တရုတ်လူမျိုးတွေ သုံးစွဲကြတဲ့ ရိုးရာ ကျောက်ကပ်အားဆေး

(Unicode)

တရုတ်လူမျိုးတွေ သုံးစွဲကြတဲ့ ရိုးရာ ကျောက်ကပ်အားဆေး

====================================

မသိသူကျော်သွား သိသူဖော်စား

ဟိုးတစ်လောက မန္တလေးက မိတ်ဆွေတစ်ယောက်ကပြောပါတယ်။ မြန်မာပြည်မှာ ကျောက်ကပ်ပျက်စီးကြတဲ့သူတွေတစ်နေ့ထက်တစ်နေ့ ပိုပိုများလာပါတယ်တဲ့။ မန္တလေးတစ်မြို့ထဲမှာတင် ကျောက်ကပ်ပျက်စီးသူတွေ အများကြီးပါပဲတဲ့။ တစ်ချို့ဆိုရင် ကျောက်ကပ်က၁၀%လောက်ပဲ အလုပ်လုပ်တော့တဲ့အတွက် မကြာခဏကျောက်ကပ်ဆေးနေရလို့ ပိုက်ဆံအရမ်းကုန်ပါတယ်တဲ့။ ဒါကြောင့်သဘာဝနည်းနဲ့ ကျောက်ကပ်ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့ နည်းလမ်းကို အများပြည်သူအကျိုးအတွက် ရှာကြံပြီးဝေမျှပေးပါလို့ တောင်းဆိုလာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်ပြီး တရုတ်ဆရာဝန်မကြီးတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ သူဟာတရုတ်ပြည်မှာ နာမည်ကြီးစာရင်းဝင် ဆရာဝန်မကြီးတစ်ယောက်ပါ။ တရုတ်ဆရာဝန်တွေက အနောက်တိုင်းဆေးပညာကို တရုတ်ရိုးရာတိုင်းရင်းဆေးပညာနဲ့ ပေါင်းစပ်ပြီး တရုတ်ဘာသာစကားနဲ့ သင်ကြားခဲ့ရတဲ့အတွက်ဘက်စုံ နှံ့စပ်အောင် သိကြသူတွေဖြစ်ပါတယ်။ မျက်နှာကြည့်လိုက်ရင်သော်၄င်း၊ လက်ကောက်ဝတ်ကို စမ်းလိုက်ရင်သော်၄င်း ဘာဖြစ်နေတယ်ဆိုတာကို ဒက်ကနဲပြောနိုင်ပါတယ်။

တရုတ်ဆရာဝန်မကြီးကို ကျောက်ကပ်ပျက်စီးမှုအကြောင်းကို မေးမြန်းလိုက်ပါတယ်။ ကျောက်ကပ်ပျက်စီးနေကြရတာဟာ ကိုယ်တွင်းအဆိပ်တွေ မျိုးစုံကြောင့်ဖြစ်ရတာဖြစ်ကြောင်း၊ ဓာတုဗေဒဆေးတွေကို ရေရှည်သုံးစွဲသူတွေ ကျောက်ကပ်ပျက်စီးကြောင်း၊ သဘာဝမဟုတ်တဲ့ဆေးတွေကို သတိထားဖို့လိုကြောင်း၊ အဆိုးဆုံးကတော့Capsuleတွေကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားရင် အရမ်းကိုဥပဒ်ဖြစ်တတ်ကြောင်း၊ ဖြည့်စွက်ဆေးတွေကိုလည်း သဘာဝမဟုတ်ရင် မသုံးသင့်ကြောင်း၊ ဖြည့်စွက်ဆေးဆိုတိုင်းလည်း မိမိရဲ့ဇီဝကမ္မဖြစ်စဉ်နဲ့ သဟဇတဖြစ်ချင်မှဖြစ်တတ်ကြောင်း၊ လူတိုင်းနဲ့ တည့်မှာမဟုတ်ကြောင်းစသည်ဖြင့် အများကြီးပြောသွားပါတယ်။

ဒီတော့ ကျောက်ကပ်ပျက်စီးတဲ့သူတွေ သဘာဝအတိုင်းပြန်ကောင်းရအောင် ဘယ်လိုလုပ်ရမလဲ ဆရာမကြီးလို့ မေးလိုက်ပါတယ်။ ကျောက်ကပ်ပြန်ကောင်းဖို့အတွက် တရုတ်တွေ အားထားဆုံးကတော့Chinese Yam ပြဲဖစ်ပါတယ်တဲ့ Chinese Yamမှာပါတဲ့ အင်ဇိုင်းတွေက ကျောက်ကပ်ကို ပြန်လည်တည်ဆောက်ပေးနိုင်ကြောင်း များများစားစရာ မလိုဘဲ တစ်နေ့ကို ၁လက်မလောက်စားပေးတာနဲ့ ကျောက်ကပ်က တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ကြောင်း၊ ကျောက်ကပ်ပျက်စီးနေသူတွေရေ ကျောက်ကပ်ကို ကာကွယ်ထားလိုသူတွေရော စားသင့်ကြောင်း ဆရာမကြီးကပြောပြပါတယ်။ကျွန်တော်တို့ မြန်မာပြည်မှာမရှိဘူး ဆရာမကြီးလို့ဆိုတော့ တစ်ကမ္ဘာလုံးမှာ ရှိပါတယ်တဲ့။ ကျောက်ကပ်ပျက်စီးနေသူတွေဟာ ရှောင့်သင့်တာတွေကိုရှောင်ပြီး chinese yam ကို ပုံမှန်စားသွားစေချင်ပါတယ်တဲ့။

မြန်မာအမည်ကတော့ကဒက်ဥပါတဲ့။ ရခိုင်တွေကတော့ သင်းဖောဥလို့ခေါ်ကြပါတယ်၊ သင်းဒက်ဥလို့လည်း ခေါ်တယ်လို့ သိရပါတယ်။ အချို့ဒေသတွေမှာေ့တာ တောမျောက်ဥလို့လည်း ခေါ်ပါတယ်တဲ့။ တောက မိတ်ဆွေတွေကို မေးကြည့်တော့ တို့တောမှာ ပေါလွန်းလို့ကွာတဲ့။ ပိန်းဥလိုပဲ ဟင်းချိုလုပ်သောက်ကြတယ်၊ အာလူးလိုလည်း ကြော်စားကြတယ်။ တရုတ်လူမျိုးတွေကတော့ ဝက်နံရိုးနဲ့ စွပ်ပြုတ်လုပ်သောက်ကြကြောင်း သိရပါတယ်။ နဲနဲပြုတ်လိုက်တာနဲ့ စားလို့ရပါပြီ။

အဲ့လောက်နဲ့ ကျွန်တော်က မကျေနပ်သေးဘူးဗျ။ အင်တာနက်ကနေ အသေးစိပ်ထပ်လေ့လာပါတယ်။ အဲဒီမှာ ဘာသွားတွေ့Chinese Yam ဟာ ကျောက်ကပ်တစ်ခုတည်းသာမက အဆုတ်၊ အစာအိမ်၊ သရက်ရွက်တို့ကိုလည်း ပြန်ကောင်းစေနိုင်ကြောင်း ခမ်းခမ်းနားနား ဖော်ပြထားပါတယ်။ အဲဒီ ကလီစာ၄ခုအပြင် အခြားသော ကလီစာတွေကိုလည်းသူ့မှာပါတဲ့ အင်ဇိုင်းတွေ ဟိုမုန်းတွေနဲ့ ပံ့ပိုးသမှု ပြုပေးပါသေးတယ်။ ကဒက်ဥက တစ်ပင်လုံး တန်ဖိုးရှိတာဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း သေသေချာချာ ပြောထားပါတယ်။

(၁) Energy ကိုမြှင့်တင်ပေးခြင်း

(၂)ပင်ပန်းနွမ်းနယ်မှုကို ပျောက်စေခြင်း

(၃)ရင်ကျပ်ပန်းနာကို သက်သာစေခြင်း

(၄)ချောင်းခြောက်ဆိုးခြင်းကို ပျောက်စေခြင်း

(၅)သံကောင်တုတ်ကောင်များကို ဖယ်ရှားပေးခြင်း

(၆)ကိုယ်အလေးချိန်လျှော့ချပေးခြင်း

(၇)ဝမ်းတွင်းအပူအပုပ်များကို ဖယ်ရှားပေးခြင်း

(၈)ဆီးကောင်းစေခြင်း

(၉)အရိုးပွမှုကို ကာကွယ်ခြင်း

(၁၀)သိုင်းရွိုက်ဟိုမုန်းရေချိန်ညှိပေးခြင်း

(၁၁)သွေးတွင်းသကြားဓာတ်ကို ညှိပေးခြင်း

(၁၂)သည်းခြေရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ခြင်း

(၁၃)အူကျန်းမာရေးကို စောင့်ရှောက်ခြင်း

(၁၄)အတွင်းကြေမှုများကိုပြန်ကောင်းစေခြင်း

(၁၅)ကင်ဆာဆဲလ်များကို သတ်ပေးခြင်း

(၁၆)စိတ်ခံစားမှု ၊မငြိမ်သက်မှုများကိုကောင်းစေခြင်း

(၁၇)အစာကြေစေခြင်း

(၁၈)နာတာရှည်ဝမ်းလျောမှုကို ပျောက်စေခြင်
(၁၉)သွေးဆုံးကိုင်ခြင်းကို သက်သာစေခြင်း

(၂၀)အသရိုက်တစ်ကို သက်သာစေခြင်း

(၂၁)ဇီဝကမ္မဖြစ်စဉ်ကို ထိန်းပေးခြင်း

(၂၂)ဗိုက်ကြွက်သားလိပ်တက်ခြင်းကိုကာကွယ်ခြင်း

(၂၃)တစ်သျူးအသစ်များမွေးပေးခြင်း

(၂၄)အဆစ်အမျက်နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း

(၂၅)ကော်လက်စတြောရေချိန်ကို ညှိပေးခြင်း

(၂၆)အင်တီအောက်ဆိဒင့်ကြွယ်ဝခြင်း

(၂၇)အရွက်ရည်ကမြွေကင်းအဆိပ်ကိုပင် ဖြေပေးနိုင်ခြင်းစသည်ဖြင့်ကောင်းကျိုးများစွာရရှိနိုင်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

(Zawgyi)

တ႐ုတ္လူမ်ိဳးေတြ သုံးစြဲၾကတဲ့ ႐ိုးရာ ေက်ာက္ကပ္အားေဆး

====================================

မသိသူေက်ာ္သြား သိသူေဖာ္စား

ဟိုးတစ္ေလာက မႏၲေလးက မိတ္ေဆြတစ္ေယာက္ကေျပာပါတယ္။ ျမန္မာျပည္မွာ ေက်ာက္ကပ္ပ်က္စီးၾကတဲ့သူေတြတစ္ေန႔ထက္တစ္ေန႔ ပိုပိုမ်ားလာပါတယ္တဲ့။ မႏၲေလးတစ္ၿမိဳ႕ထဲမွာတင္ ေက်ာက္ကပ္ပ်က္စီးသူေတြ အမ်ားႀကီးပါပဲတဲ့။ တစ္ခ်ိဳ႕ဆိုရင္ ေက်ာက္ကပ္က၁၀%ေလာက္ပဲ အလုပ္လုပ္ေတာ့တဲ့အတြက္ မၾကာခဏေက်ာက္ကပ္ေဆးေနရလို႔ ပိုက္ဆံအရမ္းကုန္ပါတယ္တဲ့။ ဒါေၾကာင့္သဘာဝနည္းနဲ႔ ေက်ာက္ကပ္ျပန္လည္ေကာင္းမြန္လာေစႏိုင္တဲ့ နည္းလမ္းကို အမ်ားျပည္သူအက်ိဳးအတြက္ ရွာႀကံၿပီးေဝမွ်ေပးပါလို႔ ေတာင္းဆိုလာပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ပါပဲ၊ ကြၽန္ေတာ့္အမ်ိဳးသမီးနဲ႔ ပတ္သက္ၿပီး တ႐ုတ္ဆရာဝန္မႀကီးတစ္ေယာက္နဲ႔ အဆက္အသြယ္ရခဲ့ပါတယ္။ သူဟာတ႐ုတ္ျပည္မွာ နာမည္ႀကီးစာရင္းဝင္ ဆရာဝန္မႀကီးတစ္ေယာက္ပါ။ တ႐ုတ္ဆရာဝန္ေတြက အေနာက္တိုင္းေဆးပညာကို တ႐ုတ္႐ိုးရာတိုင္းရင္းေဆးပညာနဲ႔ ေပါင္းစပ္ၿပီး တ႐ုတ္ဘာသာစကားနဲ႔ သင္ၾကားခဲ့ရတဲ့အတြက္ဘက္စုံ ႏွံ႔စပ္ေအာင္ သိၾကသူေတြျဖစ္ပါတယ္။ မ်က္ႏွာၾကည့္လိုက္ရင္ေသာ္၄င္း၊ လက္ေကာက္ဝတ္ကို စမ္းလိုက္ရင္ေသာ္၄င္း ဘာျဖစ္ေနတယ္ဆိုတာကို ဒက္ကနဲေျပာႏိုင္ပါတယ္။

တ႐ုတ္ဆရာဝန္မႀကီးကို ေက်ာက္ကပ္ပ်က္စီးမႈအေၾကာင္းကို ေမးျမန္းလိုက္ပါတယ္။ ေက်ာက္ကပ္ပ်က္စီးေနၾကရတာဟာ ကိုယ္တြင္းအဆိပ္ေတြ မ်ိဳးစုံေၾကာင့္ျဖစ္ရတာျဖစ္ေၾကာင္း၊ ဓာတုေဗဒေဆးေတြကို ေရရွည္သုံးစြဲသူေတြ ေက်ာက္ကပ္ပ်က္စီးေၾကာင္း၊ သဘာဝမဟုတ္တဲ့ေဆးေတြကို သတိထားဖို႔လိုေၾကာင္း၊ အဆိုးဆုံးကေတာ့Capsuleေတြကို ပလပ္စတစ္ျဖင့္ ျပဳလုပ္ထားရင္ အရမ္းကိုဥပဒ္ျဖစ္တတ္ေၾကာင္း၊ ျဖည့္စြက္ေဆးေတြကိုလည္း သဘာဝမဟုတ္ရင္ မသုံးသင့္ေၾကာင္း၊ ျဖည့္စြက္ေဆးဆိုတိုင္းလည္း မိမိရဲ႕ဇီဝကမၼျဖစ္စဥ္နဲ႔ သဟဇတျဖစ္ခ်င္မွျဖစ္တတ္ေၾကာင္း၊ လူတိုင္းနဲ႔ တည့္မွာမဟုတ္ေၾကာင္းစသည္ျဖင့္ အမ်ားႀကီးေျပာသြားပါတယ္။

ဒီေတာ့ ေက်ာက္ကပ္ပ်က္စီးတဲ့သူေတြ သဘာဝအတိုင္းျပန္ေကာင္းရေအာင္ ဘယ္လိုလုပ္ရမလဲ ဆရာမႀကီးလို႔ ေမးလိုက္ပါတယ္။ ေက်ာက္ကပ္ျပန္ေကာင္းဖို႔အတြက္ တ႐ုတ္ေတြ အားထားဆုံးကေတာ့Chinese Yam ၿပဲဖစ္ပါတယ္တဲ့ Chinese Yamမွာပါတဲ့ အင္ဇိုင္းေတြက ေက်ာက္ကပ္ကို ျပန္လည္တည္ေဆာက္ေပးႏိုင္ေၾကာင္း မ်ားမ်ားစားစရာ မလိုဘဲ တစ္ေန႔ကို ၁လက္မေလာက္စားေပးတာနဲ႔ ေက်ာက္ကပ္က တျဖည္းျဖည္း ျပန္ေကာင္းလာႏိုင္ေၾကာင္း၊ ေက်ာက္ကပ္ပ်က္စီးေနသူေတြေရ ေက်ာက္ကပ္ကို ကာကြယ္ထားလိုသူေတြေရာ စားသင့္ေၾကာင္း ဆရာမႀကီးကေျပာျပပါတယ္။ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာမရွိဘူး ဆရာမႀကီးလို႔ဆိုေတာ့ တစ္ကမာၻလုံးမွာ ရွိပါတယ္တဲ့။ ေက်ာက္ကပ္ပ်က္စီးေနသူေတြဟာ ေရွာင့္သင့္တာေတြကိုေရွာင္ၿပီး chinese yam ကို ပုံမွန္စားသြားေစခ်င္ပါတယ္တဲ့။

ျမန္မာအမည္ကေတာ့ကဒက္ဥပါတဲ့။ ရခိုင္ေတြကေတာ့ သင္းေဖာဥလို႔ေခၚၾကပါတယ္၊ သင္းဒက္ဥလို႔လည္း ေခၚတယ္လို႔ သိရပါတယ္။ အခ်ိဳ႕ေဒသေတြမွာေ့တာ ေတာေမ်ာက္ဥလို႔လည္း ေခၚပါတယ္တဲ့။ ေတာက မိတ္ေဆြေတြကို ေမးၾကည့္ေတာ့ တို႔ေတာမွာ ေပါလြန္းလို႔ကြာတဲ့။ ပိန္းဥလိုပဲ ဟင္းခ်ိဳလုပ္ေသာက္ၾကတယ္၊ အာလူးလိုလည္း ေၾကာ္စားၾကတယ္။ တ႐ုတ္လူမ်ိဳးေတြကေတာ့ ဝက္နံ႐ိုးနဲ႔ စြပ္ျပဳတ္လုပ္ေသာက္ၾကေၾကာင္း သိရပါတယ္။ နဲနဲျပဳတ္လိုက္တာနဲ႔ စားလို႔ရပါၿပီ။

အဲ့ေလာက္နဲ႔ ကြၽန္ေတာ္က မေက်နပ္ေသးဘူးဗ်။ အင္တာနက္ကေန အေသးစိပ္ထပ္ေလ့လာပါတယ္။ အဲဒီမွာ ဘာသြားေတြ႕Chinese Yam ဟာ ေက်ာက္ကပ္တစ္ခုတည္းသာမက အဆုတ္၊ အစာအိမ္၊ သရက္႐ြက္တို႔ကိုလည္း ျပန္ေကာင္းေစႏိုင္ေၾကာင္း ခမ္းခမ္းနားနား ေဖာ္ျပထားပါတယ္။ အဲဒီ ကလီစာ၄ခုအျပင္ အျခားေသာ ကလီစာေတြကိုလည္းသူ႔မွာပါတဲ့ အင္ဇိုင္းေတြ ဟိုမုန္းေတြနဲ႔ ပံ့ပိုးသမႈ ျပဳေပးပါေသးတယ္။ ကဒက္ဥက တစ္ပင္လုံး တန္ဖိုးရွိတာျဖစ္ၿပီး ေအာက္ပါ အက်ိဳးေက်းဇူးမ်ားကို ရရွိမွာျဖစ္ေၾကာင္း ေသေသခ်ာခ်ာ ေျပာထားပါတယ္။

(၁) Energy ကိုျမႇင့္တင္ေပးျခင္း
(၂)ပင္ပန္းႏြမ္းနယ္မႈကို ေပ်ာက္ေစျခင္း (၃)ရင္က်ပ္ပန္းနာကို သက္သာေစျခင္း (၄)ေခ်ာင္းေျခာက္ဆိုးျခင္းကို ေပ်ာက္ေစျခင္း (၅)သံေကာင္တုတ္ေကာင္မ်ားကို ဖယ္ရွားေပးျခင္း
(၆)ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးျခင္း
(၇)ဝမ္းတြင္းအပူအပုပ္မ်ားကို ဖယ္ရွားေပးျခင္း (၈)ဆီးေကာင္းေစျခင္း
(၉)အ႐ိုးပြမႈကို ကာကြယ္ျခင္း
(၁၀)သိုင္း႐ြိဳက္ဟိုမုန္းေရခ်ိန္ညႇိေပးျခင္း (၁၁)ေသြးတြင္းသၾကားဓာတ္ကို ညႇိေပးျခင္း (၁၂)သည္းေျခေရာင္ရမ္းမႈမျဖစ္ေအာင္ ကာကြယ္ျခင္း
(၁၃)အူက်န္းမာေရးကို ေစာင့္ေရွာက္ျခင္း (၁၄)အတြင္းေၾကမႈမ်ားကိုျပန္ေကာင္းေစျခင္း (၁၅)ကင္ဆာဆဲလ္မ်ားကို သတ္ေပးျခင္း (၁၆)စိတ္ခံစားမႈ ၊မၿငိမ္သက္မႈမ်ားကိုေကာင္းေစျခင္း
(၁၇)အစာေၾကေစျခင္း
(၁၈)နာတာရွည္ဝမ္းေလ်ာမႈကို ေပ်ာက္ေစျခင္း (၁၉)ေသြးဆုံးကိုင္ျခင္းကို သက္သာေစျခင္း (၂၀)အသ႐ိုက္တစ္ကို သက္သာေစျခင္း
(၂၁)ဇီဝကမၼျဖစ္စဥ္ကို ထိန္းေပးျခင္း
(၂၂)ဗိုက္ႂကြက္သားလိပ္တက္ျခင္းကိုကာကြယ္ျခင္း
(၂၃)တစ္သ်ဴးအသစ္မ်ားေမြးေပးျခင္း (၂၄)အဆစ္အမ်က္နာက်င္ကိုက္ခဲမႈကို သက္သာေစျခင္း
(၂၅)ေကာ္လက္စေၾတာေရခ်ိန္ကို ညႇိေပးျခင္း (၂၆)အင္တီေအာက္ဆိဒင့္ႂကြယ္ဝျခင္း (၂၇)အ႐ြက္ရည္ကေႁမြကင္းအဆိပ္ကိုပင္ ေျဖေပးႏိုင္ျခင္းစသည္ျဖင့္ေကာင္းက်ိဳးမ်ားစြာရရွိႏိုင္ေၾကာင္း ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

Credit-ကိုမင္းေက်ာ္ဝင္း(Min Kyaw Win)


Leave a Reply

Your email address will not be published. Required fields are marked *

*