယောက်အတွက် အောက်ဆီဂျင်လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။

( ၄ ) အပင်တွေက မြို့တွေ၊ လမ်းတွေကို အေးချမ်းစေပါတယ်

Los Angeles မြို့မှာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ခန့်ကတည်းက ပျမ်းမျှအပူချိန်ထက် ၆ဒီဂရီဖာရင်ဟိုက် မြင့်တက်လျက်ရှိပါတယ်။ အပင်တွေက အုပ်လွှမ်းပြီး လမ်းတွေ အိမ်တွေကို အပူဒဏ်ကနေကာကွယ်ပေးထားပါတယ်။ အိမ်တွေနဲ့လမ်းတွေကို တစ်ဆယ်ဒီဂရီဖာရင်ဟိုက်အထိ အေးစေပါတယ်။ သစ်ပင်ရဲ့ အရွက်တွေကတဆင့် လေထုထဲကို ရေငွေ့တွေထုတ်လွှတ်ပေးပါတယ်။

( ၅ ) အပင်တွေက စွမ်းအင်တွေမဆုံးရှုံးအောင် ထိန်းသိမ်းပေးနိုင်ပါတယ်

အိမ်တစ်အိမ်မှာ နွေရာသီပူပြင်းမှုကို ကာကွယ်နိုင်အောင် လေအေးစက်အသုံးပြုခြင်းကြပါတယ်။ အပင်တွေကြောင့် လမ်းတွေအိမ်တွေကို အပူသက်သာစေတဲ့အခါ မလိုအပ်ပဲလေအေးပေးစက်မသုံးဖြစ်တော့ပါဘူး။ ထိုအခါ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ဓာတ်ငွေ့တွေထုတ်လွှတ်မှုနည်းသွားစေပါတယ်။ စွမ်းအင်တွေလည်း အလဟသမကုန်တော့သလို လေထုလည်းမညစ်ညမ်းနိုင်တော့ပါဘူး။

( ၆ ) ရေကုန်ဆုံးခြင်းကို ကာကွယ်နိုင်ပါတယ်

အပင်တွေက ရတဲ့အရိပ်ကြောင့်
ရေလိုအပ်နေတဲ့ မြက်ခင်းတွေမှာ ရေငွေ့ပျံခြင်းကို သက်သာစေပြီး မြစ်ချောင်းအင်းအိုင်များမှ ရေငွေ့ပျံခြင်းကို သက်သာစေနိုင်ပါတယ်။

လောလောလတ်လတ်စိုက်ပျိုးထားတဲ့အပင်သစ်လေးတွေက တစ်ပတ်မှာ ရေ ငါးဂါလံလောက်ပဲလိုအပ်ပါတယ်။ သစ်ပင်တွေကနေ ရေငွေ့တွေပြန်ထုတ်ပေးတဲ့အတွက်ကြောင့် ကမ္ဘာ့လေထုကို ပြန်ပြီးစိုစွတ်စေပါတယ်။

( ၇ ) ရေထုညစ်ညမ်းခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်

အပင်ရဲ့ပင်စည်ကနေ ရေတွေက အပင်ရဲ့အောက်ခြေမြေကြီးတွေထဲကို ရောက်သွားပါတယ်။ အဲဒါက အညစ်အကြေးတွေကို ပင်လယ်ထဲအရှိန်ပြင်းပြင်းစီးဆင်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပြီးတော့ စိုက်ပျိုးထားတဲ့အပင်တွေအတွက် ဖြန့်ကျဲထားတတ်တဲ့ သစ်ရွက်ဆွေးတွေ ၊ ကောက်ရိုးဆွေးတွေကိုလည်း သဘာ၀အရ ရေမြုပ်ပုံစံလိုမျိုး စစ်ထုတ်ပေးနိုင်အောင် အပင်တွေရဲ့ အမြစ်တွေက ဆောင်ရွက်နိုင်ပါတယ်။ အဲဒါအပြင် မြေအောက်ရေပြန်လည်ရရှိအောင် ပြန်လည်ထောက်ပံ့ပေးနိုင်ပါသေးတယ်။

( ၈ ) မြေတိုက်စားခြင်းမှ ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်

တောင်ခါးပန်းတွေလိုနေရာမျိုး၊ စမ်းချောင်းတွေစီးဆင်းနေတဲ့ ကုန်းလျှောမြေလိုနေရာမျိုးတွေမှာ ရှိတဲ့အပင်တွေက မြေကြီးတွေကို တိုက်စားမှုမဖြစ်အောင် အမြစ်တွေနဲ့ ကုတ်တွယ်ထားနိုင်ပါတယ်။ အဲဒါကြောင့် မြေတိုက်စားခြင်း၊ မြေပြိုခြင်းတွေ မဖြစ်နိုင်တော့ပါဘူး။

( ၉ ) ကလေးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်

အမေရိကန်ပြည်ထောင်စုမှာ အရေပြားကင်ဆာက အဖြစ်များဆုံးရောဂါတစ်ခုထဲမှာ ပါ၀င်ပါတယ်။ အပင်တွေက နေရောင်ခြည်မှ UV B နဲ့ထိတွေ့နရခြင်းမှ ၅၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ အဲဒါကြောင့် ကလေးသူငယ်တွေရဲ့ ကစားကွင်းတွေနဲ့ ကျောင်း၀င်းတွေမှာ အပင်တွေနဲ့ အရိပ်ရနေအောင် စီမံထားသင့်ပါတယ်။

( ၁၀ ) အစားအစာတွေကို စီမံပေးနိုင်ပါတယ်

ပန်းသီးပင်တစ်ပင်က ပန်းသီးပေါင်း တစ်နှစ်မှာ ရှစ်ဂါလံ၀င်တဲ့ တင်းတောင်းပေါင်း ၁၅ – ၂၀ လောက်ထိ ထွက်နိုင်ပါတယ်။ အပင်တွေက လူတွေအတွက် စားစရာအသီးအနှံတွေသာမက ငှက်တွေနဲ့ သားရဲတိရစ္ဆာန်တွေအတွက်လည်း စားစရာဖန်တီးပေးပါတယ်။

( ၁၁ ) ရောဂါတွေကို ကုသပေးနိုင်ပါတယ်

လေ့လာတွေ့ရှိချက်အရ ပြတင်းပေါက်မှာ အပင်တွေ အမြဲစိမ်းစိုနေတာမြင်တွေ့နေတတ်တဲ့ လူနာတွေက အမြန်ဆုံးရောဂါပျောက်ကင်းနိင်တာကိုတွေ့ရပါတယ်။ Attention Deficit Hyperacitivity Disorder (ADHD) ရေဂါဝေဒနာရှင် ကလေးသူငယ်တွေမှာ သဘာ၀တရားကို လက်ခံရတဲ့အခါ ရောဂါလက္ခဏာတွေလျော့နည်းလာတာကိုတွေ့ရပါတယ်။ သစ်ပင်တွေနဲ့ ထိတွေ့ခြင်း၊ သဘာ၀တရားကိုလက်ခံရခြင်းက စိတ်ပိုင်းဆိုင်ရာမောပန်းနွမ်းနယ်မှုတွေကိုလည်း လျော့ကျစေပါတယ်။

( ၁၂ ) ခရမ်းလွန်ရောင်ခြည်ကို လျှော့ကျစေနိုင်ပါတယ်

အိမ်အနီး၀န်းကျင် အိမ်အတွင်းအပြင်ကို ခရမ်းလွန်ရောင်ခြည်ပြင်းပြင်းထန်ထန်ရောက်ရှိခြင်း ဒဏ်မှ လျှော့ကျစေပါတယ်။ အပင်တွေနဲ့ သဘာ၀ရှုခင်းတွေကြောင့် ခရမ်းလွန်ရောင်ခြည်ဓာတ်များပြားစွာ ကျရောက်ခြင်းဒဏ်ကို ကြောက်လန့်နေစရာမလိုတော့ပါဘူး။

အထက်ပါအချက်တွေက အပင်တွေကို စိုက်ပျိုးခြင်းကြောင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေပါ။ ပတ်၀န်းကျင်စိမ်းစိုနေစေဖို့ အားလုံးပဲ အပင်တွေစိုက်ပျိုးသင့်ပါတယ်နော်။ ကိုယ့်ပတ်၀န်းကျင်မှာ အပင်လေးတွေ စိုက်ပျိုးခြင်းကြောင့် မိမိကိုယ်တိုင်သာမက အနီးအနားပတ်၀န်းကျင်အတွက်ကော နောင်နှစ်ပေါင်းများစွာအထိ အကျိုးရှိနေစေမှာပါ။

(Zawgyi)

သစ္ပင္စိုက္ျခင္း၏ အက်ိဳးေက်းဇူးမ်ား

သစ္ပင္စိုက္ျခင္းက ပတ္၀န္းက်င္အတြက္ ဘယ္ေလာက္အက်ိဳးေက်းဇူးမ်ားတယ္ဆိုတာ ေျပာဖို႔ေတာင္လိုမယ္မထင္ပါဘူးေနာ္။ ဒီေန႔ေခတ္လို႔ အရမ္းတိုးတက္လာတဲ့ေခတ္မွာ ပတ္၀န္းက်င္ထိခိုက္မႈေတြ၊ ညစ္ညမ္းမႈေတြ ပိုလို႔ေတာင္ျဖစ္လာပါေသးတယ္။ အဲဒါေၾကာင့္ အပင္ေတြပိုၿပီး စိုက္ပ်ိဳးသင့္ပါတယ္။ သဘာဝေဘးအႏၲရာယ္ေတြအမ်ိဳးမ်ိဳးျဖစ္လာရျခင္းကလည္း အပင္ေတြဆုံးရႈံးျခင္းေၾကာင့္ပါ။ အပင္စိုက္ျခင္းအက်ိဳးကို ေသခ်ာေလးသိရေအာင္ ေရးေပးလိုက္ပါတယ္။

( ၁ ) အပင္ေတြက ရာသီဥတုကို ေျပာင္းလဲျခင္းကို
အံတုႏိုင္ပါတယ္

ကြၽန္ေတာ္တို႔ရဲ႕ ကမာၻ႔ေလထုမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႕ေတြမ်ားျပားလာမႈေၾကာင့္ ရာသီဥတုေျပာင္းလဲမႈေတြျဖစ္လာရပါတယ္။ အပင္ေတြက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ယူထားၿပီး ပတ္၀န္းက်င္မွဖယ္ရွားေပးႏိုင္ပါတယ္။ ၿပီးေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို သိုေလွာင္ထားၿပီး ေအာက္ဆီဂ်င္ကိုျပန္လည္ထုတ္လႊတ္ေပးပါတယ္။ တစ္ႏွစ္မွာ တစ္ဧကခန္႔ရွိတဲ့သစ္ပင္ေတြက သင့္ရဲ႕ကားမိုင္ေပါင္း ၂၆၀၀၀ မိုင္ေမာင္းႏွင္ၿပီးထြက္လာတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ဓာတ္ေငြ႕ပမာဏေတြကို စုပ္ယူႏိုင္ပါတယ္။

( ၂ ) အပင္ေတြက ေလထုကို သန္႔ရွင္းေစႏိုင္ပါတယ္

မေကာင္းတဲ့ဓာတ္ေငြ႕ေတြကို သူတို႔ရဲ႕အ႐ြက္ေတြနဲ႔ ပင္စည္က စုပ္ယူႏိုင္ပါတယ္။ အထူးသျဖင့္ အမိုးနီးယား၊ ဆာလဖာဒိုင္ေအာက္ဆိုက္၊ ႏိုက္ထ႐ိုဂ်င္ေအာက္ဆိုဒ္၊ အိုဇုန္း စသည့္ဓာတ္ေငြ႕ေတြကို စုပ္ယူတဲ့အတြက္ ေလထုကို သန္႔ရွင္းသြားေစႏိုင္ၿပီး သန္႔စင္သြားေအာင္လည္း စစ္ထုတ္ေပးႏိုင္ပါတယ္။

( ၃ ) အပင္ေတြက ေအာက္ဆီဂ်င္ဓာတ္ကိုေပးပါတယ္

တစ္ႏွစ္မွာ တစ္ဧကခန္႔ရွိတဲ့အပင္ေတြကေန လူေပါင္း၁၈ေယာက္အတြက္ ေအာက္ဆီဂ်င္လုံလုံေလာက္ေလာက္ထုတ္ေပးႏိုင္ပါတယ္။

( ၄ ) အပင္ေတြက ၿမိဳ႕ေတြ၊ လမ္းေတြကို ေအးခ်မ္းေစပါတယ္

Los Angeles ၿမိဳ႕မွာ လြန္ခဲ့တဲ့ႏွစ္ငါးဆယ္ခန္႔ကတည္းက ပ်မ္းမွ်အပူခ်ိန္ထက္ ၆ဒီဂရီဖာရင္ဟိုက္ ျမင့္တက္လ်က္ရွိပါတယ္။ အပင္ေတြက အုပ္လႊမ္းၿပီး လမ္းေတြ အိမ္ေတြကို အပူဒဏ္ကေနကာကြယ္ေပးထားပါတယ္။ အိမ္ေတြနဲ႔လမ္းေတြကို တစ္ဆယ္ဒီဂရီဖာရင္ဟိုက္အထိ ေအးေစပါတယ္။ သစ္ပင္ရဲ႕ အ႐ြက္ေတြကတဆင့္ ေလထုထဲကို ေရေငြ႕ေတြထုတ္လႊတ္ေပးပါတယ္။

( ၅ ) အပင္ေတြက စြမ္းအင္ေတြမဆုံးရႈံးေအာင္ ထိန္းသိမ္းေပးႏိုင္ပါတယ္

အိမ္တစ္အိမ္မွာ ေႏြရာသီပူျပင္းမႈကို ကာကြယ္ႏိုင္ေအာင္ ေလေအးစက္အသုံးျပဳျခင္းၾကပါတယ္။ အပင္ေတြေၾကာင့္ လမ္းေတြအိမ္ေတြကို အပူသက္သာေစတဲ့အခါ မလိုအပ္ပဲေလေအးေပးစက္မသုံးျဖစ္ေတာ့ပါဘူး။ ထိုအခါ ေလထုညစ္ညမ္းမႈျဖစ္ေစတဲ့ဓာတ္ေငြ႕ေတြထုတ္လႊတ္မႈနည္းသြားေစပါတယ္။ စြမ္းအင္ေတြလည္း အလဟသမကုန္ေတာ့သလို ေလထုလည္းမညစ္ညမ္းႏိုင္ေတာ့ပါဘူး။

( ၆ ) ေရကုန္ဆုံးျခင္းကို ကာကြယ္ႏိုင္ပါတယ္

အပင္ေတြက ရတဲ့အရိပ္ေၾကာင့္
ေရလိုအပ္ေနတဲ့ ျမက္ခင္းေတြမွာ ေရေငြ႕ပ်ံျခင္းကို သက္သာေစၿပီး ျမစ္ေခ်ာင္းအင္းအိုင္မ်ားမွ ေရေငြ႕ပ်ံျခင္းကို သက္သာေစႏိုင္ပါတယ္။

ေလာေလာလတ္လတ္စိုက္ပ်ိဳးထားတဲ့အပင္သစ္ေလးေတြက တစ္ပတ္မွာ ေရ ငါးဂါလံေလာက္ပဲလိုအပ္ပါတယ္။ သစ္ပင္ေတြကေန ေရေငြ႕ေတြျပန္ထုတ္ေပးတဲ့အတြက္ေၾကာင့္ ကမာၻ႔ေလထုကို ျပန္ၿပီးစိုစြတ္ေစပါတယ္။

( ၇ ) ေရထုညစ္ညမ္းျခင္းကို ကာကြယ္ဖို႔ ကူညီေပးႏိုင္ပါတယ္

အပင္ရဲ႕ပင္စည္ကေန ေရေတြက အပင္ရဲ႕ေအာက္ေျခေျမႀကီးေတြထဲကို ေရာက္သြားပါတယ္။ အဲဒါက အညစ္အေၾကးေတြကို ပင္လယ္ထဲအရွိန္ျပင္းျပင္းစီးဆင္းတာမ်ိဳးမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ၿပီးေတာ့ စိုက္ပ်ိဳးထားတဲ့အပင္ေတြအတြက္ ျဖန္႔က်ဲထားတတ္တဲ့ သစ္႐ြက္ေဆြးေတြ ၊ ေကာက္႐ိုးေဆြးေတြကိုလည္း သဘာ၀အရ ေရျမဳပ္ပုံစံလိုမ်ိဳး စစ္ထုတ္ေပးႏိုင္ေအာင္ အပင္ေတြရဲ႕ အျမစ္ေတြက ေဆာင္႐ြက္ႏိုင္ပါတယ္။ အဲဒါအျပင္ ေျမေအာက္ေရျပန္လည္ရရွိေအာင္ ျပန္လည္ေထာက္ပံ့ေပးႏိုင္ပါေသးတယ္။

( ၈ ) ေျမတိုက္စားျခင္းမွ ကာကြယ္ဖို႔ ကူညီေပးႏိုင္ပါတယ္

ေတာင္ခါးပန္းေတြလိုေနရာမ်ိဳး၊ စမ္းေခ်ာင္းေတြစီးဆင္းေနတဲ့ ကုန္းေလွ်ာေျမလိုေနရာမ်ိဳးေတြမွာ ရွိတဲ့အပင္ေတြက ေျမႀကီးေတြကို တိုက္စားမႈမျဖစ္ေအာင္ အျမစ္ေတြနဲ႔ ကုတ္တြယ္ထားႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေျမတိုက္စားျခင္း၊ ေျမၿပိဳျခင္းေတြ မျဖစ္ႏိုင္ေတာ့ပါဘူး။

( ၉ ) ကေလးေတြကို ခရမ္းလြန္ေရာင္ျခည္ဒဏ္မွ ကာကြယ္ေပးႏိုင္ပါတယ္

အေမရိကန္ျပည္ေထာင္စုမွာ အေရျပားကင္ဆာက အျဖစ္မ်ားဆုံးေရာဂါတစ္ခုထဲမွာ ပါ၀င္ပါတယ္။ အပင္ေတြက ေနေရာင္ျခည္မွ UV B နဲ႔ထိေတြ႕နရျခင္းမွ ၅၀ရာခိုင္ႏႈန္းေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အဲဒါေၾကာင့္ ကေလးသူငယ္ေတြရဲ႕ ကစားကြင္းေတြနဲ႔ ေက်ာင္း၀င္းေတြမွာ အပင္ေတြနဲ႔ အရိပ္ရေနေအာင္ စီမံထားသင့္ပါတယ္။

( ၁၀ ) အစားအစာေတြကို စီမံေပးႏိုင္ပါတယ္

ပန္းသီးပင္တစ္ပင္က ပန္းသီးေပါင္း တစ္ႏွစ္မွာ ရွစ္ဂါလံ၀င္တဲ့ တင္းေတာင္းေပါင္း ၁၅ – ၂၀ ေလာက္ထိ ထြက္ႏိုင္ပါတယ္။ အပင္ေတြက လူေတြအတြက္ စားစရာအသီးအႏွံေတြသာမက ငွက္ေတြနဲ႔ သားရဲတိရစာၦန္ေတြအတြက္လည္း စားစရာဖန္တီးေပးပါတယ္။

( ၁၁ ) ေရာဂါေတြကို ကုသေပးႏိုင္ပါတယ္

ေလ့လာေတြ႕ရွိခ်က္အရ ျပတင္းေပါက္မွာ အပင္ေတြ အၿမဲစိမ္းစိုေနတာျမင္ေတြ႕ေနတတ္တဲ့ လူနာေတြက အျမန္ဆုံးေရာဂါေပ်ာက္ကင္းနိင္တာကိုေတြ႕ရပါတယ္။ Attention Deficit Hyperacitivity Disorder (ADHD) ေရဂါေဝဒနာရွင္ ကေလးသူငယ္ေတြမွာ သဘာ၀တရားကို လက္ခံရတဲ့အခါ ေရာဂါလကၡဏာေတြေလ်ာ့နည္းလာတာကိုေတြ႕ရပါတယ္။ သစ္ပင္ေတြနဲ႔ ထိေတြ႕ျခင္း၊ သဘာ၀တရားကိုလက္ခံရျခင္းက စိတ္ပိုင္းဆိုင္ရာေမာပန္းႏြမ္းနယ္မႈေတြကိုလည္း ေလ်ာ့က်ေစပါတယ္။

( ၁၂ ) ခရမ္းလြန္ေရာင္ျခည္ကို ေလွ်ာ့က်ေစႏိုင္ပါတယ္

အိမ္အနီး၀န္းက်င္ အိမ္အတြင္းအျပင္ကို ခရမ္းလြန္ေရာင္ျခည္ျပင္းျပင္းထန္ထန္ေရာက္ရွိျခင္း ဒဏ္မွ ေလွ်ာ့က်ေစပါတယ္။ အပင္ေတြနဲ႔ သဘာ၀ရႈခင္းေတြေၾကာင့္ ခရမ္းလြန္ေရာင္ျခည္ဓာတ္မ်ားျပားစြာ က်ေရာက္ျခင္းဒဏ္ကို ေၾကာက္လန္႔ေနစရာမလိုေတာ့ပါဘူး။

အထက္ပါအခ်က္ေတြက အပင္ေတြကို စိုက္ပ်ိဳးျခင္းေၾကာင့္ရရွိႏိုင္မယ့္အက်ိဳးေက်းဇူးေတြပါ။ ပတ္၀န္းက်င္စိမ္းစိုေနေစဖို႔ အားလုံးပဲ အပင္ေတြစိုက္ပ်ိဳးသင့္ပါတယ္ေနာ္။ ကိုယ့္ပတ္၀န္းက်င္မွာ အပင္ေလးေတြ စိုက္ပ်ိဳးျခင္းေၾကာင့္ မိမိကိုယ္တိုင္သာမက အနီးအနားပတ္၀န္းက်င္အတြက္ေကာ ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ အက်ိဳးရွိေနေစမွာပါ။

#PlantTheTREES #SAVETHEWORLD
#CleanMyanmar #GreenMyanmar
#SaveMyanmar #အိုေအစစ္ပ်ိဳးဥယ်ာဥ္

Photo-credit


Leave a Reply

Your email address will not be published. Required fields are marked *

*