ခံတက်ပင် အကြောင်း သိကောင်းစရာ

(Unicode)

ခံတက်ပင် အကြောင်း သိကောင်းစရာ

==============================

(အရွက်ကို အချဉ်တည်စားသော အပင်တမျိုး)

ခံတက်ပင်ကို ကုန်းခံတက်ပင်ဟူ၍လည်း ခေါ်ကြသည်။ မြန်မာနိုင်ငံတွင် ခံတက်ပင်များကို မြေပြင်အမြင့် ပေပေါင်း ၃၅ဝဝ မြင့်သည့်နေရာအထိ တွေ့ရှိနိုင်သည်။ ခံတက်ပင်သည် အမြင့်မှာ ပေ ၃ဝ ခန့်အထိ ရှိတတ်၍ ပင်စည်လုံးပတ်မှာ ၃ ပေမှ ၅ ပေအထိ ရှိတတ်သော ပင်လတ်မျိုးဖြစ်သည်။ ယင်းကို အများအားဖြင့် စိုက်ပျိုးယူတတ်ကြသည်။ ခံတက်ပင်သည် နွေ ရာသီတွင် အရွက်ကြွေ၍ ဆင်စွယ်ရောင်အပွင့်များ ပွင့်သည်။ အသီးမှာ ဝမ်းဘဲဥအကြီးစားခန့်ရှိ၍ အခွံတွင် အပြောက်အပိမ့် များ ရှိသည်။ ခံတက်ပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။

ပုံသဏ္ဌာန်

အပင် ရွက်ကြွေပင်လတ်မျိုးဖြစ်၍ ပေ ၃၀ ကျော်အထိ မြင့်၏။ အကိုင်းအညွန့်များပေါ်တွင် အဖြူစင်းများ ရှိ၍ အပင်စည် အခေါက် မီးခိုးရောင်ရှိသည်။ အတွင်း သားမာဆတ်ပြီး အဝါရောင်ရှိ၏။ ရင့်ကအညိုရောင် သို့ပြောင်းသွား၏။ အရွက် ၃ ရွက်မြွှာပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်ညှာ ရှည်သည်။ ရွက်မြွှာများ ၃-၆ လက်မအထိရှည်သည်။ ရွက်ပြား၏ ကျောဘက်တွင် ရွက်ကြောများထင်ရှား စွာရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်နားညီ၍ ရွက်ပြားချောသည်။ အပွင့် အချင်း ၂-၃ လက်မအထိရှိသည်။ အပွင့်ကြီးမား သည်။အဝါနုရောင်ရှိ၍ မြောက်မြားစွာပွင့်၏။ အသီး အဝါရောင်ရှိသည်။ အချင်း ၁-၂ လက်မရှိ၍ ဘဲဥပုံ သို့မဟုတ် လုံးဝိုင်းသည်။ အသားထူသည်။ အခွံမာ ၍ကြမ်းသည်။ ကျောက်ကပ်ပုံ အစေ့များစွာပါသည်။

အသုံးပြုခြင်း

ခံတက်သား၏အရောင်မှာ ဝါကြန့်ကြန့်ဖြစ်၍ အသင့် အတင့်မာကာ အသားညီသည်။ ထိုအသားကို အိမ်အသုံး အဆောင်များ၊ ဗုံများနှင့် ခေါင်းဖြီးရန်ဘီးများ ပြုလုပ်ကြသည်။ သေတ္တာများလည်း ပြုလုပ်နိုင်သည်။

ခံတက်ရွက်နုများကို အချဉ်တည်ကာ တို့စရာအဖြစ်၊ လက်သုတ်အဖြစ် စားလေ့ရှိကြသည်။ ခံတက်ပင်၏ ဆေးဖက်ဝင်ပုံကား၊ အခေါက်ကို အနာရောဂါ သက်သာစေသော ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အရွက်နှင့် အမြစ်၏အခေါက်တို့ကို အရေပေါ်၌ နဂိုရောင်ဖြစ်လာအောင် အုံပေးလိမ်းပေးသော ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အသုံးပြုနိုင်ပေသည်။ ရေခံတက်ပင်သည်လည်း ခံတက်မျိုးဝင် အပင် ဖြစ်သည်။ သို့သော် ရေခံတက်ပင်သည် ချုံယောင်၊ ပင်ယောင် အပင်ငယ်ဖြစ်၍၊ ယင်းတို့ကို မြန်မာနိုင်ငံအောက်ပိုင်းတွင် တွေ့ရလေသည်။

ဆေးဖက်ဝင် အသုံးပြုခြင်း

မြန်မာဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏၊ ပူသောဂုဏ်သတ္တိ ရှိ၏၊ ဝမ်းမီး ကိုတောက်စေ၏၊ ဝမ်းကိုအနည်းငယ် သက်စေ၏၊ လေနှင့်သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည်ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်စေ၏။

အခေါက်

သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏။

အရွက်

အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။

အမြစ်

အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏။ အမြစ်ကို အပြင်းဖျား ရောဂါကုဆေး၌လည်း ထည့်သွင်းအသုံးပြု၏။

(Zawgyi)

ခံတက္ပင္ အေၾကာင္း သိေကာင္းစရာ

==============================

(အ႐ြက္ကို အခ်ဥ္တည္စားေသာ အပင္တမ်ိဳး)

ခံတက္ပင္ကို ကုန္းခံတက္ပင္ဟူ၍လည္း ေခၚၾကသည္။ ျမန္မာႏိုင္ငံတြင္ ခံတက္ပင္မ်ားကို ေျမျပင္အျမင့္ ေပေပါင္း ၃၅ဝဝ ျမင့္သည့္ေနရာအထိ ေတြ႕ရွိႏိုင္သည္။ ခံတက္ပင္သည္ အျမင့္မွာ ေပ ၃ဝ ခန႔္အထိ ရွိတတ္၍ ပင္စည္လုံးပတ္မွာ ၃ ေပမွ ၅ ေပအထိ ရွိတတ္ေသာ ပင္လတ္မ်ိဳးျဖစ္သည္။ ယင္းကို အမ်ားအားျဖင့္ စိုက္ပ်ိဳးယူတတ္ၾကသည္။ ခံတက္ပင္သည္ ေႏြ ရာသီတြင္ အ႐ြက္ေႂကြ၍ ဆင္စြယ္ေရာင္အပြင့္မ်ား ပြင့္သည္။ အသီးမွာ ဝမ္းဘဲဥအႀကီးစားခန႔္ရွိ၍ အခြံတြင္ အေျပာက္အပိမ့္ မ်ား ရွိသည္။ ခံတက္ပင္သည္ သဘာဝအေလ်ာက္ ေပါက္ေရာက္ေသာ အပင္ျဖစ္သည္။

ပုံသဏၭာန္

အပင္ ႐ြက္ေႂကြပင္လတ္မ်ိဳးျဖစ္၍ ေပ ၃၀ ေက်ာ္အထိ ျမင့္၏။ အကိုင္းအၫြန႔္မ်ားေပၚတြင္ အျဖဴစင္းမ်ား ရွိ၍ အပင္စည္ အေခါက္ မီးခိုးေရာင္ရွိသည္။ အတြင္း သားမာဆတ္ၿပီး အဝါေရာင္ရွိ၏။ ရင့္ကအညိဳေရာင္ သို႔ေျပာင္းသြား၏။ အ႐ြက္ ၃ ႐ြက္ႁမႊာေပါင္းျဖစ္၍ ႐ြက္လႊဲထြက္သည္။ ႐ြက္ညႇာ ရွည္သည္။ ႐ြက္ႁမႊာမ်ား ၃-၆ လက္မအထိရွည္သည္။ ႐ြက္ျပား၏ ေက်ာဘက္တြင္ ႐ြက္ေၾကာမ်ားထင္ရွား စြာရွိသည္။ ႐ြက္ထိပ္ခြၽန္သည္။ ႐ြက္ရင္းသြယ္သည္။ ႐ြက္နားညီ၍ ႐ြက္ျပားေခ်ာသည္။ အပြင့္ အခ်င္း ၂-၃ လက္မအထိရွိသည္။ အပြင့္ႀကီးမား သည္။အဝါႏုေရာင္ရွိ၍ ေျမာက္ျမားစြာပြင့္၏။ အသီး အဝါေရာင္ရွိသည္။ အခ်င္း ၁-၂ လက္မရွိ၍ ဘဲဥပုံ သို႔မဟုတ္ လုံးဝိုင္းသည္။ အသားထူသည္။ အခြံမာ ၍ၾကမ္းသည္။ ေက်ာက္ကပ္ပုံ အေစ့မ်ားစြာပါသည္။

အသုံးျပဳျခင္း

ခံတက္သား၏အေရာင္မွာ ဝါၾကန႔္ၾကန႔္ျဖစ္၍ အသင့္ အတင့္မာကာ အသားညီသည္။ ထိုအသားကို အိမ္အသုံး အေဆာင္မ်ား၊ ဗုံမ်ားႏွင့္ ေခါင္းၿဖီးရန္ဘီးမ်ား ျပဳလုပ္ၾကသည္။ ေသတၱာမ်ားလည္း ျပဳလုပ္ႏိုင္သည္။

ခံတက္႐ြက္ႏုမ်ားကို အခ်ဥ္တည္ကာ တို႔စရာအျဖစ္၊ လက္သုတ္အျဖစ္ စားေလ့ရွိၾကသည္။ ခံတက္ပင္၏ ေဆးဖက္ဝင္ပုံကား၊ အေခါက္ကို အနာေရာဂါ သက္သာေစေသာ ေဆးအျဖစ္ျဖင့္လည္းေကာင္း၊ အ႐ြက္ႏွင့္ အျမစ္၏အေခါက္တို႔ကို အေရေပၚ၌ နဂိုေရာင္ျဖစ္လာေအာင္ အုံေပးလိမ္းေပးေသာ ေဆးအျဖစ္ျဖင့္လည္းေကာင္း၊ အသုံးျပဳႏိုင္ေပသည္။ ေရခံတက္ပင္သည္လည္း ခံတက္မ်ိဳးဝင္ အပင္ ျဖစ္သည္။ သို႔ေသာ္ ေရခံတက္ပင္သည္ ခ်ဳံေယာင္၊ ပင္ေယာင္ အပင္ငယ္ျဖစ္၍၊ ယင္းတို႔ကို ျမန္မာႏိုင္ငံေအာက္ပိုင္းတြင္ ေတြ႕ရေလသည္။

ေဆးဖက္ဝင္ အသုံးျပဳျခင္း

ျမန္မာေဆးက်မ္းမ်ား အလိုအရ ခံတက္သည္ ခါးသက္သက္ရွိ၏၊ ပူေသာဂုဏ္သတၱိ ရွိ၏၊ ဝမ္းမီး ကိုေတာက္ေစ၏၊ ဝမ္းကိုအနည္းငယ္ သက္ေစ၏၊ ေလႏွင့္သလိပ္ကို ေၾကေစ၍ ဆီးေအာင့္ေရာဂါ၊ ေက်ာက္တည္ေရာဂါႏွင့္ ေသြးေဖာက္ျပန္ျခင္းကို ေပ်ာက္ကင္းေစႏိုင္ေစ၏။

အေခါက္

သက္တန႔္ႏွင့္ အနာေပါက္နာတို႔၌ အေခါက္ကို ပရႏၷဝါ ျမစ္ႏွင့္ ေသြးေသာက္ေသာ္ လ်င္ျမန္စြာ ေပ်ာက္၏။

အ႐ြက္

အ႐ြက္ကိုႀကိတ္၍ ေရႏွင့္ေဖ်ာ္ၿပီး မီးျဖင့္ ေႏြးေအာင္ျပဳ၍ ကိုက္ခဲနာက်င္ရာ၌ လိမ္းေသာ္ အကိုက္အခဲမ်ား ေပ်ာက္၏။ ႐ြက္ႀကိတ္ညႇစ္ေရႏွင့္ ကြမ္း႐ြက္ႀကိတ္ညႇစ္ေရ ဆတူယူ၍ ေထာပတ္ႏွင့္ေရာေသာက္ေသာ္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏။ ခံတက္ခ်ဥ္ထည့္စားျခင္း ၊ သုပ္စားျခင္းျဖင့္ ေလထိုးေလေအာင့္ ေရာဂါေပ်ာက္၏။

အျမစ္

အျမစ္ေခါက္ကို ၄ ခြက္ တစ္ခြက္တင္ ျပဳတ္ေသာက္ေသာ္ ဆီးခ်ိဳ ၊ ေက်ာက္တည္ေရာဂါ ေပ်ာက္၏။ ယင္းျပဳတ္ရည္တြင္ ႀကံသကာ ေရာေသာက္ေသာ္ ဆီးအိမ္ေရာင္ေရာဂါႏွင့္ ေက်ာက္တည္ေရာဂါ ေပ်ာက္၏။ အျမစ္ကို အျပင္းဖ်ား ေရာဂါကုေဆး၌လည္း ထည့္သြင္းအသုံးျပဳ၏။

Crd,သုတဇုန္ ထြန္းလင္း


Leave a Reply

Your email address will not be published. Required fields are marked *

*