ပုရစ် စားသုံးခြင်းက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ဖြစ်စေလဲ

(Unicode)

ပုရစ် စားသုံးခြင်းက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ဖြစ်စေလဲ

ကမ္ဘာ့စားနပ်ရိက္ခာ သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ အင်းဆက်တွေမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးဟာ နေ့စဉ် စားသုံးနေကျ အသား၊ ငါးတွေထက် အာဟာရဓာတ် ပါဝင်မှု ပိုမိုများပြားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အခုလိုရာသီမှာ အင်းဆက်နွယ်ဝင် ပုရစ်တွေ လှိုင်လှိုင်ပေါများနေပြီး ဈေးကွက်လည်း ဝင်သလို စားလို့လည်း အရသာရှိတဲ့ ပုရစ်ကြော်စားခြင်းဟာ ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေလဲ ဆိုတာ ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။

(၁) ပုရစ် ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ အမဲသားနဲ့ ကြက်သားတို့မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ သံဓာတ်ထက် ပိုမို များပြားပါတယ်။ သံဓာတ်နဲ့ ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးအားနည်းရောဂါ ခံစားနေရသူတွေနဲ့လည်း သင့်တော်ပါတယ်။

(၂) ပုရစ်မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပြီး ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေကိုပါ လျော့ကျစေနိုင်တာကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတွေကိုပါ ကာကွယ် ပေးနိုင်တယ်လို့ သုတေသနလေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

(၃) ပုရစ် စားသုံးခြင်းဟာ တနေ့တာရဲ့လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ် ဓာတ်တွေလည်း ပါဝင်တာကြောင့် အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး သွားတွေကို ခိုင်ခံ့စေတယ်လို့ အမေရိကန်သုတေသီတွေက ဆိုပါတယ်။

(၄) ပုရစ်မှာ ပါဝင်တဲ့ ဗီတာမင် B1 နဲ့ B2 ဓာတ်တွေဟာ မှတ်ဉာဏ်အားနည်းခြင်းကို ကာကွယ်ပေးပြီး အမိုင်နိုအက်ဆစ်လည်း ပါဝင်တာကြောင့် အာရုံကြောအား ကောင်းစေနိုင်ပါတယ်။

(၅) ပုရစ်မှာ Omega3, Omega6 နဲ့ အမျှင်ဓာတ်တွေပါ ပါဝင်တာကြောင့် အစာအိမ်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ပုရစ်ရဲ့ ခပ်ဆိမ့်ဆိမ့် အရသာကြောင့် ခံတွင်းပျက်နေသူတွေ စားသုံးရင် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

“တန်ဆေးလွန်ဘေး” ဆိုသလိုပဲ ပုရစ်မှာ ပရိုတင်းနဲ့ သံဓာတ်တွေ အများအပြား ပါဝင်တာကြောင့် စားသင့်တာထက် အလွန်အကျွံ စားသုံးရင်တော့ သွေးလေးစေနိုင်ပြီး သွေးပေါင်ချိန် တက်လာစေနိုင်ပါတယ်။
အင်းဆက်နဲ့ ဓာတ်မတည့် သူတွေ စားသုံးတဲ့အခါ ခန္ဓာကိုယ် အရေပြားမှာ Allergic ဖြစ်လာနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

ပုရစ်မှာ တွယ်ကပ်နေတတ်တဲ့ကပ်ပါးပိုးများနဲ့အခြားအညစ်အကြေးများကိုလည်း သတိထားသန်းရှင်းစင်ကြယ်အောင်လုပ်ထားပြီးမှ စားစေချင်ပါတယ်။

(Zawgyi)

ပုရစ္ စားသုံးျခင္းက က်န္းမာေရးကို ဘယ္လို အေထာက္အကူ ျဖစ္ေစလဲ

ကမာၻ႔စားနပ္ရိကၡာ သုေတသနအဖြဲ႕ရဲ႕ ေလ့လာခ်က္အရ အင္းဆက္ေတြမွာ ပါဝင္တဲ့ အာဟာရတန္ဖိုးဟာ ေန႔စဥ္ စားသုံးေနက် အသား၊ ငါးေတြထက္ အာဟာရဓာတ္ ပါဝင္မႈ ပိုမိုမ်ားျပားတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ အခုလိုရာသီမွာ အင္းဆက္ႏြယ္ဝင္ ပုရစ္ေတြ လႈိင္လႈိင္ေပါမ်ားေနၿပီး ေဈးကြက္လည္း ဝင္သလို စားလို႔လည္း အရသာရွိတဲ့ ပုရစ္ေၾကာ္စားျခင္းဟာ က်န္းမာေရးအေပၚ ဘယ္လို အက်ိဳးသက္ေရာက္မႈ ရွိေစလဲ ဆိုတာ ဧရာဝတီ စာဖတ္ပရိသတ္ေတြအတြက္ ေရးသား ေဖာ္ျပ လိုက္ပါတယ္။

(၁) ပုရစ္ ၁၀၀ ဂရမ္မွာ ပါဝင္တဲ့ ပ႐ိုတင္းဓာတ္ဟာ အမဲသားနဲ႔ ၾကက္သားတို႔မွာ ပါဝင္တဲ့ ပ႐ိုတင္းဓာတ္နဲ႔ သံဓာတ္ထက္ ပိုမို မ်ားျပားပါတယ္။ သံဓာတ္နဲ႔ ပ႐ိုတင္းဓာတ္ ႂကြယ္ဝတာေၾကာင့္ ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစၿပီး ေသြးအားနည္းေရာဂါ ခံစားေနရသူေတြနဲ႔လည္း သင့္ေတာ္ပါတယ္။

(၂) ပုရစ္မွာ ပါဝင္တဲ့ မဂၢနီဆီယမ္ဓာတ္ဟာ ႏွလုံးေရာဂါ ျဖစ္ပြားႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ ကိုလက္စထေရာေတြကိုပါ ေလ်ာ့က်ေစႏိုင္တာေၾကာင့္ အဝလြန္ျခင္းနဲ႔ ဆီးခ်ိဳေရာဂါေတြကိုပါ ကာကြယ္ ေပးႏိုင္တယ္လို႔ သုေတသနေလ့လာခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

(၃) ပုရစ္ စားသုံးျခင္းဟာ တေန႔တာရဲ႕လိုအပ္တဲ့ ပ႐ိုတင္းဓာတ္ကို ျဖည့္တင္းေပးႏိုင္ၿပီး ကယ္လ္ဆီယမ္နဲ႔ ေဖာ့စဖိတ္ ဓာတ္ေတြလည္း ပါဝင္တာေၾကာင့္ အ႐ိုးက်န္းမာေရးကို အေထာက္အကူျဖစ္ေစၿပီး သြားေတြကို ခိုင္ခံ့ေစတယ္လို႔ အေမရိကန္သုေတသီေတြက ဆိုပါတယ္။

(၄) ပုရစ္မွာ ပါဝင္တဲ့ ဗီတာမင္ B1 နဲ႔ B2 ဓာတ္ေတြဟာ မွတ္ဉာဏ္အားနည္းျခင္းကို ကာကြယ္ေပးၿပီး အမိုင္ႏိုအက္ဆစ္လည္း ပါဝင္တာေၾကာင့္ အာ႐ုံေၾကာအား ေကာင္းေစႏိုင္ပါတယ္။

(၅) ပုရစ္မွာ Omega3, Omega6 နဲ႔ အမွ်င္ဓာတ္ေတြပါ ပါဝင္တာေၾကာင့္ အစာအိမ္ရဲ႕ အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး ပုရစ္ရဲ႕ ခပ္ဆိမ့္ဆိမ့္ အရသာေၾကာင့္ ခံတြင္းပ်က္ေနသူေတြ စားသုံးရင္ အစာစားခ်င္စိတ္ကို ျဖစ္ေပၚေစႏိုင္ပါတယ္။

“တန္ေဆးလြန္ေဘး” ဆိုသလိုပဲ ပုရစ္မွာ ပ႐ိုတင္းနဲ႔ သံဓာတ္ေတြ အမ်ားအျပား ပါဝင္တာေၾကာင့္ စားသင့္တာထက္ အလြန္အကြၽံ စားသုံးရင္ေတာ့ ေသြးေလးေစႏိုင္ၿပီး ေသြးေပါင္ခ်ိန္ တက္လာေစႏိုင္ပါတယ္။
အင္းဆက္နဲ႔ ဓာတ္မတည့္ သူေတြ စားသုံးတဲ့အခါ ခႏၶာကိုယ္ အေရျပားမွာ Allergic ျဖစ္လာႏိုင္တာကိုလည္း သတိျပဳသင့္ပါတယ္။

ပုရစ္မွာ တြယ္ကပ္ေနတတ္တဲ့ကပ္ပါးပိုးမ်ားနဲ႔အျခားအညစ္အေၾကးမ်ားကိုလည္း သတိထားသန္းရွင္းစင္ၾကယ္ေအာင္လုပ္ထားၿပီးမွ စားေစခ်င္ပါတယ္။

Ref: drhealthbenefits.com
Photo-credit


Leave a Reply

Your email address will not be published. Required fields are marked *

*